Saturday, November 19, 2022

မိုက်ခဲကျောက်ပွင့် ဒု







 

မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ

အခန်း  ၇
• နံရံပေါ်မှ သွေးစွန်းသောလက်ရာများ (ခ)

ဆားပုလင်းနှင်းမောင်နှင့် ကျွန်ုပ်တို့
သည် အခင်းဖြစ်ပွားရာရှေးဟောင်းအိမ်
ကြီးမှ ထွက်ခဲ့ကြပြီးနောက် ဆားပုလင်း
နှင်းမောင် နေထိုင်ရာ ၂၉၅၊ ဘိုလိမ်းလမ်း
အိမ်ကြီးဆီသို့ လာခဲ့ကြလေ၏။
အိမ်သို့ရောက်သောအခါ ဆားပုလင်း
နှင်းမောင်သည် အခင်းဖြစ်ပွားရာ နေအိမ်
မှ ရရှိခဲ့သော လှမြင့်ဆိုသူ၏ ဓာတ်ပုံကို
ထုတ်ကာ စာရွက်အပိုင်းကလေးများ
အပေါ်၌ အောက်ပါအတိုင်း ရေးခြစ်လိုက်လေ၏။

ထိုသို့ရေးပြီးနောက်
တစ်စုံတစ်ယောက်ကိုစောင့်၍ နေလေ၏။
များ မကြာမီ၌ ပင် ၎င်း၏ တပည့် ဂျပိုး
တေလေးကလေးများ ရောက်ရှိလာလျှင်
၎င်းတို့ အား တန်းစီ၍ အထက်ပါစာရွက်
များကို ဝေလေတော့၏။ ဝေပြီးလျှင် ဆား
ပုလင်းနှင်းမောင်က ၎င်းတို့ အား

“အဲဒီအတိုင်းပဲကွ၊ ရှာကြပေတော့။ ရန်
ကုန်မှာ မတွေ့ရင် မင်းတို့ ကို နယ်တွေကိုလွှတ်ရမယ်”ဟု ပြောဆိုကာ လွှတ် လိုက်
လေတော့၏။ ထိုကလေးများ လည်း ထို
ရရှိသောစာရွက်အသီးသီးကို ကြည့်ရှုကြ
ပြီးနောက် ထွက်သွားကြလေတော့၏။

ထိုအခါ ဦးကိုကိုကြီးက
“ဘာတွေလဲ ကိုနှင်းမောင်ရဲ့ ၊ ကျုပ်တို့
လဲ ဘာမှ နားမလည်ပါလား။ ခင်ဗျားဥစ္စာ
‘က-၃၊ န-၁၊ ခ-၃’ဆိုတဲ့ စာရွက်တွေကို
ကလေးတွေကို ပေးလိုက်တာပဲသိတယ်။
ဘာအဓိပ္ပါယ်မှန်းမသိဘူး” ဟု မေး လိုက်
လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က
“လူတွေဟာ မျက်ခွံတွန့်ပုံတစ်ဦးနဲ့ တစ်ဦးမတူဘူးဗျ။
ပြီးတော့နားရွက်
အနေအထားလဲမတူပေဘူးဗျ။ နှာခေါင်း
လည်း ဒီအတိုင်းပဲဗျ။
အဲဒါတွေက
သေသေချာချာမှတ်သားတတ်ရင် လူပုံကိုဖမ်းလို့ရတယ်ဗျ။ ကဲဗျာ ခင်ဗျားတို့ ကို
မေးမယ်။ နှာခေါင်း ပုံစံမတူပုံကို သိ
သလောက်ပြောစမ်းပါဗျ”ဟု ဆိုလေ၏။

ထိုအခါ ဦးကိုကိုကြီးက....
“နှာခေါင်းချွန်တယ်ဗျာ၊ နှာခေါင်း လန်
တယ်ဗျာ။ နှာခေါင်းပြားတယ်ဗျ။ ဒီ
လောက်ပဲ သိပါတယ်ဗျာ။ ဒီထက်ပိုပြီး မ
သိပါဘူး”ဟု ပြန်၍ ပြော လိုက်လေ၏။

ဆားပုလင်းနှင်းမောင်က ပြုံးရယ်
လျက်.
“လူတစ်ယောက်နဲ့ တစ်ယောက်ဟာ
နှာခေါင်းအနေအထားကို ကြည့်ရင်ကွဲ
ပြားတယ်ဗျ။ ဒါပေမယ့် နှာခေါင်းကို
အကဲခတ်တဲ့ နေရာမှာ တည့်တည့်က
အကဲဖြတ်ရရင် မှားနိုင်တယ်။ ဘေး
ဘက်
အနေအထားကနေ အကဲခတ်ရမယ်။ ဘေးတိုက်အနေအထားကနေ မြင်
ရတဲ့ မတူညီတဲ့ နှာခေါင်း ဆယ့်နှစ်မျိုး
အကြောင်းကို ပြောပြမယ်။

(တစ်)အောက်ခြေတက်တဲ့ နှာခေါင်း
အခုံးမျိုး
(နှစ်)အောက်ခြေတက်တဲ့ နှာခေါင်းအ
(သုံး)အောက်ခြေတက်တဲ့ နှာခေါင်း
ဖြောင့်မျိုး
အခွက်မျိုး
(လေး)အောက်ခြေတက်တဲ့ နှာခေါင်း
ကောက်တဲ့ မျိုး
(ငါး)အောက်ခြေမတက်ပဲ တည့်တည့်
နေတဲ့ နှာခေါင်း။
(ခြောက်)ဖြောင့်တဲ့ နှာခေါင်း
(ခုနှစ်)ခွက်တဲ့ နှာခေါင်း
(ရှစ်) အောက်ခြေချိုင့်တဲ့ နှာခေါင်း
(ကိုး)ချိုင့်ပြီးဖြောင့်တဲ့ နှာခေါင်း
(တစ်ဆယ်) ဖြောင့်ပြီးခွက်တဲ့ နှာခေါင်း
(တစ်ဆယ့်တစ်) ချိုင့်ပြီးခွက်တဲ့
နှာခေါင်း
(တစ်ဆယ့်နှစ်) တည့်ပြီးခွက်တဲ့
နှာခေါင်း
အခု ကျုပ်တို့ ရှာချင်တဲ့ လှမြင့်ဆိုတဲ့
ကောင်ရဲ့ နှာခေါင်းဟာ ‘ခ-၃” လို့ ကျုပ်က
ရေးလိုက်တယ်။ အဲဒါအောက်ခြေခွက်
ခွက်တဲ့ နှာခေါင်းမျိုးဆိုတာ။ ဘေးနားမှာ
ရေပုံးချိတ်လို ကောက်ကောက်ကလေး
ရေးပြလိုက်တဲ့ သင်္ကေတက နှာတံလဲ
ကောက်နေတယ်လို့ဆိုလိုတာ။ နားရွက်
လဲ ဒီအတိုင်းပဲ။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ နားရွက်ကိုလဲဒီအတိုင်း
ပဲ။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။
နားရွက်ကိုလဲ ဆယ့်နှစ်မျိုးခွဲထားတယ်။
နားသန်မရှိဘဲ နားဖျားမညီတဲ့ နားသန်
မျိုး၊ နားသန်တိုတဲ့ နားသန်မျိုးအစုံပေါ့
ဗျာ။ ဆယ့်နှစ်မျိုး ရေးထားတယ်။ အခု
ကျုပ်ရေးပေးလိုက်တဲ့ စာရွက်မှာ ‘န-၁’
လို့ ရေးပေးလိုက်တယ် မဟုတ်လား။
ကျုပ်တို့ ရှာချင်တဲ့ လှမြင့်ဆိုတဲ့ ကောင်ရဲ့
နားရွက်ဟာနားသန်မရှိဘူး။ နားဖျားညီ
တယ်လို့ ဆိုချင်တာပဲ။ ဘေးနား
အကောက် ကလေးဟာ နားသန်နဲ့ မေးရိုး
ဆက်တဲ့ နေရာက ထောင့်ကိုရည်ညွှန်း
တာဗျ။ အဲဒီထောင့်ကို ရိတ်ထောင့်လို့ခေါ်
တယ်။ ရိတ်ထောင့်မရှိဘူး ဆိုတာကို ပြ
နေတာပဲ။ ပြီးတော့နားရွက်နဲ့ အထက်ပိုင်း မှာ တွန့်ပြီး ဆင်းတဲ့ နေရာကို
ခင်ဗျားတို့ သတိပြုမိလိမ့်မယ်။ အဲဒီနေရာ
လေးဟာ တချို့လူတွေမှာ အသီးကလေး
လို ဖြစ်နေတယ်။ တချို့လူတွေမှာ မ
ထင်ရှားဘူး။ အဲဒီနေရာကလေးကို ‘ဒါဝင်
နားသီး’ လို့ပေးထားတယ်။ ဒါကလေးမပါ
ရင်၊ မထည့်ဘဲထားတယ်။ ပါရင်တော့ သူ့
ကိုဖော်ပြရတယ်” ဟု ဆားပုလင်းနှင်း
မောင်ကပြောရာ စုံထောက်ဦးကိုကိုကြီးက
“အိုင်ဆေးဥစ္စာက အဆန်းပါပဲလားဗျ
” ဟု ပြန်၍ ပြော လိုက်လေ၏။

“မဆန်းပါဘူးဗျာ၊ စတော့တလန်ယာဒ်
မှာ ဒီနည်းကို သုံးနေတာကြလှပြီ။ မြန်မာ
ပြည်မှာ ရာဇဝတ်ဝန်ထောက် လုပ်သွား
တဲ့ ‘မစ္စတာအင်ဒါဆင်' ကတောင် ပုဆိပ်ဘက်မှ အလိုရှိနေသော တရားခံပြေးအား
ထောက်လှမ်းစုံးစမ်းရန် အကူအညီဆိုတဲ့
နာမည်နဲ့ စာအုပ်တစ်အုပ်ရေးဖူးတယ်ဗျ။
အဲဒါကို ၁၉၁၂ ခုနှစ်လောက် ကျုပ်တို့ စီ
အိုင်ဒီက မောင်ဘဆိုတဲ့ အိုင်ပီတစ်
ယောက်က မြန်မာလိုပြန်ခဲ့သေးတယ်။
အမှန်ကတော့ မျက်နှာသွင်ပြင်ဇယားထင်
တဲ့ နည်းပေါ့ဗျာ”ဟု ဆားပုလင်းနှင်း
မောင်က ရှင်းပြလေ၏။

ထိုအခါ စုံထောက်ဦးကိုကိုကြီးက 
“ကိုနှင်းမောင်ရယ်ခင်ဗျားပဲ
ရှာရှာဖွေဖွေ စပ်စပ်စုစုတတ်ပါပေါ့ဗျာ”
ဟု ချီးကျူး လိုက်လေ၏။

*မှတ်ချက်
ထိုစာအုပ်မှာ လွန်စွာရှေးကျပြီဖြစ်သဖြင့်
အသက်ငယ်ရွယ်သော ကျွန်ုပ်၏ စာဖတ်ပရိသတ်များ သည် ထိုစာအုပ်အား မြင်
ဖူးသူများ ရှားပေလိမ့်မည်။ ထို့ကြောင့်
ကျွန်ုပ်ထံတွင် ရှိသော ထိုစာအုပ်ကို ဗဟု
သုတအဖြစ် ဓာတ်ပုံရိုက်၍ ဖော်ပြလိုက်ပါသည် ။ ထိုသို့ဖော်ပြလိုက်သည့်အတွက် ကျွန်ုပ်အားကျေးဇူးတင်သည်
ထက် ထိုစာအုပ်ကို ကျွန်ုပ်ထံသို့
တကူးတကပို့ပေးသော
ပခုက္ကူမြို့မှဦးတင်အေးဆိုသူသာလျှင်ပို၍
ကျေးဇူးတင်ထိုက်ပေ၏။

(စာရေးသူ)

ထို့နောက်ကျွန်ုပ်တို့ သုံးဦးသည် ချစ်တီးထမင်းဆိုင်၌ ကြက်သားကို မီးမြှိုက်၍ မဆလာနိုင်နိုင်နှင့်ချက်ထားသော ဟင်းနှင့် မနုတ်သာနီပူပူနွေးနွေး ကိုသောက်ကာ
ထမင်းကို မြိန်ယှက်စွာစားသောက်ကြ၍
သုံးဦးသားလမ်းခွဲကြလေတော့၏။

အိမ်သို့ရောက်လျှင် လင်ယောက်ျား၏
အလုပ်၌ မဆီမဆိုင်ဝင်ရောက် စွက်ဖတ်
တတ်သော ကျွန်ုပ်၏ ဇနီးက ကျွန်ုပ်
အား....

“ဘယ်လိုလဲ ကိုကို၊ ရေတာရှည်လမ်း
က အမှုက အမှုသွား အမှုလာ တော်တော်
ခက်နေ သလား။ ဟောဒီမှာ နိုင်ငံခြား
မဂ္ဂဇင်းတစ်စောင်က ဆောင်းပါးရေးထား
တယ်။ အမှုလိုက်တဲ့ ပုလိပ် အရာရှိတွေ
ဟာ အခင်းဖြစ်ပွားတဲ့ နေရာမှာ ခြေရာ
တွေအားလုံးကိုလေ့လာရမယ်တဲ့ ၊ ခြေရာ
တွေ ကိုကြည့်ခြင်းဟာ စာအုပ်ဖတ်ခြင်း
လိုပဲတဲ့ ။ ခြေရာပိုင်ရှင်ရဲ့ အသက်အရွယ်ကိုပြောနိုင်တယ်။ တောသားလား၊ မြို့
သားလား၊ ကျန်းမာရေးကောင်းမကောင်း
ကိုလဲ ပြောနိုင်တယ်တဲ့ ။ အဲဒါတွေကို
ကိုကိုလေ့လာထားရမှာ ပေါ့။ ကိုကိုတို့ က
အဲဒါတွေလေ့လာမထားတဲ့
အတွက်
အမြဲတမ်း ဆားပုလင်း နှင်းမောင်ကို
အားကိုးနေရတာမဟုတ်လား”ဟု ပြော
လိုက်ရာ ကျွန်ုပ်သည် လွန်စွာစိတ်ဆိုး၍
သွားပြီး လျှင်....

“တော်စမ်းကွာ၊မဖတ်တတ်၊ဖတ်တတ်
နဲ့ ဆောင်းပါးကလေးတစ်စောင်ဖတ်ပြီး
တော့ ကိုယ်နဲ့ မဆိုင် တဲ့ ကိစ္စမှာ လာပြီး
ဆရာမလုပ်စမ်းနဲ့ ။ မင်းကို ငါရှာကျွေးနေ
တာ။ ဆားပုလင်းနှင်းမောင်ကို အားကိုး
နေတာ၊ အားကိုးသင့်အားကိုထိုက်လို့
အားကိုးနေရတာဟေ့။ မင်းတို့ မိန်းမတွေဟာ ဉာဏ်ပြာ ဉာဏ်မွဲဉာဏ်ဆင်းရဲနဲ့
ယောက်ျားတွေအလုပ်ထဲမှာ ဝင်ဝင် မရှုပ်
စမ်းနဲ့ ” ဟု ကြိမ်းလိုက်မိ လေတော့၏။

ထိုအခါ၌ ကျွန်ုပ်ဇနီးသည် က 
“ဒီက ကိုယ့်ယောက်ျားမို့တော်စေချင်၊
တတ်စေချင်၊ တိုးတက်စေချင်လွန်းလို့
အကောင်းပြောတဲ့ ဥစ္စာ၊ စိတ်ဆိုးစရာ
လား၊ ကိုကိုဟာအပြင်လူတွေနဲ့ ဆိုရင်
သိပ်ပြီးတည့်တယ်၊ အိမ်ပြန် လာပြီးလား
ဆိုရင် မိန်းမကိုရန်လုပ်ဖို့ ပဲ သိတယ် ...."

“မင်းလိုမိန်းမမျိုးက ရန်လုပ်ရုံ မဟုတ်
ဘူး ကွ။ ပါးကိုဘယ်ပြန်ညာပြန်ရိုက်ပစ်ဖို့
ကောင်းတယ်။ ယောက်ျားအလုပ်ထဲ ဝင်
ရှုပ်လား၊ ရှုပ်ရဲ့ ၊ ကိုယ်နဲ့ ဆိုင်တာကျတော့
ဘာမှ လေ့လာမထားဘူး။ ကုလားဟင်း
လေးကောင်းကောင်း ချက်ပါဆိုတာတောင် အဖြစ်ရှိအောင် မချက်တတ်ဘူး။
တစ်ခါလာလဲ ပုန်းရည်ကြီးသုပ်၊ တစ်ခါ
လာလဲဘဲဥကြော်၊
ဒီဥစ်စာဘာလဲ၊
မဆီမဆိုင်တဲ့ ယောက်ျား အမှုလိုက်တဲ့
ကိစ္စကို ဝင်ပြီးစွက်ချင်တယ်။ ကိုယ်လုပ်ရ
မှာ ကို ဘာတစ်ခုမှ အဖြစ်ရှိအောင် လုပ်မ
ထားဘူး”ဟု ကျွန်ုပ်ကကြိမ်းလိုက်ရာ
ကျွန်ုပ်၏ ဇနီးက “ကိုကို”ဟု ခေါ်နေရာမှ
စကားလုံးပြောင်း၍
" ရှင်  နော်ရှင်'တော်တော်လွန် လာပြီ၊ အပြစ်မရှိအပြစ်မရှာနဲ့ "ဟု ပြန်၍ ပြောလေ၏။

“အပြစ်မရှိဘူးဟုတ်လား။ ငါ့အင်္ကျီတွေ
ချိုင်းကပြဲနေတာ မင်းဘယ်နှစ်ခါချုပ်
သလဲ။ ယူနီ ဖောင်းအင်္ကျီတွေလဲ
ကြယ်သီးပြုတ်နေတာ မင်းဘယ်နှစ်ခါ
တပ်သလဲ။ ငါ့ဟာငါ အပ်ချုပ်ဆိုင် သွားပြီး လုပ်လုပ်ခိုင်းရတယ်မဟုတ်လား။
အင်္ကျီအဝတ်အစားတွေ လျှော်ပါဆိုရင်လေးလို့ မညစ်နိုင်ဘူးဆိုပြီး ပင်မင်း
ဆိုင်ကိုပဲပို့တယ်။ တစ်နေ့တစ်နေ့စကော့
ဈေးသွားလိုက်၊ ဟိုဟာ ဝယ်လိုက်၊ ဒီဟာ
ဝယ်လိုက်၊ ဈေးကမိန်းမတွေနဲ့ စားလိုက်
သောက်လိုက်၊ အဝတ်အစားအကြောင်း
ပြောလိုက် နဲ့ ပဲ အချိန်ဖြုန်းနေတယ်
..မဟုတ်လား။ ဒါတွေဟာ အပြစ်မဟုတ်လို့
ဘာလဲ”ဟု ကျွန်ုပ်က ၎င်း၏ အပြစ်များကို
ပြောလိုက်ရာ ကျွန်ုပ်၏ ဇနီးသည် က
အနာ ပေါ်တုတ်ကျဆိုသော စကားကဲ့သို့မ
ခံနိုင်အောင်ဖြစ်သွားလေတော့၏။

“အဲဒီအပြစ်တွေကြောင့် ရှင်ကမပေါင်း
ချင်ဘူးလား။ မပေါင်းချင်ရင်အခုပြောပါ။မာမီအိမ်ကို ဆင်းသွားမယ်”ဟု ပြောလေ
တော့၏။

“ကောင်းပါတယ်၊ ကောင်းပါတယ်၊
မြင်းလှည်းနဲ့ သွားမလား၊ ဆိုက်ကားနဲ့
သွားမလား၊ ရထားလုံးနဲ့ သွားမလား၊
သွားချင်တာနဲ့ သွား။ လိုက်ပြီးခေါ်မယ်မ
ထင်နဲ့ ”ဟု ကျွန်ုပ်က ပြတ်ပြတ်သားသား
ပြောလိုက်ရာ အိမ်ပေါ်မှ တကယ်မဆင်း
လိုသော ကျွန်ုပ်ဇနီးက
"ရှင်နဲ့ ကျုပ်နဲ့ ယူထားတာ လူကြီးစုံရာနဲ့
ယူထားတာ၊ ဒီလိုလုပ်လို့ရမလား။ ကွဲချင်
ရင်ရုံးမှာ တက်ပြီးကွဲမယ်။ ပစ္စည်းကို
သရက်စေ့ထက်ခြမ်းခြမ်းပဲ”ဟု ဆိုလေ
တော့၏။

“ထက်ခြမ်းပဲ ခြမ်းမနေနဲ့ တော့၊ မင်းပဲ
အကုန်ယူသွား၊ မင်းမျက်နှာကြီးကို ကြည့်ရတာ စနက်တံ ဖြုတ်ထားတဲ့ လက်ပစ်
ဗုန်းကိုကြည့်ရသလိုပဲ။ အန္တရာယ်သိပ်
များ တယ်”ဟု ပြောလိုက်ရာ ကျွန်ုပ်၏
ဇနီးသည် သည် လွန်စွာမခံမရပ်နိုင်ဖြစ်
ပြီးလျှင် အနီးရှိပေါင်ဒါဗူးအလွတ်ဖြင့်
ကျွန်ုပ်အား ပစ်ပေါက်ရန် ရွယ် လိုက်လေ
တော့၏။ ထိုအချိန်၌ စုံထောက်ဦးကိုကို
ကြီးသည် အိမ်ပေါ်သို့ တက် လာပြီး
လျှင်...

“အေးဗျာ...ဦးအောင်သင်းတို့
လင်မယားကြည့်ရတာ စိတ်ချမ်းသာစရာ
ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် နောက်
လို့ပြောင်လို့ ရယ်မောလို့ ကျီစယ်လို့
ဟန်ကျသဗျာ။ ကျုပ်အိမ်က မိန်းမ
ကတော့ ဒီလိုမဟုတ်ပေါင်ဗျာ။ အိမ်ပေါ်
ရောက်မယ် မကြံသေးဘူး။ အမှုပေါ်ပြီလား၊ ရှင်တို့ ဖော်လို့ ပေါ်မှာ မဟုတ်ပါဘူး
ဆားပုလင်းနှင်းမောင် ဖော်ရမှာ ပဲ
မဟုတ်လား။ ယောက်ျားချင်းအတူတူ
ဆားပုလင်းနှင်းမောင်ပဲ ရှင်တို့
အားကိုးနေရတယ်။ ကျုပ်တို့ က မိန်းမမို့
သာပေါ့။ နို့မို့ရင်လား၊ ရှင်တို့ ဆားပုလင်း
ရင်ဘောင်တန်းလိုက်ချင်သလေး ဘာ
လေးနဲ့ ကျုပ်ကို ရန်စတော့တာပဲဗျို့။
ကျုပ်လဲ ဒီမိန်းမမျက်နှာကို မကြည့်ချင်
တာနဲ့ ခင်ဗျားတို့ ဘက်ကို ထွက်လာ
တာ”ဟု ပြောလိုက်ရာ ကျွန်ုပ်မှာ ငိုအား
ထက် ရယ်အားသန်ဆိုသကဲ့သို့ ပြုံးလိုက်
မိလေ၏။

“မထင်နဲ့ … ဦးကိုကိုကြီးရေ၊ ကျုပ်တို့
အိမ်ထောင်ရေးလဲ မသာယာပါဘူးဗျာ”ဟု
ကျွန်ုပ်က ညည်းညူလိုက်ရာ ဦးကိုကိုကြီး“ဦးအောင်သင်းကလဲဗျာ၊ အချင်းချင်း
လိမ်မနေစမ်းပါနဲ့ ။ ကျုပ်တက်လာတုန်း
မြင်ပါတယ်ဗျ၊ ခင်ဗျားမိန်းမက
ခင်ဗျားကို ပေါင်ဒါဗူးကလေးနဲ့ ကျီစားနေ
တာကို ကျုပ်မြင်ပါတယ်ဗျာ...” ဟု ပြော
လိုက်ရာ ကျွန်ုပ်က..

“ကျီစယ်နေတာ မဟုတ်ဘူး ဗျ။ ဒီ
ကောင်မက ကျုပ်ကိုပေါင်ဒါဗူးနဲ့ တကယ်
ပေါက်မလို့ ရွယ်လိုက်တာဗျ။ သူရုပ်ကိုက
ကြည့်ပါလား၊ နဖူးမောက်မောက်၊ ဖင်
ကောက်ကောက်၊ ဖနောင့် တိုတိုနဲ့ ၊ မျက်
ထောင့်ကလဲ နီသေးသဗျ၊ တကယ်ကိုမ
ပေါင်းအပ်တဲ့
မိန်းမမျိုးပါဗျာ ”ဟု
ကျွန်ုပ်ပြော လိုက်ရာ ကျွန်ုပ်ဇနီးသည် က

“ဟင်း ...သူများ သားသမီးကိုယူထားပြီး မှိုချိုးမျှစ်ချိုး"ဟု ဆိုကာလက်တွင်းမှ ပေါင်ဒါဗူးဖြင့် တအားပစ်၍ ပေါက်
လိုက်ရာ ကျွန်ုပ်ကငုံ၍ ရှောင်လိုက်သဖြင့်
ဦးကိုကိုကြီး၏ ပြောင်တလင်ခါ နေသော
နဖူးအား ‘တောင်’ကနဲ … ထိမှန်လေ
တော့၏။

ကျွန်ုပ်လည်း ရှက်လည်း ရှက်၊ ဦးကိုကို
ကြီးကိုလည်း အားနာသောကြောင့် ကျွန်ုပ်
မိတ်ဆွေတစ်ဦး အာရပ်နိုင်ငံသို့ရောက်ရှိခဲ့
စဉ်က ကျွန်ုပ်အတွက်အမှတ်တရအဖြစ်
ဝယ်ယူလက်ဆောင်ပေးခဲ့သော
ကုလားအုပ်ကျောကိုထုသည့် သားရေ
ဘုလုံးတပ်ထားသော တုတ်ဖြင့်ဇနီးသည်
အား လှိမ့်၍ ထုလေတော့၏။ ကျွန်ုပ်ဇနီး
သည် လည်း ကျွန်ုပ်အားကုတ်ဖဲ့သတ်ပုတ်
လေတော့၏။ ကျွန်ုပ် ကကုလားအုပ်ဘုလုံးဖြင့် ထု၏။

ထိုအခါ ဦးကိုကိုကြီးလည်း ထိုင်၍
နေနိုင်တော့ပဲ...
“အို...အို...ဘယ်လိုဖြစ်ကြတာတုံး၊
တော်ကြပါဗျာ၊ တော်ကြပါဗျာ”ဟု ဆိုကာ
လင်မယား နှစ်ယောက်ကြား၌ အတင်း
ဝင်၍ ဖျဉ်လေတော့၏။ ကျွန်ုပ်နောက်ဆုံး
ရိုက်သော ရိုက်ချက်မှာ ကျွန်ုပ်၏ ဇနီး
အားမထိပဲ ဦးကိုကိုကြီး၏ နဖူးအား
‘တိန်’ကနဲ ထိလေတော့၏။

ဦးကိုကိုကြီးလည်း ကျွန်ုပ်အားဆွဲ၍
အိမ်အောက်သို့ပို့လေ၏။ အိမ်အောက်သို့
ရောက်လျှင် ကျွန်ုပ်၏ ကားပေါ်သို့အတင်း
တွန်း၍ တင်လေ၏။ ပြီးလျှင် ၎င်းက
ကားမောင်း၍ ထွက်ခဲ့လေတော့၏။

“ဖြစ်မှ ဖြစ်ရလေ ဦးအောင်သင်းရယ်၊ကျုပ်ကအိမ်မှာ မိန်းမနဲ့ မတည့်လို့
ခင်ဗျားတို့ အိမ်ထွက်လာပါတယ်။ ခင်ဗျား
တို့ အိမ်ရောက်မှ ပဲ ပေါင်ဒါဗူးစာတစ်
ချက်၊ ကုလားအုပ်ဘုသီးက တစ်ချက်၊
စုစုပေါင်းနှစ်ချက်၊ လူကို အီသွားတာပဲ
ဗျာ...”ဟု ပြော လိုက်လေ၏။ ကျွန်ုပ်
ကမူ……

“အားနာလိုက်တာ ဦးကိုကိုကြီး
ရယ်”ဟု သာ ပြောလိုက်မိလေတာ့၏။

ထို့နောက် ကျွန်ုပ်တို့ သည် ကမာရွတ်
အဝိုင်းကြီးဆီသို့ ရောက်ရှိခဲ့ကြလေ
တာ့၏။ ထိုအခါ၌ ဦးကိုကိုကြီးသည် ၎င်း
နှင့် မတည့်သော လက်ပြပုလိပ်ကိုမြင်
လျှင်...

“ဦးအောင်သင်းရေ...ဟိုသတ္တဝါက
ကျုပ်တို့ ကိုကြည့်နေပြီဗျို့။ ဘယ်လိုများအပြစ်ရှာဦးမယ်မသိဘူး။
အူကြောင်ကြောင်လုပ်ရင်တော့ ဆွဲကို
ထိုးပစ်လိုက်မယ်ဗျာ။ နောက်မှ ကြည့်ပြီး
ရှင်းမယ်”ဟု ပြော လိုက်လေ၏။

ထိုအချိန်၌ ပင် လက်ပြပုလိပ်သည်
ခရာကို ‘ဝှီး’ကနဲ့ မှုတ် လိုက်လေ၏။ ဦး
ကိုကိုကြီးလည်း လမ်းဘေးသို့ ကားကို
ထိုးရပ်ရင်း...

“တွေ့လား… တွေ့လား...သက်သက်
လုပ်တာ။ သက်သက်လုပ်တာ။ ဘာအပြစ်
မှ မရှိပဲနဲ့ ဝီစီမှုတ်တယ်၊ တွေ့ကြရော
ပေါ့”ဟု ဆိုကာ ဦးကိုကိုကြီးသည် ကား
ပေါ်မှ ဆင်း၍ မတ်တတ်ရပ် လိုက်လေ
တော့၏။

လမ်းပြပုလိပ်သည် အနီးသို့လျှောက်
လာလေ၏။ ဦးကိုကိုကြီးသည် အနီးသို့လမ်းပြပုလိပ် ရောက်လာသည့် အခါ၌
“ဘာလဲကိုယ့်လူ ဘာအပြစ်ရှိလို့
ဝီစီမှုတ်တာလဲ၊ လက်ပြပုလိပ်လုပ်ရတာ
ကို ဘုရင်ခံလုပ်ရတယ်များ အောက်မေ့
နေသလား"ဟု ကြိမ်းမောင်း လိုက်
လေ၏။ ထိုအခါလမ်းပြပုလိပ် က

“ကြိမ်းမောင်းလှချည်လား ဦးကိုကိုကြီး
ရဲ့ ၊ ဘယ်လိုဖြစ်လာတာတုံး၊ ထိပ်မှာ လဲ
ဘုတွေနဲ့ ပါလား”ဟု ပြောလိုက်သော
ဆားပုလင်းနှင်းမောင်၏ အသံကြားရသ
ဖြင့်လမ်းပြပုလိပ်အား သေချာ စွာကြည့်
လိုက်ရာ ကျွန်ုပ်တို့ နှင့် အဆင်မပြေဖြစ်ခဲ့
သော လမ်းပြပုလိပ်မဟုတ်ပဲ လမ်းပြ
ပုလိပ်အဝတ် အစားများကို ဝတ်ဆင်
ထားသည့်ကျွန်ုပ်တို့ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်ဖြစ်ကြောင်း အံ့ဩ
ဖွယ်ရာတွေ့ရလေတော့၏။

ထိုအခါ ဦးကိုကိုကြီးက.……
“ဟုတ်ပါရဲ့ ဗျာ၊
ကျုပ်ကလဲ သေသေချာချာမကြည့်ဘဲ . ဟိုကောင်မှတ်
လို့ ကြိမ်းနေတာ၊ နေစမ်းပါဦး၊ အိုင်ဆေး
ကကောဘယ်လိုဖြစ်ပြီး လမ်းပြပုလိပ်
လုပ်နေရတာတုံး”ဟု ပြန်၍ မေး လိုက်လေ၏။

“ဒီလိုဗျ၊ ကျုပ်ရဲ့ ကောင်လေးတွေဆီက
သတင်းအတိအကျရတယ်။ ကျုပ်အလိုရှိ
နေတဲ့ လှမြင့်ဆို တဲ့ ကောင်ဟာ ဒီလမ်း
ကနေဖြတ်ဖြတ်ပြီး ကားမောင်းသွားလေ့
ရှိတယ်ဆိုပဲ။ ဒီကောင့်ကို စောင့်နေတာ၊
ခင်ဗျားတို့ မိတ်ဆွေက ဟိုသစ်ပင်အောက်
မှာ ထိုင်နေလေရဲ့. "ဟု လမ်းပြပုလိပ်အစစ်အား ညွှတ်ပြ လိုက်လေ၏။

ထိုအခါ ကျွန်ုပ်က..
“ဒီလိုဆိုရင်လဲ ကျုပ်တို့ ပါ စောင့်ရတာ
ပေါ့ဗျာ”ဟု ဆိုကာ သစ်ပင်ရိပ်အောက်၌
မော်တော်ကားကိုရပ်၍ စောင့်နေလေ၏။
ဆားပုလင်းနှင်းမောင်သည်
အရှေ့
အနောက်တောင်မြောက် လေးဘက်လေး
တန်မှ လာသော မော်တော်ကားများကို
ကျင်လည်စွာလက်ပြနေ၏။
ကျွန်ုပ်တို့ လည်း ဆားပုလင်းနှင်းမောင်
လက်ပြနေသည်ကို ကြည့်ကောင်းကောင်း နှင့် ကြည့်နေမိလေ
တော့၏။ နာရီဝက်ကျော်ခန့်ကြည့်နေမိ
စဉ်အတွင်းဆားပုလင်းနှင်းမောင်သည်
ကျိုက်ဝိုင်းဘုရားလမ်းဘက်မှ လာသော
မော်တော်ကားတစ်စီးအား ခရာမှုတ်၍ရပ်ခိုင်း လိုက်လေ၏။

ထိုမော်တော်ကားလည်း လမ်းဘေး၌
ထိုး၍ ရပ်လေ၏။ ထိုကားမှာ အော်စတင်
ကားအနက်လေးဖြစ်လေသည် ။ ဆား
ပုလင်းနှင်းမောင်သည် မော်တော်ကားဆီ
သို့ လျှောက်သွားပြီးလျှင် ကားတံခါးကိုဆွဲ
ဖွင့်ကာ ဝင်၍ ထိုင်လိုက်ပြီးနောက် ဒရိုင်
ဘာလုပ်သူအား ခြောက်လုံးပြူး နှင့် ချိန်
ရွယ်ကာ..

“ဟေ့ လှမြင့်၊ ငါမောင်းခိုင်းတဲ့ ဆီကို
ကောင်းကောင်း
မောင်းပေတော့”ဟု
ပြောလိုက်သံကို ကြားရလေတော့၏။
လှမြင့်ဆိုသူလည်း ဆားပုလင်းနှင်း
မောင်ပြောသည့်အတိုင်း ကားကို
မောင်းထွက် လိုက်လေ၏။ ကျွန်ုပ်တို့
ကားလည်း ၎င်းတို့ ကားနောက်မှ ကပ်လျက် လိုက်ပါခဲ့လေ၏။

ဆားပုလင်းနှင်းမောင်သည် လှမြင့်
အား ၎င်းနေထိုင်ရာ ၂၉၅၊ ဘိုးလိမ်းလမ်း
ဆီ မောင်းခိုင်းခဲ့လေတော့၏။ ထိုနေရာသို့
ရောက်လျှင် လှမြင့်အား အိမ်ပေါ်သို့တက်
စေလေ၏။ ကျွန်ုပ်တို့ လည်း ကားပေါ်မှ
ဆင်း၍ အိမ်ပေါ်သို့တက်ခဲ့ကြလေ၏။

ဆားပုလင်းနှင်းမောင်သည် လှမြင့်အားကုလားထိုင်အလွတ်တစ်လုံးအပေါ်၌ ထိုင်ခိုင်းပြီးလျှင်....

"ကဲ....သူငယ်ချင်း၊ ငါမေးတာကို တစ်ခု
မကျန်ဖြေဖို့ ပဲ စိတ်ကူးပေတော့။ လိမ်
မယ်၊ ညာမယ်၊ ချန်ပြီးပြောမယ်ဆိုတဲ့
စိတ်ကူးမျိုးဖျောက်ပစ်လိုက်ပါ။
ငါကတော့ မင်းကိုမရိုက်ပါဘူး။ ဟောဟို
လူကြီးကိုမြင်တယ် မဟုတ်လား။ သူ့လက်ဝါးကြီးက အကြီးကြီးပဲကွ။ တစ်
ချက်ရိုက်ရင် အရိုက်ခံရတဲ့ လူဟာ တစ်
ပတ်လောက် ဖျားတယ်။ ကဲ…မေးမယ်။
‘မိုးဒေဝါ’ဆိုတဲ့ ဦးကိုကိုလတ်ကို မင်းသိ
တယ်မဟုတ်လား"ဟု မေး လိုက်လေ၏။

“မသိပါဘူးခင်ဗျ...."ဟု လှမြင့်က ဖြေ
လေ၏။

“ကောင်းပြီး…….မင်းဟာအဖွဲ့ဝင်
နံပါတ်(၈)မဟုတ်လား"ဟု ... ဆားပုလင်း
နှင်းမောင်က မေးပြန်လေ၏။

“ဘာအဖွဲ့ဝင်လဲ၊ … ကျုပ်ဘာမှ မသိ
ဘူး" ဟု လှမြင့်ကပြန်၍ ပြောလေ၏။

“ကောင်းပြီ၊ ဟောဒီဓာတ်ပုံဟာ မင်းရဲ့
ဓာတ်ပုံဆိုတာတော့ မင်းငြင်းမှာ မဟုတ်
ပါဘူး” ဟု ဆိုကာ ဆားပုလင်းနှင်းမောင်
က လှမြင့်၏ ဓာတ်ပုံနှစ်ပုံကိုထုတ်၍ ပြလေ၏။ လှမြင့်လည်း ဓာတ်ပုံများကိုကြ
ည့်၍ ငြိမ်ကျသွားလေတော့၏။

“ဒီမှာ လှမြင့်၊ မင်းကို မင်းတို့ ရဲ့
ဒုစရိုက်အဖွဲ့ဝင်နံပါတ်(၉)ဆိုတဲ့ ကောင်က
သတ်ပစ်ဖို့ တာဝန်ယူထားတယ်။ ငါပြော
တာမယုံဘူးလား...."ဟု ... ဆိုကာ ဆား
ပုလင်းနှင်းမောင်က လှမြင့်၏ ဓာတ်ပုံ
နောက်ကျောတွင် ရေးထားသောစာကိုပြ
လေ၏။ လှမြင့်လည်း ထိုစာကိုဖတ်ပြီး
နောက်.....

“ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန်တော်ဟာ
အဖွဲ့ဝင်နံပါတ်(၈)၊ ဒါပေမယ့် အဲဒီအဖွဲ့ထဲ
က ထွက်သွားရတာ ကြာပါပြီ....”ဟု လှမ
င့်ကဝန်ခံလေ၏။

“သိပါတယ်ကွာ၊ မင်းထွက်သွားရတဲ့
အကြောင်းထဲမှာ မင်းကိုပေးထားတဲ့ သစ်ကနက်သား အမှတ်တံဆိပ်တုတ် အလုံး
ကလေးပျောက်ဆုံးသွားတဲ့ အချက်လဲပါ
တယ် မဟုတ်လား”ဟု ဆားပုလင်းနှင်း
မောင်က မေး လိုက်လေ၏။

“မှန်ပါတယ်၊ ဒီတုတ်ကလေးဟာ
ကျွန်တော်တို့ ရဲ့ အသက်ပါပဲ။ အဖွဲ့ဝင်
တိုင်းလဲ ဒီတုတ်မျိုးမရပါဘူး။ ဒီတုတ်မျိုး
ရထားတဲ့ အဖွဲ့ဝင်စုစုပေါင်း(၉)ဦးရှိပါ
တယ်။ ဒီတုတ်ကလေး မရှိရင်
အထက်လူကြီးနဲ့ ဆက်သွယ်လို့မရတော့
ပါဘူး။အထက်လူကြီးနဲ့ ဆက်သွယ်တဲ့ စာ
မှာ တုတ်ကလေးရဲ့ ထိပ်မှာ ရိုက်ထားတဲ့
မီးကျွမ်း တံဆိပ်ကလေးကို တံဆိပ်တုံး
အဖြစ် အသုံးပြုရပါတယ်”ဟု လှမြင့်က
ပြောလေ၏။

“မင်းတို့ အဖွဲ့က ဘာအဖွဲ့တုံးကွ။ ဓားပြအဖွဲ့လား၊ သူခိုးအဖွဲ့လား”ဟု ဆားပုလင်း
နှင်းမောင်က မေး လိုက်လေ၏။

“ဒုစရိုက်အားလုံးကို လုပ်တယ်ဆိုပါ
တော့ဗျာ”ဟု လှမြင့်ကပြန်၍ ဖြေလေ၏။

“အေး မင်းတို့ အဖွဲ့ဟာ အီတလီမှာ ဖွဲ့
ထားတဲ့ ပင်လယ်ဓားပြအဖွဲ့ရဲ့ အဖွဲ့ခွဲတစ်ခု
ပဲကွာ၊ ဒီအဖွဲ့မျိုး ကမ္ဘာပေါ်မှာ ရှိနေတယ်
ဆိုတာ ငါသိပါတယ်ကွ၊ ဒါကအရေးမ
ကြီးပါဘူးကွာ၊ မင်းတို့ ရဲ့ အထက်လူကြီး
ဖြစ်တဲ့ ဘိလပ်ပြန် ဦးကိုကိုလတ်ရဲ့
အကြောင်းကိုပြောပြပါဦး”ဟု
ဆားပုလင်းနှင်းမောင်က မေး လိုက်လေ၏။

“ကျွန်တော့်အထက်လူကြီးကို ကျွန်တော်တစ်ခါမှ မတွေ့ပါဘူး”ဟု လှမြ
င့်ပြန်၍ ဖြေလေ၏။ ထိုအခါ ဆားပုလင်း
နှင်းမောင်က“စိတ်အေးလက်အေးထားပြီး ဖြေစမ်း
ပါကွာ၊ ရော့....စီးကရက်ကလေးဘာ
လေး သောက်စမ်းပါဦး” ဟု ဆိုကာ
စီးကရက်တစ်လိပ်ထုတ်၍
အားပေးလေ၏။ လှမြင့်လည်း စီးကရက်
လှမြင့်
ကိုနှုတ်ခမ်း၌ တေ့ လိုက်လေ၏။ ဆား
ပုလင်းနှင်းမောင်က မီးခြစ်ကိုခြစ်၍ မီးတို့
ပေးလိုက်ပြီးလျှင်..

“မင်းတို့ အထက်လူကြီးက ခင်မေဆိုတဲ့
ကောင်မလေးတစ်ယောက်ကို မင်းတို့ ကို
ဖမ်းခိုင်းလိုက်တယ် မဟုတ်လား”ဟု ဆား
ပုလင်းနှင်းမောင်က မေး လိုက်လေ၏။

“မှန်ပါတယ်ခင်ဗျာ၊ စာနဲ့ ခိုင်းတာပါ။
မိန်းကလေးရဲ့ ဓာတ်ပုံကိုတော့ ပေးလိုက်
ပါတယ်၊ သူ့မိန်းမရဲ့ တူမကလေးပါ။
မန္တလေးမှာ ရှိတယ်ဆိုလို့ ကျွန်တော်တို့က မန္တလေးကိုလိုက်သွားပါတယ်။
ကောင်မလေးက ကျွန်တော်တို့လိုက်လာ
မှန်း ရိပ်မိလေတော့ မန္တလေးကနေသာ
စည် ကိုလာတယ်။ သာစည်ကနေ ရှမ်း
ပြည် နယ်ကို တက်သွားပါတယ်၊
ကျွန်တော်တို့ သူ့နောက်က ထက်ကြပ်မကွာလိုက်ခဲ့ကြပါတယ်၊
တောင်ကြီးမြို့ကို ကျွန်တော်တို့
ည(၇)နာရီလောက်မှာ ရောက်ပါတယ်။
အဲဒီမှာ မြို့ ပေါ်မှာ ယောင်လည်လည်ဖြစ်
နေတဲ့ ခင်မေကို တွေ့တော့တာပါပဲ။
ကျွန်တော်တို့ လဲ ခင်မေ့ကိုဓားနဲ့ ထောက်
ပြီး မော်တော်ကားနဲ့ တောင်ပေါ်ကပြန်ပြီး
ဆင်းခဲ့ကြပါတယ်။ တောင်အောက်နားအ
ရောက်မှာ မော်တော်ကားပျက်လို့ ကား
ပြင်နေတုန်းမှာ ခင်မေဟာ ကျွန်တော်တို့ဆီက ထွက်ပြေး လွတ်မြောက်သွားပါ
တယ်။ ကျွန်တော်တို့ လဲရှာကြပါသေး
တယ်။ လမ်းကကား ကြုံတစ်စီးစီးနဲ့ ခင်
မေတက်လိုက်သွားပြီလို့
ထင်တာနဲ့
ကျွန်တော်တို့ လဲ မော်တော်ကားစက် ပြန်
ပြီးကောင်းလာ တဲ့ အခါမှာ သာစည်ကို
လိုက်ခဲ့ကြပါတယ်။ ကားစက်မကောင်း
သေးခင်မှာ လဲ အနီးအနားက မြင်းတွေ
ငှားပြီး မြင်းနဲ့ လဲရှာပါတယ်။
ခြေကျင်လျှောက်ပြီးရှာတဲ့ သူကလဲ ရှာပါ
သေးတယ်။ ဒါပေမယ့် ကောင်မလေးကို
ပြန်ပြီးမတွေ့တော့ပါဘူး”ဟု လှမြင့် က
စိတ်ရှည်လက်ရှည် ပြောပြလေ၏။

“ဒါနဲ့ နေပါဦးကွ၊ မင်းတို့ အဖွဲ့ထဲမှာ
ခါးကုန်းတစ်ယောက်ပါသလား"ဟု ဆား
ပုလင်းနှင်းမောင်က မေး လိုက်လေ၏။

“အဖွဲ့ထဲမှာ တော့ မပါပါဘူးခင်ဗျ၊
ကျွန်တော်တို့ ငှားရမ်းအသုံးပြုနေတဲ့ တုံ
ကင်းတစ်စီးမှာ တော့ ကိုရင်မောင်ဆိုတဲ့
ထမင်းချက်ခါးကုန်းကြီးတစ်ယောက်ခေါ်
ပြီး အသုံးပြုခဲ့ဖူးပါတယ်။ သူလဲ
ကျွန်တော်တို့ နဲ့ ကြာကြာမမြဲပါဘူး၊ ဒီ
လူကြီးကတော့ လူအ,ကြီးပါ ခင်ဗျ၊ ဘာ
ဆိုဘာမှ သိတဲ့ သူမဟုတ်ပါဘူး၊ သူ့
လောက် အ,တဲ့ လူကို ကျွန်တော်ဖြင့်
တစ်သက်မှာ တစ်ခါမှ မတွေ့ ဖူးပါဘူး”ဟု
လှမြင့်ကပြော လိုက်လေ၏။

“အေး အဲဒီခါးကုန်းကြီးအခု ဘယ်မှာ ရှိ
သတုံး"ဟု ဆားပုလင်းနှင်းမောင်က မေး
လိုက်လေ၏။

“ကမ်းနားမှာ မကြာမကြာတွေ့ရပါ
တယ်၊ အရင်ကတော့ မောင်လယ်ဗိုလ်ဆိုတဲ့ ရွက်လှေမှာ ထမင်းချက်လုပ်နေတယ်
လို့ သိရပါတယ်”ဟု လှမြင့်ကပြန်၍ ပြော
လေ၏။

“အေး ကောင်းပြီ၊ မင်းဟာ မင်းတို့ အဖွဲ့
က ထွက်ပြီးတဲ့ နောက်မှာ အသက်ကို
လုပ်ကြံမှာ စိုးလို့ တထိတ်ထိတ်နဲ့ ရှောင်
ပုန်းနေတယ်မဟုတ်လား"ဟု ဆားပုလင်း
နှင်းမောင်က မေး လိုက်လေ၏။

“မှန်ပါတယ်ခင်ဗျာ၊ သေပြီလို့သတင်း
လွှင့်ပြီး ပုန်းရှောင်နေပါတယ်။ အခုလဲ
ဦးထုပ်တွေ ဆောင်း၊ မုတ်ဆိတ်မွေးတွေ
နှုတ်ခမ်းမွေးတွေထားပြီး ရုပ်ဖျက်နေရ
တာပဲ။ အဲဒီကြားထဲက ဆရာတို့ ကကျွန်
တော့်ကိုသိတယ်ဆိုတာ အတော့်ကိုအံ့ဩ
မိပါတယ်”ဟု လှမြင့် ကပြောရှာလေ၏။

“မုတ်ဆိတ်တွေဘာတွေ မထားပါနဲ့တော့ကွာ။ မင်းတို့ အထက်လူကြီးလဲ သေ
ပါပြီကွ။ ကဲကဲမင်း ပြန်နိုင်ပြီ၊ ငါအလိုရှိ
တဲ့ အခါမှာ မင်းကိုထပ်ပြီးခေါ်မယ်၊ မင်း
ကိုတွေ့နိုင်မယ့်လိပ်စာ ငါ့ကိုပြောပြခဲ့”ဟု
ဆားပုလင်းနှင်းမောင်က ပြောသဖြင့်လှမြ
င့်က

“ကျွန်တော်နေတာ မဝေးပါဘူးခင်ဗျာ။
ဗျိုင်းရေအိုးစင်ထဲမှာတင်ပါ၊ ပေတူးလို့
မေးမှ ရပါတယ်"ဟု ဆိုကာ လှမြင့်သည်
ဆားပုလင်းနှင်းမောင်အား နှုတ်ဆက်၍
ပြန် သွားလေတော့၏။ ထိုအခါမှ
ပုလင်းနှင်းမောင်က ကျွန်ုပ်နှင့် ဦးကိုကို
ကြီးအား....

“မြင်ပြီလား၊ ကျုပ်ရဲ့ စုံထောက်ကလေးတွေ ဘယ်လောက်နေရာကျသလဲ၊ စာရွက်ပေါ်မှာ ဂဏန်း ကလေး သုံးလေးလုံးခြစ်ပေးလိုက်တာနဲ့ ရုပ်ဖျက်ချင်တိုင်း
ဖျက်ထားတဲ့ “ဝမ့်တက်'ကို ချက်ချင်းရှာ
ပေးနိုင်တယ်။ ဒီပညာကိုပုလိပ်အဖွဲ့မှာ
တွင် ကျယ်အောင်လုပ်သင့်တယ်ဗျ”ဟု
ပြော လိုက်လေ၏။

ထို့နောက် ကျွန်ုပ်တို့ သုံးဦးသည်
အလာပ သလ္လပစကားများ မိန်းမနှင့် ရန်ဖြစ်ခဲ့ပုံများ ၊ ဦးကိုကိုကြီး ၏
ထိပ်၌ အဖုပေါက်ရပုံများ အကြောင်းကို
ပြောဆိုရယ်မောကြပြီနောက်
သီတာ
လမ်းထိပ်ရှိအောင်သပြေ ဒေါ်တင်ညွှန့်၏
လက်ဖက်ရည်ဆိုင်သို့သွားရောက်ကာ
လက်ဖက်ရည်သောက်ကြလေတော့၏။

လက်ဖက်ရည် သောက်ကြပြီးနောက်
ဆားပုလင်းနှင်းမောင်အခန်းသို့ပြန်၍
ရောက်လာသောအခါ၌ ဆားပုလင်းနှင်းမောင်သည် တစ်စုံတစ်ခုကို
လေးလေးနက်နက် စဉ်းစား၍ နေလေ၏။
၎င်း၏ ထုံးစံအတိုင်း ကုလားထိုင်ပေါ်၌
ထိုင်ကာ ကိုယ်ခန္ဓာတွင် ရှိသမျှသော
အကြောအခြင်များကို လျှော့ချလိုက်ပြီး
လျှင် မျက်စိကိုမှိတ်၍ နေလေ၏။ ထို့
ကြောင့် ဦးကိုကိုကြီးက ၎င်း၌ ပါလာ
သော အင်္ဂလိပ်ကာတွန်းစာအုပ်တစ်အုပ်
ကို ထုတ်၍ ဖတ်နေလေ၏။

ကျွန်ုပ်လည်း ဆားပုလင်းနှင်းမောင်
အိမ်၌ ကျန်ရစ်ခဲ့သောဘိလပ်ပြန် ဦးကိုကို
လတ်၏ စာအုပ်စင်မှ ယူလာခဲ့သည့် "ဗိသုကာမောင်ဘာဘာ၏
မှတ်တမ်း"
ဆိုသည့် စာအုပ်ကြီးကိုဆွဲယူဖတ်ရှုနေ
မိလေတော့၏။

ထိုမှတ်တမ်းကြီးမှာ အတော်အတန်ဖြင့်
ရှေးကျသော မြန်မာစာအရေးအသားမျိုး
ရေးသားထားသော်လည်း
အကြောင်းအရာတို့ မှာ စိတ်ဝင်စားဖွယ်
ကောင်းလှလေတော့၏။
ထို့ကြောင့် ကျွန်ုပ်သည် ထိုမှတ်တမ်း
ကြီးအား တစ်ထိုင်တည်းနှင့် ပင်
အပြီးတိုင် ဖတ်ရှုမိလေတော့၏။

မှတ်ချက်

ထိုမှတ်တမ်းကြီးမှာ ဤအမှုနှင့် အဓိက
အားဖြင့် သက်ဆိုင်ခြင်းမရှိလှပါ။ ထို
မှတ်တမ်းကြီးအား ဖော်ပြခြင်းမပြုဘဲ
ထားလျှင်လည်း ရပါတယ်။ သို့ရာတွင်
ထိုမှတ်တမ်းကြီး ၌ စိတ်ဝင်စားဖွယ်ရာ
အကြောင်းအရာများ ပါရှိသောကြောင့်
ထည့်သွင်းဖော်ပြလိုပါသည် ။ ထိုသို့
ဖော်ပြလိုသော်လည်း အရေးအသားမှာအတော်အတန်ရှေးကျ၍ ရိုးစင်းလှသော
ကြောင့် တစ်ကြောင်း။ မူရင်းအတိုင်း
ဖော်ပြလျှင် လွန်စွာရှည်လျားနေမည်ဖြစ်
သည် ကြောင့် တစ်ကြောင်း ထို့ကြောင့်
ထိုမှတ်တမ်းကြီးအား အနည်းငယ်ချုံ့၍
အချို့နေရာများ တွင် အသုံးအနှုန်း
ဝေါဟာရများကို ပြောင်းလဲ၍ ဖော်ပြ
လိုက်ရလေတော့သတည်း။
(စာရေးသူ)
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ

အခန်း  ၈
• ဗိသုကာဆရာ ဦးဘာဘာ၏ မှတ်တမ်း

ကျွန်ုပ်ဦးဘာဘာသည် အသက်နှစ်
ဆယ်အရွယ်ကပင် ဗိသုကာဆရာတစ်ဦး
ဖြစ်ခဲ့လေသည် ။ ဗိသုကာ ဆရာဆိုသည့်စကားမှာ ကျွန်ုပ်တို့ ဘာသာ ကျွန်ုပ်တို့
အတွက် ဂုဏ်တင်၍ ပြောဆိုသုံးနှုန်းသောစကားသာဖြစ်ပေသည်။ အမှန်စင်စစ်
အားဖြင့် ကျွန်ုပ်တို့ အားမည်သူ တစ်စုံ
တစ် ယောက်ကမျှ ဗိသုကာဆရာဟု
ခေါ်ဝေါ်ခြင်းမရှိကြချေ။
လက်သမား
ဆရာဟူ၍ သာခေါ်ဝေါ် သုံးနှုန်းလေ့ရှိပေ
သည် ။ ငွေရင်းငွေနှီးတစ်စုံတစ်ရာမ
စိုက်ထုတ်ရပဲ လက်နှစ်ဘက်ကိုသာ
အားကိုး၍ လုပ်ကိုင်အသက်မွေးရသော
အသက်မွေးဝမ်းကျောင်းလုပ်ငန်းမျိုးဟု
အများသူငါကထင်မှတ်နေခြင်းပင်ဖြစ်၏။ ထို့ကြောင့် ခပ်လွယ်လွယ်ဆိုရပါ
မူ ကျွန်ုပ်သည် ငယ်စဉ်ကပင် လက်သမား
အလုပ်ဖြင့် အသက်မွေးခဲ့သူတစ်ဦးဖြစ်ပေ
သည် ။

ကျွန်ုပ်၏ ဇာတိမှာ မုံရွာမြို့ဖြစ်ပေသည်။
ကျွန်ုပ်၏
ဖခင်သည်တောင်သူလယ်သမားတစ်ဦးသာ ဖြစ်
သော်လည်း ကျွန်ုပ်၏ အဘိုးမှာ မူ
လက်သမားအကျော်အမော်တစ်ဦး ဖြစ်
ပေသည် ။ အညာဘက်တွင် ရှိသော
ဘုရားတန်ဆောင်း ကျောင်းကန်အုတ်ရိုး
ပြာဿဒ်အတော်များများ သည် ကျွန်ုပ်၏
အဘိုးဖြစ်သူလက်သမား ဆရာကြီးဦး
ဉာဏ်၏ လက်ရာနှင့် မကင်းသည် ကများ
ပေသည် ။ ကျွန်ုပ် သည် အသက်နှစ်ဆယ်
လောက်တွင် အောက်မြို့ကျေးရွာများ သို့
ပြောင်းရွှေ့နေထိုင်ပြီးလျှင် လက်သမား
အလုပ်ကို လုပ်ကိုင်ခဲ့လေ၏။

ထိုအချိန်က အထက်အညာဒေသများ
ကို ဘဝရှင်မင်းတုန်းမင်းတရားကြီးက
အုပ်ချုပ်စိုးစံလျက် အောက်အခြေဒေသ
များကို ဗြိတိသျှအစိုးရမင်းများကပို၍
သိမ်းပိုက်ထားပေသည် ။ ကျွန်ုပ်၏
စိတ်ကူးမှာ ဗြိတိသျှအစိုးရ သိမ်းပိုက်ထား
သောအရပ်ဒေသများ တွင် ပိုမို၍ စည်း
ကား သိုက်မြိုက်လာမည်။ ထိုသို့စည်ကားသိုက် မြိုက်လာပါက တိုက်တာအိမ်ခြေ
အဆောက်အအုံ များ ပြားလာမည်။ ထိုသို့
များ ပြားလာပါက လက်သမားအလုပ်ဖြင့်
အသက်မွေးရသောကျွန်ုပ်အဖို့
အသက်မွေး ချောင်လိမ့်မည်ဟူ၍ ဖြစ်ပေ
သည် ။ မှန်ပေသည် ။ ကျွန်ုပ်သည်
အောက်အကြေဒေသတွင် အရပ်ရပ်
နယ်နယ်လှည့်လည်ပြီးနောက် နောက်ဆုံး
တွင် ရန်ကုန် မြို့သို့ ရောက်ရှိခဲ့လေသည် ။
ရန်ကုန်သို့ရောက်သည့် နေ့မှ စ၍
ကျွန်ုပ်အဖို့ အလုပ်နှင့် လက်ပြတ်သည်
ဟူ၍ မရှိခဲ့ပါ။ အလုပ်များ စွာရခဲ့ပါသည်။ပျဉ်ထောင်အိမ်ကြီးများ တစ်လုံးပြီး
တစ်လုံးဆောက်ခဲ့ရပါသည် ။ အောက်
ပိုင်းကိုအုတ်ခံ၍ အပေါ်ပိုင်းသစ်သား
ထည်များ ဖြင့် ဆောက်လုပ်သောဘုန်းကြီးကျောင်း များ လည်း တစ်
ကျောင်းပြီးတစ်ကျာင်း
ဆောက်ခဲ့ရ
ပါသည် ။ သို့ရာတွင် အိမ်ကြီးများ
တစ်လုံးပြီး တစ်လုံးပြီးသွား၏။ ကျွန်ုပ်မှာ
မူကား ချမ်းသာဖို့ ကိုထား၍ ထမင်းနပ်
မှန်အောင်ပင်အနိုင်နိုင်ရှိခဲ့ လေ၏။ မွဲမြဲမွဲ
လျက်ရှိလေ၏။ အညာက ထွက်လာခဲ့စဉ်
က ကျွန်ုပ်မိခင်ကြီး ရက်လုပ်ပေးလိုက်
သော လုံချည်အနီကွက်လေးမှာ
အရောင်အဆင်းပင်မရှိတော့။ အကွက်
ပင်မပေါ်တော့။ ကျွန်ုပ်၏ ဘကြီးဖြစ်သူ
ကျွန်ုပ်အားလက်ဆောင်အဖြစ်ပေးလိုက်သော ပင်နီတိုက်ပုံအင်္ကျီလေး
မှာ လည်း ဖာထေးထားသောအရာများ ဖြ
င့် ကြည့်၍ မကောင်းအောင်ရှိလေ
တော့၏။ အထူးသဖြင့် လွန်စွာ လေးလံ
လှသော လက်သမားပစ္စည်းများကို ထည့်
ထားသည့် ပတ္တူလွယ်အိတ်ကို လွယ်ပိုး
ရသော ပခုံးနေရာ၌ မူ အင်္ကျီလေးသည်
အမြွာမြွာစုတ်၍နေသည် မဟုတ်။
ကျွန်ုပ်၏ ပခုံးများမှာ လည်း ကျွဲပခုံး ထ၍
နေလေ၏။
ဤနေရာ၌ ကျွန်ုပ်၏ ပခုံး၌ အသားမာ
အကြောင်းပြု၍
ပေါက်နေခြင်းကို
လယ်တီဆရာတော် ဘုရားကြီး၏
“တစ်မျိုးလုံး၊ တစ်ဆွေလုံး သူတို့ တိုင်မ
ဆုံး
တို့ တစ်တွေပခုံးမှာ ၊ မီးဟု န်းဟု န်းထမတက်
တို့ လုံ့လ၊ တို့ စွမ်းအင်၊ တို့ အပင်ပန်းခံ
နိုင်လို့”ဟူသော နွားမေတ္တာစာ၏ အစပိုဒ်
ကို သတိရမိလေတော့၏။ ထိုစာချိုးကို
ရွတ်ပြီးနောက် ငါလည်း ပဲ ဆရာတော်
ရေးတဲ့ နွားမေတ္တာစာထဲက နွားလိုငါ့ပခုံး
မီးဟုန်းဟုန်းထလုမတတ်
လက်သမားလွယ်အိတ်ကြီးကို လွယ်ရပါပ
ကောဟု တွေးမိတိုင်း လက်သမားဆရာ
ဖြစ်ရခြင်း၏ နုံချာပုံကိုသဘောပေါက်မိ
လေတော့၏။ စိတ်၌ လည်း ဝမ်းနည်း
သလိုလို မကြာခဏဖြစ်ပေါ်မိ လေ၏။

တစ်နေ့သ၌ ကျွန်ုပ်သည် ရွှေတိဂုံ
ဘုရားနှင့် လွန်စွာမဝေးလှသော ရေ
တာရှည်ဟု ဆိုသည့် နေရာ၌ လွန်စွာ
ကြီးမားသော အိမ်ကြီးတစ်ဆောင်ကိုဆောက်လုပ်ရန်အတွက် အိမ်ရှင်နှင့်
အဖိုးစားနားစကားပြောဆိုရန် ထွက်လာ
ခဲ့လေတော့သည် ။ ကန်တော်ကြီးစောင်း
သို့ ရောက်သောအခါ၌ မုန့်ကြော်တစ်ပြား
ဖိုးနှင့် ရေနွေးကြမ်းကို အဝသောက်
လေ၏။ ဤသည် ပင် ကျွန်ုပ်၏ နံနက်စာ
ဖြစ်ပေသည် ။ ထို့နောက်ကျွန်ုပ်သည် မုန့်
ကြော်ဆိုင်မှ ထွက် လာပြီးလျှင် ဗဟန်း
လမ်းမကြီးအတိုင်းလျှောက်၍ လာခဲ့ရာ
ရေမြောင်းကြီးအနီးသို့ ရောက်သောကာလ၌ အိုးအိမ်အဆောက်အအုံဟူ၍ မရှိ
သေးပါ။ တောအတိသာပြီးလေ၏။ ကျွန်ုပ်
နေသော နေရာမှ အနည်းငယ်သွားလျှင်
မြေနီကုန်းကမူလေးရှိ၏။ ထိုကုန်းကမူလေးမှ ဆင်း၍ လျှောက်လျှင် ရွှေတိဂုံ
ဘုရား၏ တောင်ဘက်မုခ်သို့ရောက်လေ၏။

(မှတ်ချက်။ ၎င်း၏ ရှေ့တည့်တည့်တွင်
ရှိသော ရေတွင်းလေးဆိုသည် မှာ ယခု
အခါ၌ အိမ်ကြီးဖြစ်၍ နေပေပြီ။ စာဖတ်
သူများ သိသာရန်အတွက် ထိုအိမ်ကြီး၌
ယခုအခါတွင် အမှန်ကိုဟောပြမည့် ဆရာ
သြရဟူသော ဆိုင်းဘုတ်ကြီးတစ်ခုကို
တွေ့ရပေလိမ့်မည်။ ယခင်က ထိုနေရာ
တွင် ချယ်ရီမုန့်တိုက်ဟူ၍ ရှိခဲ့ဖူးပါသည် ။
ကန်ဦး ကျောင်းတိုက်နှင့် ဘေးချင်းကပ်
လောက် ဖြစ်၏။ ဦးဘာဘာ၏ မှတ်တမ်း
တွင် ပါသော ခြေသွားလမ်းလေးဆို သည်
မှာ ဗဟန်း ၁လမ်း၊ နေရာလောက်ကို
ဆိုလိုဟန် တူပေသည် ။ )

ကျွန်ုပ်သည် ဤသို့လျှင်ထိုင်၍ အနီးဆုံး
ခရီးလမ်းကို စဉ်းစားနေမိလေ၏။ ကျွန်ုပ်အား အလုပ်အပ်မည့် သူသည် ရွှေတိဂုံ
ဘုရား၌ ဥပုသ်စောင့်၍ နေသောကြောင့်
ထိုသူနှင့် တွေ့ရန်အတွက် ကျွန်ုပ်သည်
ရွှေတိဂုံဘုရားသို့ တက်ရမည် ဖြစ်၏။
ကျွန်ုပ်အား အလုပ်ဆွယ်၍ ပေးသောသူ
မှာ စပါးပွဲစား ဦးဘသာ ဖြစ်၏။ ဦးဘ
သာ၏ ပြောပြချက်အရ အိမ်ဆောက်မည့်
သူမှာ လည်း စပါးပွဲစားကြီးဖြစ်ကြောင်း
သိရပေသည် ။ ယမန် နေ့ညက ကျွန်ုပ်
နေထိုင်ရာ ပုဇွန်တောင်ရပ်ကွက်သို့ စပါး
ပွဲစားကြီး ဦးဘာဘာရောက်ရှိ လာပြီး
လျှင် ကျွန်ုပ်အား..

“လက်သမားဆရာ မောင်ဘာဘာ
ရေ...နက်ဖြန်မနက်ကိုတော့ ရွှေတိဂုံ
ဘုရားတက်လိုက်ဦးကွာ။ ရွှေတိဂုံဘုရား
တနင်္ဂနွေထောင့်မှာ
ရှိတဲ့အာရုံခံတန်ဆောင်းထဲမှာ ငါ့မိတ်ဆွေ
စပါးပွဲစားကြီး ဦးစံဖူးဆိုတာ မင်းကိုစော
င့်နေလိမ့်မယ်။ သူက ရေတာရှည်ဘက်မှာ
အိမ်ကြီးတစ်လုံး
ဆောက်ချင်လို့တဲ့
ကွယ်။ အဲဒါလက်ခံဖို့ သွားလိုက်ပေဦး"ဟု
ပြောလေ၏။ ထိုအခါ၌ ကျွန်ုပ်က…

“မဟုတ်တာပဲ ဦးလေးရယ်၊ အိမ်ဆောက်ဖို့ ကိစ္စကို ဘာပြုလို့ဘုရား
ပေါ်မှာ ပြောရမှာ တုံး။ အဲဒီပွဲစားကြီးအိမ်
ကို ကျွန်တော်သွားမယ်လေ။ အိမ်မှာ ပြော
ရင် မကောင်းဘူးလား"ဟု ပြန်၍ မေး
လိုက်ရာ ဦးဘာဘာ က “ မဟုတ်ဘူး ကွ၊
ပွဲစားကြီး ဦးစံဖူးက ဘုရားပေါ်မှာ ဥပုသ်
ရက်ရှည်စောင့်မှာ ။ အဲဒီတော့ ဘုရားပေါ်
မှာ ပဲ အလုပ်စကားပြောဖြစ်မှာ ”ဟု ပြော
လေ၏။
“ဒီလိုဆိုရင်လဲ … ဦးလေးရယ်....အဲဒီ
ပွဲစားကြီး ဦးစံဖူးဆိုတာ ဥပုသ်ထွက်ပြီး
အိမ်ကိုပြန်ရောက်မှ ပဲ အလုပ်စကားပြော
ကြရင်မကောင်းဘူးလား"ဟု ကျွန်ုပ်က
စောဒကတက်လိုက်ရာ
ကျွန်ုပ်အား
တပင်တပန်း အလုပ်စပ်၍ ပေးသော ဦး
ဘာဘာသည် လွန်စွာစိတ်တို၍ သွားပြီး
လျှင်…..
“မင်းမသွားနိုင်ရင်လဲပြောပါ၊ တခြား
လက်သမားဆရာတစ်ယောက်ဆီကို ငါ
သွားမယ်။ ဦးစံဖူးရဲ့ အိမ်ကိုဆောက်ဖို့ သူ့
အဓိဌာန်ပြီးတဲ့ နေ့အထိ စောင့်လို့မဖြစ်
ဘူးကွ။ သူကဘုရားပေါ်မှာ လက်သမား
ဆရာနဲ့ ဒီကနေ့မနက်တွေ့ပြီး ဒီကနေ့
မနက်အလုပ်အပ်မယ်။ အလုပ်အပ်ပြီးတာ
နဲ့ အဓိဌာန်စပြီးဝင်မယ်။ အဲဒီ အဓိဌာန်ကသူ့အိမ်ကိုလက်သမားဆရာက အစအဆုံး
ဆောက် လုပ်ပြီးတဲ့ အချိန်အထိ အဓိဌာန်
လုပ်မှာ ကွ။ အိမ်ကြီးပြီးမှ အဓိဌာန်က
ထွက်မှာ ”ဟု အော်ငေါက်၍ ပြောလေ
တော့၏။

“အတော်ဆန်းတာပဲနော်”ဟု ကျွန်ုပ်
က ပြန်၍ မေး လိုက်လေ၏။

“အဲဒါပေါ့ကွ၊ မင်းသွားမလား၊ မသွား
ဘူးလား”ဟု ပြောသဖြင့် ကျွန်ုပ်လည်း
သွားမည် ဖြစ်ကြောင်း ဝန်ခံခဲ့ရလေ၏။
ထို့ကြောင့် ကျွန်ုပ်သည် ယနေ့နံနက်၌
ပွဲစားကြီးဦးစံဖူးနှင့် တွေ့ဆုံရန်အတွက်
ထွက်လာခဲ့ခြင်းဖြစ်ပေသည် ။ အထက်က
ဆိုခဲ့သည့်အတိုင်း ဘုရားပေါ်သို့
မည်သည့်လမ်းက တက်လျှင် အနီးဆုံး
ဖြစ်မည်ကို တွေးတောရင်းထိုင်နေမိလေ၏။

ထိုအချိန်၌ ကျွန်ုပ်၏ အနီးသို့ အသက်
ငါးဆယ်အရွယ်ခန့်ရှိ လူကြီးတစ်ဦး
ရောက်ရှိ လာပြီးလျှင် ကျွန်ုပ်ကဲသို့ပင်
ကျောက်တုံးကလေးတစ်ခုပေါ်၌ ထိုင်၍
အမောဖြေလေ၏။

ထိုလူကြီးသည် ၎င်း၏ ခေါင်းတွင်
ပေါင်းထားသော ခေါင်းပေါင်းအဝတ်ကိုဖြုတ်၍
မျက်နှာကိုပွတ်လေ၏။ ထို့နောက်၎င်း၏ လွယ်အိတ်အတွင်းမှ
ကြေးဖြင့်ပြုလုပ်ထားသော ကွမ်းအစ်
ကလေးကို ထုတ်ကာ ကွမ်းယာတစ်ယာ
ယာ၍ စားလေ၏။

ထိုလူကြီးသည် ကွမ်းယာကိုမြုံရင်း
ကျွန်ုပ်တို့ အား တစ်ချက်မျှအကဲခတ်ကြ
ည့်ရှုလိုက် လေ၏။ ကျွန်ုပ်လည်း ကွမ်းစားလိုစိတ်ဖြစ်ပေါ်လာသဖြင့် ထိုလူကြီးအား
ပြန်၍ ကြည့်လိုက်ပြီးလျှင်

“အဘ၊ ကျွန်တော့်ကို ကွမ်းယာတစ်
ယာလောက်ကျွေးပါ”ဟု ပြောလိုက်လျှင်
ထိုလူကြီးက
“ထွီ လူလားခွေးလား ဆေးတဝါးဆိုတဲ့
ကောင်းစားမျိုးပဲ၊ အဓိပ္ပာယ်သိရဲ့ လားကွ၊
တောထဲမှာ သစ်ပင်ကိုမှီပြီးတော့ ထိုင်
နေတဲ့ သစ်ခုတ်သမားက သူရဲ့ နောက်
ဘက်ကနေပြီး ‘ချွတ်’ကနဲအသံကြားလိုက်
တာနဲ့ ၊ ဆေးတဝါးလောက်ပေးပါဆိုပြီး
ရမ်းသန်းပြီးတောင်းတော့တာပဲ၊ နောက်
က ချွတ်ကနဲဆိုတဲ့ အသံဟာ လူဖြစ်ချင်
လဲဖြစ်မယ်၊ ခွေးဖြစ်ချင်လဲဖြစ်မယ်၊
တောင်းဖို့ အဓိကပဲ၊ အတောင်းအရမ်းထူ
တဲ့ လူတွေကို ရှေးလူကြီးကလူလားခွေးလား ဆေးတဝါးကောင်လို့ ပြောကြတာ
ကွ၊ မင်းကလဲ လူချင်းတွေ့မယ်မကြံသေး
ဘူး၊ ကွမ်းတစ်ယာလောက်တဲ့ ၊ တယ်လဲ
အတောင်းအရမ်းပါးစပ်ရဲပါလား၊ မဟုတ်
မှ လွဲရော မင်းဟာလက်သမားဆရာနဲ့ တူ
တယ်”ဟု ပြောဆိုကာ ကျွန်ုပ်၏ ပတ္တု
လွယ်အိတ်ကို လှမ်း၍ ကြည့် လိုက်
လေ၏။

“အဘကလဲဗျာ ခရီးသည် ချင်းပဲ"ဟု
ကျွန်ုပ်က ‘လွှတ်’ကနဲပြောလိုက်မိလေ၏။

“ဪ ခရီးသည် ချင်းဖြစ်တာနဲ့ ပဲ မင်း
ကိုငါကကွမ်းယာကျွေးရရောလား'ဟု ထို
လူကြီးက ပြန်၍ ပြော လေ၏။

“မြန်မာလူမျိုးအချင်းချင်းပဲ အဘ
ရယ်”ဟု ကျွန်ုပ်ကပြောမိပြန်၏။

“မြန်မာလူမျိုး အချင်းချင်းဖြစ်တာနဲ့ ပဲ
မင်းကိုငါကကွမ်းယာအလကားကျွေးရ
ရောလားကွ။ ကဲ...ဒီ လိုဆိုရင် မင်းကိုငါပြောမယ်။ ငါသိပ်ပြီးမောတယ်ကွာ။ ဘုရားပေါ်ဆက်ပြီး မသွားနိုင်တော့ဘူး။
မင်းနဲ့ ငါဟာ မြန်မာလူမျိုးအချင်းချင်းပဲ
ကွာ၊ ငါ့ကိုမင်းက ကုန်းပိုးပြီး ဘုရားပေါ်
ကိုပို့ပေးမလား"ဟု ထိုလူကြီးက မေး
လေ၏။

ထိုအခါ ကျွန်ုပ်က
“ဒါကတော့ အဘက သက်သက်ကတ်
ပြီးပြောတာပဲ။ အဘကွမ်းလဲ မကျွေးချင်
နေပါတော့ ဗျာ”ဟု ကျွန်ုပ်က ပြန်၍ ပြော
လိုက်မိလေ၏။

“နေစမ်းပါဦး၊ မင်းက ကွမ်းကြိုက်
တတ်သလား”ဟု ထိုလူကြီးကမေးပြန်
လေ၏။ ထိုအခါ၌ ကျွန်ုပ်ကကျွေးတော့မည်အထင်နှင့် “ဟုတ်...ဟုတ်...ကြိုက်ပါ
တယ်၊ ကြိုက်တတ်ပါတယ်"ဟု ပြန်ဖြေမိ
လေ၏။

“ကြိုက်တတ်ရင် ဝယ်ထားရတယ်
ကွ”ဟု ထိုသူကြီးကပြောလိုက်သဖြင့်
ကျွန်ုပ်၏ စိတ်တွင်း၌ အောင့်
သက်သက်ကြီးဖြစ်၍ သွားလေတော့၏။

“အဘရယ်၊ မကျွေးချင်လဲနေပါ။ ကျွန်
တော့်မှာ ပိုက်ဆံမပါလို့မဝယ်ခဲ့နိုင်ပါ
ဘူး”ဟု ကျွန်ုပ် ကပြောလိုက်ရာ ထို
လူကြီးက

“မင်းတို့ ကောင်မျိုးမှာ ဘယ်တော့မှ
ပိုက်ဆံပါမှာ မဟုတ်ဘူး။ မင်းက
လက်သမား ဆရာမဟုတ်လား။ အခုလိုပဲ
အိမ်တွေတစ်လုံးပြီး တစ်လုံးဆောက်ရင်း
နဲ့ အသက်ကြီးပြီးသေသွားမယ်။ ပိုက်ဆံ
ဖောဖောသီသီတော့ ဖြစ်ဖို့ မရှိဘူး။
ငါတွေ့ဖူးတဲ့ လက်သမားဆရာတွေ
အတိုင်းချည်းပဲ။ မွဲလိုက်၊ တေလိုက်၊ ငတ်
လိုက်၊ ပြတ်လိုက်နဲ့ ပဲ ဇာတ်သိမ်းသွားကြ
တချည်းပဲ။ ကောင်းစားတဲ့ အကောင်ရယ်
လို့တစ်ကောင်မှ မတွေ့ဖူးဘူး။ ငါပြော
တာကို မင်းကမယုံဘူးလား။ မင်းတို့
ခေတ်မှာ လက်သမားဆရာလုပ်ပြီး ချမ်း
ချမ်းသာသာဖြစ်သွားတဲ့ လူရယ်လို့ မင်း
ဘယ်နှစ်ယောက်တွေ့ဖူးသလဲ။ ငါ့ကိုပြော
စမ်း....."ဟု ထိုလူကြီးကမာရေကျောရေ
ပြောလေ၏။ ကျွန်ုပ်လည်း ထိုလူကြီး၏
စကားကို မခံချင်သဖြင့် ကျွန်ုပ်တို့
လက်သမား ဆရာများ အနက် ချမ်းသာ
ကြွယ်ဝသည် သူတို့ ကိုပြောပြမည်ဟု
စဉ်းစားလိုက်မိလေ၏။ထိုသို့ စဉ်းစားသည့် အခါမှပင် ထိုလူကြီးပြောသည့် စကားမှန်ကန်နေ
ကြောင်းကို တွေ့ရလေတော့၏ ကျွန်ုပ်အ
ဘိုး လက်သမားဦးဉာဏ်သည် ဆင်း
ဆင်းရဲရဲနှင့် ပင် အနိစ္စရောက်ခဲ့ရသည် ။
ကျွန်ုပ်၏
ဒုတိယဆရာဖြစ်သော
လက်သမားဆရာ ဦးသိန်းသည် လည်း ဖွဲ
မွဲတေတေ နှင့် ပင်ကွယ်လွန်ခဲ့ရသည် ။
ကျွန်ုပ်သိသော ကျွန်ုပ်၏ လက်သမား
ဆရာများကိုလည်း စဉ်းစားကြည့် မိ
ပြန်၏။ ၎င်းတို့ လည်း ဆင်းဆင်းရဲရဲ၊ မွဲမွဲ
တေတေ များ သာ ဖြစ်ကြလေတော့သည်
ကျွန်ုပ်နှင့်
လွန်စွာရင်းနှီးသော
လက်သမားဆရာများကိုတစ်ဦးချင်း
စဉ်းစားကြည့်မိပြန်သည် ။ ထိုသူ တို့လည်း ဆင်းဆင်းရဲရဲပင် ဖြစ်၏။ တစ်
ယောက်တစ်လေမျှပင် ပြောပလောက်
အောင် ချမ်းချမ်းသာသာမရှိသည့် အဖြစ်ကို တွေ့ရလေတော့၏။

“ဟေ့...လက်သမားဆရာစဉ်းစားမနေ
နဲ့ ကွ။ မင်းတို့ ခေတ်မှာ လက်သမား
ဆရာတွေ တစ်ယောက်မှကို ချမ်းသာတဲ့
လူမရှိဘူး။ အကုန်လုံးလူမွဲချည်းပဲ။ မင်း
တို့ အချင်းချင်း တွေ့ရင်တော့ ဘယ်တိုက်
ကြီး ငါဆောက်ခဲ့တာ။ ဘယ်နှစ်ဆောင်
ပြိုင်အိမ်ကြီး ငါတို့ အုတ်မြစ်ချခဲ့တာ။
ဘယ်ကျောင်းကြီး၊ ဘယ်ဇရပ်ကြီးကို ငါ
တို့ လုပ်ခဲ့တာဆိုပြီး ကြွားကြတာပေါ့။ ဒါ
ကြောင့် မင်းတို့ နေရလှတဲစုတ်၊ ဝတ်ရလှ
အဝတ်စုတ်၊
စားရရင်လဲ
တစ်လုတ်တစ်ဆုပ်၊ ဟင်းရွက်ပြုတ်၊မဝရေစာ ပေါ့ကွာ။ အဲဒီလို ဘာကြောင့်
ဖြစ်သလဲသိလား”ဟု
ထိုလူကြီး ကကျွန်ုပ်
အား သရော်သော မျက်နှာနှင့် ကြည့်ကာ
သရော်သောလေသံဖြင့် မေးလေ၏။

“မသိပါဘူး အဘရာ။ လက်သမားဆရာတွေ
မချမ်းသာဘူးဆိုတာ သိသာပါတယ်။ ဘာကြောင့် မချမ်းသာ
ဘူးဆိုတာတော့ ကျွန်တော်မပြောတတ်ပါ
ဘူး”ဟု ကျွန်ုပ်က ပြန်၍ ပြော လိုက်
လေ၏။

“ဘာကြောင့် မှ မဟုတ်ဘူး ကွ။ မင်းတို့
လက်သမားဆရာတွေက စိတ်ထားတယ်
လဲ ညံ့ကြတာကိုး၊ အိမ်ရှင်ကို ဘယ်လို
ဒုက္ခပေးရမယ်ဆိုတာလောက် မင်းတို့ က
စိတ်ကူးနေတာ။ သုံးပေလောက် သစ်တစ်
ချောင်းကိုလိုရင် သစ်ပုံထဲမှာ အဲဒီအရွယ်အဲ့ဒီတော့
သစ်ကလေးကို အပင်ပန်းခံပြီး မရှာတော့
ဘူး။ ဆယ့်ရှစ်ပေလောက် ရှိတဲ့ သစ်ကြီး
ကနေဖြတ်ချလိုက်တော့တာပဲ။
သစ်တွေဟာ မပုပ်သင့်ဘဲ ပုပ်ကုန်ရော။
သံရိုက်တဲ့ နေရာမှာ လဲ ဒီလိုပဲ။ သံများ
ရိုက်ရင်းနဲ့ စဉ်ထွက်သွားရင် ပြန်ကောက်
ပြီးမသုံးတော့ဘူး။ အသစ်တစ်ချောင်း
နှိုက်ပြီး ရိုက်တော့တာပဲ။ သံတွေကလဲ မ
ကုန်သင့်ပဲပိုပြီးကုန်တော့တာပဲ။
ပျဉ်းကတိုးသားကို ရိုက်ရတဲ့ အခါမျိုးဆို
ရင် ပိုပြီးဆိုးသေးတယ်။ အသားကလဲမာ၊
တူရိုက်ရလဲခက်လေတော့ သံတွေက
ကောက်တာတစ်မျိုး၊ စင်သွားတဲ့ သံတွေ
ကို မင်းတို့ ကပြန်ပြီးမကောက်တာတစ်
မျိုးနဲ့ သံတွေဟာ ကုန်တော့တာပေါ့ကွာ။
အဲဒီအခါ မှာ အိမ်ရှင်လုပ်တဲ့ သူက
“သံတွေကုန်လှချည်လား ဆရာတို့ 'လို့
မင်းတို့ ကို သတိပေးတဲ့ အခါမျိုးမှာ မင်း
တို့ က ဆင်ခြေပေးသေးတယ်။ သံကုန်
တာတော့မပြောနဲ့ ဗျို့၊ ပျဉ်းကတိုးသံရိုက်၊
ယောက္ခမဆန်ချေးလို့တောင် စာဆိုရှိ
တယ်ဗျ။ ပျဉ်းကတိုးသားရိုက်တဲ့ အခါမှာ
သံဟာဆုံးတော့တာပဲ။ စင်တာစင်၊
ကောက်တာကောက် ဖြစ်မှာပဲ။ ဘာနဲ့ တူ
သလဲဆိုရင် ယောက္ခမကို ချေးလိုက်တဲ့
ဆန်လိုပဲ။ ပြန်တောင်းဖို့ ခက်တယ်ဗျ"
လို့ပြော တတ်သေးတယ်။ ဒီထက်ဆိုးတာ
ကတော့ အလုပ်သိမ်းလို့ အိမ်ပြန်တဲ့ အခါ
မှာ သံတွေကိုခါးပိုက်ထဲထည့်ပြီး ယူတဲ့
သူကယူ။ ထမင်းချိုင့်ထဲထည့်ပြီး ယူတဲ့
သူကယူနဲ့ လုပ်တတ်ကြသေးတယ်။ ပြီး
တော့ ရွေပေါ်ထိုးရ မယ့်နေရာမှာ ရွေပေါ်မထိုးပဲနဲ့ ခိုတယ်။ ဒီအိမ်တစ်အိမ်ဆောက်
လို့ လက်စမသတ်သေးတဲ့ အခါမှာ ပဲ
အခြား အိမ်တစ်အိမ်ကို လက်ခံပြီးဒီအိမ်
ကအလုပ်ကို ကောင်းကောင်း မလုပ်တော့
တဲ့ အကျင့်ဆိုးလဲ မင်းတို့ မှာ ရှိသေး
တယ်။ အိမ်ရှင်လုပ်တဲ့ သူက ကျေကျေနပ်
နပ်ကြီးနဲ့ အိမ်တက် မင်္ဂလာလုပ်ရတဲ့
လက်သမားဆိုလို့ အတော်ရှားပါတယ်
ကွာ။ ဆေးဖက်ဝင်လို့ ဆေးဖော်မယ် ဆို
ရင်တောင် အဲဒီလက်သမားဆရာမျိုးရှာ
လို့ တွေ့နိုင်မှာ မဟုတ်ဘူး ။ အတိုဆုံး
ပြောချင်တာ ကတော့ အိမ်တစ်လုံး
ဆောက်ပြီဆိုကတည်းက မင်းတို့ စိတ်မှာ
ဒီအိမ်ကြီးကောင်းကောင်း မွန်မွန်ပြီး
သွားလို့လဲ ငါနေရမှာမှ မဟုတ်ပဲလို့
သဘောပိုက်ထားကြတယ်ကွ။ အဲဒီကြောင့် ကိုပဲ မင်းတို့ က အိမ်
ကောင်းရာကောင်းနဲ့ မနေရရှာဘူး။
အိမ်ဆောက်ဖူးတဲ့ လူတိုင်းက လက်သမားဆရာဆိုရင်
တော်ပါပြီ၊ တန်
ပါပြီလို့ မင်းတို့ ကို ဘယ်တော့မှ မမေ့
ဘူး။ မင်းတို့ မိုးပေးခဲ့တဲ့ အိမ် မိုးမလုံရင်
မင်းတို့ ကို သတိရပြီ၊ မင်းတို့ ခင်းပေးခဲ့
တဲ့ အခင်း နင်းလိုက်တိုင်း အသံတကျွီကျွီ
မြည်လာလို့ရှိရင်လဲပဲ မင်းတို့ ကိုသတိရ
ပြီ။ သတိရတာဆိုတာက အကောင်း
သတိရတာ မဟုတ်ဘူး ။ ကျိန်ဆဲဖို့
သတိရတာ။ မင်းတစ်ခုစဉ်းစားကြည့်
စမ်း၊
အဲဒီအိမ်ရှင်တွေထဲမှာ သူတော်ကောင်းတွေပါလာမယ်။
သူတော်ကောင်းတွေ စိတ်ဆင်းရဲရရင်
မင်းတို့ လဲ ဘယ်ကြီးပွားမှာ လဲ။ ဒါက လူတွေနေတဲ့ အိမ်အကြောင်းပြောတာ။
ရဟန်းသံဃာတွေအတွက် ကျောင်းကို
ဆောက်တဲ့ အခါမှာ လဲ မင်းတို့ စိတ်ဓာတ်
ကမပြောင်းဘူး။ အဲဒီနေရာမှာ မင်းတို့
များ စိတ်ကောင်းနှလုံးကောင်းနဲ့ လုပ်ပေး
ခဲ့ရင် ငွေကုန်ခံပြီးကျောင်းဆောက်လှူတဲ့
ကျောင်းအလှူရှင်က မနည်းတဲ့ ကုသိုလ်
ကိုရကြမယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ပြီး
ပြီးစလွယ် လုပ်ခဲ့ရင်တော့ မင်းတို့ ဟာ
နေရင်းထိုင်ရင်း ငရဲကြီးပြီးသားပဲ။
လက်သမားဆရာတွေထဲမှာ စိတ်ကောင်းနှလုံးကောင်းနဲ့ ကိုယ့်ပစ္စည်းလို သဘောထားပြီး အလုပ်လုပ်တဲ့ လူတွေရှိ
ပါတယ်။ ဒါပေမယ့် သိပ်ပြီးနည်းတယ်။
အခုခေတ်မှာ မရှိသလောက်ရှားနေပြီ”ဟု
ရှည်လျားစွာ ပြောဆိုပြီးနောက် ထိုလူကြီးသည် ကွမ်းတံထွေးကို ‘ပစ်’ကနဲ ထွေး
လိုက်လေ၏။

“ဟုတ်ပါတယ် အဘ” ဟု ကျွန်ုပ်က
ဝန်ခံလေတော့၏။ အဘယ်ကြောင့် ဆို
သော် ထိုလူကြီးပြောသွားသော အမူအကျ
င့်များ အားလုံးသည် ကျွန်ုပ်၌ အမှန်
တကယ်ရှိနေသောကြောင့် ဖြစ်၏။
ထိုအခါ ထိုလူကြီးက....

“အခု..မင်းဟာ စပါးပွဲစားကြီး ဦးစံဖူး
ရဲ့ အိမ်ကြီးကို ဆောက်ဖို့ အခွင့်ရတော့
မယ် မဟုတ်လား”ဟု မေး လိုက်လေ၏။

“အဘ….ဘယ်လိုလုပ်သိသလဲ"ဟု
ဆက်၍ မေး လိုက်လေ၏။

“သိတာပေါ့ကွာ။ ငါက အဲဒီပွဲစားကြီး
ဦးစံဖူးရဲ့ မိတ်ဆွေပဲ။ ဒီအိမ်ကြီးကိုဆောက်လုပ်တဲ့ အခါမှာ ငါကသူ့ကိုယ်စား
ကြီးကြပ်ရမှာ ပဲ။ မင်းတို့ လက်သမား
ဆရာတွေနဲ့ ငါနဲ့ တော့ တွေ့ကြပြီပေါ့ကွာ၊
ရော့ရော့ ကွမ်းယာစားလိုက်ဦး"ဟု ဆို
ကာ ထိုလူကြီးသည် ၎င်း၏ ကြေး
ကွမ်းအစ်ကလေးကို ထိုး၍ ပေးလေ၏။ 

ကျွန်ုပ်သည် အားရဝမ်းသာနှင့် ကွမ်းအစ်ကလေးကို လှမ်း၍ ယူလိုက်ပြီး
လျှင် ကွမ်းရွက် နှစ်ရွက်ကို ထုတ်၍ ထပ်
ကာ ကြေးထုံးဗူးကလေးအတွင်းမှ ထုံး
ကိုတစ်ကော်ကြီး ကော် လိုက်လေ၏။
ထို့နောက် ကွမ်းရွက်၌ သုတ်လေ၏။
ပိုသောထုံးများကို အနီးရှိကျောက်တုံး၏
အပေါ်၌ သုတ်ပစ် လိုက်လေ၏။

ထိုအခါ၌ ထိုလူကြီးက…
“အဲဒီဥစ္စာ မင်းရဲ့ မကောင်းတဲ့စိတ်ဓာတ်ကို ပြတဲ့အချက်ပဲ ။ အလကားရ
တယ်ဆိုပြီး ထုံးကိုအများကြီး နှိုက်တယ်။
ပြီးတော့ကျောက်တုံးမှာ သုတ်ပစ်လိုက်
တယ်။ မင်းစဉ်းစားကြည့်စမ်း၊ ငါ့ရဲ့ ထုံး
လဲပိုပြီးကုန်သွားတယ်။ ကျောက်တုံးမှာ
လဲ ထုံးတွေပဲပေသွားတယ်။ မင်းထသွား
တဲ့ အခါ ဒီကျောက်တုံးမှာ လာပြီးထိုင်တဲ့
ခရီးသည် ရဲ့ လုံချည်ကိုလဲ ထုံးတွေပေ
ကုန်တော့မယ်။ မင်းအတွက်လဲအကျိုးမရှိ
ဘူး။ ကျန်တဲ့ လူအတွက်လဲ အကျိုးယုတ်
စေတယ်။ ဘာကောင်းသလဲ၊ ဘာကောင်း
သလဲ”ဟု အဘိုးကြီးကကျွန်ုပ်အား ဆူပူ
ကြိမ်းမောင်းလေတော့၏။

ကျွန်ုပ်လည်း အဘိုးကြီးအား ပြန်လည်
ပြောဆိုခြင်းမပြုပဲ
ကွမ်းယာကိုဝါး
လေ၏။ ကွမ်းမှာ အဆမတန်မွှေးလွန်းလှ၏။ ကွမ်း၏ အရသာမှာ စပ်သည် ဟု
လည်း မဆိုသာ၊ ပေါ့ရွှတ်ရွှတ်နိုင်သည် ဟု
လည်း ပြော ၍ မဖြစ်ပေ။ အတိုဆုံးအားဖြ
င့် ပြောပါမူ ကျွန်ုပ်စားဖူးသမျှသော
ကွမ်းယာတို့ အနက် အကောင်းဆုံး
ကွမ်းယာ ဖြစ်၏။
ကျွန်ုပ်သည် လွန်စွာအရသာထူးသော
ကွမ်းယာကိုမြုံ၍ နေလေ၏။

“စောစောက ငါပြောတာကို စိတ်မဆိုး
နဲ့ ကွ။ ကောင်းစေချင်လို့ပြောတယ်မှတ်
စမ်းပါ။ ကဲကဲ ပွဲစားကြီးဆီကို သွားပေ
တော့။ မင်းကိုမျှော်လှရော့မယ်”ဟု ဆိုသ
ဖြင့် ကျွန်ုပ်လည်း နေရာမှ ထ၍ သွားရန်
ပြင်လေ၏။ ထိုအခါ၌ လူကြီးက

“မင်းကိုမှာချင်တာကတော့
အိမ်ဆောက်မယ့်လက်ခကိုတော့ တန်ရာတန်ကြေးထက် လျော့ပြီး
တောင်းလေနဲ့ ကွ။ ထိုက်ထိုက်တန်တန်
တောင်းပြီး ကောင်းကောင်း မွန်မွန် လုပ်
ပေးပါ။ ကဲကဲသွားပေတော့” ဟု ဆို
လေ၏။

ကျွန်ုပ်လည်း ထိုလူကြီးကိုထားခဲ့၍ ခြေ
သွားလမ်းကလေးအတိုင်းလျှောက်၍
ရွှေတိဂုံကုန်းပေါ်သို့ တက်လေ၏။ ကုန်း
တော်ပေါ်သို့ရောက်လျှင် တနင်္ဂနွေထောင့်
ဆီသို့ သွားလေ၏။ တနင်္ဂနွေ ထောင့်
အရုဏ်ခံတန်ဆောင်းရှေ့တွင်
အသက်(၄၀)ကျော်အရွယ်ခန့်ရှိ၍
ပန်းနုရောင်ခေါင်းပေါင်း နှင့် လူတစ်
ယောက်သည် ကျွန်ုပ်အား ထွက်၍ ခရီးဦး
ကြိုပြုလေ၏။

“မောင်ဘာဘာဆိုတာ မှတ်တယ်"ဟုပွဲစားကြီး ဦးစံဖူးကမေးလေ၏။ ကျွန်ုပ်
ဟုတ်မှန်ကြောင်းပြောလျှင်
"ကဲ....ကဲ...အထဲကိုကြွပါ။ အလုပ်ကိစ္စ
အတွက် အခုလိုချိန်းဆိုရတာကို ခွင့်လွှတ်
ပါ။ ကျုပ်မှာကလဲ အဓိဌာန်ဝင်စရာရှိလေ
တော့ အခုလိုလုပ်ရတာပဲ။ ခွင့်လွှတ်ပါ
မောင်ဘာဘာရယ်”ဟု
ကျွန်ုပ်အား
ပြောဆို၍ အာရုံခံတန်ဆောင်းအတွင်း
သို့ ခေါ်ယူကာစားသောက်ဖွယ်ရာများ ဖြ
င့် ကျွေးမွေးဧည့်ခံလေ၏။ ထို့နောက်မှ
အလုပ်ကိစ္စကို ပြောလေ၏။

“ကျုပ်ရဲ့ မြေက ရေတာရှည်
စမ်းချောင်းကလေးထိပ်မှာ ရှိတယ် မောင်
ဘာဘာရဲ့ ။ အဲဒီမှာ အိမ်ကြီး တစ်လုံး
ဆောက်ချင်တာပဲ။ အပေါ်ထပ်မှာ ဘုရား
ခန်းသီးသန့်ပါချင်တယ်။ လသာဆောင်၊ဆင်ဝင်၊ ဆင်ဝင် ဆိုတာက တကယ့်
ဆင်ဝင်လို့ရတဲ့ ဆင်ဝင်မျိုးလိုချင်တယ်။
ကျုပ်မှာ က ဆင်တွေရှိတယ်။ တစ်ခါတရံ
ဆင်နဲ့ ခရီးသွားလေ့ရှိလေတော့ ဆင်ဝင်
မှာ ဆင်ကိုရပ်ခိုင်းပြီး ဆင်ပေါ်ကနေ
အသာကလေးလှမ်းပြီး တက်လိုက်တာ နဲ့
အပေါ်ထပ်သို့ ရောက်ချင်တယ်။ ပြီးတော့
အောက်ထပ်မှာ မြေတိုက်ပါချင်တယ်"ဟု
ပွဲစားကြီး ဦးစံဖူးက ပြောလေ၏။

ကျွန်ုပ်လည်း ပွဲစားကြီးစိတ်တိုင်းကျ
လုပ်ပေးပါမည်ဟု ဝန်ခံလေ၏။ ထိုအခါ
ပွဲစားကြီးက
“ဒီလိုဆိုရင် လက်ခ ဘယ်လောက်ပေး
ရမလဲ”ဟု မေးလေ၏။

“ဒီလိုရှိပါတယ်။ အိမ်ကြီးက ဘယ်နှစ်
ပင်၊ ဘယ်နှစ်ခန်းဆောက်မှာ လဲ"ဟုကျွန်ုပ်ကပြန်၍ မေးရလေ၏။

“ဘယ်နှစ်ပင်၊ ဘယ်နှစ်ခန်းလဲပြောမ
နေပါနဲ့ ။ စောစောက ကျုပ်ပြောတဲ့
အတိုင်း ဘုရားခန်းဆောင်၊ ဆင်ဝင်၊
လသာခန်းတွေပါချင်တယ်။ အနည်းဆုံး
အိမ်ရဲ့ မျက်နှာစာဟာ ပေခြောက်ဆယ်
လောက် ကျယ်ချင်တယ်"ဟု ပွဲစားကြီး ဦး
စံဖူးကပြောလေ၏။

“ဒီလိုဆိုတော့ ကျွန်တော့်အနေနဲ့ ထပ်ပြီး
လက်သမားဆရာတွေအများကြီး
ခေါ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငါးရာ မ
ရရင်တော့ မဖြစ်ပါဘူး ၊ ပွဲစားကြီး”ဟု
ပြောဆို၍ ကျွန်ုပ်သည် လက်ခကို
အဆမတန်ပြောမိသည့် အတွက် စိတ်
တွင်း၌ မလုံမလဲဖြစ်ကာ ခေါင်းကိုငုံ့
ထားပြီးနောက် ပွဲစားကြီး၏ မျက်နှာကိုခိုးကြည့်၍ အကဲခတ် နေမိလေ၏။

“ငါးရာ..ဟုတ်လား”ဟု ပွဲစားကြီးက
ခပ်မာမာမေးလေ၏။

“ဟုတ်ပါတယ်”ဟု ကျွန်ုပ်က ခပ်ရို့ရို့
ကလေးပြန်ဖြေလေ၏။

“မဟုတ်တာဗျာ။ ငါးရာတည်းလား၊
ကျုပ်မှန်းထားတာနဲ့ အတော်ကိုကွာနေပြီ
ပဲ”ဟု ပွဲစားကြီးက ပြောလေ၏။

“ဒါလောက်အိမ်ကြီးကို ဆောက်တဲ့
လက်ခက ငါးရာဆိုတော့ ခင်ဗျားဘာ
သွားစားမလဲ။ ကျန်တဲ့ နေ့ စားခေါ်ထား
တဲ့ လက်သမားတွေကို ခွဲဝေပေးလိုက်ရင်
ခင်ဗျားမှာ ဘာကျန်တော့မှာ လဲ။ မောင်
ဘာဘာတို့ လက်သမားဆရာတွေက
တယ်လဲရိုးတာကိုး။ ကိုယ့်ရဲ့ ပညာ
အတွက်မှ ထိုက်ထိုက်တန်တန် မပြောတတ်ရှာပါလား။ ဒါကြောင့် လဲ ဆင်းရဲ့
နွမ်းပါးရှာတာကိုး။ ဒါတွေကို တချို့က အ
ခွင့်ကောင်းယူပြီး လက်သမားဆရာ တွေ
ကို တန်ရာတန်ဖိုးမပေးဘဲ ဈေးနှိမ်ပြီး
ပေးကြတာကိုး။ ကဲ...ကဲ...လက်ခနှစ်
ထောင်ယူဗျာ”ဟု ဆိုကာ ပွဲစားကြီးဦးစံ
ဖူးသည် အနီးရှိဆလာအိတ်ကြီးအတွင်းမှ
ငွေနှစ်ထောင်ထုပ်တစ်ထုပ်ကို ထုတ်ယူ၍ ကျွန်ုပ် အားပေး လိုက်လေ၏။

ကျွန်ုပ်လည်း ဝမ်းသာအားရနှင့် ငွေထုပ်
ကြီးကိုလက်ခံလေ၏။

ထိုအခါ ပွဲစားကြီးဦးစံဖူးက 
“ကျုပ်ရဲ့ မြေနေရာကတော့ ရေ
တာရှည် စမ်းချောင်းကလေးရဲ့ ထိပ်နား
လောက်မှာ ပါ။ အဲဒီမှာ ခြံစောင့် “ဂွတို’ဆို
တာရှိတယ်။ မောင်ဘာဘာသွားပြီးတော့ အလုပ်လုပ်တဲ့ နေ့မှာ ဂွတိုကို ကျုပ်ဆီ
လွှတ်ပေးပါ။ သစ်တို့ ၊ သံတို့ လိုအပ်တဲ့
ပစ္စည်းစာရင်းကိုတော့ တွက်ချက်ပြီး ဂွတို
နဲ့ ပေးလိုက်ပါ။ ခင်ဗျားလိုချင်တဲ့ ပစ္စည်း
တွေကို ကျုပ်လူတွေက အချိန်မီလာပို့ကြ
လိမ့်မယ်။ ကဲ...ကဲ...သွားပေတော့”ဆိုသ
ဖြင့် ကျွန်ုပ်လည်း ဦးစံဖူး ပေးလိုက်သော
ငွေထုပ်ကြီးကိုပိုက်ကာ အားရဝမ်းသာဖြ
င့် ရွှေတိဂုံဘုရားရင်ပြင်ပေါ်မှ ဆင်း၍
လာခဲ့လေတော့၏။

ထိုသို့ဆင်းလာသည့် အခါ၌ ကျွန်ုပ်
သည် ဗဟန်းဘက်မုခ်မှ ဆင်းမည်ဆိုလျှင်
“ဟိုလူကြီးနဲ့ ပြန်တွေ့ နေဦးမယ်၊ အဲဒီလို
တွေ့တဲ့ အခါ လူကြီးက သူ့ကိုလဲ နည်း
နည်းပါးပါးဈေးသုံးဖို့ ပေးပါဦးလို့
တောင်းချင်တောင်းနေဦးမှာ ၊ ဒီတော့မြောက်ဘက်မုခ်က ဆင်းတာအကောင်း
ဆုံးပဲ”ဟု စိတ်၌ တွေး ထင်၍ မြောက်
ဘက်မုခ်မှ ဆင်းခဲ့လေ၏။

မြောက်ဘက်မုခ်မှ ဆင်း၍ တောင်ဘက်ဆီသို့ လျှောက်လာခဲ့၍ အတော်အတန် လျှောက်မိသည့် အခါ၌ ချုံပုတ်တစ်ခု၏
အနီးမှ တစ်စုံတစ်ယောက်ထွက်လာ ပြီးလျှင်...

“ဒီနေရာလောက်ကနေ မင်းကိုရိုက်ပြီး
မင်းဆီကငွေထုပ်ကိုယူရင်
အတော်ပဲ
ကွ”ဟု ပြောလိုက်သည့်အခါကျမှ ပင်ကျွန်ုပ်မတွေ့လိုသော ထိုလူကြီးဖြစ်ကြောင်း သိရလေ၏။

“ဟာဗျာ...ခင်ဗျားကြီးကလဲ လန့်လိုက်
တာ"ဟု ကျွန်ုပ်ကခပ်မာမာ ပြောလိုက်မိ
လေ၏။

“ဟဲ...ဟဲ...လက်ထဲကိုငွေကလေး
ရောက်လာတာနဲ့ လေသံက မာသွားတော့
တာကိုး။ စောစောတုန်းကတော့ ငါ့ကိုအ
ဘတဲ့ ။ အခုတော့ ခင်ဗျားကြီးတဲ့ ။ ဟဲ...
ဟဲ... ဝိဒေသရာဇ်မင်းကြီးရဲ့ ပုတ်သင်ဟာ
အသပြာတစ်ပဲ လည်ပင်းမှာ ဆွဲပေးလိုက်
တာနဲ့ ဦးညွတ်နေကျမင်းကြီးကို
ဦးညွတ်တော့ဘူးလို့ စာထဲမှာ ဖတ်ဖူး
တယ်ကွ။ အဲဒီတုန်းက မယုံသလို ဖြစ်မိ
သေးတယ်။ အခုတော့ မင်းကိုကြည့်ပြီး
ယုံပါပြီကွာ။ ဟေ့ကောင် ကြည့်ပြီးသွား၊
လမ်းမှာ အလုခံရဦးမယ်”ဟု ထိုလူကြီးက
ပြောလေ၏။

ထို့နောက် ကျွန်ုပ်သည် ထိုလူကြီးနှင့်
စကားစဖြတ်၍ ပုဇွန်တောင်သို့မရောက်မီ
လမ်းခုလတ်၌ လူနှစ်ဦးသည် လမ်းနံဘေးခြုံပုတ်အတွင်းမှ ရုတ်တရက်ထွက်လာ
ကြပြီးလျှင် ကျွန်ုပ်၏ ငွေကိုလုယက်ရန်
စိုင်းပြင်းကြလေတော့၏။

ကျွန်ုပ်လည်း ထွက်ပြေးမည်ပြု၏။
ထိုအခါ၌ တစ်ယောက်သောသူက
ကျွန်ုပ်၏ အင်္ကျီကိုဆွဲ၍ နံကြားသို့
ဓားမြှောင်ဖြင့်ထောက်ထား၏။ ကျွန်ုပ်
သည် ကြောက်လွန်းသဖြင့် ဒူးများ တ
ဆတ်ဆတ် တုန်၍ လာလေ၏။

ထိုအချိန်၌ ကျွန်ုပ်၏ နောက်နားမှာ
တစ်စုံတစ်ယောက်သည် အောင်မြင်ဝံ့
ကြွားသော အသံဖြင့်..

“ဟေ့ သူခိုး၊ ဓားပြတွေ သေကြပေ
တော့"ဟု အော် လိုက်လေ၏။ ဓားပြနှစ်
ဦးသည် ကျွန်ုပ်အား တွန်းလှဲ၍ ခြေဦးတ
ည့်ရာသို့ ထွက်ပြေးကြလေတော့၏။ကျွန်ုပ်နောက်မှ လူလည်း ကျွန်ုပ်ကိုလာ
ရောက်ထူပေးလေ၏။
ကျွန်ုပ်သည် ထိုသူအားလွန်စွာ
ကျေးဇူးတင်၍ သွားလေ၏။ ထို့ကြောင့် ထိုသူ၏ မျက်နှာကို ကြည့်မိ
လိုက်လေ၏။

“ဟင် ...အဘပါလား” ဟု ကျွန်ုပ်က
ယောင်ယမ်း၍ အော် လိုက်လေ၏။

“ငါက မင်းကိုစိတ်မချလို့ နောက်က
လိုက်လာတာကွ။ ငါထင်တဲ့ အတိုင်း ဖြစ်
နေပါလား”ဟု ထို လူကြီးက ပြောလေ၏။

“ကျေးဇူးတင်ပါပေတယ်ဗျာ"ဟု ကျွန်ုပ်
ကပြောလိုက်မိလေ၏။

ထိုလူကြီးက ပြုံးရယ်လျက်
“ကျေးဇူးဆိုတာ တင်ရင်လဲ ကိစ္စမရှိပါဘူး။ ဒါပေမယ့်မကန်းဖို့ တော့ အရေးကြီး
တယ်။ ကဲ...ကဲ... သွားပေတော့”ဟု ဆို
ကာ ကျွန်ုပ်နှင့် လမ်းခွဲ၍ သွားလေတော့၏။

ကျွန်ုပ်လည်း အိမ်သို့
ဆိုက်ဆိုက်မြိုက်မြိုက်ပြန်၍ ရောက် လာ
လေ၏။ ကျွန်ုပ်၏ အိမ်မှာ လွန်စွာ
ခနော်ခနဲ့ နိုင်လှ၍ မလုံမခြုံရှိလှသော
တဲပုတ်ကလေးမျှသာဖြစ်သဖြင့် ကျွန်ုပ်၏
ငွေထုပ် အတွက်စိတ်မချရကား။ ကျွန်ုပ်
သည် ထိုညကကောင်းစွာအိပ်စက်ခြင်း မ
ပြုဘဲ ငွေထုပ်ကို တစ်ညလုံး ကင်းစောင့်
နေရလေတော့၏။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၉
*မြေ ရွေးခြင်းအကြောင်း

နောက်တစ်နေ့နက်တွင် ဈေးသို့သွား၍
ကျွန်ုပ်ဝတ်ဆင်ရန်အတွက် အင်္ကျီအသစ်၊
လုံချည်အသစ်၊ ဖိနပ်အသစ်များကိုဝယ်ယူ
လေ၏။ ထို့နောက် ကျွန်ုပ်နှင့် ယခင်က
လက်တွဲ၍ လုပ်ကိုင်ဖူးသော လက်သမား
ဆရာများ ထံသွားရောက်၍ ရေတာရှည်
ချောင်းဘေးတွင် အိမ်ကြီး တစ်ဆောင်
ဆောက်လုပ်မည့် အကြောင်း ပြောဆိုကာ
၎င်းတို့ အား ချိန်းဆိုခဲ့လေ၏။ ချိန်းဆိုပြီး
နောက်တစ်နေ့နံနက်၌ ကျွန်ုပ်သည် ထိုလက်သမား ဆရာများကို ခေါ်ယူ၍ ရေ
တာ ရှည်စမ်းချောင်း ကလေးနံဘေးရှိ
ပွဲစားကြီး ဦးစံဖူး၏ မြေကွက်ဆီသို့ ထွက်
လာခဲ့ကြလေ၏။

ပွဲစားကြီး ဦးစံဖူး၏ မြေကွက်တွင်
လွန်စွာပုကွကွ နိုင်လှသောဂွတိုဆိုသည့်လူတစ်ယောက်ကို တွေ့ရလေ၏။
ကျွန်ုပ်လည်း အိမ်ကြီးဆောက်လုပ်မည့်
အတွက် ကုန်ကျမည့် သစ်များ ၊ သံများ ၊
အုတ်များ ၊ အုတ်ကြွပ်များကို တွက်ချက်၍
စာရင်းရေးကာ ၎င်းဂွတိုအား
“မင်းဆရာပွဲစားကြီးကိုပေးလိုက်ပေ
တော့”ဟု စေလွှတ် လိုက်လေ၏။

ထို့နောက်ကျွန်ုပ်တို့ လက်သမားဆရာများ
သည် အနီးတွင် ရှိသော သစ်ကိုင်းခြောက်
များ နှင့် ဂွတိုနေထိုင်ခဲ့သော တဲကလေးကိုဖျက်၍ ရသော ဝါးလုံးများကို အသုံးပြု
ကာ မီးမွှေး၍ ရေနွေးကြမ်းတည်ကာ
သောက်ကြလေ၏။

ရေနွေးကြမ်းသောက်ပြီးသည့်အခါ၌
ကျွန်ုပ်တို့ သည် မြေကိုတိုင်း၍ ပန္နက်ရိုက်
နေစဉ်၌ပင် ကျွန်ုပ် နှင့် တွေ့ခဲ့ဖူးသော
လူကြီးသည် ဘယ်ကဘယ်လိုရောက်လာ
သည် မသိ၊ ကျွန်ုပ်တို့ ထံသို့ ရောက် လာ
ပြီးလျှင်“ဟေ့ … လက်သမားဆရာလူမိုက်၊
အိမ်ဆောက်တာ ဒီလိုပဲဆောက်ရရော
လားကွာ၊ မြေတွေဘာတွေ မရွေးတော့
ဘူးလား”ဟု လှမ်း၍ အော်လေတော့၏။
ကျွန်ုပ်၏ မိတ်ဆွေလက်သမားဆရာများ
လည်း ထိုလူကြီးအား အထူးအဆန်း
သဖွယ်လှမ်း၍ ကြည့်ကြ လေ၏။ ထို
လူကြီးသည် ကျွန်ုပ်တို့ ရှိရာသို့လျှောက်၍လာလေ၏။ အနီးသို့ရောက်လျှင် ကျွန်ုပ်က
“ဘာတွေရွေးရဦးမှာ လဲဗျ”ဟု မေး
လိုက်လေ၏။

“လိုတာပေါ့ကွာ၊ မြေကောင်း မကောင်း
ရွေးရမယ်၊ မြေမကောင်းလို့ရှိရင် အိမ်ရှင်
ကို မဆောက်ဖို့ ပြောရမယ်”ဟု ထိုလူကြီး
ကပြောလေ၏။

“ဒါတွေကဗျာ၊ ကျုပ်တို့ လက်သမား
ဆရာတွေရဲ့ အလုပ်မဟုတ်ပါဘူး၊ ဗေဒင်
ဆရာတွေရဲ့ အလုပ်ပါ” ဟု ကျွန်ုပ်က
ပြန်၍ ပြောလိုက်လျှင် ထိုလူကြီးက 
“ဘယ်ကလာ ဟုတ်ရမှာ လဲကွ၊
လက်သမားဆရာတွေတတ်ရမယ့်ဟာ
တွေကွ၊ မင်းတို့ လက်သမားဆရာတွေက
မတတ်လို့ ဗေဒင်ဆရာတွေက ဝင်ပြီးလုပ်ပေးရတာကွ၊ မြဲမြဲမှတ်ထား။
အိမ်မဆောက်ခင်မှာ လက်သမားဆရာ
ဟာ မြေရဲ့ သဏ္ဍာန်ကိုကြည့်ရှုလေ့လာရ
တယ်ကွ၊ ဘယ်လို လေ့လာရသလဲဆို
တော့ မြေသဏ္ဍာန်လက္ခဏာတစ်ဆယ့်
နှစ်မျိုးရှိတယ်။ ငါဆိုပြမယ်...
၁။အလျားသဏ္ဍာန်
၂။လေးထောင့်သဏ္ဍာန်
၃။အလုံးသဏ္ဍာန်
၄။လင်ဗန်းသဏ္ဍာန်
၅။လဝန်းသဏ္ဍာန်
၆။လှေသဏ္ဍာန်
၇။တောင်ရှည်သဏ္ဍာန်
၈။မုရိုးစည်သဏ္ဍာန်
၉။လိပ်ခုံး သဏ္ဍာန်
၁၀။လှည်းဘီး သဏ္ဍာန်
၁၁။မှန် သဏ္ဍာန်
၁၂။မညီမညာသော လှည်းဘီး သဏ္ဍာ
အဲဒီဆယ့်နှစ်မျိုးထဲမှာ မှ အလျားသ
ဏ္ဍာန်ရယ်၊ လေးထောင့် သဏ္ဍာန်ရယ်၊
လင်ဗန်း သဏ္ဍာန်ရယ် သုံးမျိုးမှာ ပဲ အိမ်
ကိုဆောက်ကောင်းတယ်ကွ၊ အခုမင်းတို့
မြေကအလျား သဏ္ဍာန်ထဲ မှာ ပါတဲ့
အတွက် အိမ်ဆောက်ကောင်းတဲ့ မြေ
သဏ္ဌာန်မျိုး”ဟု ထိုလူကြီးကပြောလိုက်
လေ၏။

“အင်းလေ၊ ဆောက်ကောင်းလို့
ကျွန်တော်တို့ ဆောက်ဖို့ လုပ်နေကြပြီပဲ၊
ဦးလေးကဘာပြုလို့ ဟိုဟာ ရွေးပါ၊ ဒီဟာ
ရွေးပါလို့လုပ်ရတာတုံး”ဟု ကျွန်ုပ်ကပြန်၍ ပြော လိုက်လေ၏။

“အဲဒါ မင်းတို့ သိပ်ပြီးတော့ ခက်တာ
ပေါ့ကွ၊ မြေရဲ့ သဏ္ဌာန်ကတော့ ဆောက်
ကောင်းတဲ့ မြေပေါ့ကွာ၊ ဒါပေမယ့်မြေရဲ့
အမျိုးကိုကြည့်ရအုံးမယ်ကွ၊ မြေရဲ့ အကျိုး
(၄)ပါးရှိတယ်၊ အဲဒါကိုလည်း
သေသေချာချာ မှတ်ထားဦး၊
၁။မြေပုဏ္ဏားတဲ့ ကွ၊ အရောင်ဖြူတယ်၊
အဲဒီမြေမျိုးသွားနေမိရင် စီးပွားတတ်
တယ်၊
၂။မြေမင်းလို့ခေါ်တယ်ကွ၊ အရောင်နီ
တယ်ကွ၊ အဲဒီမြေမျိုးမှာ နေမိရင်လဲ ရွှေ
ငွေရတနာများ တိုးတက်တတ်ပါတယ်၊
၃။မြေသျှိသျှားတဲ့ ကွ၊ အဲဒီမြေမျိုးမှာ
နေမိရင်လဲပဲ ဆင်၊ မြင်း ကျွဲ၊ နွား၊ ဆန်စပါးပေါ များ ပါတယ်၊ သူ့အရောင်က
ရွှေရောင်ရှိတယ်၊
၄။နောက်တစ်ခုကတော မြေကြမ်းတဲ့
ကွ၊ မြေဟာကိုင်ကြည့်လိုက်ရင် သိပ်ပြီးမှု
န့်နေတယ်၊ အဲဒီမြေမျိုးမှာ
အိမ်ဆောက်ပြီး မနေသင့်ဘူးကွ၊ ဥယျာဉ်
ခြံမြေကလေး၊ ဘာလေးတော့ လုပ်
ကောင်းပါ ရဲ့ ၊ အေး...အခုမြေကတော့
အဖြူရောင်တွေများ နေလေတော့ မြေ
ပုဏ္ဏားလို့ခေါ်တယ်ကွ၊ အိမ်ဆောက်ကောင်းတဲ့ မြေမျိုးပါပဲ"ဟု လူကြီးကပြော
ပြန်လေ၏။

ထိုအခါ၌ ကျွန်ုပ်က...
“ဟုတ်ပြီလေ၊ အိမ်ဆောက်ကောင်းတဲ့
မြေမျိုးမို့ ကျွန်တော်တို့ ကအိမ်ဆောက်မ
လို့ လုပ်နေကြပြီပဲ၊ ဦးလေးက ဘာဖြစ်လို့စကားကြောရှည်ရတာတုံး”ဟု ပြောလိုက်
ရာ ထိုလူကြီးက ရယ်လေတော့၏။ ရယ်
ပြီး နောက်..

“လူမိုက်၊ ရှေးထုံးလည်း မပယ်ရဘူးကွ၊
ဈေးသုံးလဲ မလွယ်ရဘူးကွ၊ ရှေးထုံးစံကို
ဂရုမစိုက်ပဲ အိမ်တွေ ကိုဆောက်မှာ စိုးလို့
ပြောနေတာ၊ အိမ်မဆောက်ခင်မှာ မြေကို
ပူဇော်ရတယ်ကွ၊ မြေပုဏ္ဏားဆိုရင်နွားနို့နဲ့
ပူဇော်ရတယ်၊ မြေပေါ်မှာ နွားနို့လျှောက်
ပြီးဖြန်းရတယ်၊ မြေမင်းဆိုရင် ပဲကြီးနဲ့
ပူဇော်ရတယ်၊ မြေသျှိသျှားဆိုရင် အဲဒီ
မြေပေါ်မှာ
ဆီမီးခွက်တွေထွန်းပြီးမှ
အိမ်ဆောက် ရတယ်၊ မြေကြမ်းကိုတော့
အရက်နဲ့ ပူဇော်ရတယ်ကွယ့်၊ ကဲကဲ ငါ
ပြောတဲ့ အတိုင်း မြေကိုပူဇော် လိုက်ကြဦး
ကွာ”ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်တို့ သည် ပန္နက်တိုင်စိုက်ခြင်းအလုပ်ကို
မလုပ်တော့ဘဲ ရပ်ဆိုင်းကာ မြေကိုပူဇော်
ရန်အတွက် နွားနို့ကိုရှာကြလေတော့၏။

ကျွန်ုပ်နှင့် အတူ အလုပ်လုပ်ကြကုန်
သော လက်သမားများက
“မောင်ဘာဘာ ဘယ်ကလူကြီးလဲကွ
ယ့်၊ သူကတယ်လဲသိပါလား”ဟု မေးကြ
လေ၏။ ထိုအထဲတွင် လက်သမားဆရာ
မောင်စိန်ဖေက
“အလကားလူကြီးပါကွာ၊ သူနဲ့ မဆိုင်
ဘဲနဲ ဆရာ လာပြီးလုပ်တာပါ၊ ငါတော့
ပဲခွပ်နဲ့ သာခုတ်ချင်တော့တာပဲ”ဟု ပြော
လေ၏။ ထိုအခါ၌ လက်သမားမောင်ကြာ
ညွန့်က
“ပြောပါစေဗျာ၊ ခင်ဗျားတို့ … ကျုပ်တို့
ဗဟုသုတရတာပေါ့"ဟု ... ဆိုလေ၏။ကျွန်ုပ်တို့ သည် ဤသို့လျှင် ထိုလူကြီး
အကြောင်းကို ပြောဆိုကြပြီးနောက်
နွားနို့ဝယ်ရန်အတွက် ထွက်ခဲ့ကြလေ
တော့၏။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၀

*မြေ နိမိတ်ဖတ်ခြင်းအကြောင်း

နောက်တစ်နေ့တွင် ကျွန်ုပ်တို့ သည်
နွားနို့များ ဝယ်ခဲ့ပြီးနောက် ထိုလူကြီး
ပြောသည့်အတိုင်း အိမ်ဆောက်မည့်
မြေကွက်ကြီးတစ်ကွက်လုံးအား နွားနို့ဖြင့်
ဆွတ်ဖျန်းကြလေတော့၏။

ထိုအချိန်၌ ပင် လူကြီးရောက် လာပြီး
လျှင်
“သိပ်ကောင်းတဲ့ လက်သမားဆရာ
တွေ၊ သိပ်ကောင်းတဲ့ လက်သမားဆရာ
တွေ၊ ရှေးထုံးစံ အတိုင်း အလုပ်လုပ်လုပ်တဲ့ လူတွေ"ဟု ပြောဆိုလေ၏။

ကျွန်ုပ်တို့ လည်း လူကြီးအား ပြိုင်တူ
ကြည့်ရှုလိုက်ကြလေ၏။ လူကြီး၏ လက်
ထဲတွင်
ကြေးဖြင့်ပြုလုပ်ထားသော
ချိန်ခွင်ကလေးတစ်လက်ပါ၍ လာလေ၏။
လူကြီးသည် မြေကွက်၏ အလယ်ခေါင်တ
ည့်တည့်ကို သွားရောက်ကာ ခြေစုံရပ်ပြီး
လျှင် ကျွန်ုပ်တို့ အားခေါ်ယူလေ၏။

“လာကြ၊ လက်သမားဆရာတွေ လာ
ကြ"ဟစ်အော်လေ၏။ လက်သမားဆရာ
မောင်စိန်ဖေကမူ
“တော်တော်အလုပ်ရှုပ်တဲ့ လူကြီး၊ ဘာ
တွေဒုက္ခပေးဦးမလဲမသိဘူး၊ ပဲခွက်စာမိ
တော့မယ်”ဟု ပြောလေ၏။ ကျွန်ုပ်တို့
လည်း လူကြီးရှိရာသို့ သွားကြလေ၏။

လူကြီးသည် ၎င်း၏ လွယ်အိတ်အတွင်းမှ ပေါက်ပေါက်များကို နှိုက်၍ ကြဲကာ
အဓိဌာန်ပြုပြီးလျှင် ကျွန်ုပ်အားတူရွင်း
တစ်ချောင်းကိုယူစေလျက်
“ဟေ့လက်သမားဆရာ၊ တူရွင်းနဲ့ မြေ
ကို တစ်ချက်တည်း ထိုးကော်စမ်းကွာ”ဟု
ဆိုသဖြင့် ကျွန်ုပ်လည်း တူရွင်းဖြင့်မြေကိုဆောင့်၍ ထိုးကာ ကော် လိုက်
လေ၏။

“အဲ တူရွင်းမှာ ပါလာတဲ့ မြေကို မဖိတ်
စေနဲ့ ၊ ချိန်ခွင်ထဲထည့်စမ်း"ဟု ဆိုသဖြင့်
ကျွန်ုပ်လည်း တူရွင်း၌ ပါလာသော
မြေကြီးကို လူကြီး၏ ကြေးချိန်ခွင်
ကလေး၌ ထည့် လိုက်လေ၏။ ကျွန်ုပ်
အပါအဝင် လက်သမားဆရာများ သည်
လူကြီး၏ အပြုအမူကို နားမလည်နိုင်
အောင် ရှိလေ၏။ မြေကြီးကိုချိန်တွယ်ပြီးမည်သို့မည်ပုံ ပြုလုပ်မည်ကို ကျွန်ုပ်တို့
မသိကြပေ။

ထိုအခါ၌ လူကြီးကကျွန်ုပ်အား
“ဒီလိုရှိတယ်ကွ၊ ချိန်ကြည့်လို့ တစ်ကျပ်
သားရှိရင် အိမ်ရှင်ဟာ ဆင်းရဲတာ ရှည်လိ
မ့်မယ်။ နှစ်ကျပ်သား၊ သုံးကျပ်သားရှိရင်
ဒုက္ခရောက်တတ်တယ်ကွ၊ ငါးကျပ်သားရှိ
ရင် လူချစ်လူခင်များ မယ်၊ ခြောက်ကျပ်
သားရှိရင် စီးပွားတတ်မယ်၊ ခုနှစ်ကျပ်
သားရှိရင် အိမ်ရှင်ဟာ အဲဒီအိမ်မှာ မနေ
ဖြစ်တော့ဘူး။ ရှစ်ကျပ်သားရှိရင် ဆန်ရေ၊
စပါး၊ ကျွဲနွား ပေါများ မယ်ကွ၊ ကိုးကျပ်
သားရှိရင် ကြံတိုင်းအောင်လို့ ဆောင်
တိုင်းမြောက်လိမ့်မယ်ကွ၊ တစ်ဆယ်သား
ရှိရင် ရန်များ လိမ့်မယ်ကွ၊ ဆယ့်တစ်ကျပ်
သားရှိရင် ဘုန်းကြီးလိမ့်မယ်ကွ၊ ဆယ့်လေးကျပ်သားရှိရင် အမွေရလိမ့်
မယ်။ ဆယ့်ငါးကျပ်သားရှိရင် စီးပွားဥစ္စာ
တိုးတက်တတ်တယ်။ ဆယ့်ခုနှစ် ကျပ်
သားရှိရင်တော့အထူးထွတ်မြတ်
ကောင်းမွန်တဲ့ နေရာပဲကွ၊ အဲဒီလိုနေရာ
မျိုးက ထူးထူး ခြားခြားတွေ ဖြစ်တတ်
တယ်၊ အောင်မြေလိုပေါ့ကွာ”ဟု ပြောဆို
သဖြင့် ကျွန်ုပ်တို့ လည်း လွန်စွာ
စိတ်ဝင်စား၍ သွားလေတော့၏။

“အဲဒီလိုဆိုလဲ ချိန်ပါဦးလေးရယ်၊ သိရ
တာပေါ့”ဟု ကျွန်ုပ်ကပြောလိုက်ရာ
လူကြီးသည် ၎င်း၏ လွယ်အိတ်အတွင်းမှ ဟင်္သာရုပ်သဏ္ဍာန် အလေးကလေး
များကိုထုတ်၍ မြေကိုချိန်တွယ် ကြည့်ရာ
ခုနှစ်ကျပ်သားတိတိ၌
ချိန်ခွင်ပေါင်
တန်း၍ နေကြောင်း တွေ့ရလေတော့၏။
လူကြီးသည် ချိန်ခွင်ပေါင်ကိုကြည့်၍ ပြုံး
လိုက်ပြီးနောက် ကျွန်ုပ်ကိုပါ ကြည့် လိုက်
လေ၏။

“ဦးလေး … ခုနှစ်ကျပ်သားဆိုတော့”ဟု
ကျွန်ုပ်ကစကားကို တို့လို့တန်းလန်းနှင့်
ရပ်ထား လိုက်လေ၏။

“ခုနှစ်ကျပ်သားဖြစ်မူ အိမ်ရှင်သည် ဤ
အိမ်၌ မနေဖြစ်တော့လို့ဆိုထားတယ်ကွ၊
ပွဲစားကြီး ဦးစံဖူးကတော့ နေမှာ မဟုတ်
တော့ဘူးထင်တယ်"ဟု လူကြီးကပြော
လေ၏။

ထိုအခါ၌ လက်သမားဆရာမောင်စိန်
ဖေက
“မဟုတ်တရုတ်တွေ၊ အိမ်ကြီးဒါ
လောက်ကောင်းအောင်ဆောက်ပြီးတော့
မှ ပွဲစားကြီးက ဘာဖြစ်လို့ မနေရမှာ တုံး၊ဒါတွေကိုမယုံစမ်းပါနဲ့ မောင်ဘာဘာ
ရယ်”ဟု ဝင်၍ ပြောလေ၏။

လူကြီးသည် မောင်စိန်ဖေအား တစ်
ချက်လှမ်းကြည့်ပြီးလျှင် 
“တယ်ခက်ပါလား အငြိမ်မနေဘဲ
ကိုး၊ အငြိမ်မနေရင်တော့ မင်းနာမည် စိန်
ဖေဖြစ်လိမ့်မယ်ကွ” ဟု ပြောလိုက်ရာ
ကျွန်ုပ်တို့ သည် ဝါး’ကနဲ ရယ်မောလိုက်
ကြလေတော့ သတည်း။

*ကြိုးကိုင် ပန္နက်ရိုက်ခြင်းအကြောင်း

ကျွန်ုပ်နှင့် ကျွန်ုပ်လက်သမားဆရာများ
သည် အိမ်တိုင်ရိုက်ရန်အတွက် ပန္နက်
ကြိုးများကိုင်၍ ကြိုးဆွဲတိုင်းထွာ၍
ပန္နက်ရိုက်ကြလေ၏။ လူကြီးသည် ကျွန်ုပ်
တို့ လုပ်ကိုင်နေသည် ကို ကြည့်ပြီး
နောက်
“ဟေ့..လက်သမားဆရာတွေ၊
ပန္နက်ရိုက်တာ ဒီလိုရိုက်ရတယ်လို့ မင်း
တို့ ဆရာက သင်ထားသလား”ဟု မေး
လေ၏။

“အဲဒါကြောင့် လူတွေဒုက္ခဖြစ်နေတာ
ပေါ့ကွ၊ လက်သမားအလုပ်နဲ့ အသက်မွေး
မယ်ဆိုရင် မှတ်ထားကြဦး ”

“တနင်္ဂနွေသားနေဖို့ ဆောက်တဲ့ အိမ်
ဆိုရင် ကြာသပတေးသားနဲ့ သောကြာ
သားက ပန္နက်ကြိုးကို ကိုင်ပြီး စနေသား
က ပန္နက်ရိုက်ရတယ်ကွ။
တနင်္လာသားနေဖို့ ဆောက်တဲ့ အိမ်ဆို
ရင် သောကြာသားနဲ့ စနေသားက ပန္နက်
ကြိုးကိုကိုင်ပြီး တနင်္ဂနွေသားက
ပန္နက်ရိုက်ရတယ်ကွ။
အင်္ဂါသားနေဖို့ ဆောက်တဲ့ အိမ်ဆိုရင်
စနေသားနဲ့ တနင်္ဂနွေသားက ပန္နက်ကြိုး
ကိုကိုင်ပြီး တနင်္လာသားက ပန္နက်ရိုက်ရ
တယ်ကွ။
ဗုဒ္ဓဟူးသားနေဖို့ ဆောက်တဲ့ အိမ်ဆိုရင် တနင်္ဂနွေသားနဲ့ တနင်္လာသားက ပ
န္နက်ကြိုးကို ကိုင်ပြီး အင်္ဂါသားက
ပန္နက်ရိုက်ရတယ်ကွ။
ကြာသပတေးသားနေဖို့ဆောက်တဲ့
အိမ်ဆိုရင် တနင်္လာသားနဲ့ အင်္ဂါသားက ပ
န္နက်ကြိုး ကိုင်ပြီး ဗုဒ္ဓဟူးသားက
ပန္နက်ရိုက်ရတယ်ကွ။
သောကြာသားနေဖို့ ဆောက်တဲ့ အိမ်ဆို
ရင် အင်္ဂါသားနဲ့ ဗုဒ္ဓဟူးသားက ပန္နက်
ကြိုးကိုကိုင်ပြီး ကြာသ ပတေးသားက
ပန္နက်ရိုက်ရတယ်ကွ။
စနေသားနေဖို့ ဆောက်တဲ့ အိမ်ဆိုရင်
ဗုဒ္ဓဟူးသားနဲ့ ကြာသပတေးသားက ပန်
နက်ကြိုးကို ကိုင်ပြီး သောကြာသားက
ပန္နက်ရိုက်ရတယ်ကွ"ဟု ဆိုလေ၏။

ကျွန်ုပ်လည်း လူကြီးပြောသမျှကိုလိုက်လံမှတ်သားရလေ၏။ ထို့နောက်
လူကြီးကပင်
“ကဲ...ကဲ...အင်္ဂါသား စိန်ဖေနဲ့ တနင်္လာ
သား မောင်ကြာညွန့်တို့ က ပန္နက်
ကြိုးကိုင်ကြကွာ။ ဗုဒ္ဓဟူးသား လှ
မောင်ကြီးက ပန္နက်ကိုင်ရိုက်”ဟု ဆို
လေ၏။ ထို့ကြောင့် ကျွန်ုပ်က “ဘယ်ဟုတ်
မလဲဗျ၊ ပွဲစားကြီး ဦးစံဖူးက အင်္ဂါသားဖြစ်
မှာပေါ့။ အခုအဘပြောတာ
ကြာသပတေးသားအတွက် ချည်းဖြစ်နေ
မှာ
ပါလား”ဟု ပြောလိုက်ရာ ထိုလူကြီးက..
“ငါပြောတဲ့ အတိုင်းသာ လုပ်စမ်းပါ
ကွာ"ဟု ကျွန်ုပ်ကိုငေါက်လေ၏။

“ဒါကတော့ အဘသဘောပဲလေ။
အဘက ပွဲစားကြီးရဲ့ လူယုံတော်ဆိုတော့
အဘပြောတာပဲ အတည်ဖြစ်စေရမှာ
ပေါ့”ဟု ကျွန်ုပ်ကပြန်၍ ပြောကာ ၎င်း
ပြောသည့်အတိုင်းပင် ပြုလုပ်
ဆောင်ရွက်ပေး လိုက်လေတော့သည် ။

လူကြီးလည်း ကျွန်ုပ်တို့ အလုပ်လုပ်၍
နေသည် ကို ကြည့်ရှုရင်းသူ၏ ကြေး
ကွမ်းအစ် ကလေးကို လွယ်အိတ်အတွင်းမှ ထုတ်ကာ ကွမ်းယာကိုမြုံ့၍ နေလေ
တော့၏။

*တွင်းတူးခြင်းအကြောင်း

ထို့နောက် ကျွန်ုပ်တို့ သည် အိမ်တိုင်ထူ
ရန်အတွက် တွင်းများကိုတူးကြကုန်၏။
ထိုအခါ ထိုသူကြီးက.
“ဟေ့...လက်သမားဆရာတွေ အိမ်တိုင်
ထူဖို့ တွင်းတူးတာ ဒီလိုပဲတူးရသလား
ကွ”ဟု ဆိုပြန်လေ၏။

ထိုအခါ၌ ကျွန်ုပ်က..
ဒီလိုမတူလို့ ဘယ်လိုတူးရမှာ လဲ”ဟု
ပြန်၍ မေးရာ ထိုလူကြီးက တွင်းကိုတူးတဲ့ အခါမှာ ...
“(ဗုဒ္ဓ ဓမ္မ သံဃေန၊ သဗ္ဗဒဝေါနံ တေ
ဇေန)"ဆိုတဲ့ ဂါထာကိုရွတ်ပြီး တူးရတယ်
ကွ။ ပြီးရင်လဲ အဲဒီ ဂါထာနဲ့ ရွတ်ထားတဲ့
ရေကို တွင်းထဲသွန်းလောင်းပြီးမှ တိုင်
ထူရတယ်”ဟု ဆိုပြန်သဖြင့် ကျွန်ုပ်တို့
လည်း အဘိုးကြီးပြောသည့်အတိုင်း
လုပ်ပြန်လေ၏။ လက်သမားဆရာမောင်
စိန်ဖေကမူ ‘အလုပ်ပိုတွေပါဗျာ”ဟု ပြော
လေ၏။

*အိမ်တိုင်ထူခြင်းအကြောင်း

ထို့နောက် ကျွန်ုပ်တို့ သည် အိမ်တိုင်
များ ထူကြ၏။ အိမ်တိုင်များ၌ အနီး
ပတ်ဝန်းကျင်တွင် ရတတ်သမျှသော
တောပန်းများကိုချိတ်ဆွဲကြလေ၏။
ထိုအခါ လူကြီးက

“ဟေ့..လက်သမားဆရာတွေ
တိုင်တွေမှာ ဘာပန်းတွေလျှောက်ပြီး
ချည်နေကြတာလဲ။ ဖြုတ်ပစ်လိုက်ကြ”

-မရိုးပွင့်ကို အိမ်တိုင်ချည်မူ အနာအဖျား နည်းပါးအံ့ ။
-ပေါက်ရွက်ပန်းကိုချည်မူ
ဘေးရန် ခပ်သိမ်းအောင်အံ့။
-ဥနှဲရွက်ပန်းကိုချည်မူ
ရွှေငွေဥစ္စာရတနာများ အံ့။
-သပြေပန်းရွက်ကိုချည်မူ သားမြေးများ
အံ့။ သူတစ်ထူး၏ ပူဇော်ခြင်းကို ခံရအံ့။
-သရက်ရွက်ကိုချည်မူ သုခစည်းစိမ်
ရိပ်ငြိမ်ချမ်းသာနှင့် ညီညွတ်အံ့။
-ရေသဖန်းရွက်ကိုချည်မူ မြေရှင်ဖြစ်အံ့။
-သဖန်းရွက်ကိုချည်မူ တရားဆင်သမျှ
အောင်အံ့။
-မြေစာရွက်ကိုချည်မူ အသက်ရှည်အတံအံ့ တဲ့ ကွ။

-တနင်္ဂနွေနေ့ဆောက်သောအိမ်ဖြစ်မူ
သျှိသျှားရွက်မင်းမူ၏။
-တနင်္လာနေ့ဆောက်သောအိမ်ဖြစ်မူ
သဖန်းရွက်မင်းမူ၏။
-အင်္ဂါနေ့ဆောက်မူ ထန်းရွက်မင်းမူ၏။
-ဗုဒ္ဓဟူးနေ့ဆောက်မူ ပိန်းရွက်မင်း
မူ၏။
-ကြာသပတေးနေ့ဆောက်မှု
သရက်ရွက်မင်းမူ၏။
-သောကြာနေ့ဆောက်မူ သျှိသျှားရွက်
မင်းမူ၏။
-စနေနေ့ဆောက်မူ သပြေရွက်မင်းမူ၏
လို့ ရှေးလူကြီးတွေကဆိုထားတယ်ကွ"ဟု
ဆိုသဖြင့် ကျွန်ုပ်တို့မှာ အဘိုးကြီးပြော
သမျှ ပြုလုပ်ရပြန်လေ၏။

လက်သမားဆရာ မောင်စိန်ဖေကမူ
“ဒီအဘိုးကြီးကတော့ ပေါက်တူးစာ
ကြီးပါကွာ။ အလွန်ရှုပ်တဲ့ အဘိုးကြီးပဲ”ဟု
ပြောလေ၏။

********

ကျွန်ုပ်တို့ သည် အဘိုးကြီးစိတ်တိုင်းကျ
အိမ်ကိုဆောက်လုပ်ရလေ၏။ ကျွန်ုပ်တို့
ဆောက်နေကြစဉ်အတွင်း၌ ပွဲစားကြီး
ဦးစံဖူးသည် တစ်ခေါက်တစ်လေမျှပင်
လာရောက် ကြည့်ရှုခြင်းမရှိပေ။ ထို့ကြော
င့် ကျွန်ုပ်က ပြောလိုက်ရာ ထိုလူကြီးက

“ဘယ်ကြည့်မလဲ ငါ့လူရာ၊ ငါတစ်
ယောက်လုံးရှိနေတာကိုဆိုတော့ သူက
စိတ်ချတာပေါ့။ ပြီးတော့ ပွဲစားကြီးက
အဓိဌာန်ဝင်နေတာကွ။ မင်းဆောက်တဲ့အိမ်ကြီးပြီးမှ သူ့အဓိဌာန်က ပြည့်မှာ ဆို
တော့ အဲဒီကျမှ ပဲ သူကလာမှာ ပေါ့
ကွာ"ဟု ပြန်၍ ပြောလေ၏။

“အိမ်ကြီးမပြီးခင်မှာတော့ ပွဲစားကြီး
ဆီကို တစ်ခေါက်လောက်သွားဦးမယ်”ဟု
ကျွန်ုပ်ကပြောလိုက်ရာ ထိုလူကြီးက
“မသွားနဲ့ ကွ။ လုံးဝမသွားနဲ့ ။ မင်းသွားရင်
သူ့အဓိဌာန်ပျက်လိမ့်မယ်။ ကြပ်ကြပ်သတိထားပါ။
လက်သမား
ဆရာတို့ မသွားလိုက်ပါနဲ့.."ဟု ပြော
လေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ပွဲစားကြီး ဦးစံဖူးရှိရာသို့ တစ်ခေါက်တစ်လေ သွားရောက်လည်ပတ်မည်ဟူသော
စိတ်ကူးကို ဖျက်ပစ်လိုက်ရလေတော့၏။

ကျွန်ုပ်နှင့် ထိုလူကြီးသည် စကားတ
ပြောပြောနှင့် လျှောက်လာကြရာ
ရွှေတိဂုံဘုရား၏ အရှေ့ဘက်မုခ်အနီးသို့
ရောက်ရှိခဲ့ကြလေ၏။ ထိုအခါ ကျွန်ုပ်က
“အဘရယ်၊ အဘနဲ့ ကျုပ်နဲ့ သိနေကြ
တာလဲ ကြာပါပြီဗျာ၊ ဒါပေမယ့် အဘ
နာမည် ဘယ်လိုခေါ်တယ်ဆိုတာ
ခုထိမသိရသေးဘူး၊ နာမည်ကလေးတော့ ပြော
စမ်းပါဦး”ဟု ဆိုလျှင် ထိုလူကြီးက
“ငါ့နာမည်က ဦးမာဃလို့ခေါ်တယ်ကွ၊
မာဃ သဒ္ဒါက မိုးကို ဟောတာကွ၊ ဦးမိုး
လို့ခေါ်ချင်လဲ ခေါ်ပေါ့ကွာ”ဟု အဘိုးကြီး
က ပြောလေ၏။

“ဦးမိုးလို့မခေါ်ချင်ပါဘူးအဘရယ်၊ ဦး
မာဃဆိုတာက ပိုပြီးတောင်မှ ခေါ်လို့
ကောင်းပါ သေးတယ်”ဟု ကျွန်ုပ်ကပြော
လိုက်ရာ အဘိုးကြီးက
“ဒါပေါ့ကွ”ဟု ပြန်၍ ပြောလေ၏။

ထို့နောက် ကျွန်ုပ်တို့ သည် ဆက်၍
လျှောက်လာကြရာ ရေကျော်ရပ်ကွက်သို့
ရောက်လျှင် လမ်းထောင့်၌ တိုက်အိမ်
တစ်လုံး ဆောက်လုပ်နေသည် ကို တွေ့ရ
လေ၏။

ထိုအခါ ဦးမာဃက
“မောင်ဘာဘာရေ၊ ဟိုမှာ တိုက်
တစ်လုံးဆောက်နေပါလားကွ၊ ဝင်ပြီး
တော့ကြည့်ရအောင် ကွာ”ဟု ဆိုကာ
တိုက်ဆောက်နေသည့် နေရာသို့ဦး
မာဃကြီးက ရှေ့မှ နေ၍ ဝင်လေ၏။
ကျွန်ုပ်လည်း ၎င်း၏ နောက်မှ လိုက်၍
ဝင်လေ၏။ ဆောက်လုပ်နေသော တိုက်
ကြီးမှာ ပြီးစီးလု ပြီဖြစ်လေသည်။

လက်သမားဆရာနှင့် ပန်းရံ ဆရာများမှာ
သီချင်းတကြော်ကြော်နှင့် အလုပ်လုပ်
လျက်ရှိကြလေ၏။
ဦးမာဃကြီးက လက်သမားခေါင်းဆောင်အား

“တိုက်က အသစ်ကျပ်ချွတ်ကြီးပါ
လား”ဟု မေးလေ၏။ လက်သမား
ခေါင်းဆောင်ကလည်း
“အသစ်မှ အသစ်ကြီးပဲဗျို့၊ အိမ်ရှင်က
တော်တော့်ကိုအသစ်ကြိုက်တဲ့ လူ”ဟု
ပြန်၍ ပြောလေ၏။ ထိုအခါ၌ ဦးမာဃ
ကြီးက
“အိမ်ရှင် အခုရှိသလား"ဟု ပြန်၍ မေး
လေ၏။
“ဟော့ဟိုမှာ မတ်တပ်ရပ်ပြီးဆေးလိပ်သောက်နေတာ
အိမ်ရှင်ပေါ့ဗျာ”ဟု
လက်သမားဆရာက ပြန်၍ ဖြေလေ၏။

 ဦးမာဃကြီးသည် အိမ်ရှင်အနီးသို့လျှောက်၍ သွားပြီးလျှင်
“ဒီအိမ် … ခင်ဗျားအိမ်လား"ဟု
မေးလေ၏။

အိမ်ရှင်ကလည်း 
“ဟုတ်ပါတယ်၊ ကျုပ်အိမ်ပါ"ဟု ပြန်၍
ဖြေလေ၏။

“ဒီလိုဆိုရင် မျက်နှာစာက အုတ်ခဲ အသစ်နှစ်လုံးကိုပြန်ဖြုတ်ပြီး
အဟောင်းနှစ်လုံးကို ပြန်ထည့်ပြီးလုပ်ရင်
ကောင်းမယ်ထင်တယ်”ဟု ပြောလိုက်ရာ
အိမ်ရှင်လုပ်သူက
“ဘာဖြစ်လို့ အဟောင်းထည့်ရမှာ တုံး၊အသစ်လိုချင်လို့အသစ်ဆောက်တဲ့ ဥစ္စာပဲ၊
ဘာဖြစ်လို့ အဟောင်းထည့်ရမှာတုံး”ဟု
ဒေါနှင့် မောနှင့် ပြောလေ၏။

“ဒီလိုရှိပါတယ်ဗျာ၊ လမ်းထောင့်
တစ်ဆစ်ချိုးနေရာမှာ အိမ်ဆောက်ခဲ့လို့ရှိ
ရင် အသစ်ချည်း မလုပ်ကောင်းဘူးဗျ။
အဟောင်းကလေးတွဲပြီး လုပ်ရတယ်၊
ကျုပ်ပြောတဲ့ စကားကို နားမထောင်ရင်
တော့ ဒီအိမ်ကြီးပြီးလို့ ခင်ဗျားနေခဲ့လို့ရှိ
ရင် ခင်ဗျားမိန်းမသေလိမ့်မယ်”ဟု ဦး
မာဃကြီးက ပြောလိုက်ရာ အိမ်ရှင်သည်
လွန်စွာစိတ်ဆိုးလွန်းသဖြင့်

“အခုထွက်သွားကြစမ်းပါ၊ ဘာတွေမှန်း
လဲ မသိဘူး၊ တောပြော တောင်ပြောနဲ့
"ဟု ကြိမ်းမောင်းလေ၏။ ကျွန်ုပ်လည်း
လွန်စွာထိတ်လန့်သဖြင့် ကပျာကယာ ထွက်ခဲ့လေ၏။ ဦးမာဃကမူ
“ကျုပ်ပြောတဲ့ အတိုင်း ခင်ဗျားမိန်းမ
သေခဲ့ရင်တော့ ရွှေတိဂုံဘုရား၊ ရေ
တာရှည် စမ်းချောင်းကလေးအနားက
ဆင်ဝင်နဲ့ နှစ်ဆောင်ပြိုင်အိမ်ကြီးဆီကို
လာခဲ့ပေတော့"ဟု ပြောဆိုခဲ့သေး
တော့၏။

လမ်းတွင် ကျွန်ုပ်က
“အဘကလည်း ဗျာ ကြိုက်မှန်းမသိ၊ မ
ကြိုက်မှန်းမသိ၊ ဘာတွေလျှောက်ပြီး
ပြောနေတာတုံး”ဟု မာန်လိုက်ရာ ဦး
မာဃက
“ကြိုက်တာ မကြိုက်တာ အရေးမကြီး
ပါဘူးကွ၊ မသိနားမလည်တဲ့ လူတွေကို
တော့ ပြောပြရမယ့် တာဝန်ရှိတယ်”ဟု
ပြောလေ၏။

ဤသို့နှင့် ပင် ကျွန်ုပ်နှင့် ဦးမာဃကြီး
သည် စကားတပြောပြောနှင့် လာခဲ့ကြရာ
မကြာမီမှာ ပင် ကျွန်ုပ် နေထိုင်ရာ ပုဇွန်
တောင်ရပ်ရှိ တဲအိမ်ကလေးဆီသို့ ရောက်
ရှိခဲ့ကြလေတော့၏။

အိမ်သို့ရောက်သောအခါ၌ ဦးမာဃကြီးသည် အိမ်ရှေ့ကပျဉ်၌ ဖျာစုတ်ကလေးပေါ်၌ ထိုင်ကာ
ပါလာသော ကြေးကွမ်းအစ်ကလေးကို
ထုတ်၍ ကွမ်းစားလေ၏။
ထိုသို့ကွမ်းစားရင်း မလှမ်းမကမ်းအိမ်
သို့ လှမ်းမျှော်ကြည့်ရှုပြီးလျှင် ကျွန်ုပ်
အား
“မောင်ဘာဘာရေ၊ ဟော့ ဟိုအိမ်က
တံခါးပိတ်ထားပါလားကွ၊
လူရှိရဲ့
လား”ဟု မေးလေ၏။“ရှိပါတယ်အဘ”ဟု ကျွန်ုပ်ကဖြေလျှင်
ဦးမာဃကြီးက
“လူရှိတယ် ဆိုရင်တော့ အဲဒီအိမ်မှာ
နေတဲ့ လူက နပုံးမဏ္ဍုတ်ဖြစ်လိမ့်မယ်
ကွ”ဟု ပြောလေ၏။
"နပုံးပဏ္ဍုတ်ဆိုတာ ဘာလဲအဘ”ဟု
ကျွန်ုပ်က ပြန်၍ မေးရာ ဦးမာဃကြီး
က
“ယောက်ျားလျာ၊ မိန်းမလျာကိုပြော
တာကွ”ဟု ဆိုလေ၏။

“ဟား ဟား ဟား ဟား”ဟု ကျွန်ုပ်သည်
ဟက်ဟက်ပက်ပက် ရယ်မောလေ၏။
“ဘာကိုရယ်တာလဲ မောင်ဘာဘာရဲ့
"ဟု ဦးမာဃကမေးလေ၏။
“ဘာကိုရယ်ရမှာ လဲ အဘရယ်၊ အဘပြောတာမှန်လို့ ရယ်တာပေါ့။ အဲဒီအိမ်
မှာ မိန်းမလျာတွေ နေကြတယ်ဗျ၊ သူတို့
က ဇာတ်သမားတွေ၊ အခုဇာတ်ထွက်သွား
ကြပြီ၊ အဘ ဘယ်လိုလုပ် သိသတုံး”ဟု
ကျွန်ုပ်က မေးလိုက်ရာ ဦးမာဃက
“အထိမ်းအမှတ်ကလေးတွေ မှတ်ထားရတာပေါ့ကွာ၊ အိမ်ရှေ့မှာ သစ်ပင်ကြီး
ကြီးရှိပြီး အဲဒီသစ်ပင်ကြီးကြီးမှာ နွယ်ကြီး
တွေပတ်နေပြီဆိုရင် အဲဒီအိမ်မှာ နေတဲ့
လူက စောစောက ငါပြောတဲ့ လူစားမျိုး
တွေ ဖြစ်တတ်တယ်ကွ”ဟု ပြောလေ၏။
“အဘက တော်တော်သိတာပဲ၊ ကျုပ်လဲ
အဘကိုသိချင်တတ်ချင်လိုက်တာဗျာ"ဟု
ကျွန်ုပ်ကပြော လိုက်ရာ ဦးမာဃ က
“ငါကလဲ မင်းကိုသင်ပေးမလို့ စိတ်ကူး
ထားပါတယ်ကွ၊ ကဲ ကဲ ရေမိုးချိုးကွာ၊ ပြီးရင် အပြင်သွားကြတာပေါ့”ဟု ဦးမာဃ
ကြီးကပြောသဖြင့် ကျွန်ုပ်လည်း အနီးရှိ
ရေတွင်း သို့ သွားရောက်ရေချိုး
လေ၏။ ရေချိုးပြီးလျှင် ဦးစံဖူးအိမ်ကြီးအားဆောက်ရန် လက်ခံသောနေ့က ဝယ်ယူခဲ့သော အင်္ကျီလုံချည်အသစ်များ
ကို ဝတ်ဆင်လေ၏။

“အဝတ်အစားလဲပြီးရင် သွားမယ်
ဟေ့”ဟု ဦးမာဃကြီးက ပြောဆို၍ ရှေ့မှ
ထွက်သွားလေ၏။ ကျွန်ုပ်လည်း ၎င်း၏
နောက်မှ လိုက်ခဲ့ရလေ၏။ ဈေးအနီးသို့
ရောက်သောအခါ၌ ထမင်းဆိုင်တစ်ဆိုင်
သို့ဝင်ကာ ကျွန်ုပ်က ထမင်းနှစ်ပွဲမှာ
လေ၏။
“ငါ့အတွက် မမှာ နဲ့ ကွ။ ငါက ညစာမ
စားဘူး”ဟု ဦးမာဃကြီးက ပြောလေ၏။ “ဥပုသ်စောင့်တာလား”ဟု ကျွန်ုပ်က မေးရာ
“အေးဟုတ်တယ်၊ ဥပုသ်စောင့်တာ”ဟု
ဦးမာဃကြီးက ပြန်၍ ဖြေလေ၏။

“တစ်သက်လုံး၊ မွေးကတည်းက ညစာ
မစားတာကွ” ဟု ပြောသဖြင့် ကျွန်ုပ်မှာ
အံ့သြရလေတော့၏။

“ဘာလဲကွ၊ တစ်သက်လုံး ဥပုသ်စောင့်
တဲ့ လူကို အံ့သွနတောလား၊ ငါ့အဖနေဲ့ အ
မေက ငါ့ကိုမွေးတဲ့ နေ့ကနေ ဥပုသ်
စောင့်လိုက်တာ သေတဲ့ အထိပဲကွ၊ ငါ့
ဦးလေးတစ်ယောက်ရှိတယ်၊ ငါ့လိုပဲ မွေး
ကတည်းက ဥပုသ်စောင့်တာကွ၊ ငါ့ အ
ဘိုးကတော့ အနှစ် နှစ်ဆယ် ဥပုသ်စောင့်
သွားတယ်လို့ပဲ ။ ကြားဘူးတယ်" ဟု ဦး
မာဃကြီးက ပြောလေ၏။

ကျွန်ုပ်သည် ဦးမာဃကြီးတို့ ၏
မိသားစုနှင့် ပတ်သက်၍ လွန်စွာအံ့ဩမိ
လေတော့၏။

“တော်တော်ဆန်းတဲ့ မိသားစုပဲနော်၊ အ
ဘိုးကလည်း အနှစ် နှစ်ဆယ် ဥပုသ်စောင့်
သွားတယ်၊ အဖေနဲ့ အမေကလည်း ဦး
မာဃကို မွေးတဲ့ နေ့ကနေ သေတဲ့ အထိ
ဥပုသ်စောင့်သွားတယ်၊
ဦးလေးတစ်
ယောက်ကလည်း တစ်သက်လုံး ဥပုသ်
စောင့်သွားတယ်၊ ဦးမာဃကြီးကလည်း
တစ်သက်လုံး ဥပုသ်စောင့်နေတယ်၊ နေပါ
ဦး၊ ဥပုသ်စောင့်တယ်ဆိုတာက ဘယ်နှစ်
ပါးသီးလကို စောင့်တာတုံး” ဟု ကျွန်ုပ်က
မေးလိုက်ရာ ဦးမာဃကြီးက
“ကိုးပါးသီလ စောင့်တာကွ” ဟု ပြန်၍
ပြောလေ၏။ ထို့နောက် ထမင်းဆိုင်မှကျွန်ုပ်အတွက် ထမင်း၊ ဟင်းများ လာ
ရောက်ချပေးသဖြင့် ကျွန်ုပ်သည် မြိန်ရှက်
စွာ စားသောက်လေ၏။

“ဟေ့ကောင်၊ မင်းစားတဲ့ ဟင်းက ညှီ
လှချည်လားကွ” ဟု ဦးမာဃကြီးက မေး
လေ၏။
“ညှိတာမဟုတ်ပါဘူး၊ မွှေးတာပါ၊
ဒီဆိုင်က ဟင်းသိပ်ကောင်းတာ အဘရဲ့ ၊
အမဲသားကို မီးကင်ပြီးမှ ပြန်ပြီးနှပ်ထား
တာ၊ မွှေးနေတာပဲ” ဟု ကျွန်ုပ်က ပြန်၍
ပြောလျှင် ဦးမာဃကြီးက
“ထမင်းစားပြီးရင် မင်းပြန်ပေတော့၊
မင်းကို ပညာသင်မပေးနိုင်ဘူး၊ အမဲသား
မစားတဲ့ သူကိုမှ ငါက ပညာသင်ပေးမှာ
ကွ၊ အဲဒီတော့ ငါ့ဆီမှာ ပညာလိုချင်တယ်
ဆိုရင်တော့ အမဲသားကို ရှောင်မှ ဖြစ်
မယ်၊ ညှီစော်နံတယ်ကွာ” ဟု ဆိုကာ ဦး
မာဃကြီးသည် နေရာမှ ‘ဖြုတ်’ ကနဲ
ထ၍ ပြန်သွားလေတော့၏။

ကျွန်ုပ်လည်း အမဲသားနှပ်နှင့် ထမင်း
ကို ငြိမ်သက်စွာစားရင်း ဦးမာဃကြီးထံ၌
ကျွန်ုပ် လွန်စွာ ကြိုက်နှစ်သက်သောအမဲသားကို ဖြတ်ရ ကောင်းနိုး ပညာသင်ရကောင်းနိုး၊ စဉ်းစားမိလေတော့သတည်း။

*သစ္စာရေ သောက်ရပြီ

နောက်တစ်နေ့နံနက်တွင် ကျွန်ုပ်သည်
ပွဲစားကြီးဦးစံဖူး၏ အိမ်သို့ သွားရောက်၍
ဆောက်လုပ်နေ၏။ ထိုနေ့တစ်နေ့လုံး၌
ဦးမာဃကြီး ရောက်မလာသဖြင့် ကျွန်ုပ်
သည် ၎င်းအား မျှော်မှန်းတမ်းတနေမိ
လေ၏။

ညနေပိုင်း အလုပ်သိမ်း၍ အိမ်သို့
ပြန်လာသောအခါ၌ ကျွန်ုပ်၏ အိမ်သို့ ဦး
မာဃကြီး ရောက်ရှိ လာပြီးလျှင် ကျွန်ုပ်
အား 
“အမဲသားစားတဲ့ လက်သမားဆရာ၊
ဘယ်လိုလဲကွ၊ အမဲသားဖြတ်မလား” ဟု
မေးလေ၏။

“အဘလို ဗဟု သုတ အကြားအမြင်နဲ့
ပြည့်စုံဖို့ အဘက ပညာသင်ပေးမယ် ဆို
ရင်တော့ ဖြတ်ရမှာ ပေါ့ ဗျာ” ဟု ကျွန်ုပ်
က ပြောလိုက်လျှင် 

“အေး ကောင်းပြီ၊ ရေသွားချိုးပြီး
အဝတ်အစားလဲတော့” ဟု ဆိုလေ၏။
ကျွန်ုပ်လည်း ရေမိုးချိုး၍ အဝတ်လဲကာ
ဦးမာဃကြီး၏ နောက်မှ လိုက်ပါခဲ့လေ
တော့၏။ ဈေးအနီး ထမင်းဆိုင်ရှေ့သို့
ရောက်သောအခါ၌ ထမင်းဆိုင်ရှင် အဒေါ်
ကြီးက 
“မောင်ဘာဘာရေ၊ အမဲသား ဆီပြန်ဟင်းကလေးချက်ထားတယ်ကွ ကောင်းလိုက်တာမှ အသားကလေးက နီ
ရဲနေတာပဲ” ဟု ပြောလေ၏။

ဦးမာဃကြီးက ကျွန်ုပ်၏ မျက်နှာကို
လှမ်းကြည့်ရင်း 
“အမဲသားကလေးက နီရဲနေတာပဲဆိုပါ
လားကွ” ဟု ကျွန်ုပ်အား ငေါ့တော့တော့
ပြောလေ၏။

“မစားတော့ပါဘူး အဘရယ်၊ မစား
တော့ပါဘူး” ဟု ကျွန်ုပ်က ပြန်၍ ပြော
လိုက်သောအခါ၌
ဦးမာဃကြီးက
ကျေနပ်နှစ်သိမ့်သောအသံဖြင့် 
“သာဓု သာဓု သာဓု” ဟု သာဓု သုံးကြိမ်
ခေါ်လေတော့၏။

ထို့နောက် ကျွန်ုပ်အား ဆူးလေစေတီသို့
ခေါ်သွားပြီးလျှင် 
“ကဲ … မောင်ဘာဘာရေ၊ စေတီတော်
မြတ်ကြီးမှာ အမဲသားကို ရာသက်ပန်လှူ
ကြောင်း၊ အရက်သေစာကို ရာသက်ပန်
လှူကြောင်း ဆိုပေတော့ကွာ” ဟု ကျွန်ုပ်
အား စေခိုင်းသဖြင့် ကျွန်ုပ်လည်း ၎င်း
ပြောဆိုသည့် အတိုင်း ပြုလုပ်ရလေ
တော့၏။

ထို့နောက် ဦးမာဃကြီးက ကျွန်ုပ်၏
လက်ကိုဆွဲကာ ဘုရားကို ညာရစ်လှည့်
ပတ်လေ၏။
“ဟောဒါ တနင်္ဂနွေထောင့်ကွ၊ ဟော ဟို
ဂြိုဟ်တိုင် အရုပ်က ဂဠုန်ရုပ်ကလေး တွေ့
လား၊ ၆ ဂဏန်းလည်း ရေးထားတာတွေ့
တယ် မဟုတ်လား၊ အဲဒီ ၆ ဂဏန်းက
တနင်္ဂနွေရဲ့ ဂြိုလ်သက်ကိုပြောတာကွ၊
တနင်္ဂနွေ ဂြိုလ်ဆိုတာ ဂဠုန်ရုပ်ဖြစ်တယ်၊
ဂြိုဟ်သက်က ၆ နှစ်ရှိတယ်၊ အဲဒီဂြိုလ်
တိုင်ရှိတဲ့ အရုပ်ဟာ အရှေ့မြောက်ထောင့်
မှာ ရှိတယ်လို့ တစ်ခါတည်း မှတ်ထားရ
တယ်ကွ၊ ဂြိုလ်သက်က ၆နှစ်ရှိပေမယ့်
တနင်္ဂနွေဂြိုဟ်ကိုတော့ တစ်ဂဏန်းနဲ့ ပဲ
ရေးရတယ်ကွ” ဟု ပြောလေ၏။

ထို့နောက် “ဟောဒီကျားရုပ်နဲ့ ဂြိုဟ်
တိုင်က တနင်္လာဂြိုဟ်တိုင်ကွ၊ အောက်မှာ
ရေးထားတဲ့ ဆယ့်ငါးဂဏန်းက တနင်္လာ
ရဲ့ ဂြိုဟ်သက်ကို ပြောတာကွ၊ အရပ်အား
ဖြင့် အရှေ့စူးစူး ကျမနေဘူးလား၊ အေး
တနင်္လာကို နှစ်ဂဏန်းနဲ့ မှတ်ရတယ်ကွ၊
ဂြိုဟ်ရုပ်က ကျားရုပ်ကွ၊ ဂြိုဟ်သက်က
ဆယ့်ငါးနှစ်ကွ” ဟူ၍ ပြောပြန်လေ။

ဤသို့လျှင် ဂြိုဟ်တိုင်များကုန်သည်
အထိ ပြောပြပြီးနောက် ဦးမာဃကြီးသည်ကျွန်ုပ်အား တနင်္ဂနွေ ထောင့်သို့ခေါ်၍
သွားပြီးလျှင် ထိုင်စေ၍
“ဟောဒီဘုရားမှာ မုခ်ဝဘယ်နှစ်ခုရှိ
သလဲကွ” ဟု မေးလေ၏။

“လေးခုရှိတာပေါ့ အဘရယ်၊ အရှေ့၊
မြောက်၊ တောင်၊ နောက်မုခ်တွေပေါ့၊
အရှေ့မြောက်၊အနောက်တောင်၊
အနောက်မြောက်တို့ မှာ မုခ်မှာ မရှိပဲ” ဟု
ကျွန်ုပ်က သွက်လက်စွာ ဖြေလိုက်လျှင် ဦး
မာဃကြီးက …
“အေး အေး မင်းသိပ်တော်တယ် မောင်
ဘာဘာ၊ မုခ်ဝရှိတဲ့ ဂြိုလ်တိုင်တွေဟာ
ကောင်းတဲ့ ဂြိုဟ်တွေကွ၊ ဖြောင့်တဲ့ ဂြိုလ်
တွေကွ၊ နူးညံ့သိမ်မွေ့တဲ့ ဂြိုဟ်တွေကွ၊ သူ
တို့ ကို “သောမ ဂြိုဟ်’လို့ခေါ်တယ်၊ ဂြိုဟ်
ကောင်းတွေပေါ့ကွာ၊ မုခ်ဝမရှိတဲ့ ဂြိုဟ်တွေက ဂြိုဟ်ဆိုးတွေကွ၊ ကောက်တဲ့
ဂြိုဟ်တွေကွ၊ အဲဒါတွေ မှတ်ထားပေ
တော့” ဟု ဆိုသဖြင့် ကျွန်ုပ်မှာ
တစ်ထိုင်တည်းနှင့်ပင် ဂြိုဟ်များ ၏
အရပ်များကိုလည်း ကောင်း၊ ဂြိုဟ်များ
တို့ ၏ သဘာဝကိုလည်း ကောင်း ကောင်း
စွာမှတ်မိသွားလေတော့၏။

ဦးမာဃကြီးသည် ကွမ်းအစ်ကိုထုတ်၍
ကွမ်းစာရင်း ကျွန်ုပ်အား
“ဟေ့ ဟိုသောက်ရေအိုးစင်မှာ ရေတစ်
ခွက် သွားခပ်ချေကွာ" ဟု ဆိုလေ၏
ကျွန်ုပ်လည်း ၎င်းပြောဆိုသည့်အတိုင်း သောက်ရေအိုးစင်မှ ရေတစ်ခွက်
သွားရောက်ခပ်ယူခဲ့လေ၏ ၊

“မင်းကို သင်ပေးလိုက်တာနဲ့ မကြာခင်
ပဲ မင်းဟာ ဟောလို့ပြောလို့ ဖြန်းဖြန်းကွဲသွားမယ်၊ အဲဒီပညာနဲ့ ပဲ ဆေးကုချင်သပ
ဆိုရင်လဲ ရဦးမယ်ကွ၊ လုပ်ရပ်ဘက်ကို
လိုက်စားမယ်ဆိုရင်လဲ နီးစပ်သွားပြီကွ၊
အဲဒီတော့ အခုငါသင်ပေးတဲ့ ပညာနဲ့
လမ်းဘေးမှာ သော် လည်း ကောင်း၊
ဘုရားစောင်းတန်းမှာ သော် လည်း
ကောင်း၊ မဟောမပြောပါဘူးလို့ သစ္စာဆို
ရမယ်၊ ပြီးတော့ ဒီပညာကို ငွေသားငါး
ဆယ် (ငွေအစစ်) မရဘဲနဲ့ တစ်ခြားတစ်
ယောက်ကို သင်မပေးပါဘူးလို့လဲ
သစ္စာဆိုရမယ်၊ ပြီးတော့ ဘယ်သူ့ကိုမှ
ဉာဏ်ပူဇော်ခ မရပဲ အပျင်းပြေသဘောနဲ့
ဟောပြောခြင်း အလုပ်ကို မလုပ်ပါဘူးလို့
သစ္စာဆိုရမယ်ကွ၊ ဒါပေမယ့် မင်းကို ငါ
အခုသင်ပေးမှာ က ဗေဒင် မဟုတ်ဘူး ကွ၊
လောကီပညာရဲ့ အခြေခံကိုသင်ပေးမှာ 
ဗေဒင်လိုယူရင် ဗေဒင်ဖြစ်တယ်၊ ဆေးလို
ယူရင် ဆေးဖြစ်တယ်၊ အဂ္ဂိရတ်ယူရင်
အဂ္ဂိရတ်ဖြစ်တယ်။
အင်းဘက်ကိုလိုက်စားရင်လဲ သူ့ကို တတ်မထားရင်မ
ဖြစ်ဘူး၊ လက်သမားလုပ်ပြီး အိမ်ဆောက်
စားမယ်ဆိုရင်လဲ သူ့ကိုတတ်ထားရမှာ ပဲ၊
ကုန်သည် လုပ်ပြီး ကုန်ကူးမယ်ဆိုရင်လဲ
သူ့ကိုမတတ်ထားလို့မဖြစ်ဘူး၊ ကုန်ကုန်
ပြောမယ်ကွာ
လယ်သမားလုပ်ပြီး
လယ်ထွန်မယ်ဆိုရင်တောင် သူ့ကိုတတ်
ထားမှ ဖြစ်မယ်” ဟု ပြောဆိုလေ၏။

သစ္စာဆိုခိုင်းပြီးလျှင် ကျွန်ုပ်အား သစ္စာရေ
တိုက်လေတော့၏။

ထို့နောက် ကျွန်ုပ်၏ လက်ကိုဆွဲကာ
စေတီတော်ကြီးအား လက်ယာရစ်လှည့်၍
ဂြိုဟ်တိုင်များ နှင့် ဂြိုဟ်သဘာဝများကို ဒုတိယအကြိမ်၊ တတိယအကြိမ် ရှင်းလင်းတင်ပြပြီးနောက် ထိုနေ့အဖို့
ပညာသင်ကြားခြင်းကို အပြီးသတ်လိုက်
တော့သတည်း။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၁
*မောင်ဘာဘာနှင့် သော့တွဲကြီးတစ်တွဲ

နောက်တစ်နေ့တွင် ကျွန်ုပ်တို့ သည်
ပွဲစားကြီး ဦးစံဖူး၏ အိမ်ကြီးကို ကျွန်ုပ်၏
လက်သမားဆရာများနှင့် အတူ
ဆောက်လုပ်ခဲ့လေ၏။ ထိုအခါ၌ လည်း
ဦးမာဃကြီးရောက်ရှိ လာပြီးလျှင် "အခင်း
ကို ဘယ်လိုခင်းရမယ်၊ အမိုးကို ဘယ်လို
လုပ်ရမယ်၊ လှေကားကို ဘယ်လိုတပ်ရ
မယ်” စသည် ဖြင့် ပြောလေ၏။

လက်သမားဆရာ မောင်စိန်ဖေကမူ ဦး
မာဃကြီးအား လွန်စွာမျက်မုန်းကျိုး ၍ နေပြီဖြစ်သဖြင့် အံတ ကြိတ်ကြိတ်ရှိ
လေ၏။ ကျွန်ုပ်ကမူ “မောင်စိန်ဖေရယ်၊
ကျုပ်တို့ ခင်ဗျားတို့ မသိသေးတာတွေကို
သူကသင်ပြ ပေးတာပဲဗျာ၊ စိတ်မဆိုးပါနဲ့
" ဟု ဖျောင်းဖျရလေ၏။

ညနေပိုင်း အလုပ်သိမ်းချိန်သို့ရောက်
လျှင် ကျွန်ုပ်သည် ကျွန်ုပ်၏ တဲကလေးသို့
ပြန်၍ ရေမိုးချိုးကာ ဆူးလေဘုရားသို့
တက်လေ၏။ ဘုရား၏ တနင်္ဂနွေထော
င့်၌ ကား ဦးမာဃကြီး ရောက်နှင့် နေပြီ
ဖြစ်၏။

“ဟေ့ မောင်ဘာဘာ၊ မနေ့က သင်ပေး
တာတွေ ငါ့ကိုပြန်ပြီးဆိုပြစမ်း"ဟု ဦး
မာဃကြီးခိုင်းသဖြင့်
ကျွန်ုပ်လည်း
ဖြန်းဖြန်းကွဲဆို၍ ပြ လိုက်လေ၏။

“အေး...ဟုတ်ပြီ၊ လာခဲ့”ဟု ဆိုကာ
ကျွန်ုပ်၏ လက်ကိုကိုင်၍ ကြာသပတေး
ထောင့် သို့ခေါ်သွားပြီး လျှင် ထိုင်၍ ရှိခိုး
လေ၏။ ကျွန်ုပ်လည်း ထိုင်၍ နေရ
လေ၏။

ထိုအခါ ဦးဘာဘာက ကျွန်ုပ်အား
“မင်းအသက်.... ဘယ်လောက်ရှိပြီ
လဲ"ဟု မေးရာကျွန်ုပ်က (၂၃)နှစ်ရှိပြီ
ဖြစ်ကြောင်း ဖြေရလေ၏။

“မင်းအသက်(၂၃)နှစ်ရှိပြီလား"ဟု ဦး
မာဃကြီးက မေးပြန်လေ၏။

“ဟုတ်ပါတယ် အဘ....၊ (၂၃)နှစ်ရှိပါ
ပြီ"ဟု ကျွန်ုပ်ကဖြေလျှင်...

ဦးမာဃကြီးက....
“ကောင်းပြီ…၊ .… မင်းအသက်ကိုရှစ်နဲ့
စားရင် ဘယ်လောက်ကြွင်းသလဲကွာ"ဟု
မေးပြန်လေ၏။

“ရှစ်နဲ့စားရင် ခုနှစ်ကြွင်းတာပေါ့
အဘ..."ဟု ကျွန်ုပ်ကပြန်၍ ဖြေရာဦး
မာဃကြီးက...

“အေး...ဟုတ်တယ်။ လာခဲ့"ဟု စေတီ
တော်လက်ယာရစ်ရစ်၍ ကျွန်ုပ်တို့ စတင်
ထွက်ခဲ့သော ကြာသပတေးဂြိုလ်တိုင်မှ
အစပြု၍ ဂြိုလ်တိုင်တစ်ခုတွေ့တိုင်း
‘တစ်’ဟု လည်း ကောင်း၊ နှစ်ခုတွေ့လျှင်
“နှစ်’ ဟု လည်း ကောင်း ပါးစပ်မှ ဆိုစေ၍
လှည့်ပတ်လေ၏။

“အကြွင်းက ခုနှစ်ဆိုတော့ ခုနှစ်တိုင်
စေ့အောင် လှည့်ရတယ်ကွယ်"ဟု လည်း
ဦးမာဃကြီး က ပြောလေ၏။

ထို့ကြောင့် ကြာသပတေးဂြိုလ်တိုင်မှ
အစပြု၍ ခုနှစ်တိုင်စေ့သောဂြိုလ်တိုင်မှ
တောင်ဘက်စူးစူးရှိ ဗုဒ္ဓဟူးဂြိုလ်တိုင်သို့
ရောက်ရှိခဲ့လေတော့၏။

ထိုအခါ၌
“မောင်ဘာဘာရေ
ကြာသပတေးသား(၂၃)နှစ်ဆိုတော့ ဗုဒ္ဓ
ဟူးဂြိုလ်မှာ သက်ရောက်နေပြီ ဗုဒ္ဓဟူးဂြို
လ်တိုင်နဲ့ ဆန့်ကျင်ဘက်က ဘာဂြိုလ်ဖြစ်
မလဲ ဖြေစမ်းကွ”ဟု ဦးမာဃကြီးကမေးမြန်းလေ၏။
“ဒါကတော့ လွယ်ပါတယ် အဘရယ်။
ဟိုဘက်မှာ သောကြာဂြိုလ်ရှိတာပေါ့”ဟု
ကျွန်ုပ်ကဖြေ လိုက်လေ၏။

“ကောင်းပြီ သောကြာဂြိုလ်ကနေလက်ဝဲရစ်အတိုင်း ပြန်ပြီးလှည့်လိုက်ရင်
ဘယ်ဂြိုလ်တိုင်ကိုတွေ့မလဲ ကွ"ဟု ဦး
မာဃကြီးက မေးပြန်လေ၏။

“လက်ဝဲရစ် ရစ်မယ်ဆိုင် ရာဟု ဂြိုလ်
ကို တွေ့မှာ ပေါ့အဘရဲ့ "ဟု ကျွန်ုပ်က ဖြေ
လိုက်လေ၏။

“အေး...ဒါကြောင့် မင်းဟာဒီနှစ်ထဲမှာ
အတိဒုက္ခရောက်နေတာပေါ့ကွာ။ ရာဟု
နဲ့ တွေ့ နေတာကိုး၊ ကောင်းပြီ
နောက်တစ်ခုဆုတ်လိုက်ပါဦး"ဟု
မာဃကြီးက ပြောပြန်လေ၏။

“နောက်တစ်ခုဆုတ်ရင် ကြာသပတေး
ကို ပြန်ရောက်မှာ ပေါ့အဘရဲ့ "ဟု ကျွန်ုပ်
က ဖြေလိုက်လျှင် ဦးမာဃကြီးက

“အဲဒါကြောင့် ကောင်းမှာ ကွ”ဟု ပြော
ပြန်လေ၏။

ထို့နောက် ကျွန်ုပ်အား အသက်များ ၊
နေ့များကိုပြော၍ စေတီတော်ကြီးအား လှ
ည့်ပတ်ခိုင်း နေလေ၏။

“စနေသား အသက်(၃၀)ဘယ်ဂြိုလ်ကို
ရောက်ပြီလဲ၊
မှတ်လိုက်စမ်းပါဦး၊
တနင်္ဂနွေသား အသက်(၄၄)နှစ်၊ ပတ်
လိုက်စမ်းပါဦး၊
ဗုဒ္ဓဟူးသား
အသက်(၅၀)ပတ်လိုက်စမ်းပါဦး”ဟု ဆို
ကာဦးမာဃကြီးသည် ကျွန်ုပ်အားပတ်၍
ခိုင်းနေသဖြင့် ကျွန်ုပ်မှာ မောဟိုက် ၍
နေသည့် တိုင်အောင် စေတီတော်ကြီးကို ပတ်ရလေတော့၏။

ညအိမ်သို့ ရောက်သည့်အခါ ပင်ပန်း
လွန်သဖြင့် ကောင်းစွာအိပ်ပျော်ခဲ့လေ
တော့၏။ အိပ်ရာနိုးသည့် အချိန်မှာ
လည်း လွန်စွာနောက်ကျခဲ့လေ၏။

ကျွန်ုပ်သည် ရေတာရှည် ချောင်းကလေးနံဘေးရှိ ဆောက်လက်စ ပွဲစား
ကြီးအိမ်သို့ နေမြင့်မှ ရောက်ရှိခဲ့ရ
လေ၏။ လက်သမားဆရာ မောင်စိန်ဖေ
တို့ သည် အလုပ်လုပ်နှင့် နေကြပြီ ဖြစ်၏။

“ဘယ်လိုလဲ မောင်ဘာဘာရဲ့ နေမြင့်လှ
ချည်းလား"ဟု မောင်စိန်ဖေက မေး
လေ၏။

“နေမြင့်ဆိုဗျာ၊ ညက ဆူးလေစေတီတော်ကြီးကို
အခေါက်ပေါင်းဘယ်လောက်ရမယ် မသိပါဘူး။ ကျုပ်ဖြင့်ပတ်နေလိုက်ရတာ"ဟု ကျွန်ုပ်က ပြန်၍
ပြောလျှင် မောင်စိန်ဖေက

“ဘာဖြစ်လို့ ပတ်နေရတာလဲ”ဟု မေး
ပြန်လေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ဦးမာဃကြီး
သင်ပြသည် ကိုပြောပြရလေ၏။ ထိုအခါ
မောင်စိန်ဖေက ကျွန်ုပ်အားကြည့်၍ တဟားဟားနှင့် ရယ်မောလေတော့၏။

ကျေနပ်လောက် အောင် ရယ်မောပြီးမှ
“မောင်ဘာဘာ၊ မင်းကို အဲဒီလူကြီးက
သက်သက်ပင်ပန်းအောင် လုပ်တာကွ၊ သူ
သင်ပေးတဲ့ ပညာကလည်း ဘာမှ ဖြစ်
လောက်တာမဟုတ်ပါဘူး၊ သက်ရောက်
ဂြိုလ်စား ဗေဒကိန်းကလေးပါကွာ၊ လာ
လာ ဒီမှာ ကြည့်”ဟု ဆိုကာ မောင်စိန်ဖေသည် မြေကြီးပေါ်၌ တုတ်ဖြင့်ရေးခြစ်၍
ကျွန်ုပ်အား တွက်ပြလေ၏။ ယမန်နေ့ည
ကျွန်ုပ်တွက်ခဲ့သည်များ ကို မောင်စိန်
ဖေသည် ခက်ခဲပင်ပန်းခြင်းမရှိဘဲ တွက်
ပြပြီးနောက် ကျွန်ုပ်အားလှောင်ပြောင်၍
ရယ်မောလေ၏။

ထိုနေ့တစ်နေ့လုံး ကျွန်ုပ်သည် အလုပ်၌
စိတ်မဝင်စားဘဲရှိလေ၏။
ညနေပိုင်းအလုပ်သိမ်းချိန်းသို့ရောက်လျှင်
အိမ်သို့ပြန်၍ ရေမိုးချိုးပြီးနောက် ဆူးလေ
စေတီသို့ သွားပြန်လေ၏။
ဦးမာဃကြီးသည် ကျွန်ုပ်အား
တနင်္ဂနွေထောင့်၌ စောင့်နေသည် ကိုတွေ့
ရလေတော့၏။

“ဘယ်လိုလဲ မောင်ဘာဘာ၊ မနေ့က
သင်လိုက်တာတွေကောင်းကောင်း မှတ်မိရဲ့ လား"ဟု ကျွန်ုပ်အား ဦးမာဃကြီးက
မေးလေ၏။

“အဘဟာက ဘာမှ မဆန်းပါဘူး၊
သက်ရောက်ဂြိုလ်စားတွက်နည်း ပါပဲ၊မောင်စိန်ဖေတောင်မှ ကောင်းကောင်း တွက်တတ်ပါတယ်။
မြေကြီးပေါ်မှာ တုတ်နဲ့ ခြစ်ပြီး တွက်
လိုက်တာနဲ့ တောင် အဖြေရတဲ့ ပညာမျိုး
ပါဗျာ အခုတော့ အဘဥစ္စာက စေတီတော်
ကြီးကို ပတ်လိုက်ရတာ”ဟု ကျွန်ုပ်က
ပြောလိုက်ရာ ဦးမာဃကြီးက...

“မင်းကိုပြောမယ် မောင်ဘာဘာ၊ သက်
ရောက်ဂြိုလ်စားလောက်သဘောထားပြီး
သင်ပေးမယ် ဆိုရင်တော့ လွယ်ပါတယ်
ကွ၊ အဲဒါတတ်လို့လဲ ဘာမှ မဖြစ်ပါဘူး၊
ဒီထက်မကဟာတွေကွ၊
အခုဟာက
နောက်ကို စေတီတော်ကို လှည့်တဲ့ အခါ
မှာ ဒီလိုလှည့်လို့မရတော့ဘူး၊ မဟာသရ
ဂုဏ်တော်ကြီးကို ရွတ်ပြီးမှ လှည့်ရလိမ့်
မယ်၊ ဒါမှ ပညာသင်ရင်း ကုသိုလ်ရမှာ
ပေါ့ကွာ၊ စိန်ဖေက အငြိမ်မနေဘဲကိုး၊ ပြီး
တော့မင်းကိုပြောရဦးမယ်၊ ပညာသင်တဲ့
အခါမှာ ပျက်ခြင်းအကြောင်း နှစ်ကြောင်း
ရှိတယ်ကွ၊ ပညာက ခက်လို့ရှိရင် ခက်ပါ
တယ်၊ မလိုက်နိုင်တော့ပါဘူးဆိုပြီးလဲ
ပျက်တတ်သေးတယ်။ လွယ်ပြန်ရင်လဲ
လွယ်လွယ်ကလေးပါ၊ ဒါလောက်တော့
ဖြစ်ပါတယ်ဆိုပြီး အမှုမဲ့အမှတ်မဲ့လုပ်လို့
ပျက်တတ်သေးတယ်၊ အခုငါက မင်းကို
သင်ပေးမှာ က မတိမ်လွန်း မနက်လွန်း
တဲ့ အလယ်အလတ်ပညာကို သင်ပေးမှာ
ကွ" ဟု ဆိုကာ ကျွန်ုပ်အား ပညာဆက်၍သင်ပေးပြန်လေတော့၏။

ကျွန်ုပ်လည်း ဆူးလေစေတီတော်ကြီး
အား မဟာသရဏဂုုံရွတ်ဆို၍ ပတ်ရပြန်
လေတော့၏။

ဤသို့လျှင် ညအခါများ ၌ ဦးမာဃထံ၌
ပညာသင်၍ နေ့အခါများ ၌ ပွဲစားကြီးဦးစံ
ဖူး၏ အိမ်ကို ဆောက်လုပ်ခဲ့ရာ(၉)လ
တင်းတင်းပြည့်မြောက်သောအခါ၌
ခမ်းနားသော နှစ်ဆောင်ပြိုင် အိမ်မည်းကြီးလည်း လုံးဝပြီးစီးသွားသည့်အပြင်
ကျွန်ုပ်မှာ လည်း ဦးမာဃကြီးထံမှ
ပညာရပ်တစ်ခုကို ကောင်းစွာသင်ယူပြီး
ဖြစ်လေတော့၏။

“ကဲ မောင်ဘာဘာရေ၊ ပညာသင်တာ
ကပြီးပါပြီကွာ၊ မင်းတို့ ဆောက်တဲ့ အိမ်
ကြီးကလဲ လက်စသတ်ပြီးဆို တော့နက်ဖြန်မနက်ကိုပွဲစားကြီးဆီကို မင်းက
သွားပြီး ပြောပြပေတော့"ဟု ဦးမာဃက
ပြောသဖြင့် ကျွန်ုပ်လည်း နောက်တစ်နေ့
နံနက်စောစော၌ ရွှေတိဂုံစေတီတော်ဆီ
သို့ သွားရောက်၍ ပွဲစားကြီးဦးစံဖူးနှင့်
တွေ့ဆုံလေတော့၏။

ပွဲစားကြီးသည် ကျွန်ုပ်ကိုတွေ့လျှင်တွေ့
ချင်း
“ဗိသုကာဆရာလေးပါလား၊ ဆိုစမ်းပါ
ဦး”ဟု မေးလေ၏။

“ပွဲစားကြီးရဲ့ အိမ်ကို ဆောက်လုပ်ခဲ့တာ
လုံးဝပြီးစီးသွားပါပြီ”ဟု ကျွန်ုပ်ကပြော
လိုက်လျှင် ပွဲစားကြီးက
“ပြီးသွားပြီလား။ ဒီမှာ လဲ ပြီးသွား
ပြီ”ဟု ပြောလေ၏။

“အဲဒီတော့ မနက်ဖြန်မှာ ကျွန်တော်
ကတော့ ပွဲစားကြီးကိုအိမ်အပ်ချင်ပါ
တယ်၊ လာပြီးလက်ခံလိုက်ပါ၊ အိမ်ကြီး
ကတော့ ပထမတန်းစားအိမ်ကြီးပါပဲ၊ ခန့်
ညားလိုက်တာကလဲ မပြောပါနဲ့ ၊ အတွန့်
အညွန့် ဒေါင်းယဉ်ခိုနန်းတွေနဲ့ ၊ ဆောက်
တဲ့ နေရာမှာ လဲ မြေရွေးခြင်း၊ တိုင်ထူ
ခြင်းကမှ အစ အတိတ်နိမိတ်ကောင်းတွေ
နဲ့ သေသေချာချာလုပ်ထားပါတယ်”ဟု
ကျွန်ုပ်ကပြောလိုက်သော်လည်း ပွဲစား
ကြီး၏ အမူအရာမှာ တက်ကြွခြင်းမရှိဘဲ
အေးတိအေး စက်ဖြစ်၍ နေလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ပွဲစားကြီးအား
အောက်ပါအတိုင်းဆက်၍ ပြောမိပြန်
လေ၏။.

“ပွဲစားကြီးရဲ့ လူယုံတော်ကလည်း
စေ့စပ်ပါရဲ့ ဗျာ၊ ဘယ်ပုံမဆောက်ရဘူး၊
ဘယ်ပုံမလုပ်ရဘူးနဲ့ ညွှန်ကြား လိုက်
တာလဲ မပြောပါနဲ့ တော့”

ကျွန်ုပ်၏ စကားဆုံးသည် နှင့် ပွဲစား
ကြီးသည် ကျွန်ုပ်၏ မျက်နှာကိုသေချာစွာ
ကြည့်လေ၏။ ထိုသို့ကြည့်ပြီးနောက်
“ဘယ်လို ...ဘယ်လို ကျုပ်ရဲ့ လူယုံ
တော်ဟုတ်လား”ဟု ပြန်၍ မေးလေ၏။

“ဟုတ်တယ်လေ၊ ပွဲစားကြီးလွှတ်ထား
တဲ့ လူယုံတော်ကြီး ဦးမာဃကြီးလေ၊
အိမ်ဆောက်ရင် ကြီးကြပ်ဖို့ လွှတ် ထား
တာမဟုတ်လား"ဟု ကျွန်ုပ်ကပြန်၍ မေး
လိုက်လေ၏။

“မဟုတ်သေးဘူး ဆရာကိုဘာဘာရဲ့
ကျုပ်ဘယ်သူ့ကိုမှ ကိုယ်စားလှယ်မလွှတ်
ထားပါဘူး၊ ခင်ဗျားပြောတဲ့ ဦးမာဃဆိုတာလဲ ကျုပ်ဆီမှာ မရှိဘူး”ဟု ပွဲစားကြီး
က ပြောလိုက်လျှင်

“ဗျာ”ဟု ယောင်၍ အော်မိလေတော့၏။
ထိုသို့အော်မိပြီးနောက် “ကိုးလလုံးလုံး
အိမ်ကို ပွဲစားကြီးရဲ့
ကိုယ်စားလှယ်အဖြစ် လာပြီးဆောက်
ခိုင်းနေတာပဲ၊ ကျွန်တော်ဖြင့် မတွေးတတ်
အောင် ဖြစ်နေပါပြီ ပွဲစားကြီးရယ်”ဟု
ပြောဆိုညည်းညူမိလေတော့၏။

“အိမ်က တော်တော်ပဲ ကောင်း
သလား”ဟု ပွဲစားကြီးကမေးလေ၏။

“ပွဲစားကြီးမြင်ရရင်သိမှာ ပါ၊ တကယ်
ပါ ပွဲစားကြီးရယ်၊ အိမ်ကိုအပ်ပါရစေ၊
လိုက်ပြီးလက်ခံပါတော့"ဟု ဆိုသဖြင့်
ပွဲစားကြီးလည်း ၎င်း၏ တပည့် ဂွတိုဆိုသူ
အား ပစ္စည်းများကို သိမ်းဆည်းခိုင်းပြီး
လျှင် ကျွန်ုပ်နှင့် အတူ လိုက်ပါခဲ့ လေ၏။

ရွှေတိဂုံဘုရားပေါ်မှ ဆင်းပြီးနောက်
ရေတာရှည်ချောင်းကလေးကို ဖြတ်ကျော်
ပြီးလျှင် ကျွန်ုပ်တို့ ဆောက်လုပ်ထားသော
လွန်စွာခန့်ညားထည်ဝါသည့် နှစ်
ဆောင်ပြိုင်အိမ်ကြီးကို
ရောက်ရှိကြ
လေ၏။ ပွဲစားကြီးသည် အိမ်အတွင်းသို့
မဝင်မီပဲ အိမ်ရှေ့မှ ပင်သေချာစွာကြည့်၍
“အတော့်ကို လက်ရာမြောက်ပါပေ
တယ်၊ ဗိသုကာဆရာ မောင်ဘာဘာတို့
ကတော့ အသက်နဲ့ မလိုက်အောင် ပညာ
ပြည့်ဝပါပေတယ်၊ ဒါပေမယ့် ဒီအိမ်ကြီး
ကို ကျုပ်အလိုမရှိတော့ဘူး၊ ကျုပ်အနေနဲ့
အခုအခါမျိုးမှာ အရိပ်ကောင်း ကောင်းရ
တဲ့ သစ်ပင်တစ်ပင်လောက်တောင် ဒီအိမ်ကြီးကို တန်ဖိုးမထားနိုင်တော့ဘူး”ဟု
ပွဲစားကြီးကပြောလေ၏။

“ဘယ်လိုဖြစ်တာလဲ ပွဲစားကြီးရယ်”ဟု
ကျွန်ုပ်ကမေး လိုက်လေ၏။

“ဒီလို မောင်ဘာဘာရဲ့ ၊ ကိုးလဆိုတဲ့
အချိန်က နည်းတဲ့ အချိန် မဟုတ်ဘူး ၊
အဲဒီအတွင်းမှာ လူတစ်ယောက်ဟာ
အသိဉာဏ်ပြောင်းလဲသွားနိုင်တယ်၊
အစကနဦးကတော့ အိမ်ကြီး ဆောက်
မယ်၊ မိုးကုတ်က ကျုပ်မျက်စိကျထားတဲ့
မိန်းမတစ်ယောက်ကို တောင်းရမ်းပြီးယူ
မယ်လို့ စိတ်ကူးထားတာပဲ၊ ဒီစိတ်ကူး
တွေက သိပ်ပြီးအောက်တန်းကျတဲ့ စိတ်
ကူးတွေနဲ့ စိတ်ကူးထားတာ၊ အခုအခါမှာ
ကျုပ်ဟာ ဒီလိုခမ်းနားတဲ့ အိမ်ကြီးလည်း
မလိုချင်တော့ဘူး၊ ကျုပ်ရဲ့ ဝမ်းမီးက လေး ငြိမ်းရုံလောက် စားလောက်ရုံ သစ်သီး
ကလေးတစ်လုံးရယ်၊ ရေကလေးတစ်
မှုတ်ရယ်၊
လူသူတိတ်ဆိတ်တဲ့ တောကြီးမျက်မည်းရယ်၊ ဒါပဲအလိုရှိတော့တယ်။
ကျုပ်မှာ
ဆွေမျိုးပေါက်ဖော်ဆိုလို့လဲ တစ်ယောက်
မှ မရှိပါဘူး။ အဲဒါကြောင့် မောင်ဘာဘာ
စိတ်တိုင်းကျ ဆောက်လုပ်ထားတဲ့ အိမ်ကို
မောင်ဘာဘာပဲနေပါတော့၊ . မောင်ဘာ
ဘာကိုပဲ အပိုင်ပေးလိုက်ပါပြီ”ဟု ပွဲစား
ကြီးကပြော လိုက်လေ၏။

“ဗျာ ကျွန်တော်က ဒီအိမ်ကြီးကို
အလကားယူရမယ်ဟုတ်လား”ဟု ကျွန်ုပ်
ကမေးလိုက်၏။

“ဟုတ်ပါတယ်၊ ကျုပ်က မောင်ဘာဘာ့
ကိုပေးလိုက်ပြီပါပြီ၊ နေချင်ရင်လဲနေပါ၊ မနေချင်လဲ ရောင်းစားပစ်လိုက် ပါ၊ ကဲ
ကျုပ်အတွက်တော့ အလိုမရှိတော့ပါဘူး၊
ဒီအိမ်ကြီးမှာ ကျုပ်နေရရင် လွတ်မြောက်
မှာ မဟုတ်တော့ဘူး၊ ဒီအိမ် ကြီးဟာ တစ်
နည်း တစ်ဖုံအားဖြင့် ထောင်ကြီးဖြစ် သွား
လိမ့်မယ်၊ အိမ်ထောင်ကြီးပေါ့ဗျာ၊ ကဲ ကဲ
ဂွတို၊ မင်းကလဲ ငါအလျင်နေခဲ့တဲ့
စမ်းချောင်းက အိမ်ကို ယူလိုက်ပေ
တော့"ဟု ပြောဆိုကာ ပွဲစားကြီးဦးစံ
ဖူးသည် ရေတာရှည်ချောင်းကလေး ကို
တံတားကလေးပေါ်မှ ဖြတ်ကျော်၍ ထွက်
သွားလေ၏။

ပွဲစားကြီး၏ တပည့်ဂွတိုသည် ပွဲစား
ကြီးနောက်သို့ လိုက်ပါခြင်းမပြုတော့ဘဲ
၎င်းပိုင် ဆိုင်ရတော့မည့် စမ်းချောင်းရပ်မှ
အိမ်ဆီသို့ခြေကုန်သုတ်၍ ပြေးသွားလေတော့၏။

ကျွန်ုပ်မှာ မူ ဤတစ်သက်တွင် ဖြင့် ဤ
အိမ်မျိုးကြီးကို ပိုင်ဆိုင်ရမည်ဟု စိတ်မှပင်မကူးရဲပါပဲလျက် ယခုကဲ့သို့
ရုတ်တရက်ပိုင်ဆိုင်ခွင့်ရသောအခါ
ကျွန်ုပ်သည် ပွဲစားကြီးကိုမျှ ကျေးဇူးတင်
ကြောင်းမပြောနိုင်တော့ဘဲ အိမ်ကြီးကို
ရှေ့မှ ကြည့်၏။ တဖန်ဘေးသို့ပြေး၍ ကြ
ည့်ပြန်လေ၏။ ဘေးမှ တစ်ဖန် အခြား
ဘေးတစ်ဖက်သို့ ပြေး၍ ကြည့်ပြန်၏။
ဤသို့နှင့် ပင် ကျွန်ုပ်သည် ဝမ်းသာ အားရ
ဖြင့် အိမ်ကြီးကိုပတ်၍ ကြည့်နေမိလေ၏။
ထို့နောက်အိမ်ကြီးကို ပတ်၍ ပြေးနေမိ
လေ၏။ မည်မျှအချိန်ကြာသည် အထိ
ကျွန်ုပ်ပြေးနေသည် ကို မသိပေ။

လက်သမားဆရာမောင်စိန်ဖေ ရောက်ရှိလာပြီးလျှင်...
“ဟေး မောင်ဘာဘာ ဘယ်လိုဖြစ်နေ
တာလဲ၊ ဘာဖြစ်လို့ပြေးနေတာတုံး”ဟု
အော်ဟစ် လိုက်မှ ပင် ကျွန်ုပ် သည်
လည်း ပြန်သတိရကာ ပြေးနေသော
ခြေလှမ်းကိုတုံ့ကနဲ ရပ်လိုက်မိ လေ၏။
ထိုသို့ရပ်ပြီးနောက်
“ကျုပ်ဒီအိမ်ကြီးကိုပိုင်ပြီဗျ”ဟု မောင်
စိန်ဖေအား ပြောလေ၏။

“ဟုတ်လား၊ ဘယ်ပုံဘယ်နည်း ပိုင်တာ
လဲ၊ ပြောပြစမ်းပါဦး”

“ပွဲစားကြီးက ကျုပ်ကိုအပိုင်ပေးသွား
ပြီ၊ သူမနေတော့ဘူးတဲ့ "ဟု အစချီကာ
ကျွန်ုပ်သည် ဖြစ်ကြောင်းကုန်စင်ကိုပြော
ပြလေ၏။

မောင်စိန်ဖေလည်း ကျွန်ုပ်ပြောပြသည်
များကို အံ့သြ၍ နားထောင်နေလေ၏။
ထို့နောက် မောင်စိန်ဖေက
“ဒါနဲ့ နေစမ်းပါဦး၊ မင်းဟိုအဘိုးကြီး
ကော”ဟု မောင်စိန်ဖေကမေးလေ၏။

“အဲဒါအရေးအကြီးဆုံးပေါ့ဗျာ၊ ဦးမာဃ
ကြီးမဟုတ်လား၊ သူ့ကိုတွေ့အောင်ရှာရ
မယ်”ဟု ကျွန်ုပ်ကပြောဆိုပြီးနောက်
သော့ခလောက်များ ဝယ်ယူကာ ကျွန်ုပ်
ပိုင်သော အိမ်ကြီးအား တံခါးများ ပိတ်၍
သော့များ ခတ်ကာ သော့တွဲကြီးကို ခါးမှာ
ချိတ်ဆွဲ လိုက်လေတော့၏။

ထို့နောက် ကျွန်ုပ်သည် ရင်ကိုကော့၍
မောင်စိန်ဖေအား
“မြို့စားကြီးတစ်ဦးနေတဲ့ အိမ်ကြီး
လောက်ကိုကြီးတဲ့ အိမ်ကြီးတစ်လုံးကို!!
ကျုပ်ပိုင်ပြီ မောင်စိန်ဖေရေ"ဟု
အော်ဟစ် လိုက်လေတော့သတည်း။

ကျွန်ုပ်တို့ ထိုနေ၌ ပင် ဦးမာဃကြီးအား
ရန်ကုန်တစ်မြို့လုံး၌ ရှာဖွေလေတော့၏။
ညနေပိုင်းသို့ရောက်လျှင် ပုဇွန်တောင်ရပ်
ရှိကျွန်ုပ်၏ အိမ်ကလေးဆီသို့ ပြန်သွားပြီး
လျှင် ရေမိုးချိုးကာ ဦးမာဃကြီးနှင့်
တွေ့ဆုံနေကျဖြစ်သော ဆူးလေဘုရားရှိ
တနင်္ဂနွေထောင့်ဆီသို့သွား ရောက်ခဲ့
လေ၏။

သို့ရာတွင် ထိုနေရာသို့လည်း ဦးမာဃ
သည် ရောက်မလာတော့ပေ။ ကျွန်ုပ်သည်
ဦးမာဃကြီးကို မတွေ့ရသဖြင့် ဝမ်းနည်း
သကဲ့သို့ရှိလာတော့၏။

“အိမ်ကြီးကို ပိုင်ဆိုင်ရတာကဟုတ်ပါ
ပြီ၊ ဆရာသမားတစ်ယောက်တော့ဆုံးရှုံး
ပြီ”ဟု တွေးမိလေ၏။

ကျွန်ုပ်သည် ထိုနေ့မှ စ၍ နေ့စဉ်နေ့
တိုင်းဦးမာဃကြီးအား တွေ့လိုတွေ့ငြား
ရှာဖွေခဲ့လေ၏။ ရန်ကုန်မြို့တွင် သာမက
ရွှေဘို၊ မန္တလေး၊ မင်းဘူးရွှေစက်တော်
အစရှိသည့် နေရာများ သို့တိုင်အောင်
ဦးမာဃကြီးအား သွားရောက်ရှာ ဖွေခဲ့
လေ၏။

သို့ရာတွင် မည်သည့် နေရာတွင် မှ
အရိပ်အရောင်ကိုပင် မတွေ့ရပေ။ ထို့
ကြောင့် ကျွန်ုပ်သည် ရန်ကုန်မြို့သို့ ပြန်
လာပြီးလျှင် ပုဇွန်တောင်ရှိ တဲကလေးမှ
နေ၍ ရေတာရှည် ချောင်းနံဘေးရှိ နှစ်
ဆောင်ပြိုင်အိမ်ကြီးဆီသို့ ပြောင်းရွှေ့၍
နေထိုင်ခဲ့လေတော့၏။

ကျွန်ုပ်သည် အိမ်တက်မင်္ဂလာကို
ကျွန်ုပ်၏ ဆရာကြီး ဦးမာဃကြီးသင်ပြ
ပေး ထားသည့် အတိုင်း ပြည့်ပြည့်စုံစုံ
ဆောင်ရွက်လုပ်ကိုင်လေ၏။ ထိုအိမ်ကြီး
သို့ရောက်ရှိပြီး နှစ်ရက်မြောက်သောနေ့၌
ကျွန်ုပ်သည် ပျင်းပျင်းရှိသည် နှင့် ဦးမာဃ
ကြီးသင်ပြပေးထားသော ဒိဝါတပိအစချီ
တော ဂါထာကိုရွတ်ဆိုနေမိလေတော့၏။

ထိုအချိန်၌ တစ်စုံတစ်ယောက်သည် ခြံ
ဝသို့ရောက်ရှိ လာပြီးလျှင် “အိမ်ရှင်တို့ ၊
အိမ်ရှင်တို့ " ဟု အော်ဟစ်ခေါ်ခဲ့သဖြင့်
ကျွန်ုပ်က 
“တက်ခဲ့လေ”ဟု ဆို လိုက်လေ၏။

ထိုသူသည် အိမ်ပေါ်ထပ်သို့ မဝံ့မရဲနှင့်
တက်၍ လာလေ၏။ ကျွန်ုပ်အနီးသို့
ရောက်လျှင် ကျုံ့ကျုံ့ယုံ့ယုံ့ထိုင်၍
“ဆရာကြီးကော”ဟု မေးလေ၏။

“ဘယ်ကဆရာကြီးလဲဗျ”ဟု ကျွန်ုပ်က
ပြန်၍ မေးလျှင် ထိုသူက 
“ခင်ဗျားနဲ့ အတူလာတဲ့ ဆရာကြီး
လေ”ဟု ဆိုလေ၏။

“ဘယ်ကိုလာတာကိုပြောနေတာတုံး
မိတ်ဆွေရ”ဟု ကျွန်ုပ်ကခပ်မာမာ ပြန်၍
ပြော ရပြန်လေ၏။

“ရေကျော်မှာ ကျုပ်ရဲ့ တိုက်ကြီးကိုဆောက်နေတုန်းက
ခင်ဗျားရယ်အဲဒီ ဆရာကြီးရယ် ရောက်လာကြတယ် လေ
ဗျာ၊ အဲဒီဆရာကြီးက တိုက်သစ်ဆောက်
ပြီးရင် ကျုပ်မိန်းမသေမယ်လို့ ပြောခဲ့
တယ်မဟုတ်လား၊ အဲဒီတုန်းက ကျုပ်သူ့စကားကို
အယုံအကြည်မရှိလို့မောင်းတောင် ထုတ်မိသေးတယ်၊ အခုတော့
ဆရာကြီးပြောတာ မှန်နေပါပြီဗျာ၊
ဆရာကြီးနဲ့ တွေ့ခွင့်ပေးပါ"ဟု ထိုသူသည်
ငိုယို၍ ပြောလေ၏။

“ခက်တယ်ဗျာ၊ သိပ်ခက်တယ်၊ အဲဒီ
ဆရာကြီးဘယ်ရောက်နေပြီဆိုတာ
ပြောတတ်အောင်ပါပဲ၊ ကျုပ်လဲ ခင်ဗျားလို
ပဲတွေ့ချင်နေတာ”ဟု ပြောဆိုလိုက်လျှင်
ထိုသူသည် မျက်ရည်စများ သုတ်၍ 
“မိတ်ဆွေရယ် အဲဒီဆရာကြီးဆီက ပညာများကော
တော်တော်ရလိုက်ရဲ့လား”ဟု မေးလေ၏။

“ရလိုက်ပါတယ်ဗျာ”

“ရလိုက်ရင်တော့
ခင်ဗျားကပဲ ဆရာကြီးကိုယ်စား ကျုပ်ရဲ့ ရှေ့ရေးကို ပြောပြပါတော့"ဟု
တောင်းပန်သောကြောင့် ကျွန်ုပ်လက်သမားဆရာ မောင်
ဘာဘာသည် ကျွန်ုပ်၏ ဆရာကြီး ဦး
မာဃထံမှ သင်ကြားခဲ့သော ပညာဖြင့်ထို
သူ အားတွက်ချက်စစ်ဆေးပြီးနောက် ရှေ့
တွင် မည် သို့မည်ပုံဖြစ်မည်၊ မည်သည် ကို
ရှောင်၍ မည်သည် ကိုဆောင်ရမည်
စသည် များကို ပြောဆိုလိုက် ရလေ
တော့၏။

ထိုသူသည် မကြာခဏဆိုသလို ကျွန်ုပ်
အိမ်သို့ရောက်ရှိ လာပြီးလျှင် တွက်ချက်
ခိုင်း၏။ ၎င်း၏ မိတ်ဆွေများကို လည်း
ခေါ်ယူခဲ့လေ၏။ ကျွန်ုပ်သည် ဤသို့လျှင်
တွက်ချက်နေရပါက ဗေဒင်ဆရာတစ်ဦး
ဖြစ်၍ သွားပေတော့မည်။ ကျွန်ုပ်မှာ
မူကား ဗေဒင်ဆရာအလုပ်ကို ဝါသနာပါ
သူမဟုတ်ရကား ဗေဒင်ဆရာဖြစ်မည့်
လမ်းကြောင်းကိုလည်း ရှောင်ကြဉ်ခဲ့
လေ၏ ၊ ထို့ကြောင့် ထိုသူ့ကိုလည်း
လမ်းစဖြတ်ခဲ့လေတော့သည် ။

ကျွန်ုပ်သည် ဦးမာဃသင်ပေးထား
သော နည်းစနစ်များကြောင့် ကျွန်ုပ်၏
အကျိုးပေးမည့် အလုပ်ကိုတွက်ချက် ကြ
ည့်ရာ သစ်လုပ်ငန်းဖြင့် အကျိုးပေးမည်
သည် ဖြစ်ကြောင်း တွေ့ရှိရသဖြင့် လက်သမား
လုပ်၍ ရသော ငွေကလေးများကို
စုဆောင်း၍ သစ်ကုန်သည် အလုပ်ကို
လုပ်ကိုင်လေ၏။

သုံးနှစ်မျှလုပ်ကိုင်ခဲ့သည် ဆိုလျှင်ပင်
သစ်လုပ်ငန်း၌ ကောင်းမွန်စွာ ကျွမ်းကျင်
လေတော့၏။ ဤသို့နှင့် ပင် ကျွန်ုပ်
လက်သမားဆရာမောင်ဘာဘာသည်
သစ်ကုန်သည် သူဌေးကြီး ဦးဘာဘာ
ဟူ၍ ဖြစ် လာလေတော့သတည်း။

ထိုအချိန်၌ ကျွန်ုပ်သည် ပျဉ်းမနားမြို့
သစ်ကုန်သည် ကြီး ဦးသာဟန် ဒေါ်
ကလေးမတို့ ၏ သမီး မြမြဆိုသော
မိန်းကလေးနှင့် ထိမ်းမြားလက်ထပ်
လိုက်လေ၏။ ကျွန်ုပ်၌ သားသမီးသုံး
ယောက် ထွန်းကားခဲ့လေသည် ။ ထို
သားသမီး များမှာ မောင်ဟန်၊ မောင်ပန်၊
မယ်ခြုံဟူ၍ ဖြစ်ပေသည် ။
သားသမီးများ အရွယ်ရောက်သောအခါ
ကျွန်ုပ်သည် ကျွန်ုပ်၏ ဆရာကြီးဦးမာဃ
အား ရှာဖွေလိုစိတ်များ ဖြစ် ပေါ်လာပြန်
လေ၏။ ထို့ကြောင့် တစ်နေ့တွင် ကျွန်ုပ်သည်
.....

(ထိုနေရာမှ စ၍ ခြများကိုက်ထားသ
ဖြင့် ဆက်လက်၍ ဖတ်ရှုနိုင်ခြင်းမရှိပါ။)

(စာရေးသူ)

အထက်ဖော်ပြပါ မှတ်တမ်းကြီးကို ဖတ်ရှုပြီးနောက်ဇက်
ညောင်းလွန်းရကား ဦးခေါင်းကို ဟိုဘက်
သည် ဘက် ခါယမ်း လိုက်လေ၏။

ထိုအခါကျွန်ုပ်၏ မိတ်ဆွေကြီး ဆား
ပုလင်းနှင်းမောင်က
ဘယ်လိုလဲအိုင်ပီရဲ့ ၊ ဗိသုကာဆရာကြီး
ရဲ့ မှတ်တမ်းဟာတော်တော်ပဲ ဖတ်လို့
ကောင်းရဲ့ လားဗျာ”ဟု မေး လိုက်လေ၏။
“ကောင်းတယ်ဗျ၊ အတော့်ကို ဖတ်လို့
ကောင်းပါတယ်၊ ဒီအိမ်ကြီးခမ်းနားပုံကို
ဒီအတိုင်းကြည့်တာထက်
ဟောဒီ
မှတ်တမ်းကြီးကို ဖတ်ပြီးမှ ကြည့်လိုက်
ရင် ပိုပြီးကောင်းတယ်ဗျ၊ ဒီအိမ်ကြီးမှာ
နေထိုင်သွားကြာတဲ့ လူတွေရဲ့ ဆွေစဉ်မျိုး
ဆက်ကလဲ တကယ့်ကိုထူးဆန်းကြတယ်
ဗျ၊ ကံတရားတွေလဲ အတော်ကောင်းကြတယ်၊ တစ်နည်းပြောရရင်တော့ အိမ်
ကြီးပေါ်မှာ နေထိုင် သွားခဲ့ကြတဲ့
ဆွေစဉ်မျိုးဆက်တစ်ခုလုံးက သူ့နည်းသူ့
ဟန်နဲ့ ခမ်းနားကြတာကိုးဗျ”ဟု ကျွန်ုပ်က
အားရပါးရပြောလိုက်ရာ ဆားပုလင်းနှင်း
မောင်က မခိုးမခန့်ပြုံး၍

“အဲဒီလိုထင်အောင်လို့ ဖန်တီးထားတာ
ပဲ၊ ဒီအချက်ကိုပြန်ကြည့်ရင် ဘိလပ်ပြန်
ဦးကိုကိုလတ်ဆိုတဲ့ လူဟာ အတော့်ကို
ဉာဏ်ကောင်းပုံရတယ်၊ အလုပ်တစ်ခုကို
သေသေချာချာ ဂဃနဏပြင်ဆင်ပြီးမှ
လုပ်လေ့ရှိတဲ့ လူတစ်ယောက်ဆိုတာ
သိသာနိုင်တယ်ဗျ”ဟု ပြော လိုက်လေ၏။

“ခင်ဗျားပြောတာ ကျုပ်နားမလည်ဘူး
ကိုနှင်းမောင်"ဟု ကျွန်ုပ်ကပြန်၍ ပြော
လိုက်လေ၏။

“ဒီလို ဒီလို အခုအိုင်ပီဖတ်ရတဲ့
မှတ်တမ်းကြီးဟာ လိမ်လည်ရေးထားတဲ့
မှတ်တမ်းကြီးဗျ၊ ရှေးတုန်းက ရေးခဲ့တာ
လဲ မဟုတ်ဘူး ၊ မကြာသေးခင်ကမှ
လုပ်ကြံရေးသားထားတာဖြစ်တယ်၊ ဒါပေ
မယ့် ယုတ္တိရှိအောင် အတော်လေး ဖန် တီး
ထားတယ်ဗျ၊ မှတ်တမ်းကြီးမှာ ခဲတံနှင့်
မျဉ်းသားထားတဲ့ နေရာတွေမှာ တခြား
ခဲတံကို မသုံးဘူး၊ လက်သမားခဲတံကို
အသုံးပြုထားတယ်၊ စာရေးပုံရေးနည်းလဲ
အတော်ကောင်းပါတယ်၊
စိတ်ဝင်စား
အောင် ရေးနိုင်ပါပေတယ်၊ ဒါပေမယ့်
မှတ်တမ်းအတုကြီးကိုသိလိုက်ရ
ကတည်းက ကျုပ်ဖြင့်ဆက်ပြီးတောင်မ
ဖတ်ချင်တော့လို့ မဖတ်တော့ပါဘူး
ဗျာ”ဟု ဆား ပုလင်းနှင်းမောင်ကပြောi
လေ၏။

“ဟုတ်လားကိုနှင်းမောင်ရဲ့၊ ဘယ်
အချက်ကို ကြည့်ပြီးခင်ဗျားက အတုကြီး
လို့ပြောရတာ လဲ”ဟု ကျွန်ုပ်က မေးလိုက်
ရာ ဆားပုလင်းနှင်းမောင်က

“သိသာထင်ရှားတဲ့ အချက်တွေက
အများကြီးပါပဲဗျာ၊ အဲဒီအထဲက တစ်ခုကို
ပဲ ပြောတော့မယ်၊ မှတ်တမ်းကြီး ကို
ဘဝရှင်မင်းတုန်းမင်းတရားကြီး
လက်ထက်လို့ အစချီထား တယ်ဗျ၊ ဒါပေ
မယ့်တစ်နေရာမှာ ကျတော့ တစ်မျိုးလုံး
တစ်ဆွေလုံး သူတို့ တိုင်မဆုံး တို့ တတွေ
ပခုံးမှာ မီးအုံးအုံးထမတက်ဆိုတဲ့ နွား
မေတ္တာစာကို ရေးသားထားတာ တွေ့ရ
တယ်ဗျ၊ အချိန်သိပ်ပြီး ကွာနေတယ်။ အဲဒီ
မေတ္တာစာနဲ့ ဘဝရှင်မင်းတုန်းမင်းတရား
ကြီး လက်ထက်ဟာ ဘာမှ မပတ်သက်
ဘူး။ ဒါပေမယ့် ဘိလပ်ပြန် ဦးကိုကိုလတ်
ဟာ အနောက်နိုင်ငံသား တွေရဲ့ ဂိုက်ကို
ဖမ်းပြီး ဆွေစဉ်မျိုး ဆက်ဇယားတွေ
မှတ်တမ်း တွေ ဘာတွေနဲ့ ကြီးကြီးကျယ်
ကျယ် အကွက်စေ့စေ့ကြံထားတဲ့ အကြံဗျ၊
ဒါပေမယ့် ကျုပ်တို့ မြန်မာလူမျိုးမှာ ဒီလို
ဆွေမျိုး ဆက် မှတ်တမ်းရေးတဲ့ ထုံးစံမရှိ
ဘူး ဗျ"ပြောလိုက်မှ ပင် ကျွန်ုပ်
စိတ်ဝင်စားစွာ ဖတ်ရှုခဲ့ရသော ဗိသုကာ
ဆရာ ဦးဘာဘာ ၏ မှတ်တမ်းကြီး မှာ
လုပ်ကြံဖန်းတီးထားသော မှတ်တမ်းကြီး
ဖြစ်ကြောင်းရိပ်မိလေတော့၏။ ကျွန်ုပ်တို့
လည်း ထိုနေ့အဖို့ ၌ ဆားပုလင်းနှင်း
မောင်နှင့် လမ်းခွဲခဲ့ကြပြီးလျှင် အိမ်သို့
ပြန်၍ လာလေတော့၏။ အိမ်သို့ရောက်
သောအခါ၌ ကျွန်ုပ်၏ ဇနီးသည် က
ကျွန်ုပ်အား
စိတ်ဆိုးမပြေသေးပဲ
စိတ်ကောက်၍ နေသောကြောင့် ချော့မော့
ရသေးတော့၏။ ကျွန်ုပ်ထင်ပါသည် ။ ထို
အချိန်၌ စုံထောက်ဦး ကိုကိုကြီးသည်
လည်း ၎င်း၏ မိန်းမကို ကျွန်ုပ်ကဲ့သို့ပင်
ချော့မော့၍ နေပေလိမ့်မည် ဖြစ်၏။

ကျွန်ုပ်၏ မိန်းမသည် စိတ်ဆိုးပြေသွားသောအခါ၌
ကျွန်ုပ်ကြိုက်တတ်သော ငါးမြင်းဟင်းဆီ ပြန်နှင့် မရမ်းသီး
ဆားရည်စိမ် သုံးဦးစပ်ငါးပိစသည် တို့ နှင့်
ကျွန်ုပ်အား ကောင်းမွန်ကျနစွာ ကျွေးမွေး
သည် ဖြစ်ရာ ကျွန်ုပ်သည် မြိန်ရှက်စွာ စား
သောက်ရလေတော့ သတည်း။

နောက်တစ်နေ့နံနက်စောစောတွင်
ကျွန်ုပ်သည် ရုံးသို့မသွားတော့ပဲ ဆား
ပုလင်းနှင်းမောင်ဆီ သို့သာ သွားရောက်ခဲ့
လေတော့သည် ။ ကျွန်ုပ်ရောက်သွားသော
အချိန်မှာ နံနက်ငါးနာရီကျော်ကျော်ခန့်သာ
ရှိသေးသောကြောင့် ကျွန်ုပ်၏ 
မိတ်ဆွေကြီးသည် အိပ်ရာမှ နိုးမှ နိုးပါဦး
မလားဟု ပူပန်မိသေးတော့၏။ ထို့ကြော
င့် တံခါးကို မရဲတရဲခေါက်လိုက် မိလေ
သည် ။ ထိုအခါအတွင်းမှ ဆားပုလင်း
နှင်းမောင်က...

“အိုင်ပီ ဝင်ခဲ့လေ၊ တံခါးက စေ့ရုံစေ့
ထားတာပါ”ဟု ပြန်၍ ပြောလိုက်သဖြင့်
ကျွန်ုပ်သည် တံခါးကိုအသာဆွဲ၍ ဖွင့်ပြီး
နောက်အိမ်တွင်းသို့ ဝင် လိုက်လေ၏။
အတွင်းသို့ရောက်သည့်အခါ၌ ကြည့်
လိုက်ရာ ဆားပုလင်းနှင်းမောင်၏
နံဘေး၌ ဆေးလိပ်တိုများ လက်ဖက်ရည်ပန်းကန် အလွတ်များ ၊
တယောနှင့် ဘိုးတံများ ၊ မှတ်စုစာအုပ်
များ ရှုပ်ပွ၍ နေသည့် အပြင်
သမံတလင်း ပေါ်၌ လည်း မြေဖြူနှင့်
ရေးသားထားသောစာများ ၊ အိမ်ပုံစံများ ၊
ခြံပုံစံများကိုတွေ့ရလေသည်။ ထို
အခြင်းအရာကို ကြည့်ခြင်းအားဖြင့်
ဆားပုလင်းနှင်းမောင်သည် တစ်ညလုံးမအိပ်ပဲ အလုပ်လုပ်လျက်ရှိကြောင်းထင် ရှားပေ
သည် ။

“ဘယ်လိုလဲအိုင်ဆေး၊ ရှုပ်ပွနေပါလား၊
သမံတလင်းပေါ်က ရေးထားတာတွေက
ဘာတွေတုံးဗျ”ဟု ပြောလိုက်ရာဆား
ပုလင်းနှင်းမောင်က “ရေတာရှည်လမ်းက
အိမ်နဲ့ ခြံကြီးရဲ့ ပုံစံလေဗျာ"ဟု ပြန်၍ ဖြေလေ၏။

“အခုဘယ်လိုလဲ၊ အဖြေရပြီလားကို
နှင်းမောင်ရဲ့ "ဟု ကျွန်ုပ်ကမေး လိုက်
လေ၏။

“ရပြီလိုဆိုရမှာ ပေါ့ဗျာ၊ ခြံထဲကို ကျုပ်
လျှောက်ပြီးကြည့်တုန်းကတွေ့ထားတဲ့
ခြေရာတွေကို သမံတလင်းမှာ ပုံကြမ်းဆွဲ
ပြီး စဉ်းစားကြည့်တာဗျ၊ ခါးကုန်းကြီးရဲ့
ခြေရာကိုတော့ အိုင်ပီမှတ်မိ တယ်နော် ”ဟု
ကျွန်ုပ်ကိုမေးလိုက်သေး၏။

ကျွန်ုပ်က 
“ခင်ဗျားနဲ့ တွဲနေတာ ကြာမှ ပဲဗျာ၊ ထိပ်
ပိုင်းကားကားနံရံဘေးတစ်လျှောက်မှာ
တွေ့ရတဲ့ ခြေရာဟာ ခါးကုန်းကြီးရဲ့
ခြေရာပေါ့၊ ကျုပ်အကဲမခပ် တတ်တာက
နံရံပေါ်မှာ သွေးစွန်းနေတဲ့ လက်ကို
သုတ်သွားတဲ့ လက်ရာဟာ အပြည့် အစုံ
မဟုတ်လေတော့ ကလေးမှန်းလူကြီးမှန်း
မသိဖြစ်တာပါပဲ”ဟု ကျွန်ုပ်က ပြန်၍
ပြောလိုက်ရာ ဆားပုလင်းနှင်းမောင်သည်
စီးကရက်တစ်လိပ်ကိုထုတ်၍ မီးညှိရှိုက်
ဖွာပြီးနောက်....

“ဒါက ဒီလိုပါ၊ မှန်ဘီလူးနဲ့ သေသေချာ
ကြည့်မှ
လက်မထိပ်တွေ လက်သန်းထိပ်
တွေ နေရာတွေက လူကြီးရဲ့ လက်ရာ ဖြစ်ကြောင်းအကွာအဝေးအရ ညွှန်ပြနေ
တယ်လေဗျာ၊ ကျုပ်ပြော ချင်တာက ဒါ
မဟုတ်ဘူး ဗျ၊ ခြေရာအကြောင်း ခါးကုန်း
ကြီးရဲ့ ခြေရာဟာ ခင်ဗျားပြောတာမှန်ပါ
တယ်၊ ထိပ်ပိုင်းကားကားနဲ့ ခြေရာပါပဲ၊
အဲဒီခြေရာကို ခြံထဲမှာလဲတွေ့ ရတယ်ဗျ၊
သွားတဲ့ လမ်း ကြောင်းအတိုင်း စဉ်းစား
ကြည့်တော့ လူသတ်သမားသုံးယောက်ဆို
တာ သိသာတယ်၊ ဒါပေမယ့် ခြံထဲကို သုံး
ယောက်လုံး ပြိုင်တူဝင်တာ မဟုတ်ဘူး
ဗျ၊ ခါးကုန်းကြီးက အရင်ဝင်တာ၊ ပြီးမှ
အပြင်မှာ စောင့်နေတဲ့ သူ့လူနှစ်ယောက်
ကို သူကသွားပြီးခေါ်တာ၊ ဘာဖြစ်လို့ ဒီလို
ပြောနိုင် လဲဆိုရင် အစေခံတန်းလျားနား
မှာ ခါးကုန်းကြီးရဲ့ ခြေ ရာကိုတွေ့တယ်၊
သူ့လူတွေရဲ့ ခြေရာ ကိုမတွေ့ဘူးဗျ၊ အဲဒါ
ကဘာလဲဆိုတော့ ခါးကုန်းကြီးကခြံထဲကို
အလျင်ဝင်ပြီး အစေခံတန်းလျားမှာ လူရှိ
မရှိ လာပြီးချောင်းမယ်ဗျ၊ မရှိဘူးဆိုတာ
သေချာမှ သူ့လူတွေကိုပြန်ပြီး ခေါ်တဲ့
သဘောပဲ”ဟု ဆားပုလင်းနှင်းမောင်က
ပြောရာကျွန်ုပ်က...

“ဟုတ်လိုက်လေ ကိုနှင်းမောင်ရယ်..."ဟု  အားရဝမ်းသာထောက်ခံမိ
လေတော့၏။

“အဲဒီအခါမှ ခါးကုန်းကြီးအပါအဝင်
လူသတ်သမားသုံးယောက်က အိမ်ပေါ်
ထပ်ကို နောက်ဖေး လှေကားက နေတက်
ပြီးသွားကြတာဗျ၊ ပြီးတော့မှ နောက်ဖေး
တံခါးကို အပြင်ကနေ သံချိတ်နဲ့ ကော်ပြီး
ဝင်ကြတာ၊ အထဲရောက်တော့ သုံး
ယောက်သားနောက်ဖေးဘက်မှာ မှောင်ရိပ်ခို ပြီးရပ်နေကြတယ်ဗျ။ အဲဒါတွေက
ခြေရာတွေကဖော်ပြနေတဲ့ အ ချက်တွေပဲ၊
အဲဒီအချိန်မှာ အသတ်ခံရမယ့်အိမ်ရှင်
ဘိလပ်ပြန် ဦးကိုကိုလတ်ဟာ အရက်
ဖန်ခွက်ကိုကိုင်ပြီး မိန်းကလေး ရဲ့ အခန်း
ထဲကိုဝင်မယ်အလုပ်မှာ မှ လူသတ်သမား
သုံးယောက်အနက် သားရေပြောင်ဖိနပ်
ကို စီးထားတဲ့ အရပ်မြင့်မြင့် လူတစ်
ယောက်က လျှောက်လာတာဗျ၊ ဒါတွေက
လဲ ခြေရာတွေက ဖော်ပြနေတဲ့ အချက်ပဲ၊
အဲဒီခြေရာနဲ့ ဦးကိုကိုလတ် ရဲ့ ခြေရာဟာ
ထိပ်ချင်းတွေ့ကြတယ်၊ ဒါပေမယ့် ဦး
ကိုကိုလတ်ရဲ့ ခြေရာမှာ ထွက်ပြေးတဲ့
လက္ခဏာမရှိဘူး၊ လှုပ်ရှားတဲ့ လက္ခဏာမ
ရှိဘူးဗျာ၊ ဒီအချက်က ဘာကိုဆိုလိုတာ
လဲဆိုတော့”ဟု ဆားပုလင်းနှင်းမောင်ကပြောရင်းစကားကိုရပ်လိုက် လေ၏။

ထိုအခါကျွန်ုပ်က.....
“သားရေပြောင်ဖိနပ်ခြေရာနဲ့ ဦးကိုကို
လတ်ဟာ တစ်ယောက်နဲ့ တစ်ယောက် သိ
ကြလို့ပေါ့ ဗျာ၊ ဒါကြောင့် ဦးကိုကိုလတ်ရဲ့
ခြေရာမှာ လှုပ်ရှားတဲ့ သဏ္ဍာန်မျိုးမ
တွေ့ရတာပေါ့”ဟု ဝင်၍ ပြောမိ လေ၏။

“အသိဆိုရင် အိမ်နောက်ဖေးက ခိုးဝင်
ဖို့ မလိုဘူးလေဗျာ၊ ငြိမ်နေတာဟာ အသိ
ဖြစ်လို့ မဟုတ်ဘူး ၊ သားရေ ပြောင်ဖိနပ်
သမားလက်ထဲမှာ သေနတ်ပါလာလိမ့်မ
ယ်ဗျို့၊ သေနတ်နဲ့ ချိန်ပြီးလျှောက်လာတဲ့
အမူအရာမျိုးတွေ့ရတယ်၊ ဘာဖြစ်လို့
လဲဆိုတော့ ခြေလှမ်းပုံက ခပ်ကျဲကျဲခပ်
မှန်မှန်ပဲဗျ”ဟု ဆားပုလင်းနှင်းမောင်က
ပြော လိုက်လေ၏။

“ဟုတ်တာပေါ့ ကိုနှင်းမောင်ရယ်၊ ကျုပ်
ဟာ တော်တော်ရှော်တဲ့ လူပဲ၊ ခင်ဗျားနဲ့
ပေါင်း နေတာတောင် ခင်ဗျားရဲ့ အတွေး
အမျိုးမတွေးတတ်သေးပါလား"ဟု ကျွန်ုပ်
က ပြောလိုက်ရာ ဆားပုလင်းနှင်းမောင်
က ပြုံးလျက်

“နောက်တစ်ခုပြောရဦးမယ်၊ ဦးကိုကို
လတ်နဲ့ အတူအသတ်ခံရတဲ့ ဦးကိုကို
လတ်ရဲ့ တပည့်အကြောင်းပဲ၊ ဒီအကောင်
ကအပြင်သွားနေတာဗျ၊ ဂျူဗလီဟောက
ဆပ်ကပ်ကိုသွားပြီးကြည့်နေတာ၊
သူ့အိတ်ထဲမှာ ဆပ်ကပ်လက် မှတ်တစ်
စောင်ပါတယ်လေဗျာ၊

အဲဒီညမှာ ဆပ်ကပ် ဟာ တစ်နာရီခွဲမှ ပြီးတယ်ဗျ၊ ဒီ
ကောင်ဟာဂျူဗလီဟောမှာ ဆပ်ကပ် ကြ
ည့်ပြီး အိမ်ကိုပြန်လာ လိမ့်မယ်၊ အိမ်ပေါ်ထပ်ကိုတက်လိမ့်မယ်၊ ဒီကောင့်တာဝန်က
ကောင်မလေးရဲ့ အိပ်ခန်းဝမှာ
ကုလားထိုင်တစ်လုံးနဲ့ ထိုင်ပြီးစောင့်ရတဲ့
တာဝန်ဗျ၊ အိုင်ပီ သတိပြုမိမှာ ပေါ့၊ အဲဒီ
အိပ်ခန်းဝမှာ အိပ်ခန်းနဲ့ ဘယ်လိုမှ မ
သက်ဆိုင်တဲ့ မတ်တတ်ကုလားထိုင်လေး
တစ်လုံးလေ၊ အဲဒါဒီကောင်ထိုင်ရ တဲ့
နေရာပဲ”ဟု ဆားပုလင်းနှင်းမောင်က
ပြောလေ၏။

“ကောင်မလေးအိပ်ခန်းဝမှာ အစောင့်
ထားတဲ့ လူကို ဦးကိုကိုလတ်က ဘာဖြစ်
လို့ဆပ်ကပ်ကြည့်ခွင့်ပေးလိုက် ရတာတုံး
ဗျာ"ဟု ကျွန်ုပ်ကစောဒကတက်လိုက်မိ
လေ၏။

“ဒီမေးခွန်းဟာ အလွန့်ကိုမေးသင့်မေး
ထိုက်တဲ့ မေးခွန်းပဲဗျို့၊ ဘာဖြစ်လို့ အပြင်
လွှတ်လိုက် သလဲဆိုတော့ ကောင်မလေး
ကို ဦးကိုကိုလတ်က အဲဒီညမှ အပိုင်ကြံဖို့
ဆုံးဖြတ်ပြီး သူ့တပည့်ကို
လွှတ်လိုက်တာပေါ့ဗျာ၊ အဲဒီတပည့်က သူ
တစ်ယောက်တည်းမသွားဘဲ သူနဲ့ အတူ
အစေခံတန်းလျားထဲမှာ လူနှစ်ယောက်
နေတဲ့ လက္ခဏာတွေ့ရတယ်၊ အိပ်ရာ တွေ
ဘာတွေတော့ သီးသီးသန့်သန့်မရှိပါဘူး၊
အရွယ်အစားမတူတဲ့ အင်္ကျီနှစ်မျိုးကိုတွေ့
ရတယ်၊ တစ်မျိုးက အသတ်ခံ ရတဲ့ တပ
ည့်လုပ်သူနဲ့ တော်မယ့်အဝတ်အစား၊ ကျန်
တာက အဲဒီကောင်ဝတ်လို့မရဘူး၊
အတော် သေးတယ်။ ကဲ....ထား ပါတော့၊
သူတို့ နှစ်ယောက်ဟာ အပြင်ကိုရောက်
တော့ တစ်ယောက် တစ်လမ်းသွားကြတာ
ဗျ၊ တပည့်လုပ်တဲ့ ကောင်က တော့ဆပ်ကပ်ကိုသွားတာ၊ ဟိုကောင်ကတော့
ဘယ်သွားနေတယ်မသိဘူး၊ ဒီကောင့်ကိုမိ
ရင်အမှုက သုံးပုံ၊နှစ်ပုံပြီးပါပြီ”ဟု ဆား
ပုလင်း နှင်းမောင်က ပြော လိုက်လေ၏။

ထိုအခါကျွန်ုပ်က
“ဆက်စမ်းပါဦး ကိုနှင်းမောင်ရဲ့
ဆပ်ကပ်သွားတဲ့ ကောင်က ညနာရီပြန်
တစ်ချက် ကျော်ကျော်လောက်မှာ အိမ် ကို
ပြန်လာတယ်ဆိုတာသိရပါပြီ၊
ဘယ်လိုဆက်ဖြစ်ကြတာတုံး”ဟု ... ကျွန်ုပ်ကမေး
လိုက်ရာ ဆားပုလင်းနှင်းမောင်က

“ဒီကောင်ပြန်လာပြီး အိမ်ပေါ်ထပ်
အတက်မှာ ဟိုလူသတ်သမားသုံးယောက်
နဲ့ တွေ့ပြီး အသတ်ခံရတာဗျ၊ အသတ်ခံရ
တဲ့ နေရာမှာ ကျုပ်အထင်ပြောရရင် ဟိုက
သတ်တာ မဟုတ်ဘူး ၊ သူက ဓားမြှောင်နဲ့ဝင်ထိုးတာ၊ အဲဒီမှာ မထိုးမိခင်မှာပဲ မှောက်လျက်လဲတာ၊ သူ့ဓားက သူ့ဗိုက်ထဲ
ကိုဝင်သွားတာမျိုးဗျ၊ ဘာကြောင့် ဒီလိုလဲ
သလဲလို့ ကျုပ်စဉ်းစားကြည့်တယ်၊ အဲဒါ
ခါးကုန်းလက်ချက်ပဲဖြစ်ရမယ်၊
ဓားမြှောင်သမားက သေနတ်သမားရဲ့
နောက်ကျော ဆီကိုပြေး အဝင်မှာ
ခါးကုန်းကကြားကဖြတ်တိုက်တာဖြစ်
မယ်၊ အဲဒီမှာ ခါးကုန်းနဲ့ တိုက်မိပြီး
ဓားမြှောင် သမား ကိစ္စတုံးသွားတာ၊ ဒါ
ကြောင့် ခါးကုန်းမှာ သွေးတွေပေပြီးနံရံ
မှာ လျှောက်သုတ်ထားတာပေါ့”ဟု ဆား
ပုလင်းနှင်းမောင်က ပြောလိုက်ရာ ကျွန်ုပ်
က

“ဒီအတိုင်းကို ဖြစ်မှာပါပဲဗျာ”ဟု ပြော
မိလေတော့၏။ထို့နောက်ဆားပုလင်းနှင်းမောင်သည်
ကျွန်ုပ်ကိုထားခဲ့ပြီးနောက်
အတွင်းဝင်၍ မျက်နှာသစ်လေ၏။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၁ - ခ

မျက်နှာသစ်၍ ပြီးသောအခါ၌ မျက်နှာ
သုတ်ပါဝါကိုပုခုံး၌ တင်ကာ ကျွန်ုပ်ရှိရာ
သို့ပြန် လည်ရောက်ရှိ လာပြီး
“အခုပြောခင်တာကတော့ သားရေ
ပြောင်ဖိနပ်စီးသမားပဲဗျ၊ အဲဒီဖိနပ်မျိုး
ဟာ မြင်းစီးတဲ့ အခါမှာ အသုံးဝင်တဲ့ ဖိ
နပ်ပဲ။ သားရေပြောင်ဖိနပ်သမားဟာ
သေနတ်သမား တစ်ယောက်ဖြစ်တယ်ဆို
တာကိုတော့ မမေ့နဲ့ ဦးနော်၊ အဲဒီသေနတ်
သမားဟာ ဦးကိုကိုလတ်ကို မသတ်ခင်မှာ
အတွင်းဘက်လှေကားထိပ်မှာ ချိတ်
ထားတဲ့ ဆီဆေးပန်းချီကားကြီးဆီကို
လျှောက်သွားသေးတယ်ဗျ၊ အဲဒီပန်းချီကားကြီးကိုကြည့်ပြီး တဖြည်းဖြည်းဒေါပွ
လာတာ၊ ပန်းချီကားမှာ ပါတဲ့ ဦးကိုကို
လတ်ရဲ့ မျက်နှာတစ်ခုတည်းကို ကုတ်ဖဲ့
ဖျက်ဆီးသွားပုံဟာ တော်တော်အဓိပ္ပါယ်ရှိ
တယ်ဗျ၊ နှစ်ယောက်တွဲနေတဲ့ ပုံကို မကြ
ည့်ရက် မကြည့်နိုင်တဲ့ သဘောပဲ၊ အဲဒီလို
ဆိုတော့ ဦးကိုကိုလတ် ရဲ့ မိန်းမကွယ်လွန်
သူ ဒေါ်သွယ်သွယ်နဲ့ အဲဒီသေနတ်သမားဟာ
ပတ်သက်ခဲ့ပုံရတယ်၊ အဲဒီလိုပတ်သက်တယ်လို့ သိလိုက်တာနဲ့ ဘယ်
အချက် ကျုပ်တို့ အတွက်ပိုပြီး ထူးလာ
သလဲသိလား” ဟု မေး လိုက်လေ၏။

“မသိပေါင်ဗျာ” ဟု ကျွန်ုပ်ကခပ်လွယ်
လွယ်ပင်ပြန်၍ ဖြေ လိုက်လေ၏။

“ခင်ဗျားလဲအတော်ညံ့သေးတာပဲ အိုင်
ပီ၊ အသက်ကိုခန့်မှန်းလို့ရတဲ့ အချက်တစ်ခုပိုလာတာပေါ့ဗျာ၊ ဒေါ်သွယ်သွယ်ရယ်၊
ဦးကိုကိုလတ်ရယ် သေနတ်သမားရယ်
အသက်အရွယ်မတိမ်းမယိမ်းတွေ
ဖြစ်ကြမှာ ပေါ့၊ အဲဒီတော့ သေနတ်သမား
ရဲ့ အသက်ကို လေးဆယ်ကျော်အရွယ်လို့
ခန့်မှန်းထားနိုင်ပြီးပေါ့ဗျာ” ဟု
ဆား
ပုလင်းနှင်းမောင်က ပြောလိုက်မှ ပင် 

“အစစ်ပေါ့ဗျာ၊ ဒီအချက်ကို ကျုပ် က မတွေးမိဘူး၊ အို ဒီအချက်
တစ်ချက်တည်း မဟုတ်ဘူး ၊ ကျုပ်တွေးမိ
တဲ့ အချက်ရယ်လို့လဲမရှိပါလားဟရို့” ဟု
ကျွန်ုပ်က ညည်းညူလိုက်မိလေတော့၏။

“အဲဒီမှာ လူသတ်သမားသုံးယောက်
အနက် နောက်ဆုံးတစ်ယောက်
အကြောင်းကို ပြောဖို့ ကျန်နေတယ်၊ ဒီ
ကောင်ဟာ ခြေရာကိုကြည့်ရင် ပိန်ပိန်သွယ်သွယ်လူတစ်ယောက်လို့ ဆိုနိုင်တယ်
လမ်းလျှောက်ရင် ကွတကွတနဲ့
လျှောက်လေ့ရှိတယ်၊ ဦးကိုကိုလတ်လဲကျ
သေဆုံးသွားတဲ့ နေရာနားမှာ သူ့ခြေရာ
တွေက အဓိကဖြစ်နေတယ်၊ ဦးကိုကို
လတ် သေနတ်ဒဏ်ရာနဲ့ မဟုတ်ဘူး
ဓားဒဏ်ရာနဲ့ ဖြစ်တယ်၊ အဲဒီတော့ ဒီ
ကောင့်လက်ချက်ပဲဖြစ်ရမယ်၊ သေနတ်
သမားပါအဝင်
လူသတ်သမားသုံး
ယောက်ဟာ မိန်းကလေးကို လာပြီး
ကယ်ထုတ်သွား တယ်ဆိုတာလဲ သေချာ
တယ်၊ မိန်းကလေးရဲ့ ခြေရာတွေဟာ
လိုလိုချင်ချင် လိုက်သွားတဲ့ ပုံစံမျိုး ပေါက်
နေတယ်၊ မိန်းကလေးရဲ့ အခန်းထဲမှာ
တွေ့ရတဲ့ ထိုးလက်စသိုးမွှေးဆွယ်တာဟာ
သေနတ်သမားအတွက်လို့တောင်ယူဆ
နိုင်တယ်ဗျ၊ ကိုယ်လုံးကိုယ်ထည်ခပ်ကြီး
ကြီးပဲဟု ဆားပုလင်းနှင်းမောင်က ပြော
လိုက်လေ၏။ 

ထို့နောက် ဆားပုလင်းနှင်း
မောင်သည် ဦးကိုကိုလတ်၏ မီးခံသေတ္တာ
အတွင်းမှ ယူခဲ့သော သစ်ကနက်သား
တုတ်လုံးလေးအား လှည့်၍ ဖွင့်လိုက်ရာ
အတွင်းမှ အသွားအချို့ကျိုးနေသော
သံဘီးလေးတစ်ချောင်း ထွက်လာသည်
ကိုတွေ့ရလေ၏။
ထိုသံဘီး၏
အနှောင့်နေရာတွင်
တိုးလျှိုပေါက်ထွင်းထားသည့် “မိုးဒဝေါ'
ဟူသော စာတန်းကလေးကို တွေ့ရ
လေ၏။ ထို့ကြောင့် ကျွန်ုပ်က
“ဘာလဲဗျ” ဟု မေးလိုက်မိလေ၏။

“သူတို့ ဝှက်စာကို ဖော်တဲ့ ကိရိယာလေ
ဗျာ၊ ဟောဒီမျာကြည့်၊ ဦးကိုကိုလတ်ရဲ့ဆွဲအံထဲကယူလာတဲ့
ဝှက်စာ တွေဗျို့၊
ဝှက်စာတစ်စောင်ကို ဖော်ကြည့်ရအောင်”
ဟု ဆို၍ ဝှက်စာတွင် ပါသော မိုးဒေဝါ
ဆိုသည့် စာတန်းနှင့် ဘီးအနှောင့်တွင်
ပါသော စာတန်းကို တစ်ထပ်တည်း
ကျအောင်ထပ်၍
စောစောကအဓိပ္ပါယ်မရှိသော စာများ
ကြည့်လိုက်ရာ
အဓိပ္ပါယ်ရှိသောစာအဖြစ်သို့
ရောက်ရှိသွားလေတော့၏။

“အိုင်ဆေးကတော့ ဝှက်စာပါရဂူကြီးပါ
ပဲဗျာ" ဟု ကျွန်ုပ်ကချီးကျူး လိုက်လေ၏။

ထိုအခါ ဆားပုလင်းနှင်းမောင် က
“လှေသူကြီးမောင်ဘိုးသာဆီက ဒီလို
တုတ်လုံးကလေး ပျောက်သွားတယ်ဆို
တာ သူခိုးကိုတော့ သိပြီဗျို့၊ ဒီ လူသတ်
သမားသုံးယောက်ပဲ၊ ဒီသုံးယောက်ဟာ ဒီဝှက်စာကို ကောင်းကောင်း ကြီးဖော်နိုင်
တယ်ဗျ၊ ဒါကြောင့် ဒီလူသတ်သမားတွေ
ကို ရာဇဝတ်အုပ် မောင်လွန်းဖေပြော
သလို အသိဉာဏ်မရှိတဲ့ လူတွေလို့ ယူဆ
လို့မဖြစ်ပေဘူး၊ တကယ့်ကို ဉာဏ်ပြေးတဲ့
လူတွေဗျ” ဟု ပြော လိုက်လေတော့၏။

ထို့နောက် ကျွန်ုပ်နှင့် ဆားပုလင်းနှင်း
မောင်တို့ သည် လက်ဖက်ရည်ဆိုင်သို့
သွားရောက်ကာ လက်ဖက်ရည် သောက်
ကြပြီးလျှင် အခင်းဖြစ်ပွားရာ အိမ်ကြီးဆီ
သို့ လာခဲ့ကြလေတော့၏။ အိမ်ကြီးသို့
ရောက်သောအခါ အိမ်ကြီး အတွင်းသို့
မဝင်ပဲ အိမ်ကြီးနှင့် အနီးဆုံးဖြစ်သော ခြံ
တစ်ခြံဆီသို့ဝင်ကာ ထိုခြံ၏ ဒရဝမ်အား
အောက်ပါအတိုင်း မေးခွန်း ထုတ်လေ၏။

“ မင်းနာမည် ဘယ်လိုခေါ်သလဲ"

“မူတူးလို့ ခေါ်ပါတယ်ဆပ်”

“ဒီခြံမှာ ဒရဝမ်လုပ်တာ ကြာပြီလား”

“ဆယ့်ငါးနှစ်ရှိပါပြီဆပ်”

“ဟိုဘက်ခြံက ဒရဝမ်ကိုသိသလား”

“အဲဒီခြံက ဒရဝမ် ခဏခဏပြောင်းပါ
တယ်ဆပ်”

“ပြောင်းတာတွေမပြောနေနဲ့ ကွာ၊
နောက်ဆုံး လုပ်သွားတဲ့ ဒရဝမ်ကို သိ
သလား”

“မြင်ဖူးပါတယ်ဆပ်"

“ဘာလူမျိုးလဲကွ"

“ကုလားလူမျိုးပါဆပ်"

“သူ့နာမည်သိသလား”

“မသိပါဘူးဆပ်”

“ကောင်းကောင်း ပြောပါကွ၊ မင်း
အပေါ်မှာ အမှုရောက်နိုင်တယ်”

“ဆဒစ်လို့ သူ့သခင်ကခေါ်တာကိုကြား
ပါတယ်ဆပ်”

ထိုအချိန်၌ ထိုအိမ်မှ အိမ်ရှင်ထွက် လာ
ပြီးလျှင် ဆားပုလင်းနှင်းမောင်အား
“မူတူးကိုမေးလို့ ဘာမှ အကြောင်းထူး
မှာ မဟုတ်ပါဘူး၊ ဒီကောင်က သိပ်ပြီအ
တာ “ ဟု ဝင်၍ ပြောလေ၏။

“ဒီလိုဆိုရင် မိတ်ဆွေကြီးအိမ်က
ထမင်းချက်နဲ့ တွေ့ချင်ပါတယ်” ဟု ဆားပုလင်းနှင်းမောင်က ပြောလိုက်ရာ မီးဖိုဘက်သို့ အိမ်ရှင်ယောက်ျားသည်
လှမ်း၍ ...

“စိန်ကြည်ရေ၊ စိန်ကြည် ခဏလာဦး"
ဟု ခေါ်လိုက်သဖြင့် လွန်စွာ ပုအိုက်အိုက်
ဝတုတ်တုတ်နိုင်လှသော
ထမင်းချက်
မိန်းကလေးတစ်ဦးသည် ပြေး၍ လာလေ
တော့၏။ အနီးသို့ရောက်လျှင် ဆား
ပုလင်းနှင်းမောင်က

“ဒီမှာ မိန်းကလေး မနေ့ကဘာဟင်း
များ ချက်သလဲ”

“အမဲသားဟင်းချက်ပါတယ်" ဟု ပြန်၍
ဖြေလေ၏။

“ဒီဒရဝမ်မနေ့က ထမင်းဟင်း
ကောင်းကောင်း စားသလား”

“စားပါတယ်ရှင့်၊ ကျွန်မသူ့ကို ထမင်း
တွေအများကြီးထည့်ပေးရပါတယ်၊ သူက
ထမင်းပန်းကန်ကို သူ့ တဲလေးဆီကို
ယူသွားပါတယ်”

“ကောင်းပြီ၊ ဒီကနေ့မနက်ကော"

"ထမင်းအများကြီးယူပါတယ်၊ မဝဘူး များ
များ ထည့်ပါလို့လဲ ပူဆာပါတယ်” ဟု
မိန်းကလေးက ဖြေလိုက်လျှင်

ဆားပုလင်းနှင်းမောင်သည် ကျွန်ုပ်ဘက်သို့လှည့်ကာ

“ကဲ အိုင်ပီရေ သေနတ်ပါတယ်မဟုတ်လား၊ ဟောဟို ဒရဝမ်တဲထဲမှာ ဆဒစ်ဆို
တဲ့ ဒရဝမ်ကုလားတစ် ယောက် ပုန်းနေ
တယ်၊ သေနတ်နဲ့ ချိန်ပြီး ခေါ်လာခဲ့ပေ
တော့ဗျာ” ဟု ပြောလိုက်လျှင် ကျွန်ုပ်
လည်း ခြောက်လုံးပြူးကို ထုတ်၍ ဒရဝမ်
တဲဆီသို့သွားကာ ကြိုးခုတင်အောက်၌
ပုန်း၍ နေသော ဆဒစ်ဆိုသူအား ဖမ်းဆီး
ခဲ့ရလေတော့၏။

ထိုအခါ၌ ဆားပုလင်းနှင်းမောင်က 
“ကျုပ် လွတ်သွားလို့ဗျ၊ ဒီကောင့်ခြေရာ
ကို ဟိုးခြံနောက်ဘက်မှာတော့ တွေ့
မိသားပဲ၊ ညကမှ စဉ်းစားမိတယ်၊ ဒီ
ကောင်ဟာ အသတ်ခံရတဲ့ ကောင်နဲ့ အတူ
အိမ်ကထွက်သွားတာ၊ အသတ်ခံရတဲ့
ကောင်က ဆပ်ကပ်ကိုသွားတယ် ဒီ
ကောင်က တခြားတစ်နေရာကိုသွား
တယ်၊ ဆပ်ကပ်ကောင်ပြန်လာပြီးမှ ဒီ
ကောင်ပြန်ရောက်လာတာ၊ အဲဒီအချိန်မှာ
အပေါ်ထပ်မှာ လူသတ်မှုက ဖြစ်ပြီးသွား
ပြီ၊ ဒီကောင်ဘာမှ မသိဘူး၊ ဒရဝမ်စောင့်
မြဲစောင့်နေတယ်၊ မိုးလင်းတော့မှ အိမ်
ပေါ်က လူတွေကို နှိုးမလို့တက်ကြည့်တာ၊
အပေါ်လဲရောက်ရော လူသတ်မှုဖြစ်သွား
တယ်ဆိုတာ သိတော့တာပဲ၊ အဲဒီအခါမှာ
အနီးဆုံးလှေကားက ဘေးလှေကားဗျ အဲဒီကနေ အိမ်အောက်ကို ဆင်းပြီးပြေး
တာ၊ အဲဒီလှေကားမှာ တွေ့တဲ့ ခြေရာတွေ
ဟာ နှစ်ထစ်ကျော် သုံးထစ်ကျော်တွေ
ဆင်းထားကြောင်း ထင်ရှားတယ်ဗျ၊ ထူး
ထူးဆန်းဆန်း ဒီကောင့် ခြေရာတစ်ခု
တည်း အပြင်ထွက်တဲ့ အပေါက်ကိုမသွား
ပဲ ခြံရဲ့ နောက်ဘက်ကိုသွားတဲ့ လက္ခဏာ
ကို တွေ့နေရတယ်၊ အဲဒါ ကို ကျုပ်က
စဉ်းစားဖို့ ကျန်သွားတယ်၊ ညကမှ သတိရ
တာဗျို့၊ ဒီကောင်ဟာ တခြားကို မပြေးပဲ၊
ကြောက်အားလန့်အားနဲ့ အနီးဆုံးခြံကို
ပြေးပြီး ဒရဝမ်အချင်းချင်း အကူအညီ
တောင်းတာကိုးဗျ၊ မနေ့ညကလဲ ဒီကောင်
မထွက်နိုင်ဘူး၊ လမ်းမှာ ရာဇဝတ်အုပ်ကို
လွန်းဖေတို့ လူစုက ပုလိပ်အစောင့်တွေ
ချထားတယ်မဟုတ်လား၊ ဒီနေ့လဲပဲ မထွက်နိုင်သေးဘူး၊ ဒီကောင်
ဘယ်တော့မှ ထွက်မလဲဆိုရင် ပုလိပ်အ
စောင့်တွေသိမ်းသွားမှ ပဲ ထွက်တော့မယ့်
သဘောပဲ" ဟု ဆိုကာ ဒရဝမ် ဆဒစ်အား
ကိုနှင်းမောင်သည် ၎င်းနေထိုင်ရာဆီသို
ခေါ်ယူခဲ့လေတော့၏။ အိမ်သို့ရောက်လျှင်
ဆားပုလင်းနှင်းမောင်က

“ဟေ့ကောင်၊ ဦးကိုကိုလတ်နဲ့ မင်းနဲ့
ဆရာရင်း တပည့်ရင်းတွေ မဟုတ်လား၊
မရင်းနှီးပဲနဲ့ တော့ ဦးကိုကိုလတ် ဟာမင်း
ကို သူ့ခြံမှာ ဒရဝမ်မခန့်ဘူးကွ" ဟု မေး
လိုက်လေ၏။

“မှန်ပါတယ်ဆပ်”

“ဒါဖြင့်ရင် ဦးကိုကိုလတ်အကြောင်းကို
တော့ မင်းကကောင်းကောင်း ကြီး သိမှာ
ပေါ့”

“သိပါတယ်ဆပ်”

“မင်းက သူ့ဆီမှာ ရောက်နေတာကြာပြီ
လား”

“ရောက်တာမကြာသေးပါဘူး၊ အရင်
က ကိုကိုလတ် ဆပ်ရဲ့ မော်တော်ကို
မောင်းရပါတယ်၊ “ဆလင်’ပါ၊ ဒရဝမ် လုပ်
ဖို့ ခေါ်ထားတာ တစ်နှစ်ကျော်ကျော်ပဲရှိပါ
တယ်”

“ဦးကိုကိုလတ်နဲ့ အတူသေတဲ့
အကောင်ဘယ်သူတုံး”

“ကျွန်တော်နဲ့ မော်တော်မှာ အတူလုပ်
တဲ့ လှမောင်ကြီးပါ”

“ခင်မေကိုသွားပြီးဖမ်းတာ မင်းပါ
သလား”

"ဖမ်းတာမပါပါဘူး၊
ပြည်ကနေမော်တော်နဲ့ ခေါ်တာပါပါတယ်”

“ဘယ်က ဖမ်းလာတယ်ဆိုတာ မင်းသိ
လား”

“ကိုကိုလတ် ဆပ်ရဲ့ လူတွေက
ရှမ်းပြည်နယ်ကနေ ခင်မေ့ကိုပြန်ပြီးဖမ်း
လာတာပါ”

“ကောင်းပြီ၊ မင်းသွားချင်တဲ့ နေရာကို
သွားနိုင်ပြီ၊ မေးစရာရှိရင် ငါတို့ ထပ်ပြီး
ခေါ်မယ်”ဟု ဆားပုလင်းနှင်းမောင်က
ပြောလိုက်ရာ ဒရဝမ်ဆဒစ်က

“ကျွန်တော်ကို တခြားကို သွားစရာမရှိ
ပါဘူး။ ဆပ်နဲ့ နေချင်ပါတယ်”ဟု ပြော
လိုက်ရာ ဆားပုလင်းနှင်းမောင်က

“ငါ...မင်းကိုမခေါ်ထားနိုင်ပါဘူး။ ငါ
တောင်မှ ထမင်းဆိုင်မှာ စားနေရတာ”ဟု
ပြောဆိုကာ
ဒရဝမ်အားချော့၍
လွှတ်လိုက်ရလေတော့သတည်း။

********

အထက်ပါအဖြစ်အပျက်များ ဖြစ်ပွား
ပြီး များ မကြာမီ၌ ပင်ကျွန်ုပ်နှင့် ကျွန်ုပ်
မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင် တို့
သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်
ရွှေမြို့ဆီသို့ အလည်အပတ် ဆိုသလိုခရီး
ထွက်ခဲ့ကြလေ၏။

ရှမ်းပြည်နယ်၏ ရာသီဥတုမှာ သာယာလှပေ၏။ နှင်းငွေ့
များ ဆိုင်းဆိုင်းအုံ့အုံ့နှင့် စိမ်းလန်း
စိုပြည်သောသစ်ပင်၊ ဝါးပင်တို့ ကို တွေ့ရ
လေ ၏။ ရထားလမ်းဘေး တစ်ဘက်တစ်
ချက်တွင် တောင်ယာပဲခင်းများ လုပ်ကိုင်
နေကြသော ရှမ်း၊ ဓနု၊ ပအို့ဝ်အမျိုးသား
များ ကိုတွေ့ခဲ့ရလေ၏။ ရွှေညောင်ဘူတာ
သို့ရောက်လျှင် ဆားပုလင်းနှင်းမောင်က

“ရွှေညောင်တို့ ၊ ညောင်ရွှေတို့ မှာ
နောက်တော့လျှောက်ပြီးလည်တာပေါ့
နော်၊ အခုတော့ တောင်ပေါ်တက်ကြ
ရအောင်ဗျာ၊ တောင်ပေါ်မှာ ကျုပ်ရဲ့
မိတ်ဆွေတွေရှိတယ်ဗျ။ ပြီးတော့ နက္ခတ်
ဗေဒင်ဘက်မှာ ကျွမ်းကျင်တဲ့ ဆရာတွေ
လဲ ရှိတယ်ဗျ။ သူတို့ ဆီသွားပြီးလည်
ရအောင်ဗျာ”ဟု ဆိုကာ မော်တော်ကား
အစုတ်လေးတစ်စီးကို ငှားရမ်း၍ တောင်
ပေါ်သို့တက်ကာ ကိုနှင်းမောင်၏မိတ်ဆွေများ နေအိမ်သို့သွားရောက် တည်းခိုပြီးလျှင် အချိန်ဖြုန်းနေရလေတော့၏။ နံနက် မိုးလင်းသည့် အခါ၌
ဈေးသို့သွား၍ ထမင်းသုတ်စားလိုက်၊ဆေးခါးဟင်း သောက်လိုက်၊ တို့ ဟူး
ကြော်လေး ဝါးလိုက်နှင့်
ပင် ရှမ်းပြည်နယ်၏ အေးချမ်းမှုအရသာကို
တင်းပြည့်ကျပ်ပြည့် ခံစားမိလေတော့၏။

ထိုသို့နေထိုင်ခဲ့ပြီး တစ်ပတ်ခန့်အကြာ
တွင် ကျွန်ုပ်တို့ သည် တောင်ပေါ်မှ ပြန်၍
ဆင်းခဲ့ပြီးနောက် ရွှေညောင်မြို့ဆီသို့ထွက်
လာခဲ့လေ၏။ ရွှေညောင်မြို့၏ အစပ်သို့
ပြန်လည်ရောက်ရှိသောအခါ၌
ဆားပုလင်းနှင်းမောင်က

“မြို့က ကျဉ်းကျဉ်းလေးဗျ၊ လျှောက်ပြီး
လည်ချင်တယ် ဆိုရင်တော့ ကားနဲ့ သွား
လို့မဖြစ်ဘူး၊
ဒီကနေဆင်းပြီး
ကုန်းကြောင်းလျှောက်ကြတာပေါ့၊ အဲဒါမှ
အချမ်းလဲပြေသွားမယ်”ဟု ဆိုကာ ကား
ပေါ်မှ ဆင်းသဖြင့် ကျွန်ုပ်လည်း ဆင်း ရလေတော့၏။ 

ကျွန်ုပ်တို့ နှစ်ဦးသည် ကား
လမ်းအတိုင်း ကုန်းကြောင်းလျှောက်ခဲ့
လေတော့၏။ အတော်အတန်လျှောက်မိ
သောအခါ၌ ကျွန်ုပ်သည် ဆားပုလင်းနှင်း
မောင်အား

“အချမ်းတော့ပြေသွားပြီဗျို့၊ နည်းနည်း
တောင်ဆာလာသလိုပဲ၊ ဟောဟိုက မီးခိုး
လေး အူနေတာကတော့ မုန့်ဆိုင်နဲ့ တူပါရဲ့
ဗျာ၊ အဲဒီကျရင် မုန့်လေးဘာလေးစားပြီး
အမောဖြေကြသေးတာပေါ့”ဟု ပြော
လိုက်မိလေ၏။ ဆားပုလင်း နှင်းမောင်က
လည်း ...

“ကောင်းသားပဲဗျာ၊ လက်ဖက်ခြောက်
ကောင်းကောင်း နဲ့ ရေနွေးသောက်ရတာ
ပေါ့”ဟု ကျွန်ုပ်၏ စကားကို ထောက်ခံ
လေ၏။ ထို့ကြောင့် ကျွန်ုပ်တို့ သည် မီးခိုး
လေးအူထွက်နေရာ လမ်းဘေးမုန့်ဆိုင်
လေးဆီသို့ ခပ်သွက်သွက် လျှောက်၍ လာ
ခဲ့ကြလေ၏။ မုန့်ဆိုင်လေး သို့ရောက်လျှင်
တို့ ဟူးကြော်နှင့် ကောက်ညှင်းပေါင်းကို
မှာ ယူ၍ ရေနွေးကြမ်းဖြင့် မြည်းကြလေ
တော့၏။

ထိုအခါ၌ ကျွန်ုပ်က
“ကိုနှင်းမောင်ရေ၊ အခုလိုကုတ်အင်္ကျီ
ဖားဖားကြီးနဲ့ ဘောင်းဘီနဲ့ ခေါင်းစွပ်ကြီး
စွပ်ပြီး ခင်ဗျားထိုင်နေပုံကို ကြည့်ရတာ
ကျုပ်စိတ်ထဲမှာ ရှားလော့ဟုမ်းဝတ္တု
ထဲက ဘေကာလမ်းမှာ နေတဲ့ စုံထောက်ကြီး
ရှားလော့ဟုမ်းကို ပြေးပြီးသတိရမိလေ
တော့တယ်ဗျာ"ဟု ပြောလိုက်လျှင် ဆားပုလင်း နှင်းမောင်က

“အဲဒီစာရေးဆရာဟာ အတော့်ကိုတော်
တာပဲဗျာ၊ သူ့ရဲ့ ဇာတ်လိုက်ရှားလော့ဟု
မ်းဟာ လန်ဒန်မြို့ ဘေကာလမ်းမှာ တက
ယ့်ကို နေထိုင်သွားတဲ့ တကယ်ရှိတဲ့
လူကြီးအဖြစ်ကို ပရိသတ်က ထင်လာ
အောင် ရေးနိုင်ပါပေ့ဗျာ”ဟု ပြော လိုက်
လေ၏။

“အဲဒါနဲ့ ပတ်သက်ပြီး ကျုပ်တစ်ခါ
တစ်ခါ စဉ်းစားကြည့်မိတယ်၊ ခင်ဗျား
အကြောင်းကိုများ ဝတ္ထုရေးရင် ဖတ်
တဲ့ လူတွေက တကယ်မရှိတဲ့ လူကို
တကယ်ရှိသယောင် တမင်လုပ်ကြံပြီး
ရေးထားတယ်လို့ထင်မှာ
ကိုတောင်
စိုးရိမ်မိသေး တော့တယ်ဗျာ”ဟု ကျွန်ုပ်က
ပြောလိုက်ရာ ဆားပုလင်းနှင်းမောင်က
“တကယ်ရှိတဲ့ အကြောင်းအရာကို ရေး
တာနဲ့ တကယ်မရှိတာကိုဖန်တီးရေးထားတာဟာ ဖတ်တဲ့ လူကသိပါ တယ်ဗျ၊ ဒါ
ပေမယ့်တကယ်စာရေးကောင်းတဲ့ ပုဂ္ဂိုလ်
များ တော့လဲ တကယ်မရှိတာကိုပဲ သူတို့
ရေးလိုက်ရင် တကယ်ရှိတယ်လို့ ထင်ရ
တော့တာပဲဗျို့”ဟု ဆားပုလင်းနှင်းမောင်
က ပြော လိုက်လေ၏။

ထိုအခါ၌ ကျွန်ုပ်က 
“ဪ၊ ဒါထက်ရေတာရှည်လမ်းအိမ်
က လူသတ်မှုကြီးလည်း တရားခံမမိသေး
ဘူးနော်”ဟု အမှတ်မထင် ညည်းတွား
လိုက်ရာ ဆားပုလင်းနှင်းမောင်က
သေနတ်ကိုထုတ်၍ ဆုံလည်အတွင်းသို့
ကျည်ဆန်များ ထည့်ပြီးလျှင်

“အိုင်ပီရေ၊ ဟောဟိုမှာ လှမ်းပြီးမြင်နေ
ရတဲ့ ကျောက်တုံးအိမ်လေး တွေ့တယ်
မဟုတ် လား"ဟု ညွန်ပြလိုက်သဖြင့်ကျွန်ုပ်ကလည်း လှမ်း၍ ကြည့်လိုက်ရာ
လမ်း၏ အခြား ဘက်တွင် ရှိသည့်
ကျောက်တုံးအိမ်လေးကို တွေ့မြင်ရလေ
တော့သည် ။ ကျောက်တုံးအိမ်လေး၏
ဘေးဘက်တွင် ရှိသော စိုက်ခင်းလေး၌
လည်း လူတစ်ယောက်သည် ပေါက်ချွန်း
တစ်လက်ဖြင့် အလုပ်ရှုပ်နေသည် ကို
တွေ့ရလေ၏။ များ မကြာမီ၌
ကျောက်တုံးအိမ်လေးအတွင်းမှ သွယ်
လျလျ မိန်းကလေးတစ်ဦးထွက်လာလျှင်
အလုပ်လုပ်နေသောလူအား အငွေ့တစ်
ထောင်း ထောင်းထနေသော ခွက်တစ်လုံး
ကို လာရောက်၍ ပေးသည် ကိုတွေ့ရ
လေ၏။ ထိုလူသည် သွယ်လျလျမိန်းမလာ
ရောက်ပေးသောခွက်ကို မော့၍ သောက်
နေလေ၏။ သောက်ပြီးသောအခါ၌ အနီးတွင် ရှိသော အပွင့်ဝါဝါ ရှမ်းမနိုင်ပန်း
လေးတစ်ပွင့်ကိုခူး၍ ထိုသွယ်လျလျ
မိန်းမ၏ ဆံကေသာ၌ ပန်ပေး လိုက်
လေ၏။

ထို့နောက်ထိုလူသည် အမောဖြေရင်း
သစ်ငုတ်ကြီးတစ်ခုပေါ်၌ ထိုင်လေ၏။
သွယ်လှလှ မိန်းမသည် သစ်ငုတ်၏
အောက်၌ ထိုင်ကာ ထိုလူ၏ ဒူးပေါ်၌
သူ၏ မေးလေးကို တင်ပြီးလျှင် ထိုလူအား
တစိမ့်စိမ့်ကြည့်နေလေ၏။ ထိုလူလည်း
မိန်းကလေး၏ နဖူးကိုလက်ဖြင့် သပ်ပေး
လိုက်လေ၏။ ထို့နောက်လည်ပင်းတွင်
ကြိုးဖြင့်ဆွဲထားသော မျက်မှန်လေးကို ထို
လူကတပ်လိုက်ပြီးလျှင် မိန်းကလေး၏
လက်ဝါးကိုဆွဲယူကာ လမ်းဝါးပေါ်မှ ဆူး
ကို ထွင်၍ ပေးနေလေ၏။ ကျွန်ုပ်သည်အထက်ပါခြင်းအရာကို ကြည့်ပြီးနောက်
ဆားပုလင်းနှင်းမောင်ဘက်သို့ပြန်၍ လှ
ည့်လိုက်လေ၏။

“တွေ့ပြီလေဗျာ၊ ဘာဖြစ်သတုံး"ဟု မေး
လိုက်မိလေ၏။

“ကြည်နူးဖို့ ဘယ်လောက်ကောင်း
သတုံးဗျာ၊ ကျောက်တုံးအိမ်လေးမှာ နေ
ပြီး ယာခင်းလေး လုပ်လိုက်၊ မရှိရှိ တာ
လေးနဲ့ ရောင့်ရဲပြီး ချစ်သူနှစ်ဦးကြည်နူး
နေလိုက်ကြတာဗျာ”ဟု ဆားပုလင်းနှင်း
မောင်က ပြောဆိုလိုက်စဉ်၌ပင် ကျောက်
တုံးအိမ်လေး၏ နောက်ဘက်ဆီမှ
သန်မာထွားကျိုင်းသော မြင်းကြီးတစ်
ကောင်ထွက် လာလေ၏။ ထိုအခါ သွယ်
လျလျမိန်းမသည် အနီးရှိတောင်း တစ်လုံး
တွင် ထည့်ထားသော မုန်လာဥနီများကိုယူ၍ ထိုမြင်းကြီးအားရက်ရောစွာကျွေး
လေ၏။

“အိုင်ပီရေ … အဲဒီမြင်းကြီးနာမည်က
ကောင်းဘို့လို့ခေါ်တယ်၊ အဲဒီမိန်းကလေး
နာမည်က ခင်မေလို့ခေါ်တယ်၊ မျက်စိမှုန်
နေတဲ့ လူကြီးကရေတာရှည်လမ်းအိမ်မှာ
လူသတ်မှု ကျူးလွန်သွား တဲ့ သေနတ်သမားပဲ၊
အိုင်ပီရာထူးတက်ချင်တယ်
နာမည်ကောင်းလက်မှတ်လိုချင်တယ် ဆို
ရင်တော့ ဟောဒီသေနတ်ကိုယူပြီး အဲဒီ
လူကြီးကို လက်ဦးအောင် အသေသတ်ပစ်
ခဲ့ပါ။ သူဟာသေနတ်ကျွမ်းကျင်ပုံရတယ်၊
မျက်စိကလည်း အနီးမှာ သာမှုန်တာ၊
အဝေးတော့ကောင်းပုံရတယ်။
သတိ
ဝီရိယနဲ့ သွားပေတော့။ ဒါမှ မဟုတ်ဘဲ
ရှမ်းပြည်နယ်ရဲ့ နှင်းငွေ့တွေကြားမှာ ရောင့်ရဲကြည်နူးနေတဲ့ လူ သားနှစ်ဦးနဲ့ မြင်း
ကြီးတစ်ကောင်ပေါ်မှာ ကရုဏာရှိတယ်
ဆိုရင်တော့ ကျွန်တော့်သေနတ်ကိုပြန်
ပေးပါ”ဆားပုလင်း နှင်းမောင်ကပြော
လိုက်သဖြင့် ကျွန်ုပ်သည် ၎င်း၏ သေနတ်
ကိုကိုင်၍ ချစ်ခင်စုံမက်လှသော ထို
လူသားနှစ်ဦးနှင့် မြင်းချောမြင်းလှကြီး
အား ငူငူကြီးကြည့်နေမိလေ၏။ သွယ်လျ
လျမိန်းမသည် မြင်းကြီးအား မုန်လာဥနီ
ကျွေးပြီးသောအခါ၌ သူ၏ ချစ်သူထံသို့
ပြန်၍ လျှောက် လာလေ၏။ ထိုအခါ
လည်ပင်းတွင် မျက်မှန်ဝိုင်းလေးတွဲလွဲ
ဆွဲ၍ အလုပ်လုပ်နေသော သူ၏ ချစ်သူပု
ခုံးလေးကို ညင်သာစွာကိုင်၍ သူနှင့် အတူ
ကျောက်တုံး အိမ်ကြီးအတွင်းသို့ ဝင်
သွားလေတော့သည် ။ ထို့ကြောင့် ကျွန်ုပ်သည် ဆားပုလင်းနှင်းမောင်၏ သေနတ်
အား ပြန်၍ ပေး လိုက်လေ၏။ ထိုအချိန်
တွင် မြင်းချောမြင်းလှကြီးသည် အစာဝ၍
သွားပြီး ဖြစ်သဖြင့် လည်ဆံမွှေးများကိုခါ
ကာ ကျေနပ်စွာ ဟီ လိုက်လေတော့
သတည်း။

“ဟီး..ဟီး...ဟီး..ဟီး..
ဟီး...ဟီး..။

*******

ရေတာရှည်လမ်း အိမ်ကြီးတွင် ဖြစ်ပွား
ခဲ့သော လူသတ်မှုကြီးအား တရားခံစုံစမ်း
ဆဲအနေ နှင့် ပင်တို့လို့တန်းလန်း
ရပ်ဆိုင်းထားခဲ့ရလေတော့သည် ။ ထို
အချိန်အတွင်း၌ အခြားသော အမှုကြီး
တစ်ခုကို ကျွန်ုပ်သည် ဆားပုလင်းနှင်း
မောင်နှင့် အတူ အမှုလိုက်ခဲ့ရလေ၏။

ထိုအမှုအား ကျွန်ုပ်က "ဘတူမျိုးတူ
ဘယ်သန်ဘမှန်”ဟု အမည်ပေးထား
လေ၏။ ထိုအမှု၌ ထူးခြားချက်တစ်ခုမှာ
တရားခံပြေးဘမှန်သည် လူသတ်မှုကို
ကျူးလွန်ပြီး ရှောင်တိမ်း နေသကဲ့သို့
၎င်း၏ အဖေဖြစ်သူမှာ လည်း လူသတ်မှုနှင့်
ကြိုးကျသွားခဲ့သူ ဖြစ်၏။ ၎င်း၏ အဘိုး
မှာ လည်း လူသတ်မှုနှင့် ပင် ကျွန်းပို့ခံရ
လေ၏။

ထို့ကြောင့် ဝရမ်းပြေး ဘယ်သန်ဘ
မှန်၏ အမှုတွဲကို ဘမျိုးဘိုးတူ ဘယ်သန်
ဘမှန်ဟု ကင်ပွန်းတပ်၍ ထားလေ၏။

တစ်နေ့သ၌ ကျွန်ုပ်၏ မိတ်ဆွေကြီး ဆား
ပုလင်းနှင်းမောင်သည်
ကျွန်ုပ်ထံသို့
ရောက်ရှိ လာပြီးလျှင်...
“အိုင်ပီရေ ဘယ်သန်ဘမှန်ရဲ့ အနံ့ရတော့ရပြီဗျို့။ လိုက်ကြရအောင် ခရီးက
နည်းနည်း ဝေးတယ်။ အဝတ်အစားအပို
ကလေးဘာလေးထည့်လာပါ။
ရှမ်းပြည်နယ်ဘက်မှာ ဆိုတော့ အေးက
လဲအလွန်အေးတယ်ဗျ။ အနွေးထည့်က
လေးပါပါမှ ဖြစ်မယ်”ဟု ဆိုသောကြောင့်
ကျွန်ုပ်လည်း ခရီးဆောင်သေတ္တာအတွင်းသို့ အဝတ်အစားများကို ထည့်လေ၏။
အလိုက်မသိသော ကျွန်ုပ်၏ ဇနီးက
ကျွန်ုပ်အဝတ်အစားများ ထည့်၍ နေသည်
ကို ကြောင်တောင်တောင်ကြီးကြည့် ၍
နေသဖြင့် ကျွန်ုပ်က
“ပြောမှ သိ၊ ထိမှာ နာဆိုတာ မင်းတို့လို
မိန်းကလေးမျိုးတွေပေါ့။ ယောက်ျားသား
ခရီးသွား မယ်ဆိုတာ ပစ္စည်းဝိုင်းသိမ်း
ပေးဖော်မရဘူး”ဟု ပြောလိုက်ရာ ဆားပုလင်းနှင်းမောင်က နံရံတွင် ချိတ်ထား
သော ကုလားအုပ်ဘုကိုကိုင်၍ ကြည့်ပြီး
လျှင်
“ဒါလေးတော်တော်လှတယ်ဗျာ”ဟု
ပြောလေ၏။

ထိုအခါ၌ ကျွန်ုပ်မိန်းမသည် မိန်းမတို့
၏ ထုံးစံအတိုင်း မျက်နှာကိုမဲ့၍ မေးကို
ငေါ့လိုက် ပြီးလျှင်

“မပြောဘဲနဲ့ သိတဲ့ မိန်းမမျိုးကို ရှာပြီး
ယူထားရတယ်ရှင့်”ဟု ပြော လိုက်
လေ၏။

ကျွန်ုပ်လည်း ထိုမိန်းမနှင့် ဆက်၍
စကားမပြောလိုသောကြောင့်
ပစ္စည်းပစ္စယများကို ကပျာကယာထည့်၍
ဆားပုလင်းနှင်းမောင်နှင့် အတူ ထွက်ခဲ့
လေတော့၏။

ကျွန်ုပ်တို့ သည် မီးရထားဖြင့် ခရီး
ထွက်ခဲ့ကြလေ၏။ လမ်းတစ်လျှောက်လုံး
တွင် ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်း
နှင်းမောင်က အပျင်းပြေစေရန်အတွက် ပ
ဟေဋ္ဌိပုစ္ဆာများကို တစ်ခုပြီး တစ်ခု မေး၍ သွားလေ၏။

ထို့ကြောင့် ကျွန်ုပ်မှာ ပျင်းသည် ဟူ၍
ရှိဘဲ ပျော်ရွှင်စွာခရီးထွက်ခဲ့ကြလေ၏။
သာစည် ဘူတာသို့ရောက်သော အခါ၌
ကျွန်ုပ်တို့ သည် ရထားဖြင့်ဆက်လက်
လိုက်ပါခြင်းမပြုတော့ဘဲ မော်တော်ကား
တစ်စီးကိုငှားကာ ရှမ်းပြည်နယ်ဘက်သို့
ခရီးထွက်ခဲ့ကြတော့၏။

ကျွန်ုပ်တို့ ကားမှာ လွန်စွာစုတ်နုတ်
သောကားဖြစ်ရကား
လမ်းတွင်
မကြာခဏပျက်သောကြောင့် ရွှေညောင်မြို့ ဆီသို့ ည(၁၀)နာရီထိုးလောက်မှ ပင်
ရောက်ရှိခဲ့လေ၏။

ထိုအခါ၌ ဆားပုလင်းနှင်းမောင်က ဒ
ရိုင်ဘာအား တောင်ပေါ်သို့ဆက်၍ တက်
ရန်ပြောသဖြင့် ရွှေညောင်မြို့တွင် ရပ်နား
ခြင်းမရှိတော့ဘဲ ဆက်လက်၍ မောင်းနှင်
လာခဲ့လေတော့၏။

သို့ရာတွင် မော်တော်ကားမှာ ရွှေ
ညောင်မြို့အထွက်၌
ပျက်ပြန်လေ
တော့၏။ ကားသမားသည် ကားကိုပြင်
လေ၏။ ကျွန်ုပ်တို့ လည်း ကားပေါ်မှ
ဆင်း၍ အညောင်းဆန့်ကြလေ၏။
ထိုအချိန်၌ လပြည့်ရက်ဖြစ်သောကြော
င့် လမှာ ထိန်ထိန်သာလျက်ရှိသော်လည်း
နှင်းများ ကျနေသဖြင့် လရောင်ကို
ဝိုးတိုးဝါးတားသာ ရရှိလေ၏။

ကွင်းကိုဖြတ်၍ တိုက်လာသောဆောင်း
လေသည် ကျွန်ုပ်တို့ အား အရိုးကွဲလုမက
ချမ်းအေးစေလေ၏။ ထိုအခါ ကျွန်ုပ်က အချမ်းဒဏ်ကို ဆက်လက်၍ မခံနိုင်တော့
ဘဲ
“အိုင်ဆေးရေကားကတော့
တော်တော်နဲ့ ပြီးမှာ မဟုတ်သေးဘူး၊ မီးဖို
ပြီး လှုံမှ ဖြစ်မယ်ဗျို့၊ နို့မဟုတ်ရင် တော့
ဝရမ်းပြေးတရားခံ ဘယ်သန်ဘမှန်ကို
မဖမ်းလိုက်ရဘဲ ချမ်းတာနဲ့ ကျုပ်ရဲ့ အရိုး
တွေ ကွဲကုန်လိမ့်မယ်”ဟု ပြော လိုက်
ရာ

“ဪ…မီးလှုံချင်လို့လား၊ မီးလှုံချင်
ရင် မီးဖိုမနေပါနဲ့ ဗျာ၊ ဟောဟိုအိမ်ထဲဝင်
ပြီးတော့ လှုံကြတာပေါ့”ဟု ဆိုကာ ဆား
ပုလင်းနှင်းမောင်က ကျွန်ုပ်၏ ရှေ့မှလျှောက်၍ သွားသဖြင့် ကျွန်ုပ်လည်း ၎င်း
နောက်မှ လိုက်ခဲ့ရလေ၏။

ကျွန်ုပ်တို့ သည် ကားလမ်း၏ တစ်
ဘက်ဆီသို့ဆင်းခဲ့ကြပြီးနောက် ကား
လမ်းအတိုင်း စီး၍ နေသည့် ချောင်း
ကလေးအားသစ်သားတံတားမှ ဖြတ်ကျော်ကာ မြေနီလမ်းကလေးအတိုင်း
လျှောက်၍ သွားပြီးလျှင်ကျောက်တုံးဖြင့်
ဆောက်လုပ်ထားသော အိမ်ကလေးတစ်
အိမ်သို့ သွားကြလေ၏။

ဆားပုလင်းနှင်းမာင်သည် ထိုအိမ်
ကလေး၏ တံခါးဝသို့ရောက်သောအခါ၌
တံခါးကိုအသာ တွန်းဖွင့်၍ အတွင်းသို့
ဝင်လေ၏။ ကျွန်ုပ်လည်း ၎င်း၏ နောက်မှ
လိုက်၍ ဝင်လေ၏။

အတွင်းသို့ရောက်သည် နှင့် ပင် အတော်အတန်နွေး၍ သွားလေ၏။
ထို့နောက် ကျွန်ုပ်တို့ သည် မီးခဲကြီးများ
ဖြင့် ရဲ၍ နေသော မီးလင်းဖိုဆီသို့သွား
ကာ မီးလှုံကြလေ၏။ ထိုအခါကျမှ ပင်
လုံးဝအချမ်းပြေ၍ သွားလေ၏။

“အိမ်ကလေးကသပ်သပ်ရပ်ရပ်နွေးနွေးထွေးထွေးနဲ့ ဗျာ၊နေချင်စရာပါ
လေးပါလား”ဟု ကျွန်ုပ်ကပြောလိုက်ရာ
ဆားပုလင်းနှင်းမောင်က 
“ရေတာရှည်လမ်း လူသတ်မှုမှာ လူသတ်မှုကျူးလွန်သွားတဲ့ သေနတ်သမားကြီးရဲ့ အိမ်ပေါ့ဗျာ။ မနှစ်က ကျုပ်
တို့ ဟောဟိုနားက ကောက်ညှင်းပေါင်း
ဆိုင်မှာ တို့ ဟူးကြော်စားရင်း ဒီအိမ်
ကလေးကို ကြည့်ခဲ့ကြတယ်မဟုတ်
လား”ဟု ပြောလိုက်ရာ ကျွန်ုပ်က“မှတ်မိပြီး မှတ်မိပြီ။ ခင်မေဆိုတဲ့
ကောင်မကလေးနဲ့ သေနတ်သမားကြီးနေ
တဲ့ အိမ်ပေါ့။ မနှစ်က ကျွန်ုပ်တို့ လာတုန်း
က ဒီနားမှာ တခြားအိမ်တွေမရှိဘူးဗျ။
အိမ်ကလေးတစ်အိမ်တည်းရယ်။
အခုတော့ အိမ်ကလေးတွေတိုးလာတာကိုး။
ဒါကြောင့် … ကျုပ်ကမျက်စိလည်နေတာ”
ဟု ပြောလိုက် မိလေ၏။

(မှတ်ချက်။ ။ ယခုအခါ၌ ထိုနေရာ
တွင် ရွာတန်းရှည်ကလေးပင် ဖြစ်နေ
လေပြီ။ ကျောက်တုံးအိမ်ကလေးမှာမူ မ
ရှိတော့ဘဲ ကျောက်တုံးအိမ်ကလေး ရှိခဲ့
သောနေရာမှာ ယနေ့ထောက်ပံ့ရေးတပ်
မှ တပ်ကြပ်မြတ်ထွန်းဆိုသူနေထိုင်သည့်မြေကွက်ပင်ဖြစ်တန်ရာ၏။ ၎င်း၏
ဘေးတွင် ယခုအခါ၌ တပ်ဦးဘုန်းတော်ကြီးကျောင်းရှိပေသည် ။ ယမန်နှစ်က
တပ်ကြပ်ဆရာ မြတ်ထွန်းအိမ်သို့
အလည်အပတ်ရောက်ရှိခဲ့ရာတွင် ၎င်း၏
အိမ်နောက်ဘက် တည့်တည့်၌ ကျောက်
တုံးများ ၊ အုတ်ကျိုးအုတ်ပဲ့များ ပင် တွေ့
ရသေးတော့၏။
(စာရေးသူ)

ထိုအချိန်၌ ပင် ကျောက်တုံးအိမ်
ကလေး၏ အပြင်ဘက်ဆီမှ တယောထိုး
သံကို ကြားရလေ၏။ ထို့ကြောင့် ကျွန်ုပ်
က
“ဒီလောက်ချမ်းရတဲ့ အထဲမှာ အိမ်ထဲ
မှာ မနေဘဲ အပြင်ထွက်ပြီးတယောထိုးတဲ့
သူ ရှိသေးသကိုး"ဟု ပြောလိုက် မိလေ
သည် ။

တယောသံသည် လွန်စွာညက်လှ ပေ၏။ တယောကိုကောင်းစွာထိုးတတ်
သော ဆားပုလင်းနှင်းမောင်သည် ပင်
ငြိမ်၍ နားထောင်နေပြီးနောက်
“အတော်ကိုကောင်းတဲ့ လက်သံဗျို့”ဟု
ချီးကျူး လိုက်လေ၏။ ထို့နောက် ဆား
ပုလင်း နှင်းမောင်သည် အိမ်ကလေး၏
အပြင်ဘက်သို့ ထွက်၍ သွားသောကြောင့်
ကျွန်ုပ်လည်း ၎င်း၏ နောက်မှ လိုက်ခဲ့
လေ၏။

အိမ်ကလေး၏ ခြံထောင့် ပန်းနွယ်
ပန်းချုံကလေးများ အုပ်မိုးထားသည့်အောက်တွင်
လူတစ်ယောက်သည်
သစ်ငုတ်တိုကြီးတစ်ခုပေါ်၌ ထိုင်ကာ
တယောထိုး၍ နေလေ၏။
၎င်း၏ တယောမှာ လွန်စွာဆွေးမြေ့
လွမ်းဆွတ်ဖွယ်ကောင်းလှ၏။ ကျွန်ုပ်တို့သည် တယောသမား၏ အနီးသို့ တိုး
ကပ်၍ သွားလေ၏။ အနီးသို့ရောက်လေ
ကျွန်ုပ်၏ နှာခေါင်းဝ၌ ပန်းရနံ့များကို ပို၍
ရှူရှိုက်မိလေတော့၏။

တယောထိုးနေသောလူ၏ အနားသို့
ရောက်သောအခါ၌ မြေပေါ်သို့တစ်
တောင် ကျော်ကျော်ခန့်သာမြင့်တက်၍
ကျောက်သားဖြင့် ပြုလုပ်ထားသော အုတ်ဂူကလေးကို တွေ့ရ
လေ၏။ အုတ်ဂူကလေးပေါ်၌ မူ ပန်းပွင့်
ကလေးများ တစ်ပွင့်နှင့် တစ်ပွင့်ထိစပ်၍
နေသည့်တိုင်အောင် ခင်း၍ ထား
လေ၏။

တယောသမားသည် ကျွန်ုပ်တို့ လာ
နေသည်ကို မသိရှာဘဲလွမ်းဆွတ်ကြေကွဲ
စွာ တယောထိုး၍ နေလေ၏။ ထိုအဖြစ်အပျက်ကို ကြည့်ရသည်မှာ ပင်
ရင်တွင်း၌ ဆို့နင့်ဖွယ်ဖြစ်လေတော့၏။
သေသူကသေ၍ ဂူအတွင်းသို့ရောက်
နေသည့် တိုင်အောင် ကျန်သူကဂူပေါ်
တွင် ပန်းပွင့် ကလေးများကျဲဖြန့်ကာ
တယောထိုးပြနေခြင်းအတွက် စိတ်မ
ကောင်းဖြစ်သေးတော့၏။

ထိုအခါ၌ ဆားပုလင်းနှင်းမောင်က
“မိတ်ဆွေကြီးခင်ဗျား ကျွန်ုပ်တို့ ကို
လာခွင့်ပြုပါ"ဟု
ခွင့်တောင်း၍
တယောသမား၏ အနီး၌ ထိုင် လိုက်
လေ၏။

တယောသမားကြီးက
“လာပါ…လာပါ။ သန်းခေါင်ကျော်
ကြီးမှ ရောက်လာတဲ့ ဧည့်သည် တွေဆိုတော့ ရိုးရိုးဧည့်သည် ဟုတ်တန်မတူ ပါ
ဘူးဗျာ”ဟု ပြော လိုက်လေ၏။ ဆား
ပုလင်းနှင်းမောင်က

“ကျုပ်တို့ ဟာ ခင်ဗျားရဲ့ မိတ်ဆွေ
အဖြစ် လာခဲ့ခြင်းဖြစ်ပါတယ်။ ခင်ဗျား
ဟာ ရေတာရှည် လမ်းက ဦးကိုကိုလတ်ကိုသတ်ခဲ့တဲ့
တရားခံသုံးဦးအနက်
အဓိကတရားခံဆိုတာ ကျွန်တော်တို့ သိ
တာတစ်နှစ်ရှိပါပြီ။ မနှစ်ကကျွန်တော်
ရော ဟောဒီကကျွန်တော့်မိတ်ဆွေကြီး
အိုင်ပီ ဦးအောင်သင်းပါ ဟောဟိုနားက မု
န့်ဆိုင်ကိုရောက်ခဲ့ပါတယ်။ မုန့်ဆိုင်မှာ မု
န့်စားရင်း ခင်ဗျားတို့ ရဲ့ ငြိမ်းချမ်းပျော်ရွှင်
မှုကို မနှောင့်ယှက်ချင်တာနဲ့ ကျွန်တော်
နှစ်ယောက် ပြန်သွားခဲ့ပါတယ်”ဟု
ရှည်လျားစွာပြောလိုက်ရာ

ထိုတယောသမားကြီးက 
“ကျုပ်တို့ အကြောင်းကို တော်တော်
ကလေးပြည့်ပြည့်စုံစုံသိနေပါလား။
မဟုတ်မှ လွဲရော ခင်ဗျား ဆားပုလင်းနှင်း
မောင်ဆိုတာများ လာဗျာ”ဟု ပြန်၍ မေး
လေ၏။

“မှန်ပါတယ်၊ ကျွန်တော် နှင်းမောင်
ပါ”ဟု ဆားပုလင်းနှင်းမောင်က ပြန်၍
ပြောလေ၏။

“အခုတော့ မထူးပါဘူးဗျာ။ ဖမ်းချင်
ရင်လည်း ဖမ်းကြပါ။ ကြိုးစင်ကိုတက်ရ
မယ်ဆိုရင်လဲ ကျုပ်အဖို့မှာတော့
ဝမ်းသာစရာတစ်ခုလို့တောင်မှသဘောထားရတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးလဲမရှိရှာဘူးလေ”ဟု ဆွေးမြေ့ဆို့နင့်သော လေသံကြီးဖြင့် ပြန်၍ ပြောလိုက် လေ၏။

“ဒီလိုလဲ မဟုတ်ပါဘူး။ ရှေ့နေတွေဘာ
တွေနဲ့ တိုင်ပင်ပြီးခင်ဗျားတို့ ကို အပြစ်
ပေါ့နိုင် သလောက်ပေါ့အောင် စီစဉ်ပေးပါ့
မယ်။ တရားဥပဒေဆိုတာတော့ ရင်မဆိုင်
ဘဲနေလို့ ကောင်းတဲ့ အရာမျိုး မဟုတ်ဘူး
မိတ်ဆွေကြီး။ ဒါနဲ့ ခင်ဗျားရဲ့ မိတ်ဆွေ
ဟောင်းကြီးဖြစ်တဲ့ ခါးကုန်းကြီးကို ဘယ်
မှာ တွေ့နိုင်ပါသလဲ”ဟု ဆားပုလင်းနှင်း
မောင်က မေးလိုက်ရာ တယောသမား အ
ဘိုးကြီး က
“သူလဲ ကျုပ်နဲ့ အတူ လာပြီးနေပါ
တယ်။ ကျုပ်မြင်းကြီးနေမကောင်းလို့ သာ
မိုင်းခန်းဘက်မှာ မြင်းတိုက်ဖို့ ဆေးသွား
ယူပါတယ်၊ ပြန်လာမှာပါ”ဟု ပြော
လေ၏။

“ဪ ကောင်းဘို့ကြီး နေမကောင်း
ဘူးလား"ဟု ဆားပုလင်းနှင်းမောင်က
မေးလိုက်လျှင် တယောသမားကြီးသည်
အလွန်အံ့အားသင့်သွားပြီးလျှင်
“တော်တော်သိတာပဲ၊ ကောင်းဘို့ကြီး
ကိုတောင် သိနေပါလား၊ ဆားပုလင်းနှင်း
မောင်၊ ဆားပုလင်းနှင်းမောင်နဲ့ ဒါကြောင့်
လည်း ကျော်ကြားပေတာကိုး၊ ဟောပြော
ရင်းဆိုရင်း ကျုပ်ရဲ့ မိတ်ဆွေကြီး ကိုရင်
မောင်တောင်ပြန်လာမှ ပဲ”ဟု ဆိုလိုက်သ
ဖြင့် ကျွန်ုပ်တို့ လည်း လှမ်း၍ ကြည့်လိုက်
ရာလွန်စွာခါးကုန်းသောလူကြီးတစ်
ယောက်သည် မှန်အိမ်ကြီး တစ်လုံးကို
လက်၌ ဆွဲလျက်လျှောက်လာသည်ကို
တွေ့ရလေ၏။

ထိုလူကြီးသည် လွန်စွာခါးကုန်းရကား၎င်းလက်ဖြင့်ဆွဲလာသော မှန်အိမ်သည်
မြေကြီးနှင့် ထိလုမတက်ရှိလေတော့၏။
များ မကြာမီ၌ပင် ထိုခါးကုန်းကြီး
သည် ကျွန်ုပ်တို့ ရှိရာသို့ရောက် လာပြီး
လျှင် ၎င်း၏ မှန်အိမ်အား ကျောက်ဂူ
ကလေး၏ ခေါင်းရင်းဘက်၌ တင် လိုက်
လေ၏။ ထိုအခါမှ ပင် ကျောက်ဂူတွင်
ရေးထားသော အောက်ပါစာကို တွေ့ရ
လေတော့၏။

ဓားစာခံမလေး ခင်မေ
ဤနေရာ၌ အိပ်စက်နားနေသည် ။

တယောသမားလူကြီးက ၎င်း၏
မိတ်ဆွေခါးကုန်းကြီးအား
“ကိုရင်မောင်ရေ၊ ဟောဒါစုံထောက်
တွေပဲ။ ဟောဒီမိတ်ဆွေက ဆားပုလင်းနှင်းမောင်တဲ့ "ဟု မိတ်ဆက်ပေး လိုက်
လေ၏။

ထိုအခါ ခါးကုန်းကြီးသည် ဆားပုလင်း
နှင်းမောင်အား သေချာစွာကြည့်၍ စုံထောက်ဘက်မှာ ဆားပုလင်းနှင်း
မောင်၊ ဆားပုလင်းနှင်းမောင်နဲ့ နာမည်
ကတော့ ကြီးပါတယ်ဗျာ၊ ဒါပေမယ့် လူကို
တွေ့ရတော့လဲ ဘာမှ မထူးပါလား၊
ခါးကုန်းတစ်ယောက်လည်း မဟုတ်ပါ
လား၊ ခါးကုန်းမဟုတ်တဲ့ လူထဲက လူ
တော်ဆိုလို့ တော်တော်ရှားတယ်ဗျ၊
လောကမှာ ခါးကုန်းများသာ လူတော်
တွေဖြစ်လေ့ရှိတယ်၊ မဟုတ်မှ လွဲရော၊
ခင်ဗျားဟာ ခါးကုန်း မဟုတ်ဘူး ဆိုရင်
တော့ ခင်ဗျားအဖေဟာ ခါးကုန်းဖြစ်လိမ့်
မယ်ထင်တယ်”ဟု
မဆီမဆိုင်သောစကားကိုပြောလေ၏။ 

ထို့နောက် ခါးကုန်းကြီးကပင် ဆက်လက်၍
“ဘယ်လိုလဲ ကြိုးစင်တက်ဖို့ ကျုပ်တို့
နှစ်ယောက်ကို လာခေါ်တာလား၊ အဆင်
သင့်ပဲဗျာ။ ဒါပေမယ့် ကျုပ်ကို ကြိုးပေး
ရင်တော့ တော်တော့ကို ကိုးရို့ကားရား
ဖြစ်လိမ့်မယ်ဗျို့။ ကျုပ်ကတော့ သူများ တကာလိုတန်းလန်းကြီး မဖြစ်ဘဲ ကြိုးထိပ်မှာ ငါးမျှားချိတ်ကြီးလို ကွေး
ကွေးကောက်ကောက်ကြီးဖြစ်နေမှာပါ
ဗျာ”ဟု သေရမည်ကို လုံးဝကြောက်လန့်
ခြင်းမရှိသော ခါးကုန်းကြီးက ပြောဆို၍
ရယ်မော လိုက်လေ၏။
“ဟား..ဟား...ဟား...ဟား..ဟား..."

ကျွန်ုပ်မှာ ထိုခါးကုန်းကြီးကိုကြည့်၍
အတော်ပင်စိတ်ညစ်မိလေ၏။ သို့ရာတွင်ခါးကုန်းကြီး လွန်စွာအလိုက်သိတတ်
လေ၏။

“အပြင်မှာ ချမ်းပါတယ်ဗျာ။ အိမ်ထဲမှာ
မီးလေး၊ ဘာလေးလှုံကြရအောင်ဗျာ”ဟု
ဆိုကာ ကျွန်ုပ်တို့ အား အိမ်ထဲသို့ခေါ်၍သွားပြီးလျှင် ကော်ဖီကြမ်းဖျော်၍ကောက်ညှင်းပေါင်းဖြင့် တိုက်ကျွေး
လေ၏။

ထိုအခါ ဆားပုလင်းနှင်းမောင်က
“နောက်တစ်ယောက်ရော"ဟု
မေးလိုက်ရာ ခါးကုန်းကြီးက

“ကမ်းနားလူမိုက်ကျောက်ပွင့်ကို ပြော
တာလား၊ ဒီကောင်ကနတ်ရွာစံ ကံတော်
ကုန်သွားပြီးဗျ”ဟု ပြောလိုက်မှပင်
လူသတ်တရားခံသုံးဦးအနက် တစ်ဦး
သောသူမှာ ရန်ကုန်ကမ်းနားလမ်းဆိပ်မှ
လူမိုက်ကျောက်ပွင့်ဆိုသူဖြစ်ကြောင်း သိ
ရလေတော့၏။

ကျွန်ုပ်တို့ သည် ထိုညက မီးလင်းဖို
အနီးမှ မီးလှုံရင်းလူသတ်တရားခံနှစ်ဦး၏
ဖြောင့်ချက်ကို ရေးမှတ်၍ ယူခဲ့ပြီးလျှင်
တောင်ပေါ်သို့ ဆက်မတက်တော့ဘဲ ရန်
ကုန်သို့တရားခံနှစ်ဦးအား ခေါ်ဆောင်ခဲ့
လေတော့၏။

နံနက်မိုးလင်းသည့်တိုင်အောင် ကျွန်ုပ်တို့ငှားစီး၍လာသော မော်တော်ကားမှာ ပြင်၍ မပြီးဘဲရှိသည့် အပြင် ဒရိုင်ဘာကလည်း ကောင်းစွာ
နေမကောင်းဖြစ်၍ နေသောကြောင့်
ဆေးခန်းသို့ပင် ပို့ခဲ့ရသေးတော့၏။

ရန်ကုန်သို့ရောက်သောအခါ၌ တရားခံ
နှစ်ဦးအား သက်ဆိုင်ရာဂါတ်သို့အပ်လိုက်လေတော့၏။

ဤတွင် ရေတာရှည်လမ်းရှိ ရှေးဟောင်းအိမ်ကြီးတစ်အိမ်၌ ဖြစ်ပွားခဲ့
သော လူသတ်မှုကြီးသည် အပြီးတိုင်၍
သွားလေတော့သတည်း။

 

No comments:

Post a Comment