Saturday, November 19, 2022

မိုက်ခဲကျောက်ပွင့် တ သိမ်း









မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၂
*မီးဖိုဘေးက ချစ်ဒုက္ခသည်

တစ်ည၌ ရွှေညောင်မြို့အစွန်းပိုင်း
တောင်ပေါ်သို့တက်သော မော်တော်ကား
လမ်း၏ ဘေးတွင် ရှိသော “ကျောက်တုံး”
အိမ်ကလေး၏ အတွင်း၌ လူကြီးတစ်ဦး
သည် မီးလင်းဖို၌ မီးလှုံရင်း စာအုပ်ကြီး
တစ်အုပ်ကို ဖတ်၍ နေလေ၏။

ထိုမီးလင်းဖို၌ လည်း လူကြီးသည်
ဆန်ပြုတ်အိုး ကလေးတစ်အိုးကို တည်၍
ထားသည့် အပြင် အသားတုံးလေးများ
ကို “တံစို့’ထိုး၍ ကင်ထားသည် ဖြစ်ရာ ထိုအသားတုံးကလေးများ မီးကျွမ်းသွားမည်
စိုးသဖြင့် စာဖတ်ရင်းနှင့်ပင် အသားကင်
တံစို့အား မကြာခဏလှည့်၍ လှည့်၍ ပေး
နေလေ၏။

အပြင်ဘက်၌ မူ နှင်းများ သည်
မိုးသီးမိုးပေါက်ပမာ ကျ၍ နေလေ၏။
လူကြီးသည် ကားလမ်းဘက်ဆီသို့လှမ်း
မျှော်ကြည့်ရှုလိုက်ရာ
နှင်းစက်များ
တဖြောက်ဖြောက်ကနေသော ကတ္တရာ
လမ်းမကြီးကို မသဲမကွဲမြင်နေရလေသည်။
လူကြီး၏ ကျောက်တုံးအိမ်ကလေး
နောက်ဘက်နား၌ မူ လွင်ပြင်ကြီးဖြစ်ရာ
မိုးနှင်းစက်များ ပါသော လေကြမ်းသည်
‘တဝူးဝူး’တိုက်ခတ်နေလေ၏။

ထို့အပြင် အချမ်းပြေစေရန်အတွက် ပြီး
ခဲ့သော ခရစ်စမတ်အခါက လက်ဆောင်
ရထားသည့်ရှမ်းအရက်ပုလင်းမှ
အရက်အနည်းငယ်ကို နှုတ်ခမ်းပဲ့နေသော
ဖန်ခွက်အတွင်းသို့ငဲ့ကာ မော့ချ လိုက်
လေ၏။

ထို့နောက်ချထားသော စာအုပ်ကို
ပြန်လည်ကောက်ယူ၍ ဆက်လက်ဖတ်ရှု
နေလေသည် ။

ထိုအချိန်၌ကား မိန်းကလေးတစ်ဦး
သည် နှင်းမှုန်များကို တိုးဝှေ့၍ ကတ္တရာ
လမ်းအတိုင်း ပြေးလာနေသည်။
မကြာခဏလည်း နောက်မှ လိုက်လာမည့်
သူများ အား ထိတ်လန့်တကြားလှည့်၍
လှည့်၍ ကြည့်၏။ တစ်ခါတစ်ရံတွင် ကား
လမ်းနံဘေးတွင် ရှိသော ကျီးဖြူကန်သို့
စီးဆင်းသည့် ကျီးဖြူချောင်းကလေး
တစ်လျှောက်တွင် ပေါက်ရောက်လျက်ရှိ
သော ချုံဖုတ်ကလေးများ ဆီသို့ပြေး
ဆင်း၍ သွားကာ ထိုချုံဖုတ်ကလေးများ ၌
ပုန်းအောင်းရင်း နောက်မှ လိုက်လာမည့်
လူများ ၏ အခြေအနေကို အကဲခတ်ကြ
ည့်ရှုလေ၏။
ထိုမှ တဖန်လမ်းပေါ်သို့တက်၍ ပြေးရပြန်၏။

ဤသို့လျှင် မိန်းကလေးသည် ချမ်းအေးလှသော ရှမ်းပြည်နယ်၏ ဆောင်းညတွင် နှင်းမှုန်များ အကြား၌ မှုန်ဝါးဝါးသာလျက်ရှိသောလကွေးကလေး၏အလင်းရောင်ကိုအားကိုး
လျက် မောကြီးပန်းကြီးပြေးနေလေသည်
။ အတော်အတန် မောလာသည့် အခါ၌
အပြေးကိုရပ်၍ ခြေလှမ်းမှန်မှန်နှင့် ဆက်
လျှောက်လေ၏။အမောပြေလျှင် တစ်ဖန်ပြန်၍ ပြေးရ
ပြန်လေ၏။ မိန်းကလေး၏ ခြေဖ၀ါးနုနု
ကလေးများမှာလည်း ဖိနပ်မပါဘဲ ပြေးခဲ့
ရသောကြောင့် သွေးခြည်များ ဥလျက်ရှိ
လေပြီ။

မိန်းကလေးသည် ဤသို့လျှင်အမော
ဖြေလိုက်၊ ပြေးလိုက်၊ ချုံဖုတ်တွင်
ပုန်းအောင်းလိုက်၊ တစ်ဖန်ပြန်၍ ပြေး
လိုက်နှင့် လာခဲ့ရာ ရွှေညောင်မြို့၏
အစွန်းပိုင်းဆီသို့ ရောက်ရှိခဲ့လေတော့၏။
ကြောက်လန့်တကြားပြေးလာခဲ့သော
မိန်းကလေးသည် ကတ္တရာလမ်းပေါ်သို့
ဖြတ်၍ ကျနေသော မီးရောင်ကိုမြင်လျှင်
အတော်အတန်အားတက်၍ သွားလေ၏။

ထို့ကြောင့် မီးရောင် လာရာဆီသို့ ကြည့်ရှု
လိုက်ရာ မီးခိုးခေါင်းတိုင်ကလေးဖြင့်ဆောက်လုပ်ထားသော မြေစိုက်ကျောက်
တုံးအိမ်ကလေးကို တွေ့ရလေ၏။

မိန်းကလေး၏ စိတ်၌ 'ငါဒီလိုချည်း
လျှောက်ပြေးနေလို့မဖြစ်ပေဘူး၊ သူတို့
နောက်ကလိုက်လာရင် မိသွားတော့မယ်၊
အဲဒီတော့တနေရာရာမှာ ခိုအောင်းမှ
တော်လိမ့်မယ်”ဟု တွေးရင်းကတ္တရာ
လမ်းနံဘေးသို့ ဆင်း လိုက်လေ၏။

ထို့နောက် ကျီးဖြူချောင်းကလေးအား
သစ်တုံးတံတားကလေးမှ ဖြတ်ကျော်
လိုက်လေ၏။ ထိုသို့ဖြတ်ကျော်ပြီးလျှင်
ကျောက်တုံးအိမ်ကလေးအနီးသို့
ကြောက်ရွံ့စွာနှင့်ပင် ချဉ်းကပ်သွား
လေ၏။

ထို့နောက်ပြတင်းပေါက်မှ နေ၍ အိမ်
ကလေးအတွင်းသို့ချောင်းကြည့် လိုက်လေ၏။ မီးလင်းဖိုကြီးအနီးတွင် စာဖတ်
လျက်ရှိသော လူကြီး၏ ကျောပြင်ကိုမြင်ရ
လေ၏။ လူကြီးသည် စာဖတ်ရင်းနှင့်
ပင် သူ၏ အသားကင်ကလေးများ
မီးကျွမ်း၍ သွားမည်စိုးသဖြင့် အသားကင်
တံစို့ကို လှည့်၍ လှည့်၍ ပေးနေသည် ကို
သတိပြုမိ၏။

မိန်းကလေးသည် စေ့ရုံသာစေ့ထား
သော တံခါးကိုအသာကလေး ‘တွန်း’၍
အိမ်တွင်းသို့ ဝင် လိုက်လေ၏။
ထို့နောက်တံခါးကို ကျောပေး၍ ရပ်ကာ
လူကြီးအားအကဲခတ်ရင်း ကြည့်ရှုနေ
လေ၏။

ဤသို့နှင့် ပင် အချိန်အတော်ကြာသည်
အထိ ရပ်နေမိခဲ့ရာ မိန်းကလေးသည်
ခိုက်ခိုက်တုန်အောင် ချမ်း၍ နေလေ၏။
စောစောကမူ ထိတ်လန့်တကြားပြေးလွှားနေရသောကြောင့် ဇောချွေးများ
ပြန်ကာ ချမ်းအေးသော ဒဏ်ကိုခံနိုင်
သော်လည်း ယခုကဲ့သို့ရပ်နားလိုက်သောအခါ၌ ရေခဲအမှတ်သို့ရောက်နေ
သော ရှမ်းပြည်၏ ဆောင်းညသည် ထို
မိန်းကလေးအား ခိုက်ခိုက်တုန် စေလေ
တော့၏။

မိန်းကလေးသည် အချမ်းဒဏ်ကိုကြိတ်
မှိတ်၍ ခံ၏။ သို့ရာတွင် အရိုးကွဲထွက်
လုမတတ်
ချမ်းအေးလှရာကား
မိန်းကလေး၏ နှုတ်ခမ်းများသည် ပြာ၍
လာလေ၏။ အောက်မေးများ သည် တစ်
ဆတ်ဆတ်တုန်၍ လာလေ၏။

ထို့ကြောင့် မိန်းကလေးသည် လူကြီးရှိ
ရာမီးဖိုအနီးသို့ တဖြည်းဖြည်းတိုးကပ်၍သွားလေ၏။ လူကြီးမှာ မူ သားရေဖုံး
စာအုပ်ထူကြီးကို သဲမဲစွာ ဖတ်မြဲဖတ်၍
နေလေ၏။

လူကြီးသည် ထိုစာအုပ်တွင် ပါရှိသော
အောက်ပါစာသားတို့ ကို အသံမထွက်ပဲ
တစ်တွတ်တွတ်ရွတ်ဆို၍ နေလေ၏။

“စမ္ပာယ်ယုယ၊ ကျင်းပဟန်မူ၊
အမူကိုယ်လုံး၊ မြင်သူနုံးမျှ၊
ချိုပြုံးရွှင်ပျ၊ ချီမျက်စနှင့် ၊
သီကရယ်ငို၊ ကိုယ်ကိုညွတ်ခြင်း၊
ခံတွင်းဟဖွင့်၊ သံလွှင့်ဟစ်အော်၊
သွားဖော်လျှာထုတ်၊ ခြေချုပ်ခြေလက်၊
လျှို့ဝှက်အပ်ရာ၊ ကိုယ်အင်္ဂါကို၊
လှစ်ကာပြဆောင်၊ ရှက်ယောင်မဲ့ရွဲ့၊
မူနွဲ့ရွှံ့လျက်၊ ကဲ့ရဲ့ ချီးမွမ်း၊
နှုတ်ခမ်းကိုက်ငုံ၊ ခြုံရုံဖွင့်ဖုံး၊
ဆံထုံးဖြေလွှတ်၊ ကိုယ်ဝတ်ချွတ်ပြင်၊
တွင်းဝင်ပြင်ထွက်၊ အောက်ထက်
တက်ဆင်း၊
ကြည့်ခြင်းတူရူ၊ စောင်းသူမျက်ငြိုး၊
စိတ်ဆိုးဟန်လုပ်၊ ခါးကိုလှုပ်နှင့် ၊
နမ်းရှုပ်ချီချ၊ ဤသို့စသား၊
မိန်းမမာယာ၊ ကျမ်း၌လာသား"

လူကြီးသည်
ရွတ်ဆိုပြီးနောက် ၎င်း၏ စိတ်၌
“ဪ သွယ်သွယ် သွယ်သွယ်၊ ဒီစာထဲ
ကအတိုင်းပါပဲ၊ မျက်နှာကလေးကလဲချို
ပါ့၊ သွားကလေးများ ဖော်ပြီး ပြုံးလိုက်တဲ့
အခါမှာလဲ လှပါ့၊ အသံကလေးထွက်
အောင် ရယ်လိုက်မောလိုက်တဲ့ အခါမှာ
အထက်ပါလင်္ကာကိုလဲပဲ သူ့အသံလွင်လွင်ကလေးဟာ ငါ့ရဲ့
နှလုံးသည်းပွတ်ကို လှုပ်ခတ်နိုင်ပါ့ပေ၊
မျက်နှာကလေးတည်တည်နဲ့ ဟန်လုပ်
ထားတဲ့ အခါမျိုးမှာလည်း ပဲ ငါ့စိတ်ထဲ
မှာ သူ့ကိုရွံ့သလိုလို လေးစားသလိုလို၊ ခါး
ကလေးကိုလုပ်လီလုပ်လဲ့လုပ်ပြီး
လျှောက်သွားတဲ့ အခါမျိုးလည်းပဲ ကြည့်
လို့ ကောင်းပါပေ့၊ နှုတ်ခမ်းကလေးကို
ကိုက်ပြီးခေါင်းကိုငုံ့ထားတဲ့ အခါမျိုးများ
ဆိုရင် ငါဟာသူ့အတွက် စိတ်ထဲမှာ မ
ကောင်းဖြစ်ရသလိုလို၊
သူ့ကိုချော့တော့မလိုလိုဖြစ်ခဲ့မိရတယ်၊
ဒါပေမယ့်
ဒီစာထဲမှာ တော့ ‘ဤသို့ စသား မိန်းမ
မာယာ' တဲ့ ၊ ဒီလိုလုပ်တာတွေဟာ အပို
သက်သက်ယောက်ျားတွေကို ဖမ်းစားဖို့
မာယာလုပ်တာတဲ့ ၊ တခြားမိန်းမတွေအတွက် ဒီလင်္ကာဟာ ဟုတ်ချင်ဟုတ်
မယ်၊ သွယ်သွယ့်အတွက်တော့ ဟုတ်မယ်
မထင်ပါဘူး၊ သွယ်သွယ်ဟာ မာယာမ
လုပ်တတ် ဘူး၊ သွယ်သွယ်ဟာ ငါ့ကို
ဘယ်တော့မှ
မလှည့်စားခဲ့ပါဘူး၊
ဪ..သွယ်သွယ် သွယ်သွယ်၊ ငါနဲ့ သူနဲ့
ခွဲခွာကြရတာ ဘာလိုလိုနဲ့ နှစ်အတော်
ကြာပြီပဲ၊ အို နှစ်အတော်ကြာရုံဘယ်ကမ
လဲ၊ နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်တောင် ရှိနေ
မှ ပဲ၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒီနေ့ ဘာနေ့ပါလိ
မ့်၊ တန်ဆောင် မုန်းလဆန်း သုံးရက်နေ့ပါ
လား၊ သွယ်သွယ်နဲ့ ငါနဲ့ ဝေးခဲ့ကြာတာ
နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ် ပြည့်သွားပြီပဲ၊
အင်း အဲဒီတုန်းက ဘယ်လိုများ ဖြစ်ပါလိ
မ့်၊ တန်ဆောင်မုန်းလကြီးမှာ ထူးထူးခြား
ခြား မိုး ရွာတဲ့ ညတစ်ည၊ အဲအချိန်ကို ငါ
ကောင်းကောင်း ကြီးမှတ်မိပါတယ်၊ အခု
ဒီနေရာဒီဒေသမှာ မိုးရွာနေတာမဟုတ်ပါ
ဘူး၊ နှင်းတွေကျနေတာပါ၊ သွယ်သွယ်ရဲ့
ဆံကေသာမှာ ထည့်ထားတဲ့ အုန်းဆီနံ့
ကလေးရယ်၊ လူးထားတဲ့ သနပ်ခါးနံ့
ကလေးရယ်၊ ဪအဲဒီအနံ့တွေမဟုတ်
ပါဘူးလေ၊ သွယ်သွယ်ရဲ့ ကိုယ်နံ့ကလေး
လို့ ပြောရင်ပိုပြီးမှန်မှာ ပါ၊ အဲဒီ ကိုယ်နံ့
ကလေးဟာ ကြာညိုနံ့ ဆိုတာများ လား၊
အဲဒီအနံ့ကလေး ငါ့ရဲ့ နှာခေါင်းဝမှာ မရတာလဲ
နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်တင်းတင်း ပြည့်ပြီပေါ့”

လူကြီးသည် သူရူးကြီးပမာ အထက်ပါ
စကားများကို တစ်တွတ်တွတ် ရေရွတ်
ပြောဆိုနေစဉ်၌ပင် ၎င်း၏ နှာ ခေါင်းဝ၌
၎င်းကိုယ်တိုင်စွဲလမ်းခဲ့သော ရနံ့တစ်မျိုးကို အမှတ်မထင်ရှူရှိုက် မိလေတော့၏။
ထိုသို့ရှူရှိုက်မိသည့်တစ်ခဏ၌
လူကြီး၏မျက်လုံးသည် မီးရောင်
အောက်၌ ဝင်းလက်၍ သွားလေ၏။
သားကောင်၏ ရနံ့ကိုရသော မုဆိုး၏
အမဲလိုက်ခွေးကဲ့သို့တွေ၍ စဉ်းစားနေမိ
လေ၏။

“ကြာညိုရနံ့ရပါလား၊ သွယ်သွယ်ရဲ့
ကိုယ်နံ့ကလေးပါလား၊ ငါ့နှာခေါင်းမှာ တ
ကယ့်အနံ့ရတာ ဟုတ်ရဲ့ လား၊ ငါ့စိတ်က
ထင်နေတာများ လား၊ မဟုတ်ပါဘူး၊
တကယ်အနံ့ပါ"ဟု လူကြီးသည် တွေတွေ
ကြီး စဉ်းစားပြီးနောက်ပို၍ သေချာစေရန်
‘ရှူး’ကနဲ့ ရှုရှိုက်ကြည့် လိုက်လေ၏။ ထို
ရှူရှိုက် လိုက်သည့်အခါ၌ လည်း ၎င်း
စွဲလမ်းခဲ့သော ကြာညိုနံ့ သို့မဟုတ် ၎င်း
ချစ်သူ သွယ်သွယ်၏ သင်းပျံ့သော ကိုယ်
ရနံ့ကိုထင်ရှားစွာ ရှုရှိုက်မိလျက်သားရှိ
လေ၏။

လူကြီးသည် “စိတ်ကထင်တာမဟုတ်
ပါဘူး။ တကယ့်ကိုသွယ်သွယ်ရဲ့ ကိုယ်နံ့
ကလေးပါ” ဟု စိတ်၌ ရေရွတ် ရင်း
လက်တွင်းမှ စာအုပ်ထူကြီးအား
အောက်သို့ချကာ ခေါင်းကိုဖြည်းဖြည်း
ချင်းမော့၍ ကြည့်လိုက်ရာ ၎င်းနှင့် နှစ်
တောင် ကျော်ကျော်လောက်နေရာတွင်
ကျုံ့ကျုံ့ယုံ့ယုံ့လေး ထိုင်၍ မီးလှုံနေသော
၎င်း၏ ချစ်သူ သွယ်သွယ်ဆိုသည့်မိန်းကလေးအားအံ့သြဖွယ်ရာ တွေ့ရလေ
တော့၏။

လူကြီးသည် ပါးစပ်ကိုဟ၍ ငေးမော
ကာ သွယ်သွယ်အားကြည့်ရှုနေလေ၏။

“ဪ...သွယ်သွယ်ပါလား။ လွန်ခဲ့တဲ့
နှစ်ဆယ့်ငါးနှစ်တုံးက
အခုလိုပဲ
မိုးစက်မိုးပေါက် တွေကြားထဲမှာ ခွဲခွာ ခဲ့ရ
တဲ့ သွယ်သွယ်ဟာ နှစ်ဆယ့်ငါးနှစ်
တင်းတင်းပြည့်တဲ့ ညမှာ ငါ့ဆီပြန်ပြီး
ရောက်လာပါလား”ဟု
လူကြီးသည် ပါးစပ်အဟောင်းသားနှင့် ငေးမောရင်း စဉ်းစားနေလေ၏။ အမှန်စင်စစ်အားဖြင့် လူကြီးအနီးတွင် အသိမပေးဘဲ တိတ်တဆိတ် ရောက်လာ၍ မီးလှုံနေသော မိန်းကလေးမှာ သွယ်သွယ်မဟုတ်
ပေ။ အန္တရာယ်များ အကြားမှ ထွက်ပြေး
လွတ်မြောက် လာသော အသက်နှစ်ဆယ်
အရွယ် မိန်းကလေးမျှသာဖြစ်ပေသည် ။

တစ်ခုထူးဆန်းသည်မှာ ထိုမိန်းကလေးသည် လူကြီးစွဲလမ်းခဲ့သော သွယ်သွယ်နဲ့ တထေရာ တည်းတူ၍ နေ
ခြင်းပင် ဖြစ်၏။

မျက်နှာသွင်ပြင်ကလည်း တူ၏။
ကိုယ်လုံးကိုယ်ထည်လည်း တူ၏။
အရပ်အမောင်းလည်း တူ ၏။ ကနွဲ့ကလျ
ထိုင်နေပုံကလေးသည် ပင်တူလှလေသေး
တော့၏။ မိန်းကလေးသည် အားကိုး
သောမျက်လုံးများ ဖြင့် မျက်တောင်မခတ်
ဘဲ ကြည့်နေလေ၏။

လူကြီးသည် နှာခေါင်းတွင် ချိတ်၍
တပ်ထားသော ချစ်တီးကုလားများ တပ်
လေ့ရှိသည့် ၎င်း၏ မျက်မှန်ဝိုင်း
ကလေးကို ‘ဆတ်'ကနဲ ဖြုတ်ချ လိုက်
လေ၏။

ထိုမျက်မှန်ဝိုင်းကလေးနှစ်ဘက်အာ
ကြိုးနှင့် သွယ်တန်း၍ ၎င်း၏ လည်ကုတ်၌ ဆွဲထား သည် ဖြစ်ရာ ယခုကဲ့သို့
ဖြုတ်ချလိုက်သည့်အခါ၌ မျက်မှန်ဝိုင်း
ကလေးသည် လူကြီး၏ ရင်ဘတ် ပေါ်၌
တွဲလွဲခို၍ နေလေ၏။

လူကြီးသည် မျက်မှန်ကိုဖြုတ်လိုက်ပြီး
နောက် မိန်းကလေးအားသေချာစွာ ကြည့်
လိုက်ပြန်၏။ ထိုသို့ကြည့်ရှု ပြီးနောက်
၎င်း၏ စိတ်တွင်
“သွယ်သွယ်နဲ့ တော့ ရွေးလို့မရအောင်
တူပါပေတယ်။ ဒါပေမယ့် ဘယ်နည်းနဲ့ မှ
သွယ်သွယ်မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆို
တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်
က သွယ်သွယ်ဟာ ဒီအရွယ်ရှိခဲ့ပေမယ့်
အခုနေများ ပြန်ပြီး တွေ့ရရင် ဒီအရွယ်
မဟုတ်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် သူ
လည်း ပဲ အသက်လေးဆယ်ကျော် ငါးဆယ်တစ်ဝက်ကို နင်းနေတဲ့ အဘွားကြီး
တစ်ယောက် ဖြစ်နေရောပေါ့။ ဆံပင်တွေတောင် ဖြူချင်ဖြူနေရော့မယ်။ ပါးရေ
နားရေတွေ တွန့်နေတော့မယ်။ ဒီလို
နုနယ် လန်းဆတ်တဲ့ အရွယ်လေးမဟုတ်
နိုင်တော့ဘူး"ဟု တွေးထင်မိလေ၏။

ထိုသို့တွေးပြီးနောက် ထိုလူကြီးက
မိန်းကလေးအား 
“မင်း ဘယ်သူလဲ သွယ်သွယ်၊ အဲ...
အဲ၊ မိန်းကလေး”ဟု မှားသွားသော
စကားကိုကပျာကယာပြင် လိုက်လေ၏။

မိန်းကလေးသည် လူကြီးက ၎င်းအား
သွယ်သွယ်ဟူ၍ ခေါ်လိုက်သည်ကို
သတိပြုမိခြင်းမရှိပေ။ မင်းဘယ်သူလဲဆို
သည့် စကားကိုသာ ကြားမိလေ၏။

“ခင်မေပါဦးလေး....၊ ခင်မေဒုက္ခရောက်လာတာပါ၊ ခင့်မေကိုကယ်ပါ၊
သူတို့ ကတော့ ခင့်မေကို လိုက်ရှာနေကြ
ပြီ၊ ခင့်မေကို ဝှက်ပေးထားပါနော်"ဟု
မိန်းကလေးပြော လိုက်လေ၏။

“ဘယ်သူတွေက ဘယ်သူ့ကို ဘာ
အတွက် ဘယ်နေရာမှာ ဘယ်တုန်းက
ဘယ်လိုရှာနေကြတာတုံး မိန်းကလေးရဲ့
"ဟု လူကြီးသည် ဘကုန်းပေါင်းများ စွာ
ကို အသုံးပြု၍ မေး လိုက်လေ ၏။

“ခင်မေကို သူတို့ ဖမ်းလာကြာတာပါ။
တောင်ပေါ်ကအဆင်း တောင်အောက်လဲ
ရောက်ခါနီးရော ကားပျက်လို့အောက်ကို
ခဏဆင်းရတဲ့ အခါမှာ ခင်မေထွက်ပြေးခဲ့
တာပါ။ အခုလောက်ဆိုရင်တော့ သူတို့
ဟာ သဲသဲမဲမဲကြီးရှာဖွေနေကြပါပြီ"ဟု
မိန်းကလေးက ပြောလေ၏။

“ဪ...သိပြီ...သိပြီ... နောင်ခြေနား
မှာ ဆိုတော့ ‘ထုံးဘို’လို့ခေါ်တယ်။ ဒီဘက်
ကို နည်းနည်းရောက်ရင် ‘ကူကြိုး’လို့ခေါ်
တယ်။ အဲဒီနားက ပြေးခဲ့တာပေါ့။ ဒါဖြင့်
ရင် မိန်းကလေးက တောင်ပေါ်က
လား”ဟု လူကြီးက မေးလိုက် လေ၏။

“မဟုတ်ပါဘူး…၊ ခဏရောက်နေတဲ့ ဧ
ည့်သည် ပါ။ သူတို့ က ခင့်မေကိုရထားနဲ့
ရန်ကုန်ကိုခေါ်သွားကြမှာ ပါ။ ဒါကြောင့်
တောင်ပေါ်ကနေ ရွှေညောင်ဘူတာကို
မော်တော်ကားနဲ့ ခေါ်လာတာရှင့်"ဟု ခင်
မေက ပြောလိုက်လေ၏။

ထိုအခါ၌ လူကြီးသည် ထိုင်နေရာမှ
ထ၍ တံခါးဆီသို့လျှောက်သွားပြီးလျှင်
တံခါးမင်းတုပ် များကို ချ လိုက်လေ၏။
ထို့ပြင် ပြတင်းပေါက်မှန်များ ရှေ့တွင်
တပ်ဆင်ထားသော သစ်သားတံခါးများကို
လည်း ပိတ်လိုက်ပြီးလျှင် မီးလင်းဖိုရှိရာ
သို့ လျှောက်၍ လာလေ၏။

“ခင်မေ့ကို ကယ်မယ်မဟုတ်လား
ဦးလေးရယ်...”ဟု သနားစရာ
ကောင်းသော အသံ ကလေးဖြင့် ခင်မေက
ပြော လိုက်လေ၏။

“မိန်းမဆိုတာ ယောက်ျားတွေထက်
လူကဲခတ်ကောင်းတယ်ဆိုတဲ့ စကားက
မင်းအတွက်တော့ မှားနေပြီးထင်
တယ်။ မင်းကတယ်ပြီးညံ့တာကိုး၊ တံခါး
တွေ ထပြီးပိတ်တာဟာ မိန်းကလေးကို
ကျုပ် လက်ခံလိုက်ပြီဆိုတဲ့ သဘောပဲ။
ဘာမှ မကြောက်နဲ့ တော့။ ဆာနေရော့
မယ်။ ကျုပ်လည်း ပဲ ညစာမစားရသေး
ဘူး”ဟု ဆိုကာ လူကြီးသည် ပန်းကန်စင်မှ ကြွေပန်းကန်စောက်နှစ်လုံး၊ ကြွေဇွန်း
နှစ်ချောင်း၊ တူနှစ်စုံ၊ ၎င်းကိုယ်တိုင် ရှာလ
ကာရည်ဖြင့် စိမ်ထားသော ကြက်သွန်
ဖြူ၊ ငရုတ်သီးများ ထည့်ထားသည့်
အချဉ်ပုလင်းတစ်လုံး၊ အသားကင်ထည့်
ရန်အတွက်
သံဇလုံကလေးတစ်လုံး၊
အသားကင်လှီးရန် ဓားပါးကလေးတစ်
လက် စသည် တို့ ကိုမီးဖိုကြီးအနီးသို့ ယူ
လာပြီးလျှင် စားပွဲဝိုင်း ကလေးတစ်ခုအား
မီးဖိုအနီး၌ ခင်းကာထိုပစ္စည်းများကို တင်
လေ၏။ ထို့နောက် မိန်းကလေးအတွက်
ဆန်ပြုတ်များ ခပ်၍ ပေးလေ၏။ ၎င်း
အတွက်လည်း ဆန်ပြုတ်များ ခပ်လေ၏။
ထို့နောက်လူကြီးသည် အသားကင်တံစို့
ကိုယူ၍ အသားတုံးများ အား စားပွဲပေါ်၌
တင်ကာ ဓားဖြင့်လှီးလေ၏။ လှီးပြီးနောက်သံပန်းကန်ကလေးအတွင်းသို့
ထည့်လေ၏။

“ခင်မေ မဆာပါဘူးရှင့်"ဟု မိန်းကလေးက ပြောလေ၏။

“မဆာရင်လဲ စားရမယ့်ကွယ့်။ အချမ်း
ဒဏ်ဟာ အစာရှိမှ ခံနိုင်တယ်၊ ကျုပ်ဆီမှာ
ကျုပ်ကို အားကိုးပြီးနေမယ် ဆိုရင်တော့
ကျုပ်ရဲ့ စကားကိုနားထောင်ရမယ်၊ ဒီလို
နားမထောင်နိုင်ဘူးဆိုရင် အခုပဲတံခါးဖွင့်
ပြီး ထွက်သွားပါ၊ အဲဒါအကောင်းဆုံးပါပဲ၊
နှစ်ဦးနှစ်ဝစိတ်ချမ်းသာတာပေါ့”ဟု
လူကြီးကပြောလိုက်ရာ

ခင်မေသည် ထိတ်ထိတ်ပျာပျာဖြင့်..
“စားပါ့မယ်ရှင်၊ စားပါ့မယ်”ဟု ဆိုကာ
အသားကင်တစ်တုံးကို ကြောက်အားလန့်
အားဖြင့် ကောက်၍ စားလိုက်ရာလျှာပူ၍သွားလေတော့၏။
ထို့ကြောင့် ခင်မေသည် ‘ဟူး'ကနဲမှုတ်
လိုက်လေ၏။

“မိန်ကလေးကကွယ်၊ စားရမယ်ဆိုတဲ့
ဒီလောက်ပူတဲ့ အသားတုံးကို ကောက်ပြီး
စားတော့တာပဲ၊ ပူသွားပြီမှတ်တယ်၊ ကဲ...
ကဲ ဆန်ပြုတ်ကလေးသောက်လိုက်၊ တ
အားလဲမသောက်နဲ့ ဦး၊ မှုတ်ပြီးမှ
သောက်၊ ဆန်ပြုတ်ကတစ်နေ့လုံး
တည်ထားတာ ပူခြစ်နေတာပဲ”ဟု ပြောဆို
ကာ လူကြီး သည် ခင်မေ၏ ဆန်ပြုတ်
ပန်းကန်အတွင်းသို့ ငရုတ်ကောင်းမှုန့်
အနည်းငယ်ကိုဖြူးပေး လိုက်လေ ၏။

ခင်မေလည်း ဆန်ပြုတ်အား ဇွန်းဖြင့်မွှေ၍
အနည်းငယ်မှုတ်ကာသောက် လေ၏။ထို့ကြောင့် နွေးနွေးထွေးထွေးဖြစ်၍
သွားလေ၏။

“နွေးသွားပြီးလား ကလေးမ၊
အသားကင်ကလေးကို မှုတ်ပြီးစား
လိုက်ပါဦး၊ ဒါနဲ့ အိမ်ရှင်ကနေ ဧည့်သည်
ကိုခွင့်တောင်းရဦးမယ်၊ ကျုပ်ကအရက်
သောက်တတ်တယ် မိန်းကလေးရဲ့ ၊ အဲဒါ
ကျုပ်ကို အရက်သောက်ခွင့်ပြုပါ” ပြော
ဆိုကာလူကြီးသည် ရှမ်းအရက်အနည်း
ငယ်ကိုငှဲ့၍ ခွက်ကိုမြှောက်ကာ
“မိန်းကလေး ရောက်လာတဲ့ အထိမ်းအမှတ်”ဟု ဆိုကာ မော့ချလိုက်
လေ၏။ မိန်းကလေးလည်း ဆန်ပြုတ်ကို
မှုတ်၍ သောက်နေလေ၏။

သို့ရာတွင် လူကြီး၏ ဆန်ပြုတ်မှာ ဆား
မပါသောကြောင့် လွန်စွာ ပေါ့ရွှတ်ရွှတ်နိုင်လှ သည် ဖြစ်ရာ သောက်၍ မကောင်း
ဘဲရှိလေ၏။ ထို့ကြောင့် မိန်းကလေး၏
မျက်လုံးများ သည် ဆားခွက်ကိုရှာ
လေ၏။

“ဟေ့ … မိန်းကလေးသောက်လေကွယ့်၊
မင်းမျက်လုံးကလည်း
မုဆိုးရန်ကို
ကြောက်နေတဲ့ သမင်ရဲ့ မျက်လုံးလိုပါပဲလား၊
ဘာကိုရှာနေတာတုံး၊ ဘာကို
ကြောက်နေတာတုံး"ဟု လူကြီးက မေး
လိုက်လေ၏။

“မဟုတ်ပါဘူးရှင် မဟုတ်ပါဘူး၊ ဆန်ပြုတ်ကနည်းနည်းပေါ့သလားလို့ပါ”ဟု မိန်းကလေးသည် ထိတ်ထိတ်ပျာပျာနှင့် ပြန်၍ ဖြေ လိုက်လေ၏။

“ဆန်ပြုတ်က ပေါ့တယ်လို့
မင်းကိုဘယ်သူကပြောလို့တုန်း”ဟု လူကြီးက
မေးလေ၏။

"ဆန်ပြုတ်ကနည်းနည်းပေါ့နေပါတယ်
ရှင်"ဟု မိန်းကလေးက မရွံ့မရဲနှင့် ပြန်၍
ပြောလိုက်လေ၏။

“ဪ…ဪ...၊ ဟုတ်ပြီဟုတ်ပြီ၊
မင်းကဆန်ပြုတ်ကောင်းကောင်း
မသောက်တတ်သေးပဲကိုး၊ ဒီလိုကွယ့်
မိန်းကလေးရဲ့ ဆန်ပြုတ်သောက်တဲ့ အခါ
မှာ ဆန်ပြုတ်ရယ် လျှာရယ် နှစ်ခုတည်းက
ပဲ အလုပ်လုပ်ပေစေကွယ့်၊ အဲဒီထဲမှာ မင်း
ဝင်ပြီမရှုပ်ရဘူး၊ ဆန်ပြုတ်ကို ဇွန်းနဲ့ ခပ်
လိုက်၊ လျှာပေါ်တင်ပေးလိုက်၊ လျှာကသူ့
ဘာသာသူ လိပ်ယူ သွားပြီး အူထဲကိုပို့
လိုက်လိမ့်မယ်၊ ဆန်ပြုတ်နဲ့ လျှာဟာ
ဘယ်တုန်းကမှ ရန်မဖြစ်ကြဖူးဘူးကွ၊
အဲဒီနေရာမှာ လူကဝင်ရှုပ်ပြီး ပေါ့သလေး
ငန်သလေးနဲ့ လျှာနဲ့ ဆန်ပြုတ်ကြားမှာ
ရန်တိုက်တာကွ၊ ဟဲ ဟဲ ဟဲ ရော့ပါလေ
ရော့ပါ၊ ဆားခွက်ကဒီမှာပါ”ဟု ဆိုကာ
ဆားခွက်ကိုယူ၍ စားပွဲပေါ်တင်ပေးလိုက်
လေ၏။ 

မိန်းကလေးလည်း ဆားကို အနည်းငယ်ကော်၍ ဆန်ပြုတ်ပန်းကန်
ထဲ၌ ထည့်ကာမွှေ လိုက်လေ၏။
ထို့နောက် မြိန်ရှက်စွာ သောက်လေ
တော့၏။ လူကြီးသည် ရေနွေးအိုးအတွင်းသို့ ကော်ဖီကြမ်းမှုန့်များ ထည့်ကာ
မီးလင်းဖို၌ တည်၍ နှပ်ထားလေ၏။
ဆန်ပြုတ်သောက်ပြီး သည့်အခါ ၌ ထို
ကော်ဖီအိုးမှာ လည်း ကျိုက်ကျိုက်ဆူနေ
ပြီ ဖြစ်၏။

ထိုအခါ၌ လူကြီးသည် ကော်ဖီအိုးကိုချ၍ သကြားအနည်းငယ်ခတ်ကာကြွေရည်သုတ် သောက်ရေခွက်အတွင်းသို့
ကော်ဖီကြမ်းများထည့်ပေးလိုက်လေ၏

“ကဲ ကဲ၊ ကော်ဖီလေး သောက်လိုက်ပါ
ဦး၊ ကော်ဖီသောက်နည်းကော သိပြီလား၊
ကော်ဖီနဲ့ လျှာဟာ တစ်ခါမှ ရန်မဖြစ်ဖူး
ဘူးကွ၊ လူကသာ သူတို့ နှစ်ယောက်
ကြားမှာ အချိုပေါ့ သလေး၊ အချိုပြင်း
သလေးနဲ့ ရန်တိုက်ပေးလေ့ရှိ တာ၊ အဲဒီ
တော့ ကော်ဖီနဲ့ လျှာကိုရန်မဖြစ်အောင်
သောက်လိုက်ပါ။
အချိုပေါ့ရင်လဲ နောက်ထပ်ထည့်ပေးဖို့ သကြားမရှိတော့
ဘူး။ နက်ဖြန်ဈေး နေ့ကျမှ ပဲ ဝယ်ရဦး
မယ် ဟဲဟဲဟဲ”ဟု ပြောဆို လိုက်လေ၏။

မိန်းကလေးသည် ကော်ဖီကြမ်းကိုစတင်၍ သောက်လေတော့၏။ ၎င်း၏
စိတ်တွင် မူ ထိုလူကြီးသည် တစ်မျိုးတစ်ဖုံ
ထူးခြားသော လူကြီးဖြစ်သည် ဟု တွေးမိ
လေ၏။ ကော်ဖီသောက် ခြင်းကိစ္စပြီး
သောအခါ၌ လူကြီးက

“မိန်းကလေးရေ ဟောဟိုမှာ “ကင်း
ကော့”ကလေးရှိတယ်။ အဲဒီအပေါ်မှာ
အိပ်ပေတော့၊ စောင်တွေဘာတွေ လဲရှိ
တယ်၊ စိတ်ချလက်ချအိပ်ပါ။ မအိပ်ခင်
အပေါ့သွားချင်ရင် ဟော ဟိုတံခါးကလေး
ကို ဖွင့်ပြီးသွားပေတော့”ဟု ပြောလေ၏။

ခင်မေသည် ဆန်ပြုတ်ပန်းကန်များ နှင့်
ကော်ဖီခွက် ကိုဆေးမည်ဟု ကောက်ယူ
လိုက်လေ၏။

“ဆေးမလို့လား၊ မနက်မှ ဆေးပါ”ဟု
လူကြီးကပြောသဖြင့်“တစ်ခါတည်းဆေးလိုက်တာ ကောင်း
ပါတယ်ရှင်"ဟု မိန်းကလေးကပြန်၍
ပြောလိုက်လေ၏။

“ မဟုတ်ဘူးကွ၊ ရေကိုင်ပြီးလျှင် လက်
ကသိပ်ပြီးအေးနေတာ၊ တော်တော်နဲ့ ကို
အနွေးဓာတ်ရမှာ မဟုတ်ဘူး ၊ ရေနွေးနဲ့
ဆေးရင်လဲပဲ မရပါဘူးကွာ၊ အေးတာပါပဲ၊
အိပ်မှာသာ အိပ်စမ်းပါ”ဟု ဆိုသဖြင့် ခင်
မေလည်း မီးဖိုအနီးမှ ထ၍ သွားကာ
လူကြီးပြသော တံခါးအားဖွင့်၍ အပြင်
ထွက်လေ၏။ အပေါ့အပါးသွားလေ၏။
ထို့နောက် လူကြီး၏ ကင်းကော့ခေါ်
ပတ္တူခုတင်ကလေးပေါ်၌ ဂွမ်းကပ်ကိုခြုံ၍
အိပ်စက်လေတော့၏။ မောကြီးပန်းကြီး
ပြေးခဲ့ရသောကြောင့် ခေါင်းချလိုက်သည်
နှင့် ပင် အိပ်ပျော်ခြင်း သို့ရောက်လေတော့၏။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၂ - ခ

ခင်မေသည် ထိုသို့အိပ်စက်ခဲ့ရာမှ ည
နာရီပြန်တစ်ချက်ထိုးခန့်တွင် ချမ်းအေး
လှသောကြောင့် အိပ်ရာမှ နိုးလေ
တော့၏။ ထိုအချိန်၌ ဆွဲဆွဲငင်ငင်ရှိလှ
သော တယောသံကလေးကို ကြားနေ
လေ၏။ ခင်မေသည် မီးလင်ဖိုကြီး ရှိရာသို့
လှမ်း၍ ကြည့်လိုက်မိလေ၏။
မီးလင်းဖိုကြီးအနီးတွင် စောင်ကြမ်း
ကြီးတစ်ထည်ကို ခြုံ၍ တယောထိုးလျက်
ရှိသော လူကြီးကိုတွေ့ရလေ၏။

လူကြီးသည် ၎င်း၏ တယောသံ၌ ၎င်း
ကိုယ်တိုင်နစ်မျောနေပုံရလေ၏။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ လည်းတိတ်ဆိတ်နေပြီဖြစ်ရာ လူကြီး၏ တယောသံသည် ကျောက်တုံးအိမ်ကလေး
ကိုသာမက ထိုပတ်ဝန်းကျင် တစ်ခုလုံးကို
ပင် ပျံ့လွင့်၍ သွားလေ၏။

ခင်မေသည် ချမ်းအေးလွန်းသဖြင့်
အိပ်စက်ရန် မဖြစ်နိုင်ရကား အိပ်ရာမှ
ထ၍ မီးလင်းကြီး ဆီသို့လာခဲ့လေ
လေ၏။ လူကြီးသည် တယောထိုး၍
နေရာမှ ခင်မေ့အား..
“ဘယ်လိုလဲမိန်းကလေး၊ အိပ်လို့မပျော်
ဘူးလား"ဟု မေး လိုက်လေ၏။

“ဟုတ်တယ်ရှင့်၊ ချမ်းလွန်းလို့အိပ်လို့
တောင် မရဘူး"ဟု မိန်းကလေးက ပြော
လိုက်လေ၏။

“အိပ်လို့မရရင် ထိုင်ပြီးနေတာ
အကောင်းဆုံးပဲ၊ ကဲ ကဲ ကဲ မီးလှုံရင်း
ထိုင်၊ ဆာလို့ရှိရင် ကော်ဖီကြမ်းသောက်၊
ကျုပ်တယောထိုးပြမယ်၊ နားထောင်မယ်ဆိုရင် သီချင်းပါဆိုပြဦးမယ်”ဟု ဆိုသဖြင့်
ခင်မေကနားထောင်လိုကြောင်း ခေါင်းကို
အသာအယာညိတ်၍ ပြလေ၏။

ထိုအခါ၌ လူကြီးသည် ထိုခေတ်က
လွန်စွာနာမည်ကြီးသော ဟန်မာရီစံပယ်
အုန်း သီဆိုသည့် ကြိုက်ချင်ချင်သီချင်းကို
တယောထိုးကာအသံဝါကြီးဖြင့်
အောက်ပါအတိုင်းသီဆိုကြလေ၏။

မလိုချင်ပါတယ် xxxဟိုအယင် စတိုင်
ပွဲစဉ်က
XXX
ဘိုင်ကျတာတွေ xxဘယ်လာလို့မှ
ကျွန်မမယူပါဘူး xxx
XXX
ထူးတော့မလို xxမာနတွေတဖိုဖိုနှင့်
xxငါ အပျို အထင်
ကရ တပါးဟာမို့ ××ကျွန်မနဂိုအသွင်

လှလို့ ကြွားမိ လေသမျှ xx အယင်စကားအရှိနဲ့ xxမပေါင်းနိုင်တာတွေ
မထားကြပါနှင့်… xxကျွန်မမှာ XXရှင်
xxလင်သား မရှိရင် ဖြင့်xxx
ကောင်းနိုင်ကြပါမလား x လူပျိုစစ်ရင်
ကျွန်မမယူချင်xx

မိန်းကလေးသည် မီးလင်းဖို၏ ကျောက်စွန်းကလေးကို ခေါင်းဖြင့်မှီ ၍
လူကြီး၏ တယောသံကို နားထောင်ရင်း
အိပ်ပျော်၍ သွားလေ၏။

ထိုအခါ၌ လူကြီးသည် ကွမ်းကပ်စောင်
ကလေးတစ်ထည်ကိုယူ၍ မိန်းကလေး
အားလွှမ်းခြုံ ပေးလေ၏။ ပြီးလျှင်၎င်း၏
တယောကလေးကို တိုင်၌ ချိတ်ကာတောင်နီဈေးတွင် သွားရောက် ရောင်းချမ
ည့် ပစ္စည်းပစ္စယများကို စတင်ပြင်ဆင်
လေ၏။

နံနက်(၄)နာရီသာသာလောက်တွင်
လူကြီးသည် သူ၏ ပက်လက်မြင်းလှည်း
ကလေး၌ ‘ကောင်းဘို့’ဟု အမည်ပေးထား
သော ၎င်းမြင်းကြီးအား တပ်ဆင်လေ၏။
ကောင်းတို့သည် ဒေါင်းကောင်း၊ အလျား
ကောင်း လေးလုံးခြောက်ဘက် မဒရတ်
မြင်းမျိုး ဖြစ်၏။
လည်ဆံမွှေးလည်း လွန်စွာရှည်၏။
လူကြီးက ‘ကောင်းဘို့’ကို ဇောင်းမှ ထုတ်
သောအခါ၌ “ကောင်းဘို့'သည် ၎င်း၏
ထုံးစံအတိုင်း ‘ဟီ’လေ၏။

ထို့ကြောင့် လူကြီးက...
“တိုးတိုးလုပ်ပါ ကောင်းဘို့ရဲ့ ၊ မင်းဟီတာနဲ့ အိပ်နေတဲ့ မိန်းကလေး လန့်ပြီးနိုး
သွားပါဦးမယ်"ဟု ပြောဆိုကာ မြင်းကြီး
ကောင်းတို့၏ … ပါးစပ်အတွင်းသို့
မုန်လာဥနီသုံးလေးလုံးကို
ထည့်
ပေးလိုက်၏။ မြင်းကြီးကောင်းဘို့လည်း
မုန်လာဥနီများကို “ဝါး”၍ နေရသောကြော
င့် ဆက်လက်၍ မဟီနိုင်တော့ပေ။

လူကြီးသည် ပစ္စည်းများကိုလှည်းပေါ်
သို့တင်၍ ပတ္တူရွက်ဖျင်ကြီးများ ဖြင့်
အုပ်ဆိုင်းကာ
“ကဲ သွားကြစို့သားရေ”ဟု ဆိုကာမြင်း
ကြီးကောင်းဘို့ အားဆွဲ၍
ခြေကျင်လျှောက်ခဲ့လေ၏။
အတော်အတန် လျှောက်ခဲ့၍ ကောင်းဘို့
ကြီးသွေးပူလောက်သောနေရာသို့ရောက်
မှ ပင်...“ကဲ သားကြီးရေ၊ အဖေတက်ပြီ
ကွာ"ဟု ဆိုကာ လှည်းပေါ်သို့တက်
လေ၏။

နံနက်(၅)နာရီထိုးလောက်တွင်
ကျောက်တုံးအိမ်ကလေးအတွင်းရှိ
မီးလင်းဖိုကြီးအား ခေါင်းစိုက်ကာ အိပ်
လျက်ရှိသော ခင်မေသည် အိပ်ရာမှ နိုး
လေတော့၏။

"ဟင်…..ငါလဲ ဒီနားမှာ အိပ်ပျော်နေ
လိုက်တာ စောင်တွေဘာတွေနဲ့ ပါလား၊
ဟိုဦးလေးကြီးက စောင်ခြုံပေးထားတာ
ကိုး" ဟု တွေးရင်း မျက်လုံးကိုဖွင့်ကြည့်
လိုက်လေ၏။ ထို့နောက် စောင်ခြုံလျက်နှ
င့် ပင် လူကြီးအားမျက်လုံးဖြင့် ရှာဖွေ
လေ၏။ သို့ရာတွင် လူကြီးကိုကား
တွေ့ရတော့ပေ။“ဟိုဦးလေးကြီး ဘယ်များ သွားပါလိ
မဲ့'ဟု တွေးရင်း ခင်မေသည် အိပ်ရာမှ
ထလေ၏။

ထို့နောက်မီးလင်းဖိုရှေ့တွင် ညကခင်း
ထားသော စားပွဲဝိုင်းပေါ်သို့ကြည့်လိုက်ရာ
အမှုန့် မည်းမည်းကလေးများ ထည့်ထား
သော ပုလင်းတစ်လုံး၊ မျက်နှာသုတ်ပုဝါ
ပိုင်း ကလေးတစ်ခုနှင့် စားပွဲပေါ်တွင်
မြေဖြူဖြင့်ရေးထားသော အောက်ပါစာကို
တွေ့ရလေတော့၏။

"မိန်းကလေး သွားတိုက်ဖို့ မီးသွေးမှုန့်နဲ့ ဆားကို ရော
ထားတဲ့ ပုလင်းကလေးလည်း ထားခဲ့
တယ်၊ မျက်နှာသစ်ပြီးရင်အသုံးပြုဖို့
မျက်နှာသုတ်ပုဝါကလေးထားခဲ့တယ်၊
ကော်ဖီလည်း နှပ်ထားခဲ့တယ်၊ သကြားကတော့ ညကတည်းကကုန်နေပြီမို့ သား
ကြီးမောင်ကောင်းဘို့
စားတဲ့ ထန်းလျက်
ကြမ်းသုံးလုံးကို စက္ကူနဲ့ ထုပ်ပြီးထားခဲ့
တယ်၊ အိမ်တံခါးကိုလည်း အပြင်ကနေ
သော့ခတ် သွားတယ်၊ မျက်နှာသစ်ရင်
တော့ ရေနွေးနဲ့ သစ်ပါ

ဦးလေးကြီး"

မိန်းကလေးသည် စာကိုဖတ်ပြီးနောက်
အနည်းငယ်ပြုံး လိုက်လေ၏ စိတ်တွင်းမှ လည်း

“ဪ ဒီလူကြီးနှယ် တယ်ပြီးသေချာ
တာပဲ”ဟု တွေးရင်းစားပွဲပေါ်မှ မီးသွေးမှု
န့်ပုလင်းကိုယူကာ လက်ဝါးပေါ်သို့
အနည်းငယ်ပုံပြီးနောက်
လက်ညှိုး
ကလေးဖြင့် တို့ ကာတို့ ကာ ၎င်း၏
ညီညာသော သွားကလေးများကိုတိုက်
လေတော့၏။

ထို့နောက် မျက်နှာသုတ်ပဝါလေးကို
ပခုံးသို့တင်ကာ မျက်နှာသစ်ရန်အတွက်
ကျောက်တုံး အိမ်ကလေး၏ နောက်ဘက်
ဆီသို့ သွားလေ၏။ တံခါးအနီးသို့ရောက်
လျှင် ခင်မေ၏ စိတ်၌ “ဟိုလူကြီးရဲ့ စာထဲမှာ မျက်နှာသစ်ရင်
ရေနွေးနဲ့ သစ်ပါတဲ့ ၊ ဟုတ်သားပဲ၊ ရေ
တွေတောင် ခဲချင်ခဲနေမှာ ၊ ညကအတော့်
ကိုအေးတာပဲ”ဟု တွေးရင်း မီးလင်းဖိုရှိ
ရာသို့ပြန်၍ လျှောက်လာ လေတော့၏။
မီးလင်းဖိုသို့ရောက်လျှင် သံချိတ်ကြီးဖြ
င့် ချိတ်၍ ထားသော ရေနွေးအိုးကြီးကို
ဖြုတ်ယူကာ ဖလားအတွင်းသို့ ရေနွေး
အနည်းငယ်ကိုငှဲ့ထည့်ကာ အအေးခံထား
လိုက်လေ၏။

တအောင့်မျှကြာသောအခါတွင် ရေနွေး
ကြက်သီးနွေးကလေးဖြင့်ပင် ခင်မေသည်
မျက်နှာသစ်ခြင်း၊ ပလုတ်ကျင်းခြင်းတို့ ကို
ပြုလုပ်လေတော့၏။

ပြီးလျှင် မီးဖိုအနီး၌ ပြန်၍ ထိုင်ကာ
ကော်ဖီအိုးကိုချ၍ ထန်းလျက်ကြမ်းသုံးခဲ
ကိုထည့်ကာ ထန်းလျက်ကော်ဖီ ဖျော်
လေ၏။ ခင်မေသည် ထန်းလျက်ကော်ဖီ
ကို မြိန်ရှက်စွာသောက်ရင်းနှင့် စားပွဲပေါ်
က လူကြီး၏ စာကိုတစ်ကြိမ် ထပ်၍ ဖတ်
ပြန်၏။

ထိုသို့ဖတ်ပြီးလျှင် ခင်မေ၏ စိတ်၌
“သားကြီးမောင်ကောင်းဘို့စားတဲ့
ထန်းလျက်ခဲသုံးခဲ ထားခဲ့တယ်’တဲ့
လူကြီးမှာ သားတစ်ယောက်ရှိနေတာပဲ၊
သူ့သားနာမည်ကလဲ မောင်ကောင်းဘို့ ဆိုပါလား။ ညကလဲသူ့သားကိုဒီအိမ်မှာ မ
တွေ့ရပါလား။ အင်းလေ သူ့သားကခရီး
ထွက်နေတာ ဖြစ်မှာ ပေါ့။ သူ့သားကလဲ
ဘယ်လိုလူမျိုးပါလိမ့်၊ စားတဲ့ ထန်းလျက်
ကလဲ ကြမ်းလှချည်လား၊ ဒီလိုထန်းလျက်
မျိုးကိုမှ ကြိုက်သတဲ့ 'ဤသို့နှင့်ပင် ခင်
မေသည် မီးလှုံလိုက်၊ အညောင်းပြေ
အညာပြေ လမ်းလျှောက်လိုက်နှင့် ပင်
အချိန်ကို ကုန်လွန်စေခဲ့လေတော့၏။

နံနက်(၁၀)နာရီထိုးခန့် အချိန်လောက်
တွင် မူ ကျောက်တုံးအိမ်ကလေးအနီးသို့
မြင်းတစ်စီး ရောက်ရှိလာသော ခွာသံကို
ကြားရသဖြင့် ခင်မေသည် တုန်လှုပ်ခြင်း
ဖြစ်ခဲ့ရလေသေးတော့၏။

မြင်းခွာသံကြားပြီး များမကြာမီ၌ ပင်
ကျောက်တုံးအိမ်ကလေး၏ အိမ်ရှေ့တံခါးမကို သော့ဖွင့်သံကြားရပြီးနောက် လူကြီး
သည် သက္ကလပ်ဦးထုပ်ဟောင်းကြီးတစ်ခု
ကို ဆောင်းလျက် ပုခုံး၌လည်း ပတ္တူဖျင်
အိတ်ကြီးတစ်လုံးကိုထမ်းကာ ဝင်လာ
သည် ကိုတွေ့ရမှပင် ထိတ်လန့်သောစိတ်
များ လုံးဝပျောက်ကင်းသွားလေတာ့၏။

လူကြီးသည် ခင်မေ့အား ပြုံး၍
နှုတ်ဆက် လိုက်လေ၏။ ထို့နောက်
၎င်း၏ ပတ္တူအိတ်ကြီးအား အောက်သို့ချကာ
“နေဦး မိန်းကလေးရေ သားကြီး
ကောင်းဘို့ကို သူကြိုက်တာကလေးကျွေး
ဦးမှ "ဟု ဆိုကာပြန်၍ ထွက်သွားသဖြင့်
ခင်မေသည် ပြူတင်းပေါက်တံခါးလေး
အား လှပ်ကာလူကြီး၏ သားဖြစ်သူမောင်
ကောင်းတို့အား ချောင်းမြောင်း ကြည့်ရှုမိ-
လေ၏။

လူကြီး၏ သူ၏ မြင်းအား လှည်းမှ
ဖြုတ်ကာ မုန်လာဥနီများကျွေးနေသည်
ကို တွေ့ရလေ၏။ ထိုအခါမှ ပင် ခင်မေ၏
စိတ်၌ “ဪ ..လူကြီးရဲ့ သား မောင်
ကောင်းဘို့ဆိုတာ သူ့မြင်းကြီးကိုပြော နေ
တာကိုး"ဟု သဘောပေါက်မိ လေ
တော့၏။

ထို့နောက်လူကြီးသည် အိမ်အတွင်း
သို့ပြန်၍ ဝင် လာပြီးလျှင် ၎င်း၏ ပတ္တူဖျင်
အိတ်ကြီးအတွင်းမှ ပစ္စည်းများကို
ထုတ်၍ မီးလင်းဖိုအတွင်းရှိ စားပွဲဝိုင်း
ပေါ်သို့ပုံလေတော့၏။

“ဟောဒါက မိန်းကလေးအစာပြေစားဖို့
ရှမ်းထမင်းချဉ်"ဟု ဆိုကာလူကြီးက ခင်
မေ့အား ထမင်းချဉ်ထုတ်ကို ပေးလေ၏။
“ဟောဒါက မိန်းကလေးကော်ဖီ
သောက်ဖို့ နို့ဆီ”
"ဟောဒါက သကြား"
"ဟောဒါက ဝက်သားခြောက်"
"ဟောဒါက ဝက်အူချောင်း"
"ဟောဒါက လုံချည်စ"
"ဟောဒါက အင်္ကျီစ"
"ဟောဒါက ပေါင်မုန့်"
"ဟောဒါက စပျစ်သီးခြောက်"
"ဟောဒါက သနပ်ခါးမှုန့်"
"ဟောဒါက စွန်လည်ပြန်မျက်နှာချေ"
"ဟောဒါက ကာတီကူလာ ကိုယ်လိမ်း
ပေါင်ဒါ”ဟု ဆိုကာ လူကြီးသည် ကလေး
ငယ်ပမာ ပစ္စည်းများကို အားရဝမ်းသာ
ပုံ၍ နေလေ၏။

“များ လှချည်လား ဦးလေရယ်၊
သနပ်ခါးမှုန့်တွေကော စွန်လည်ပြန်တွေ
ကော”ဟု ခင်မေက ပြောလိုက်
လေ၏။

“အဲဒီအထဲမှာ ကျုပ်လိုချင်တဲ့ ပစ္စည်းမ
ပြည့်စုံသေးဘူး၊ အဲဒါက ဘာလဲဆိုတော့
မိန်းကလေး အတွက်ဖိနပ်ပဲ၊ သားရေ
ဖိနပ်ကောင်းကောင်းရှာတာမရခဲ့ဘူး
ဈေးကလည်းပဲ တောဈေးမဟုတ်လား၊
ဒါပေမယ့်ဖိနပ်မရှိလို့တော့ မဖြစ်ဘူး
မိန်းကလေး၊  မင်းရဲ့ ခြေဖဝါးကလေးတွေ
ဟာ သိပ်ပြီးနုနေမှာ ဆိုတော့ ဖိနပ်မပါဘဲ
လမ်းလျှောက်ရင် ခြေထောက်တွေကွဲကုန်
လိမ့်မယ်၊ အဲဒါနဲ့ ကျုပ်လဲပဲ မိုင်းသောက်
ဘက်က လာရောင်းတဲ့ မုဆိုးတစ်ယောက်ဆီက
ဆိတ်သားရေတစ်ချပ်ဝယ်လာ
တယ်၊ ပြီးတော့ ဖိနပ်ချုပ်တဲ့ အပ်ကော
ကြိုးကောအပြည့်အစုံဝယ်လာတယ်၊
ဖိနပ်တစ်ရံတော့ ကျုပ်ကိုင်တိုင် ချုပ်ပေး
ရမှာပဲ”ဟု လူကြီးက အားတက်သရော
ပြောလိုက်လျှင် ခင်မေက

“မဟုတ်တာပဲ ဦးလေးရယ်၊ ခင်မေငရဲ
တွေဘာတွေကြီးနေပါဦးမယ်”ဟု ပြာပြာ
သလဲ ပြန်၍ ပြောလိုက်လေ၏။

“သူများ ချုပ်ပေးတဲ့ ဖိနပ်ကိုစီးလို့ လူ
တွေဟာ ငရဲကြီးမယ်ဆိုရင် အားလုံး ငရဲ
ပြည်ရောက်ကုန် ကြလိမ့်မယ်"ဟု လူကြီး
က ပြန်၍ ပြောလေ၏။

"မဟုတ်ဘူး လေ၊ ကျွန်မကအသက်
လည်း ငယ်တယ်၊ မိန်းမတစ်ယောက်
လည်း ဖြစ်တယ်၊ အဲဒီတော့ ဦးလေးလို
အသက်အရွယ်ကြီးတဲ့ လူတစ်ယောက်က
ကျွန်မအတွက်ဖိနပ်ချုပ်ပေးတယ်
တော့သင့်တော်ပါ့မလားလို့ပြော
တာပါ”ဟု ခင်မေကပြောလေ၏။

“ကျုပ်ကလည်း မိန်းကလေးမို့ ချုပ်ပေး
တာပါ၊ ယောက်ျားကလေး ဆိုရင်တော့
သူ့ဘာသူ ခြေထောက်ပဲကွဲကွဲ ကြည့်နေ
မှာ ပဲ၊ တကယ်လို့ သူခြေထောက်ကွဲမခံ
နိုင်ရင်လည်း ခုံဖိနပ်တစ်ရံ ဝယ်စီးဖို့ ပဲ
အကြံပေးရမယ်၊ သူ့အတွက်တော့ ကျုပ်
ဟာဖိနပ်ချုပ်ပေးလိမ့်မယ် မဟုတ်ဘူး
"ဟု လူကြီးက ပြောလိုက်ရာ ခင်မေသည်
တဲ့တိုးပြောတတ်သော လူကြီး၏ စကား
ကြောင့် သွားကလေး များ ပေါ်သည်
အထိ ပြုံးရယ်ရသေးတော့၏။

ထို့နောက်တွင် ခင်မေသည် လူကြီးဝယ်
ရှမ်းထမင်းချဉ်ထုတ်ကို
ရေနွေးကြမ်းဖြင့် စားသောက်လေ၏။
လူကြီးသည် မီးလင်းဖို၌ပင် ထမင်းအိုး
တစ်လုံးတည်လေ၏။ ထမင်းအိုးတည်
ရင်းနှင့်ပင် ဝက်သားခြောက်များကိုလှီး၍
ခြံထွက်သီးနှံများ ဖြင့် အစိမ်းကြော်ကြော်
လေတော့၏။ ဆေးခါးဟင်းတစ်ခွက်
လည်း ချက်လေ၏။ နံနက်(၁၁)နာရီ
ကျော်ကျော်ခန့်အချိန်သို့ရောက်
လာသောသောအခါ၌ လူကြီးနှင့် ခင်မေတို့ သည်
ထမင်းစားကြလေတော့၏။ ထမင်းစား
အပြီး များမကြာမီ၌ပင် လူကြီးသည်
မိုင်းသောက်မုဆိုးထံမှ ဝယ်ယူလာသော
ဆိတ်သားရေကိုမြေပေါ်၌ ချ၍ ခင်မေ့
အား…"မိန်းကလေး၊ ဟောဒီသားရေပေါ်မှာ
လာပြီးတော့ ခြေစုံရပ်စမ်းပါဦး"ဟု ဆိုသ
ဖြင့် ခင်မေလည်း သားရေပြားပေါ်၌
သွားရောက်၍ ခြေစုံရပ်ပေးရလေ၏။
ထိုအခါလူကြီးသည် ခင်မေ၏ ခြေဖဝါး
ဖြူဖြူကလေးပတ်ပတ်လည်အား
မြေဖြူခဲဖြင့်လိုက်၍ ခြစ်လေ၏။ ထိုသို့
ခြစ်လိုက်လျှင် ခင်မေ၏ ခြေထောက်ရာကလေးနှစ်ခုသည် သားရေပြားပေါ်၌ အတိုင်းသားထင်၍ ကျန်နေတော့၏။

ခင်မေသည် သူ၏ ခြေရာကလေးကို
ကြည့်ကာပြုံး လိုက်လေ၏။ လူကြီးက…
“ကဲ ရပါပြီ မိန်းကလေး တစ်ရေးတစ်
မောအိပ်လိုက်ဦးလေ၊
နှစ်နာရီထိုး
လောက်မှ အိပ်ရာကထ၊ အဲဒီအချိန်
မှာ ရေချိုး၊ ဒီထက်နောက်ကျသွားရင်အအေးမိလိမ့်မယ် မိန်းကလေး"ဟု
ပြောဆိုလေ၏။

“ကျွန်မ ဘာကူညီရဦးမလဲ ဦးလေး"ဟု
ခင်မေကမေးလိုက်၍ လူကြီးက..
“ဟား ဟား မင်းက ကူညီမှ ငါက
အလုပ်ကိုဖြစ်အောင်လုပ်ရမယ်တဲ့လာ
မိန်းကလေးရယ်၊ အေးအေးဆေး ဆေး
အိပ်စမ်းပါ”ဟု ပြော လိုက်လေ၏။
ခင်မေလည်း မျက်နှာလေးမဲ့၍ ကင်း
ကော့ကုတင်လေးဆီသွားကာ အိပ်လေ
တော့၏။

လူကြီးမှာ မူ သားရေပြားပေါ်မှ ခင်
မေ့၏ ခြေရာလေးနှစ်ဖက်ကို ဓားဖြင့်လှီး
လေ၏။ ထို့နောက် သဲကြိုးများ ပြုလုပ်၍
ဖိနပ်ချုပ်အပ်ကလေးကို ပျားဖယောင်း
လုံးကလေး၌ တို့ ကာ တို့ ကာ ချုပ်၍ နေလေတော့၏။

ခင်မေသည် ကင်းကော့ကုတင်ပေါ်၌
အိပ်ရင်း လူကြီးဖိနပ်ချုပ်နေသည်ကို
ခိုး၍ ခိုး၍ ကြည့်လေတော့၏။

လူကြီးလည်း တကယ့်ဖိနပ်ချုပ်သမား
ကြီးပမာ စိတ်ပါလက်ပါဖိနပ်ချုပ်၍ နေ
လေ၏။ ဖိနပ်ချုပ်၍ ပြီးသောအခါ၌
လူကြီးသည် သဲကြိုးများအပေါ်၌ သွတ်
နန်းကြိုးပြောင်ကလေးများ ဖြင့် နှင်းဆီ
ပန်းပွင့်ကလေးများ ပုံဖော်လိုက်သေး၏။

ခင်မေသည် အိပ်ပျော်ပြီဖြစ်လေ၏။

လူကြီးသည် ခင်မေ့အတွက် ဝယ်၍
လာသော လုံချည်စကိုယူ၍ လုံချည်ကို
ချုပ်၍ နေလေ၏။

ခင်မေအိပ်ရာမှ နိုးလာသည့် အခါ၌
လူကြီးသည် ခင်မေ၏ ကင်းကော့ကုတင်
ကလေးဆီသို့လာကာ ခင်မေ့အား ဖိနပ်
ကလေးကိုပေးလေတော့၏။

“ဟင် ဦးလေးက သိပ်တော်တာပဲ၊ လှ
လိုက်တဲ့ ဖိနပ်ကလေး”ဟု ဆိုကာ ၎င်း၏
ရင်၌ ဖိနပ် ကလေးကိုကပ်၍ ထား လိုက်
လေတော့၏။

“စီးကြည့်ပါဦးကွယ်၊ တော်ရဲ့ လား”ဟု
လူကြီးကပြော လိုက်လေ၏။

ခင်မေလည်း ဖိနပ်ကလေးကိုချ၍ စီး
လိုက်လေ၏။ ဖိနပ်ကလေးမှာ ခင်မေ၏
ခြေထောက်၌ ချပ်ချပ်ရပ်ရပ်က လေးရှိ
လေ၏။ ခင်မေ၏ ခြေထောက်ဖြူဖြူ
ကလေးနှင့်လည်း လွန်စွာလိုက်ဖက်
ရကား၊ ခင်မေသည် လူကြီးအား လွန်စွာ
ကျေးဇူးတင်၍ သွားလေတော့၏။
“ကျေးဇူးတင်လိုက်တာရှင်”ဟု ခင်မေ
ကပြောလိုက်လျှင် လူကြီးက ၎င်းချုပ်ပေး
ထားသော လုံချည်ကိုယူ၍ ခင်မေ့
အားပေးရင်း.
“ရော့…ဒါကလေးလဲပြီးပြီ၊ ရေချိုးပြီး
ရင်လဲပေတော့”ဟု ဆိုလေ၏။

“ဟင်..ဦးလေးကလည်း လုံချည်ပါ
ချုပ်ထားပါလား၊ ဒုက္ခပါပဲ”ဟု ပြော
လေ၏။

“ဒုက္ခ မဟုတ်ဘူး သုခ သုခ ဟု ဆိုကာ
ကိုယ်လုပ်ချင်တာကိုလုပ်ရရင် သုခပဲ
ကွယ်၊ ကဲကဲ ရေချိုးပေတော့” ဟု လူကြီး
ပြော၏။ ခင်မေကလည်း .
“ဟုတ်ကဲ့”ဟု ဆိုကာရေချိုးရန်ပြင်ဆင်
လေတော့၏။ လူကြီးကလည်း မီးလင်းဖို
အနီးသို့ ပြန်၍ လာကာရေနွေး ကြမ်းသောက်လေ၏။

ခင်မေသည် ထမီကိုရင်ရှားပြီးနောက်
အင်္ကျီနှင့် ဘော်လီကိုချွတ်၍ ကင်းကော့
ပေါ်၌ တင်ကာ ရေချိုးရန်အတွက်
ကျောက်တုံးကလေး၏ နောက်ဘက်ဆီသို့
တံခါးဖွင့်၍ ထွက်သွားလေတော့၏။

ညပိုင်းသို့ရောက်လျှင် ထမင်းစား
သောက်ပြီးနောက် လူကြီးနှင့် ခင်မေတို့
သည် မီးလင်းဖို၌ မီးလှုံကြလေ၏။ ခင်မေ့
အတွက်လူကြီးကား ကော်ဖီကြမ်းတစ်အိုး
ဖျော်၍ ပေးထားသည့်အပြင် တို့ဟူး
ကိုပါ ကြော်၍ ပေးထားသောကြောင့် ခင်
မေသည် ကော်ဖီကြမ်းနှင့် တို့ ဟူးကြော်
ကိုမြည်းရင်း လူကြီးအလုပ်လုပ်နေသည်
ကို ကြည့်လေ၏။

လူကြီးသည် နံနက်ကခင်မေ့အတွက်
ဝယ်၍ လာသော သရက်ထည်စကလေး
ကို အင်္ကျီချုပ်ရန်အတွက် အင်္ကျီပုံစံညှပ်
လေ၏။ ထို့နောက်အပ်ကလေးဖြင့်
စိတ်ရှည်လက်ရှည် ချုပ်နေလေတော့၏။

“အတိုင်းမသိဘဲ ဘယ်လိုလုပ်ပြီးချုပ်
နေတာလဲ၊ ပုံမကျရင်တော့ ကျွန်မမဝတ်
ဘူး”ဟု ပြော၍ အသံလွင်လွင် ကလေးဖြ
င့် ရယ် လိုက်လေ၏။

“ခက်လိုက်တာ မိန်းကလေးရယ်၊ ဘာ
ဖြစ်လို့ ပုံမကျရမှာ လဲကွယ့်၊ အရှေ့ဘက်
က ၉လက်မ၊ ၉လက်မနှစ်ခု စပ်မယ်ကွယ်၊
ကျောဘက်က ၈လက်မခွဲ ၈လက်မခွဲနှစ်ခု
စပ်ရမယ်၊ စုစုပေါင်း မင်းရဲ့ အင်္ကျီဟာ
၃၅လက်မရှိရမယ်၊ ခါးကတော့ နောက်
ဘက်မှာ ၅လက်မခွဲနှစ်ခု၊ ရှေ့ဘက်က
၆လက်မနှစ်ခုဆိုတော့
စုစုပေါင်း မင်းရဲ့ ခါးဟာ ၂၃ လက်မရှိရမယ်ကွဲ့”ဟု
လူကြီးကပြောလိုက်ရာ

မိန်းကလေးက
“ဟာအစစ်ပဲ၊ အဲဒါ ကျွန်မရဲ့ ကိုယ်တိုင်း
အစစ်ပဲ၊ ဦးလေးဘယ်လိုလုပ်ပြီးသိလဲ”ဟု
မေးလေ၏။

“ဒီလိုလေ၊ မိန်းကလေးရေချိုးတုန်း
မင်းရဲ့ အင်္ကျီကိုယူပြီးတိုင်းထားလိုက်တာ၊
ဒါပေမယ့် တစ်ဆက်တည်းချုပ်လို့တော့မ
ဖြစ်ဘူး၊ လေးပိုင်းပိုင်းပြီး လေးခြမ်းစပ်
ချုပ်ရမှ ရမယ်”ဟု လူကြီးကပြောလေ၏။

“ဦးလေးက သိပ်တော်တာပဲ၊ ဒါနဲ့
ဦးလေးအရင်တုန်းက ဖိနပ်ချုပ်ဖူးသလား
ဟင်"ဟု ခင်မေကမေးလေ၏။

“မချုပ်ဖူးပါဘူး၊ ဒါဟာ ကျုပ်တစ်သက်
မှာ ပထမဆုံးချုပ်တဲ့ မိန်းမစီးဖိနပ်ပဲ”

“တစ်ခါမှ မချုပ်ဖူးပဲနဲ့ ဒါလောက်
ကောင်းအောင်ချုပ်တတ်တယ်နော်"ဟု
ခင်မေကပြောလေ၏။

“ဖိနပ်ကိုချည်း အကုန်မချီးမွန်းနဲ့ ဦး
လေ၊ အင်္ကျီကလေးကျတော့ ချီးမွမ်းဖို့ ချန်
ထားပါဦးလား”ဟု လူကြီးက ပြောလေ၏။

“အင်္ကျီကျတော့လည်း တစ်ခါချီးမွမ်းရ
ဦးမှာပေါ့”ဟု ခင်မေကပြောလေသည် ။

လူကြီးက အသံသြကြီးဖြင့် တဟဲဟဲ
ရယ်ရင်း အင်္ကျီကိုချုပ်လေတော့သည် ။
အတော်အတန်ညဉ့်နက်သောအခါ
အင်္ကျီသည် လုံးဝပြီးစီးသွားလေတော့သည် ။ ထိုအခါ လူကြီးက

ထုတ်၍ မီးလင်းဖိုမှ မီးစဖြင့် မီးတို့လိုက်
လေတော့၏။

“တစ်ခါမှ မချုပ်ဖူးဘဲနဲ့ ချုပ်လိုက်တာ
များ ကောင်းလိုက်တာရှင် တကယ့်ကို
အပ်ချုပ် သမားကြီးကျနေတာပဲ၊ ဦးလေး
က သိပ်တော်တာပဲနော်၊ နောက်ထပ်ဘာ
တွေ လုပ်တတ်သေး သလဲပြောပါဦး
ဦးလေးရယ်"ဟု ခင်မေအားမေးလိုက်
လေ၏။

“ဘာတွေတတ်တယ်မတတ်တယ်ဆို
တာ ကျုပ်ကိုယ်တိုင်မသိဘူး၊ ဒါပေမယ့်
ဘာပဲဖြစ်ဖြစ် တတ်မှာပါပဲ၊ အတတ်တွေ
ကမခက်ပါဘူး၊ ပညာမှ မဟုတ်ဘဲ၊ အဲဒီ
အတတ်တွေကို ပညာနဲ့ ပေါင်း လိုက်မှ
အတတ်ပညာဆိုတာဖြစ် လာတာကွယ့်၊
ဒါပေမယ့်လူတွေက ဘယ်ဟာကိုပဲပြောပြော၊ ပညာပညာလို့ပြောနေကြတယ် သူ
တို့ ပြောတဲ့ ပညာတွေက တကယ့်ပညာ
မဟုတ်ဘူး အတတ်တွေကများတယ်၊
ပညာဆိုရင်ခုလိုလွယ်လွယ်ကူကူနဲ့ လုပ်
လို့မရဘူး၊ အတတ်မို့လို့သာရတာ"လူကြီး
က ပြောလိုက်ရာ ခင်မေက
“အတတ်နဲ့ ပညာမတူဘူးလား ဦးလေး
ရယ်”ဟု မေး လိုက်လေတော့၏။

“ဘယ်တူပါ့မလဲကွယ်၊ ဒါပေမယ့် အဲဒီ
နှစ်ခုမတူကြောင်းကို
မင်းနားလည်
အောင်ရှင်းပြဖို့ အချိန်တွေအများကြီးလို
လိမ့်မယ်၊ မတူဘူးလို့ဘဲ လောလောဆယ်
မှတ်ထားပေတော့”ဟု လူကြီးက ပြော
လိုက်လေ၏။

“ဒီည တယောမထိုးတော့ဘူးလား
ဦးလေးရ”ဟု ခင်မေက မေးလိုက်လျှင်လူကြီးက

“မိန်းကလေးနားထောင်ချင်ရင်  ထိုးပြ
မှာပေါ့ ” ဟု ဆိုကာ တယောကို သွား၍
ယူကာ ကြိုးများ ညှိလေ၏။

“ဦးလေးတယောထိုးတာ သိပ်ပြီးနားထောင်လို့ကောင်းတာပဲ၊ အဲဒါကော
ဘာလဲ၊ အတတ်လား ပညာလား” ဟု ခင်
မေက မေးလိုက်လေ၏။

“ဪ…ဒါလား၊ ပထမတုန်းကတော့
အတတ်ပဲကွယ့်။ အခုတော့ ပညာဖြစ်
သွားပါပြီကွယ့်။
ကဲဘာသီချင်း နားထောင်မလဲ”ဟု လူကြီးကဆိုလေ၏။

“ဦးလေးက ဘာသီချင်းထိုးပြချင်လို့လဲ”

“ဦးလေးအနေနဲ့ ပြောရရင်တော့ သီချင်းကိုမထိုးချင်တော့ဘူးအသံလေးတွေတစ်ခုနဲ့ တစ်ခု ပေးစားကြည့်ချင်တာ
ပဲ၊ သီချင်းတော့ မဟုတ်ဘူး ၊ နှလုံးသား
မှာ ခံစားလို့ရမယ့် အသံလေးတွေထွက်
လာလိမ့်မယ်"ဟု  လူကြီးကပြောလိုက်
လျှင်….

“သီချင်းလည်း မဟုတ်။ ဘာလည်း
မဟုတ် ခင်မေတော့နားမထောင်ချင်ပါ
ဘူး ဦးလေးရယ်၊ သီချင်းကလေး တစ်ပုဒ်
သာထိုးပါ"ဟု ခင်မေကပြောလိုက်ရာ
လူကြီးက
“ဒီလိုလည်း ရပါတယ်မိန်းကလေး"ဟု
ဆိုကာလူကြီးသည် တယောကိုလက်သံ
စမ်းပြီး နောက် အောက်ပါတေးသွားများ
ကို အသံဝါကြီးဖြင့်ဆိုရင်း တယောထိုးပြ
လေတော့၏။

“ဟေမန်ဦးမှ xxခြေဦးတည့်ရာxxပြေးလာရတဲ့ သူ×××
ခြေဖဝါးတော်များ ဆူးတွေစူးရော့သလား ×××
သက်စွန့်ဆံဖျားပြေးလေသူကိုများ
XXသနားမညှာ××ကျားသတ္တဝါ အစွယ်
ရိုင်းတွေကx
ဝိုင်းပတ်လို့ငြာသံချည်×××

ထိုနေရာအရောက်၌ လူကြီးသည် တယောဒုံးကြိုးများ ဖြင့်ပင်နောက်မှ လူ
အုပ်ကြီးလိုက်လာသံကို ထိုးပြလေ၏။
ခင်မေ၏ စိတ်ထဲ၌လည်း ၎င်းအနေနှင့်
သက်စွန့်ဆံဖျားပြေးခဲ့ရပုံများကို
ပြန်လည်သတိရရင်း ထိတ်လန့်မိသေး
တော့၏။ ထို့နောက် လူကြီးသည် သီချင်း
ကိုဆက်၍ ဆိုပြန်တော့၏။

"တွေ့ရလေပြီ နားခိုစရာမီးရောင် ဖြာကျနေသည် …… ကျောက်တုံးအိမ်
ကလေးပါ 
မီးလှုံနေသည့် လူကြီးxxx
လူကြီးကကြောက်စရာ××မကြောက်ပါ
နဲ့ ကွယ် ×××
မိန်းကလေးဒုက္ခသည် ××ကျုပ်ဆီမှာ ခို
နားခိုနားxxx
စိတ်ချလက်ချခိုနားပါလားကွယ်xxx

လူကြီးသည် ထိုနေရာ၌ တယောသံကို
ရှိုက်၍ ရှိုက်၍ ထိုးလေ၏။ မိန်းကလေး
သည် သီချင်း နားထောင်ပြီး
“သိပ်ပြီး တော်တာပဲနော်"ဟု ချီးမွမ်း
လိုက်ပြီးနောက်
လူကြီးသောက်ရန်
အတွက် ကော်ဖီကြမ်းတစ်ခွက် ငှဲ့၍ ပေးလိုက်လေတော့၏။

ဤသို့နှင့်ပင် လူကြီး၏ ကျောက်တုံး
အိမ်ကလေး၌ ခင်မေဆိုသောမိန်းကလေး
သည် ရောက်ရှိသောင်တင်နေလေ
တော့၏။ လူကြီး၏ အမည်မှာ ဦးကျော်
ဇောဟူ၍ ဖြစ်ပေသည် ။

ဦးကျော်ဇောနေထိုင်ရာ ကျောက်တုံး
အိမ်ကလေးနှင့် လွန်စွာဝေးလှသော ရွာ
ကလေးကမူ ဦးကျော်ဇော်၏ အကြောင်း
ကိုကောင်းစွာသိကြပေ၏။

ရွာသူရွာသားများသည် စကားစပ်
မိသည့်အခါတိုင်း၌ ဦးကျော်ဇော၏
အကြောင်းကို စီကာပတ်ကုံးပြောဆိုတတ်
ကြလေ၏။ သက်ကြီးရွယ်အိုများကမူ ဦး
ကျော်ဇော၏ အကြောင်းကို အောက်ပါ
အတိုင်းပြောလေ၏။

“မင်းတို့ ပြောတဲ့ ဦးကျော်ဇောကကွာ
မင်းတို့ ထင်သလောက်အသက်မကြီး
သေးပါဘူး၊ အလွန်ဆုံးရှိမှ လေးဆယ့်ငါး၊
လေးဆယ့်ခြောက်ပဲရှိမယ်ကွ၊ ဘာဖြစ်လို့
လဲဆိုတော့ သူစပြီးရောက်လာတာကို ငါ
ကောင်းကောင်း သိပါတယ်။ ငွေခွန်မှူး
ကြီးဆီမှာ မြေနေရာကလေးဝယ်တုန်းက
ငါတောင်အနားမှာ ရှိသေးတယ်။ အဲဒီ
တုန်းက ငါ့ရဲ့ အသက် သုံးဆယ်ကျော်နေ
ပြီ။ သူဟာအဲဒီတုန်းကမှ အသက်နှစ်
ဆယ်ကျော်ကျော်ကလေးရှိသေးတယ်ဆို
တာ ငါကောင်းကောင်း မှတ်မိပါတယ်။ ဒါ
ပေမယ့် အဲဒီကတည်းကိုက မျက်စိ
ကတော်တော်မှုန်နေပြီ၊ ငွေခွန်မှူး ကို
ငွေချေတော့ ငွေတွေ ရေကာနီးမှာ မျက်မှန်ကလေးထုတ်ပြီး တပ်သေးတယ် အဲဒီအချိန်တုန်းက နုနုနယ်နယ် လူငယ်
တစ်ယောက်ပဲ၊ ဒါပေမယ့် မုတ်ဆိတ်မွှေး
တွေ နှုတ်ခမ်းမွှေးတွေ ပါးသိုင်းမွှေးတွေ
လည်း ထားပြန်၊ ပြီးတော့ ဝတ်စားထားပုံ
ကလဲ ပိုသီပတ်သီကြီးနဲ့ ဆိုတော့ အသက်
နှစ်ဆယ်ကျော် အရွယ်မှာပဲ အသက်
လေးဆယ်ကျော်အရွယ်လို့ ထင်ရတာ
ပေါ့။ ဟော အခုအခါတကယ့်ကို လေး
ဆယ်ကျော် အရွယ်ရောက်လာတော့ သူ့
အကြောင်းကို ကောင်းကောင်း မသိတဲ့
လူတွေက ခြောက်ဆယ်ကျော် အရွယ်အ
ဘိုးကြီးတယောက်လို့ ထင်ကြတာပေါ့
ကွယ်"

ဤသို့လျှင် ဦးကျော်ဇော၏ အကြောင်း
ကို သိသောသက်ကြီးရွယ်အိုများ ပြောဆို
ကြလေ၏။ လူငယ်များကမူ

“ဒီလူကြီးဟာ  ကိုးရိုးကားယားကြီးပါ
ဗျာ၊ နေတာထိုင်တာလဲ ကိုးရိုးကားယား
ပဲ၊ ရွာထဲမှာလည်း မနေဘူး၊ ဟိုးရွာ
အပြင်ထွက်နေတယ်၊ ဘယ်သူနဲ့ မှ
ဆေးဖော်ကြော်ဖက်လုပ်တယ်မရှိဘူး။ သူ့
ရဲ့ မြင်းကြီးကိုပဲ သူကလူတစ်ယောက်လို
စကားပြောပြောနေတယ်။ သူ့မြင်းကြီးကို
မောင်းကောင်းဘို့လို့တောင်
အမည်ပေးထားသေးတယ်”ဟူ၍ ဝေဖန်
သူက ဝေဖန်လေ၏။

ဦးကျော်ဇော၏ အကြောင်းကို သိမီ
သော လူကြီးတစ်ဦးကာမူ အရင်က သူ့
မှာ မြင်းမကြီး တစ်ကောင်ရှိသေးတယ်၊
နောက်တော့ရောဂါနဲ့ သေသွားတယ်၊ ပြီး
တော့သူ့မှာ ‘မိတ်ဆွေ' လို့နာမည်ပေးထား
တဲ့ မျောက်ကြီးတစ်ကောင် လဲရှိသေးတယ်။ အဲဒီအကောင်ကြီးလည်း သေသွား
ပါပြီ၊ တစ်ခါတုန်းက ‘ကိုကျော်ဇောရယ်
ရွာထဲဘာထဲကိုလာလည်ပါဦး၊ ခင်ဗျားကြ
ည့်ရတာ
ကျောက်တုံးအိမ်ထဲမှာ
တကုပ်ကုပ်နဲ့ ပျင်းစရာကြီးပါလို့” သူ့ကို
ခေါ်ခဲ့ဖူးတယ်၊ အဲဒီအခါမှာ သူက “ကျုပ်မပျင်းပါဘူးဗျာတဲ့ ၊ ကျုပ်မှာ မိတ်ဆွေရှိပါ
တယ်'ဆိုပြီး အဲဒီမျောက်ကြီးကိုထုတ်ပြ
တယ်၊ အဲဒီတော့ ကျုပ်က “ခင်ဗျားဥစ္စာ
ကလူမှ မဟုတ်ပဲ၊ မျောက်ကြီးပဲလို့' ပြော
တော့ သူဘာပြန်ပြော တယ်မှတ်သလဲ
‘လူဟာမျောက်ကဆင်း သက်လာတာပဲ
ဗျာ၊ လူနဲ့ စကားပြောမယ့်အစား မျောက်နဲ့
ပြောရင်လဲ ပြီးတာပါပဲ'လို့ ဆိုပြီးကျုပ်ကို
'ပြန်ပါတော့'လို့ ပြောင်ပြောင်ကြီး နှင်
လွှတ်လိုက်တယ်၊ အဲဒီကတည်းက ကျုပ်သူ့ဆီကိုမရောက်တော့ပါဘူး၊ နှစ်ပေါင်း
နှစ်ဆယ်လောက်ရှိပါပြီ”ဟူ၍
ဦးကျော်ဇော၏ အကြောင်းကို ဝေဖန်ပြောဆိုခဲ့ဖူး
လေသည် ။ 

ရွာသားတစ်ဦးကမူ
“ဒီလူကြီးက ပညာတော့မဆိုးဘူးဗျ၊ ဟို
ဘက်ရွာက ရှင်ပြုတစ်ခုမှာ ရတုတစ်ပုဒ်
ရေးပေးဖူးတယ်လို့
ကြားတယ်၊
ဆရာတော်ကြီးကဆို အဲဒီရတုကိုကြိုက်
လွန်းလို့ ခဏခဏပြောတယ်၊ ပြီးတော့
ပညာရှိတစ်ယောက်ပဲလို့လည်း ပြောဖူး
တယ်”

ဦးကျော်ဇောနှင့် ပတ်သက်၍ ဝင်
ရောက်ပြောဆိုလေ၏။ တစ်ယောက်သော
သူကမူ
“ကျုပ် ကောင်းကောင်း မှတ်မိပါတယ်၊
သူနေတဲ့ ကျောက်တုံးအိမ်ကလေးကို သူ့ဘာသာ သူတစ်ယောက်တည်း ဆောက်
တာဗျို့၊ ကျုပ်က အဲဒီတုန်းကဆိုရင် အင်း
လေ ကျုပ်လည်းပဲ အသက်နှစ်ဆယ်
ကျော်အရွယ်လောက်ပဲ ရှိဦးမှာ ပါ၊ ‘ကူညီ
ပါရစေ’ လို့ သွားပြီးပြောတာတောင်
သူက “ခင်ဗျာ ကူညီဖို့ ဒုက္ခိတတွေ အများ
ကြီးရှိပါတယ်၊ ကျုပ်က ဒုက္ခိတ မဟုတ်ပါ
ဘူး”ဟု ဆိုပြီး ပြောဆိုကြိမ်မောင်း
ပစ်လိုက်သေးတယ် 
ဤသို့လျှင် … ကျောက်တုံးအိမ်ကလေး
အတွင်းမှ မီးလင်းဖိုအနီးတွင် မျက်မှန်
အဝိုင်းကလေး တပ်၍ စာဖတ်နေလေ့ရှိ
သော ဦးကျော်ဇောဆိုသည့်လွန်စွာပို
သီပတ်သီနိုင်လှသော
လူ့ခွစာကြီး
အကြောင်းကို အမျိုးမျိုးအဖုံဖုံ မကြာခဏ
ဝေဖန်ပြောဆိုတတ်ကြပေ၏။

ယခုအခါ၌ မူ ရွာအတွင်းရှိ
ကာလသားများ သည် ဦးကျော်ဇော၏
ကျောက်တုံးအိမ်ကလေး၌ အသက်နှစ်ဆ
ယ်အရွယ် မိန်းကလေးတစ်ဦးရောက်ရှိနေ
ခြင်းနှင့် ပတ်သက်၍ အမျိုးမျိုးအဖုံဖုံ
ဝေဖန်ပြောဆိုကြလေတော့၏။

“လူကြီးရဲ့သမီး ဖြစ်မှာပါကွာ”ဟူ၍
လည်းကောင်း၊
“လူကြီးမှာ မိန်းမမှ မရှိဘဲ၊ ဘယ်က
လာ သမီးဖြစ်ရမှာ တုံး၊ တူမဖြစ်ချင်ဖြစ်
မှာ ” ဟူ၍ လည်းကောင်း၊
“ဘာပဲဖြစ်ဖြစ်လေ တူမပဲဖြစ်ဖြစ် သမီး
ပဲဖြစ်ဖြစ် အဲဒီမိန်းကလေးကတော့ ဒီ
လူကြီးဆီမှာ နေရတာ ငရဲပြည် ကိုသွားတဲ့
လမ်းမသိရှာလို့ နေရတာဖြစ်မှာပဲ၊ အဲဒီ
လမ်းကိုသိရင် သူ့ဆီမှာ နေမှာ မဟုတ်ဘူး ငရဲပြည်ကိုပဲ သွားချင်သွားလိမ့်
မယ်”ဟူ၍ လည်းကောင်းပြောဆိုကြ
လေ၏။

လူကြီးကမူ ရွာသူရွာသားများ အား နဂို
ကပင် စိတ်ဝင်စားခြင်းမရှိရကား ယခု
အခါ၌ လည်း ၎င်းအားမည်သို့ မည်ပုံ
ဝေဖန်ပြောဆိုနေကြသည် ကို မသိရှာပေ။

လူကြီး၏ ကျောက်တုံးအိမ်ကလေးမှာ
အခါတိုင်းနှင့် မတူဘဲ စိုပြေနေလေ၏။
လူကြီး၏ စိတ်များသည်လည်း
အခါတိုင်းနှင့် မတူပဲ တက်တက်ကြွကြွ
ရှိ၍ နေလေ၏။ အခါတိုင်း၌ မူ လူကြီး
သည် မှုန်တေတေကြီးနှင့် နေထိုင်ခဲ့
လေ၏။ ရယ်သည် ပြုံးသည် ဟူ၍ လည်း
မရှိလှပေ။
ယာခင်းကိုတစ်ယောက်တည်းလုပ်ကိုင်၏။ ဈေးနေ့
များတွင် ၎င်း၏ ယာထွက်သီးနှံများ
ရောင်းချ၏။ ပြန်လာသည့်အခါ၌ မြင်း
ကြီးကိုအစားကျွေး၏။ ၎င်းအတွက်မူ
တစ်ခါတစ်ရံ ထမင်းချက်၍ စား၏။
တစ်ခါတစ်ရံ ဆန်ပြုတ်ပြုတ်ကာ
အသားကင်ကလေးနှင့် ရောင့်ရဲလိုက်နေလေ၏။

ရွာအတွင်းရှိ ခရစ်ယန်ဘာသာဝင်
အချို့က ခရစ်စမတ်နေ့များတွင် ၎င်းအား
သွားရောက်၍ လက်ဆောင်များ ပေး၏။
ထိုအခါမျိုး၌ မူ မျက်နှာသေကြီးဖြင့်
“ဟက်ပီ ခရစ်စမတ်တူးယူ” ဟု ပြောဆို
ကား ပေးသောလက်ဆောင်များကို လည်း
ယူထားလိုကျ၏။
၎င်းကလည်း
လက်ဆောင် အချို့ပြန်၍ ပေးတတ်၏။ 
ရွာအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကမူတစ်ခါတစ်ရံ လူကြီးထံသို့ အလှူအတန်း
အတွက် အလှူခံရန် သွားရောက်ဖူး
ကွ၏။

ထိုအခါမျိုး၌ လည်း “စုပေါင်းပြီးလှူ
တယ်တန်းတယ်ဆိုတာ ကောင်းပါတယ်၊
ကျုပ်မလာနိုင်တာကိုတော့ ခွင့်ပြုပါ" ဟု
မျက်နှာတည်ကြီးဖြင့် ပြောဆိုကာ အလှူ
ငွေကိုတော့ ထည့်လိုက် တတ်၏။

ဂေါ်ရခါးကုန်းမှ ဂေါ်ရခါးအချို့က
လူကြီးထံသို့၎င်းတို့ ၏ ဘာသာရေး
အခမ်းအနားအတွက် အလှူခံရန် ရောက်
ဖူးကြလေ၏။ ထိုအခါမျိုး၌ လည်း
“ဂေါ်ရခါးလူမျိုးတွေကို ကျုပ်ဟာအတော်
ပဲ ခင်မင်လေ့ရှိပါတယ်၊ ဒါပေမယ့် ကျုပ်
ကိုယ်တိုင် ခင်ဗျားတို့ ပွဲတော်ကို မလာနိုင်
တာခွင့်လွှတ်ကြပါ” ဟု မျက်နှာသေကြီးဖြင့်ပင် ပြောဆိုကာ အလှူငွေထည့် လိုက်
လေ၏။

လူကြီးသည် ဘုရားသွားကျောင်းတတ်
လည်း မရှိ၊ အခြားသော ဘာသာဝင်တို့ ၏
ဘုရားကျောင်းများကိုလည်း သွားရောက်
သည်ကို မတွေ့ရသောကြောင့် လူကြီး
အားမည်သည့် ဘာသာဝင်ဖြစ်သည် ဟု
ပြောရန် ခက်လှပေ၏။

အစတွင် ရပ်ရွာနှင့် တစ်သီးတစ်ခြား
နေထိုင်ခဲ့သော ၎င်းအား မျက်မုန်းကျိုးခဲ့
ကြသော်လည်း နောင်တွင် “ ဒီလူကြီးကဒီ
လိုပဲ” ဟု ပြောဆိုကာ ခွင့်လွှတ်လိုက်ကြရုံ
မျှမက တစ်ကိုယ်တည်း အဖော်မဲ့စွာ
နေထိုင်ရခြင်းအတွက်ပင် ကရုဏာသက်
ကြရလေတော့၏။

ဈေးနေ့များတွင် မှ လူနှင့် စကားပြောခွင့်ရသော လူကြီးသည် ခင်မေဆိုသော
မိန်းကလေးရောက်လာသည့် အတွက်
နေ့စဉ်နေ့တိုင်း လူနှင့် စကားပြောခွင့်ရ
လေတော့သည်။

ခင်မေသည် လူကြီး၏ အဝတ်အစား
များ အား ဆပ်ပြာရည်ဖြင့် ပြုတ်ကာ
လျှော်ဖွတ်၍ ပေးလေ၏။ လူကြီး၏ ရှုပ်ပွ
လှသော ကျောက်တုံးအိမ်ကလေးအား
လည်း နေ့စဉ်နေ့တိုင်း ရှင်းလင်းပေး
လေ၏။ လူကြီး၏ ယာခင်းလုပ်ငန်းများ ၌
လည်း ဝင်ရောက်ကူညီလေ၏။
ထို့ကြောင့် လူကြီးသည် အဖော်မဲ့သောအဖြစ်မှ
အဖော်ရှိသောအဖြစ်သို့ ပြောင်းလဲလာ လေတော့၏။

ဤသို့နှင့်ပင် ခင်မေရောက်ရှိလာသည်
မှာ ခြောက်လအတွင်းသို့ပင် တိုင်လေတော့၏။ လူကြီးနှင့် ခင်မေလည်း လွန်စွာရင်းနှီးခဲ့ပြီ ဖြစ်၏။ မြင်းကြီး ကောင်းဘို့နှင့်လည်း အင်မတန် ရင်းနှီးနေပြီ ဖြစ်၏။

တစ်ညသ၌ လူကြီးသည် ၎င်း၏
ပက်လက်မြင်းလှည်း၌ကောင်းဘို့ကြီ
အား တပ်ဆင်ကာ လှည်းပေါ်၌လည်း ကောက်ရိုးများ ခင်းလေ၏။ ထို့ကြောင့် 
ခင်မေက 

"မိုးကြီးချုပ်မှ ဘယ်ကိုသွားမလို့လဲ
ဦးလေး” ဟု မေးလေ၏။

“ဘယ်ကိုသွားမလို့လဲ မေးမနေပါနဲ့
မိန်းကလေးရယ်၊ လှည်းပေါ်တက်ပါ” ဟု
လူကြီးကဆိုသဖြင့်
ခင်မေလည်း
ဘုမသိဘမသိနှင့် ပင် လှည်းပေါ်သို့တက်
ခဲ့လေ၏။

ထိုအခါလူကြီးသည်
“သားကြီးမောင်ကောင်းဘို့ရေ တအား
မပြေးနဲ့ ကွာ၊ လေးဘက်ကျလေး မှန်မှန်
လုပ်စမ်းပါ” ဟု ပြောဆိုကာ မြင်းလှည်း
ကိုမောင်းလေ၏။

မောင်ကောင်းဘို့လည်း လူကြီး၏
စကားကို ကောင်းစွာနားလည်သည့်
အလား ဖြည်းဖြည်းနှင့် မှန်မှန်ပြေးလေ
တော့၏။ ညမှာ တိတ်ဆိတ်လှပြီဖြစ်သဖြ
င့် မြင်းခွာသံကလေးမှာ “ခွလတောက် ခွ
လတောက်” ဟူ၍ မြည်သကဲ့သို့ မြင်းခြူ
သံများမှာ လည်း “ ချွင်ချွင်” နှင့် မြည်
ရကား သာယာနာပျော်ဘွယ်
ကောင်းသော ဂီတသံတစ်ခုသဖွယ် ဖြစ်
နေလေတော့၏။

လရောင်ကလေးမှာလည်း ထိန်ထိန်
သာကာ ဖြာ၍ ကျနေလေ၏။ မြင်းလှည်း
ကလေးသည် လမ်းတစ်လျှောက်တွင် ခွာ
သံနှင့် ခြူသံများ ဖြစ်ပေါ်စေလျက် ပြေး
နေလေ၏။ နွေည၏ လေသရမ်းသည်
တဟူးဟူး တိုက်ခတ်နေပြီဖြစ်ရာ ခင်
မေ၏ ဆံပင်သွယ်သွယ်ကလေးများမှာ
လေထဲတွင် လွင့်မျောရင်းနေလေ၏။

လမ်းဘေးတစ်ဘက်တစ်ချက်တွင်
ပေါက်ရောက်လျက်ရှိသော ရှမ်းမနိုင်ပန်း
ခေါ် ပန်းနုဝါ ကလေးများ ၏ သင်းပျံ့ပျံ့ရနံ့
များသည်လည်းကောင်း နှင်းဆီခင်းများ
မှ ဖြတ်၍ တိုက်ရသော ရနံ့ကြူကြူ
ကလေးများသည် လည်းကောင်း
လရောင်အောက်တွင် ပြေးသွားနေသော
မြင်းလှည်းကလေးအား ဖြတ်သန်းသွား
လေ၏။

“သိပ်ပြီးလှတာပဲနော် ဦးလေး၊
လရောင်အောက်မှာ ပန်းခင်းတွေလည်း
အတိုင်းသားမြင်ရတယ်၊ ပန်းရနံ့တွေက
လည်း မွှေးလိုက်တာ ကြူနေတာပဲ၊
ကောင်းဘို့ကြီးကလည်း ပြေးနေလိုက်
တာ အားရပါးရကြီး စီးလို့သိပ်ကောင်း
တာပဲနော်၊ အော်ဒါနဲ့ ခင်မေတို့ ခု
ဘယ်ကိုသွား နေတာလဲဦးလေး" ဟု ခင်
မေက မေးလိုက်လေ၏။

“နှစ်ပေါင်းနှစ်ဆယ်ကျော်ဆီကို ပြန်ပြီး
သွားနေတာမိန်းကလေးရေ” ဟု လူကြီး
ကပြော လိုက်ရာ ခင်မေက

“ပြီးခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကို မြင်းလှည်းနဲ့ ပြန်ပြီးသွားလို့ရ သလား
ဦးလေးရယ်” ဟု ခင်မေကမေးလေ၏။

“အခြားလူတော့မသိဘူး၊ ကျုပ်ကပြန်ပြီးသွားလို့ရတယ်၊ ခုဆိုရင်ကျုပ်ရဲ့ စိတ်
ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ် ကျော်
ဆီကိုပြန်ပြီးရောက်သွားပြီ”ဟု လူကြီးက
ပြောလိုက်ရာ ခင်မေက

“ဦးလေးဟာလဲ အဆန်းပဲ”ဟု ပြန်၍
ပြောလေ၏။

"ဒီလိုကွယ့် မိန်းကလေးရဲ့ လူတွေဟာ
တဖြည်းဖြည်းအိုပြီးသွားကြတယ်မဟုတ်
လား”ဟု လူကြီးက မေးလိုက်လေ၏။

“အင်းလေ ဟုတ်သားပဲ၊ အိုပြီးသွားတာ
ပေါ့”ဟု ခင်မေကပြန်၍ ဖြေလေ၏။

“အဲဒါ  ဘာတွေအိုပြီးသွားတယ်ထင်
သလဲ မိန်းကလေး”ဟု လူကြီးကမေး
လေ၏။

“လူတွေအိုသွားတယ်ဆို ဦးလေးရဲ့ ”ဟု
ခင်မေက ပြန်၍ ပြောလေ၏။

“အေးပါ ဟုတ်ပါတယ် လူတွေမှာက
ရုပ်ရယ်၊ စိတ်ရယ်နှစ်ခုရှိတယ်မဟုတ်
လား၊ အိုသွားတယ်ဆိုတာ နှစ်ခုစလုံးကို
သွားတာ မဟုတ်ဘူး ရုပ်ကသာ အို အိုပြီး
သွားတာ၊ စိတ်ဆိုတာ အိုစကောင်းတဲ့
အရာ မဟုတ်ဘူး ၊ ရုပ်ကသာ အချိန်
ကာလအလျောက် အိုမင်းရင့်လျော် သွား
တတ်တယ်၊ အဲဒီတော့ ကုန်လွန်ခဲ့တဲ့
အနှစ်နှစ်ဆယ်ကျော်ဆီက စိတ်နဲ့ အခု
ကျုပ်မှာ ရှိတဲ့ စိတ်ဟာဘာမှ မခြားနား
သေးဘူး၊ အတူတူပဲ၊ တစ်ပြားဘိုးမှ
လျော့သေးဘူး၊ တင်းပြည့်ကျပ် ပြည့်ပဲ၊
ဘယ်နေရာမှာ ပိုပြီးသိသာလဲဆိုရင် သွယ်
သွယ့်ကိုချစ်တဲ့ နေရာမှာ ပိုပြီးသိသာ
တယ်”ဟု လူကြီးကပြောလိုက်ရာ ခင်မေက

“ရှင်”ဟု ယောင်ရမ်း၍ အော်လိုက်မိ
လေ၏။

“သွယ်သွယ်ဟုတ်လား သူကဘယ်မှာ
လဲ၊ သေသွားပြီလား”ဟု မိန်းကလေးက
ပြန်၍ မေးလိုက်ပြန်၏။

“အပြင်မှာ တော့ သေသွားပါပြီ။ ကျုပ်
ရဲ့ နှလုံးသည်းပွက်ထဲမှာတော့ သွယ်
သွယ်ဟာ အသက်ရှင်နေတုန်းပဲ၊ ကျုပ်နဲ့
အတူ ကျောက်တုံးအိမ်ကလေးထဲမှာ နေ
တယ်၊ ကျုပ်နဲ့ အတူ ဆန်ပြုတ်သောက်
တယ်၊ ကျုပ်တယောထိုးပြတာ ကိုသူ
ကနားထောင်တယ်”ဟု လူကြီးကပြော
လိုက်ရာ ခင်မေသည် လူကြီးအား ကရုဏာသက်၍ သွားလေတော့၏။

ငယ်ငယ်ကချစ်ခဲ့သော ချစ်သူအား ဇရာအရွယ်ရောက်သည့်တိုင်အောင်
ချစ်အားပိုနေသည့် လူကြီး အဖြစ်ကိုကြည့်ကာ 
"ဒါနဲ့ နေပါဦး ဦးလေးရက်၊ သွယ်သွယ်
ကဘယ်လိုဖြစ်တာတုံး ဦးလေးနဲ့ ပေါင်း
ရသလား မပေါင်းရပဲ ကွဲသွားသလား"ဟု ခင်မေကမေး လိုက်လေ၏။

"ဒီလို....ဒီလို... မိန်းကလေးကို လိုင်စင်ရ
လူဆိုးတွေဖမ်းသွားတာ တကယ်ကတော့
ကျုပ်နဲ့ မပေါင်းလိုက်ရပါဘူး” ဟု လူကြီး
ကဆို့နစ်သောအသံကြီးဖြင့် ပြောလေ၏။

“လူဆိုးဆိုတာ လိုင်စင်နဲ့ လုပ်ရတဲ့
အလုပ်လား ဦးလေးရဲ့ ၊ ခင်မေဖြင့် တစ်ခါ
မျှမကြားဖူးပေါင်”ဟု ခင်မေက ပြန်၍
မေး လိုက်လေ၏။

"လုပ်ချင်တာလုပ်၊ တရားဥပဒေကို
လည်း ချိုးဖောက်ချင်ဖောက်၊ သူတစ်ပါးရဲ့
ချစ်သူကိုလည်း ခွဲချင်သလိုခွဲ၊ ညစ်ချင်
သလိုညစ်၊ ယုတ်မာချင်တိုင်းယုတ်မာပေ
မယ့် ဘယ်လိုအပြစ်ကိုမှ မခံရတဲ့ လူတွေ
ရှိတယ်ကွဲ့၊ သူတို့ မှာ ငွေတွေ ရှိတယ်၊
ဂုဏ်တွေရှိတယ်၊ သူတို့ ကျူးလွန် တဲ့
အရာတွေကို အဲဒီအရာတွေနဲ့ ကာကွယ်
ပေးနိုင်တယ်၊
ဒီလိုလူမျိုးတွေက
လူကောင်းတွေပဲ မဟုတ်ပဲ လူဆိုးတွေပေါ့
ဆိုးချင်တိုင်း ဆိုးခွင့်ရထားတယ်မဟုတ်
လား။ ဒါဟာ လူဆိုးလိုင်စင်ပေါ့ ကွယ်၊
အဲဒီတုန်းက ကျုပ်ဟာ ဟိုး..လှည်းကူးဆို
တဲ့ မြို့ကလေးမှာ နေတယ်၊ အင်္ဂလိပ်စာ
ကို အလွတ်သင်ပေးတဲ့ ကျောင်း
ဆရာလေးပေါ့ကွယ်၊ သွယ်သွယ်နဲ့ ကျုပ်နဲ့အကြောင်းကိုသွယ်သွယ့် မိဘများကသိ
သွားတဲ့အခါမှာ ကျုပ်ကိုသဘောမတူဘူး
ဆိုပြီး ခွဲလိုက်ကြတယ်၊ သူ့မိဘတွေက
လိုင်စင်ရလူဆိုးတစ်ယောက်နဲ့ သွယ်
သွယ့်ကိုသဘောတူကြတယ်၊ အဲဒီကိစ္စမှာ
ကျုပ်ကဝင်ပြီး နှောင့်ယှက်မယ်လို့ သူတို့
အသေအချာ
သဘောပေါက်ထားကြ
တယ်၊ ဒါကြောင့် လိုင်စင်ရလူဆိုးဟာ
တစ်ခြားလူဆိုးတွေနဲ့ ပေါင်းပြီး အဲဒီအထဲ
မှာ ပုလိပ်အရာရှိတွေလည်း ပါတယ်၊ မြို့
ပိုင်လည်း ပါတယ်၊ ဝန်ထောက်လည်း ပါ
တယ်၊ ကျုပ်ကိုအမှု ဆင်ပြီးအချုပ်ထဲပို့
လိုက်ကြတယ်၊ ကျုပ်ကောင်းကောင်း
မှတ်မိပါတယ်၊ ကျုပ်ဟာအဲဒီအချိန်ထိ
အင်မတန်အေးချမ်းတဲ့ ကျောင်းဆရာ
လေးတစ်ယောက်၊ ဘာမှ အပြစ်မရှိပါဘူး၊
အဲလိုသူတို့ကအမှုဆင်တော့မှပဲ လိုင်စင်
ရလူဆိုးဆီက လာဒ်စားပြီး ကျုပ်ရဲ့ ရင်ဝ
ကို အကြောင်းမဲ့ခြေထောက်နဲ့ ကန်ခဲ့တဲ့
ရာဇဝတ်အုပ်တစ်ယောက်ကို လည်ပင်း
ညှစ်ပြီး သတ်ပစ်လိုက်မိတယ်၊ အဲဒီအခါ
မှာ သူတို့ ဆင်ထားတဲ့ ထောင်ခြောက်ကို
ကောင်းကောင်းကြီး ဝင်မိပြီး သားဖြစ်
သွားတာပေါ့။ ဒါပေမယ့် သေဒဏ်မကျခဲ့
ပါဘူး။ ဘာကြောင့် မှန်းတော့မသိဘူး။
ထောင်ဒဏ်ပဲ ငါးနှစ်လောက် ခံခဲ့ရတယ်။
ထောင်ကလွတ်လာတဲ့ အခါမှာ ကျုပ်
ဟာတကယ့် ကိုလူဆိုးကြီးဖြစ်သွားတယ်၊
ဖြစ်ရတဲ့ အကြောင်းကလည်း ကျုပ်ရဲ့ ရင်
ထဲက သွယ်သွယ့်ကိုလုယူ သွားတဲ့
လိုင်စင်လူဆိုးတွေနဲ့ ရင်ဆိုင်ဖို့ ဆိုပါ
တော့၊ သူတို့ ကလိုင်စင်ရလူဆိုး၊ ကျုပ်ကလိုင်စင် မရှိတဲ့ လူဆိုး၊ ဒါပဲကွာပါ
တယ်၊ ဒါပေမယ့် ကျုပ်ဟာလူဆိုးအဖြစ်နဲ့
သိပ်ပြီးမကြာလိုက်ဘူး၊ အလွန် ဆုံးနှစ်
နှစ်သုံးနှစ်လောက်ပဲ ရှိပါလိမ့်မယ်၊ လူဆိုး
ဘဝကို ရပ်ပစ်လိုက်ပါတယ်၊ ဘာဖြစ်လို့
လဲဆိုတော့ ကျုပ်ရင်ဆိုင်ချင်တဲ့ လိုင်စင်ရ
လူဆိုးကလည်း မရှိတော့ဘူး၊ သွယ်သွယ်
လည်း မရှိတော့ဘူး၊ သူတို့ နှစ်ယောက်
ဟာ လန်ဒန်မှာ သွားပြီး နေကြတယ်လို့
သိရပါတယ်၊ အဲဒီမှာ သူတို့ ဖခင်
တည်ထောင်ခဲ့တဲ့ ရတနာဆိုင်တစ်ဆိုင်ရှိ
တယ်လို့ သိရတယ်။ အင်း အဲဒီမှာ ပြောရ
ဦးမယ်၊ သွယ်သွယ်ဟာ လန်ဒန်ရောက်ပြီး
သုံးနှစ်လောက်မှာပဲ အနိစ္စရောက်သွား
တယ်လို့သိရတယ်၊ အဲဒီအခါမှာ ကျုပ်ဟာ
ဒီအရပ်ဒေသကို ပြောင်းရွှေ့ လာပြီး ဒီမှာ ဇာတ်မြှုပ်လိုက်တာပေါ့၊ သွယ်သွယ်နဲ့
ကျုပ်နဲ့ နောက်ဆုံး ခွဲခွာရတဲ့ ညတုန်းက
တန်ဆောင်မုန်းလကြီးပါ၊ ဒါပေမယ့် ထူး
ထူးဆန်းဆန်း အဲဒီလကြီးမှာ မိုးတွေရွာ
တာမှာ တော်တော့်ကို သဲသဲမဲမဲကြီးရွာ
တာ။ ကျုပ်ရဲ့ တဲအိမ်ကလေးအပြင်ဘက်
မှာ မိုးစက်မိုးပေါက်တွေကျတယ်၊ တဲအိမ်
ကလေး အတွင်းမှာ ရှိတဲ့ သွယ်သွယ်ရဲ့
မျက်လုံး အိမ်ထဲမှာ လည်း မျက်ရည်စက်၊
မျက်ရည်ပေါက်တွေကျနေတယ်၊
အချိန်မှာ ပဲ သွယ်သွယ့်ဘက်က လူကြီး
တွေရယ်၊ ပုလိပ်တွေရယ်၊ မြို့အုပ်၊
ဝန်ထောက်တွေရယ်၊ ပြီးတော့ သွယ်
သွယ့် ကိုယူမယ့် လိုင်စင်ရလူဆိုးရယ်
ရောက်လာကြာတော့တာပဲ၊ ရာဇဝတ်အုပ်
ဟာ ဘာမပြောညာ မပြောနဲ့ ကျုပ်ကိုလက်ထိပ်ခတ်တယ်။ အဲဒီမှာ ၀ရုန်းသုန်းကားဖြစ်တော့တာပဲ.ကျုပ်
ကလက်ထိပ်ခတ်မခံဘူး၊ ကျုပ်ရဲ့ ရင်ဝကို
သူက ခြေထောက်နဲ့ ကန်တယ်၊ အဲဒီမှာပဲ
ကျုပ်ဟာ လူသတ်မှုကျူး လွန်လိုက်တယ်၊
အဲဒီလို မဖြစ်ခင်အချိန်ကလေးမှာ ပဲ
သွယ်သွယ်ဟာ 'သွယ်' ဆိုတဲ့ စာတန်း
ကလေးပါတဲ့ သူ့ရဲ့ ဆွဲကြိုးကလေးကို
ဖြုတ်ပြီး ကျုပ်ကို အမှတ်တရပေးခဲ့တယ်၊
ကျုပ်ဟာ ထောင်ကျတော့မယ်ဆိုတာ
ဧကန်သိလေတော့ အဲဒီဆွဲကြိုးကလေးကို
ကျုပ်ရဲ့ မိတ်ဆွေကိုကျောက်ပေါဆီမှာ
အပ်ထားခဲ့တယ်၊ ထောင်ကထွက်မှ ပြန်
ပြီးယူရတယ်၊ ဟောဒါကလေးပဲ"ဟု ဆို
ကာ လူကြီးသည် ၎င်း၏ အင်္ကျီပွပွကြီး
အောက်တွင် သိုဝှက်၍ ထားသော ရွှေ
ဆွဲကြိုးကလေး တစ်ကုံးကို ထုတ်ယူ၍
လရောင်တွင် ပြလိုက်လေ၏။

ခင်မေသည် လူကြီး၏ အဖြစ်အပျက်ကို
နားထောင်ပြီးနောက် ဝမ်းနည်းကြေကွဲ၍
နေလေ၏။ လူကြီးသည် ခင်မေ့ဘက်ကို
လှည့်ကာ…

“မိန်းကလေးငိုနေသလား၊ ကျုပ်က
မိန်းကလေးကို စိတ်ညစ်အောင်များ လုပ်
မိပြီလား၊ ကျုပ်တောင်းပန်ပါတယ်”ဟု
လူကြီးကပြော လိုက်လေ၏။

“မဟုတ်ပါဘူး ဦးလေးရယ်၊ ခင်မေလေ
ဦးလေးအတွက်ကော ဦးလေးရဲ့ သွယ်
သွယ်အတွက်ပါ ယူကျုံးမရဖြစ်လွန်းလို့
ပါ”ဟု ငိုသံပါကလေးဖြင့် ပြောလိုက်
လေ၏။

ထိုအခါ၌ လူကြီးသည်
မိန်းကလေးရေ သွယ်သွယ်ရဲ့ ဆွဲကြိုး
ကလေးကို ဆွဲပါလားကွယ်"ဟု လူကြီးက
ပြောလိုက်လေ၏။

“ဦးလေးဆွဲစေချင်ရင် ခင်မေဆွဲမှာ
ပေါ့”ဟု ဆိုကာ သူ၏ လည်တိုင်ကျော့
ကျော့လေးအား ရှေ့သို့ဆန့်၍ ပေးလိုက်
လေ၏။ လူကြီးလည်း ခင်မေ၏
လည်တိုင်ကျော့ကျော့ကလေး၌ နှစ်ပေါင်း
များစွာ သိမ်းဆည်းထားသော ဆွဲကြိုး
ကလေးကို ဆွဲ၍ ပေးလိုက်လေတော့၏။

ထိုအချိန်၌ မြင်းကြီးကောင်းဘို့သည်
မည်သည့် အကြောင်းအရာကြောင့်
အူမြူးသွားသည် မသိပေ။
"ဟီး....ဟီ...."ဟု သံကုန်ဟစ်ကာ “ဟီ’၍
‘ဖြုန်း'ကနဲ မတ်တတ်ရပ် လိုက်လေ
တော့၏။

ထို့ကြောင့် မြင်းလှည်းသည် နောက်သို့
တအားကြီးလန်၍ သွားလေ၏။ ခင်မေ
လည်း ကြောက်အားလန့်အားနှင့် လူကြီး
အား ဖက်တွယ်၍ ထားလိုက်လေ၏။

လူကြီးကလည်း ခင်မေကျသွားမည်ဆိုးသ
ဖြင့် ခါးကလေးကို လှမ်း၍ ဖက်ထား
လိုက်လေ၏။

ကောင်းဘို့လည်း မတ်တတ်ရပ်ပြီးနောက်
နဂိုအတိုင်းကောင်းမွန်စွာ ပြန်၍ ပြေး
လေ၏။

သို့ရာတွင် လူကြီးနှင့် ခင်မေတို့ သည်
ကား နဂိုအတိုင်းပြန်၍ မနေကြတော့ဘဲ
ဆက်လက်၍ ဖက်ထားကြလေတော့
သတည်း။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၃
*မြင်းလိမ္မာကြီးနှင့် ခွဲရပြီ

လူကြီးသည် ဈေးနေ့အတွက် ပစ္စည်း
များကို မြင်းလှည်းပေါ်တင်၍ နေလေ၏။
ခင်မေကလည်း ပစ္စည်းများကို ကူညီ၍
သယ်ပေးလေ၏။ ပစ္စည်းများ အားလုံး
မြင်းလှည်းပေါ်သို့ တင်ပြီးသောအခါ၌ ခင်
မေသည် အိမ်ကလေးအတွင်းသို့ ဝင်
သွားပြီးနောက် ကော်ဖီကြမ်းကရားနှင့်
ကြွေရည်သုတ်ကိုင်းခွက်တစ်လုံးကို ယူ
လာပြီးလျှင် လူကြီးအတွက် အငွေ့
တထောင်းထောင်းထနေသော ကော်ဖီ
ကြမ်းကိုငှဲ့ပေးရင်း

“အချမ်းပြေသောက်သွားဦးလေ ”ဟု
ပြောလိုက်လေ၏။

“မိန်းကလေးက သိပ်ပြီသိတတ်တာပဲ
ကွယ်"ဟု ပြောကာ လူကြီးသည် ကော်ဖီ
ကြမ်းကို သောက်ပြီးနောက် မိန်းကလေး
ဘက်သို့လှည့်ကာ ပြုံး၍ နှုတ်ဆက်လိုက်
လေတော့၏။

“ခင်မေ မှာလိုက်တာ မမေ့နဲ့ ဦး
နော်”ဟု ခင်မေက ပြောလိုက်လေ၏။

“ဘာလဲ မိန်းကလေး၊ ကျုပ်က မေ့
တတ်တဲ့ လူမဟုတ်ပါဘူး။ သိုးမွှေးရယ်၊
သိုးမွှေးထိုးတဲ့ အပ်ရယ် မဟုတ်လား။
စိတ်ချပါ”ဟု လူကြီးက ပြန်၍ ပြောလိုက်
လေ၏။

“အရောင်က … လိမ္မော်ရောင်လေ”ဟု
လူကြီးက ပြန်၍ ဖြေလိုက်လေ၏။

“သိပ်ကို မှတ်ဉာဏ်ကောင်းတာပဲ”ဟု
ခင်မေက ချီးကျူး လိုက်လေ၏။

ထို့နောက် လူကြီးသည် ကောင်းဘို့ကို
ဆွဲ၍ ထွက်သွားလေတော့၏။ ခင်မေ
သည် လူကြီး၏ ကျယ်ပြန့်သော
နောက်ကျောပြင်ကြီးကိုငေးမော၍ နေခဲ့
လေ၏။ အတော်အတန် ဝေးသောနေရာ
သို့ရောက်မှပင် လူကြီးသည် လှည်းပေါ်
သို့တက်လေ၏။

ထိုသို့တက်ပြီးနောက် လူကြီးသည် ခင်
မေဘက်သို့လှည့်ကာ လက်ပြလိုက်
လေ၏။ ခင်မေကလည်း သူ၏ လက်ဝါး
ဖြူဖြူကလေးကို ပြန်လည်၍ လှုပ်ရမ်းပြ
ရင်း ကျောက်တုံးအိမ်ကလေးအနီး၌ မတ်တပ်ရပ်လျက် ကျန်ရစ်ခဲ့လေတော့၏။

လူကြီးသည် ဟဲဟိုးဈေးနေ့ဆီသို့ မြင်းလှည်းကိုခပ်သွက်သွက်မောင်းနှင်ခဲ့
လေသည် ။ ဈေးသို့ရောက်သော အခါ၌
၎င်း၏ ပစ္စည်းများကို စုပုံလေ၏။ ထိုသို့
စုပုံပြီးနောက် သိုးမွေးနှင့် အပ်ရောင်း
သောဈေးသည် ကို ရှာဖွေလေတော့၏။
အခါတိုင်းဈေးနေ့များ၌ အမြဲလိုလို
တွေ့ရတတ်သော သိုးမွေးသည် ကလေး
အား မတွေ့ရဘဲရှိသဖြင့် လူကြီး၏ စိတ်၌
ကသိကအောက်ဖြစ်မိသေးတော့၏။

ထို့ကြောင့် လူကြီးသည် ၎င်း၏ ပစ္စည်း
များ ရှိရာသို့ ပြန်၍ လာပြီးလျှင် ရောင်းချ
နေလေ၏။

မည်သို့ဖြစ်သည် မသိပေ၊ ဤနေ့တွင်
လူကြီး၏ ကုန်များသည် အရောင်းထိုင်း
လျက်ရှိလေ၏။ တစ်စုံတစ်ခုသော အကြောင်းအရာအတွက် စိုးရိမ်မကင်းဖြစ်သကဲ့သို့ လူကြီး၏ စိတ်သည်လည်း လေးလံလျက်ရှိလေ၏။

ထိုနေ့က ဈေးသိမ်းနောက်ကျခဲ့လေ၏။
လူကြီးသည် ဟဲဟိုးမြို့အတွင်းရှိ
ကုန်စုံဆိုင်သို့ဝင်ကာ ခင်မေမှာ လိုက်
သော လိမ္မော်ရောင်သိုးမွှေးနှင့် အပ်တစ်စုံ
ကို ဝယ်ယူ၍ အိမ်သို့ပြန်ခဲ့လေတော့၏။
အခါတိုင်းဆိုလျှင် ခင်မေသည် လူကြီး
ဈေးကအပြန်ကိုချောင်းကူးတံတားကလေးမှ ထွက်၍ ကြိုနေစမြဲ ဖြစ်၏။
လူကြီးလည်း အဝေးမှ နေ၍ လက်ကို
ဝှေ့ယမ်းပြတတ်မြဲဖြစ်၏။ မြင်းကြီး
ကောင်းဘို့လည်း လှမ်း၍ ‘ဟီ’ပြတတ်
လေ၏။

ယခုမူ အိမ်အနီးသို့ရောက်သောအခါ၌
တောင်းဘို့ကြီးက လှမ်း၍ ဟီလိုက်
လေ၏။ လူကြီးကမူ ခင်မေ့အား မျက်လုံး
ဖြင့်ရှာဖွေနေလေ၏။ ခင်မေ့ကိုမတွေ့ရ
လျှင် လူကြီးသည် စိုးရိမ်စိတ်များ ဖြစ်
ပေါ်၍ လာလေတော့၏။

လူကြီးသည် အိမ်အနီးသို့ ရောက်
သောအခါ၌ မြင်းလှည်းပေါ်မှ ခုန်၍ ဆင်း
ကာ အိမ်အတွင်းသို့ ခြေလှမ်းကျဲကျဲ
လှမ်း၍ ဝင်သွားလေ၏။ အိမ်ထဲတွင်
လည်း ခင်မေ့ကို မတွေ့ရပေ။ လူကြီး
သည် ခင်မေ့အား
“မိန်းကလေးရေ မိန်းကလေးရေ”ဟု
အော်၍ ခေါ် လိုက်လေ၏။ သို့ရာတွင်
ပြန်၍ ထူးသံ မကြားရသောကြောင့်
လူကြီးသည် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်၍လာလေ၏။

ထို့နောက်လူကြီးသည် အိမ်ပြင်သို့
ထွက်လာပြီးလျှင် ကောင်းဘို့ကြီးကို
လှည်းမှ ဖြုတ်ကာ မုန်လာဥနီများ ကျွေး
ရင်းမျက်လုံးဖြင့် ခင်မေ့အား ရှာဖွေနေ
လေ၏။ သို့ရာတွင် အရိပ်အရောင်ကိုမျှ မ
တွေ့ရပေ။

“မိန်းကလေးဟာ ဟိုဒီကိုမသွားတတ်
ပါဘူး၊ ဘယ်လိုဖြစ်တာပါလိမ့်”ဟု တွေး
ရင်း လူကြီးသည် ကျောက်တုံးအိမ်
ကလေးအတွင်းသို့ ဝင်ခဲ့လေ၏။
လူကြီးသည် မီးလင်းဖိုကြီးအနီး၌ ထိုင်
ကာ ခွေခွေကြီးထိုင်၍ စဉ်းစားနေလေ၏။
ထို့နောက် လူကြီးသည် ကျောက်တုံး အိမ်
ကလေးအတွင်းမှ အပြင်သို့ထွက်လာ
ကာ ချောင်းစပ်ကလေးဆီသို့ လျှောက်
လာရင်း ကွင်းပြင်ကျယ်ကြီးဆီသို့ ကြည့်ရှု
နေလေ၏။ ချောင်းစပ်သို့ရောက်လျှင်
တံတားကလေး၏ အောက်နားလောက်သို့
လူကြီးက လှမ်း၍ ကြည့်လိုက်မိရာ
လူကြီးသည် မျက်လုံးပြူး၍ သွားလေ
တော့၏။

၎င်းကိုယ်တိုင် ချုပ်ပေးခဲ့သော ဆိတ်
သားရေ ဖိနပ်ကလေးတစ်ဖက်ကို တွေ့ရ
လေတော့၏။

လူကြီးသည် ဖိနပ်ကလေးကို ဆင်း၍
ကောက်ယူပြီးနောက် အဝေးဆီသို့လှမ်း
မျှော်၍ ငေးမောရင်း မျက်မှောင်ကြုတ်
ကာ စဉ်းစားနေမိလေ၏။ ထိုနောက်
လူကြီး၏ စိတ်၌ “မိန်းကလေးကို ရှာဖွေ
နေတဲ့ လူတွေဟာ ရောက်လာကြပြီး
ဖမ်းသွားကြပြီကိုး တကယ်လို့ မိန်းကလေးကသာ သူ့သဘောနဲ့ သူ ထွက်
သွားတာဆိုရင် ဒီဖိနပ်ကလေးတစ်ဖက်
ဟာ ဒီလိုကျန်ခဲ့ဖို့ အကြောင်းမရှိဘူး၊ အခု
တော့ အတင်းဆွဲပြီး ခေါ်သွားကြတဲ့ ပုံ
ပဲ'ဟု တွေးရင်း လူကြီးသည် ကျောက်တုံး
အိမ်ကလေးအတွင်းသို့ ပြေးဝင်သွား
လေ၏။ ထို့နောက် ခွေခွေကြီးရပ်ကာ
တစ်စုံတစ်ခုကို
လေးလေးနက်နက် စဉ်းစားလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချ
လိုက်လေ၏။ ထိုသို့ဆုံးဖြတ်ချက်ချပြီး
လျှင် ကျောက်တုံးအိမ်ကလေး၏ နံရံတစ်
ဘက်ဆီသို့ လျှောက်သွားကာ ကျောက်နံရံ
ကလေး၌ သစ်သားပြားဖြင့် အသေရိုက်၍
ပိတ်ထားသောနေရာသို့ စူးရဲသော
မျက်လုံးဖြင့် စိုက်၍ ကြည့်ပြီး တောက်
တစ်ချက်ခေါက်ကာ ထိုသစ်သားပြားအား ခြေထောက်ဖြင့် ဖြောင်းကနဲကန်၍ ချိုး
ပစ်လိုက်လေတော့၏။ ပြီးလျှင် ကျိုးသွား
သော သစ်သားစများကို လက်ဖြင့်ဆွဲချကာ 
ကျောက်နံရံ၌ ထွင်းထားသော
ကလိုင်ကလေးပေါ်လာလျှင် ထိုကလိုင်
ကလေးအတွင်းသို့ လက်ကိုထိုးသွင်း၍
တစ်စုံတစ်ခုကို နှိုက်၍ ယူလိုက်လေ၏။

လူကြီး၏ လက်၌ကား နှစ်ပေါင်းများ
စွာ သိမ်းဆည်းသိုဝှက်၍ ထားသော
ခြောက်လုံးပြူး သေနတ်တစ်လက်နှင့်
ကျည်ဆန်များ ထည့်ထားသော
သားရေအိတ်တစ်လုံးပါ၍ လာလေ၏။

လူကြီးသည်ခြောက်လုံးပြူးနှင့် ကျည်ဆန်များကိုယူ၍ မီးလင်းဖိုအနီး၌
ထိုင်ကာ ထိုခြောက်လုံးပြူး၌ သုတ်လိမ်းထားသော 
အမဲဆီကြမ်းကြီးများကို အဝတ်ဖြင့်ပွတ်ချလိုက်လေ၏။ ပြီးလျှင်
ဆုံလည်ကိုဖွင့်ကာ ဆုံလည်ပေါက်များကို
လည်း တိုက်ချွတ်လိုက်လေ၏။ ထို
နောက် ခြောက်လုံးပြူးပြောင်းအတွင်း
သို့ သံချွန်ကလေးတစ်ခုနှင့် အဝတ်စ
လေးကို အသုံးပြု၍ တိုက်ချွတ်လိုက်
လေ၏။
အလုံးစုံ တိုက်ချွတ်ခြင်း ပြီးသွား
သောအခါ၌ သေနတ်ဆုံလည်အတွင်း
သို့ ကျည်ဆန်ခြောက်တောင့်အား “အင်္ဂါ၊
ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊
တနင်္ဂနွေ၊ ခြောက်ရက် သားသမီးကို
သတ်ဖို့  သည် တစ်ထောင့်ကတော့ ငါ့
အတွက်" ဟု ဆိုကာ ဆုံလည်အတွင်း
သို့ ထိုးသွင်း လိုက်လေ၏။ ပြီးလျှင်အနီးရှိ
ကြိုးတစ်ချောင်းဖြင့် သေနတ်ကျည်ဆန်ကလေးတစ်တောင့်အား ချည်နှောင်လိုက်
ပြီးနောက် ထိုကြိုးအား ကွင်းကလေးပြု
လိုက်ကာ လည်ပင်း၌ ဆွဲ လိုက်လေ၏။

သေနတ်၏ ထရစ်ကာကွင်း၌ လက်
ညိုးကိုလျှိုကာ ရှေ့နောက်နှစ်ပတ်သုံးပတ်
လှည့် လိုက်လေ၏။ ပြီးလျှင် သေနတ်
အား ၎င်း၏ ကုတ်အင်္ကျီအတွင်းသို့ ထိုး
ထည့်လိုက်ပြီးနောက် မတ်တတ်ရပ်လိုက်
လေ၏။ လူကြီး၏ မျက်နှာအမူအရာမှာ
အမှန်တကယ်ပင် တိုက်ပွဲဝင်တော့မည်
ဖြစ်ကြောင်း ဖော်ပြနေလေ၏။ လူကြီး
သည် နံရံ၌ ချိတ်ထားသော ရှမ်း
လွယ်အိတ်ကြီး တစ်လုံးကို ဖြုတ်လိုက်ပြီး
နောက် ထိုလွယ်အိတ်ကြီးအတွင်း သို့
လုံချည် အပိုတစ်ထည်နှင့် အင်္ကျီ အပိုတစ်
ထည်ကိုပါ ထည့်လိုက်လေ၏။ ထို့နောက်
ဆေးပြင်းလိပ်များကိုလည်း ထည့်ပြန်၏။
ဤသို့ထည့်ပြီးလျှင် စောင်တစ်ထည်အား
ခေါက်၍ လွယ်အိတ်ပေါ်၌ လျှိုကာကြိုးဖြ
င့် ပတ်၍ ချည်လိုက်လေ၏။ ထို့နောက်
တိုင်၌ ချိတ်ထားသော တယောနှင့် ဘိုးတံ
ကိုပါဖြုတ်၍ လွယ်အိတ်ကြိုးသိုင်း၌ ပူး၍
ချည်လိုက်လေ၏။ အလုံးစုံပြုလုပ်
ပြီးသည့် အခါ၌ တိုင်ကပ်နာရီကြီးအား
လှမ်းကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခု
ကို သတိရသည့် အလား မျက်နှာပျက်၍
သွားလေ၏။

“ဪ ငါတယ်ညံ့ပါလား၊ ဒီကောင်
တွေဟာ မိန်းကလေးကို ရထားနဲ့ တင်ပြီး
ခေါ်သွားချင်ခေါ်သွားလိမ့်မယ်၊ ကြည့်စမ်း
ကြည့်စမ်း ဒါကို မစဉ်စားမိဘူး၊ ရထား
တောင်ထွက်သွားပြီပဲ၊ ဘာပဲဖြစ်ဖြစ်
မိန်းကလေးကိုတော့ မတွေ့တွေ့အောင်
ရှာရမှာပဲ၊ သည် ကမ္ဘာပေါ်မှာ ရှိသေး
တယ် ဆိုရင်တော့ တွေ့ကိုတွေ့ရမယ်၊ အဲဒီ
လိုတွေ့တဲ့ အခါမှာ မိန်းကလေးနဲ့ ငါနဲ့
ကြားမှာ ဟန့်တားတဲ့ လူမှန်သမျှကို
ကျည်ဆန်နဲ့ မိတ်ဆက်ပေးရမှာ ပဲ”ဟု
တွေးရင်း ကုတ်အင်္ကျီအိတ်အတွင်း၌
ထည့်၍ ထားသော သေနတ်ကို လက်ဖြင့်
စမ်းသပ် လိုက်လေ၏။ ထို့နောက် လူကြီးသည် ကျောက်တုံးအိမ်ကလေးအတွင်းမှ ပြေး၍ ထွက်ကာ အိမ်တံခါးကို
ပိတ်၍ သော့ခတ် လိုက်လေ၏။

ထို့နောက် မြင်းဇောင်းအတွင်းသို့ဝင်
ကာ ကုန်းနှီးကိုယူ၍ ကောင်းဘို့ကြီး၏
ကျောပေါ်၌ တပ်ဆင်လိုက်ပြီးလျှင် လွှား
ကနဲ ခုန်တတ်လေတော့၏။

“ကဲ သားကြီး မောင်ကောင်းဘို့၊ ရထား
ကိုမီအောင် ပြေးစမ်းပါကွာ” ဟု ပြောဆို
ကာ ကောင်းဘို့ကြီးအား ကဆုန်ချ၍ စီး
သွားလေတော့၏။ ကောင်းဘို့ကြီးလည်း
သခင်၏ အလိုကို လွန်စွာသိတတ်သော
သဘောရှိရကား ဝါးလုံးထိုးပြေးလေ
တော့၏။ ကောင်းဘို့၏ အမြီးသည် လေ
ထဲတွင် တန်း၍ နေလေ၏။ လူကြီးသည်
ကားလမ်းတလျောက် မြင်းကို ဒုန်းစိုင်း၍
စီးသွားလေ၏။ “သာမိုင်းခမ်း' ဟူသော
အရပ်အနီးသို့ ရောက်သောအခါ၌ ရထား
ခေါင်းတိုင်မှ ထုတ်လွှတ်လိုက်သော မီးခိုး
ငွေ့တန်းကလေးကို လှမ်း၍ မြင်ရလျှင်
လူကြီးသည် ပို၍ အားတက်သွားလေ၏။
ထိုထက်အားတက်ဖွယ်ကောင်းသည် မှာ
ရထားမှ “ တူ တူ” ဟု ဥဩသံကို လှမ်း၍ကြားလိုက်ရခြင်းပင် ဖြစ်၏။ 

လူကြီးသာလျှင် အားတက်သည် မဟုတ်၊
လူကြီး၏ မြင်းကောင်းဘို့မှာလည်း
အားတက်၍ နေလေ၏။ ကျောပေါ်မှ
၎င်း၏ သခင်သည် “ တူ တူ’ ဟု အသံ
ကြားရာ အရာဝတ္ထုဆီသို့လိုက်၍ လာ
ကြောင်းကို ကောင်းဘို့က ကောင်းစွာ
ရိပ်မိနေသည့်အလား တအားကုန်
ပြေး၍ နေလေတော့၏။

ရထားနှင့် မော်တော်ကားလမ်းဆုံ
ဆည်းရာ နေရာများ သို့ရောက်လျှင်
ရထားပေါ်မှ ခရီးသည်များ သည် မြင်းစီး
ကောင်းလှသော လူကြီးကိုကြည့်၍
အော်ဟစ်ကာ သြဘာပေးကြလေ၏။

လူကြီးသည် ရထားနှင့် နီးနိုင်သမျှ နီးစေ
ရန် လမ်းကိုပြောင်း၍ စီးလေ၏။ နောက်ဆုံးတွင် ရထားကို ယှဉ်ကပ်ပြေးမိ
လျက်သားရှိလေတော့၏။ ထိုအခါလူကြီး
သည် ရထား၏ သံလက်ကိုင် ကိုင်းကို
မြင်းပေါ်မှ လှမ်း၍ ဆွဲကာ ရထားပေါ်သို့
ကူး၍ သွားလေတော့၏။ ၎င်း၏ မြင်းကြီး
မှာလည်း ပြေးမြဲပြေး၍ နေလေ၏။

ရထားပေါ်သို့ရောက်လျှင် လူကြီးအား
ခရီးသည် များက ဝိုင်းဝန်းကြည့်ရှုကြ
လေ၏။ ထိုအထဲတွင် ၎င်းနှင့် သိကျွမ်းသော
သိုးမွေးရောင်းသည့် ကောင်ကလေးကို တွေ့ရလေတော့၏။

လူကြီးသည် ကောင်ကလေးကို တွေ့ရ
လျှင်
“ဟေ့ ကလေး၊ ဒီကနေ့တောင် 
သိုးမွေးဝယ်မလို့ မင်းကိုရှာသေး
တယ်”ဟု ပြော လိုက်လေ၏။

“ဟုတ်ပါတယ် ဦးလေး၊ ကျွန်တော့်အ
မေ နေမကောင်းလို့ ဈေးကို မသွားနိုင်
ဘူး”ဟု ကောင်ကလေးက ပြန်၍ ပြော
လေ၏။

“ကောင်းပြီလေ၊ မင်းဟဲဟိုးမှာ နေ
တယ်မဟုတ်လား” ဟု လူကြီးက မေး
လေ၏။

“ဟုတ်ပါတယ်ဦးလေး”ဟု
ကောင်ကလေးက ပြန်၍ ဖြေလေ၏။

“ဒီလိုဆိုရင် ရှေ့နားက ရထားလမ်း
အကွေ့မှာ မင်းဆင်းဝံ့တယ် မဟုတ်လား၊
အဲဒီမှာ ဆင်းပြီး ငါ့မြင်းကြီးကို မင်းအိမ်
ကိုခေါ်သွားပါ။ ငါမလာမချင်း အစာကျွေး
ထားပါ။ သူက မုန်လာဥနီကို သိပ်ကြိုက်
တယ်။ သူ့နာမည်က ကောင်းဘို့ခေါ်
တယ်။ သူ့ကို ချိုချိုသာသာဆက်ဆံရင် လူတိုင်းနဲ့ တည့်အောင် ပေါင်းတတ်တဲ့
ကောင်ကြီးပါကွာ။ ရော့...ရော့ ပိုက်ဆံ၊
ဟိုမှာ ကွေ့ရောက်တော့မယ်။ အဆင်သင့်
ပြင်ပေတော့"ဟု ဆိုကာ လူကြီးသည် သိုး
မွှေးရောင်းသော ကောင်လေအား ဆယ်
တန် သုံးရွက်ထုတ်၍ ပေးလိုက်လေ
တော့၏။

ဤသို့နှင့်ပင် ရထားသည် လမ်းကွေ့
တစ်ခုကို ရောက်သောအခါ၌ အရှိန်ကို
လျှော့လိုက်လေ၏။ ကောင်ကလေး
လည်း ရထားပေါ်မှ ခုန်၍ ဆင်းကာ မြင်း
ကြီးကောင်းဘို့အား ချဉ်းကပ်လိုက်
လေ၏။ တောင်ကုန်းဖြစ်သောကြောင့်
ကောင်းဘို့လည်း အရှိန်ကိုလျှော့ကာ
တက်လေသည် ဖြစ်ရာ ကောင်ကလေး
သည် မြင်းကြီးအား ကောင်းစွာချဉ်းကပ်နိုင်လေ၏။

ထိုအခါ၌ လူကြီးသည် ရထားပေါက်မှ
ခေါင်းကိုထုတ်ကာ...

"သားကြီး မောင်ကောင်းဘို့ရေ၊ အဖေ ပြန်လာခဲ့ပါ့မယ်၊
အဲဒီကောင်လေးနဲ့ လိုက်သွားပေဦးတော့၊ သူကလဲ မင်းကို
မုန်လာဥနီတွေ ကျွေးမှာ ပါ”ဟု အော်၍
ပြောလိုက်ရာ မြင်းကြီးကောင်းဘို့လည်း
လူစကားကိုနားလည်သည့်အလား 
နားရွက်များကိုထောင်၍ သခင်၏ အသံ
ကို နားထောင်ပြီးလျှင် ကောင်ကလေးက
၎င်း၏ ကျောပေါ်သို့တက်သည် ကို ငြိမ်၍
ခံလေတော့၏။ ထို့နောက် ကောင်ကလေး
သည် လူကြီးအားလက်ပြ၍ မြေနီလမ်း
ကလေးအတိုင်း လမ်းကြောင်းပြောင်း၍
စီးသွားလေတော့၏။

ရထားပေါ်မှ ခရီးသည် များလည်း
မြင်းကြီးလိမ္မာပုံကို ကြည့်ရှု၍ အမျိုးမျိုး
အဖုံဖုံ ချီးကျူးပြောဆိုကြရာ ရထားတွဲ
တိုင်း၌ သောသောညံသွားလေတော့၏
လူကြီးသည် ရထားတွဲများကို တစ်တွဲပြီးတစ်တွဲကူးကာ မိန်းကလေးအား
ရှာဖွေရင်း လိုက်ပါသွားလေတော့၏။

သို့ရာတွင် ထိုရထားတွဲများ၌ မိန်းကလေး၏ အရိပ်အရောင်ကိုမျှ မတွေ့
ရပေ။

ထိုနေ့မှ စ၍ ရွှေညောင်မြို့၏ အစွန်
ကွင်းပြင်ကြီးထဲတွင် ရှိသော ကျောက်တုံး
အိမ်ကလေးမှာ ညအခါများ၌ မီးလင်း
ခြင်းမရှိတော့ပဲ မှောမိုက်၍သာ နေ
လေတော့၏။ . ထိုကျောက်တုံးအိမ်
ကလေးတွင် နေထိုင်သော လူကြီးတစ်ဦး
နှင့် ၎င်း၏ မြင်းလိမ္မာကြီးတစ်ကောင်
သည်လည်း ပျောက်ခြင်းမလှ ပျောက်၍
သွားလေတော့သတည်း။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၄
*လရောင်အောက်မှ လူမိုက်နှစ်ဦး၏ ဂီတ
သံ

လူကြီးသည် ခင်မေဆိုသော မိန်းကလေးအားနေရာအနှံ့အပြား၌
လိုက်လံရှာဖွေခဲ့လေသည် ။ မြို့အသီးသီး
ကို ရောက်ရှိခဲ့လေ၏။ စုံစမ်းခဲ့လေ၏။
သို့ရာတွင် သတင်းအစအနကိုမျှ မရဘဲရှိ
လေ၏။ အထက်မြန်မာပြည်ရှိ မြို့များကို
ရှာပြီးနောက် အောက်ပြည်အောက်ရွာ
ဘက်သို့ လှည့်လည်၍ ရှာဖွေပြန်၏။

ထိုသို့ရှာဖွေရင်း လူကြီးသည် အားကိုးအားထားပြုလောက်သော
မိတ်ဆွေကောင်းနှစ်ယောက်ကို တွေ့ရှိခဲ့
လေတော့၏။ ထိုမိတ်ဆွေကောင်းနှစ်
ယောက်အနက် တစ်ယောက်သောသူမှာ
ရန်ကုန်မြို့ကမ်းနားပိုင်းတစ်လျှောက်တွင်
မိုက်ချင်တိုင်းမိုက်၍ ဆိုးချင်တိုင်းဆိုးနေ
သော ကမ်းနားလူမိုက် မောင်ကျောက်ပွင့်
ဆိုသူဖြစ်ပေသည် ။ ၎င်းလူမိုက် မောင်
ကျောက်ပွင့်မှာ တစ်ခါက ဓာတ်စက်
ဇာတ်ထုပ်များ လှည့်လည်ဖွင့်ပြ၍
အသက်မွေးရသောသူ ဖြစ်၏။ ထို့ကြောင့်
နောက်ကြောင်းကို သိရှိကြသောသူများက
သူ့အား လူမိုက်ကျောက်ပွင့်ဟု
ခေါ်သည်ထက် ဇာတ်ထုပ်သည် မောင်
ကျောက်ပွင့်ဟု ခေါ်သည်က များပြားလေ
သည် ။

တစ်ညသ၌ ကမ်းနားဗောတံတားတစ်
ခုတွင် လူကြီးသည် တယောဖြင့် ဟန်မာရီ
စံပယ်အုန်းသီဆိုခဲ့သော
“ကြိုက်ချင်ချင်'ဓာတ်ပြားသီချင်းကိုတယောထိုး၍ နေလေ၏။ ထိုအခါ၌
မောင်ကျောက်ပွင့်ရောက်ရှိ လာပြီးလျှင်
လူကြီးအား
“သိပ်ပြီးကောင်းတာပဲဗျာ၊ နောက်တစ်
ခေါက်လောက်ထပ်ပြီးထိုးပြပါဦး”ဟု
ပြောဆိုလေ၏။ ထိုအခါလူကြီးက

“ထိုးမပြနိုင်ဘူးကွ၊ မင်းနားထောင်ချင်
တာကိုထိုးပြဖို့ ငါ့မှာ အချိန်မရှိဘူး။ ငါက
ခဏခဏပြန်ပြီးဖွင့်လို့ရတဲ့
ဓာတ်စက် မဟုတ်ဘူး ကွ”ဟု ပြောလိုက်
ရာ လူမိုက်ကျောက်ပွင့်လည်း လွန်စွာ
စိတ်ဆိုး၍ သွားလေတော့၏။

“အပြောမတတ်တော့ ဆဲသလိုဆိုတာ
ခင်ဗျားလိုလူမျိုးအတွက်ထားခဲ့တဲ့ စကား
ပဲ”ဟု လူမိုက်ကျောက်ပွင့်က ပြန်၍ ပြော
လိုက်လေ၏။

“အေးဟုတ်တယ်၊ မင်းကလဲ ရဲတော့
အတော်ရဲတဲ့ အကောင်ပဲ၊ ဒါပေမယ့် အရဲ
မတက်ရင် ခေါင်းကွဲတတ်တယ်ကွ"ဟု
လူကြီးကပြောလိုက်ရာ ကျောက်ပွင့်လည်း
လွန်စွာအံ့ဩသွားလေ၏။

ထို့နောက် ကျောက်ပွင့်က
“ပခန်းဘက်ကိုရောက်ရင် ဦးမင်းကျော်
အကြောင်း သိရတယ်ဗျ ပုပ္ပါးကိုရောက်
ရင် မင်းညီနောင်အကြောင်း သိထားရ
တယ်ဗျ၊ ကျွန်းညိုကြီးကိုရောက်ရင်ဦးရှင်ကြီးနဲ့ သူ့ရဲ့ စီးတော်ကျားအကြောင်း
ကို သိထားရတယ်ဗျ၊ အေး ရန်ကုန်ကမ်းနားကိုရောက်ရင်လည်း ကျောက်ပွင့်
အကြောင်းသိထားရတယ်ဗျ။
အဲဒီလို သိမ ထားရင် ကောင်းကောင်း ကြီး ဖမ်းစားခံရ
တယ်ဗျနော်”ဟု ပြော လိုက်လေ၏။

ထိုအခါ လူကြီးက တယောထိုးခြင်းကို
ရပ်၍
“ဘာတွေကိုပြောနေတာလဲ ကိုယ့်လူ
နတ်တွေအကြောင်းပြောနေတာလား၊
လက်သုပ်ထဲထည့်တဲ့ ကျောက်ပွင့်
အကြောင်းပြောနေတာလား။ ကျောက်ပွင့်
ဆိုတာ ရေညှိတစ်မျိုးပဲ။ သိပ်ပြီး ဂရုစိုက်
စရာလိုတဲ့ အရာမျိုးမဟုတ်ပါဘူး”ဟု
ပြောလိုက်ရာ လူမိုက်ကျောက်ပွင့်လည်း

“အလိုလေးလေး ဘယ်လို လူ့ခွစာ
ကြီးပါလိမ့်၊ ငါ့ကိုများ ရေညှိနဲ့ တူတဲ့
ကောင်တဲ့ ၊ တော့်တော့်ကို သတ္တိရှိလို့
ပြောတာလား၊ ဒါမှ မဟုတ်ရင် တော့်
တော့်ကို ထူတဲ့ အတဲ့ လူကြီးမို့ ငါ့
အကြောင်းမသိဘဲ ပြောတာများ လား”ဟု
ခပ်တိုးတိုးညည်းတွားရင်း လူကြီးအနီးသို့
တဖြည်းဖြည်းကပ်၍ လာလေ၏။
အတော်အတန်နီးသောနေရာသို့ ရောက်
သောအခါ၌ လူမိုက်ကျောက်ပွင့်က
“ကျုပ်ကို ဒီအပိုင်းမှာ ခင်ဗျားလို ပြန်
ပြီးပြောဝံ့တဲ့လူ မဆိုနဲ့ မော်လို့တောင် မ
ကြည့်ဝံ့ကြဘူး၊ အဘိုးကြီးရဲ့ ”ဟု ပြော
လိုက်လေ၏။
“မော့လို့တောင်မကြည့်ဝံဘူးဆိုတော့
ကိုယ့်လူကတော်တော့ကို ရုပ်ဆိုးတယ်
ထင်တယ်၊ ကျုပ်အတွက်ကတော့ ရုပ်ဆိုး
လည်း ကြည့်ဝံ့ပါတယ်၊ ဘာဖြစ်လို့လဲဆို
တော့ ကျုပ်ကမျက်စိမှုန် နေတာကိုး၊ ရှေ့နားတိုးစမ်းပါဦး၊ လရောင်အောက်မှာ
သေသေချာချာကြည့်ရအောင်"ဟု ဆိုကာ
လူကြီးသည် ကျောက်ပွင့်အား အနီးသို့
ဖိတ်ခေါ် လိုက်လေ၏။ ကျောက်ပွင့်လည်း
ခါးကြားတွင် ထည့်ထားသော ဓားမြှောင်
ရိုးကိုလက်ဖြင့်စမ်းရင်း လူကြီး၏ အနီးသို့
တိုးကပ်၍ သွားလေ၏။ လူကြီးလည်း
လည်ပင်းတွင် တွဲလှဲဆွဲထားသော မျက်မှန်လေးအားပြန်၍ တပ်လိုက်ပြီး
နောက် ကျောက်ပွင့်အား တစ်ချက်
လှမ်း၍ ကြည့်လိုက်ပြီးလျှင်
“လူမိုက်လား၊ ဘယ်လောက်မိုက်တဲ့
လူမိုက်လဲ၊ တစ်ပြားဖိုးနှစ်ပြားဖိုးမိုက်တဲ့
လူမိုက်လား၊ တစ်ပဲဖိုး၊ တစ်မူးဖိုး မိုက်တဲ့
လူမိုက်လား၊ တစ်ကျပ်ဖိုးနှစ်ကျပ်ဖိုးမိုက်
တဲ့ လူမိုက်လား၊ တစ်ပဲခြောက်ပြားဖိုးလောက် မိုက်တဲ့ လူမိုက် ဆိုရင်တော့ ခိုင်း
ရဦးမယ်၊ ရော့.ဟောဒီဆေးပြင်းလိပ်ကို
ကို မီးသွားတို့ ပေးစမ်း”ဟု ဆိုကာ လူကြီး
သည် ၎င်းအနီးတွင် ချထားသော
ဆေးပြင်းလိပ်တိုလေးအား ကောက်ယူ၍
လူမိုက်ကျောက်ပွင့်ကို ဆေးလိပ်မီးတို့
ခိုင်းလိုက်လေ၏။ ကျောက်ပွင့်လည်း
တယောသမားကြီး၏ အရည်အချင်းကို
ကောင်းစွာနားလည်သွားပြီးဖြစ်ပေသည်။
၎င်းအား လူမိုက်တစ်ဦးဖြစ်ကြောင်း မ
သိသဖြင့် မခြေမငံဆက်ဆံနေခြင်း
မဟုတ်။
လူမိုက်ဖြစ်ကြောင်း ကောင်းကောင်း သိပါလျက်နှင့် ပမာမခန့် မထီလေးစား လုပ်နေကြောင်း ရိပ်မိသွား
လေ၏။ ထို့ကြောင့် ကျောက်ပွင့်သည် ဆေးပြင်းလိပ်ကို လှမ်း၍ ပေးသော
လူကြီး လက်အား ခြေထောက်ဖြင့် တ
အားလွှဲ၍ ကန်လိုက်ရာလူကြီးက ထို
ခြေထောက်ကိုဆတ်ကနဲ ဖမ်းယူ၍ တွန်း
ပစ်လိုက်လျှင် ကျောက်ပွင့်သည်
နောက်သို့လည်၍ လဲကျသွားလေ၏။
ထို့နောက် ကျောက်ပွင့်ကထ၍ ခုန်အုပ်၏။
ဓားမြှောင်ဖြင့်တွက်၏။
ဓားမြှောင်ဖြင့် ရင်ဝကို တွေ့၏။ ကုပ်ဆွဲ၍
ဓားမြှောင်ဖြင့်နံကြားကိုထိုး၏။ လူကြီးက
လည်း ကျောက်ပွင့် ခုန်၍ အုပ်သည်ကို
ရှောင်၏။ တိမ်း၏။ တွန်း၏။ ကျောက်ပွင့်
အား ပြန်၍ ထု၏။ ထောင်း၏။ ကုပ်ကို
ဆွဲ၍ ခါ၏။ ကုပ်ကိုနှိမ့်၍ ဒူးဖြင့်ဆော
င့်၏။ ကျောက်ပွင့်သည် ဒုတိယအကြိမ်
မြောက် တိုက်ခိုက်ရန်အတွက် ပြင်ဆင်
လေ၏။ လူကြီးကမူ ပြင်ဆင်ခြင်းမရှိဘဲ
စောစောကကျသွားသော ၎င်း၏ဆေးပြင်းလိပ်တိုကို လိုက်ရှာ၏။
ဆေးပြင်းလိပ်ပြန်ရသွားလျှင်....

“ဟေ့ကောင်လူမိုက် ကောင်းကောင်း လုပ်စမ်းပါကွာ။ ငါ့
ဆေးလိပ်တောင် ဆေးခေါင်းတွေ
ထွက်ကုန်ပြီ။ သောက်လို့မကောင်းဘဲနေ
ပါဦးမယ်။ ရော့..ရော့၊ မီးသွားတို့ စမ်း
ပါ”ဟု ပြောလေ၏။ ထိုအခါ လူမိုက်
ကျောက်ပွင့်လည်း လူကြီး၏ ရင်ဝအား
ဓားမြှောင်ဖြင့် တအားဝင်၍ ထိုး၏။
လူကြီးလည်း ရှောင်၏။ လည်ပင်းကိုဓား
ဖြင့်တွက်၏။ လူကြီးလည်း ငုံ့၏။ ကျော
ဆီသို့ ဓားမြှောင်ဖြင့် ကျောက်ပွင့်ထိုး
စိုက်၏။ လူကြီးက တိမ်းရုံကလေးတိမ်း
ကာ ကျောက်ပွင့်၏ လည်တိုင်အား ပတ်၍
ဖမ်းလိုက်ပြီးလျှင် ဓားမြှောင်ကိုင်ထားသော
လက်အားခြေဖြင့်နင်း၏။

ထို့နောက် ကုတ်အင်္ကျီအိတ်တွင်းမှ
သေနတ်ကိုထုတ်ကာ
ကျောက်ပွင့်
နားထင်ကို သေနတ်ဖြင့် တေ့လိုက်ပြီး
လျှင် “ချောက်”ကနဲမောင်းတင်လိုက်ကာ
လူကြီးက “ကဲ…ရေညှိသတ္တဝါကလေး
မောင်ကျောက်ပွင့်၊ ဒီဘဝမှာ ဒါလောက်
မိုက်ရတာ ကျေနပ်ပေတော့၊ သေသွားတဲ့
အခါမှာ ကမ်းနားစောင့်တဲ့ သရဲဖြစ်နေဦး
မယ်။ ငါဆိုတဲ့ အတိုင်း လိုက်ပြီးဆိုပေ
တော့ “အဟံ ဘန္တေ တိသရ ဏေနသဟ၊
အဋ္ဌင်္ဂသမ္ပန္နာကတံ'ဟု လူကြီးက ရှေ့မှ
တိုင်ပေး လိုက်လေ၏။ ကျောက်ပွင့်လည်း
အောင်မြင်ရဲရင့်သော အသံဖြင့် “အဟံ ဘန္တေ တိသရဏေနသဟ၊ အဋ္ဌင်္ဂသမ္ပန္နော
ကတံ”ဟု အစချီသော သီလပေးကို
လိုက်၍ ဆိုရလေ၏။ ထိုသို့ဆိုပြီး
သောအခါ ကျောက်ပွင့်က 
“ဆိုပြီးပြီပဲဗျာ၊ မောင်းဖြုတ်လိုက်တော့
လေ”ဟု ပြောလိုက်ရာလူကြီးက..
“မင်းကို သတ်ရမယ့်လိုပြောနေတာ
လား၊ မင်းကိုသတ်လိုက်ရင် ငါကမင်း
နေရာမှာ ဝင်ပြီး ကမ်းနားလူမိုက်ဖြစ်သွား
ပေါ့ကွာ၊ ပြီးတော့ မင်းလို
သတ္တိကောင်းတဲ့ ကျောက်ပွင့်လေးတစ်ပွ
င့်ကို နောက်ထပ် ငါဘယ်မှာ ရတော့မှာ
တုံး၊ လူ့အဖိုးတန်ကလေးရဲ့ "ဟု ဆိုကာ
လူကြီးက ကျောက်ပွင့်အား ချုပ်နှောင်
ထားသည် များကို ဖြေလျှော့လိုက်ပြီးလျှင်
သေနတ်ကို နှစ်ပတ်၊ သုံးပတ် လှည့်၍ အိတ်အတွင်းသို့ ပြန်ထည့် လိုက်
လေ၏။

ထိုအခါ၌ ကျောက်ပွင့်လည်း လူကြီး
အနီးမှ လူကြီး၏ ဆေးပြင်းလိပ်တိုကို
ကောက်ယူ၍ ဗောတံတားအတိုင်း ထွက်
ခွာသွားလေတော့သည် ။

ကျောက်ပွင့်သည် များမကြာမီ၌
ဆေးပြင်းလိပ်တိုကို မီးတို့ ခဲ့ရုံမျှမက
၎င်း၏ လက်အတွင်း၌ လည်း နို့ဆီခွက်
ကလေးတစ်ခွက်ပါ၍ လာလေသည် ။ ထို
နို့ဆီခွက်ပေါ်တွင် အီကြာကွေး တစ်
ချောင်းကို ကန့်လန့်တင်၍ ယူ လာ
လေ၏။

လူကြီးအနီးသို့ရောက် သောအခါ၌ 
“ကျုပ်ထက်မိုက်တဲ့ လူကြီး၊ ရော့...
ဆေးပြင်းလိပ်သောက်၊ ခင်ဗျားရဲ့ မိုက်
ဂုဏ်ကို ပူဇော်ဖို့ လက်ဖက်ရည်တစ်ခွက်
နဲ့ အီကြာကွေးတစ်ချောင်း ဝယ်လာခဲ့
တယ်၊ သုံးဆောင်လိုက်ပါဦး"ဟု ပြော
လိုက်လေ၏။

လူကြီးလည်း ကျောက်ပွင့်၏ လက်တွင်းမှ ဆေးပြင်းလိပ်တိုကိုယူ၍ ဖွာရှိုက်ပြီး
လျှင်

“ထိုင်စမ်းပါဦးကိုယ့်လူရဲ့ ၊ ကျုပ်က
လည်း ကိုယ့်လူကို မိတ်ဆွေဖြစ်ချင်နေ
တာပါ၊ ဘယ်လို မိတ်ဖွဲ့ရင်ကောင်းမလဲလို့
စဉ်းစားနေတာ၊ လူမိုက်ကို မိတ်ဖွဲ့တဲ့
နေရာမှာ မိုက်မိုက်ရိုင်းရိုင်း မိတ်ဖွဲ့ခြင်း
ဟာ အကောင်းဆုံးပဲလို့ ကျုပ်ကတော့
ထင်တာပဲ”ဟု ပြောဆို၍ အသံဝါကြီးဖြင့်
တဟဲဟဲ ရယ်မောနေလေသည် ။

လူကြီးက နို့ဆီခွက်ကိုယူ၍ ခွက်တွင်း
မှ လက်ဖက်ရည်ကိုမော့ချ လိုက်
လေ၏။ အနည်းငယ် မော့ချပြီးသော
အခါ၌ ကျောက်ပွင့်က “ခင်ဗျားမကြာခင်
သေရတော့မယ်၊ လက်ဖက်ရည်ထဲမှာ
ကျုပ်ကအဆိပ်တွေခတ်ထားတယ်”ဟု
ပြော လိုက်လေ၏။ လူကြီးလည်း နို့ဆီ
ခွက်ကိုကိုင်၍ ထပ်၍ မော့ပြန်လေ၏။
မော့ပြီးနောက် “အပိုတွေပြောမနေပါနဲ့
မောင်ကျောက်ပွင့်ရာ၊ မင်းလို
သတ္တိကောင်းတဲ့ ကောင်တစ်ကောင်က
ခိုးကြောင်ခိုးဝှက်မလုပ်ပါဘူးကွ”ဟု ပြော
လိုက်လေ၏။ ထိုအခါ ကျောက်ပွင့်က 

“ခင်ဗျား သိပ်တော်တဲ့ လူကြီးပဲ။
အီကြာကွေးလေး စားလိုက်ပါဦး။ ကျုပ်
ကတစ်လှည့် သောက်လိုက်ဦးမယ်” ဟု
ဆိုကာ နို့ဆီခွက်ကိုဆွဲ၍ အနည်းငယ်မော့လိုက်လေ၏။ ဤသို့လျှင် လူမိုက်ကျောက်
ပွင့်နှင့် လူကြီးသည် နို့ဆီခွက်အတွင်းမှ
လက်ဖက်ရည်ကို တစ်လှည့်စီသောက်ကြ
လေသည် ။ အီကြာကွေးတစ်ချောင်းကို
ထက်ခြမ်းခွဲ၍ စားသောက်ကြလေသည် ။
ထို့နောက် လူကြီးက တယောထိုး၊
ကျောက်ပွင့်က သီချင်းဆို။ လူကြီးက စုံ
တောမြိုင်ကို တယောဖြင့် ချိုး လိုက်ရာ
ကျောက်ပွင့်ကဆိုလေ၏။

ရန်ကုန်မြို့ ကမ်းနား ဗောတံတားပေါ်တွင် လူမိုက်နှစ်
ယောက်သည် အနုသောတတေးဂီတကို
ဖန်တီးနေကြလေ၏။
မြစ်ကိုဖြတ်၍ တိုက်လာသော လေသည် အေး၏။ နူးညံ့
လေ၏။ ထိန်ထိန်သာသောလမင်း၏
အရောင်သည် လွှမ်းခြုံ၍ ထားလေ၏။
လှိုင်းကြက်ခွပ်လေးများမှာ လူဆိုး လူမိုက်ကြီးနှစ်ဦး၏ အနုသောတဂီတကို
သဘောကျသည့် အလား ကခုန်မြူးတူး
နေကြလေ၏။ သီချင်း၏ တစ်နေရာသို့
ရောက်သောအခါ၌ လူကြီးက တယောကိုရပ်၍

“ဟိုး ဟိုး ဟိုး ကိုယ့်လူ၊ ကိုယ့်လူ ဝင်
တာမှားနေပြီ၊ နဂါးက ဂဠုန်တွေက ဆို
တဲ့ အပိုဒ်မှာ နည်းနည်းလေး စောင့်ပြီးမှ
ဝင်၊ နည်းနည်းကလေး အဝင်စောသွား
တာနဲ့ ”ဟု လူကြီးက စကားဖြတ် ထား
လိုက်လျှင် လူမိုက်ကျောက်ပွင့်က

“နည်းနည်းကလေး အဝင်စောရင်ဘာ
ဖြစ်လဲ၊ စည်းကျိုးသွားသလား၊ ဝါးကျိုး
သွားသလား” ဟု ပြန်၍ မေးလေ၏။

“စည်းလည်း မကျိုးဘူး၊ ဝါးလဲမကျိုး
ဘူး၊ ဒုံးကျိုးသွားတယ်ကွ၊ ဒုံးကျိုးတာကိုအလွယ်ဆုံးနားလည်အောင် ရှင်းပြရရင်
ဆိုင်းဝိုင်းမှာ မောင်းကြီးဝင်ထုတာ ကြား
ဖူးတယ် မဟုတ်လား၊ အဲဒီမောင်းကြီးက
ဘယ်အချိန်မှာ ဝင်ဝင်ထုတယ်
အောက်မေ့သတုံး၊ ဝါးနှစ်ချက်ကျမှ
မောင်းကြီးတစ်ချက်ထုတာကွ၊
မောင်းသံအချက်မမှန်ဘူး ဆိုရင်လဲ
နားထောင်လို့မကောင်းတော့ဘူး၊ ဒုံးကျိုး
သွားတာပေါ့ကွာ၊ နရီမကိုက်တော့ဘူး
ပေါ့။
နောက်ပြီးတော့ အသံကို တစ်သမတ်တည်းမဆိုနဲ့ ကွ၊ ကြည်နူးရမ
ယ့်စာသားကိုရောက်ရင် မင်းရဲ့ စိတ်ထဲမှာ
ကြည်ကြည် နူးနူးလေးထားပြီး ဆိုရမယ်
ကွ၊ ထိတ်လန့်တဲ့ စာသားမျိုးကိုရောက်
ရင်လဲ တကယ့်ကို ထိတ်လန့်တဲ့ စိတ်ထား
မျိုးနဲ့ ဆိုတယ်ကွ၊ ကဲအစကပြန်ပြီးထိုးမယ်၊ သေသေချာချာဆိုပေတော့၊ ငွေ
လမင်းကြီး ကလည်း ငါတို့ ရဲ့ အနု
သောတပညာကို အားပေးနေတဲ့ ပုံပဲကွ၊
သာလိုက်တာ ထိန်လိုက်နေတာပဲ” ဟု ဆို
ကာ လူကြီးသည် တယောကိုဆက်၍ ထိုး
လေ၏။ လူမိုက်ကျောက်ပွင့်လည်း
အကျအနဝင်၍ ဆိုလေ၏။ သီချင်းပြီးဆုံး
သွာသည့် အခါ၌ လူမိုက်ကျောက်ပွင့်က

“သိပ်ကောင်းတာပဲဗျာ၊ ဒီတစ်ခါဆိုရ
တော့်တော်ကိုအရသာရှိတယ်၊
ခင်ဗျားရဲ့ တယောလက်သံက ပြိုင်စံရှား
ပါလားဗျာ”ဟု ပြောလိုက်လေ၏။

“ဒီလိုကွ မောင်ကျောက်ပွင့်၊ အနုပညာ
တစ်ခုကိုဖန်တီးမယ်ဆိုရင် အမှန်တရား
သုံးချက်ရှိ တယ်ကွ၊ အင်္ဂလိပ်လိုတော့ ဒီလိုခေါ်တယ်၊ ထရူးလပ်(ဗ်)အန်(န်)ဗြူတီ
လို့ခေါ်တယ်ကွ၊ အဓိပ္ပါယ် ကတော့ကွာ
သစ္စာတရားရယ်၊ မေတ္တာ တရားရယ်၊
အလှတရားရယ်လို့ရှိတယ်ကွ၊ ဘုရင်ခံရှေ့
မှာမို့ ထိုးရင်လဲပဲ ကောင်းအောင်ထိုးရ
မယ်၊ ဘုရင်ခံရှေ့မှာမို့ ပိုပြီး ကြိုးစားတာ
မျိုး၊ သူတောင်းစား ရှေ့မှာမို့ လုပ်ချင်
သလို လုပ်တာမျိုးမဖြစ်စေရဘူး၊ အဲဒါ
သစ္စာတရားပဲ၊ သစ္စာဆိုတာ မဖောက်ပြန်
တာကိုဆိုတာကွ၊ ပြီးတော့ မေတ္တာတရား
ဆိုတာ ၀နှလုံးသည်းပွတ်နဲ့ ဆိုင်တယ်၊
အနုပညာကို ဖန်တီးတဲ့ နှလုံးသည်းပွတ်
မှာကိုက မိမိအနုပညာကို ချစ်ခင်
တွယ်တာတဲ့ မေတ္တာမျိုး၊ မိမိအနုပညာ ကို
ခံစားတဲ့ လူသားတွေအပေါ်မှာ လဲပဲ
ချစ်ခင်မြတ်နိုးတဲ့ မေတ္တာတရားမျိုးရှိရ
တယ်ကွ၊ အဲဒီလူစားမျိုးက သစ္စာတရားနဲ့
မေတ္တာတရားပေါင်းစပ်ပြီး အနုပညာကို
ဖန်တီးလိုက်ပြီ ဆိုရင်တော့ လောကကြီး
ကိုလှပစေတဲ့ အလှတရားတွေ၊ အနု
သောတတရားတွေ၊ သုခုမတရားတွေ
ထွက်ပေါ်လာတော့တာပဲဟေ့ ....ဟား...
ဟား...ဟား....” ဟု လူကြီးက လူမိုက်
ကျောက်ပွင့်အား
၎င်းအနုပညာ သဘောတရားကို ရှင်းပြပြီးလျှင် ကျေနပ်
စွာ ရယ်မော လိုက်လေ၏။ လူကြီး၏
ရယ်သံသည် မြစ်ပြင်ကိုဖြတ်၍ တစ်ဘက်
ကမ်းဆီသို့ရောက်သွားပြီးလျှင်
ပဲ့တင်ထပ်၍ သွားလေတော့သည် ။

ထို့နောက်လူကြီးနှင့် မိုက်ခဲကျောက်ပွင့်တို့
သည် တစ်ဦးနှင့် တစ်ဦး မိတ်ဆက်ကြ
လေတော့၏။

“ကျုပ်နာမည်က ကျောက်ပွင့်ဆိုတာခင်ဗျားလဲသိပြီးပြီပဲ။ ခင်ဗျားရဲ့ နာမည်
ကော ပြောပြပါဦး"ဟု လူမိုက်ကျောက်ပွ
င့်ပြောလေ၏။ ထိုအခါလူကြီးက

“ငါ့ နာမည် ကျော်ဇောလို့ခေါ်တယ်၊
လူသတ်မှုတွေ ကျူးလွန်ဖို့ ထွက်လာခဲ့တာ
ပဲ၊ ဒါပေမယ့် ငါသတ်ရမယ့်ကောင်တွေကို
ရှာနေတုန်းပဲကွ၊ အဲဒီကိစ္စမှာ မင်းရဲ့
အကူအညီလိုတယ် မောင်ကျောက်ပွင့် " ဟု
ပြော လိုက်လေ၏။

“ဒီလိုဆိုလဲ ခင်ဗျားရဲ့ အဖြစ်အပျက်ကို
ပြောပြပါလား၊ တစ်ဦးနဲ့ တစ်ဦး ခိုင်
ခိုင်မာမာ ပေါင်းသင်းကြမယ် ဆိုရင်တော့
တစ်ဦးရဲ့ နောက်ကြောင်းကိုတစ်ဦးက
သေသေချာချာသိထား ဖို့ လိုလိမ့်မယ်"ဟု
လူမိုက်ကျောက်ပွင့်က ပြော လိုက်လေ၏။

ထို့နောက်လူကြီးသည် ၎င်း၏ အဖြစ်အပျက်ကိုပြောပြလေ၏။
လူမိုက်ကျောက်ပွင့်ကလည်း ၎င်း၏ ဘဝဇာတ်ကြောင်းကိုနောက်ကြောင်းပြန်လေ၏။

လူမိုက်ကျောက်ပွင့်၏ ဇာတ်လမ်းမှာ ဤ
ဝတ္တု၏ အစပိုင်း စာမျက်နှာများ တွင်
က ဇာတ်ထုပ်သည် မောင်ကျောက်ပွင့်
ဟူသော ခေါင်းစဉ်နှင့် ဖော်ပြခဲ့ပြီးဖြစ်ပေ
သည် ။ ထိုအချိန်မှ စ၍ မောင်ကျောက်ပွင့်
နှင့် လူကြီးတို့ သည် ရင်းနှီးခင်မင် သွား
ကြပြီးနောက် ပျောက်ဆုံးသွားသော ခင်
မေဆိုသည့် မိန်းကလေးအား ရှာဖွေကြ
လေတော့သတည်း။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၅
*ခါးကုန်းကြီးနှင့် တွေ့ဆုံခြင်း

ထိုနေ့မှ စ၍ လူကြီးနှင့် လူမိုက်
ကျောက်ပွင့်တို့ သည် ရင်းနှီးခင်မင် သွား
ကြလေတော့၏။

“ဟေ့ ကျောက်ပွင့်၊ ငါကမင်းကို ခင်မင်
ချင်တာကြာပါပြီကွ၊ ဆူလမန်ကိုမင်းက
ဓာတ်စက်နဲ့ ရိုက်ပြီး ကမ်းနားလူမိုက်
သရဖူကိုမလုခင်ကတည်းက ငါလဲပဲ ကမ်းနားကို မကြာမကြာ ရောက်ခဲ့တာပါ၊
မင်းလူမိုက်ဖြစ်တဲ့ အချိန်ကာလဟာ ဘာ
လိုလိုနဲ့ တစ်နှစ်ပြည့်တော့မယ်နော်၊ တစ်နှစ်အတွင်းမှာ ကမ်းနားတစ်ဝိုက်မှာ
လူမိုက်ကျောက်ပွင့် ကျောက်ပွင့် လူမိုက်နဲ့
လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာ
ပေါ့။ အေးလေ ငါလည်းပဲ မိန်းကလေး
ကိုရှာတာ တစ်နှစ်ကျော်သွားပြီ ခုထက်ထိ
သဲလွန်စမရသေးဘူး"ဟု
လူကြီးက တစ်လုံးချင်းပြောဆို လိုက်လေ၏။

“ကျုပ်လဲပဲ ခင်ဗျားပြောကတည်းကိုက
အဲဒီသတင်းကို စုံစမ်းနေတာပဲဗျ။ အခု
တော့ သတင်းအစအနပါရပြီ ဗျာ၊ အဲဒါ
ခင်ဗျားကိုပြောပြမလို့ပဲဗျ”ဟု ကျောက်ပွင့်က ပြောလိုက်လေ၏။

“လုပ်စမ်းပါဦးငါ့လူရ၊ ဘယ်ကသတင်း
လဲ၊ သတင်းဟာ ပိုက်ဆံ ဆိုရင်တော့ ငါ့
တို့ နှစ်ယောက် ချမ်းသာတာကြာလှပြီ၊ ရ
လိုက်တဲ့ သတင်းတွေ၊ ပြီးတော့ တစ်ခုမှလဲ မဟုတ်ဘူးကွ” လူကြီးက ပြောလိုက်
လေ၏။

“ဒီတစ်ခါတော့ သတင်းပေးမယ့်လူက ပင်လယ်ဗိုလ်ဆိုတဲ့
ရွက်သင်္ဘောကြီးက ထမင်းချက်ကြီးဗျ။ 
ဟော ပြောရင်းဆိုရင်း ကျုပ်တို့ရဲ့ မိတ်ဆွေကြီးတော့ လာပြီဗျို့ ”ဟု ကျောက်ပွင့်က ပြော လိုက်လေ၏။

ထိုအချိန်၌ ကျောက်ပွင့်နှင့် လူကြီးတို့ 
လေညင်းခံရင်း စကားပြောနေသည့်
ဗောတံတားကြီးဆီသို့ ခါးကုန်းကြီး တစ်
ဦးသည် လျှောက်၍ လာလေတော့၏။
ခါးကုန်းကြီး ကျောက်ပွင့်အနီးသို့
ရောက်သောအခါ၌ အောက်ပါအတိုင်း
လှမ်း၍ ပြောလိုက်လေ၏။

“လောကမှာ ခါးကုန်းဖြစ်ရတာလာက်အရသာရှိတာ ဘာမှ မရှိဘူး၊ ပစ္စည်း
တစ်ခုခု ကျသွားလို့ကောက်ချင်ရင် တစ်
ခြားလူကတမင်တကာ ခါးကိုကုန်းရ
တယ်၊ ခါးကုန်းကတော့ တမင်တကာလုပ်
စရာမလိုတော့ဘူး၊ ပြီးတော့ ခါးကုန်း
ဟာဘယ်တော့မှ ခလုတ်တိုက်လေ့မရှိ
ဘူး၊ တန်းတွေဘာတွေ ငုံ့ပြီးဝင်ရတဲ့
နေရာမျိုးများကျရင် 
ခါးကုန်း မဟုတ်တဲ့ လူများကို ကြည့်ပြီး
ရယ်ချင်စိတ်တွေယားကျိကျိဖြစ်လာ
တယ်၊ သူတို့ ခမျာမှာ ဘဝပေးကုသိုလ်မ
ကောင်းလို့ ခါးကြီးက စန့်စန့်ရန့်ရန့်ဖြစ်
နေရှာတော့ ငုံ့ပြီးဝင်ရမယ့်နေရာမျိုးကျ
ရင် တော်တော့ကို ကိုးရိုးကားရား နိုင်ကြ
တယ်ဗျ၊ မိန်းမများ ဆံထုံးနဲ့ ဆို တယ်ပြီး
ကျက်သရေရှိတယ်၊ ယောက်ျားမှာ လဲ ခါးကြီးကုန်းပြီး ကျောကုန်းမှ ဘုကြီး’ရှိနေ
ရင် တယ်ပြီးကျက်သရေမင်္ဂလာရှိတာ
လား။ ဒါနဲ့ မိတ်ဆွေကို ဗဟုသုတဖြစ်
အောင် ကျောပေါ်မှာ ဘုကြီးပေါက်နေတဲ့
ခါးကုန်းတစ်ယောက်အကြောင်း ပြောပြရ
ဦးမယ်။ တစ်ခါတုန်းက အိန္ဒိယပြည်ရဲ့ မြို့
တစ်မြို့မှာ နွားလားဥဿဘကြီးကို ပူဇော်
ပွဲလုပ်ကြတယ်ဗျ။ အဲဒီနွားလားဥဿဘ
ကြီးကို လမ်းတကာလှည့်ပြီး အပူဇော်ခံ
တယ်။ လူတွေက ပန်းကုံးတွေစွပ်ကြ
ပန်းတွေကြဲကြ၊ အမွှေးနံ့သာတွေနဲ့
သွန်းလောင်းကြနဲ့ သောင်းသောင်းဖျဖျ
ကြိုဆိုကြတာကိုး၊ အဲဒီကြိုဆိုပွဲကိုလေ
သာပြတင်းကနေကြည့်နေတဲ့ သူဌေး
သမီးတစ်ယောက်က သူ့ရဲ့ အထိန်း တော်
ကြီး ကိုမေးတယ်။ အထိန်းတော်ကြီးရယ် တဲ့ ၊ ဟောဟိုနွားကြီးကို ပူဇော်ဂုဏ်
ပြုနေကြတာ၊ တခြားနွားတွေနဲ့ ဘာများ
ပိုပြီးထူးနေလို့လဲ”ဟု မေးလိုက်ရှာတယ်။
အဲဒီတော့ အထိန်းတော်ကြီးက “ထူးပြီ
လား သူဌေးသမီးရယ်၊ အဲဒီနွားကြီးက
တခြားနွားတွေနဲ့ မတူဘူး။ သူ့ကို နွားလား
ဥဿဘ လို့ခေါ်တယ်။ သူ့ကျောပေါ်က
‘ဘို့’ကြီးများ ဘယ်လောက်ကြီးသလဲ၊ ကြ
ည့်လိုက်စမ်း၊ အဲဒီ ‘ဘို့’ကြီးသ လောက်
ကျက်သရေရှိတာ”လို့ အထိန်းတော်ကြီး
က ပြန်ပြီးပြောလိုက်တယ်ဆိုတာပဲ။ အဲဒါ
ကို သူဌေးသမီးက သေသေချာချာ
မှတ်ထားလိုက်တယ်။ တစ်နေ့မှာ သူဌေး
သမီးဟာ လေသာပြတင်းပေါက်ကနေ
အပြင်ဘက်ကိုကြည့်နေတုန်းမှာ ကျောမှာ
“ဘု’ကြီးပါတဲ့ ခါးကုန်းကြီး တစ်ယောက်လျှောက်လာတာကို တွေ့တော့တာကိုး။
အဲဒီတော့သူဌေးသမီးရဲ့ စိတ်ထဲမှာ နွား
မှာလဲ ‘ဘို့’ကောင်းရင် မြတ်တဲ့ နွားဖြစ်
တယ်။ နွားလားဥဿဘလို့ခေါ်တယ်။
ဟော အခု တွေ့ရတဲ့ လူဟာ ကျောမှာ
ဘို့ကြီးပါတယ်ဆိုတော့ လူထဲမှ မြတ်တဲ့
လူပဲ၊ ယောက်ျားမြတ်ဖြစ်ရမယ်။ ဒီလို
ယောက်ျားမြတ်ကို လက်လွတ်ခံလို့မဖြစ်
ပေဘူး။ လင်တော်မှ ကောင်းပေလိမ့် မယ်
လို့ဆုံးဖြတ်ပြီး ခါးကုန်းကြီးနောက်ကို
ဆင်းပြီးလိုက်သွားတယ်။ ပြီးတော့သူ့ကို
ယူပါမယ့်အကြောင်း၊ ဒူးထောက်ပြီး
အသနားခံရှာတယ်။ အဲဒီတော့ ဟောဒီက
မိတ်ဆွေတွေဟာ ကျုပ်ကိုခါးကုန်း တစ်
ယောက်ဆိုပြီး နှိမ့်နှိမ့်ချချမဆက်ဆံဘဲ လူ
သားဥဿဘအနေနဲ့ လေးလေးစားစား
ဆက်ဆံမယ်ဆိုရင် မိတ်ဆွေဖွဲ့ချင်ပါတယ်
ဗျာ”

ခါးကုန်းကြီး၏ စကားကို ကြားရ
သောအခါ၌ ကျောက်ပွင့်နှင့် လူကြီးတို့
သည် လွန်စွာသဘောကျ၍ သွားပြီးလျှင်
တဟားဟားရယ်မောကြလေ၏။

ထို့သို့ရယ်မောပြီးနောက် လူကြီးက
“လူသားဥဿဘအနေနဲ့ ဆက်ဆံပါ
မယ် မိတ်ဆွေကြီးရာ"ဟု.ပြောဆိုကာ
၎င်း၏ ပခုံးပေါ်မှ မျက်နှာသုတ်ပဝါ
ကလေးဖြင့် ခါးကုန်းကြီးထိုင်မည့် နေရာ
အား ဖုန်ခါ၍ ပေးလိုက်လေတော့၏။

ခါးကုန်းကြီးလည်း ဝင်၍ ထိုင်လေ၏။
ပြီးလျှင် ၎င်းက
“ကိုကျောက်ပွင့်အကြောင်းကိုတော့
ကျုပ်ကသိပြီးသားပါဗျာ။ ဟောဒီက
မိတ်ဆွေကြီးကိုတော့ ကျုပ်က မသိပါ
ဘူး။ ဒါပေမယ့် ကျောက်ပွင့်ရဲ့ ပြော
ပြချက်အရ ဆိုရင်တော့ လူကောင်း တစ်
ယောက်ဆိုတာ သိရပါတယ်။ ကျုပ်
နာမည်လဲမှတ်ထားပါ ကိုရင်မောင်လို့
ခေါ်ပါတယ်။ လူကလဲယဉ်စစဆိုတော့
အမေ ဒီနာမည်ကိုရွေးပြီး မှည့်ထားတာ
ပါ”ဟု ခါးကုန်းကြီးက ပြောလေ၏။

ထို့နောက် ၎င်းတို့ သုံးဦးသည် အနီးရှိ
လက်ဖက်ဆိုင်မှ ရေနွေးကြမ်းအိုး တစ်အိုး
ကိုယူ၍
ရေနွေးကြမ်းသောက်ရင်း စကားစမြည်ပြောနေကြလေ၏။

“ဒီလိုဗျ ဦးကျော်ဇောရ၊ ကျုပ်မသင်္ကာဖြစ်
နေတဲ့ လူတစ်စုရှိတယ်၊ သူတို့ တွေဟာ
ရွက်သင်္ဘောအတော်များများ ကိုလည်း
လုပ်ကြတယ်၊ ဒါပေမယ့် ခုထက်ထိ
ပုလိပ်ဘက် ကမရိပ်မိသေးဘူးဗျ၊ သူတို့
တွေဟာ လူကောင်းတွေမဟုတ်ဘူးဆို
တာတော့ ကျုပ်သိနေတာ ကြာပါပြီ၊ မိုး
ညိုဆိုတဲ့ တုံကင်းဟာ သူတို့ ရဲ့ တုံကင်းပဲ
ဗျ၊ အဲဒီမှာ ကျုပ်ကထမင်းချက် လုပ်ဖူး
တယ်၊ ဒါပေမယ့် အမြဲတမ်းလုပ်ရတာ
မဟုတ်ဘူးဗျ၊ တစ်ခါတစ်ခါမှာ ကျုပ်ကို
လိုက်ခွင့်မပေးဘူး၊ အဲဒီကတည်းက ကျုပ်
ကရိပ်မိတာပေါ့ဗျာ၊ ကျုပ်ကိုမသိစေချင်
တဲ့ အလုပ်တွေလုပ်ကြမှာပေါ့၊ အဲဒီမိုးညို
မှာ ထမင်းချက်လုပ်တုန်းက ကျုပ်တို့ တုံ
ကင်းကို အုပ်ချုပ်တဲ့ လှမြင့်ဆိုတဲ့ ကောင်
ရဲ့ အိတ်ထဲက အလွန်ထူးဆန်းတဲ့ စာနှစ်
စောင်သုံးစောင်မိဖူးတယ်ဗျ၊ ကျုပ်လဲ
ဖတ်တော့မဖတ် တတ်ပါဘူးဗျာ”ဟု ဆို
ကာ ခါးကုန်းကြီးကိုရင်မောင်သည် ၎င်း၏
အင်္ကျီအိတ်အတွင်းသို့ လက်ဖြင့်နှိုက်၍
စာရွက်ရှည်သုံးရွက်အား ကျောက်ပွင့်၏
လက်သို့ ပေးလိုက်လေ၏။

ကျောက်ပွင့်လည်း မီးခြစ်ကိုခြစ်၍ ထို
စာရွက်အရှည်များတွင် ပါသော စာများ
ကိုဖတ်ရှုလေ၏။ ထိုသို့ ဖတ်ပြီးနောက်
“ဘာစာတွေလဲဗျာ၊ ဖတ်လို့လဲမရပါ
ဘူး၊ “မိုးဒဝေါ'ဒီဟာကိုပဲ ဖတ်လို့ရ
တယ်”ဟု ခေါင်းကုတ်၍ ညည်းတွား
လိုက်၏။

“ဒီလို ခဏကလေးဖတ်လို့တော့ ဘယ်
ရမလဲကိုကျောက်ပွင့်ရယ်၊ ကျုပ်ဆိုရင် ဒီ
စာသုံးစောင်ကိုဖတ်နေတာ ကြာပြီဗျ၊
ဘာအဓိပ္ပါယ်မှန်းကိုမသိပါဘူးဗျာ"ဟု
ခါးကုန်းကြီး ကိုရင်မောင်က ပြောပြလိုက်လေ၏။

ထိုအခါ၌ လူကြီးလည်း ကျောက်ပွင့်၏
လက်မှ စာရွက်ရှည်သုံးရွက်ကိုယူ၍
မီးခြစ်ဖြင့် ကြည့်ရှုပြန်လေ၏။ ထို့နောက်
တဖန်အားမရသဖြင့် ၎င်း၏ လွယ်အိတ်
အတွင်းမှ ဖယောင်းတိုင် တစ်တိုင်ကို
နှိုက်ယူကာ ခါးကုန်းကြီးနှင့် ကျောက်ပွင့်
တို့ အား လေကိုကွယ်၍ ထားခိုင်းပြီးလျှင်
မီးထွန်းလေ၏။
မီးထွန်းပြီးနောက် စာများကိုသေချာစွာ
ဖတ်ကြည့်လေ၏။

“ဘယ်လိုလဲ ဦးကျော်ဇော၊ ဖတ်လို့ရသ
လား”ဟု ခါးကုန်းကြီးကမေးလေ၏။
“မရပါဘူးဗျာ၊ ကျုပ်လဲ မိုးဒဝေါဆိုတာ
ကိုပဲ ဖတ်လို့ရတယ်” လူကြီးကပြန်၍ ဖြေ
လျှင် ခါးကုန်းကြီးက သဘောကျစွာ

ဘယ်သူမှ မမြင်လိုက်ရဘူး။ ကျုပ်
တစ်ယောက်တည်းမြင်လိုက်ရတယ်၊
ကျုပ်ကလည်း နှုတ်လုံပါတယ်ဗျာ၊ ဘယ်
သူ့ကိုမှ မပြောပါဘူး၊ မောင်ဘိုးသာနဲ့
ကျုပ်ကလည်း တစ်ယောက်နဲ့ တစ်
ယောက်က တဇောင်းနဲ့ မျက်ချေးလိုပဲ၊
မုန်းလိုက်တာမပြောပါနဲ့ တော့၊ ဒါပေမယ့်
မောင်ဘိုးသာဟာ လှမြင့်ရဲ့ အိတ်ထဲက
တုတ်တိုကလေးခိုးယူလိုက်တဲ့ ကိစ္စမှာ
တော့ ကျုပ်ကနှုတ်လုံပါတယ်ဗျ။ လှမြင့်
တို့ လူစုကို အရိပ်အမြွက်တောင်မှ မပြော
ခဲ့ပါဘူး၊ လှမြင့်တို့ လူစုကလည်း မောင်
ဘိုးသာကို မထင်ဘူးဗျ။ ကျုပ်ကိုပဲထင်နေ
ကြတယ်၊ နည်းအမျိုးမျိုးနဲ့ ကျုပ်ဆီမှာ ရှိမရှိ ရှာဖွေ စုံစမ်းကြတော့ တာပေါ့ဗျာ၊ ဒါပေ
မယ့် ကျုပ်ဆီမှာမှ မရှိဘဲ၊ ဘယ်တွေ့ပါ့မ
လဲ၊ ဒါနဲ့ ကျုပ်တို့ တုံကင်းကြီးဟာ မြိတ်
မြို့ကို ရောက်ခဲ့ရောဆိုပါတော့ဗျာ၊ အဲဒီမှာ
လှမြင့်အတွက်စာတစ်စောင်၊ ရောက်နေ
တယ်ဗျာ၊ နောက်တော့ အဲဒီစာအိတ်ကို ဖွ
င့်ပြီးဖတ်တယ်၊ ကျုပ်က တစ်နေရာက
ချောင်းကြည့်နေတယ်၊

အဲဒီစာဟာ ဟောဒီဥစ္စာပဲ"ဟု ဆိုကာ စာရွက်ရှည်သုံးခုအနက် အောက်ပါစာရွက်ရှည်ကို
ခါးကုန်းကြီးက ရွေး၍ ထုတ်ပြလိုက်
လေ၏။

“အဲဒီစာကို ကျုပ်ကခိုးယူလိုက်တော့
လှမြင့်ဟာထပ်ပြီး
ဒေါပွပြန်ရောဗျို့၊
ကြိမ်းလိုက် မောင်းလိုက်ရှာလိုက်နဲ့ လုပ်
တော့တာပဲ၊ အဲဒီလိုလုပ်ပြီးနောက်တစ်
ရက်မှာပဲ သူဌေးကိုယ်စားလှယ် လှမြင့်
ဟာ ပျောက်ချင်းမလှပျောက်သွား တော့တယ်၊ ကျုပ်အထင်ပြောရတာတော့
ထွက်ပြေးသွားတယ်ထင်တာပဲ”ဟု
ခါးကုန်းကြီးက ပြောလိုက်လေ၏။

ထိုအခါ၌ ကျောက်ပွင့်က
“ခင်ဗျားဆီက ရတဲ့ သတင်းကလည်း
ကျုပ်တို့ အတွက် ဘာမှ အသုံးမဝင်ပါ
လား ဥဿဘကြီးရယ်”ဟု ပြောလိုက်
လေ၏။

လူကြီးကမူ တစ်စုံတစ်ရာ ပြောဆိုခြင်း
မပြုတော့ဘဲ ၎င်း၏ တယောကို ကြိုးညှိ
လိုက်ပြီးနောက် တယောထိုး၍ နေလေ
တော့၏။ ၎င်းအမူအရာမှာ တယောထိုး
ရင်း တစ်စုံတစ်ရာကို လေးလေးနက်နက်
စဉ်းစား၍ နေပုံရလေ၏။

ထိုသို့စဉ်းစားရင်း တယောထိုးနေရာမှ
ထိုးတံကို ရုတ်တရက် အောက်သို့ချလိုက်ပြီးလျှင်
“ဟုတ်ပြီ ဟုတ်ပြီ”ဟု အော်ဟစ် လိုက်
လေ၏။

“ဘာဟုတ်တာလဲဗျ၊ ပြောစမ်းပါဦး"ဟု
ခါးကုန်းကြီးက ပြန်၍ မေးလေ၏။

“ဘာဟုတ်ရမှာတုံး၊ လှေသူကြီးမောင်
ဘိုးသာဆိုတာ အခုဘယ်မှာ နေသလဲ၊ သူ့
ဆီကို သွားမယ်၊ သူ့ဆီမှာ သူဌေး
ကိုယ်စားလှယ်လှမြင့်ဆီက ခိုးထားတဲ့
တုတ်တိုကလေးကို တောင်းရမယ်၊ အဲဒီ
တုတ်တိုကလေးဟာ ဟောဒီစာတွေကို
ဖတ်လို့ရတဲ့ သော့ပဲ ခါးကုန်းကြီးရေ”ဟု
လူကြီးက ပြန်၍ ပြောလိုက်လေ၏။

“ဟုတ်လား၊ ဒီလိုလား၊ ခင်ဗျားတယ်ပြီး
ဉာဏ်ကောင်းပါလား၊ ခင်ဗျားအဖေဟာ
ကျုပ်လိုပဲ ခါးကုန်းကြီးထင်တယ်၊ ဒါ
ကြောင့် ခင်ဗျားတော်တာ၊ ဒါပေမယ့်
လှေသူကြီး မောင်ဘိုးသာကလဲ လူ့
ကတ်သတ်တစ်ယောက်ပဲဗျ၊ အဲဒီပစ္စည်း
ကို ဘယ်နည်းနဲ့ မှ ပေးမှာ မဟုတ်ပါ
ဘူး”ဟု ခါးကုန်းကြီးက ပြောလိုက်
လေ၏။

“မပေးရင် ခိုးယူမယ်ဗျာ၊ ခိုးလို့မရရင်
လုယူမယ်ဗျာ”ဟု လူကြီးက ပြောလိုက်ရာ
ခါးကုန်းကြီးက
“တော်လှချည်လား၊ ခင်ဗျားအဘိုးဟာ
လဲ ခါးကုန်းတစ်ယောက်ပဲနဲ့ တူတယ်”ဟု
ပြောလိုက်သဖြင့် ကျောက်ပွင့်က ဗိုက်ကို
နှိပ်၍ တခွီး ခွီး နှင့် ရယ်လိုက်လေတော့
သတည်း။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၆
*အလုပ်စကြပြီ

လူကြီး၊ ကျောက်ပွင့်နှင့် ခါးကုန်းကြီး
တို့ သုံးဦးသည် အဆွေခင်ပွန်းဖြစ်၍ သွား
ကြလေ၏။ ခါးကုန်းကြီးသည် လျှို့ဝှက်စာ
များပါသော ၎င်း၏ စာသုံးဆောင်ကို
အတွင်းအိတ်သို့ သွတ်သွင်းလိုက်
လေ၏။ ထိုသို့သွတ်သွင်းပြီးနောက်
“ဒီဟာတွေ ဖော်လို့ရတယ်ပဲထားပါ
တော့၊ အဲဒီလူဆိုးဂိုဏ်းဟာ ခင်ဗျားတို့ ရှာ
နေတဲ့ မိန်းကလေးနဲ့ ပတ်သက်ခြင်းရှိမရှိ
ဆိုတာ အတပ်ပြောနိုင်ဖို့ ခက်တယ်ဗျ”ဟု
ခါးကုန်းကြီးကပြောလေ ၏။

ထိုအခါ ကျောက်ပွင့်က
“ဦးကျော်ဇောလဲ ပျောက်ဆုံးသွားတဲ့
မိန်းကလေးကို နှံ့နှံ့စပ်စပ်ရှာခဲ့ပြီး ဥဿ
ဘကြီးရဲ့ အဲဒီလိုနှံ့နှံ့စပ်စပ်ရှာတာတောင်
မတွေ့အောင် ပိပိရိရိဝှက်ထားနိုင်တယ်ဆို
တာ ရိုးရိုးတန်းတန်း လူတွေမဖြစ်နိုင်ဘူး၊
စနစ်တကျဖွဲ့စည်းထားတဲ့ အတော်ဉာဏ်
များတဲ့ လူဆိုးအဖွဲ့ပဲ ဖြစ်လိမ့်မယ် ထင်
တယ်၊ ကျုပ်ကတော့ ခင်ဗျားရဲ့ အဓိပ္ပာယ်
မရှိတဲ့ စာတွေက ဘာတွေလဲဆိုတာ သိ
ချင်တယ်ဗျာ၊ အဲဒီလို သိလိုက်ရရင် ကျုပ်
အတွက်အရှုံးမရှိပါဘူး”ဟု စဉ်းစဉ်းစား
စားပြောလိုက်လေ၏။

“ဒီလိုဆိုရင်လဲ စွန့်စားကြတာပေါ့ဗျာ၊
စောစောက ဦးကျော်ဇောပြောတဲ့ ဝှက်စာဖော်တဲ့ သော့ဆိုတဲ့ တုတ်ဟာ လှေသူကြီး
မောင်ဘိုးသာဆီမှာ ရှိတာတော့အမှန်ပဲ၊
မောင်ဘိုးသာကလည်း ဒီတုတ်ကိုသူ့
အတွက် ဘာမှ တန်ဖိုးမရှိပေမယ့် ကျုပ်
တို့ အတွက်တန်ဘိုးရှိတယ်ဆိုရင် သူက
လွယ်လွယ်နဲ့ ပေးမှာ မဟုတ်ဘူး၊
အကောင်းဆုံးကတော့ စောစောကဦး
ကျော်ဇောပြောသလိုပဲ ခိုးယူမှ ဖြစ်လိမ့်
မယ်ထင်တယ်"ဟု ခါးကုန်းကြီးကပြော
လေ၏။

“ခိုးဆိုရင်လဲ မြန်မြန်ခိုးကြဗျာ၊ ကျုပ်
ကတော့ ဥဿဘကြီးရဲ့ စာထဲက
အဓိပ္ပာယ်တွေကိုသိချင်လှပြီ”ဟု
ကျောက်ပွင့်ကပြော လိုက်လေ၏။

“ဒီလို ဒီလိုကွ၊ လှေသူကြီးမောင်ဘိုး
သာက ဗေလုဝဆိုတဲ့ တုံကင်းမှာ လိုက်နေတယ်၊ ဗေလုဝဟာ ခနောင်တိုမှာ ဒေါက်
တင်ပြီး ရေနံသုတ်နေတယ်၊ မောင်ဘိုး
သာ နေတာကတော့ ကြည့်မြင်တိုင်မှာ ပဲ၊
အိမ်ကိုကျုပ်ကသေသေ ချာချာပြလိုက်
မယ်၊ ဘယ်လိုဝင်ပြီးခိုးရင် ကောင်းမယ်
ဆိုတာကိုတော့ ဦးကျော်ဇောက
သေသေချာချာသွားပြီးစုံစမ်းပေတော့
ဒီကိစ္စမှာ ကိုကျောက်ပွင့်လည်း စုံစမ်းလို့
မဖြစ်ပေဘူး၊ ကိုကျောက်ပွင့်ကိုလဲ သိတဲ့
လူကသိတယ်၊ ကျုပ်လည်းပဲ အဲဒီနေရာ
မှာ သုံးလို့မဖြစ်ဘူး၊ ကျုပ်ဟာလူလား
ဥဿဘကြီးဖြစ်နေလေတော့ မြင်တဲ့ လူ
တိုင်းက မှတ်မိသွားလိမ့်မယ်"ဟု
ခါးကုန်းကြီးကပြောလေ၏။

ခါးကုန်းကြီး၏ စကားကို လူကြီးနှင့်
ကျောက်ပွင့်တို့က သဘောတူကြလေ၏။ထို့ကြောင့် နောက်တစ်နေ့နံနက်
စောစောတွင် လူကြီးအား ခါးကုန်းကြီးက
လှေသူကြီး မောင်ဘိုးသာ၏ နေအိမ်ကို
ပြပေးရန် ကြည့်မြင်တိုင်ဘက်ဆီသို့ခေါ်
သွားလေတော့၏။ ခါးကုန်းကြီးလည်း
မောင်ဘိုးသာနေထိုင်ရာ
နှစ်ထပ်တန်းလျားအား လူကြီးကိုညွှန်ပြပြီးလျှင်
ကမ်းနားဆိပ်သို့ ပြန်၍ လာလေတော့၏။
လူကြီးတစ်ဦးတည်းသာလျှင် လှေသူကြီးမောင်ဘိုးသာ၏
အိမ်အနီးပတ်ဝန်းကျင်၌ မယောင်မလည်နှင့်လေ့လာစုံစမ်းနေလေတော့၏။

နှစ်ရက်တိုင်တိုင် လေ့လာစုံစမ်းပြီး
နောက် လူကြီးသည် ကျောက်ပွင့်နှင့်
ခါးကုန်းကြီးရှိရာ ကမ်းနားဆိပ်ဆီသို့
ပြန်၍ လာခဲ့လေတော့၏။

ကျောက်ပွင့်နှင့် ခါးကုန်းကြီးက
“ဘယ်လိုလဲဗျ”ဟု မေးကြလေ၏။ လူကြီး
က

“နေရာကျပြီဗျို့၊ လှေသူကြီးမောင်ဘိုး
သာနေတာက အပေါ်ထပ်မှာ ဗျ၊ သူနဲ့
အခန်းချင်း ကပ်လျက်နေတဲ့ အကောင်က
သီဟိုဠ်ကကုလားမစ္စတာကလင်မင်တဲ့
ဒီကောင်က အလုပ်မျိုးစုံ လုပ်တယ်၊
ဘာသာစကားကိုလည်း ခြောက်မျိုး
လောက်တတ်တယ်၊
တစ်ခါတလေ စကားပြန်တွေ ဘာတွေလုပ်တယ်ဗျ။
မောင်ဘိုးသာနဲ့ ကလင်မလင်တို့ရဲ့
အောက်ထပ်မှာ နေတာကလဲကုလား တွေ
ပဲဗျ၊ ခြောက်ပြားတန်ပစ္စည်းတွေ နယ်လှ
ည့်ရောင်းတဲ့ ခြောက်ပြားကုလားတွေဗျ။
အဲဒီကုလား တွေရဲ့ အခန်းနှစ်ခန်းစလုံး
ဟာ တခါတခါမှာ ပိတ်ထားတယ်ဗျ။
စုံစမ်းကြည့်ရတာတော့ ဒီကောင် တွေ
နယ်လှည့်ပြီး ဈေးရောင်းနေတယ်ဆို
ပဲ"ဟု ပြန်၍ ပြော လိုက်လေ၏။

“ဟုတ်ပြီလေ၊ အဲဒီတာ့ ဘယ်လိုလုပ်မ
လဲ ပြောစမ်းပါဦး” ဟု ခါးကုန်းကြီးက
မေးလေ၏ ၊

“ဒီလိုလုပ်ရင်ကောင်းမယ်ထင်တယ်၊
အဲဒီ မစ္စတာကလင်မင်ဆိုတဲ့ သီဟိုဠ်
ကုလားကို စကားပြန်လုပ်ခိုင်းဖို့ ကိစ္စရှိ
တယ်ဆိုပြီး ကျုပ်နဲ့ ကျောက်ပွင့်နဲ့ က
တစ်ခြားကိုခေါ်ထုတ်သွားမယ်ဗျာ၊ အဲဒီ
အခါမှာ ဥဿဘကြီးက မစ္စတာကလင်
မင်ရဲ့ အခန်းကိုဝင်ပြီး လှေသူကြီးမောင်
ဘိုးသာ ရဲ့ အခန်းကိုကူးပေတော့၊ ကူးပြီး
ရင်ကျုပ်တို့လိုချင်တဲ့ ပစ္စည်းကို ရအောင်ယူခဲ့ပေတော့၊ တကယ်လို့ များ အိမ်ခန်း
ထဲကိုဝင်ပြီးမှ မောင်ဘိုးသာဟာ နိုးခဲ့ရင်
တော့ ဟောဒီသေနတ်နဲ့ ပစ်သတ်ခဲ့ပေ
တော့” ဟု ဆိုကာလူကြီးက ခါးကုန်းကြီး
ဥဿဘလက်သို့ ခြောက်လုံးပြူးကိုအပ်နှံ
လေ၏။ ခါးကုန်းကြီးလည်း
ခြောက်လုံးပြူးဆုံလည်ကိုဖွင့်၍
ကျည်ဆန်များကိုစစ်ဆေးပြီးလျှင်
ခြောက်လုံးပြူးကိုကျင်လည်စွာ လှည့်
ကာအင်္ကျီအောက်အတွင်းသို့ ထိုးသွင်း
လိုက်လေ၏။

ထိုသို့ထိုးသွင်းပြီးနောက် 
“ ခင်ဗျာဟာ တော်တော်ကိုအလိုက်သိ
တဲ့ လူပဲ၊ မဟုတ်မှ လွဲရော ခင်ဗျားဘကြီး
ဟာ ခါးကုန်းပဲဖြစ်လိမ့်မယ် ထင်တယ်”
ဟု ပြော လိုက်လေ၏။

“အဲဒါအရေးမကြီးဘူး၊ ဥဿဘကြီးရဲ့ 
သော့တွေဘာတွေဖွင့်ဖို့ကော ဖြစ်ရဲ့လား”
ဟု လူမိုက်ကျောက်ပွင့်က မေးလိုက်
လေ၏။

“ကိုယ့်လူရာ လူမိုက်ပီပီ တော်တော်ညံ့
တာပဲ၊ လောကမှာ သူခိုးရယ်၊ ဓားပြရယ်၊
လူမိုက်ရယ်၊ သုံးမျိုးထဲမှာ သူခိုးကပညာ
အပါဆုံးပဲ၊ သူခိုးပြီးရင် ဓားပြဟာ ဒုတိယ
ပညာပါတယ်၊ သူကလဲလက်နက်မရှိတဲ့
လူကို လက်နက်နဲ့ အသာ ကလေးအနိုင်
ယူ လိုက်နိုင်တာ၊ မနိုင်မှာ မပူရဘူး၊
ကျိန်းသေနိုင်ပေါက်ရှိတဲ့ အလုပ်ပဲ၊ ကိုယ့်
လူတို့လို လူမိုက်ကတော့ အညံ့ဆုံးပဲ၊
ဗလာသက်သက်မိုက်ရတာ၊ ပညာကို မပါ
ဘူး၊ ဒါကြောင့် လူမိုက်လို့ခေါ်တာ၊ ကိုယ့်
လူတို့ကို ပြန်ပြီးနှံမယ့်လူမျိုးနဲ့ တွေ့ရင်ကိုယ့်လူတို့ ဟာ ခံပေါက်ချည်းပဲ၊ မသေမ
ချင်းမှတ်ထား၊ ခါးကုန်းဆိုတာ မောင်ရင်
တို့ ထက် ဉာဏ်ကောင်းလို့ခါးကုန်းဖြစ်
နေတာ၊ မောင်ရင်တို့က ဦးခေါင်း တစ်
နေရာကပဲ ဉာဏ်ထွက်တာ၊ ကျုပ်တို့
ကတော့ ကျောပေါ်ကဘုကြီးထဲမှာလဲ
ဉာဏ်တွေရှိတယ်” ဟု  ပြောဆိုကာ
ခါးကုန်းကြီးဥဿဘသည် ၎င်း၏ ခါး
ကြားတွင် ဝှက်၍ သိမ်းထားသော သော့
ဝိဇ္ဇာခေါ် သော သော့တွဲအမျိုးမျိုးကို ဖွင့်၍
ရသည့် ကိရိယာကလေးကို ထုတ်၍ ပြ
လိုက်လေတော့၏။

၎င်းတို့ သုံးဦးသည် ထို့နေ့ညက လက်
ဖက်ရည်အချိုနှစ်ခွက်စီသောက်ကြပြီ
နောက် လူကြီးနှင့် ကျောက်ပွင့်က
လှေသူကြီးမောင်ဘိုးသာ၏ တစ်ဘက်ခန်းတွင် နေထိုင်သည်ဆိုသော မစ္စတာ
ကလင်မင်ဆိုသည့် သီဟိုဠ်ကုလားအား
စကားပြန်လုပ်ပေးရန်ဟု ဆိုကာ လှည့်
ပတ်ဖြားယောင်း၍ ခေါ်ထုတ်ခဲ့ပြီးလျှင်
တာမွေဘက်ရှိတိုက်ပျက်ကြီးတစ်ခု
အတွင်းသို့ ခေါ်ဆောင်သွားကာ မစ္စတာ
ကလင်မင်၏ နံကြားသို့ဓားဖြင့်
ထောက်၍ တစ်ညလုံးပုံပြောခိုင်းလေ
တော့၏။
မစ္စတာကလင်မင်လည်း ကြောက်
ကြောက်ရွံ့ရွံ့ဖြင့် ပုံဝတ္ထုပေါင်းမြောက်များ
စွာကို တစ်ညလုံးပြောပြ ရတော့၏။

ထိုအချိန်၌ ခါးကုန်းကြီးဥဿဘသည်
မစ္စတာကလင်မင်၏ အိမ်ခန်းသို့ဝင်ကာ
ဝရန်တာမှ တစ်ဆင့် လှေသူကြီးမောင်ဘိုး
သာ၏ အခန်းဘက်သို့ ကူးသွားပြီးလျှင်
မောင်ဘိုးသာ၏ထံမှ ၎င်းတို့ အလိုရှိ
သော တုတ်ကလေးကို ရှာဖွေခိုးယူခဲ့
လေတော့သတည်း။

လူဆိုး၊ လူတေကြီးသုံးဦးသည်
လှေသူကြီးမောင်ဘိုးသာထံမှ ခက်ခဲစွာ
ခိုးယူလာသော ရှစ်လက်မခန့်ရှိသော သစ်
ကနက်တုတ်လုံးကလေးကို တစ်ယောက်
တစ်လှည့်ကိုင်တွယ်
ကြည့်ရှုနေကြလေ၏။ ထို့နောက် ကျောက်ပွင့်က

“ဘယ်လိုလဲ လူကြီးရ၊ ခင်ဗျားပြောတဲ့
‘သော့' ဆိုတဲ့ တုတ်ကလဲဘာမှ လဲ မ
ထူးခြားပါလားဗျ၊ ဒီတုတ်ကလေးနဲ့
ဥဿဘကြီးရဲ့ အဓိပ္ပါယ်မရှိတဲ့ စာတွေကို
ဘယ်လိုလုပ် ဖတ်လို့ရမှာလဲ ဗျာ” ဟု
ပြောလေ၏။

သို့ရာတွင် လူကြီးက ကျောက်ပွင့်၏
စကားကို မည်သို့မျှချေပခြင်းမပြုဘဲ သစ်
ကနက်သား တုတ်လုံးကလေးကိုသာ
ဘယ်ပြန်ညာပြန်ကြည့်ရှုစစ်ဆေး၍ နေ
လေ၏။ ထိုအခါ ကျောက်ပွင့်က

“လူကြီးကလဲဗျာ၊ လုပ်မနေစမ်းပါနဲ့
တုတ်ဟာတုတ်ပေါ့ဗျာ၊ ဘာထူးခြားလာ
မှာ မို့လို့လဲဗျ၊ စိန်ပွဲစားကြီးတစ်ယောက်
စိန်ကြည့်နေသလို ဒီလောက်သေသေချာ
စစ်ဆေးနေစရာ မလိုပါဘူး” ဟု ပြော
လေ၏။

“မပြီးခင် ဗမာမမြင်စေနဲ့ လို့ ရှေးလူကြီး
တွေပြောခဲ့တဲ့ စကားဟာသိပ်မှန်တာပဲ၊
မင်းဟာ လူတစ်ယောက်လုပ်တာကိုပြီး
အောင် စောင့်မကြည့်ဘဲဝေဖန်ချင်တဲ့
ကောင်ပဲ၊ ကဲ ဟောဒီမှာ ကြည့်စမ်း၊ သိပ်
စိတ်ဝင်စားစရာကောင်းတဲ့ တုတ်ကလေး
ပေါ့ကွာ" ဟု ဆိုကာလူကြီးက တုတ်
အစွန်းတစ်ဘက်ကို လှည့်၍ ဖွင့်လိုက်
လေ၏။ ထိုအခါ ကျောက်ပွင့်က

“အံမယ် တယ်ဟုတ်ပါလားဗျ၊ ဒီတုတ်
ကလေးက လှည့်ဖွင့်လို့ရပါကလားဗျ၊
ကျုပ်ဖြင့်သေသေချာချာကြည့်ပါရဲ့
အဆက်ကိုမတွေ့မိဘူး” ဟု ပြောလေရာ
လူကြီးက
“ဘယ်တွေ့ပါ့မလဲကွ၊
အဆက်ကို
ရုတ်တရက်မတွေ့အောင် အံကျလုပ်ထား
တာပဲ၊ ငါ့စိတ်ထဲမှာလဲ ဒီတုတ် ထဲမှာ
တော့ တစ်ခုခုထည့်ထားလိမ့်မယ်လို့ ထင်
နေတာနဲ့ အဲဒီအံဝှက်ကို သေသေချာချာ
ရှာလို့ရတာပေါ့ကွာ၊ မင်းတို့ နှစ်ယောက်
စလုံးမတွေ့တာက အကြောင်းမဟုတ်
သေးဘူး၊ တကယ်လို့များ လှေသူကြီး
မောင်ဘိုးသာသာ ဒီတုတ်ကိုလှည့်ပြီး
ချွတ်လို့ရတယ်ဆိုတာ ကိုသိခဲ့ရင်တော့
အခက်ပဲ၊ အထဲကပစ္စည်းကို ယူထားမှာ
ကျိန်းသေတယ်၊ သူ့အတွက်အသုံး မဝင်ရ
တောင်မှ
တစ်ခြားတစ်နေရာမှာ
ပစ်ထားခဲ့ရင်တော့အခက်ပဲ” ဟု ပြန်၍
ပြောဆိုလေ၏။

လူကြီးသည် တုတ်၏ အစွန်းတစ်ဘက်
ကိုလှည့်၍ ချွတ်ပြီးနောက် ထိုတုတ်ကို
မြေကြီးပေါ်သို့ ခေါက်၍ ချလိုက်ရာတုတ်
လေး၏ အခေါင်းပေါက်တွင်းမှ သံဘီး
ရှည်တစ်ချောင်းထွက်၍ ကျလာလေ၏။
ထိုအခါ လူဆိုးလူတေကြီးသုံးဦးသား
၎င်းသံဘီးကလေးအား တစ်ယောက်တစ်
လှည့် ကိုင်တွယ်ကြည့်ရှုကြ ပြန်လေ၏။

ထို့နောက် ကျောက်ပွင့်က
"ဘယ်လိုလဲ လူကြီးရဲ့ ၊ ဒီသံဘီးကလေး
ကို ဘာဖြစ်လို့ ဒီလောက်တောင် ခဲရာ
ဆစ်ဝှက်ထားရတာလဲ၊ ဘာများ
ထူးခြားလဲလို့”ဟု ပြောလေ၏။ ထိုအခါ
လူကြီးက 
"သိပ်ထူးခြားတာပေါ့ကွာ သိပ်ထူးခြားတာပေါ့၊
ဒီသံဘီးကလေးကို သေသေချာချာကြည့်ပါ ဦး၊ တစ်ချို့ဘီး
သွားကလေးတွေ ကျိုးနေတာကို မတွေ့
ဘူးလား” ဟု ပြန်၍ ပြောလေ၏။

“ဟုတ်တယ်လေဗျာ၊ ဘီးသွားကလေး
တွေ ကျိုးနေတာ ဘာများ ထူးခြားလို့လဲ”

“သိပ်ထူးခြားတာပေါ့ကွာ၊ ဟောဒီ သီး
ခုံးပေါ်မှာ လဲ မိုးဒဝေါဆိုတဲ့ စာလုံးကို
ဖောက်ထားတာ မတွေ့ဘူးလား”

“အဲဒီစာတော့ တွေ့ပါတယ်ဗျာ၊ အဲဒီမိုး
ဒဝေါဆိုတဲ့ စာဟာ ဥဿဘကြီးရဲ့ စာတွေ
ထဲမှာ လဲပါတာပဲ၊ ကျုပ်တော့ သိပ်မ
စဉ်းစားတတ်ပါဘူးဗျ၊ ခင်ဗျားဟာက
တော်တော်ဦးနှောက် အဆီခန်းမယ့်ကိစ္စ
ပဲ”ဟု ကျောက်ပွင့်က ပြောလေ၏။

လူကြီးသည် ကျောက်ပွင့်အားပြန်၍
ပြောတော့ဘဲ ခါးကုန်းကြီးထံမှ စာတစ်
စောင်ကို တောင်းယူပြီးနောက် ထိုစာအား
ဖြန့်၍ ခင်းလိုက်ပြီးလျှင် ဘီးခုံးပေါ်၌
ဖောက်ထားသည့် ‘မိုးဒဝေါ’ ရှိသော
စာတမ်းနှင့် စာရွက်ပေါ်တွင် ရေးထား
သော ‘မိုးဒဝေါ’ဆိုသော စာတမ်းနှစ်ခု
စလုံးကို အံဝင်ခွင်ကျထပ် လိုက်လေ၏။
ထိုအခါစာရွက်ပေါ်ရှိ မိုးဒဝေါဆိုသော
စာတမ်းအောက်မှ တစ်ချို့သော စာလုံးများသည် ကျိုးနေသည့် ဘီးသွား
ကလေးများကြောင့် မြင်၍ နေရပြီးလျှင်
တစ်ချို့ သောစာလုံးများမှာ မကျိုးပဲရှိနေသော
ဘီးသွားကလေးများကြောင့်
ကွယ်၍ နေလေ၏။ ထိုအခါလူကြီးသည်
ကျောက်ပွင့်အား

“ကဲ .. ကိုယ့်လူ၊ ဒီစာကိုဖတ်စမ်းပါဦး
ကွ"ဟု ပြောလိုက်လေ၏။ ကျောက်ပွင့်က
လည်း တစ်ဘက်ဖော်ပြပါစာကို ဖတ်ရှု
လေတော့၏။ အော်၍ ဖတ်လိုက်ပြီး
လျှင်

“ဟ တယ်ဟုတ်ပါလားဗျ၊ ဒီလိုဆိုရင်
တော့လဲ ကျုပ်တို့ ရဲ့ ခါးကုန်းကြီးရဲ့ စာက
အဓိပ္ပာယ်ရှိတာပဲ”ဟု ပြောလေ၏။

“သေချာပြီ၊ သေချာပြီ၊ မိန်းကလေးကို
ဖမ်းတာ ဒီကောင်တွေလူစုပဲ"ဟု လူကြီး
ကပြောလျှင် ခါးကုန်းကြီးထံမှ အခြား
သော စာများကိုရှေးနည်းတူ ဖတ်ရှုပြန်
လေ၏။ ထိုစာနှစ်စောင်၌လည်း မိုးဒဝေါ
ဆိုသော စာတန်းပါမြဲဖြစ်လေ၏။ ထိုစာ
နှစ်စောင်၌မူ အသင်းသားများ ထံသို့အသေးစိတ် ညွှန်ကြားသော ညွှန်ကြား
ချက်များ ပါလေ၏။

“ဘယ်လိုလဲ ဦးကျော်ဇောရဲ့ ၊ “မိုးဒ
ဝေါ’ဆိုတာ ဘာအဓိပ္ပာယ်လဲဗျ၊ ဒီစာ
တွေကိုဖတ်ဖို့ သက်သက်လုပ်ထားတာ
လား"ဟု ခါးကုန်းကြီးကမေးလေ၏။

“သူတို့ တံဆိပ်ပေါ့ဗျာ၊ ဒီစာတန်းဟာ
သူတို့ ရဲ့ ခေါင်းဆောင်လျှို့ဝှက်တံဆိပ်
စာတန်းလဲ ဖြစ်နိုင်တာပေါ့ဗျာ”ဟု လူကြီး
ကပြောလေ၏။

ထိုအခါ ကျောက်ပွင့်က တုတ်အလုံး
ကလေးကို ကိုင်၍ ကြည့်ပြီးလျှင် တုတ်
အလုံးကလေး၌ နံပါတ်ရှစ်ဂဏန်းကို မီး
တံဆိပ်(သံချောင်းတံဆိပ်တုံးအား
ဖုတ်၍ သစ်သားပေါ်တွင် နှိပ်ထားသော
မီးကျွမ်းရာ တံဆိပ်ကိုဆိုလိုပါသည် ) ရိုက်ထားကြောင်းတွေ့ရလျှင်..
“ဒီမှာ တံဆိပ်ပါတယ်ဗျ”ဟု ပြောလိုက်
လေ၏။

“ငါထင်တာတော့ ဒီလိုနဲ့ တူတယ်
ကျောက်ပွင့်ရ၊ ဒီတုတ်ကလေးဟာ
ဝှက်စာကို ဖော်တဲ့ ကိရိယာအဖြစ်ကော၊
အဖွဲ့ဝင်တံဆိပ်တုံးအဖြစ်ကော သုံးတာ
ဖြစ်လိမ့်မယ်၊ ဒီတံဆိပ် မရှိရင် သူတို့ အဖွဲ့
က အသိအမှတ်မပြုတော့တဲ့ သဘော
လည်း ဖြစ်နိုင်တယ်၊ ဒါကြောင့် ဒီပစ္စည်း
ပျောက်သွားတာနဲ့ သူဌေး
ကိုယ်စားလှယ်လှမြင့်ဟာ ဒီအဖွဲ့ထဲက
တစ်ခါတည်း လစ်ထွက်သွားတာ ဖြစ်လိမ့်
မယ်၊ ဒီအဖွဲ့ကို တည်ထောင်ထားတဲ့ အဖွဲ့
ခေါင်းဆောင်ဟာ တော်တော်ကိုဉာဏ်
များတဲ့လူ ဖြစ်လိမ့်မယ် အီတလီမှာ ဒီလိုနည်းနဲ့ ထောင်ထားတဲ့ လူဆိုးအဖွဲ့တစ်ဖွဲ့
ရှေးအခါတုန်းက ရှိခဲ့ဖူးတယ်လို့စာအုပ်
တစ်အုပ်မှာ ငါဖတ်ဖူးတယ်”ဟု လူကြီးက
ပြော လိုက်လေ၏။

“အဲဒါက အရေးမကြီးဘူး၊ သူတို့ ရဲ့
အဖွဲ့ခေါင်းဆောင်ဆရာကြီးဆီမှာ
ခင်ဗျားကောင်မလေး ရှိမှာပါ။ အဲဒီတော့
အဲဒီအဖွဲ့ခေါင်ဆောင် ဘယ်မှာ ရှိနေတာ
လဲဆိုတာ ပထမသိဖို့ လိုတယ်ဗျ”ဟု
ကျောက်ပွင့်ကပြန်၍ ပြောလေ၏။

“ဒါကတော့ လွယ်ပါတယ်ကွာ၊ မလွယ်
ရင်တောင် သိပ်တော့မခက်လှပါဘူး၊ ဘာ
ဖြစ်လို့ လဲဆိုတော့ အဲဒီအဖွဲ့ ထဲက ရှောင်
ပြီးထွက်သွားတဲ့ လှမြင့်ဆိုတဲ့ အကောင်
ကို ရအောင်ရှာရမှာပဲ၊ ဒီကောင်ကိုတွေ့
ရင် ဒီကောင်နဲ့ ပေါင်းပြီးကြံရမှာ ပဲ၊ အဲဒီအလုပ်ကိုတာဝန်ယူဖို့
ကတော့ ဥဿဘကြီး ရဲ့ တာဝန်ပဲ"ဟု လူကြီးက ပြောလိုက်လေ၏။

“ဒါကတော့ အထူးကြိုးစားဖို့ မလိုပါ
ဘူးဗျာ၊ လှမြင့်ကလဲ လူကောင်းမှ မဟုတ်ဘဲ
ဒုစရိုက်သမားတစ်ယောက် မ
ဟုတ်လား၊ အဲဒီတော့ ဒုစရိုက်သမား
လောကထဲမှာ ပဲရှိရမှာပေါ့။ ကျုပ်စုံစမ်း
ပါမယ်”ဟု ခါးကုန်းကြီးက ကတိ
ပေးလိုက်လေ၏။

ထို့နောက် ခါးကုန်းကြီးသည် ထို့နေ့မှ
စ၍ လှမြင့်ဆိုသော သူကိုစုံစမ်းရှာဖွေခဲ့
လေ၏။ ဆယ်ရက်ခန့်ကြာသော အခါ
ကမ်းနားသို့ပြန်လည်ရောက်ရှိ လာပြီး
လျှင် ကျောက်ပွင့်နှင့် လူကြီးတို့ အား
အောက်ပါအတိုင်း ပြောလေတော့၏။

“ခက်တော့ ကုန်ပြီဗျို့၊ လှမြင့်မရှိတာ
ခြောက်လလောက်ရှိပြီဗျ မြိတ်ကနေလှေ
ကြီး တစ်စင်းနဲ့ လိုက်လာတယ်၊ ပင်လယ်
ထဲကျပြီးသေသွားတယ်ဆိုပဲ၊ ကျုပ်အထင်
ကတော့ မိုးဒဝေါအဖွဲ့က လုပ်ကြံလိုက်
တယ်ထင်တာပဲ”

ခါးကုန်း ဥဿဘ၏ စကားကို
နားထောင်ပြီးနောက် ကျောက်ပွင့်နှင့်
လူကြီးတို့ သည်ငိုင်၍ သွားလေ
တော့သည် ။ တစ်ဦးကိုတစ်ဦး စကားမ
ပြောနိုင်ပဲရှိလေ၏။

ထိုနေ့ညတွင် ၎င်းတို့သည် ဆိပ်ကမ်း
ဗောတံတား၌ ထိုင်ကာ လရောင်
အောက်၌ ရေနွေး ကြမ်းသောက်ရင်း
တယောထိုးခြင်း၊ သီချင်းဆိုခြင်းအလုပ်
ကို ပြုလုပ်ကြလေ၏။

ထိုသို့ပြုလုပ်နေရင်း တယောကိုအောက်သို့ချ၍ လူကြီးက ခါးကုန်းကြီး
ဘက်သို့လှည့်ကာ

“ခင်ဗျားက မိုးညိုဆိုတဲ့ လှေမှာ လိုက်တုန်းက
လှေသူကြီးမောင်ဘိုးသာနဲ့ ခင်ဗျား တစ်ယောက်ကလွဲရင် ကျန်တဲ့လူ
တွေဟာ သူတို့ လူတွေချည်းပဲလို့ထင်
တယ်ဆိုဗျ”ဟု မေးလိုက်လေ၏။

“ဒါတော့ ဒါပေါ့ ဦးကျော်ဇောရယ်၊ ဒါ
ပေမယ့် ဟိုကောင်တွေဟာ သူတို့
ခေါင်းဆောင်နဲ့ တိုက်ရိုက်ဆက်သွယ် ခွင့်
ရမယ့်ကောင်တွေ မဟုတ်ဘူး၊ သူတို့
အပေါ်မှာ အုပ်ချုပ်တဲ့ကောင်
တစ်ယောက်တည်းကိုပဲ ဆက်သွယ်ခွင့်
ပေးထားတာ၊ လှမြင့်ရဲ့ တုတ်ဟာ နံပါတ်
ရှစ်ဆိုတော့ ခေါင်းဆောင်လုပ်တဲ့ လူရဲ့
အောက်မှာ အနည်းဆုံးလှမြင့်လို
ခေါင်းဆောင်ကလေးရှစ်ယောက်တော့ ရှိ
မယ်ပေါ့ဗျာ၊ လူတိုင်းကိုလဲ လှေမှာထား
တာ မဟုတ်ဘူးဗျ။ တစ်ခြားလုပ်ငန်းတွေ
မှာ ထားတာလဲ ရှိဦးမှာပေါ့ဗျာ”ဟု
ခါးကုန်းကြီး ဥဿဘက ပြောလေ၏။

“ဘာပဲဖြစ်ဖြစ်ဗျာ၊ လှမြင့်တို့လိုလက်ထောက်ကိုမရရင်လဲ သူတို့ အထဲက
နောက်လိုက် တစ်ယောက်ယောက် ကို
ဖမ်းပြီး စစ်ရရင်လဲ သဲလွန်စတော့ရနိုင်ပါ
တယ် ဥဿဘကြီးရယ်”ဟု ကျောက်ပွင့်
ကဝင်၍ ပြောလေ၏။

“အေး … မင်းပြောတာလဲ မဆိုးဘူးကွ၊
မင်းလဲဉာဏ်ကောင်းတာပဲ၊ မဟုတ်မှ လွဲရော
မင်းအဖေ လဲ ခါးကုန်းပဲနဲ့ တူတယ်”ဟု ခါးကုန်းကြီးက ပြောလိုက်လေ၏။

“ဟုတ်တယ် ဥဿဘကြီး၊ ကျောက်ပွင့်
ပြောသလို
နောက်လိုက်တစ်ယောက်ယောက်ကို အမိအရဖမ်းပြီး
သူတို့ ရဲ့ လက်ထောက် ဘယ်သူဘယ်ဝါဆိုတာကို
ပထမစစ်ဆေးမယ်ဗျာ၊
သိရရင်အဲဒီ လက်ထောက်ကို တစ်ခါဖမ်းပြီး သူတို့ ရဲ့
ဆရာကြီးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်
ဆိုတာကို ထပ်ပြီးစစ်ဆေးမယ်ဗျာ၊
မကောင်းဘူးလား”ဟု လူကြီးက ပြော
လိုက် ရာခါးကုန်းကြီးက.

“သိပ်ပြီးကောင်းတာပေါ့၊ ဒီတစ်ရက်
နှစ်ရက်အတွင်းကျုပ်စောင့်ကြည့်မယ်
လေ၊ မိုးညို လှေကြီးမှာ ကျုပ်နဲ့ အတူလှေ
လိုက်ဖူးတဲ့ အကောင် တစ်ယောက်တစ်လေကိုများ တွေ့ရရင်တော့ သူ့ကိုပဲဖမ်း
ကြတာပေါ့ဗျာ”ဟု ခါးကုန်းကြီးက ပြော
လိုက်လေ၏။

ထို့နောက် ၎င်းတို့ သုံးဦးသည် ထိုကိစ္စ
ကိုပြောဆိုခြင်းမပြုတော့ဘဲ လရောင်
အောက်၌ သီချင်းဆိုခြင်း၊ တယောထိုး
ခြင်းအမှုကိုသာ ပြုကြလေတော့၏။

ငါးရက်ခန့်ကြာသောအခါ၌ ခါးကုန်းကြီးဥဿဘသည်
ပျာယီးပျာယာဖြင့် ကျောက်ပွင့်တို့ ထံသို့ ရောက်ရှိ လာပြီးလျှင်.…

“ဟန်ကျပြီဗျို့ ဟန်ကျပြီး ကျုပ်နဲ့ အတူ
မိုးညိုလှေကြီးမှာ လိုက်ဖူးတဲ့ လေထိုး
သား တစ်ယောက်ကို တွေ့ရပြီ၊ ဒီ
ကောင်ဘာလုပ်တယ်မသိဘူး ဒီနားမှာ
ခေါက်တုံ့ခေါက်ပြန် ခြေရှုပ်နေတယ်”ဟု
ခါးကုန်းကြီးက “ ပြောလေ၏။ လူမိုက်
ကျောက်ပွင့်က...

“အခုကော ရှိသေးသလား”ဟု မေး
လေ၏။

“ရှိတယ် ရှိတယ်၊ ဟောဟိုက ရေနံဆီ
မီးတိုင်နဲ့ ထမင်းဆိုင်မှာ ထမင်းစားနေ
တယ်၊ သူထမင်းစားပြီးတဲ့ အချိန်
လောက်ကျရင် ဒီဘက်ကိုကျုပ်ကြည့်ပြီး
ခေါ်လာမယ်၊ ခင်ဗျားတို့ နှစ်ယောက်က
ဖမ်းနိုင်အောင် စီစဉ်ပေတော့”ဟု ခါး
ကုန်းကြီးက ပြော၍ ထွက်သွားလေ
တော့၏။

များ မကြာမီ၌ ပင် ခါးကုန်းကြီးနှင့် လူ
တစ်ယောက်သည် ကျောက်ပွင့်နှင့်အတူလူကြီးရှိရာ
ဗောတံတားကြီးဆီသို့ လျှောက်၍ လာကြလေ၏။ အနီးသို့
ရောက်လျှင် လူကြီးသည် အိတ်အတွင်းမှ သေနတ်ဖြင့်ထုတ်၍ ခါးကုန်းကြီးနှ
င့် ပါလာ သူအား ချိန်လိုက်ပြီးလျှင်

“ခွေးမျိုး၊ အသံမထွက်ပဲ ငြိမ်ငြိမ်လိုက်
ခဲ့" ဟု ဆိုကာ လှေတစ်စီးပေါ်ခေါ်၍ သွား
ပြီးလျှင် ထိုသူအားလက်ပြန် ကြိုးတုပ်
လေ၏။ ပါးစပ်အတွင်းသို့လည်း
သံပရာသီးတစ်လုံး
ထိုးထည့်ပြီးလျှင်
ပါးစပ်အပေါ်မှာ အဝတ်ကိုစည်းပေးထား
သဖြင့် ထိုသူမှာ မအော်နိုင်ဘဲ ရှိလေ
တော့၏။

ထို့နောက် ကျောက်ပွင့်က လှေဦးမှ
နေ၍ လှော်၏။ ခါးကုန်းကြီးက လှေပဲ့မှ
နေ၍ ပဲ့ကိုင်၍ ပေးလေ၏။ လူကြီးကမူ
ထိုသူအား လှေဝမ်းထဲ၌ ထည့်ကာ
ခြေထောက်ဖြင့်ကန်ရင်း လိုက်ပါသွားလေ၏။

မြစ်အလယ်သို့ ရောက်လာသောအခါ၌
ထိုသူအားခြေထောက်မှ ကိုင်၍ စောက်
ထိုး ရေနှစ်လေတော့၏။ ရေနှစ်၍ မွန်း
သလောက်ရှိသောအခါ၌ လှေပေါ်သို့
ပြန်၍ တင်ပြီးလျှင်ပါးစပ်တွင် ချည်ထား
သောအဝတ်ကိုဖြေပေးပြီး ပါးစပ်အတွင်းမှ သံပရာသီးကိုထုတ်စေပြီးလျှင်

“ဟေ့ကောင်...မင်းတို့ကို အုပ်ချုပ်နေ
တဲ့ လူကို ပြောပြစမ်း၊ မပြောဘူး ဆိုရင်
တော့ ဒီတစ်ခါပြန်ပြီးမဆယ်တော့ဘူး၊
တစ်ခါတည်းပစ်ချလိုက်တော့မယ်”ဟု
ပြောလိုက်ရာထိုသူက..

“အသက်ကိုချမ်းသာပေးပါဗျာ၊ ကျုပ်က
လှေထိုးသားပါ၊ ဘာမှ မသိပါဘူး၊
သူများ ခိုင်းသမျှ လုပ်ရတာပါ၊ ကျုပ်တို့ကိုအုပ်ချုပ်တဲ့ လူကတော့ လှေနဲ့မ
လိုက်ပါဘူး။ လှေထွက်ခါနီးမှာ ပြောစရာ
ရှိတာ မှာစရာရှိတာကိုမှာ ပြီး လွှတ်လိုက်
တာပါ”ဟု ကြောက်ကြောက်ရွံ့ရွံ့ ဖြင့်ပြော
လေ၏။

“အေး ဟုတ်ပြီ၊ သူကဘယ်မှာတုံး"ဟု
လူကြီးကမေး လိုက်လေ၏။

“သူက စက်ဆန်းမှာ နေပါတယ်၊
ကွမ်းယာဆိုင်ဖွင့်ထားပါတယ်၊ မုတ်ဆိတ်
လို့လည်း ခေါ်တယ်၊ မာမွတ်လို့လည်း ခေါ်
တယ်၊ အရင်ကကိုယ်စားလှယ်လုပ်တဲ့ လှ
မြင့်ဆိုတာက မရှိတော့ပါဘူး၊ သူ့နေရာမှာ
အစားဝင်ပြီးလုပ်တာပါ။ စက်ဆန်း မှာ
သူ့ကိုလူတိုင်းကသိပါတယ်"ဟု လှေထိုး
သားက ပြောလေ၏။

“ကောင်းပြီ၊ မင်းကိုလွှတ်ပေးမယ်၊ ဒီ
ဘက်ကိုပြန်မလာရဘူး၊ ဟိုဘက်ကမ်းကို
ရေကူးပြီးသွားရမယ်၊ တစ်လ အတွင်းမင်းမျက်နှာကို ဒီဘက်ကမ်းမှာ တွေ့ရရင်
သတ်ပစ်မယ်”ဟု ဆို၍ လူကြီးသည်
လှေထိုးသားအား တုပ်နှောင်ထားသော
ကြိုးများကိုဖြေ၍ ပေးပြီးလျှင် လှေပေါ်မှာ
ကန်ချ လိုက်လေတော့၏။ လှေထိုးသား
လည်း ကြောက်အားလန့်အားနှင့် တစ်
ဘက်ကမ်းသို့ မဟာဇနက္ကထုံးကို နှလုံးမူ
ကာလက်ပစ်ကူး၍ သွားလေတော့၏။

ထို့နောက်လူကြီးက
“ကျောက်ပွင့်ရေ၊ မုတ်ဆိတ်ခေါ် မာ
မွတ်ကိုသွားပြီးဖမ်းကြရအောင်ကွာ"ဟု
ပြော လိုက်လေ၏။

ထို့နောက် ၎င်းတို့ သုံးဦးသည် ကမ်းသို့
ကပ်ခဲ့ကြပြီးနောက် မာမွတ်ရှိရာ စက်ဆန်းရပ်ဆီသို့ သွားရောက်ကြလေ
တော့၏။ စက်ဆန်းသို့ရောက်သောအခါ၌
မာမွတ်၏ အိမ်ကို စုံစမ်းကြလေတော့၏။
အိမ်ကိုသိရသောအခါ၌ အိမ်ရှေ့ကွပ်ပျစ်တွင် တမာကူရှူ၍ ဇိမ်ရစ်နေသော မုတ်ဆိတ်ခေါ် မာမွတ်
အားအခန့်သင့် ပင်တွေ့ရလေ၏။ ထိုအခါ
လူကြီးက မာမွတ်အနီးသို့သွားပြီးလျှင်
လွန်စွာဆူဖြိုးသော မာမွတ်၏ ဝမ်းဗိုက်
ကြီးအား သေနတ်ဖြင့် ထောက်ကာ

"ငါတို့ဟာ စီအိုင်ဒီက စုံထောက်တွေ
ဖြစ်တယ်၊ မင်းဆီမှာ မင်းတို့ ဆရာကြီး
ပေးထားတဲ့ တုတ်လုံးကလေးရှိတယ်
မဟုတ်လား၊ အဲဒါကိုလိုချင်တယ်”ဟု
ပြောလိုက်ရာ မာမွတ်က
“မရှိပါဘူး စီအိုင်ဒီရယ်”ဟု ပြန်၍ ပြော
လေ၏။

“အေးလေ ဒီလိုဆိုရင်လဲ ဂါတ်ကျတော့
မှ ရှင်းတာပေါ့”ဟု ဆိုကာမာမွတ်အား
အတည်ပေါက်နှင့် ဖမ်းဆီခဲ့ကြပြီးနောက်
ပုဇွန်တောင်ချောင်းသို့ ခေါ်လာခဲ့ကြလေ
တော့၏။

လူကြီးတို့ အဖို့ ပို၍ ကံကောင်းသည်
မှာ မာမွတ်သည် စက်ဆန်းရပ်ကွက်၏
အစွန်းကျသော နေရာတွင် နေထိုင်ရုံမျှ
မက ၎င်း၏ အိမ်၌လည်း အခြားသော
အိမ်သူအိမ်သာများ မရှိပေ။ ၎င်း၏ တပ
ည့်အီဘရာဟင်ဆိုသည့် ကုလား
ကလေးမှာ လည်း ၎င်းကအပြင်သို့
စေခိုင်းလိုက်ခြင်းဖြစ်ရာ အိမ်၌ မာမွတ်
တစ်ဦးတည်းသော ရှိနေခြင်းဖြစ်ပေသည်။
လူကြီးတို့ သုံးဦးသည် ပုဇွန်တောင်
ချောင်းအတွင်းသို့ တွေ့ရာလှေတစ်စီးဖြ
င့် မာမွတ်အား စောစောက လှေသမားကို
ခေါ်၍ သွားသကဲ့သို့ ချောင်းအလယ်
တိုင်အောင်ခေါ်၍ သွားပြီးလျှင်ထုံးစံ
အတိုင်း ရေနှစ်ပြန်လေ၏။

လူကြီးသည် မာမွတ်အားရေနှစ်၍
ဆယ်ပြီးနောက် စစ်ဆေးခြင်းမပြုသေးဘဲ
ခုနှစ်ကြိမ်တိုင်တိုင်နှစ်လိုက်ဖော် လိုက်
လုပ်လေ၏။ ခုနှစ်ကြိမ်ပြည့်သောအခါမှ
ပင် ပါးစပ်တွင် ချည်ထားသော အဝတ်ကို
ဖြေ၍ ပေးပြီးလျှင်

“မာမွတ်ရေ၊ ဒီတစ်ခါနှစ်ပြီးရင်တော့
ပြန်မဆယ်တော့ဘူး၊ အသေပဲ၊ မင်းတို့
ဆရာကြီး ဘယ်မှာလဲ၊ မင်းတို့ ဘယ်လိုဆက်သွယ်သလဲ”ဟု မေးလေ၏။

မာမွတ်လည်း သေရမည်ကိုကြောက်
လွန်းသောကြောင့်

“ပြောပါမယ့် စီအိုင်ဒီရယ်၊ ကျွန်တော်
တို့ ဆရာကြီးနဲ့ ကျွန်တော်နဲ့က လူ
ကိုယ်တိုင်တွေ့ ခွင့်ရပါတယ်။ လျှို့ဝှက်စာ
တွေဘာတွေနဲ့ အသုံးမပြုပါဘူး"ဟု မာ
မွတ်ကပြောလိုက်လျှင် လူကြီးက

“အေး ကောင်းပြီ၊ မင်းတို့ ဆရာကြီး
ဘယ်မှာလဲ"ဟု လူကြီးကမေးလေ၏။

“ရေတာရှည်လမ်းမှာ နေပါတယ်၊ ရှေး
ကအိမ်ကြီးပါပဲ”ဟု မာမွတ်ကပြန်၍ ပြော
လေ၏။

“ကောင်းပြီး၊ သူ့နာမည် ဘယ်လိုခေါ်
သလဲ”

“ဦးကိုကိုလတ်လို့ ခေါ်ပါတယ် ”

“အသက်ဘယ်လောက်ရှိပြီလဲ”

“ငါးဆယ်လောက်ရှိပါပြီ”

“ကောင်းပြီ၊ အဲဒီအိမ်ကို နောက်ဆုံး
မင်းရောက်တာ ဘယ်တုန်းကလဲ”

“တစ်နေ့ကပဲ ရောက်ပါတယ်”

“အဲဒီအိမ်မှာ မိန်းကလေးတစ်ယောက်
ရှိသလား”

“ရှိပါတယ်၊ သူ့တူမပါ”

“အသက်ဘယ်လောက်ရှိပြီလဲ”

“အသက်နှစ်ဆယ်လောက်ပဲရှိမှာပါ”

“သူ့တူမဆိုတာ ဘယ်လိုတော်တာတုံး
ကွ”

“သူ့မိန်းမရဲ့ တူမပါ”

“အဲဒီမိန်းကလေးကို တခြားသွားခွင့်မ
ပေးဘူးလား”

“မပေးပါဘူး၊ အစောင့်တစ်ယောက်
အမြဲတမ်းထားပါတယ်၊ မိန်းကလေးအိပ်
ရင်တောင် အိပ်ခန်းတံခါးအနားမှာ အ
စောင့်တစ်ဦးထားပါတယ် ။

“ကောင်းပြီ မာမွတ်၊ ခြေထောက်က
ချည်ထားတဲ့ ကြိုးတွေတော့ ဖြုတ်
ပေးလိုက်မယ်၊ လက်ကကြိုးတွေကိုတော့
မဖြုတ်နိုင်ဘူး၊ ရေကူးကျွမ်းကျင်ရင်တော့
မင်းအသက်ရှင်လိမ့်မယ်”ဟု ဆိုကာ
လူကြီးသည် မာမွတ်၏ ပါးစပ်အားအဝတ်စည်းပြီးလျှင် ရေထဲသို့ ကန်ချ
လိုက်လေတော့ သတည်း။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၇
*that ကြပြီ

ထိုနေ့ည သန်းခေါင်လောက်တွင်
လူကြီး၊ ခါးကုန်းနှင့် ကျောက်ပွင့်တို့သည်
ရွှေတိဂုံဘုရား အနီးရေတာရှည်လမ်းဆီ
သို့သွားကြလေ၏။ ရေတာရှည်လမ်းသို့
ရောက်လျှင် လွန်စွာရှေ့ကျ၍ ဘုံဆင့်
ပြဿဒ်များ နှင့် လွန်စွာနန်းဆန်ဆန်
ဆောက်လုပ်ထားသော ရှေးဟောင်းအိမ်
ကြီးတစ်အိမ်အား ရှာဖွေကြလေတော့၏။

ထိုအိမ်ကြီးမှာ တစ်ခြား၏ အိမ်များ
ထက် ထူးခြားစွာဆောက်လုပ်ထားသည်ဖြစ်ရာ များစွာပင်ပန်းခြင်းမရှိဘဲ ရှာဖွေ
တွေ့ရှိကြလေ၏။ အိမ်ကြီးရှိရာ ခြံဝင်း
ကျယ်ကြီး၏ အဝင်ဝ ခြံတံခါး အုတ်တိုင်၌
မူ “ဘိလပ်ပြန်ဦးကိုကိုလတ်'ဟူ သော
ကြွေဆိုင်းဘုတ်ကလေး တစ်ချက် တပ်
ဆင်ထားလေ၏။

ထိုဆိုင်းဘုတ်ကိုကြည့်၍ ခါးကုန်းကြီး
က
“ဘိလပ်ပြန်ဆိုပါလား၊ ဘိလပ်
ကတောင်
ပြန်လာတယ်ဆိုပါလား
ကျောက်ပွင့်ရေ သိပ်တော့ မခေဘူးထင်
တယ်ကွ”ဟု ပြောလေ၏။

ထို့နောက် ခါးကုန်းကြီးသည် ခြံဝင်း
အနီးသို့ ချဉ်းကပ်ကာ အတွင်းသို့
ချောင်းမြောင်းကြည့်ရှုလေ၏။ ပြီးလျှင်
ကျောက်ပွင့်တို့ ရှိရာသို့ ပြန်၍ လာလေ၏။

“ခြံထဲမှာ ဒရဝမ်တော့ရှိတယ်၊ ဟိုး
နောက်က တဲဟာ ဒရဝမ်တဲပဲ၊ သူ့ကို
အလျင်နှုတ်ပိတ်ထားမှ တော်မယ်"ဟု
ပြောလေ၏။

“အဲဒါကိုတော့ ခါးကုန်းကြီးပဲ တာဝန်
ယူပေါ့ဗျာ”ဟု ကျောက်ပွင့်ကပြောရာ
ခါးကုန်းကြီးလည်း မှောင်ရိပ်ခို၍
ခြံစည်းရိုးကို တွယ်တက်လေတော့၏။
အတွင်းသို့ရောက်လျှင် ခြံကြီး၏ နောက်ဖေးဘက်သို့ ဒရဝမ်နေထိုင်ရာ
အိမ်ကလေးဆီသို့ ကုန်းကုန်း၊ ကုန်းကုန်း
နှင့် သွားလေ၏။ ဒရဝမ်အိမ်ကလေးအား
အပြင်မှ ချောင်းကြည့်ပြီးလျှင် အိမ်
ကလေးအတွင်းသို့ဝင်ပြန်လေ၏။

ထို့နောက် ကျောက်ပွင့်နှင့် လူကြီးထံသို့ပြန်၍ လာလေ၏။

"ခြံထဲမှာလဲ ဒရဝမ်မရှိဘူး၊ သူ့အိမ်
ကလေးထဲမှာလည်း မရှိဘူး၊ ဘယ်သွားနေ
တာလဲမသိဘူး” ဟု ခါးကုန်းကြီးက ပြော
လေ၏

"ကျုပ်ထင်တာကတော့ ဒီအိမ်မှာ
တခြားဒရာဝမ်ခန့်မယ်မထင်ဘူး၊ လူဆိုး
ခေါင်းဆောင်ဟာ သူ့တပည့်တစ်ယောက်
ယောက်ကိုပဲအသုံးပြုလိမ့်မယ်၊ သူ့တပည့်
ဆိုတာလဲ အပြင်ကိုထွက်ပြီး လည်ဝံ့မယ့်
လူစားမျိုးဖြစ်မယ်မထင်ဘူး၊
ဘာပဲဖြစ်ဖြစ်ဒီနေ့ညအဖို့ တော့ အရေးမကြီး
ဘူးဆိုပြီး ဒရဝမ်အဖြစ်သုံးထားတဲ့ တပ
ည့်တစ်ယောက်ကို အပြင်လွှတ်လိုက်
တယ် ထင်တယ် ကျုပ်တို့ အဖို့ ကံကောင်း
တာပေါ့ခါးကုန်းကြီးရာ၊ ကဲ..လာသွားကြစို့”ဟု လူကြီးက ပြောဆို၍ ခြံစည်းရိုး
အား သုံးယောက်သားကျော်၍ တက်ကြ
လေ၏။ ခြံဝင်းအတွင်းသို့ရောက်လာ
သောအခါ၌ အိမ်ကြီး၏ နောက်ဘက်ဆီ
သို့သွားကြပြီးလျှင် နောက်ဘက်လှေကား
မှ အိမ်အပေါ်ထပ်ဆီသို့ တက်ကြလေ၏။
အပေါ်ထပ်လှေကားထိပ်သို့ရောက်လျှင်
ခါးကုန်းကြီးကအတွင်းမှ တံခါးဂျက်
အား ၎င်းတွင် ပါလာသော သံချိတ်
ကလေးဖြင့် အသံမကြားရစေရန် ကော်၍
ဖွင့်လေ၏။
ထို့နောက်သုံးဦးစလုံး အတွင်းသို့ဝင်
ကြလေ၏။ အတွင်းစသို့ ရောက်လျှင်အိမ်
ကြီး၏ အခြေအနေကိုအကဲခတ် ကြည့်ရှု
ကွလေ၏။

အသက်လေးဆယ်ကျော် လူတစ်
ယောက်သည် အရက်ခွက်အတွင်း သို့
ကြက်ဥအနည်း ငယ်ဖောက်ထည့်လိုက်
ပြီးနောက် မော့ချလိုက်လေ၏။ ပြီးလျှင်
အခန်းဝရှေ့၌ မတ်တပ်ရပ်၍ နေလေ၏။
၎င်း၏ ရှေ့ကြမ်းပြင်ပေါ်၌ မူ မိန်းကလေး
တစ်ဦးသည် ကြောက်ရွံ့တုန်လှုပ်စွာ
ထိုင်၍ ရှိုက်ရှိုက်ငိုနေလေ၏။

“ခင်မေ၊ ငါဟာ ဘယ်လောက်
လူကြီးလူကောင်းတစ်ယောက် ပီသသလဲ
ဆိုရင် တစ်နှစ်လုံးလုံးနင့်ကို လက်ဖျားနဲ့
တောင်မတို့ ခဲ့ဘူး၊ နင်အားကိုးလှပါတယ်
ဆိုတဲ့ ရှမ်းပြည်နယ်က နင့်ဦးလေးကြီးဆို
တာလဲ နင့်ကိုလာမကယ်နိုင်တော့ဘူး၊
ကယ်လဲကယ်မှာ မဟုတ်ဘူး ၊ နင်စဉ်းစား
ကြည့်စမ်း၊ နင်ထွက်ပြေးသွားမှာ စိုးလို့ အ
စောင့်အကြပ်တွေနဲ့ နင့်ကို ထားတာကလွှဲပြီး
နင်လိုချင်တာတွေကို လိုလေသေးမရှိအောင် ငါထားပေးထားခဲ့
တယ် နင့်မှာ အမေလည်း မရှိဘူး၊ အဖေ
လည်း မရှိဘူး၊ အားကိုးစရာဆိုလို့ဘယ်
သူရှိသတုံး၊ ဘာပဲဖြစ်ဖြစ်လေ ဒီညတော့
ဆုံးဖြတ်ချက်ချပြီးပြီး နင်ဟာ ငါ့ကို
မေတ္တာရှိတယ်ပဲဖြစ်ဖြစ်
မရှိဘူးဘဲ
ဖြစ်ဖြစ်၊ ငါ့ဘက်ကပေးထားတဲ့ အခွင့်
အရေးတွေကုန်ပြီ။ တကယ်ပြောရရင် နင့်
အမေကိုယ်တိုင်က ငါ့ဆီမှာ အပ်သွားတာ
ပဲ၊ မမိုက်ချင်ပါနဲ့ ခင်မေရယ်"ဟု ထိုလူက
ပြောလိုက်လေ၏။

“သားသမီးချင်း စာနာပါဦးလေးရယ်၊
ပြီးတော့ဦးလေးရဲ့ မိန်းမဟာ ခင်မေရဲ့
အဒေါ်အရင်း ဆိုတာပဲ သတိရပါဦး ”ဟု
မိန်းကလေးကပြန်၍ ပြောလေ၏။

"အဲဒါကြောင့်ပဲငါ နင့်ကို
လက်လွှတ်မခံနိုင်တာပေါ့။ ငါအင်မတန်
ချစ်တဲ့ နင့်အဒေါ် သွယ်သွယ်ကိုတကယ်ကတော့သုံးနှစ်လောက်ပဲ ပေါင်းလိုက်ရ
တယ်။ သို့ပေမယ့် ငါ့စိတ်မှာ သူ့ကို စွဲလမ်း
နေတုန်းပဲ။ နင်ဟာ ဒီလောကကြီးမှာ သူ
နဲ့ အတူဆုံး မိန်းမတစ်ယောက်ပဲ"ဟု ဆို
ကာ ထိုလူကပြောလေ၏။

"အို ...ဘာပဲဖြစ်ဖြစ်၊ ရှင့်ကို ကျွန်မ
မေတ္တာမရှိဘူး။ ရှင်ဟာ လူယုတ်မာ
ပဲ”ဟု မိန်းကလေးက ပြောလိုက်လေ၏

“ငါ့ကို လူယုတ်မာလို့ ထင်မှ ထင်ပါ့မ
လားလို့ စိုးရိမ်နေတာ။ ခုတော့ ငါ့
ဆုတောင်းပြည့်ပြီပေါ့။ ဒီကနေ့တော့
အောက်မှာ စောင့်တဲ့ ဒရဝမ်ကော၊ နင့်
အခန်းဝမှာ စောင့်တဲ့ ကျင်ဝမ်းကော နှစ်ယောက်စလုံးတခြားလွှတ်လိုက်ပြီးပြီ။ ဒီ
အိမ်မှာ နင်နဲ့ ငါနှစ်ယောက်တည်းပဲရှိတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် လင်မယားကတော့ဖြစ်ရတော့မှာ
အကြမ်းနည်းနဲ့ လင်မယားဖြစ်ရတာ
ထက် အနုနည်းနဲ့ ဖြစ်ကြရတာဟာ ပိုပြီး
ကောင်းပါတယ်။ အော်ဖို့လဲ စိတ်မကူးနဲ့
။ ခြံကလဲ အကျယ်ကြီး။ အိမ်ကြီးကလဲ
လုံပါဘိသနဲ့ ။ နင့်ကိုလဲဘယ်သူမှ လာပြီး
ကယ်နိုင်မှာ မဟုတ်ဘူး ”ဟု ဆိုကာ ထိုလူ
သည် ရှေ့သို့ တိုး၍ လာလေ၏။ ခင်မေမှာ
လည်း မတ်တပ်ရပ်၍ နောက်ကို ဆုတ်
လိုက်လေ၏။ ထိုအချိန်၌ အိမ်နောက်ဖေး
ခန်းမှာ နေ၍ စောင့်ကြည့်နေသော လူသုံး
ယောက်အနက် လွယ်အိတ်ကြီးတစ်လုံး
ကိုစလွယ်သိုင်း၍ ခေါင်းတွင် ဦးထုပ်စုတ်ကြီးတစ်လုံးကိုဆောင်းကာ မျက်မှန်ဝိုင်း
ကလေးတစ်လက်အား ကြိုးဖြင့်လည်ပင်း
တွင် တွဲလောင်းဆွဲထားပြီးလျှင် လက်
တစ်ဘက်၌ သေနတ်ကိုကိုင်ထားသော
လူကြီးသည် ဣန္ဒြေရရ တစ်လှမ်းချင်း
လျှောက်၍ ဝင်လာလေတော့၏။
မိန်းကလေးအားအနိုင်ကျင့်ရန် စိုင်းပြင်း
လျက်ရှိသော ဦးကိုကိုလတ်ဆိုသူသည်
လူကြီးအားကြည့်ကာ ကြက်သေသေ၍
နေလေတော့၏။

မိန်းကလေးသည် ခြေသံကြားရာဆီသို့
လှည့်၍ ကြည့်လိုက်ပြီးလျှင် မိမိမျက်စိကို
ပင် မိမိမယုံသကဲ့သို့ဖြစ်၍ သွားလေ
တော့၏။

ထို့နောက်.....
“ဦးလေး...”ဟု ခေါ်ကာ လူကြီးရှိရာသို့ပြေးသွားပြီးလျှင် လူကြီးအားဖက်ထား
လိုက်လေတော့၏။ လူကြီးလည်း
မိန်းကလေးအား
“ဘာမှ မကြောက်နဲ့ မိန်းကလေး၊ ဒီည
ဟာ ဦးကိုကိုလတ် နတ်ရွာစံကံတော်ကုန်
မယ့်ညပဲ"ဟု ပြောလိုက်လေ၏။ ဦးကိုကို
လက်ဆိုသူလည်း ထိုအချိန်၌
လွတ်မြောက်ထွက်ပြေးရန် တစ်ဘက်သို့
လှည့်၍ အရှိန်ယူ လိုက်လေ၏။

သို့ရာတွင် လူကြီးကသေနတ်ကို 'ချောက်'ကနဲ မောင်းတင်လိုက်ပြီးနောက်....
“မလုပ်နဲ့ လေ..."ဟု ဆိုကာ လှမ်း၍
ချိန် လိုက်လေ၏။ ထိုသို့ဖြစ်ပျက်နေစဉ်
အတွင်းဦးကိုကိုလတ်၏ တပည့်ကျော်
ကျင်ဝမ်ဆိုသူသည် မည်သို့မည်ပုံပြန်လည်ရောက်ရှိလာသည် မသိပေ။ ၎င်း
တို့ သုံးဦး၏ နောက်မှ ရောက်လာ
လေ၏။

ထို့နောက် ဓားမြှောင်ဖြင့် လူကြီး၏
နောက်ကျောကို ဝင်၍ ထိုးလေတော့၏။
လူကြီးမှာ လုံးဝရိပ်မိခြင်းမရှိလိုက်။
သို့ရာတွင် လူကြီး၏ နံဘေးတွင် ယှဉ်၍
ရပ်နေသော ခါးကုန်းကြီး ဥဿဘက
လူဆိုး၏ ရင်ဝဆီသို့ ခေါင်းဖြင့်ကြားမှ
နေ၍ ဖြတ်တိုက်လိုက်ရာ ထိုလူဆိုးသည်
မှမှောက်လျက်လဲကျသွားလေ၏။ ၎င်း
ကိုင်ဆောင်ထားသော ဓားမြှောင်သည်
၎င်း၏ ဝမ်းဗိုက်အတွင်း
တန်းတန်းမတ်မတ်ကြီး ဝင်၍ သွားလေ
တော့၏။

လူဆိုးသည် အော်မျှပင် မအော်နိုင်တော့ဘဲ
အသက်ထွက်၍ သွားလေတော့၏။
ထိုအခါ ခါးကုန်းကြီးက ဓားတန်းလန်း
ဖြင့် လဲကျလျက်ရှိသော လူဆိုးအား ဆွဲ၍
ပက်လက်လှန် လိုက်လေ၏။ ထို့ကြောင့်
၎င်း၏ လက်တွင် သွေးများ ပေကျံ၍ သွား
လေ၏။ ထိုအခါ ခါးကုန်းကြီးသည် လက်
မှ သွေးများကို နံရံ၌ သုတ်လိုက်ပြီး
လျှင်……

“မိန်းကလေးရေ …လာ...လာ...သူတို့
ရန်ဖြစ်နေကြတယ်ကွယ်။ အောက်ကို
ဆင်းကြပါစို့”ဟု ပြောကာ ခင်မေ၏
လက်ကိုဆွဲကာ နောက်ဖေးလှေကားမှ
နေ၍ အောက်သို့တအား ဆွဲ၍ ပြေးလေ
တော့၏။

အိမ်ပေါ်ထပ်၌ကား ဦးကိုကိုလတ်ဆို
သူနှင့် လူကြီး၊ ကျောက်ပွင့်တို့သုံးဦး
သာလျှင် သက်ရှိဟူ၍ ရှိပေ၏။ လူကြီး
သည် ဦးကိုကိုလတ်ရှိရာသို့ လျှောက်၍
လာပြီးလျှင် ၎င်း၏ ဦးထုပ်ကို ချွတ်၍ 
“ကျုပ်ကိုတော့ ကောင်းကောင်း မှတ်မိ
ဦးမှာပေါ့နော်။ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း
အစိတ်လောက်တုန်းက လှည်းကူးဆိုတဲ့
မြို့ကလေးမှာ အင်္ဂလိပ် ညကျောင်းဆရာ
ကလေး လုပ်သွားတဲ့ ကျော်ဇောဆိုတဲ့
ကောင်ပေါ့ဗျာ။ အဲဒီတုန်းက ကျုပ်ဆီက
ကျုပ်ရဲ့ ချစ်သူသွယ်သွယ်ကို ခင်ဗျားလုယူ
သွားတယ်လေ”ဟု ဆိုကာ လှေကား
အတက်အဆင်းနံရံအနီးတွင်
ချိတ်ဆွဲ
ထားသော နှစ်ယောက်တွဲပုံ ဆီဆေး
ပန်းချီကားချပ်ကြီးတစ်ခုဆီသို့ လူကြီး၏
မျက်စိသည် ရောက်ရှိသွားလေတော့၏။

“တယ်ကောင်းတဲ့ ပန်းချီကားချပ်ကြီးပါလား။
လန်ဒန်ပန်းချီကျော်တစ်ဦးရဲ့
လက်ရာပဲ။ ပန်းချီပညာကိုတော့ မြတ်နိုး
ပါတယ်ဗျာ။ ဒါပေမယ့် ကျုပ်ချစ်သူ သွယ်
သွယ်နဲ့ တွဲထိုင်နေတဲ့ ခင်ဗျားရဲ့ ပုံကြီးကို
တော့ ကျုပ်မရှုစိမ့်နိုင်ဘူး”ဟု ဆိုကာ
ပန်းချီကားကြီးဆီသို့ လျှောက်သွားပြီး
လျှင် ဦးကိုကိုလတ်၏ ပုံအား လက်ဖြင့်
ကုတ်ဖဲ့၍ ဆွဲဖြဲလိုက်လေတော့၏။
ဦးကိုကိုလတ်လည်း လူကြီး၏
အမူအရာကို မြင်ရုံနှင့် ပင် ရက်စက်စွာ
ပြုမူတော့ မည်ဖြစ်ကြောင်းရိပ်မိလေ
တော့၏။ မိမိ၏ ပုံတူပန်းချီကားကြီးအား
အပိုင်းပိုင်းဆုတ်ဖြဲပြီးနောက် မိမိအား
အပိုင်းပိုင်း အတစ်တစ်ပြုလုပ်တော့မည်
ကိုလည်း သဘောပေါက်သည့်အားလျော်စွာ....
“ဆရာကိုကျော်ဇောရယ်၊ ပြီးခဲ့တာတွေ
လဲ ပြီးပါပြီဗျာ။ နှစ်တွေကလည်း ကြာခဲ့ပါ
ပြီ။ ဒီအတွက်နဲ့ တော့ ကျုပ်အပေါ်မှာ မ
ရက်စက်လိုက်ပါနဲ့ ။ ကျုပ် အကုသိုလ်နဲ့
ကျုပ် သွားပါရစေ။ ခင်ဗျား အကုသိုလ် မ
ပါပါစေနဲ့ ”ဟု ငိုယို၍ အသနားခံ လိုက်
လေ၏။

ထိုအခါ၌ လူမိုက်ကျောက်ပွင့်က
“ဦးကျော်ဇောရဲ့ အကုသိုလ်မပါစေရပါ
ဘူး။ ကျုပ်ကပဲ ကြားထဲကခင်ဗျား
အတွက် ငရဲကြီးခံပေးပါမယ်ဗျာ”ဟု ဆို
ကာ အသင့်ယူလာသော ဓားမြှောင်ဖြင့် ဦး
ကိုကိုလတ်၏ ရင်ဝဆီသို့ တအားဝင်၍
ထိုးစိုက်လေတော့၏။
ဦးကိုကိုလတ်လည် ကယောင်ကတမ်းမြည်တွန်းကာ ကြမ်းပြင်ပေါ်၌ လူးလှိမ့်၍
အသက် ထွက်သွားလေတော့၏။

လူကြီးလည်း ဦးကိုကိုလတ်အား ငုံ့၍
ကြည့်ပြီးလျှင်
“သွားရှာပြီကိုး”ဟု ပြောဆိုကာ သေနတ်ကို အိတ်အတွင်းသို့ပြန်၍ ထ
ည့်ပြီးနောက် ကျောက်ပွင့်နှင့် အတူ
အလောင်းများကို အတွင်းခန်းဆီသို့ ဆွဲ
သွင်း၍ နှစ်ယောက်သား အောက်သို့ ဆင်း
ခဲ့လေတော့၏။

အောက်သို့ရောက်လျှင် ခင်မေက...
“ဦးလေးကြာလှချည့်လား၊ မြန်မြန်
ပြေးကြရအောင်ပါ”ဟု ပြောလေ၏။

လူကြီးလည်း “အေးပါ အပေါ်မှာ က
ဦးကိုကိုလတ်နဲ့ စကားလက်စမပြတ်သေးလို့ပါကွာ၊ ကဲ..ကဲလာ..."ဟု ဆိုကာ ခြံ
ကြီးအပြင်ကိုထွက်ကြလေတော့၏။

အပြင်သို့ရောက်လျှင် ၎င်းတို့ လေးဦးသည်
ကမ်းနားဆိပ်သို့ပြန်ခဲ့လေ၏။
ကမ်းနားသို့ ရောက်သောအခါ၌ အညာသို့
ဆန်တက်မည့် လှေတစ်စီးဖြင့် လူကြီးနှင့်
ခင်မေတို့သည် လိုက်ပါကြလေ၏။
ကျောက်ပွင့်နှင့် ခါးကုန်းကြီးကမူ
နှုတ်ဆက်လက်ပြရင်း ကျန်ရစ်ခဲ့လေ
တော့၏။

လမ်းတွင် ခင်မေက လူကြီးအား
“ဦးလေး ဦးလေး၊ ကောင်းဘို့ကြီး
တစ်ကောင်ကော နေကောင်းရဲ့ လား
ဟင်။ ခင်မေတော့ ကောင်းဘို့ကြီးကို
သတိရလို့စာကလေးတွ
ရေးမိသေးတယ်”ဟု မေးလိုက်ရာ လူကြီး၏ မျက်နှာသည် လွမ်းဆွတ် ဆွေးမြည့်၍ သွားလေ
တော့၏။

“မသိပါဘူး မိန်းကလေးရယ်၊
မိန်းကလေးထွက်သွားတဲ့ နေ့စပြီး ကျုပ်
လဲမိန်းကလေးကို လိုက်ရှာနေရတာဆို
တော့ ကောင်းဘို့ကြီးနဲ့ မတွေ့ရတဲ့ အချိန်
ဟာ မိန်းကလေးနဲ့ ကျုပ်ဟာ အတူတူပါပဲ
ပေါ့”ဟု လူကြီးကပြန်၍ ပြော လိုက်
လေ၏။

“ခင်မေ ထွက်သွားတယ်လို့မပြောပါနဲ့
ဦးလေးရယ်၊ သူတို့ က ခင်မေကိုဖမ်းသွား
ကြတာပါ။ ပြီးတော့ အသာတကြည် မ
လိုက်ရင်ဦးလေးကိုပါ သတ်မယ်လို့ပြော
ကြသေးတယ်။ ခင်မေသူတို့ လက်က
ထွက်ပြေးဖို့ ကြံပါသေးတယ်။ ဒါပေမယ့်
မရပါဘူး။ ကုန်တင်ကားကြီးနဲ့ တင်ပြီး
ခေါ်သွားကြတာ၊ တစ်ချို့နေရာရောက်ရင်
သေတ္တာကြီးထဲကိုထည့်ပြီး တောင်ခေါ်
သွားကြသေးတယ်၊ ပြီးတော့ ဘယ်ကနေ
ဘယ်ကိုရောက်နေတယ်ဆိုတာတောင် မ
သိတော့ပါဘူး။ နောက်တစ်နေ့မှာ လှေ
ကြီးတစ်စီးဆီကိုရောက်သွားတော့တာပဲ၊
အဲဒီလှေကြီးနဲ့ သွားရတဲ့ ရက်ကိုကအ
ကြာကြီးပဲ၊ ပြီးတော့မှ ဒီအိမ်ကြီးကို
မျက်စိပိတ်ပြီးခေါ်လာခဲ့ကြတယ်။ ခင်မေ့
ကို ဖမ်းတဲ့ လူတွေဟာ တစ်နေရာရောက်
ရင် တစ်ခြားလူလက်ထဲကို တစ်ဆင့်စီ
အပ်ပြီးလွှတ်လိုက်တာပဲ၊ လမ်းမှာကို
လက်ပြောင်းလက်လွှဲတွေအများကြီးပဲ သူ
တို့ ကတော်တော်ကို လူများတယ်၊
အားလုံးလိုလိုကလည်း ရက်စက်တဲ့ လူ
တွေချည်းပဲ”ဟု ခင်မေကပြောလိုက်
လေ၏။

"ဒါနဲ့ နေပါအုံး မိန်းကလေးရဲ့ ကျုပ်မေး
ပါရစေဦး"ဟု လူကြီးကစကားစလိုက်
သည် ။

"မမေးပါနဲ့ဦးလေးရယ်၊ ခင်မေဟာ
ဦးလေးရဲ့ ချစ်သူ ကြီးကြီးသွယ်ရဲ့ တူမ
အရင်းပါ၊ ကြီးကြီးသွယ်ရဲ့ မောင်က မွေး
ခင်မေကလဲ အစကမသိပါဘူး၊
ဦးလေးဆီရောက်တော့မှ ဦးလေးပြောပြ
တဲ့ စကားတွေကို ဆက်စပ်နားထောင်ပြီး
ခင်မေသိတာပါ။ ဒါပေမယ့် ခင်မေဟာ
အသာကလေးမြုံနေခဲ့တာက ဦးလေးကို
သနားလို့ပါ၊ ဦးလေးဟာ ကြီးကြီးသွယ်ရဲ့
တူမဆိုတာ သိသွားရင် ခင်မေ့ကို လက်ခံ
ချင်မှ လက်ခံမယ်မဟုတ်လား၊ အမှန်က
တာ့ ခင်မေမွေးတဲ့ အချိန်မှာ ကြီးကြီး
သွယ်ကို တစ်ခါမှ မမြင်ဖူးပါဘူး"ဟု ခင်
မေက ပြန်၍ ပြောလိုက်ရာ

“တော်တော်ကို ဆန်းတယ်ကွယ်၊
တော်တော်ကြီးကိုဆန်းတယ်၊ သွယ်သွယ်
တို့ ကိုကိုလတ်တို့ နဲ့ ကျုပ်ဟာ လမ်းစပြတ်
သွားတာ နှစ်ပေါင်းကြာခဲ့ပါပြီ၊ ဟော
မိန်းကလေးဟာ တိုက်တိုက်ဆိုင်ဆိုင်ကို
ကျုပ်အိမ်မှာ ခိုလှုံပြီးလျက်သားဖြစ်နေ
တယ်၊ အဲဒီတော့နှစ်ပေါင်းများစွာ ပြတ်
သွားတဲ့ ဇာတ်လမ်းဟာ ပြန်ပြီးဆက်ရ
တော့တာပေါ့၊ ဒီတစ်ခါတော့ ကိုကို
လတ်ဟာ မိန်းကလေးကို မနှောင့်ယှက်
နိုင်တော့ပါဘူး၊ စိတ်ချလက်ချနေပါတော့
မိန်းကလေးရယ်၊ ကျုပ်လေ မိန်းကလေး
ထွက်သွားတဲ့ နေ့ကတည်းကိုက အဲလေ
မိန်းကလေး အဖမ်းခံရတဲ့ နေ့ကတည်းကိုက လိုက်ပြီးရှာခဲ့တာပါ၊ မိန်းကလေးကို
နေ့တိုင်းသတိရနေတယ်" ဟု လူကြီးက
ဆို့နင့်သော လေသံကြီးဖြင့် ပြော လိုက်
လေ၏။

“ ခင်မေလည်း သတိရတာပဲ၊ ဦးကိုကို
လတ်ဆီရောက်တဲ့ နေ့ကစပြီးတော့
ဦးလေးကို သတိရတာနဲ့ ဦးလေးအတွက်
သိုးမွှေးဆွယ်တာ တစ်ထည်ထိုးနေတယ်”
ဟု ခင်မေက ပြောလိုက်လျှင် လူကြီးက
“အရောင်က လိမ္မော်ရောင်မှ ဟုတ်ရဲ့
လား မိန်းကလေးရဲ့ " ဟု ပြန်၍ ပြော
လေ၏။

“ဦးလေးက သိပ်ပြီးမှတ်မိတာပဲနော်”
ဟု ခင်မေကပြန်၍ ပြောလေ၏။

“ခင်မေလဲ ဒီလိုပါပဲဦးလေးရယ်၊
ဦးလေးကိုလဲ မှတ်မိတာပဲ၊ ကောင်းဘို့
ကြီးကိုလဲ မှတ်မိတာပါပဲ၊ ဦးလေးနဲ့ အတူ
မီးလှုံရင်းသောက်ခဲ့ရတဲ့ ကော်ဖီကြမ်းကို
လည်း မှတ်မိတာပဲ၊ ဒါကြောင့် ခင်မေဟာ
ဒီအိမ်ကြီးမှာ နေနေရာတဲ့ ရက်တွေမှာ
လက်ဖက်ရည်မသောက်ဘူး၊
ကော်ဖီကြမ်းကိုပဲသောက်တယ်" ဟု ပြောလိုက်လျှင် လူကြီးက 

" ဒီလိုလား” ဟု ပြန်၍ မေး လိုက်
လေ၏။

“တကယ်ပါဦးလေး၊ ခင်မေဦးလေးကို
နေ့တိုင်းသတိရပါတယ်၊ ဒါပေမယ့်လေ ခု
လိုလိုက်လာ လိမ့်မယ်လို့ မထင်တော့ဘူး၊
ဦးလေဟာမီးလင်းဖိုအနားမှာ
အေးအေးဆေးဆေး ထိုင်ပြီးစာဖတ်နေ
မယ်လို့ ထင်မိတော့တယ်၊ ခင်မေ့ စိတ်ထဲ
မှာ အိပ်မက်လို့တောင်ထင်မိပါတယ်ရှင်"

“အိပ်မက်တယ်ဆိုရင် ပိုပြီးကောင်းတာပေါ့၊ ဒါပေမယ့် အိပ်မက်တွေမဟုတ်ခဲ့ဘူး၊
တကယ်ဖြစ်ခဲ့ကြတာ၊ ဦးကိုကိုလတ်ဟာ
လဲ တစ်ကယ်သေသွားရှာပြီ၊ အဲဒီဦးကိုကို
လတ်ဆိုတဲ့ လူဟာလဲ သွယ်သွယ့်
ယောက်ျားဆိုတာ အိပ်မက် မဟုတ်ဘူး ၊
တကယ်ဖြစ်ခဲ့တာ။
အခုအခါ မိန်းကလေးက ကျုပ်ဆီကို အမှတ်မထင် ရောက်လာတယ်၊ ပြီးတော့ ပျောက်သွား
တယ်၊ ကျုပ်က လူဆိုးလူမိုက်တွေနဲ့ ရှာဖွေခဲ့ရတယ်၊ အဲဒါကြောင့် မိန်းကလေး
ကို ပြန်ရခဲ့တယ်၊ မိန်းကလေးနဲ့ ကျုပ်နဲ့
အခုစကားပြောနေကြပြီ၊ ဒါတွေဟာ
တကယ်ဖြစ်ခဲ့တာ" ဟု လူကြီးက ပြော
လိုက်လေ၏။

“ဟုတ်ပါတယ် ဦးလေးရယ်၊ ကျောက်
တုံးအိမ်ကလေးကော၊ အိမ်ကလေးထဲက
လူကြီးတစ်ယောက်ကော၊ အိမ်ကလေး
နောက်ကကောင်းဘို့မြင်းကြီးကိုကေ
ခင်မေအိပ်မက်မက်ခဲ့တယ်လို့ပဲ ထင်နေ
မိခဲ့တာ၊ ဒါပေမယ့် ခင်မေ အဲဒါတွေ
အားလုံးကို မေ့လို့မရပါဘူး၊ တစ်သက်လုံး
ကျောက်တုံးအိမ်ကလေးထဲမှာ ပဲ ဦးလေး
နဲ့ အတူတူနေမယ်” ဟု ခင်မေက ပြော
လိုက်လေ၏။

“ကောင်းတာပေါ့ မိန်းကလေးရယ်၊
မင်းနေချင်သလိုနေနိုင်ပါတယ်”
လူကြီးက ပြောလျှင် ခင်မေက 
“နေချင်သလိုမနေဘူးဦးလေ၊ ဦးလေးနှလုံးသည်းပွတ်ထဲက ပျောက်ဆုံးသွားတဲ့
ကြီးကြီးသွယ်နေရာမှာ ခင်မေ အစားထိုး ပြီးနေမှာပါ” ဟု တဲ့တိုးကြီးပြောချလိုက်
လေ၏။

“ဟုတ်ပါ့မလား မိန်းကလေးရယ်၊
ကျုပ်ဟာ မိန်းကလေးနဲ့ ရွယ်တူ
ယောက်ျားကလေး တစ်ယောက် မဟုတ်
ဘူး ၊ ကျုပ်ဟာ အဘိုးကြီးတစ်ယောက်
ဖြစ်နေပြီ"ဟု လူကြီးက ပြန်၍ ပြော
လေ၏။

“အဘိုးကြီးဖြစ်သွားပြီ ဟုတ်လား၊ အို
သွားပြီလို့ ပြောတာလား၊ လူတွေဟာ ရုပ်
တွေပဲ အိုတယ်ဆို၊ စိတ်တွေကဘယ်တော့
မအိုဘူးဆို၊ လသာသာညမှာ မြင်းလှည်းစီးတုန်းက နှစ်ပေါင်းနှစ်ဆယ်
လောက် ဆီကိုလည်း စိတ်နဲ့ ပြန်ပြီး
ခရီးသွားလို့ရတယ်ဆို၊ အဲဒီတော့ ဦးလေး
ရယ် ခင်မေက ရောက်မလာသေးတဲ့
အနှစ်နှစ်ဆယ်ကျော်ဆီကို စိတ်နဲ့ ပဲ
ရောက်အောင်လာရမှာလား၊ ဦးလေးကပဲ
ခင်မေရှိတဲ့ အနှစ် နှစ်ဆယ်ကျော်ဆီကို
လာခဲ့မှာလား၊ ကြိုက်တာကို ရွေးချယ်ပါ
ဦးလေး၊ ခင်မေကတော့ ဦးလေးနဲ့ တွေ့ဖို့
ပဲ အရေးကြီးတယ်” ဟု ခင်မေက ပြော
လေ၏။

“တကယ်ပြောတာလား မိန်းကလေး”
ဟု လူကြီးက ပြန်၍ မေးလိုက်လျှင် ခင်
မေက ပြုံးစိစိဖြင့် သူ၏ ဖြူသွယ်သော
လက်ကလေး နှစ်ချောင်းကို ထောင်၍ ပြ
လိုက်လေ၏။ အဓိပ္ပာယ်မှာ “တကယ်’
သာမက ‘နှစ်ကယ်’ ဖြစ်ကြောင်း သိသာ
နိုင်ပေတော့သတည်း။
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း  ၁၈  (ဇာတ်သိမ်းပိုင်း)

*ပြန်ခဲ့ကြပြီ

လူကြီးနှင့် ခင်မေတို့သည် အညာဆန်
လှေကြီးနှင့် အတူ မန္တလေးသို့ လိုက်ပါခဲ့
ကြလေ၏။ မန္တလေးသို့ရောက်လျှင်
လူကြီးသည် ယာခင်းအတွက်သုံးရန်ဖြစ်
သော ဓား၊ ဂေါ်ပြား၊ ပေါက်ချွန်း၊
ပေါက်ပြား၊ ပန်းမျိုးစေ့ စသည် များကို
ဝယ်ယူလေ့ရှိ၏။
ပြီးလျှင် ခင်မေ့အတွက် ဖိနပ်၊ အင်္ကျီစ၊
လုံချည်စများနှင့် သားရေသေတ္တာ
ကလေးတစ်လုံးကိုပါ ဝယ်ယူလေ၏။
ထိုသို့ဝယ်ယူပြီးနောက် ခင်မေအလှပြင်
ရန် ပစ္စည်းများ နှင့် မှန်ကြီးတစ်ချပ်ကို
လည်း ဝယ်ယူလေ၏။
အလုံးစုံဝယ်ယူပြီးသောအခါ၌
ရှမ်းပြည်နယ်သို့ပြန်ခဲ့ကြလေတော့၏။

လူကြီးတို့ သည် မန္တလေးမှ သာစည်သို့ကားစီး၍ သာစည်မှ ရွှေညောင်သို့
ရထားဖြင့် လာခဲ့ခြင်းဖြစ်ပေသည်
လူကြီးတို့ စီးနင်းလိုက်ပါလာသော ရထား
ကြီးသည် ရွှေညောင်ဘူတာသို့ ည(၉)နာရီ
လောက်တွင် မှ ရောက်ရှိခဲ့လေတော့၏။

လူကြီးနှင့် ခင်မေတို့ သည် ပစ္စည်းများ
ကို သယ်ပိုး၍ ကျောက်တုံးအိမ်ကလေးရှိ
ရာသို့ ပြန်ခဲ့လေတော့၏။ ရာသီဥတုမှာ
လွန်စွာအေးလှသည် ဖြစ်ရကား ခင်မေ
သည် ခိုက်ခိုက်တုန်၍ နေလေတော့၏။

"သိပ်ပြီးချမ်းနေသလား မိန်းကလေး"
ဟု လူကြီးကမေးလိုက်လေ၏။

“ချမ်းတာပေါ့ ဦးလေးရယ်”ဟု ခင်မေ
ပြန်၍ ပြောလေ၏။

“အိမ်ရောက်တော့မှာပါကွယ်၊ အိမ်
ရောက်တာနဲ့ မီးမွှေးပြီး မီးလှုံကြတာပေါ့၊
တို့ မှာ ကော်ဖီမှုန့်တွေ သကြားတွေလဲ
ပါလာသားပဲ၊ ကော်ဖီကြမ်းတစ်ခွက်စီ
ဖျော်ပြီး သောက်ကြရင် နွေးသွားမှာပါ”
ဟု လူကြီးက အားပေးစကားပြော
လေ၏။

ခင်မေသည် ကျောက်တုံးအိမ်ကလေး
အား လရောင်အောက်တွင် လှမ်း၍ မြင်ရ
သောအခါ၌ လူကြီး၏ လက်မောင်းကို
ဆွဲ၍လှုပ်ကာ ကလေးငယ်ပမာ
အားရဝမ်းသာ ခုန်၍

“ဦးလေး ဦးလေး၊ ခင်မေတို့ ကျောက်
တုံးအိမ်ကလေးကို လှမ်းပြီး မြင်နေရပြီ"
ဟု ပြောလိုက်လေ၏။

ထို့နောက်၎င်းတို့သည် ကျောက်တုံး
အိမ်ကလေးရှိရာသို့ ခြေလှမ်းကိုသွက်သွက်လှမ်း၍ သွားကြလေတော့၏။
အိမ်ကလေးသို့ သွားရာလမ်းတွင် ရှိသော
သစ်သားတံတားကလေးသို့ အရောက်
တွင် လူကြီးက...

"မိန်းကလေးရဲ့ ဖိနပ်ကလေးတစ်ဖက်
ဟာ ဒီတံတားနားမှာ ကျွတ်ပြီး ကျန်ခဲ့တာ
ပေါ့”ဟု လူကြီးကပြောလိုက်လေ၏။

“ဟုတ်တာပေါ့ ဦးလေးရယ်၊ ခင်မေ ဒီ
နားအရောက်မှာ သူတို့ လက်က ရုန်းပြီး
ထွက်ပြေးတာလေ”ဟု ခင်မေက ပြော
လိုက်လေ၏။

ရှမ်းပြည်နယ်၏ ဆောင်းလေသည် မြူ
နှင်းများကိုသယ်ဆောင်လာရကား ၎င်းတို့
နှစ်ဦး၏ အပေါ်၌ နှင်းဖြူဖြူကလေးများ
သည် တင်၍ပင်နေလေ၏။ လူကြီးသည်
ပခုံးပေါ်မှ ပစ္စည်းများကိုချကာ ကျောက်
တုံးအိမ်ကလေး၏  လှေကားနဘေး၌
ဝှက်၍ ထားခဲ့သော သော့ကလေးကိုယူ
ကာ သော့ခလောက်ကိုဖွင့်လေတော့၏။
သော့ပွင့်သွားသောအခါ၌ အိမ်ကလေး
အတွင်းသို့ နှစ်ယောက်သားဝင်ကြ
လေ၏။

အတွင်းသို့ရောက်လျှင် လူကြီးက
မှန်အိမ်ကိုမီးညှိလေ၏။ ပြီးလျှင်မီးလင်းဖို
ကြီး၌ မီးမွှေးလေတော့၏။ မီးမွှေးပြီး
သောအခါ၌ မီးဖိုပေါ်ရှိသံချိတ်တွင်
ရေနွေးအိုးကြီးကိုချိတ်ကာ ရေနွေးတည်လေ၏။ ခင်မေသည် ချမ်းလွန်း၍ မီးလှုံ
နေလေ၏။

လူကြီးမှာမူ တစ်နှစ်ခန့်ပစ်ထားရ
သော အိမ်ကြီးတွင် ရှုပ်ပွနေသည့်
ပင့်ကူမျှင်များ အမှိုက်သရိုက်များကို
 ‘တဖြောင်းဖြောင်း တဖုန်းဖုန်း' ဖြ
င့် ဖုန်များ ခါလေ၏။

ရေနွေးအိုးဆူသောအခါ၌ ခင်မေက
ကော်ဖီကိုနှပ်၍ ကော်ဖီကြမ်းဖျော်
လေ၏။ ထိုအခါ၌ လူကြီးလည်း
မီးလင်းဖိုအနီးသို့ ရောက် လာပြီးလျှင်
မီးလှုံရင်း ခင်မေရောက်လာသော ညက
ဖတ်လက်စ စာအုပ်ကြီးအား သတိရကာ
မျက်မှန်ဝိုင်းကလေးကိုတပ်၍ စာဖတ်
လေတော့၏။

ခင်မေက ကော်ဖီကြမ်းတစ်ခွက်ငှဲ့၍လူကြီးအား ပေးလေ၏။ လူကြီးလည်း
ခင်မေပေးသော ကော်ဖီကြမ်းကို အရသာ
ခံ၍ သောက်နေလေ၏။

“အားလုံး အစစအရာရာ ဒီအတိုင်းပဲ
နော် ဦးလေး”ဟု ခင်မေကမေးလိုက်
လေ၏။

“ဘာကိုပြောတာလဲ မိန်းကလေး”ဟု
လူကြီးက ပြန်၍ မေးလေ၏။

“ခင်မေရောက်လာတဲ့ ညက ဒီအတိုင်း
ပဲလေ၊ ဦးလေးက ဒီအနားမှာ ထိုင်ပြီး ဒီ
စာအုပ်ကြီးကို ဖတ်နေတယ်၊ ခင်မေက
တိတ်တိတ်ကလေး ရောက်လာပြီး ဒီ
အနားမှာပဲ ထိုင်လိုက်တယ်လေ၊ အခုလဲ
ဒီအတိုင်းပဲမဟုတ်လား၊ ဦးလေးက ဒီ
စာအုပ်ကြီးကိုဖတ်နေတယ်၊ ခင်မေက ဒီ
နားမှာ ထိုင်နေတယ်”ဟု ပြော လိုက်လေ၏။

“ဒါပေါ့ မိန်းကလေးရယ်၊ ဪ ဟို
အထုပ်ထဲမှာ ဘီစကွက်တွေပါတယ်
လေကွယ်၊ မိန်းကလေး စားလေ”ဟု
လူကြီးကပြောလျှင် ခင်မေသည် အထုပ်
အတွင်းမှ ဘီစကွတ်မုန့်ဗူးကို
ထုတ်ယူ၍ ဘီစကွတ်များကိုနှိုက်ကာ ၎င်း
ကိုယ်တိုင်လည်း စား၏။ လူကြီးအား
လည်း ပေးလေ၏။

၎င်းတို့ နှစ်ဦးသည် ဘီစကွတ်နှင့်
ကော်ဖီကြမ်းကို စားသောက်ပြီးနောက်
တစ်ဦးမျက်နှာတစ်ဦး အကြောင်းမဲ့ ကြည့်
ရှုနေကြလေ၏။

ထို့နောက် လူကြီးသည် ထုတ်ပိုးယူလာ
ခဲ့သော ၎င်း၏ တယောကိုထုတ်ကာ ကြိုး
များကို ညှိ၍ တယောထိုးပြလေတော့၏။ပြီးလျှင် လူကြီးက ခင်မေကအား ..
“ဘာသီချင်းနားထောင်မလဲ
မိန်းကလေး”ဟု မေးလေ၏။

“ဟိုသီချင်းလေ၊ ခင်မေရောက်လာတဲ့
အကြောင်း ဦးလေးစပ်ထားတဲ့ သီချင်း
လေ”ဟု ဆိုသဖြင့် လူကြီးက
“ရပါတယ်” ဟု ဆိုကာ

ဟေမန်ဦးမှာ ခြေဦးတည့်ရာ အစချီ
သော ၎င်းကိုယ်တိုင်စပ်ထားသည့်
သီချင်းကို ထိုးပြ လိုက်လေတော့၏။
ထို့နောက် ခင်မေက အိပ်ချင်ပြီဆိုသဖြ
င့် ခင်မေအိပ်စက်ရန်အတွက် ကင်းကော့
ခုတင်ကလေးကို လူကြီးက ပြင်ဆင်ပေး
လေ၏။ ခင်မေသည် ကင်းကော့ ကုတင်
ကလေးပေါ်၌ ကွေးကွေးကလေးတက်၍အိပ် လိုက်လေ၏။

ထိုအခါ၌ လူကြီးသည် ခင်မေ့အပေါ်သို့
ဂွမ်းကပ်ကြီးတစ်တည် လွှမ်းခြုံပေး လိုက်
လေ၏။ ပြီးလျှင် လူကြီးသည် မီးလင်းဖို
ဆီသို့လာ၍ မီးလှုံလေတော့၏။ ထိုအခါ
ခင်မေက လူကြီးရှိရာသို့ ထ၍ လာပြန်
လေ၏။

“အိပ်တော့လေ မိန်းကလေး၊ ဘာဖြစ်
လို့မအိပ်တာတုံး”ဟု လူကြီးကမေးလျှင်
ခင်မေက နှုတ်ခမ်းကလေးစူ၍
“ဘယ်အိပ်မလဲ၊ ဦးလေးမှ မအိပ်သေး
ဘဲ” ဟု ပြန်၍ ပြောလေ၏။

“ကဲ ကဲ သွားအိပ်ပေတော့၊ ဦးလေးလဲ
အိပ်တော့မယ်"ဟု ပြောကာ လူကြီးသည်
မီးလင်းဖို အနီး၌ပင် လှဲချကာအနီးရှိ
အထုပ်တစ်ထုပ်အား ခေါင်းအုံး၍ အိပ်လိုက်လေ၏။

“ဟင် ဦးလေးက ဒီမှာ အိပ်မှာလား"ဟု
ခင်မေကမေးလေ၏။

“အင်းလေ”ဟု လူကြီးက တုံးတိကြီး
ပြန်၍ ဖြေလေ၏။ ခင်မေလည်း လူကြီး
ကိုကြည့်ကာ...

“ဦးလေး ဒီမှာ အိပ်မယ်ဆိုရင် ခင်မေ
လည်း ဒီမှာ အိပ်ရမှာပေါ့”ဟု ဆိုကာ
လူကြီးအနီး၌ပင် အိပ်ချလိုက်လေ၏။
ထို့နောက်ခင်မေသည် လူကြီး၏ ရင်ခွင်အတွင်းသို့ တိုးကပ်၍ သူ၏သွယ်လျသော ကိုယ်လုံး ကလေးအား
လူကြီး၏ ကျယ်ပြန့်သော ရင်ခွင်၌ ပင်
နှစ်မြှုပ်ထားလိုက်လေတော့၏။

လူကြီးလည်း ခင်မေ၏ ကိုယ်လုံး
ကလေးအား ပြန်၍ ဖက်ထား လိုက်
လေ၏။ ခင်မေက သူ၏ လက်ချောင်း
သွယ်သွယ်ကလေးများဖြင့် လူကြီး၏
မျက်နှာတွင် ပေါက်ရောက်လျက်ရှိသည့်လွန်စွာကြမ်းတမ်းသည့် မုတ်ဆိတ်
မွှေး၊ နှုတ်ခမ်းမွှေးများကို ပွတ်သပ်
ကစားရင်း....

“ခင်မေ့ကို တကယ်ချစ်တယ်နော်"ဟုမေး
လိုက်လေ၏။ လူကြီးက ခင်မေ၏
နဖူးကလေးအား နမ်းရှုပ်လိုက်လေ၏။
ခင်မေက တစ်ခစ်ခစ်ရယ်လေ၏။
ထို့နောက်တွင်ကား လူကြီး၏စိတ်သည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်
ဆီသို့ ပြန်လည်ရောက်ရှိသွားလေတော့
သတည်း။

ခင်မေနှင့် လူကြီးတို့ သည် အကြင်လင်မယားအဖြစ်သို့ ရောက်ရှိ
သွားကြလေတော့၏။ ခင်မေသည် လူကြီး
နှင့် နေရသည်မှာ လွန်စွာပျော်မွေ့လေ၏။
လူကြီးလည်း ပြန်လည်နုပျို၍ လန်းဆန်း
လာလေ၏။

ယာခင်းကို အတူလုပ်ကြ၏။ ဈေးနေ့
များကိုအတူသွား၍ ဈေးရောင်းကြ၏။
လသာသောညများ၌ မြင်းလှည်းစီးကြ၏
ပျော်ချင်တိုင်းပျော်၍
နေကြလေ၏။ ကျောက်တုံးအိမ်ကလေးသည် ယခင်က
ကဲ့သို့ မှုန်ကုပ်ကုပ်မနိုင်တော့ဘဲ ချစ်
ဗိမာန်ကလေးဖြစ်၍ လာလေတော့၏။

တစ်နေ့သ၌ ခင်မေသည် လူကြီး၏
မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများကို
ရိတ်၍ ပေးလေ၏။ ပြီးလျှင် လူကြီး၏
ဆံပင်အား ဘီးဖြင့်ရှင်းကာ အုန်းဆီထည့်ပြီးလျှင်ဖြီး၍ ပေးလေ၏။ 

ထိုသို့ ဖြီးပေးရင်း ခင်မေသည် ယောက်ကျားပီသခန့်ခန့်ညားညား ချောမောလှသော လူကြီး၏
မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ 
ခင်မေတော့ ဦးလေးကို ရင်ထဲကနင့်နေ
အောင် ချစ်ပါတယ်"ဟု ပြောလေ၏။

“ဟုတ်တာပေါ့ မိန်းကလေးရယ်၊ ကျုပ်
လည်း ကျုပ်အင်မတန်ချစ်တဲ့ သွယ်သွယ်ကိုယ်စား မိန်းကလေးကို ရလိုက်တာပဲ။
ဘယ်လောက်ချစ်တယ်ဆိုတာတော့
မပြောတတ်လို့ မပြောတော့ပါဘူး၊ ကျုပ်
ပြောတတ်တဲ့ စကားတွေထက် ကျုပ်ချစ်
တာက ပိုပါတယ် မိန်းကလေး”ဟု ပြော
လိုက်ရာ ခင်မေက တခစ်ခစ်ရယ်၍ 

“မပြောတတ်ပေလို့သာပေါ့ ဦးလေးရယ်၊
ပြောများ ပြောတတ်ရင်
ဘယ်လောက်များ နားဝင်ချိုတဲ့ စကားတွေ
ပြောမလဲ မဆိုနိုင်ဘူး။ အခုတောင် ခင်မေရဲ့ အသည်းနှလုံးပေါ်ကို ပျားရည်တွေသွန်ချ
လိုက်သလိုပါပဲ"ဟု ပြောလိုက်လေ၏။

ထိုအချိန်၌ တစ်စုံတစ်ယောက်သည်
ပြတင်းပေါက်ဆီမှ ချောင်းကာ လူကြီး
အား သေနတ်ဖြင့် ချိန်ရွယ်လိုက်လေ၏။
လူကြီးက ကျောခိုင်း၍ နေသဖြင့် မမြင်
လိုက်သော်လည်း ခင်မေကမြင်တွေ့ လိုက်
ရသဖြင့်
“ဦးလေးကိုမပစ်နဲ့ ”ဟု အော်ဟစ်
ပြေး၍ လူကြီးအား တွန်းဖယ်လိုက်
လေ၏။ ထိုအချိန်၌ ပြတင်းပေါက်မှ
သေနတ်သမားလည်း မောင်းဖြုတ်ချ
လိုက်ရာ ခင်မေ့ကို ထိမှန်သွားလေတော့၏။ လူကြီးသည် မီးလင်းဖိုဘေးတွင် ချိတ်ထားသော
သေနတ်ကိုယူ၍ တစ်ခုတည်းသော
ပြတင်းပေါက်အား ကိုယ်လုံးဖြင့်တိုက်
ကာ အပြင်သို့ခုန်ထွက်ပြီးလျှင် ပြန်လှန်
ခုခံပစ်ခတ်လေ၏။ ၎င်းတို့အား လာ
ရောက်ပစ်ခတ်သော သေနတ်သမား၏
နားတင်ကိုထိမှန်၍ လဲကျသွားလေ၏။
အခြားသော သေနတ်သမားသုံးဦး
သည် လူကြီးအားဝိုင်း၍ ပစ်လေ၏။
လူကြီးလည်း မြေပေါ်တွင် လှိမ့်ရင်း ‘တစ်
ဒိုင်းဒိုင်း'ဖြင့် ပစ်ချလိုက်ရာ ထိုသေနတ်
သမားများ ၏ ရင်ဝဆီသို့လူကြီး၏
သေနတ်ကျည်ဆန်များ သည် မြုပ်၍
မြုပ်၍ ဝင်သွားလေတော့၏။

ထိုအခါ လူကြီးသည် လဲကျသေဆုံး
လျက်ရှိသော ရန်သူများ၏ မျက်နှာများ
ကို သေနတ်ဖြင့် “ဒိုင်းကနဲ့ ၊ ဒိုင်းကနဲ'တစ်
ချက်စီထပ်၍ ပစ်ပြီးလျှင် သေနတ်ဖြင့်
လည်း မကျေမချမ်း ထုချလိုက်လေ
တော့၏။

ထို့နောက် ကျောက်တုံးအိမ်ကလေး
အတွင်းသို့ ပြေး၍ ဝင်သွားကား ခင်မေ့
အား ပွေ့၍ ထားလိုက်လေ၏။ ခင်မေ
သည် လေသံတိုးတိုးလေးဖြင့်
“ခင်မေ ဦးလေးနားမှာပဲ နေချင်
တယ်”ဟု ပြောပြီးလျှင် လုံးဝပျော့ခွေ၍
သွားလေတော့၏။ သေနတ်ပစ်မှုကြီး
သည် လည်း လုပ်ကြံသူ တရားခံများ
သေဆုံးသွားပြီဖြစ်သဖြင့် ဟိုလိုလို သည်လိုလိုနှင့်ပင် အမှုပိတ်ခဲ့လေတော့၏။

လူကြီးမှာမူ “ဦးလေးအနားမှာ ပဲ နေ
ချင်ပါတယ်ဆိုသည့် စကားအတိုင်း
၎င်းခြံအတွင်း၌ ပင် အုတ်ဂူသွင်း၍
မြှုပ်နှံလိုက်လေ၏။ ထိုသို့ပြုလုပ်ပြီး
နောက် နေ့စဉ်နေ့တိုင်းလိုလိုပင် ခင်မေ
အုတ်ဂူလေးပေါ်၌ လူကြီးသည် ပန်းပွင့်
ကလေးများကြဲဖြန့်၍ “မိန်းကလေးရေ၊
ဦးလေးတယောထိုးပြမယ်” ဟု ဆိုကာ
လသာသောညများ ၌ တယောထိုးပြလေ့
ရှိလေတော့၏။

ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး များမ
ကြာမီ၌ပင် ၎င်း၏ မိတ်ဆွေခါးကုန်းကြီး
ကိုရင်မောင်သည် လူကြီးထံသို့ရောက်
လာပြီးလျှင်...
“ကျုပ်ကတော့ ခင်ဗျားနဲ့ နေမလို့ လာခဲ့
တာပဲ ဦးကျော်ဇောရေ...”ဟု ဆိုကာ
အတူတကွနေထိုင်လေ၏။ လူကြီးလုပ်
စရာရှိသည့်ကိစ္စများကို ခါးကုန်းကြီး
ကပြုလုပ်ပေးလေ၏။ လူကြီးနှင့် ခင်မေ
တို့ ၏ ချစ်ဗိမာန်ကျောက်တုံးအိမ်ကလေး
လည်း စိုပြည်ခြင်းမရှိတော့ပဲ
ငေါင်စင်းစင်းကြီးဖြစ်၍ သွားလေ
တော့၏။

လူကြီးနှင့် ခါးကုန်းကြီးတို့ သည်
လူသတ်မှုမှ တရားသေလွှတ်မြောက်ခဲ့ကြ
သည် ဖြစ်ရာ ကျောက်တုံးအိမ်ကလေး၌
ပြန်လည်၍ နေထိုင်ခဲ့လေ၏။

နှစ်ယောက်သား အတူတကွယာခင်း
လုပ်ကြ၏။ ဈေးနေ့များတွင် နှစ်ယောက်
သားအတူတကွဈေးရောင်းကြ၏။
ချမ်းအေးသော ရာသီဥတုမျာ ၌ နှစ်
ယောက်သားမီးလှုံကြ၏။
ရှေးဟောင်းနှောင်းဖြစ်များ ပြောဆို
ကွ၏။

ထို့ကြောင့် ထိုအရပ်ဒေသများ တွင်
နေထိုင်ကြသော သူတို့ သည် ဈေးနေ့များ၌
မြင်းလှည်းကြီးတစ်စီးပေါ်တွင်
အသီးအနှံများ တင်ကာ မြင်းကြီးကိုဆွဲ၍
လာလေ့ရှိသော အဘိုးကြီးနှစ်ဦးကို သိကြ
ပေ၏။ တစ်ဦးသောသူမှာ လွန်စွာ
မျက်စိမှုန်၍ မျက်မှန်ဝိုင်းကလေးကို တပ်
ထားပြီးလျှင် လမ်းလျှောက်သောအခါ၌
စမ်းတဝါးဝါးလျှောက်တတ်လေ၏။
ကျန်တစ်ဦးမှာ မူ နဖူးနှင့် မြေကြီးထိလု
မတက် ခါးကုန်းရကား မြင်ရသူအဖို့
ကရုဏာသက်ဖွယ်ကောင်းလေတော့၏။

ထိုခါးကုန်းသောသူသည် နံနက်စောစော
ဈေးနေ့များသို့ လာသောအခါ၌ မှန်အိမ်
ကြီးကို လက်၌ ဆွဲ၍ လာတတ်လေ၏။
ဤနှစ်ဦးမှာ တစ်ခါက လူသတ်မှုကို
ကျူးလွန်ခဲ့သော တရားခံကြီးများ ဖြစ်
သော်လည်း ၎င်းတို့ ၏ အဖြစ်သည် ကား
လွန်စွာသနားစဖွယ်၊ ဆွေးမြည့်ကြေကွဲဖွယ်၊
ရင်နင့်ဖွယ်ကောင်းလေတော့သတည်း။

သဗ်ဗသေတ်တာကမ်မသကာ
မင်းသိင်္ခ