Saturday, October 30, 2010

ကမ္ဘာကြီးကိုထိုင်ကြည့်မယ်

google earth တဲ့ သူကိုအင်စတောလုပ်ပြီး
ကမ္ဘာကြီးကို ကြည့်လို့ ရပါတယ် ။
ကျွန်တော်ကတော့ သဘောကျတယ်။မကြာမကြာကြည့်ဖြစ်တယ်။
ပဲခူးတိုင်း ဝေါမြို့ နယ်ထဲက မထင်မရှား ကျွန်တော်တို့ ရွာလေးကိုတောင်
ရှာလို့ ရတယ်။ လုပ်လိုက်ပါဦး။ ဒေါင်းလော့လေး
ဒီနေရာ
ကနေပေါ့။ ကျေးဇူးတင်ပါ၏ ။

ဖုန်းအတွက် ringtone လေးတွေဖြတ်ရအောင်

ဖုန်းအတွက် ringtone လေးတွေဖြတ်ချင်ရင် ဒီကောင်လေးကိုဒေါင်းလိုက်ပါ။
အစဉ်ပြေပါတယ်။ကျွန်တော်ကိုယ်တိုင်သုံးနေပါတယ်။သုံးရတာလဲလွယ်ပါတယ်။
လုပ်ကြည့်လိုက်ပါဦး ။ဒေါင်းချင်ရင် ဒီနေရာ
ကနေဒေါင်းလိုက်ပါ။
ကျေးဇူးတင်ပါ၏ ........

Teamviewer နဲ့အဝေးကကွန်ပျူတာကို လှမ်းကိုင်မယ်


Teamviewer ကိုဒေါင်းပြီးရင် အဝေးကကွန်ပျူတာထဲကို ၀င်ကြည့်လို့ရပါတယ်။
တစ်နေရာနဲ့တစ်နေရာ အလှမ်းကွာဝေးတဲ့နေရာ မှာရှိတဲ့ကွန်ပျူတာတစ်လုံးကို ကိုယ့်ရဲ့ကွန်ပျူတာကနေလှမ်းပြီး အကူအညီပေးလို့ရသလို .. သင်တန်းသဘောမျိုးလဲ သင်ပေးလို့ရပါတယ်
. Teamviewer မှာ .. ကွန်ပျူတာ Restart တစ်ခါချရင် ID နဲ့ Password
တစ်လုံးပြန်ပြောင်းပါတယ် ..
install လုပ်ပြီးတာနဲ့ သူက account မလုပ်ထားလဲ သုံးလို့ရပါတယ် ..
wait for session ရဲ့အောက်မှာ ID နဲ့ Password ရှိပါတယ် ..
ကိုယ့်ကွန်ပျူတာကို ပေးသုံးစေချင်ရင် အဆိုပါ နှစ်မျိုးစလုံးပေးလိုက်ပါ .
သူဝင်လာလို့ရပါပြီ .. ဒါပေမယ့် သူ့မှာလဲ team viewer ရှိဖို့လိုပါတယ် ..

create session အောက်က ID အကွက်မှာ ကိုဝင်ချင်တဲ့ကွန်ပျူတာရဲ့ ID ကို ရိုက်ထည့်လိုက်
remote support မှာ အမှန်ခြစ်ပေး
connect to partner ကိုနှိပ်လိုက်ပါ .
ခဏစောင့်ပြီးရင် password ရိုက်ထည့်ဖို့ အကွက်ပေါ်လာပါလိမ့်မယ် .
password ကိုရိုက်ထည့်ပေးပြီး enter ကိုနိပ်လိုက်ပါ။.. အဆင်ပြေပြေနဲ့ တစ်ဖက်ကွန်ပျူတာကို ၀င်လို့ရသွားပါပြီ ..
အဲ့ဒီလိုမှ မရခဲ့ရင်
သူ့ဆီက ID ကိုတောင်း
ID ထည့် enter နိပ်
ပြီးရင် password ဆိုတာပေါ်လာရင် သူ့ဆီက
password ကိုတောင်း
password ထည့် enter နိပ်ဒါပါပဲ။
ဒီနေရာ
ကနေဒေါင်းလိုက်ပါ။
မရခဲ့ ရင်http://www.teamviewer.com မှာသာသွားဒေါင်းပေတော့။