Sunday, January 16, 2011

kaspersky 2011ကို ဖရီး၁၀နှစ်သုံးနိုင်ရန်

kaspersky 2011 ကို crack ဖိုင် နဲ့ ဖရီး၁၀နှစ်သုံးလို့ ရအောင် ကိုcatmin ဆိုသူက
http://www.mmitd.com/forum/topics/kaspersky-kaspersky?commentId=225...
ဟောဒီ လင့်မှာ တင်ပေးခဲ့ပါတယ် ။ဒါပေမဲ့ လောလောဆယ် ဒေါင်းလို့မရ ကြဘူးဆိုနေကြလို့ သူ့ဆီကဒေါင်းထားကို ပြန်တင်ပေးထားတာပါ။အစဉ်ပြေမယ်ထင်ပါတယ်။
သူရှင်းပြထားတဲ့ ပုံ တွေကိုလဲပြန်တင်ပေးထားပါတယ်။
kaspersky 2011 ကို

ဒီနေရာ


ကနေဒေါင်းပါ

ပြီးရင်



crack ဖိုင်ကို

ဒီနေရာ


ကနေဒေါင်းပါ

ကျေးဇူးတင်ပါ၏







သူ့ရဲ့ မူရင်းရှင်းပြထားချက်က အောက်ပါအတိုင်းပါ။
1.Kaspersky Anti-Virus.2011 (Kav 11.0.2.556) ကို Trial Version အနေနဲ့ Install လုပ်ပါ

2.Install လုပ်ပြီးရင် Kaspersky Anti-Virus.2011 ကိုဖွင့်လိုက်ပါ

3.Kaspersky Anti-virus 2011 >>> Setting >>> ပုံထဲမှာပြထားတဲ့အတိုင်းသွားပါ >>> Self-Defense >>> Enable Self-Defense ကို အမှန်ခြစ်လေးဖြုတ်လိုက်ပါ.

4.Apply >>> OK ပေးလိုက်ပါ.

ပြီးရင် Screen ညာဘက်အောက်ထောင့် System Tray ထဲကနေ Kaspersky Anti-Virus 2011 ကို Right click ထောက်ပြီး Exit လုပ်လိုက်ပါ

.Kaspersky 2011 crack ကို run ပြီးတော့ Next ဆက်သွားပ

I have read the instructions ကို Marking ပေးပြီး Install ကို click လိုက်ပါ
ခဏစောင့်ပြီးတာနဲ့ Installation Successful ပေါ်လာပါလိမ့်မယ် !!!
Kaspersky Anti-Virus 2011 ကို ဖွင့်ပြီး License သက်တမ်းကိုကြည့်လိုက်ပါ ..ရက်ပေါင်း 3701 ရက်ကျန်နေတာကို တွေ့ရပါလိမ့်မယ်
***အားလုံးပဲအဆင်ပြေပါစေ***
မမြင်ဘူးသောကို catmin အားကျေးဇူးတင်ပါကြောင်း.......

Friday, January 14, 2011

swf-to-video-converterလေးပါ

ကျွန်တော်သွားရင်းလာရင် တွေ့လို့ ပြန်တင်ပေးထားတာပါ။
အခုအခါမှာ Flash လေးဟာလူတော်တော်များများကြိုက်နှစ်သက်ကြလာပါတယ်
Flash သိချင်းတွေဆိုလဲအရမ်းကိုပေါများနေတာပေါ့
ဒါကို Flash သိချင်းတွေကို DVD . VCD နဲ့ ဘန်းပြိ ကြည်ချင်သူတွေအတွက်ပါ
အခု Converter နဲ့ ပြာင်းလို၇မဲ့ Formats တွေကတော့ Flash SWF to AVI, MPEG, iPod video, 3GP video, PSP video, and Image Series including BMP, PNG, GIF, animated GIF, and JPEG.တွေဖြစ်ပါတယ်။
ကောင်းမင်းထက် ဆိုတဲ့ ဆိုက်ကရလာတာပါ
ဒီနေရာ
ကနေဒေါင်းလိုက်ပါ

ကျေးဇူးတင်ပါ၏



Thursday, January 13, 2011

http://problemclean.ning.com မှ ကူးယူသိမ်းဆည်းထားခြင်းဖြစ်ပါတယ်

မင်္ဂလာပါ ခင်များ..


မြန်မာနိုင်ငံအတွက် တိုးတက်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတာဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ
အတွက် ဂုဏ်ယူစရာများသာ ဖြစ်ပါတယ်..၊ အဲဒိအတွက် ခေတ်နောက်ကျ မကျန်ခဲ့စေဖို့ ကျနော်တို့တွေ
စဉ်ဆက်မပြတ် လေ့လာနေကြရပါပြီ... .။ ဒါကြောင့် မြန်မာအိုင်တီအသင်းဝင်များ အတွက်လည်း
နောက်မကျစေရလေအောင် ဒီဆွေးနွေးချက်လေးကို ရေးသားလိုက်ရပါတယ်။ ..
လက်ရှိကျနော်တို့ ကွန်ပြူတာတွေမှာ မြန်မာစာကို တွင်ကျယ်စွာအသုံးပြုနိုင်ဖို့အတွက် Myanmar NLP(Myanmar Natural Language Processing) ၊ ဇော်ဂျီဧရာသံလွင်My Myanmar၊ ပိတောက် ၊ ပုရပိုဒ် စတဲ့ အဖွဲ့များက မြန်မာဖောင့်တွေကို ယူနီကုဒ်ရဲ့ စံချိန် စံညွှန်းမှီဖြစ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်..(လက်တလောမှာတော့ အသုံးများတာက ဇော်ဂျီပေါ့.)၊ အဲလိုကြိုးပမ်းခဲ့ကြရာမှ တစ်စတစ်စ တိုးတက်ပြောင်းလဲလာခဲ့ပြီး ယခုဆိုလျှင် Myanmar NLP မှ ယူနီကုဒ် ၅.၂ စံစနစ်ကို လိုက်နာတဲ့ Myanmar3 ဆိုပြီးထွက်ရှိလို့လာခဲ့ပါပြီ.. ဒါပေမယ့် အရိုးစွဲနေပြီးသား ဇော်ဂျီလက်ကွက်ကနေ မပြောင်းလဲချင်တာကြောင့် ယူနီကုဒ်အစစ် ကိုသုံးဖို့လက်တွန့် နေကြတာတွေရှိပါတယ်.။ အဲဒိအတွက်လည်း ဇော်ဂျီလက်ကွက်အတိုင်း အသုံးပြုလို့ရအောင်ဖန်တီးပေးထား ကြပါတယ်.. နောက်မှ သူ့မူရင်းလက်ကွက်အတိုင်း ဖြည်းဖြည်းချင်း ရိုက်ကြည့်နိုင်ကြမှာပါ..။  မူရင်းလက်ကွက်ရဲ့ အားသာချက်တွေကတော့ ဇော်ဂျီဝမ်းမှာ Tide key နဲ့တွဲသုံးတဲ့ အက္ခရာမျိုးတွေ (ဤ ၊ ၌ ၊ ၍ ၊ ဿ ၊ ပါဌ်ဆင့် များ ၊ စသည်များ)ကို  Shift key နဲ့ သုံးနိုင်ခြင်း ၊ တစ်ချောင်းငင် ၊နှစ်ချောင်းငင် အတိုနဲ့ အရှည်တွေကို (ု၊ူ ) (ု ၊ူ )  Shift key ကို သုံးနေစရာမလိုပဲ တွဲသုံးရမယ့် အက္ခရာ အလိုက် အစဉ်ပြေအောင် ဖန်တီးပေးထားခြင်း. ၊ (ြ -  ၊ြ -- ) တို့ကို key တစ်မျိုးတည်း အသုံးပြုနိုင်ခြင်း ၊ နောက်ပြီး ယခု လက်ရှိမှာ ဇော်ဂျီတို့ဘာတို့မှာ မြန်မာလက်နှိပ်စက် တွေ အတိုင်း ရိုက်ရတဲ့ စာလုံးတွေ ကို တကယ့် စာရေးတဲ့အတိုင်း အသံထွက်ပြီးရေးလို့ရအောင် ဖန်တီးထားခြင်းတို့ စသည့် စသည့် အားသာချက်များ ရှိနေပါပြီ ..။
ဥပမာ
ပြောင်း = သဝေထိုး + ယရစ် + ပစောက် + ရေးချ + င သတ် + ၀စ္စ ၂ လုံးပေါက် (ဇော်ဂျီဝမ်း)
ပြောင်း = သဝေထိုး + ပစောက် + ယရစ် + ရေးချ + င သတ် + ၀စ္စ ၂ လုံးပေါက် (Myanmar3)
ဥပမာအရ ကျနော်တို့ ငယ်ငယ်တုန်းက စာရေးရင် အော်ရေးသလို ရေးကြည့်လိုက်ရင် ဇော်ဂျီ က မှားနေပါတယ်..
ဒီလိုအနေအထားက အားသာချက်တစ်ခုပါပဲ..  ဒါပေမယ့် လက်တလောအခြေအနေမှာ ကျနော်တို့အနေနဲ့ Myanmar3 ယူနီကုဒ် ကို ပြောင်းသုံးပေမယ့် ဇော်ဂျီကိုလည်း ချက်ချင်းကြီး လက်လွှတ်လို့မရနိုင်သေးပါဘူး..
အများစုက ဇော်ဂျီနဲ့ ပဲ အကျွမ်းတ၀င်ဖြစ်နေခဲ့ကြတာကိုး..   
မြန်မာစာအနေနဲ့ ယူနီကုဒ်စံ ထဲမှာ ပါဝင်လာခြင်းက တကယ့်ကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုကြီးပါပဲ.. ကျနော်တို့ တစ်ချိန်က ဇော်ဂျီဝမ်းတို့ ဘာတို့ မပေါ်သေးခင်က Microsoft word တို့ Page Maker တို့မှာ  Win Font တွေ ၊ CE Font တွေ အသုံးပြုခဲ့ကြပါတယ်..သုံးဖူးသူများ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လည်ပတ်ခဲ့ကြဖူးမှာပါ.. စက်တစ်ခုက Win-InnWa နဲ့ ရေးလိုက်တာ ကို တခြား ၀င်းအင်းဝ မရှိတဲ့ စက်မှာ အင်္ဂလိပ်စာလုံး ပေါက်ကရတွေပေါ်တာမျိုးတွေ ၊ Win Font တွေကို CE Font တွေကနေ ပြန်ဖတ်မရတာတွေ၊ ဒ ဓ ရိုက်လို့အဆင်မပြေတာမျိုးတွေ၊ တစ်ချို့ ပါဌ်ဆင့်တွေ ရိုက်ချင်ရင် Alt key နဲ့ နံပါတ်တွေ ကို အလွတ်ကျက်ထားရတာတွေ.. စသဖြင့်  အဲလိုမျိုးပေါ့.. အခြားပြဿနာတွေလည်းရှိပါတယ်..။
တကယ်တော့ ဒီပြဿနာတွေက ကျနော်တို့ အသုံးပြုနေတဲ့ Operating System ကြီးမှာ ယူနီကုဒ်စနစ်ကို သတ်မှတ်ပြီးအသုံးပြုတဲ့ ကိုယ်ပိုင်ဖောင့်မရှိလို့ပါပဲ.. အထူးသဖြင့် (ထိုင်း ၊ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား စသဖြင့်သော)  နိုင်ငံတွေရဲ့ ကွန်ပြူတာတွေမှာ ကိုယ်ပိုင် ဘာသာစကားပါဝင်တဲ့ OS ကို အသုံးပြုနေကြတယ် ဆိုတာ ပြည်ပနိုင်ငံတွေမှာ  နေတဲ့လူတွေ သိကြပါလိမ့်မယ်.. သူတို့ ဘာသာစကားက OS မှာ ပါပြီးသားဖြစ်ပါတယ်.. ကျနော်တို့ ဘာသာစကားလည်း အဲလို ယူနီကုဒ်စံ စနစ်ထဲ ပါဝင်လာပြီဖြစ်တဲ့အတွက် နောက်ပိုင်းမှာ မြန်မာဘာသာစကားကို အသုံးပြုတဲ့ Operating System ကို အသုံးပြုလာနိုင်တော့မှာပါ.. အဲလိုအသုံးပြုလာနိုင်ခြင်းအားဖြင့် အင်တာနက်ပေါ်မှာ စာတွေ ရှာဖွေတာက အစ အင်မတန်လွယ်ကူလာတော့မှာ ဖြစ်ပါတယ်.။ ယခုလက်ရှိမှာလည်း ဇော်ဂျီကို သုံးပြီးရှာလို့ရနေပေမယ့် တိကျမှုမရှိသေးပါဘူး တနည်းအားဖြင့်ပြောရရင် အက္ခရာ အစဉ်လိုက် စဉ်လို့မရနိုင်သေးတဲ့အတွက်ကြောင့်လို့ ပြောရင်ရနိုင်ပါတယ်..။
အခြားသော အားသာချက်တွေ အများကြီးရှိပါသေးတယ်.. လောလောဆယ် Win font တွေနဲ့ပဲ ယှဉ်ပြီး စဉ်းစားကြည့်ရင် အလွယ်သိနိုင်ပါတယ်။  ခုတော့ ယူနီကုဒ် Version 5.2 စံ စနစ်အရ  Code range (Hexadecimal)U + 1000  “က” အက္ခရာ ကနေ 109F ရှမ်းသင်္ကေတ(အက္ခရာ ၍ နဲ့ဆင်တူသော) အထိ သတ်မှတ်ထားပြီးဖြစ်ပါတယ်..။  မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ စကားတွေလည်း ထည့်သွင်းထားပါတယ်.။ []

Myanmar3 unicode Installation

နည်းလမ်း(၁) 
ဒီနေရာမှာ လက်ရှိ update ဖြစ်တဲ့ Myanmar3  font နဲ့ အက္ခရာ ကီးဘုတ်ကို ဒေါင်းလုဒ်ယူပါ။ Install လုပ်ပါ။ 



နည်းလမ်း(၂)

သင့်အနေနဲ့ ဇော်ဂျီလက်ကွက်ပဲ ကျွမ်းကျင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ၊ အဲဒိအတွက်လည်း ဇော်ဂျီလက်ကွက်အတိုင်းပဲ ရိုက်လို့ရအောင် စီမံပေးထားကြပါတယ်၊ အဲလို ရိုက်လို့ရနိုင်ဖို့အတွက်  

၁။ဒီနေရာကနေ NHM ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းလုဒ် လုပ်ဖို့ လိုအပ်ပါတယ်။
၂။ ဒေါင်းလုဒ်ပြီးတာ နဲ့ ကိုယ်ထားချင်တဲ့နေရာမှာ Extract လုပ်ပါ။
၃။NhmWriter.exe ကို run ပါ.. Taskbar ပေါ်ရှိ Tray Icon  မှာ ခေါင်းလောင်းပုံလေးကို တွေ့ရမှာဖြစ်ပါတယ် ။ မောက်စ်နဲ့ ထောက်ကြည့်ပါ (အလွယ်မှတ်ရန် Alt +1 = Myanmar3) ခေါင်းလောင်းလေး အ၀ါရောင်ပြောင်းသွားရင် Myanmar3 ကိုရိုက်လို့ရပါပြီ။ အပေါ်က Tavultesoft KeyMan 6.2  လိုပါပဲ အသုံးပြုရတာချင်းတူပါတယ်... ဒါပေမယ့် .. သူက ဇော်ဂျီလက်ကွက်နဲ့ ရိုက်တာကို Myanmar3 unicode နဲ့ ဖော်ပြပေးနိုင်တာပါပဲ.. ဒီလိုဖော်ပြပေးနိုင်ဖို့အတွက် IT ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရာဗီ ဆိုသူက စည်းမျဉ်းပေါင်း ၁သိန်းကျော် ပါဝင်တဲ့ Keyboard ဖိုင်ကို ဖန်တီးခဲ့ပြီး India က NHM(New Horizon Media) Company မှ တဆင့် အခမဲ့ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။   
သတိထားရန် ---> NHM ကို အသုံးပြုထားချိန်မှာ ဇော်ဂျီကို ပြန်ပြောင်းဖို့ Ctrl + Shift ကို နှိပ်လို့မရပါဘူး. Alt +1 ကိုပြန်နှိပ်မှ ခေါင်းလောင်းလေးက ပြန်မှိန်သွားပြီး ဇော်ဂျီကို အသုံးပြုလို့ရပါမယ်။


နည်းလမ်း(၃)
ဒီနည်းလမ်းကတာ့ အက္ခရာ ကီးဘုတ်ကို အသုံးပြုခြင်းပါ။ 32bits,  64bits ၀င်းဒိုးအကုန်လုံး အတွက်ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်
ဒီနေရာမှာ ဒေါင်းလုဒ်ယူပါ.။  လုပ်ဆောင်ရမယ့်အဆင့်တွေကို ဒီနေရာမှာ လေ့လာကြည့်ပါ.။
လက်ကွက်တွေကတော့ ယူနီကုဒ်တွေဖြစ်တဲ့အတွက် အကုန်အတူတူပါပဲ.. လက်ကွက်ကို ဒီမှာလေ့လာနိုင်ပါတယ်


နည်းလမ်း(၄)
ဒီနေရာမှာ ဒေါင်းလုဒ်ယူပါ.(မူရင်းဆိုဒ်). ပြီးရင် အဲဒိအထဲမှာ Installation.txt လေးကို ဖွင့်ပြီးဖတ်ပါ.။ အဲဒိထဲက ပါတဲ့ Instruction အတိုင်း Install လုပ်သွားပါ။  Install လုပ်ပြီးတာ နဲ့ သူ့ zip ဖိုင်ထဲမှာ Keyboard layout ပါပါတယ်။ ကြည့်ပြီးရိုက်လို့ရပါတယ်၊ ဒါမှမဟုတ် ဒီနေရာကနေလည်း ကြည့်လို့ရပါတယ်။   စမ်းပြီးစရိုက်တော့မယ်ဆိုရင် 
၁။ Note Pad(text document) တစ်ခု ဖွင့်ပါ.။
၂။ Font မှာ Myanmar3 ကို ရွေးပါ ။
၃။ ပြီးရင် Tray Icon နေရာမှာ(ညာဘက်အောက်ထောင့်) Tavultesoft KeyMan 6.2  ကို မောက်စ် တစ်ချက် နှိပ်ပြီး Myanmar3 ကိုရွေးပေးရပါမယ်.။(မရွေးပဲရိုက်ရင် အလွဲတွေပြပါလိမ့်မယ်)
၎။ စမ်းရိုက်ကြည့်ပါ။ အဲဒိအချိန်မှာ အင်္ဂလိပ်ပြန်ပြောင်းချင်ရင် ခုနကTavultesoft KeyMan 6.2 ကနေပဲ ပြန်ပြောင်းရပါမယ်။ 

myanmar3.kmx ကို Windows7 or Vista တွေမှာ Install လုပ်လို့မရရင် အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ပါ။
၁။ Install လုပ်ပြီးသား Keyman ကို Control panel \ Programs and features ထဲကနေ uninstall ပြန်လုပ်ပါ.။
၂။ Myanmar3_Unicode folder ထဲမှာရှိတဲ့ keyman_free_6-2-176-0.exe ကိုRightClick > Properties > Compatibility tab ကို သွားပြီး အောက်က
ပုံအတိုင်း လုပ်ပါ။ ပြီးရင် အိုကေ နှိပ်ပါ။
၃။ ပြီးတာနဲ့ keyman_free_6-2-176-0.exe ကို Install လုပ်ပါ။
၎။ Install ပြီးတာနဲ့ Tray Icon နေရာမှာ ပေါ်လာတဲ့ Tavultesoft Keyman6.2 ကိုright click > Keyman Configuration ကိုရွေးပါ.. ပြီးရင်
အောက်ကပုံအတိုင်း လုပ်ဆောင်ပါ။
(Installed keyboards ထဲမှာ Myanmar3 ဆိုတာ မသွင်းရသေးရင်ရှိမနေပါဘူး ဒီပုံက သွင်းပြီးမှ ရိုက်လိုက်မိလို့ပါ)ပြီးရင် Note pad ဖွင့်ပြီး ပြန်စမ်းကြည့်ပါ။

သင့်အနေနဲ့ အထက်ပါ နည်းလမ်း ၄ ခု အနက်က တစ်ခု မဟုတ် တစ်ခု အဆင်ပြေအောင် လုပ်ရမှာဖြစ်ပါတယ်။

Linux အသုံးပြုသူများအတွက်ကတော့ အကုန်အဆင်ပြေသည်ဟုပြော၍ရနိုင်သည်။ (ကျနော်မစမ်းရသေးပါ)
 Mac OS အသုံးပြုသူများအတွက် Masterpiece unisansကို ဒေါင်းလုဒ် ရယူပါ။

Zawgyi-One ရော Myanmar3 ကိုပါ ဖတ်လို့ရအောင်လုပ်ခြင်း
သင်ဟာ IE user ဖြစ်ခဲ့မယ်ဆိုရင် အပေါ်က နည်းလမ်း(၄) ထဲက Zip ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့ အဲဒိထဲမှာပါတဲ့
Myanmar3_IE.reg ကို install လုပ်ပါ ဒါဆိုရင် အဆင်ပြေပါပြီ....
IE အတွက်နောက်ထပ် အဆင်မပြေသေးရင် Option ထဲမှာ Zawgyi-One ကိုပေးထားရပါမယ်.။ ဒါမှ ဇော်ဂျီရော မြန်မာ၃ကိုရော ဖတ်နိုင်မှာဖြစ်ပါတယ်.. အရင်ကတည်းက ဇော်ဂျီကို ဖတ်လို့မရဘူးဆိုရင်အောက်က css ဖိုင်လေးကို ဒေါင်းလုဒ်ယူပါ.. ဖိုင်အနေနဲ့ ဒေါင်းလုဒ်မရရင်ပေါ်လာတဲ့ ကုဒ်တွေကို Note pad မှာ ထည့်ပြီး .css နဲ့save ပေးပါ.. ပြီးရင် IEကိုဖွင့်ပါ..  Tools >Internet Option>click Accessibility > user style sheet မှာ Format document usingmy style sheet ကို အမှန်ခြစ်ပြီး Browse ကနေတဆင့် ထည့်ပေးပါ..။
  ie.css download

သင်ဟာ Firefox user ဖြစ်နေရင် ဇော်ဂျီရော Myanmar3 ကိုရော ဖတ်ရှုရနိုင်ဖို့အတွက် အောက်ပါအတိုင်းလုပ်ဆောင်ပေးရပါမယ်...
၁။ Firefox Menu > Tools > Options > Content tab မှာ Default Font ကို Zawgyi-One ပေးထားပါ.
၂။ Font Size ဘေးက Advanced button  ကို ထပ်နှိပ်ပါ.. အဲဒိမှာ
Allow pages to choose their own fonts, instead of my selections above” ဆိုတဲ့ စာကြောင်းလေးကို အမှန်ခြစ်ပေးပါ
ဒါဆိုရင် သင့်အနေနဲ့ Mozilla Firefox ကို အသုံးပြုပြီး Zawgyi-One နဲ့ရေးထားတာရော Myanmar3 နဲ့ရေးထားတာကိုရော ဖတ်ရှုလို့ရနိုင်ပါပြီ။ အောက်က ပုံကို ကြည့်ပြီး လုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။


သင်ဟာ Google Chrome အသုံးပြုသူဆိုရင်တော့ အောက်က လင့်ကို နှိပ်လိုက်ပါ
(Parallel Universe by Mad Computerist)
Install ဆိုတာကို နှိပ်လိုက်ပါ ပြီးတာနဲ့ သင့် Google Chrome က Zawgyi ရော Myanmar3 ကိုရော web page တစ်ခုတည်းမှာ ရောရေးထားရင်တောင်မှ ဖတ်လို့ရမှာဖြစ်ပါတယ်။ Crome ရဲ့ Font setting မှာ ၃ခုလုံး ကို Zawgyi-One ပြောင်းပေးထားဖို့လိုအပ်ပြီး ၊ အောက်က Default Encoding မှာ unicode(UTF-8) ကို ရွေးပေးထားဖို့လိုအပ်ပါမယ်.။

သင့်အနေနဲ့ Myanmar3 font design ကို သိပ်မကြိုက်သေးဘူးဆိုရင် Padauk-Zawgyi  ဆိုတာရှိပါသေးတယ်။ ပိုလှတယ်လို့တော့ပြောကြတယ်.. စမ်းကြည့်ပါ။
ဒီနေရာကတော့ ၀င်းမြန်မာ ယူနီကုဒ်ပါ.. သူလည်း သူ့ဟာနဲ့သူလှပါတယ်.. လေ့လာကြည့်ပါ

အပေါ်က အဆင့်တွေအတိုင်း ပြုလုပ်ပြီးရင်
သင့်အနေနဲ့ အောက်ပါ လင့်များကို ၀င်ရောက်လေ့လာပါ။ ကိုးကားထားတဲ့လင့်များလည်းဖြစ်ပါတယ်။
၁။ ယူနီကုဒ် စာစီပုံ သိကောင်းစရာအကျဉ်း
၂။ Install လုပ်ခြင်း
၃။ NHM ထည့်သွင်းခြင်း
၎။ http://nweminthit.blogspot.com/2009/04/source-httpwwwlawka-ahlac...
၅။ http://thetheaye.my-mm.org/2009/06/why-did-unicode-born.html
၆။ http://www.myanmarnlp.net.mm/
၇။ List of Unicode characters
၈။ မြန်မာ ယူနီကုဒ် ဇယား

ဒီနေရာမှာ ဘယ် ဖောင့်တွေက ယူနီကုဒ် စနစ်ကို လိုက်နာတယ်ဆိုတာ လေ့လာနိုင်ပါတယ်။
ဒီနေရာမှာတော့ ဇော်ဂျီနဲ့ ဧရာတို့ ဘာကြောင့် ယူနီကုဒ်မဖြစ်တယ်ဆိုတာကိုလေ့လာနိုင်ပါတယ်။


ဒီနေရာကတော့ ဇော်ဂျီကနေ မြန်မာ၃ ကိုပြောင်းပေးတဲ့ Converter ပါ... ပြောင်းတာတွေက ၉၀% ကျော်မှန်တယ်လို့ဆိုပါတယ်.. တော်တော်လေးလည်း အဆင်ပြေပါတယ်... သုံးကြည့်စေချင်ပါတယ်


Unicode နဲ့ ပက်သက်လို့ နားမလည်သေးသူများအတွက် အကျယ်တ၀င့်ကို ကျနော် အားတဲ့အချိန်တွေမှာ မြန်မာလို ရှင်းလင်းတင်ပြပေးသွားပါမယ် ။ဒီနေရာလေးမှာတော့ မြန်မာ့ယူနီကုဒ်တွေ အကြောင်းကို  မြန်မာလို သေချာလေး ရှင်းလင်းပေးထားတာကို လေ့လာနိုင်ပါတယ်။ လတ်တလော လေ့လာချင်သူများအတွက်ကတော့ wikipedia.com ကနေ တဆင့် လေ့လာပါ။ သိပြီးသား လူတွေအနေနဲ့ကတော့ အချိန်လေးများရှိခဲ့ရင် အောက်က Comment ကနေတဆင့် သင့်ရဲ့ သိထားတတ်ထားတာလေးတွေကို ဆွေးနွေးပေးခဲ့နိုင်ပါတယ်.။

လောလောဆယ် စမ်းသပ်မိတာလေး တစ်ခုကိုဖော်ပြပေးပါ့မယ်.. ဒါလေးက အခု သင်တို့ စပြီး Ning text box မှာ Comment ပေးတော့မယ်ဆိုရင် Myanmar3 ကို ပြောင်းပြီး ရိုက်လို့မရတာလေးတွေ ကြုံကောင်းကြုံနိုင်ပါတယ်.. အဲလို အနေအထားမှာ .. Comment တွေမှာ Myanmar3 နဲ့ ရေးထားတဲ့ စာလုံးအမှန်တစ်ချို့ကို Copy ပြီး  Comment box မှာ Paste လုပ်ပါ. ဥပမာ (ဒီစာသားကိုကော်ပီပါ). ပြီးတာနဲ့ အဲဒိစာတွေကို ပြန်ဖျက်ပြီး Myanmar3 နဲ့ပြန်ရိုက်ကြည့်ပါ.. အဆင်ပြေတာကို တွေ့ရမှာဖြစ်ပါတယ်.

အထက်ပါရေးသားချက်များနဲ့ ပက်သက်လို့ မှားယွင်းနေသည်များ ရှိပါက ကွန်းမန့်တွင် ပြန်လည်ထောက်ပြ ဆွေးနွေးပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ ရေးသားထားသည်များကို နားမလည် မရှင်းလင်းသည်များရှိက လည်း ကွန်းမန့်မှာ မေးမြန်းနိုင်ပါတယ်။.. ကိုယ်တိုင်ဖန်တီးမှုမဟုတ်ပဲ ဖတ်မိသမျှကို ပြန်လည် မျှဝေခြင်း သက်သက် ဖြစ်တဲ့အတွက် အမှားအယွင်းများ ပါရှိပါက သည်းခံကြပါရန်နှင့် ထောက်ပြဆွေးနွေးပေးနိုင်ကြပါရန် ဆန္ဒပြုပါတယ်။

ဖြစ်နိုင်ရင် ကွန်းမန့်တွေမှာ Myanmar3 ကိုသုံးပြီး ပေးကြည့်စေချင်ပါတယ်  :)


January 15 နောက်ပိုင်းမှာ ကျနော်တို့ Myanmar IT Development ဆိုက်ကိုလည်း ဖြည်းဖြည်းချင်း Myanmar3 unicode နဲ့ ပြောင်းလဲ အသုံးပြုသွားမှာဖြစ်ပါတယ်ဆိုတာ ကြိုပြီး အသိပေးထားပါရစေခင်များ။ တခြားဆိုဒ်တွေ တော်တော်များများ ပြောင်းကုန်ကြပါပြီ ၊ ဘလော့ဂါတွေတော်တော်များများလည်း ပြောင်းကုန်ကြပါပြီ ၊ ကျနော်တို့ပဲကျန်ပါတော့တယ် :)

(မှတ်ချက် ။  ။ unicode နှင့် Font ကို ကွဲပြားစွာ နားလည်ဖို့လိုပါသည်။ အထက်ဖော်ပြပါ Myanmar3, Padauk-Zawgyi, WinuniInnWa ... စသဖြင့်တို့သည် Unicode 5.2 စံ စနစ်ကို လိုက်နာသော font များ ဖြစ်သည်ဟု နားလည်ရမည့်ဖြစ်ပါသည်။)