Sunday, November 6, 2022

မိုက်ခဲကျောက်ပွင့် ပ

မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ

အခန်း  ၁
ဇာတ်ထုတ်သည် မောင်ကျောက်ပွင့်
********************************

တစ်နေ့သ၌ ရန်ကုန်ဆိပ်ကမ်း
ကုန်စိမ်းသမ္ဗာန်များ ဆိုက်ကပ်ထားရာ
နေရာသို့  သမ္ဗာန်ကလေးအား အခြား
သောသမ္ဗာန်များက လှမ်းမျှော်၍ ကြည့်ရှု
ကြကုန်၏။ အချိန်မှာ နံနက်စောစော
ဖြစ်၍ ရာသီဥတုမှာ လည်း နှင်းများ ၊ မြူ
များ ဆိုင်းသော ဆောင်းဥတုဖြစ်ပေရာ
လာရောက်ဆိုက်ကပ်မည့် သမ္ဗာန်ကလေး
အား သဲကွဲစွာမမြင်ရကြပေ။

သို့ရာတွင် ထိုသမ္ဗာန်ကလေးလှော်ခတ်လာသည်ကိုမူ အားလုံးလိုလိုက သိနေ
ကြ၏။ အဘယ့်ကြောင့် ဆိုသော် ထိုသမ္မာ
န်ကလေး၏ ဦးပိုင်းတွင် အော်လန်ကြီးပါ
သော ဓာတ်စက်တစ်လုံး ဖွင့်၍ လာသော
ကြောင့် ဖြစ်၏။ သာယာနာပျော်ဖွယ်
ကောင်းသော သီချင်းတစ်ပုဒ်ကို ကမ်းနား
ဆိပ်မှ လူများက ကြားနေရပြီ ဖြစ်၏။
ဓာတ်စက်ဖွင့်၍ လာသော သမ္ဗာန်
ကလေးသည်
မြူများကြားမှ
တဖြည်းဖြည်း ထင်ပေါ်၍ လာလေ၏။
သီချင်းသံမှာ လည်း နီးသည် ထက်နီး၍
လာလေ၏။ ဆိပ်ကမ်းတွင် ဆိုက်ကပ်
ထားသော ကုန်စိမ်းသမ္ဗာန်များမှ လူများ
ထိုဓာတ်စက်ဖွင့်၍ လာသော သမ္ဗာန်
အား စောင့်မျှော်ကြိုဆို နေသကဲ့သို့ ရှိ
လေ၏။

“ဇာတ်ထုတ်သမ္ဗာန် လာပြီဟေ့” ဟူ၍
တစ်ဦးကိုတစ်ဦးအော်ဟစ်၍ သတင်းပေး
ကြကုန်၏။ ငှက်ပျောခိုင်များ တင်ထား
သော သမ္ဗာန်တစ်စီးမှ မိန်းမငယ်တစ်ဦး
ကမူ သမ္ဗာန်ပေါင်းမိုးအတွင်းမှ အပြင်
သို့ထွက်ကာ ခါးကိုထောက်လျက်
ဓာတ်စက်သမ္ဗာန်ဆီသို့ မကျေနပ်သော
မျက်နှာဖြင့် လှမ်း၍ ကြည့်ကာ....။

“ဟွန်း လူလည်ကြီး လာပြီ၊ ဟိုတစ်ခါ
ပြီးလဲမပြီးပဲနဲ့ တို့လို့တန်းလန်းကြီး လုပ်
သွားတယ်၊ ဒီကလူတွေမှာ တော့ ဆန့်တ
ငင်ငင်ဖြစ်ပြီး ကျန်ရစ်ခဲ့တယ်”ဟု လည်း
အပြစ်တင် လိုက်လေ၏။

ထိုအချိန်၌ ပင် ဓာတ်စက်သမ္ဗာန်
ကလေးသည်

ရွှေမြို့တော်စံများ ၊ မခြားမေတ္တာပို့သလျက်ပါ
ဆက်ကာ ရက်မကြာ စည်းစိမ်းတိုးလို့၊
ရွှေမိုး ငွေမိုး သွန်းဖြိုရွာ
XXX
XXX
ပရိသတ်မျှော်ဆဲအခါ၊ တတ်စွမ်းသည့်ပညာ အလိုကျ ဆိုကမှာ ၊ ယခုညရှုကြ
ပါ့××ရွှေပွဲလာ

ဟူသော
နိုင်ငံကျော်မင်းသားကြီး
ဘုရားဒါယိကာ ဦးဘိုးစိန်သီဆိုထားသော
သြဒိဿကဗျာ တေးမေတ္တာ သီချင်းကို ဖွ
င့်လျက်ဆိုက်ကပ် လာလေ၏။

ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော
ကုန်စိမ်းသမ္ဗာန်များမှ လူများမှာလည်း
မင်းသားကြီး ဦးဘိုးစိန်၏ သြဒိဿကဗျာ
တေးမေတ္တာသီချင်းကို အလွတ်ရနေကြ
ပြီး ဖြစ်သည့်အားလျော်စွာ ထို သီချင်း၏ အပိုဒ်တစ်ပိုဒ်ကို ဝိုင်း၍ သံပြိုင်သီဆိုကြလေတော့၏။

စိန်ဝဇီရာ၊ စိန်ဝဇီရာ၊ စိန်ဝဇီရာ
အားစိုက်လို့သာ များကြိုက်ဖို့ ရာ တင်
သောတ တင်သောတ သိင်္ဂီမှာ

ထို့နောက်  သမ္ဗာန်သမားတို့သည်
“ဇာတ်ထုတ်သည် မောင်ကျောက်ပွင့်”ဟု
ဝိုင်းဝန်းအော်ဟစ်၍
နှုတ်ဆက်
ကြကုန်၏။

မောင်ကျောက်ပွင့်လည်း သမ္ဗာန်မှ
ကြိုးစတစ်စကို
ငှက်ပျောလှေပေါ်သို့
လှမ်း၍ ပစ်ပေးလိုက်ရာ ငှက်ပျောလှေ
ပေါ်မှ မိန်းမငယ်ကကြိုးကိုဖမ်းလိုက်
ရင်း

"ဟင်း .. ဟိုတစ်ခေါက်က တို့လို့တန်း
လမ်းကြီး လုပ်သွားတယ်၊ ဒီမှာ ဖြင့် ဆန့်
တငံ့ငံ့ကြီး” ဟု ပြော ဆိုကာ မောင်ကျောက်ပွင့်၏ သမ္ဗာန်ကြိုးကို ငုတ်၌ ဗူး
လက်သီးခတ် ချည်နှောင်ပေးရင်း မောင်
ကျောက်ပွင့်အား မျက်စောင်းတချက် ထိုး
လိုက်လေ၏။

မောင်ကျောက်ပွင့်ကလည်း ခေါင်းတွင်
ပေါင်းထားသော တဘက်ကိုထုတ်၍
မျက်နှာကို သုတ်ရင်း...........

“စိတ်မဆိုးပါနဲ့ လုံမလေးရယ်၊ အဲဒီ
အခေါက်တုန်းက ဓာတ်ပြားကအပြည့်
အစုံ မပါဘူး၊ မြို့ကို လာရတာကလဲ
ကြက်တူရွေးတံဆိပ်ဓာတ်ပြား ချေးချွတ်
ဆေးဝယ်ဖို့ လာခဲ့တာ၊ အခုတော့ လုံမ
လေး ကြိုက်တာပြော၊ ကျိုက်ထီးရိုး
ဇာတ်ထုပ် နားထောင်မလား၊ သိပ်
ကောင်းတာ၊ သဒ္ဒါရုံအောင်မြရင်လဲ ပါ
တယ်ဟေ့၊ အဆိုရော အငိုရောသိပ်ပြီးပိုင်တာ” ဟု ပြော လိုက်လေ၏။

“ဘာဇာတ်ထုတ်ပဲ ဖြစ်ဖြစ်ပါ၊ အစက
အဆုံးပြီးအောင်လုပ်ရင်ကောင်းတာပေါ့တော်၊
ဇာတ်ထုတ်ကဘယ်လောက်ပဲ ကောင်းကောင်း မပြီးဘဲ
နဲ့ တို့လို့တန်းလန်းကြီး ထားသွားမယ် ဆို
ရင်တော့ ဒီကမကြိုက်ဘူး” ဟု ငှက်ပျော
လှေမှ မိန်းမငယ်မှ ပြန်၍ ပြောလိုက်
လေ၏။ ထိုအချိန်၌ အခြားသော လှေမှ
သမ္ဗာန်သမားတစ်ဦးက မောင်ကျောက်ပွ
င့်အား ...

“ဟေ့ မောင်ကျောက်ပွင့်၊ ကျိုက်ထီးရိုး
ဇာတ်ထုတ်မှာ မင်းသားလုပ်တာ ဘယ်သူ
လဲကွ” ဟု လှမ်း၍ မေးလေ၏။

“သဒ္ဒါရုံအောင်မြရင်လေဗျာ” ဟု မောင်
ကျောက်ပွင့်က ပြန်၍ ပြောလေ၏။

“အဆိုအပြော တယ်လဲကောင်းပါလား
မောင်ကျောက်ပွင့်ရယ်" ဟု ထိုသူကပြော
ပြန်၏။

“ကောင်းဆိုဗျာ၊ အောင်မြရင်က
မင်းသားသရဲလေးအောင်စိန်ရဲ့ သမီးလေ
ဗျာ၊ အသံမှာ တော့ မျိုးနဲရိုးနဲ့ လာတာ
တွေပေါ့ဗျာ"ဟု မောင်ကျောက်ပွင့်က
ပြန်၍ ပြောပြောလေ၏။

ထိုအခါ၌ သင်္ဘောသီးသမ္ဗာန်မှ လူက
မောင်ကျောက်ပွင့်အား ...
“မောင်ကျောက်ပွင့်ရေ၊ ဓာတ်ပြား
အသစ်တွေ ဘာတွေ ဝယ်စရာရှိရင်
စောစောဝယ်ထားကွ၊ စောစောက မင်း
ပြောတဲ့ ကြက်တူရွေးတံဆိပ်ဓာတ်ပြား
ချေးချွတ်ဆေးတို့
ဘာတို့လဲ  အလုံအလောက် ဝယ်ထားကွာ၊ ညကျရင် ငါတို့ နားထောင်မယ်ကွ"ဟု လှမ်း၍ ပြောလေ၏။

“အဲဒါပြောမလို့ပဲဗျို့၊
ဓာတ်ပြားလဲအလုံအလောက်ပါတယ်၊ ချေးချွတ်ဆေး
လဲပဲ အလုံအလောက်ပါတယ်၊ ဓာတ်စက်
အပ်လဲပါတယ်၊ ဒါပေမယ့် သံပတ်က မ
ကောင်းတော့ ပြင်တဲ့ ဆိုင်မှာ သွားပြီး
ပြင်ရဦးမယ်ဗျ၊ နှစ်ရက်တောင်ကြာမှာ
ဟု … မောင်ကျောက်ပွင့်က ပြောလိုက်ရာ
သမ္ဗာန်သမားများက...
"လုပ်ပြီ” ဟု ပြိုင်တူ ပြောလိုက်ကြလေ
တော့၏။

ခရမ်းသီးသမ္ဗာန်မှ လူတစ်ယောက်ကမူ
“ ဒီည လဆန်းသုံးရက်နေ့ညဗျ၊ မိုးပေါ်
မှာက လကလေးကလဲ ပုဇွန်တုပ်ကွေးကလေးလို ပေါ်နေမှာ ၊ နှင်းကလေးတွေ
ကလဲ ကျနေမှာ ၊ အဲဒီအချိန်မှာ ကို
ကျောက်ပွင့်ရဲ့ သမ္ဗာန်က ဇာတ်ထုပ်
ကောင်းကောင်း ကလေးကို ပွဲစားကြီးဦး
စံဘရဲ့ပွဲရုံက ရွှေဖီမိုးလွတ်လက်ဖက်ခြောက် ခတ်ထား
တဲ့ ရေနွေးကြမ်းအိုးနဲ့ ဇိမ်ခံမလား မှတ်ပါ
တယ်ဗျာ၊ ကိုကျောက်ပွင့်လုပ်လိုက်မှ ဖြင့်
ဒီလိုချည်းပဲ၊ အရသာပျက်လိုက်တာဗျာ”

ဟု ညည်းညူလိုက်ရာ ကျန်သော သမ္ဗာန်
သမားများကပါ `ဝေါ`ကနဲ့ ဝိုင်း၍ ရယ်
လိုက်ကြလေ၏။

ငှက်ပျောသမ္ဗာန်မှ မိန်းမငယ်ကမူ
“သူက ဒီလိုချည်းပဲ၊ အရသာပျက်အောင်
အမြဲတမ်းလုပ်တတ်တယ်”ဟု ... လှမ်း၍
ရန်တွေ့လေ၏။

ထိုအခါကျမှ ပင် မောင်ကျောက်ပွင့်က

“အလကား ပြောတာပါဗျာ၊ သံပတ်လဲ
မပြတ်ပါဘူး၊ ဓာတ်ပြားလဲ အပြည့်အစုံပါ
ပါတယ်၊ အပ်ဆိုတာကတော့ သုံးဗူး
တောင်ရှိတယ်၊ ချေးချွတ်ဆေးကလဲ နှစ်
ပုလင်းတောင်ရှိတယ်ဗျာ၊ ခင်ဗျားတို့ သ
မ္ဗာန်တွေအားလုံး မိုးအလင်းနားထောင်
စေရမယ်”ဟု ပြောလိုက်မှပင် ကုန်စိမ်း
သမ္ဗာန် သမားများက...

“ဒီလိုလုပ်စမ်းပါ …မောင်ကျောက်ပွင့်
ရယ်” ဟု ဝိုင်း၍ အော်ဟစ်ကြကုန်၏။

မောင်ကျောက်ပွင့်ကလည်း အနီးရှိ
ငှက်ပျောသမ္ဗာန်မှ မျက်စောင်းတခဲခဲလုပ်
နေသော မိန်းမငယ်အား သမ္ဗာန်နှင့် တကွ
ဓာတ်စက်ကိုပါအပ်နှံ၍ လွယ်အိတ်ကလေးကို လွယ်ကာ သမ္ဗာန်ပေါ်မှ
ဆင်း၍ ကမ်းပေါ်သို့ တက်သွားလေ
တော့သည် ။

(မှတ်ချက်။ ။ ထိုအချိန်က ၎င်းမောင်
ကျောက်ပွင့်ကဲ့သို့ မြစ်ရိုးတစ်လျှောက်
တွင် ရှိသော ကျေးရွာများ အား လှည့်
လည်၍ ငွေကောက်ခံကာ ဓာတ်စက်
သီချင်းများ ၊ ဓာတ်စက်ဇာတ်ထုတ်များ ၊
ဇာတ်လမ်းများကိုဖွင့်၍
အသက်မွေးဝမ်းကျောင်းပြုသော လူအ
ချို့လည်း မြစ်ဝကျွန်းပေါ်ဒေသများ ၌ ရှိ
ခဲ့ဖူးပါသည်။ ၎င်းမောင်ကျောက်ပွင့်
အထက်တွင် ပြောဆိုခဲ့သော ဓာတ်ပြား
ချေးချွတ်ဆေးဆိုသည် မှာ ဓာတ်ပြားများ
သည် ဖွင့်ဖန်များ သောအခါ၌ ဓာတ်စက်
ဖွင့်သောသူသည် ဓာတ်စက်အပ်ကို ပထမ ဆုံးစစ်ဆေးရပါသည် ။ ဓာတ်စက်
အပ်တုံးလျှင် ဤသို့ဖြစ်တတ်ပါသည် ။
ထို့ကြောင့် ဓာတ်စက်အပ်လည်း မ
တုံးပါပဲလျှက် … အသံမကြည်မလင်ဖြစ်
သောအခါများ ၌ ဓာတ်ပြားချေးချွတ်
ဆေးကို အသုံးပြုရပါသည် ။ ထို
ခေတ်ကာလ … ဓာတ်ပြားချေးချွတ်ဆေး
ရောင်းသော ဆိုင်အမြောက်အမြားရှိ
သကဲ့သို့ ချေးချွတ်ဆေးများ လည်း
တံဆိပ်အမျိုးမျိုးနှင့် ထွက်ခဲ့ပါသည် ။
ထိုချေးချွတ်ဆေးများ
အနက်
ကြက်တူရွေးတံဆိပ် ချေးချွတ်ဆေးမှာ မူ
လူသိအများ ဆုံးနှင့် လူသုံးအများ ဆုံး
ဖြစ်ပေရာ ယခုခေတ်ငယ်ရွယ်သူများ
အနေနှင့် ဗဟု သုတရရှိစေရန်အတွက်
ကျွန်ုပ်အနေနှင့် နှစ်ပေါင်းများစွာသိမ်းဆည်းထားခဲ့သော ဓာတ်ပြားချေး
ချွတ်ဆေး ကြော်ငြာကလေးတစ်ခုကို
စေတနာရှေ့ထား၍ ထည့်သွင်း ဖော်ပြ
လိုက်ပေသည် ။

စာရေးသူ

ညပိုင်းသို့ရောက်လျှင် မောင်ကျောက်ပွ
င့်သည် ၎င်း၏ ဓာတ်စက်ကို သံပတ်ပေး
လေတော့၏။ အနီးအနား သမ္ဗာန်များမှ
လည်း သီချင်းနားထောင်ရန်အတွက် အသင့်ပြင်၍ နေကြလေ၏။ မြူနှင်းများ
သည် အုံ့ဆိုင်းနေသဖြင့် သမ္ဗာန်များ ပေါ်
မှ လူများ သည် စောင်များကိုခြုံ၍ ထား
ကွလေ၏။

လကလေးမှာ နှင်းမှုန်များကြားမှ
မှုန်ဝါးဝါးအလင်းရောင်ပေးလျက်ရှိ
လေ၏။ ခရမ်းသီး သမ္ဗာန်မှ လူက
မောင်ကျောက်ပွင့်အား
“ဘယ်လိုလဲကိုယ်လူရဲ့ ၊ မြန်မြန်လုပ်
စမ်းပါ၊ နားထောင်ချင်လှပြီ” ဟု လှမ်း၍
ပြော လိုက်လေ၏။ မောင်ကျောက်ပွင့်က
လည်း

“နားထောင်ရမှာ … ပေါ့ဗျာ၊ ဒီမှာ
ဓာတ်စက်ကိုသံပတ်ပေးထားတုန်းရှိသေး
တယ်ဗျ” ဟု ပြန်၍ ပြောလိုက်လေ၏။
ထိုအချိန်၌ မြစ်လယ်ဘက်ဆီမှ တယောသံကလေးကို အားလုံးလိုလို
ကြားလိုက်ကြရလေ၏။

တယောသမားသည် … တယော၏ ဘယ်ကြိုးများကို အသုံးပြု၍
ထိုးလိုက်ခြင်းကြောင့် တယောသံသည် ခပ်သြသြကြီး ထွက်၍
နေလေ၏။ သို့ရာတွင် လက်ပေါက်စိပ်
ခြင်း၊ ဘိုးဆွဲကောင်းခြင်း၊ အရှိုက်အဟိုက်
ကောင်းခြင်းတို့ ကြောင့် တယောသံနှင့် မ
တူပဲ … ငွေနှဲကြီးကို ဆွဲဆွဲငင်ငင်မှုတ်၍
နေသည် နှင့်သာ တူလေတော့၏။ ထို
အသံမျိုးသည် လူတို့ ၏ ဘဝင်ကို
တစ်နည်းတစ်ဖုံအားဖြင့် လှုပ်ခပ်နိုင်စွမ်း
ရှိပေရာ မောင်ကျောက်ပွင့် ဓာတ်စက်ကို
နားထောင်ရန် အသင့်ဖြစ်နေသော နား
အပေါင်းတို့ သည် ရေလယ်ဆီမှ ဆောင်း
လေနှင့် အတူလွင့်မျောလာသော ငွေနှဲကြီး၏ အသံနှင့် တူသည့် တယောသံဆီ
သို့ စွင့်၍ နေကြလေ၏။

တယောသံသည် နီးသည် ထက် နီး၍ လာလေ၏။
ထိုသို့နီးလာရခြင်းမှာ တယောသမားသည် ဘောက်တူကလေး
တစ်စီးပေါ်၌ လိုက်ပါရင်း တယောထိုး
လာသောကြောင့်
ဖြစ်၏။

တယောသမား၏ လက်သံသည် ကောင်း
လွန်းသောကြောင့် သမ္ဗာန်များ ပေါ်မှ လူ
များ သည် တယောသံလာရာ မြစ်လယ်ဆီ
သို့ လည်တိုင်များ ဆန့်တန်းကာ မျှော်လင့်
နေကြလေ၏။

တယောသံသည် တစ်စတစ်စနီး၍
လာလေ၏။ ထိုသို့ နီး၍ လာသည် နှင့်
အမျှ နားထောင်ရသူအဖို့ ပို၍ ပို၍ ပင်
နားအရသာ ရှိ လာလေတော့၏။ တစ်ဖန်တယောသံနှင့် အတူ အသံဝါဝါကြီးနှင့်
ပိုင်ပိုင်နိုင်နိုင် သီဆိုလာသော သီချင်းသံ
ကိုပါ ကြားရလေတော့၏။

တယောသမားပါလာသော ဘောက်တူ
ကလေးသည် ကုန်စိမ်းသမ္ဗာန်များ ဆိုက်
ထားရာ အကြားသို့ ခေါင်းထိုး၍ ဝင် လာ
လေ၏။ ဘောက်တူကလေး၏ ပဲ့ပိုင်း၌ လူ
တစ်ယောက်ကလှော်ခတ်၍
ဦးပိုင်း၌
မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများ ထူထပ်
လှသော လူကြီးတစ်ဦးသည် ပုဆစ်တုပ်
ထိုင်လျက် ဟွန်းတယောကိုထိုးရင်း
လိုက်ပါလာသည် ကို လရောင်အောက်၌
မှုန်ဝါးဝါး တွေ့မြင်ရလေ၏။

“ညအခါ လသာ ပုံတစ်ပုံပြောမယ်၊
နားထောင်မလားကွယ်၊
အများ
တောင်ကြားဝယ်၊ ရှေးရှေးတုန်းက ရိုး အနီး အဘိုးကြီးအမယ်ကြီးရယ်၊ ဘာအဝတ်
မဆို ခဝါဖွပ်လို့ စားသောက်ကြတယ်
သဖန်းသီးနီနီကြီးရယ် … ရေလယ်
ကြောက မျောလို့လာတယ်"
XXX

အထက်ပါသီချင်းကို ဘောက်တူပေါ်မှ
တယောသမားလူကြီးက အသံဝါ အသံကြ
ကြီးဖြင့် သီဆိုရင်း လိုက်ပါ လာလေ၏။
ဘောက်တူဆိုက်သောအခါ၌ ထိုလူကြီး
သည် လွန်စွာကြီးမားသော လွယ်အိတ်
ကြီးကို လွယ်လျက် ၎င်း၏ ဟွန်းတယော
ကြီးကို ကိုင်ကာ ဘောက်တူပေါ်မှ ဆင်း၍
ကမ်းပေါ်သို့ တက်သွားလေတော့၏။

ထို့နောက် ရေနံဆီမီးခွက်ကြီးကို
ထမင်းအိုး၊ ဟင်းအိုးနှင့် အတူရွက်၍ လာ
သော ထမင်းသည် မိန်းမတစ်ဦးက သမ္မာ
န်များ ဘက်သို့ လှည့်ကာ .
ထမင်းနဲ့ ဟင်းစုံပါတယ်။ ကြက်သား ဝက်သား ဆိတ်ကလီစာ ငါးပိချက်၊
ငါးသလောက်ပေါင်း၊ ချဉ်ပေါင်းကြော်"ဟု
အော်ဟစ်လေ၏။

ထိုအခါ၌ တယောသမားလူကြီးက
“ထမင်းနဲ့ ချဉ်ပေါင်ကြော်လေး တစ်
ပြားဖိုးလောက် ပေးပါဗျာ"ဟု ... အိတ်
အတွင်းမှ
ပိုက်ဆံတစ်ပြားကို
ကြိုးစားပမ်းစား ရှာဖွေလျက် ထမင်း
သည် မိန်းမငယ်အား ပေးရင်း ပြော လိုက်
လေ၏။

“တစ်ပြားဖိုးဆိုရင် ပန်းကန်နဲ့ မကျွေး
နိုင်ဘူး"ဟု ဈေးသည် က ပြော လိုက်
လေ၏။

“ဖက်နဲ့
ပဲပေးပါ”ဟု
တယောသမားကြီးက ပြောလျှင် ထမင်း
သည် မိန်းမသည် ၎င်း၏ ထမင်းဗန်းကြီး
ကို ချလျက် ငှက်ပျောရွက်ပေါ်၌ ထမင်းကို
ပုံကာ ထိုထမင်းပုံပေါ်တွင် ချဉ်ပေါင်
ကြော်အနည်းငယ်ကို ထပ်၍ ပုံပေး လိုက်
လေ၏။

ထို့နောက် ထမင်းဗန်းကိုရွက်၍ ထွက်
သွားလေတော့၏။ တယောသမားကြီးမှာ
မူ ဆောင့်ကြောင့် ထိုင်လျက် ထမင်းကို
မြိန်ရှက်စွာစားရင်း ကျန်ရစ်ခဲ့လေ
တော့၏။

ထို့နောက်တွင် ကား တယောသမား
ကြီးသည် ကမ်းနားစပ်သို့ဆင်းကာ လက်
ကိုဆေးလျက် ၎င်း၏ လုံချည်နှင့် ပင်
လက်သုတ်လိုက်ပြီးနောက် ထိုနေရာမှ
ထွက်သွားလေတော့၏။ တယောသမား
ကြီး ထွက်သွားပြီး များ မကြာမီ၌ ပင်ကြိုက်ချင်ချင် ဓာတ်ပြားသီချင်းသည်
သာယာငြိမ့်ငြောင်းစွာ ထွက်ပေါ်၍ လာ
လေ၏။

“လှတာကို အနှိပ်ကြီးထင်

ကျွန်မက စိတ်ကြီးဝင် 

လင်ယူပါမယ်ရှင်

ဟန်မာရီ စံပယ်အုံးရယ်က အဆုံးတိုင်
မျှော်ပါသရှင် 

မေတ္တာမျှခဲ့ပါရင်၊ မလှ လှလှ ကျွန်မက
ကြိုက်ချင်ချင် XXX

သီချင်းဆုံးသွားသောအခါ၌ သမ္ဗာန်ပေါ်
မှ နားထောင်နေကြသော လူများက

“သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်၊
ဟန်မာရီစံပယ်အုန်း
သိပ်ကောင်းတယ် "ဟု လက်ခုပ်တီး၍ သြဘာပေးလိုက်ကြကုန်၏။

(မှတ်ချက် ။ ။ ဟန်မာရီစံပယ်အုန်း
ဆိုသည် မှာ ထိုခေတ် ထိုကာလက
နာမည်လွန်စွာကြီးသော တေးသံရှင်တစ်
ဦး ဖြစ်ပေသည် ။ ထိုခေတ်ကို သိမီခြင်း
မရှိလိုက်ရသော လူငယ်များ အတွက်
'ဟန်ကုမ္ပဏီ'မှ ကြော်ငြာခဲ့သော ဟန်မာ
ရီစံပယ်အုန်း၏
ကြော်ငြာဓာတ်ပုံကို
ရှာဖွေ၍ တင်ပြလိုက်ပါသည် ။

စာရေးသူ

ထိုအချိန်၌ ဆူလမန်ဆိုသော မုတ်ဆိတ်
မွှေးနှင့် လူတစ်ယောက်အား မြန်မာသုံး
ယောက်က ခြံရံလျက် မောင်ကျောက်ပွင့်တို့ ၏ သမ္ဗာန်ဆိုက်ထားရာ နေရာသို့
ရောက်ရှိလာလေတော့၏။ ဆူလမန်က
၎င်း၏ တပည့် မြန်မာတစ်ယောက်အား

“ဟေ့ ညိုကြီး၊ ဒိသမ္ဗာန်တွေမှာ ပိုက်ဆံ
ကောက်ပြီးပြီလား"ဟု မေးလေ၏။ ညို
ကြီးက 
"မကောက်ရသေးပါဘူး ဆရာကြီး”ဟု
ပြန်၍ ပြောလေ၏။

“မင်းတို့ က တယ်လဲပေါ့လျော့တာကိုး
ကွ"ဟု ဆူလမန်က ပြန်၍ ပြောလေ၏။

“ဒီသမ္ဗာန်တွေက နေဝင်မှ ဆိုက်လာ
ကြတာဆရာရဲ့ "ဟု ညိုကြီးက ဆင်ခြေ
ပေးလေ၏။

“မင်းတို့ ကိုပြောလိုက်ရင် ဒီလိုချည်းပဲ၊ဆင်ခြေဆင်လက်တွေနဲ့ ”ဟု ဆူလမန်က
ကြိမ်းမောင်း လိုက်လေ၏။

ဆူလမန်ဆိုသူသည်
ထိုနေရာတစ်ဝိုက်၌ မိုက်ကြေးခွဲ၍ စားနေသောလူမိုက်တစ်ဦးဖြစ်ပေသည်။ ၎င်းသည်
ဂါတ်ကိုလည်း ငွေပေး၍ ပေါင်းထားသဖြ
င့် မိုက်ချင်တိုင်း မိုက်နိုင်ခွင့်လိုင်စင်ကို
ရထားဘိသကဲ့သို့ ရှိလေ၏။

၎င်း၏ တပည့်များ သည် သမ္ဗာန်များ
ဆိုက်လာသည့်အခါ၌ မည်သည့်အခကြေးငွေဟု ခေါင်းစဉ်မတပ်ပဲ ငွေများ
ကို လိုက်လံကောက်ခံလေ၏။ မပေးသော
သမ္ဗာန်များ အား ရိုက်မောင်း ပုတ်မောင်း
လုပ်၍ ကမ်း၌ ဆိုက်ကပ်ခွင့် မပြုဘဲ
မောင်းထုတ်တတ်လေ၏။

တစ်ခါတစ်ရံတွင် ဆူလမန်သည် ညဦးပိုင်း၌ အရက်ကလေးကို ရေချိန်ကိုက်ရုံမျှ
သောက်ပြီးလျှင် သမ္ဗာန်ဆိပ်သို့ဆင်း၍
လာကာ ပျော်ပါးရန်တွက် မိန်းမပျက်များ
ကို ကိုယ်တိုင်ကိုယ်ကြပ် ရှာဖွေတတ်
လေ၏။ မိန်းမပျက်များမှာ လည်း မည်သို့
ဖြစ်သည် မသိ၊ တစ်ခါတစ်ရံ၌ ကုန်းပေါ်
တွင် ကျက်မစားပဲ ရေလယ်ကောင်၌ သ
မ္ဗာန်နှင့် ကျက်စားတတ်သည် လည်း
ရှိ၏။

ယခုလည်း ဆူလမန်သည် ပျော်းပါးရန်
အတွက် ပျော်ဘက်ရှာရန် သမ္ဗာန်ဆိပ်သို့
၎င်း၏ တပည့်ကျော် ညိုကြီး၊ သန်းရွှေ၊
စန်းအောင်ဆိုသည့် လူသုံးယောက်နှင့်
အတူ တိုင်းခန်းလှည့်လည်လာခြင်း ဖြစ်
ပေသည် ။ ဆူလမန်သည် ၎င်းတပည့် ညို
ကြီးအား သမ္ဗာန်များ ဆီသို့ မိုက်ကြေးကောက်ခံရန် စေလွှတ်ပြီးနောက် ၎င်း
ကိုယ်တိုင်ကမူ ငှက်ပျောသီး သမ္ဗာန်အား
မျက်စိကျ၍ နေလေ၏။

ငှက်ပျောသီး သမ္ဗာန်၏ နောက်မြီးတွင်
မိန်းမငယ်တစ်ဦးသည် ဆံပင်နောက်တွဲ
ကလေးထုံးလျက် ထိုင်နေသည်ကို
ကောင်းစွာမြင်ရလေ၏။ ထိုမိန်းကလေး
မှာ မောင်ကျောက်ပွင့်အား ရန်တွေ့ခဲ့
သော မိန်းကလေးဖြစ်ပေသည် ။

ဆူလမန်သည် ထိုမိန်းကလေးရှိရာ
သမာန်ဆီသို့ဆင်း၍လာလေ၏။
မိန်းကလေး၏ ဖခင်သည် ရေနွေးကြမ်း
အိုး တည်နေရာမှ မုတ်ဆိတ်ဖားဖားဖြင့်
ဆိတ်သတ္တဝါကဲ့သို့ အကြည့်ဆိုးလှသော
သူတစ်ဦး ၎င်း၏ သမ္ဗာန်ဆီသို့ ဆင်းလာ
ခြင်းအတွက် ကျက်သရေမင်္ဂလာမရှိဟု
ယူဆကာ

"ယံ ဒုဒ္ဓိမိတ္တံ အဝ မင်္ဂလဉ္စ"အစရှိသော
ပရိတ်ဆော်ကို ရွတ်ဆိုလေ၏။

ဆူလမန်သည် လှေပေါ်သို့ တက်ကာ
“အဘိုးကြီး … ဘာတွေရွတ်နေတာလဲ”
ဟု လှမ်း၍ မေးလေ၏။ အဘိုးကြီးက
တစ်စုံတစ်ရာ ပြောဆိုခြင်းမပြုဘဲ
“ဘာကိစ္စလဲ”ဟု မေးလေ၏။

“တော်တော်ရိုင်းတဲ့ အဘိုးကြီးပဲ၊ ကျုပ်
လိုပုဂ္ဂိုလ်တစ်ဦး ခင်ဗျားလှေပေါ်ကို လာ
ပြီး လည်တာဟာ ခင်ဗျားအတွက်
ဘယ်လောက်ဂုဏ်ရှိသွားတယ်ဆိုတာ
သိရှာဘဲကိုး” ဟု ဆူလမန်က ပြော
လေ၏။

“ကျုပ် ဘာဂုဏ်မှမလိုချင်ဘူး၊
ငှက်ပျောသီးရောင်းဖို့လာတာ၊
ငှက်ပျောသီးရောင်းပြီးရင် ကျုပ်အလုပ်
ပြီးတာပဲ” ဟု အဘိုးကြီးက ခပ်ပြတ်ပြတ်
ပြန်၍ ပြောလေ၏။ ထိုအခါ၌ ဆူလမန်၏
တပည့် မြန်မာနှစ်ဦးက အဘိုးကြီးအား 

“တယ်ခက်တဲ့ အဘိုးကြီးပဲ၊ ဆရာဆူလ
မန်အကြောင်း ခင်ဗျားမကြားဖူးဘူးထင်
တယ်။ လမ်းမတော်ဘက်မှာ ဖိုးတုတ်၊
အနောက်ပိုင်းမှာ ဘိုးဆင်၊ ဗိုလ်တထောင်
မှာငမိုးတို့ ဘုန်းကြီးသလို ဟောဒီ
ကမ်းနားပိုင်း သမ္ဗာန်တွေမှာ ဆရာဆူလ
မန်တဲ့ ၊ စကားကိုကြည့်ပြော အဘိုးကြီး၊
အသက်ကြီးမှ အသားနာနေဦးမယ်” ဟု
ပြောလေ၏။ ထိုအခါ၌ ဆရာဆူလမန်က

“မင်းတို့ ကလဲကွာ ... ဒီလိုမပြောပါနဲ့ ၊
ဟိုသမ္ဗန်နောက်မှာ ထိုင်နေတဲ့ ညီမလေး
နဲ့ မိတ်ဆွေ ဖြစ်ချင်လို့ လာခဲ့တာပါ။ ငါ့ကို
သိပ်ပြီး ကြောက်သွားပါဦးမယ်” ဟု ပြော
လေ၏။

သမ္ဗာန်သမားများသည် လူမိုက်ဆူလ
မန်နှင့် ၎င်း၏ တပည့်များက မိမိတို့နှင့်
ဈေးရောင်းဖော်ဈေးရောင်းဖက်ဖြစ်သော
ငှက်ပျောသမ္ဗာန်မှ မိန်းကလေးသားအဖ
အား ဆူလမန်တို့ လူစုက ဗိုလ်ကျ အနိုင်
ကျင့်ရန် အစပျိုးနေကြသည် ကို တွေ့မြင်
ရပါလျက် မိမိတို့ နှင့် မဆိုင်သကဲ့သို့
လက်ပိုက်၍ ကြည့်နေကြ၏။

ငှက်ပျောလှေ၏ နောက်မြီးပေါ်မှ
မိန်းကလေးသည် ရှက်ခြင်း၊ ဒေါသထွက်
ခြင်းတို့ ကြောင့် အသားများ
တဆတ်ဆတ်တုန်၍ နေ၏။

ထို့ကြောင့် မိန်းကလေးက ဆူလမန်အား
"ခွေးစကားလာမပြောနဲ့
ခွေမျိုး
ယီးတီးယားတားမလုပ်နဲ့ ဓားနဲ့ ရင်ဝကို
ထိုးချလိုက်မယ်။ ဘာမှတ်သလဲ၊ ငှက်ပျော
ကျွန်း ခတ္တိယသူအစစ်” ဟု ဆိုကာ
ငှက်ပျောခိုင် လှီးသောဓားကို ကျစ်ကျစ်ပါ
အောင် ဆုပ်ထား လိုက်လေ၏။

၎င်းတို့ နှင့် လှေချင်းကပ်လျက်ရှိသော
မောင်ကျောက်ပွင့်မှာ မူ ဓာတ်စက်ကို ဖွင့်
မြဲဖွင့်လျက်ရှိနေလေ၏။ ၎င်းဓာတ်စက်မှ
လည်း အိန္ဒိယမစိန်မှုန် သီဆိုထားသော
‘ရီမှောင်ဝေ’ သီချင်းထွက်၍ နေလေ၏

“ငယ်ချစ်မောင်ရေ xxx ပေါ်ပင်ကိုခိုင်းတာရအောင်လို့
မြော်မြင်သလို
တိုင်းထွာကြပါတော့ xxx နှိုင်းကာဆယင်
ဖြင့် သိမ်စရာရှိတာတွေ xxx အိန္ဒိယ
အဆွေကိုတော့ မေတ္တာထား xxx"

အထက်ပါအတိုင်း မစိန်မှုန်သီချင်းသံ
သည် ထွက်ပေါ်၍ နေလေသည် ။ အရေး
ထဲတွင် အရာပေါ်ဆိုသည့်အတိုင်း မောင်ကျောက်ပွင့်၏ ဓာတ်စက်
သည် အပ်ကြောင်းထပ်ကာ

“အိန္ဒိယအဆွေကိုတော့ မေတ္တာထား
ချစ်မှာ လား xxx
အိန္ဒိယအဆွေကိုတော့ မေတ္တာထား
ချစ်မှာလား XXX ဟူ၍
အဆက်မပြတ် မြည်၍ နေလေ၏။

ထို့ကြောင့် ဆူလမန်က မောင်ကျောက်
ပွင့်၏ သမ္ဗာန်ဘက်သို့ လှည့်ကာ …

“ဟေ့ … ဒီသမ္ဗာန် ဘာသမ္ဗာန်လဲ” ဟု
မေးလေ၏။

“သစ်သားသမ္ဗာန်” ဟု မောင်ကျောက်ပွ
င့်က ဆေးလိပ်ဖွာယင်း ပြန်၍ ပြော
လေ၏။

“နောက်တာလား”ဟု ဆူလမန်က မေးလေ၏။

“ရေတက်စမို့ … ရေကတော့နည်းနည်း
နောက်တယ်။ တော်တော်ကြာယင် ကြည်
သွားမှာပါ” ဟု ပြန်၍ ပြောလေ၏။

“ဘယ်လိုကောင်လဲ” ဟု ဆူလမန်က
ပြန်၍ အော်လိုက်လေ၏။

“မုတ်ဆိတ်နဲ့ အကောင်ဆိုတော့ ဆိတ်ပဲဖြစ်မှာ ပေါ့ကွာ” ဟု မောင်ကျောက်ပွင့်
ဖြေလေ၏။

အနီးအပါးရှိ သမ္ဗာန်များမှ သမ္မာန်သမား
များ သည် ဝါးခနဲ' ရယ်မောကြလေ၏။

မောင်ကျောက်ပွင့်၏ ဓာတ်စက်မှလည်း
အပ်ကြောင်းထပ်နေသော
သီချင်းစာသားများသည် ထွက်ပေါ်၍ နေ
ဆဲ ဖြစ်၏။

“အိန္ဒိယအဆွေကိုတော့ မေတ္တာထား
ချစ်မှာ လား xxx
အိန္ဒိယအဆွေကိုတော့ မေတ္တာထား
ချစ်မှာ လား
XXX

ဆူလမန်သည် ရှက်လည်း ရှက်၍
ဒေါသလည်း အလွန်ထွက်သွားလေ၏။
ထို့ကြောင့် .

“ဟေ့ … တောသား၊ ငါ့အကြောင်း မင်း
မသိဘူးထင်တယ်” ဟု မေးလေ၏။

“ငါ့နာမည် …… ကျောက်ပွင့်ကွ တောသား မဟုတ်ဘူးဟု မောင်
ကျောက်ပွင့်က ပြန်၍ ပြော လိုက်လေ၏။

“ကြောက်ပွင့်မို့ပဲကွာ၊ ရဲပွင့်များ ဆိုယင်
ဘယ်လောက်များ မိုက်ရိုင်းမလဲမသိဘူး”
ဟု ဆူလမန်က ပြောလေ၏။

“အေး ဟုတ်တယ်၊ မသေမချင်း
မှတ်ထား၊ ကောင်းကောင်း မွန်မွန်
ရောင်းဝယ်ဖောက်ကား စားနေတဲ့ မြန်မာ
မိန်းကလေးတွေကို … ကျောက်ပွင့်ရှေ့မှာ
စော်ကားမယ်မကြံနဲ့ ကျောက်ပွင့်ဆိုတာ
ရရစ်နဲ့ ကြောက်တာ မဟုတ်ဘူးကွ၊
ကျောက်ခဲလိုမာလို့ ယပင့်နဲ့ ကျောက်တဲ့
ကျောက်ပွင့်၊ တစ်ပွင့်တည်းရှိတယ်
မုတ်ဆိတ်ရေ"ဟု ဆိုကာ မောင်ကျောက်ပွ
င့်သည် ထိုင်၍ ဆေးလိပ်သောက်နေရာမှ
ဓာတ်စက်ကိုမ, ဓာတ်စက်မှာ လည်း
"အိန္ဒိယအဆွေကိုတော့ မေတ္တာထား
ချစ်မှာ လား xxx ”ဟု မြည်လျက်ပင်
မောင်ကျောက်ပွင့်၏ လက်ထဲ၌ ပါ၍
လေ၏။

ထိုနောက် ကျောက်ပွင့်သည် ဓာတ်စက်
ကိုကိုင်လျက် တစ်ဘက်ရှိ ငှက်ပျောသမ္ဗာ
န်၏ နံသို့ခြေတဘက်ဖြင့်နင်းကာ
“အိန္ဒိယအဆွေကိုတော့ မေတ္တာထား ချစ်
မှာ လား××ဒါကြီးနဲ့ ချစ်ပြီဟေ့” ဟု ဆို
ကာ ဆူလမန်၏ ခေါင်းကို ‘ဂွမ်း’ခနဲ ရိုက်ချ
လိုက်လေ၏။ ဆူလမန်လည်း
မထင်မှတ်သည့်အချိန်၌ အရိုက်ခံလိုက်ရ
သောကြောင့် လဲကျသွားလေတော့၏။
ကျောက်ပွင့်သည် ‘တက်' ကိုယူ၍ ဆူ
လမန်၏ မျက်နှာသို့ ငရုပ်ဆုံထောင်းသကဲ့သို့ တက်ဖြင့် ထောင်းချလိုက်ရာ ဆူ
လမန်သည် ‘အလာ'ဟု အော်ကာငြိမ်၍
ကျသွားလေတော့၏။

ထိုနောက်တွင် ကား ဆူလမန်၏ တပည့်များအား မောင်ကျောက်ပွင့်သည်
တက်ဖြင့်ခုတ်၏။ ထောင်း၏။ ကော်၏။ ပ
င့်၍ ရိုက်၏။
ထို့ကြောင့် ဆူလမန်တပည့်များ လည်း
“အင်း’၊ အဲ’၊ အမယ်လေး၊ ဘာလေး'ဟု
အော်ဟစ်ကာ လဲသူလဲ၍ ပြေးသူ ပြေးကြ
လေတော့၏။

ထိုအခါ မောင်ကျောက်ပွင့်သည် ကမ်း
ပေါ်သို့တက်၍ ၎င်း၏ လှော်တက်ကြီးကို
ကိုင်မြှောက်ကာ အသံနက်ကြီးဖြင့်အောက်ပါအတိုင်း ကြွေးကြော်လေတော့၏။

“ကမ်းနားဆိပ်မှာ လူမိုက်ရှိသေးလား၊
ကျောက်ပွင့်နဲ့ တွေ့မယ်၊ တက်စာကျွေးပစ်
မယ်”

“လူမိုက် မရှိတော့ဘူး၊ ဇာတ်ထုပ်သည်
မောင်ကျောက်ပွင့် လူမိုက်လုပ်ပါ”ဟု
ဝိုင်းဝန်းဟစ် အော်၍ ထောက်ခံကြလေ
တော့၏။

“အေး...ဟုတ်တယ်၊ ဆူလမန်တို့လို ကောင်တွေ လူမိုက်လုပ်တာမခံဘူး၊
ကျောက်ပွင့်မိုက်တော့မယ်” ဟု မောင်ကျောက်ပွင့်က
ရင်ခေါင်းသံကြီးဖြင့်အော်ဟစ် လိုက်လေတော့၏။

နောက်တစ်နေ့နံနက် မိုးလင်းသောအခါ၌ ကုန်စိမ်းသမ္မာန်များသည် ရေတက်လာသည် နှင့် အမျှ အလျှိုလျှို
ထွက်ခွာသွားကြလေတော့၏။ မောင်
ကျောက်ပွင့်၏ ဓာတ်စက်ကလေးမှာ မူ
ဆူလမန်၏ ဦးခေါင်းကို ရိုက်ချလိုက်သဖြ
င့် ကြွေမွပျက်စီးကာ ရွှံ့နွံများ အပေါ်၌
တင်၍ နေလေ၏။ ရေတက်လာ
သောအခါ၌ ထိုကွဲပျက်ကြေမွနေသော
ဓာတ်စက်အစိတ်အပိုင်းများမှာ
အချို့
သည် ရေ၌ နစ်မြှုပ်သွား၍ အချို့မှာ မူ
ရေ၌ နစ်မြှုပ်သွား၍ အချို့မှာ မူ ရေ၌
ပေါလောမျော၍ ရေစီးနှင့် အတူ ပါသွား
ကြရလေတော့၏။

ထိုအချိန်မှ စ၍ ကုန်စိမ်းတန်းသမ္ဗာန်
ထိပ်၌ ဓာတ်စက်ဖွင့်သော သမ္ဗာန်ကလေး
တစီးသည် တိမ်မြှုပ်၍ သွားလေတော့
သတည်း။

ထို့နောက် အချိန်ကာလအားဖြင့် များ
စွာမကြာမြင့်မီ၌ ကုန်စိမ်းသမ္ဗာန်များ
ဆိုက်ကပ်ရာ ဆိပ်ကမ်းအနီးရှိ ကာကာ
လက်ဖက်ရည်ဆိုင် အတွင်း၌ လူငယ်
တစ်ဦးသည်ထိုင်၍ လက်ဖက်ရည်သောက်နေလေ၏။

လက်ဖက်ရည်ဆိုင်ရှင် ကာကာက
ဓာတ်စက်ကိုဖွင့်လေ၏။ ထိုအခါ၌ လူငယ်က...

“ဟေ့ …ကာကာ၊ မင်းဓာတ်စက်ကို
ပိတ်ထားလိုက်” ဟု ဆိုသဖြင့် ကာကာသည်
ကြောက်ကြောက်ရွံ့ရွံ့ဖြင့်
ဓာတ်စက်ကိုပိတ်လိုက်ရလေ၏။
လက်ဖက်ဆိုင်တွင် ထိုင်၍ ဂျာမဏီပြည်မှ
ဟစ်တလာအကြောင်း ပြောနေသော လူ
နှစ်ဦးက ထိုလူငယ်အား လှမ်း၍ ကြည့်လေ၏။

ထိုလူငယ်လေးက 
“ဘယ်လိုလဲကိုယ့်လူတို့
ကျေနပ်ဘူးလား” ဟု လှမ်း၍ မေး လိုက်
လေ၏။ ထိုလူနှစ်ဦးက တစ်စုံတစ်ရာမ
ပြောပဲ ခေါင်းကိုပြန်၍ ငုံ့ထား
ကြကုန်၏။ လူငယ်က ထိုလူနှစ်ဦးအား
“လူမိုက်ကျောက်ပွင့်ဆိုတာ … ကျုပ်ပဲ
လူမိုက်လုပ်ချင်လို့ လုပ်ရတာ
မဟုတ်ဘူး ၊ ကျုပ်တို့လို မြန်မာအမျိုးသား
ထဲက လူမိုက်တွေမရှိယင် ဆူလမန်တို့လို
လူမျိုးခြားလူမိုက်တွေ ပေါ်လာလိမ့်မယ်။
ခင်ဗျားတို့ ပြောနေတဲ့ ဂျာမဏီပြည်က
ဟစ်တလာက ကျုပ်တို့ ကို ချက်ချင်း လာ
ပြီး ဒုက္ခမပေးနိုင်ဘူး။ ဆူလမန်တို့လို ကောင်တွေကမှ မြန်မာအမျိုးသမီးတွေကို
ဖျက်ဆီးမယ်။ အဲဒါ အနီးကပ်ရန်သူပဲ၊ ဒါ
ကိုမစဉ်းစားပဲနဲ့ အဝေးကြီးက ဟစ်တ
လာအကြောင်း
စဉ်းစားနေတဲ့
အလှမ်းကျယ်၊ အလယ်လပ်သမားတွေပဲ၊
ခင်ဗျားတို့ အခု ဒီဆိုင်ထဲက ထွက်သွားကြ
ပါ” ဟု ပြောလိုက်ရာ ပင်နီဝတ်ထားသော
ဟစ်တလာအကြောင်း စိတ်ဝင်စားသူနှစ်
ဦးလည်း သတင်းစာကလေးများကို
လိပ်၍ ကိုင်ကာ ဆိုင်တွင်းမှ
ကသောကမျောထွက်သွားကြလေတော့၏။ အတော်အတန်ဝေးသောနေရာ
သို့ ရောက်လျှင် တစ်ဦးသောသူက
“အရင်းရှင်စနစ်ရဲ့ အမွေဆိုးတွေပေါ့
ဗျာ”ဟု ပြောရာ ကျန်တစ်ဦးက
“ဒီလိုပြောလို့လဲ အဖြစ်သေးဘူးဗျ၊ လူမိုက်ဆိုတာဟာ မျက်နှာဖြူ အုပ်ချုပ်
ရေးအာဏာကို ကိုယ့်နည်းကိုယ်ဟန်နဲ့
တစ်စစီဖဲ့ယူခြင်း တစ်မျိုးပဲဗျ၊ ကျုပ်
ကတော့ ထောက်ခံချင်သလိုလိုတောင် ရှိ
တယ်” ဟု ပြော လိုက်လေ၏။

ထိုအချိန်၌ လွန်စွာခန့်ညားသော
ဥပဓိရုပ်ရှိသည့် အသက်လေးဆယ်
ကျော်အရွယ် လူကြီးတစ်ဦးသည် ကာကာ
ဆိုင်အတွင်းသို့ ဝင် လာပြီးလျှင် မောင်
ကျောက်ပွင့်ထိုင်လျက်ရှိသော စားပွဲ၌
ဝင်၍ ထိုင်ကာ မောင်ကျောက်ပွင့်အား
တစ်စုံတစ်ခုကိုပေး၍
“မောင်ကျောက်ပွင့်ရဲ့ သတ္တိကို အားကိုး
လို့လာခဲ့တာပဲ၊ အခုကျုပ်ပေးတဲ့ ပစ္စည်း
လေးဟာ ဆေးလိပ်ဖိုးလောက်ပဲရှိပါသေး
တယ်၊ ကျုပ်ခိုင်းတာသာ အောင်မြင်ရင် ဒီထက်မကရပါစေ့မယ်။ ကျုပ်ကိုလဲ
မှတ်ထားပါ။ အများကတော့ ဆရာကြီးလို့
ခေါ်ကြပါတယ်။ ကျုပ်ဟာ ဒီကောင်ကို
ရှင်းချင်တယ်”ဟု ဆိုကာ ဓာတ်ပုံတစ်ပုံကို
ထုတ်၍ မောင်ကျောက်ပွင့်အား ပြလေ၏။
မောင်ကျောက်ပွင့်လည်း ထိုလူကြီးပြ
သောဓာတ်ပုံကို ကြည့်ပြီးလျှင် ထိုဓာတ်ပုံ
အား လူကြီးလက်သို့ ပြန်၍ ပေးရင်း
“လူသတ်တာ … တကယ်လွယ်ပါတယ်။
ဒါပေမယ့် ခင်ဗျားခိုင်းတာ ကျုပ်မလုပ်နိုင်
ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား ပြတဲ့
ဓာတ်ပုံဟာ မြန်မာတစ်ယောက်ရဲ့ ဓာတ်ပုံ
ဖြစ်နေလို့ပဲ” ဟု ပြန်၍ ပြောလေ၏။

လူကြီးလည်း မောင်ကျောက်ပွင့်အား
တစ်စုံတစ်ခုကိုပေးလေ၏။ ထိုအရာမှာ
ကတ္တီပါ အိတ်အနီကလေးဖြစ်ပေသည် ။
"ဒီမှာ မောင်ကျောက်ပွင့် မောင်
ရင်ဟာက တန်ဖိုးမရှိပဲ မိုက်နေတာကိုး။
ကျုပ်က တန်ဖိုးရှိအောင် မောင်ရင့်ရဲ့ မိုက်
ဂုဏ်ကို ရွှေစစ်နဲ့ လာပြီး သိဒ္ဓိတင်ပေးတာ
ဟု ပြောဆိုကာ မောင်ကျောက်ပွင့်၏
လက်အတွင်းသို့ ကတ္တီပါအိတ်အနီ
ကလေးကို ထည့်၍ ပေးလေ၏။ ထိုအခါ၌
မောင်ကျောက်ပွင့်သည် .
“ခင်ဗျားထွက်သွားပါ ....၊ ခင်ဗျားရွှေ
အိတ်ကိုလဲ အပြင်မှာ ကောက်သွားပါ” ဟု
ဆိုကာ ကတ္တီပါအိတ်ကလေးအား ဆိုင်
အပြင်သို့ ‘ဝှီး’ ကနဲ့ ပစ်ထုတ် လိုက်လေ
တော့၏။

ထိုအခါ၌ လူကြီးလည်း မချိပြုံးပြုံးကာ
နေရာမှ ထ၍ ဆိုင်အတွင်းမှ ထွက်ခဲ့
လေတော့၏။ ထို့နောက် မောင်ကျောက်ပွင့် လွှင့်
ပစ်လိုက်သော ကတ္တီပါအိတ်ကလေးအား
ကောက်ယူကာ မလှမ်းမကမ်းတွင် ရပ်ထားသော
အော်စတင်ကား အနက်ကလေးပေါ်သို့ တက်၍ သွားလေတော့၏။

ထိုအချိန်၌ ငွေနှဲကြီးမှုတ်လိုက်သည့်အသံနှင့် တူသော တယောသံသည် ဆိုင်
ရှေ့တံစက်မြိတ်အောက်မှ ထွက်ပေါ်၍
လာလေတော့၏။ ထိုတယောသံနှင့် အတူ
အင်္ကျီအဝတ်အစားစုတ်စုတ်ပြတ်ပြတ်
ကြီးဝတ်၍ လွယ်အိတ်စုတ်ကြီးကို လွယ်
ထားသော လူကြီး၏ အသံသြသြကြီးဖြင့်
သီဆိုလိုက်သော အောက်ပါသီချင်းသံကို
ကြားလိုက်ရလေတော့သတည်း။

“သံဃဿရဌ အမည်တွင် တဲ့
တကောင်းပြည်ကြီးမှာ xxxx မင်းဆက်ပေါင်းက သုံးကျိပ် သုံးယောက် ရှိခဲ့ဖူးပါ
တယ် xxx အဲဒါတွေ မြန်မာဖြစ်သည်XXX
သုနာပရန္တတိုင်း ရွှေလယ်ကိုင်းအရပ် က
ပြူ၊ကမ်း၊ ယံ၊ သက်တို့ အညီ xxx မုဒုစိ
တ္တဘုရင် ဇမ္ဗူအောင်ချာ တေဇာကွန့်ညီ
အဲဒါတွေမြန်မာဖြစ်သည် ။ မြန်မာ
XXXဆိုတာ အလွန်မာသည် xxx သတ္တိအလွန်ပြောင်ခဲ့သည်
မမှန်တာမလုပ်၊ မဟုတ်မခံ အဲဒီစိတ်ဟာမြန်မာစိတ်
ဖြစ်သည် xxx”
အခန်း  ၂

*ပယင်းဒုတ္ထာ ထုချေလွှာ

တစ်နေ့သ၌ အင်းစိန် စီအိုင်ဒီဝင်း
အတွင်းရှိ စုံထောက်မင်းကြီး မစ္စတာ
ဟာဒီ၏ ရုံးခန်း၌ ကျွန်ုပ်အပါအဝင်
စုံထောက်အရှိကြီးများ အား တန်းစီစေ
လျက် မစ္စတာဟာဒီသည် ဆူပူကြီးမောင်း
နေလေ၏။ ၎င်းသည် လက်ကိုနောက်ပစ်
လျက် ကျွန်ုပ်တို့ရှေ့တွင် 
ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း
အောက်ပါအတိုင်း ပြောလေ၏။

“မောင်မင်းတို့ … အလကားပဲ အသုံးမကျတဲ့ အမှိုက်တွေပဲ၊
 စီအိုင်ဒီမှာ
လခထုတ်ယူပြီး ကောင်းကောင်း အလုပ်
မလုပ်ကြဘူး။ အားလုံးညာနေကြတယ်။
အမှုတွေဟာ တစ်ခုပြီး တစ်ခုဖြစ်နေပြီ၊
တရားခံလဲ တစ်ယောက်မှ မမိသေးဘူး။
သိပ်ပြီးရှက်ဖို့ ကောင်းတယ်။ ရန်ကုန်
ပုလိပ်မင်းကြီး မစ္စတာစတီးဝပ်က ကျွန်ုပ်
ကိုနောက်ပြောင်နေတယ်။ သူဟာ ပုလိပ်
မင်းကြီး ရာထူးကထွက်ပြီး စီအိုင်ဒီမှာ
စုံထောက် လုပ်ချင်တယ်တဲ့ ။ ဘာဖြစ်လို့
လဲဆိုတော့ စီအိုင်ဒီမှာ စုံထောက်လုပ်ရ
တာ သိပ်ပြီး သက်သာတာပဲလို့ ပြောနေ
တယ်။ အဲ့ဒီတော့ မောင်မင်းတို့ အားလုံး
သုံးရက်အတွင်း ကျွန်ုပ်ဆီကို စာတင်
ကြပါ။ ဘယ်လိုစာတင်ရမလဲဆိုရင် အမှု
များ ပေါ်ပေါက်အောင် မလုပ်နိုင်ခြင်းအတွက် မောင်မင်းတို့ အား အဘယ်
ကြောင့် ရာထူးမချပစ်သင့်ကြောင်းကို
အဲဒီစာမှာ ကောင်းကောင်း ရေးခဲ့ပါ"

စုံထောက်မင်းကြီးသည် ဤသို့လျှင်
ကျွန်ုပ်တို့ အား ဆူပူကြိမ်းမောင်းပြီး
နောက် သူ၏ ရုံးခန်းအတွင်း မှ မောင်း
ထုတ်ပစ် လိုက်လေတော့၏။ ကျွန်ုပ်တို့
လည်း စုံထောက်မင်းကြီး၏ ရုံးခန်း
အတွင်းမှ ထွက်လာကြပြီးလျှင်
အချင်းချင်းတိုင်ပင်
ဆွေးနွေးကြရကုန်၏။

ကျွန်ုပ်က ကျွန်ုပ်၏ မိတ်ဆွေစုံထောက်
အရာရှိ ဦးကိုကိုကြီးအား 

“ဦးကိုကိုကြီးရေ၊ မစ္စတာဟာဒီက ဘာ
စာတွေ တင်ခိုင်းတာတုံးဗျ” ဟု မေးမိ
လေ၏။ ထိုအခါ ဦးကိုကိုကြီးက"ဦးအောင်သင်းကလဲဗျာ၊ ပုလိပ်လုပ်
နေပြီးတော်တော်အတဲ့ လူပဲ၊ သူရေးခိုင်း
တဲ့ စာက ရှင်းနေတဲ့ ဥစ္စာပဲဗျာ၊ ဘာကြော
င့် ရာထူးမချသင့်ကြောင်း သေသေချာချာ
ရေးပြရမယ်ဆိုတော့ ထုချေလွှာ တောင်း
တာပေါ့ဗျာ၊ ကျုပ်တို့ ကိုအပြစ်ရှာပြီး
ရာထူးတစ်ဆင့် ချလိမ့်မယ်ပေါ့ဗျာ” ဟု
ပြောမှပင် ကျွန်ုပ်လည်း နေရင်းထိုင်ရင်း
နှင့် ထုချေလွှာ အတောင်းခံရကြောင်းကို
ရိပ်စားမိလေတော့၏။ စုံ ထောက်အောင်
မြင့်ကမူ စာရွက်တစ်ရွက်ကို ထုတ်ယူ၍
စားပွဲ၌ ထိုင်ကာ စာတစ်စောင်ကို ကုန်း၍
ရေးသားနေလေ၏။ ထို့ကြောင့် ဦးကိုကို
ကြီးက ..

“ကိုယ့်လူပြောစမ်းပါဦးဗျာ၊ ဘာစာတွေ
များ ရေးတာလဲ" ဟု ဦးကိုကိုကြီးကထပ်၍ မေးလိုက်ရာ ကိုအောင်မြင့်က
“ထုချေလွှာဆိုဗျ၊ အဲဒါရေးနေတာပေါ့
ဗျာ” ဟု ပြန်၍ ပြောလျှင် ဦးကိုကိုကြီးက
“သုံးရက်အတွင်း တင်ရမယ်လို့ပြော
တာပါဗျာ၊ အချိန်တွေလည်း အများကြီးရှိ
ပါသေးတယ်၊ ခင်ဗျားကတော့ သည်းကို
သည်းတယ်”ဟု ပြော လိုက်လေ၏။

“မလုပ်နဲ့ ဦးကိုကိုကြီးရေ၊ အမှုတွေမ
ပေါ်လို့ မင်းကြီးက ထုချေလွှာတောင်း
တာဗျ၊ အဲဒီမှာ ကျုပ်တို့ က နောက်ကျပြီး
မှ ထုချေလွှာတင်ရင်တော့ သူကသည်းခံ
မှာ မဟုတ်ဘူး နော်၊ တစ်ခါတည်းကို
အလုပ်ထုတ်ပစ်လိမ့်မယ် ထင်တယ်၊ ဒါ
ကြောင့် ကြိုးကြိုးစားစား ရေးနေတာဗျို့”

ဟု ဆိုကာ စုံထောက်ကိုအောင်မြင့်သည်
စာကိုဆက်၍ ရေးနေလေ၏။ ဦးကိုကို
ကြီးလည်း ထိုအခါကျမှ ပင်

“ကိုအောင်မြင့် ပြောတာလဲမဆိုးဘူးဗျ၊
ထုချေလွှာကလေးတော့ စောစောတင်
ထားမှ ထင်တယ်၊ ကဲ ကိုအောင်မြင့်ရယ်၊
ခင်ဗျားကလည်း တစ်ယောက်တည်း မ
လုပ်စမ်းပါနဲ့ ၊ ကျုပ်တို့ လဲ အခုပဲရေးမှာ
ပါ၊ ခင်ဗျားရေးထားတာကလေးလဲ နမူ
နာယူသင့်ရင် ယူရအောင် ကျုပ်တို့ ကိုလဲ
ပြစမ်းပါဦး” ဟု ပြောဆိုကာ စုံထောက်ကို
အောင်မြင့်၏ စာရေးလက်စ စာရွက်ကို
ဆွဲယူ၍ ကြည့်လေတော့၏။ ထိုအချိန်၌
ဘိလပ်ပြန် ဆရာစိန်၊ စုံထောက် ကိုစိန်
လှ၊ ကိုတင်ဝင်းနှင့် ကျွန်ုပ်က

“ဒီမှာ ဦးကိုကိုကြီး၊ တစ်ယောက်တည်း
တော့ ကျိတ်ပြီးမဖတ်နဲ့ ဗျာ၊ အသံထွက်ပြီး ဖတ်စမ်းပါ၊ ကျုပ်တို့ လဲ ကြားရတာ
ပေါ့" ဟု ဝိုင်း၍ ပြောသဖြင့် ဦးကိုကိုကြီး
က ၎င်း၏ ဆူးဖြိုးသော ဝမ်းဗိုက်ကြီးကို
လက်ဖြင့်နှိပ်ရင်း အားရပါးရ ရယ်လေ
တော့၏။

“ဘာတွေရယ်နေတာလဲဗျ၊ ကျယ်ကျယ်
လေး ဖတ်စမ်းပါဗျာ”ဟု စုံထောက်ကိုစိန်
လှက စိတ်မရှည်သော လေသံဖြင့် ပြော
လိုက်လေ၏။

“ကဲ ကဲ၊ ခင်ဗျားတို့ ဒါလောက်ကြားချင်
မှတော့ ကျုပ်တို့ ရဲ့ စုံထောက်
စာရေးဆရာကြီး ကိုအောင်မြင့်ရဲ့
ထုချေလွှာကလေးကို ဖတ်ပြရတာပေါ့ဗျာ၊
ဒါပေမယ့် ခင်ဗျားတို့ အားလုံး ကတိတစ်ခု
ပေးရမယ်၊ အဲဒီကတိက ဘာလဲဆိုတော့
လုံးဝမရယ်ရဘူးဆိုတဲ့ ကတိပဲ၊ အိုင်ဆေး ကိုတင်ဝင်း၊ အထူးသဖြင့် ခင်ဗျားမရယ်ဖို့
တောင်းပန်ပါတယ်” ဟု ဆိုကာ ဦးကိုကို
ကြီးသည် ‘အဟမ်း အဟမ်း' ဟု ချောင်း
ဟန့်ပြီးလျှင်
အသံနေအသံထားဖြင့်
စုံထောက်ကိုအောင်မြင့် ရေးသားထား
သော ထုချေလွှာကို အောက်ပါအတိုင်း
ဖတ်ပြလေတော့၏။

“အဟမ်း အဟမ်း၊ ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္ထာ၊ လက်နက်စကြာသခင်
ဗြိတိသျှနေမဝင်ဘုရင်မင်းမြတ်နှင့်
မြန်မာနိုင်ငံဘုရင်ခံမင်းမြတ်တို့
ဆယ်ဖြာ ပန်ထွာဦးတင်၍ စီအိုင်ဒီ
အရှင်သခင် မစ္စကာဟာဒီအား ကျွန်တော်
မျိုးစုံထောက်အရာရှိ မောင်အောင်မြင့်ကရိုသေစွာ လျှောက်ထားအစီရင်ခံအပ်သည်
မှာ ၊ ဟား ဟား ဟား ....”

ဦးကိုကိုကြီးသည် ကိုအောင်မြင့်၏ စာ
ကို ဆက်၍ မဖတ်တော့ဘဲ အားရပါးရ
ရယ်လေတော့၏။ ကျွန်ုပ်တို့ မှာ လည်း
၎င်း၏ နည်းတူ ‘တဟား ဟား’ နှင့်
ရယ်မောကြကုန်၏။ စုံထောက်ကိုအောင်
မြင့်လည်း ဦးကိုကိုကြီး၏ လက်တွင်းမှ
စာရွက်ကို ‘ဆတ်'ကနဲ ဆွဲယူပြီးလျှင်

“ခင်ဗျားတို့ မကောင်းဘူးဗျာ၊ ဒါနောက်
စရာလားဗျ၊ အပျင်းပြေလုပ်တဲ့ ကိစ္စ
မဟုတ်ဘူး ၊ ထမင်းအိုးဗျ၊ ထမင်းအိုး”ဟု
ပြောလေ၏။
ထိုအခါ ဦးကိုကိုကြီးက

“စိတ်မဆိုးပါနဲ့ ကိုအောင်မြင့်ရယ်၊
ထမင်းအိုးမှန်းတော့ ကျုပ်တို့ လဲသိပါ
တယ်၊ ဒါပေမယ့် ကိုယ့်လူဥစ္စာက
ထုချေလွှာနဲ့ မတူဘူးဗျ၊ ရွှေတွင်းငွေတွင်း ပယင်း၊ ဒတ္ထာတွင်းတွေနဲ့
နဘေလိုလို လေးလုံးစပ်လိုလို ရေးထား
လေတော့ ဇာတ်စာလိုဖြစ်နေတယ်၊ ဇာတ်
စာတောင်မှ ခမ်းခမ်းနားနား ဇာတ်မျိုးက
မဟုတ်ဘူး ဗျ၊ လမ်းစရိတ်ပြတ်ပြီး
သာလာယံဇရပ်မှာ သောင်တင်နေတဲ့ ခပ်
ညံ့ညံ့ ဗလာဇာတ်က ဇာတ်စာမျိုးဗျ၊ အဲဒီ
တော့ သိတဲ့ အတိုင်းပဲဗျာ၊ စီအိုင်ဒီက
လည်း အရယ်ပိုင်တဲ့ လူတွေ စုထားတာ
ဆိုတော့ ကိုယ့်လူဟာကြီးကို ဝိုင်းပြီး ရယ်
ကြတာပေါ့၊ အချင်းချင်းပဲဗျာ၊ စိတ်မဆိုး
ပါနဲ့ ”ဟု
တစ်လုံးချင်း
အေးအေးဆေးဆေး ပြောလိုက်ရာ ကျွန်ုပ်
တို့ မှာ ထပ်၍ ရယ်ရပြန်လေ၏။

ကိုအောင်မြင့်မှာ မူ 
“ခင်ဗျားတို့ အဲဒါကြောင့် သိပ်ခက်တာ
ပေါ့၊ သူများ အလုပ်လုပ်တာကို ကြည့်ပါရ
စေ၊ နမူနာ ယူပါရစေဆိုပြီး ကြည့်လဲ
ကြည့်ရဲ့ ၊ ပြီးတော့လဲ အကောင်း မပြော
ချင်ဘူး၊ လှောင်လား ပြောင်လား လုပ်
သေးရဲ့ "ဟု ပြောဆိုကာ ၎င်း၏ စာရွက်
ကိုခေါက်၍ အိတ်အတွင်းသို့ ထည့်
လိုက်လေတော့၏။

ဦးကိုကိုကြီးမှာ မူ စပ်ဖြဲဖြဲမျက်နှာနှင့်
ကိုအောင်မြင့်အား ကြည့်ကာ 

“ခင်ဗျာဆိုတဲ့ လူက တော်တော်ခွကျတဲ့
လူပဲ၊ ကျုပ်တို့ စီအိုင်ဒီများက တစ်ရက်တလေနေမကောင်းလို့
ခွင့်တိုင်ရင်တောင် ခွင့်စာကို မြန်မာလိုရေးလို့ရ
တာမှ မဟုတ်ပဲဗျာ၊ အခုခင်ဗျားရေးထား
တဲ့ ရွှေတွင်း၊ ငွေတွင်း ထုချေလွှာကြီးကို
စုံထောက်မင်းကြီးက ဆွဲဆုတ်ပစ်လိမ့်မယ်”ဟု ပြောလေ၏။

“ဆုတ် ဆုတ်ဗျာ၊ ခင်ဗျားတို့ အပူ မပါ
ဘူး"ဟု ဆိုကာ ကိုအောင်မြင့်သည် ကျွန်ုပ်
တို့ ရှိရာအခန်းမှ ထွက်သွားပြီးလျှင်
အခြားအခန်း၍ ၎င်းစာကို ဆက်၍ ရေး
နေလေတော့၏။

“တော်တော်ရယ်ဖို့ ကောင်းတဲ့ လူပဲ”
ဟု ဦးကိုကိုကြီးက လှမ်း၍ နောက် လိုက်
လေ၏။ ထိုအချိန်၌ ပင် ကျွန်ုပ်တို့ စီအိုင်ဒီ
ရုံးမှ ပြာတာစံဝင်း ရောက် လာပြီးလျှင်

“ရယ်မနေနဲ့ ဆရာတို့ ၊ မင်းကြီးက ခေါ်
ခိုင်းလိုက်တယ်” ဟု ပြောလေ၏။ ဦး
ကိုကိုကြီးသည် ကျွန်ုပ်ဘက်သို့လှည့်
“အိုင်ဆေး ဦးအောင်သင်း၊ ကျုပ်တို့ က
လူချောလူလှတွေ မဟုတ်လားဗျ၊ ဒါကြောင့် မင်းကြီးက ခဏခဏခေါ်ပြီး အလှကြ
ည့်နေတာဗျ”ဟု ပြောလေ၏။ ထိုအခါ၌
ပြာတာစံဝင်းက...

“ခင်ဗျားတို့ ကိုခေါ်တာ အကောင်းခေါ်တာ မဟုတ်ဘူး ၊ အလုပ်ဖြုတ်မလို့ခေါ်
တာ”ဟု ပြောလိုက်ရာ ကျွန်ုပ်တို့ အားလုံး
က “ဝါး”ကနဲ့ ရယ်မောကြလေ၏။ ဦးကိုကို
ကြီးကမူ ၎င်း၏ ကြီးမားသော လက်ဝါး
ကြီးဖြင့် ပြာတာစံဝင်း၏ မျက်နှာကို
ကပ်၍ ပြပြီးလျှင်

“ခွေးကောင်၊ ငါ့လက်ဝါးကြီးနဲ့ ရိုက်
လိုက်ရရင် ရွှေခုနစ်ဆက်စာ မထည့်နိုင်ပဲ
ဖြစ်သွားတော့မယ်"ဟု ပြောလိုက်ရာ စံ
ဝင်းလည်း ပြေးလေတော့၏။ ထို့နောက်
တွင် ကျွန်ုပ်တို့ အားလုံးသည်
စုံထောက်မင်းကြီး မစ္စတာဟာဒီ၏ ရုံးခန်းဆီသို့ ဒုတိယအကြိမ်မြောက် အဆူခံ
ရန် သွားကြရလေတော့၏။

ရုံးခန်းအတွင်းသို့ရောက်သည် နှင့်
တစ်ပြိုင်နက် မစ္စတာဟာဒီက
“မောင်မင်းတို့ ကျွန်ုပ်ရေးခိုင်းတဲ့ စာကို
မရေးပဲ ဘာဖြစ်လို့ ရယ်နေကြတာတုံး၊
အလုပ်ကိုလဲ ကောင်းကောင်း မလုပ်ဘူး၊
ကျွန်ုပ်ခိုင်းတာကိုလဲမလုပ်ချင်ဘူး၊
မောင်မင်းတို့ တစ်ခါတည်း အလုပ်ပြုတ်
ချင်သလား” ဟု ကြိမ်းလေတော့၏။

ထို့နောက် မစ္စတာဟာဒီသည် ကျွန်ုပ်တို့
၏ မျက်နှာများကို တစ်ယောက်ချင်း
သေချာစွာ လိုက်၍ ကြည့်လေ၏။ ထိုသို့
ကြည့်ပြီးနောက် ...

“ဟို မျောက်သတ္တဝါလိုကောင် ဘယ်
ရောက်သွားပြီလဲ၊ ကျွန်ုပ်အခေါ်ခိုင်းတာကို မလာဘူးလား" ဟု.. ပြောဆိုကာ
ပြာတာစံဝင်းအား စုံထောက်ကိုအောင်မြ
င့် ကိုခေါ်ခဲ့ရန် စေခိုင်း လိုက်လေတော့၏။
များ မကြာမီ၌ ပင် စုံထောက်ကိုအောင်
မြင့် ရောက်ရှိ လာလေတော့၏။

“ဟေ့ မျောက်သတ္တဝါလိုကောင်၊ ကျွန်ုပ်
ခေါ်တာကို ဘာဖြစ်လို့မလာရတာတုံး” ဟု
မစ္စတာ ဟာဒီက စုံထောက်ကိုအောင်မြင့်
ကြိမ်းမောင်းနေလေတော့၏။

စုံထောက်ကိုအောင်မြင့်လည်း
ပျာပျာသလဲအမူအရာနှင့် ...
“မ မဟုတ်ပါဘူးသခင်၊ သခင်ရေးခိုင်း
တဲ့ စာကို ဟိုဘက်အခန်းမှာ သွားရေးနေ
လို့ သခင် ခေါ်တာကို မသိတာပါ” ဟု
ပြောလေ၏။

မစ္စတာဟာဒီက
“ကျွန်ုပ်ရေးခိုင်းတဲ့ စာကို မောင်မင်း
ရေးနေပြီလား” ဟု မေးလေ၏။

“ဟုတ်ပါတယ်သခင်၊ ရေးနေပါပြီ” ဟု
ကိုအောင်မြင့်က ပြောလေ၏။

“ဂွတ်၊ မောင်မင်းဟာ ကျွန်ုပ်ကို
လေးစားတယ်၊ ဒါဟာ ကောင်းတာပဲ၊
ဒီမှာ ရပ်နေတဲ့ ကောင်တွေကတော့ မြည်း
သတ္တဝါတွေလိုပဲ၊ ဝက်တွေလိုပဲ၊ ငရဲ
ကောင်တွေလိုပဲ၊ ဘာမှ အသုံးမကျဘူး၊
မောင်မင်းရေးတဲ့ စာကို အခုဖတ်ပြစမ်း”
ဟု မစ္စတာဟာဒီက ပြောလေ၏။

ထို့ကြောင့် စုံထောက်ကိုအောင်မြင့်
လည်း ကြိုးစားပမ်းစားရေးထားသော ရွှေ
တွင်း ငွေတွင်း အစရှိသည့် ၎င်း၏
ထုချေလွှာကြီးကို မစ္စတာဟာဒီအားဖတ်
ပြလေ၏။ မစ္စတာဟာဒီသည် စုံထောက်
ကိုအောင်မြင့်၏စာကို လွန်စွာ
သဘောကျသွားလေ၏။

သို့ရာတွင် အောက်ပါအတိုင်း ပြောပြန်
လေ၏။
“ရွှေတွင်းငွေတွင်းဘဲရီးဂွတ်၊
ပယင်းဆိုတဲ့ စကားဟာ အမ်းအားကို
ပြောတာလား" ဟု မေးလေ၏။ စုံထောက်
ကိုအောင်မြင့်ကလည်း ..“ဟုတ်ပါတယ်
သခင်” ဟု ပြောလေ၏။ ထိုအခါ မစ္စတာ
ဟာဒီက
“ဒုတ္ထာ၊ ဝှပ်အစ်(စ်)ဒုတ္တာ၊ ဘာကိုပြော
တာလဲမောင်မင်း၊ တုတ်ကိုပြောတာလား”
ဟု မေး လေ၏။

ကျွန်ုပ်တို့ အားလုံးမှာ ရယ်ချင်စိတ်ကို
ကြိတ်မှိတ်၍ မျိုသိပ်နေရလေ၏။ အ
ရယ်သန်သော ဦးကိုကိုကြီးမှာ မူ နှုတ်ခမ်းကြီးကို ကိုက်လျက် ရှုတည်တည်ကြီး
လုပ်၍ နေလေတော့၏။ မစ္စတာ ဟာဒီ
ကမူ စုံထောက်ကိုအောင်မြင့်အား 

“လူကလေး ပြောလေ၊ ကျွန်ုပ်မေးတာ
ကိုပြောလေ၊ ဝှပ်အစ်(စ်)သည် မီးနင်း
အော့(ဖ်) ဒုတ္ထာ (ဒုတ္ထာဆိုတာ ဘာ
အဓိပ္ပါယ်လဲ) ဟု ထပ်၍ မေးပြန်လေ၏။
စုံထောက် ကိုအောင်မြင့်မှာ မူ ခေါင်းကို
ကုတ်လျက်

“ဒုတ္ထာဆိုတာ၊ ကော်ပါးဆာလဖိုဒ်ကို
ပြောတာပါသခင်” ဟု ဖြေ လိုက်လေ၏။

“အိုး ကော်ပါးဆာလဖိုဒ်က ဘာမှ အဖိုး
မတန်ဘူး၊ ကော်ပါးကို ဆာဖြူရစ်အက်
ဆစ်မှာ ထည့်လိုက်ရင် ကော်ပါးဆာလဖို
က်ဖြစ်တာပဲ၊ ဘာဖြစ်လို့ စာထဲမှာ ထည့်
ပြီး ရေးရတာတုံး” ဟု မစ္စတာဟာဒီကမေးလေ၏။ စုံထောက်ကိုအောင်မြင့်မှာ
အဖြေရကျပ်နေလေ၏။ ကျွန်ုပ်မှာ လည်း
ရယ်ချယ်စိတ်များ
တဖွားဖွားဖြစ်ပေါ်
လျက်ရှိလေ၏။ ဦးကိုကိုကြီးမှာ မူ ရယ်
ချယ်စိတ်ကို ဇွတ်မှိတ်၍ မျိုသိပ်ထားရ
သောကြောင့် ၎င်း၏ မျက်နှာကြီးတစ်ခု
လုံးသည် နီမြန်း၍ လာလေတော့၏။

မစ္စတာဟာဒီကလည်း စုံထောက်ကို
အောင်မြင့်အား 
“လူကလေး၊ … ကျွန်ုပ်မေးတာကိုပြော
လေ၊ ကော်ပါးဆာလဖိုဒ်ကို ဘာဖြစ်လို့
စာမှာ ထည့်ပြီး ရေးရတာတုံး” ဟု မေး
လေ၏။

ဒီလိုပါသခင်၊ ကျွန်တော်မျိုးတို့ ဟာ
ဘုရင်မင်းမြတ်ကို စာရေးလို့ရှိရင် အဲဒီလို
ရေးရပါတယ်” ဟု ပြောလိုက်ရာ မစ္စတာဟာဒီက

“မောင်မင်းတို့ ဘုရင်ဟာ ကော်ပါးဆာ
လဖိုဒ်ကို သိပ်ပြီးအဖိုးတန်တယ်လို့ ထင်
နေတယ်၊ သနားဖို့ ကောင်းတယ်၊ ထားပါ
တော့ ထားပါတော့။ မောင်မင်းရဲ့ စာမှာ
လက်နက်စကြာဆိုတဲ့ စကားပါတယ်၊
လက်နက်ဆိုတဲ့ စကားကို ကျွန်ုပ်
ကောင်းကောင်း သိတယ်၊ အမ်းစ် (Arms)
ကို ပြောတာ မဟုတ်လား၊ စကြာဆိုတာ
ဘာလဲ၊ ဝှပ် စကြာ’ မကောင်းတဲ့ စက်ကို
ပြောတာလား၊ အများကြီးကြာတဲ့ စက်ကို
ပြောတာလား၊ ကျွန်ုပ်ကိုရှင်းပြပါ” ဟု
မေးလေ၏။ ကျွန်ုပ်တို့ မှာ လွန်စွာရယ်ချင်
လှပြီ ဖြစ်၏။ စုံထောက်ဦးကိုကြီးမှာ မူ
ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပြီဖြစ်၍ ခွီး ခွီး နှင့် ကျိတ်၍ ရယ်နေရာ မှာ ‘ခွီး ခွီး ခွီး ခွီး' ဟု ရယ် လိုက်လေတော့၏။

မစ္စတာဟာဒီလည်း ဦးကိုကိုကြီးကို
လှမ်းကြည့်လိုက်ပြီးနောက်
“လူကလေး ဘာကိုရယ်တာလဲ၊ စကြာ
ဆိုတာ ရယ်စရာကောင်းတဲ့ စကားလား၊
မောင်မင်း ရှေ့ကိုလာခဲ့စမ်း၊ အဓိပ္ပါယ်
ပြောပါ” ဟု ဆိုသဖြင့် စုံထောက်ဦးကိုကို
ကြီးလည်း ရှေ့သို့တိုး၍ သွားပြီးလျှင်
“ရယ်စရာ စကားမဟုတ်ပါဘူး၊ စကြာ
ဆိုတာ ဆွ(စ်)တိကကိုခေါ်ပါတယ်၊ ပုံနဲ့
ရေးပြီးပြမှ ကောင်းပါတယ်” ဟု ဆိုကာ
စာရွက်ကိုထုတ်၍ စကြာပုံကို ရေးပြ
လေ၏။ ထိုအခါ၌ မစ္စတာဟာဒီက…

“အိုး … နာဇီဟစ်တလာရဲ့ … တံဆိပ်ပဲ၊
ကျွန်ုပ်တို့ ဗြိတိသျှလူမျိုးနဲ့ ဘာမှ
ပတ်သက်ဘူး၊ လူကလေးပြောတာ ဒီဥစ္စာပဲ”ဟု ဆိုကာ၎င်း၏ ရုံးခန်းတွင် ချိတ်ဆွဲ
ထားသော … နာဇီဆန့်ကျင်ရေး ပိုစတာ
ကားချပ်ကြီးမှ စကြာတံဆိပ်ကို ညွှန်ပြ
လေတော့၏။

“ဟုတ်ပါတယ် သခင်၊ မြန်မာစကားမှာ
ဒီလိုပဲရေးရပါတယ်၊ ရှေးတုန်းကတည်း
ဒီလိုပဲရေးခဲ့ပါတယ်၊ မြန်မာရှင်ဘုရင်ဟာ
အဲဒီလိုရေးရင် သဘောကျပါတယ်” ဟု
ဦးကိုကိုကြီးကပြောလိုက်၏။

“မောင်မင်းတို့ မြန်မာဘုရင်ဟာ ဒီ
တံဆိပ်ကို ဟစ်တလာထက် အလျင်စော
ပြီး အသုံးပြုခဲ့တာကိုး”ဟု မစ္စတာဟာဒီ
က ပြောလေ၏။ ဦးကိုကိုကြီးမှာ လည်း
ဆက်လက်၍ ရှင်းမပြတတ်သဖြင့် “ရက်
စ်ဆာ"ဟု ပြော လိုက်လေ၏။

“ဘာပဲဖြစ်ဖြစ် ကျွန်ုပ်ဟာ လူကလေး မောင်အောင်မြင့်ကို သဘောကျတယ်၊
ကျွန်ုပ်တို့ ရဲ့ ကင်း(ဘုရင်)ကိုလဲ
အရိုအသေပြုထားတယ်၊ ကျွန်ုပ်ကို စီအိုင်
ဒီ အရှင်သခင်ဟာဒီတဲ့ ၊ အလွန်ကောင်း
တယ်၊ မောင်မင်းတို့ လဲ ကျွန်ုပ်ပြောတဲ့
စာကိုရေးပါ။ သွားကြ သွားကြပါတော့၊
စာရေးခဲ့ကြ၊ ကော်ပါးဆာလဖိုဒ် ဆိုတာ
ကိုတော့ ထည့်ဖို့ မလိုဘူး၊ နာဇီတံဆိပ်လဲ
မထည့်ပါနဲ့ ၊ ကောင်းကောင်း ရေးခဲ့ကြ
ပါ"ဟု ပြောဆိုကာ ကျွန်ုပ်တိုအား၎င်း၏
ရုံးခန်းအတွင် မှ ဒုတိယမြောက်
နှင်ထုတ် လိုက်လေတော့၏။ စုံထောက်
ကိုအောင်မြင့်ကိုမူ မစ္စတာဟာဒီက ခေါ်၍
ထားလေ၏။ ကျွန်ုပ်တို့ လည်း အပြင်သို့
ရောက်သည့်အခါ၌ မင်းကြီး၏ ရုံးခန်း
နှင့် ဝေးရာသို့ သွားပြီးလျှင် အားရပါးရ
ရယ်မောကြလေတော့၏။

“ရယ်ချင်လိုက်တာ ကိုအောင်သင်းရာ၊
ဟိုလူကလဲ ပေါက်တက်ကရတွေ
လျှောက်ရေးပြီး မင်းကြီးကို မျက်နှာလုပ်
တယ်၊ မင်းကြီးကလဲ ဘာတွေလျှောက်
မေးမှန်းမသိဘူး"ဟု ဆိုကာ ဦးကိုကိုကြီး
က ပြောလေ၏။ ထိုအခါ၌ စုံထောက်ကို
တင်ဝင်းက 

“အဲဒါ အရေးမကြီးဘူး ဦးကိုကိုကြီးရဲ့ ၊
ကျုပ်တို့ လဲ ရေးမှ ဖြစ်မယ်” ဟု ပြော
လေ၏။

“ရေးတော့ရေးပေါ့ ကိုယ့်လူရာ၊ ဒါပေမ
ယ့် ကော်ပါးဆာလဖိုဒ်တော့ မထည့်နဲ့
နော်" ဟု ဦးကိုကိုကြီးက ပြောလိုက်ရာ
ကျွန်ုပ်တို့ မှာ ‘ဝါး'ကနဲ ရယ်မောကြရလေ
တော့၏။

ဤသို့လျှင် ကျွန်ုပ်တို့ ရယ်မော၍ နေ
ကြလေ၏။ နာရီဝက်ခန့်ကြာသောအခါ၌
စုံထောက် ကိုအောင်မြင့်သည် မင်းကြီး၏
ရုံးခန်းမှ ထွက်၍ လာလေတော့၏။
ထိုအခါ၌ ဦးကိုကိုကြီးက

“ဟိုမှာ ဟိုမှာ လာပြီ၊ ကော်ပါးဆာလဖို
ဒ် ဆရာ” ဟု ပြော လိုက်လေ၏။
ကျွန်ုပ်တို့ အနီးသို့ ကိုအောင်မြင့်
ရောက်လာသည့် အခါ၌ လည်း ဦး
ကိုကိုကြီးကပင် 

“ဘယ်ကိုလဲ ကော်ပါးဆာလဖိုဒ်ရဲ့ ၊
မစ္စတာဟာဒီက ခင်ဗျားကို ဘာတွေပြော
နေတာတုံး၊ ကြာလှချည်လား" ဟု မေး
လိုက်လေ၏။

“ကျုပ်ရေးတဲ့ ထုချေလွှာကို သိပ်ပြီး
တော့ သဘောကျတယ်တဲ့ ၊ မကြာခင်မှာပုလိပ်အဖွဲ့မှာ ဌာနတစ်ခု ဖွင့်လှစ်ဖို့ ရှိ
တယ်တဲ့ ၊ အဲဒီဌာနက ဝါဒဖြန့်မယ့်ဌာန
တဲ့ ၊ အဲဒီဌာနမှာ ကျုပ်ကိုခန့်မယ်တဲ့ "
ပြောလေသည် ။

“ဟား ဟား ဟား ဟား ဟား ခင်ဗျားရဲ့
ပယင်း ဒုတ္ထာ ထုချေလွှာကြီးကတော့
ခင်ဗျားကို ကောင်းကောင်း ကြီး မစပြီ
ပေါ့။ ခင်ဗျားကလဲ မတရားသဖြင့်
မြှောက်လား မြှောက်ရဲ့ ၊ ဟိုမျက်နှာဖြူက
လည်း ခင်ဗျားမြှောက်တိုင်း မြောက်လေရဲ့
ဘုန်းကြီးရူးနဲ့ လှေလူးဆိုတာ ဒါမျိုး
ပေါ့"ဟု ဦးကိုကိုကြီးက ပြောဆိုရယ်မော
လေတော့၏။

“အဲဒါ ခင်ဗျားတို့ ခက်တာပေါ့၊ ကြီးပွား
ဖို့ ဆိုတာ ဒီလိုပဲအကွက်ချောင်းပြီး နေရာ
ယူရတယ်ဗျ၊ ရိုးရိုးစင်းစင်းကြီး လုပ်နေလို့ ရတာ မဟုတ်ဘူး ၊ အခုဖွင့်မယ့် ဝါဒဖြန့်
တပ်ဖွဲ့မှာ ဝန်ထောက်ရာထူး ဆိုတာ
အငယ်ဆုံးပဲ၊ 
အဲဒီတော့  ကျုပ်ဟာ
ဘယ်လိုပဲဖြစ်ဖြစ် ရာဇဝတ်ဝန်ထောက်
ဖြစ်ဖို့ ကတော့ မြေကြီး လက်ခတ်မလွဲဘူး
ဦးကိုကိုကြီးရေ၊ ခင်ဗျားတို့ ကတော့ စီ
အိုင်ဒီမှာ မစ္စတာဟာဒီရဲ့ အဆူအကြိမ်းကို
ခံကြပေတော့"ဟု ဆိုကာ ထွက်သွားလေ
တော့၏။

“ကောင်းပါပြီ ကော်ပါးဆာလဖိုဒ်
ရယ်”ဟု ဦးကိုကိုကြီးက လှမ်း၍ နောက်
လိုက်လေ၏။ ကိုလှစိန်ကလည်း

“စုံထောက်ကြီး ကော်ပါးဆာလဖိုဒ်ရဲ့ ၊
လာစမ်းပါအုံး၊ .. ဘယ်ကိုထွက်သွားတာ
တုံး၊ ခင်ဗျား စီအိုင်ဒီမှာ နေပြီး ထုံးစံမသိ
ဘူးလား"ဟု ကိုအောင်မြင့်အား ခပ်တည်တည်နှင့် ပြော လိုက်လေ၏။

“ဘာထုံးစံလဲ ကိုစိန်လှရဲ့ "ဟု
စုံထောက်ကြီး ကိုအောင်မြင့်က ပြန်၍
မေးလေ၏။

“ဘာထုံးစံရမှာ တုံးဗျ၊ ကျုပ်တို့ စီအိုင်
ဒီမှာ ရာထူးတက်မယ်လို့ သတင်းရရင်ကို
ကျွေးမွေးရတယ် မဟုတ်လားဗျာ၊ ကိုယ့်
လူ အူကြောင်ကြောင်မလုပ်နဲ့ ၊ ဒီနေ့ညနေ
ကိုပဲ ကျုပ်တို့ အားလုံးကို ဘုံဘေရက်စ
တောရင့်မှာ ကျွေးရမယ်”ဟု ပြောလိုက်
ရာ ကျန်လူများ အားလုံးက “ဟုတ်တယ်
ဟုတ်တယ်'ဟု ဝိုင်း၍ ထောက်ခံကြလေ
တော့၏။ ထို့ကြောင့် စုံထောက်ကိုအောင်
မြင့်သည် ထိုနေ့ညနေက ဘုံဘေရက်စ
တောရင့် စားသောက်ဆိုင်၌ ကျွန်ုပ်တို့
အားလုံးအား ညစာထမင်းကျွေးရလေတော့၏။ ထိုထမင်းဝိုင်း၌ လည်း ကျွန်ုပ်
တို့ အားလုံးက ၎င်းအား ကိုအောင်မြင့်ဟု
မခေါ်ကြတော့ဘဲ ကော်ပါးဆာလဖိုဒ်ဟု
သာ ခေါ်ဝေါ်သုံးနှုန်းကြရာမှ အစ မြန်မာ
ပြည် ပုလိပ်အဖွဲ့၌ စုံထောက် ကိုအောင်မြ
င့်၏ နာမည်သည် လုံးဝပျောက်ကွယ်၍
ကော်ပါးဆာလဖိုဒ်ဟု သာ တွင် ရစ်သွား
လေတော့သတည်း။

**********

ကျွန်ုပ်တို့ သည် စုံထောက်မင်းကြီး
မစ္စတာဟာဒီ၏ အဆူအကြိမ်းကိုခံ၍ နေ
ရလေ၏။ ကျွန်ုပ်တို့ စုံထောက်များမှာ
လည်း နေ့စဉ်နေ့တိုင်း ဆူပူကြိမ်းမောင်း
ခြင်းကို ခံနေရသဖြင့် အရေထူကာ ထုံတုံ
တုံဖြစ်၍ နေလေတော့၏။ နံနက်(၈)နာရီ
လောက်တွင် စီအိုင်ဒီရုံးသို့ ရောက်လာကြပြီး နောက်(၉)နာရီလောက်တွင် မစ္စတာဟာဒီ၏
အဆူအကြိမ်းခံရန်အတွက်
ယူနီဖောင်းကိုပြင်၍ ဝတ်ကြ၏။ ဖိနပ်
ကြိုးများကို ပြင်ဆင်၍ စီး၏။ ခါးပတ်
ကွင်းများကို တင်းသူတင်း၊ လျှော့သူလျှော့
လုပျကွ၏။

ထိုသို့ပြုလုပ်ပြီး များ မကြာမီ၌ ပင်
ပြာတာစံဝင်းသည် ကျွန်ုပ်တို့ ထံသို့
ရောက်ရှိ လာပြီးလျှင် “မင်းကြီးခေါ်နေ
တယ်ဆရာတို့ "ဟု ပြောတတ်မြဲ ဖြစ်
လေ၏။ ကျွန်ုပ်တို့ လည်း ထိုအချိန်မှ စ၍
အဆူအကြိမ်းခံရန်အတွက် မင်းကြီး၏ ရုံး
ခန်းသို့ ဝင်ကြရလေ၏။ မင်းကြီးသည်
ကျွန်ုပ်တို့ ကိုတွေ့ လျှင်တွေ့ချင်းပင် ကရား
ရေသွန် ဆူလေတော့သည် ။ တစ်နာရီခန့်
ဆူပြီးလျှင် ပြန်၍ လွှတ် လိုက်လေ၏။

ဤသို့လျှင် နေ့စဉ်နေ့တိုင်း အဆူခံနေရ
သောကြောင့် ကျွန်ုပ်အဖို့ မဖြုံသကဲ့သို့ ရှိ
လေတော့၏။ ပုလိပ်အရာရှိဆိုသည် မှာ
အထက်လူကြီး၏ ဆူပူကြိမ်းမောင်းခြင်း
ကို ပန်းကလေးနှင့် ပေါက်သည့်
အလား ကျေနပ်စွာခံယူရပေမည်ဟု ပင်
သဘောပေါက်၍ လာလေတော့၏။

တစ်နေ့သ၌ အထက်ကဆိုခဲ့သည့် အတိုင်း စုံထောက်မင်းကြီး မစ္စတာဟာ
ဒီ၏ ရုံးခန်းမှ ကျွန်ုပ်တို့ သည် အဆူခံ၍
ထွက်လာကြပြီးလျှင်
စီအိုင်ဒီရုံးနှင့်မလှမ်းမကမ်းတွင် ရှိသော ကာကာ လက်ဖက်ရည်ဆိုင်၌ လူစုမိကြလေ၏။
ကာကာကုလားသည် ကျွန်ုပ်တို့ ၏ အဖြစ်
ကို မည်သည့်နေရာမှ ကြားသိ
ထားသည် မသိပေ။ ကျွန်ုပ်တို့ အားအောက်ပါအတိုင်း ပြောလေသည် ။

“ဆရာတို့ ဒီကနေ့ဆိုင်လာတာ သိပ်ပြီး
နောက်ကျတယ်၊ မင်းကြီးက နောက်ကျ
ပြီးမှ ဆူတယ် ထင်တယ်”

ကျွန်ုပ်သည် ကာကာကုလား၏ စကား
ကြောင့် အနည်းငယ် မခံချင်သကဲ့သို့ ဖြစ်
သွားလေ၏။ ဦးကိုကိုကြီးကမူ
“ဆာလား၊ ဒါမင်းအလုပ်လား။ ငါတို့
ကို မင်းကြီးကဆူဆူ၊ သူက ကျေနပ်လို့ပဲ
သူ့နှမနဲ့ ပေးစားပေးစား၊ မင်းအလုပ်ဘာ
ရှိသလဲ၊ အူကြောင်ကြောင်မလုပ်နဲ့ ၊ မင်း
ဆိုင်က မြူနီစပါယ် ဧရိယာက မလွတ်
ဘူး၊ မြူနီစပါယ်ကို အကြောင်းကြားပြီး
ဆိုင်ပိတ်ခိုင်းလိုက်လို့ လန်ကွတ်တီနဲ့
ပြန်သွားရမယ်” ဟု ပြောလေတော့၏။

ထိုအခါကျမှ ပင် ကာကာလည်း
“စိတ်မဆိုးပါနဲ့ ဆရာတို့ ရယ်၊
ကျွန်တော်က ပျော်တတ်လို့ပါ" ဟု ပြော
လေ၏။
“ပျော်တတ်ရင် ဦးရွှေရိုးက, ကနေ၊
သူများကိစ္စထဲမှာ ဝင်ပြီးမစပ်စုနဲ့ ၊ ကြား
လား" ဦးကိုကိုကြီးက ထပ်မံ၍
ကြိမ်းမောင်း လိုက်လေတော့၏။

ထိုအခါမှပင် လက်ဖက်ရည်ရောင်း
သော ကာကာလည်း ဇာတ်ကလေးပု၍
ငြိမ်သွားလေတော့၏။ ဦးကိုကိုကြီးသည်
ကာကာအား ဆူပူကြိမ်းမောင်းပြီးနောက်
ကျွန်ုပ်ဘက်သို့လှည့်ကာ

“အခုနေများ ကျုပ်တို့ လူရှိရင် သိပ်
ကောင်းမယ်ဗျာ"ဟု ပြောလေ၏။

“ကိုနှင်းမောင်ကိုပြောတာလား"ဟု
ကျွန်ုပ်က ပြန်၍ မေးရာ ဦးကိုကိုကြီးက

“အစစ်ပေါ့ဗျာ၊ ဒီလူသာရှိရင် ကျုပ်တို့
အဖြစ်ဟာ ဒီလောက်ဆိုးမှာ မဟုတ်ဘူး
ဗျ၊ အခုတော့ဗျာ၊ ကျုပ်တို့ မှာ နေ့တိုင်း
နေ့တိုင်းမင်းကြီးရဲ့ အဆူ ကိုခံနေရတာ၊
အိမ်နီးနားချင်း ကြားလို့တောင် မကောင်း
ပါဘူးဗျာ။ လမ်းထဲက လူတွေကတော့
ကျုပ်တို့ ကို အထင်ကြီးနေလိုက်တာ၊
စုံထောက်အရာရှိကြီးတွေဆိုပြီး မနက်ကို
များ အိမ်ကထွက်ရင်  တစ်ချို့လူငယ်
ကလေးတွေက ကျုပ်တို့ ကိုအားကျတဲ့
မျက်လုံးနဲ့ ကြည့်ကြည့်ပြီး မေးကြတယ်၊
အမှန်ကတော့ အဆူခံဖို့ ထွက်လာတာဆို
တာ မသိရှာကြဘူး၊ “ဟား ဟား ဟား”ဟု
ပြောဆို၍ အားရပါးရရယ်မောလေ၏။
အခန်း  ၂ - ခ

ထိုအချိန်၌ပင် ကာကာကုလားသည်
လက်ဖက်ရည်များ လာရောက်ချပေး
လေ၏။ ကျွန်ုပ်ကလည်း လက်ဖက်ရည်
တစ်ခွက်ကို ကောက် ယူ၍ မော့လေ၏။
ကိုတင်ဝင်းသည် ကျွန်ုပ်၏ ကျောကုန်းကိုလာ၍
ပုတ်သဖြင့်ကျွန်ုပ်မှာ လက်ဖက်ရည်များ သီး၍ သွားလေ၏။ ထို့
ကြောင့် ကျွန်ုပ်က 

“ဘာလဲဟ ဖိုးတင်ဝင်းရ၊
လက်ဖက်ရည်တောင် သီးကုန်ပြီ" ဟု
ပြောလိုက်လေ၏။

“ဟိုမှာ ဟိုမှာ လူတစ်ယောက် စီအိုင်ဒီ
ဝင်းထဲကို ဝင်သွားပြီ၊ ဂိတ်ကစန္ဒရီကလဲ
လွှတ်ပေးလိုက်တယ်၊ အဲဒီလူကများ
ယောင်မှားပြီး မင်းကြီးရုံးကို စွတ်ဝင်
သွားရင် မင်းကြီးက ကျုပ်တို့ ကို ခေါ်ပြီး
ဆူဦးမယ်ဗျ” ဟု ကိုတင်ဝင်းက ပြောလိုက်သဖြင့် ကျွန်ုပ်တို့ လည်း ထိုသူအား လှမ်း
မျှော်ကြည့်မိကြလေ၏။ ဦးကိုကိုကြီးကမူ
“ကိုတင်ဝင်းပြောတာ မဆိုးဘူးဗျ၊ ကြ
ည့်ရတာတော့ ‘ဂျင်ဂလီး'ပုံပဲဗျ။ အဲဒီလူ
မင်းကြီးရုံးခန်းထဲကိုလမ်းမှားပြီး စွတ်
ဝင်သွားရင်တော့ မင်းကြီးက ကျုပ်တို့ ကို
ခေါ်ပြီး ပွက်မှာ သေချာတယ်ဗျို့။
တော်တော်ခက်တဲ့ တောသားပဲ၊ ဘာကိစ္စ
နဲ့ များ စီအိုင်ဒီဝင်းထဲကို ဝင်သွားရပါလိ
မ့်"ဟု ညည်းညူသော လေသံဖြင့် ပြော
လေတော့၏။

ဦးကိုကိုကြီး ပြောသည်မှာ မှန်ပေ
သည် ။ များ မကြာမီ၌ ပင် ပြာတာစံဝင်း
ရောက် လာပြီးလျှင်

“ဆရာတို့ ဆရာတို့ မင်းကြီးခေါ်နေ
တယ်”ဟု ပြောလေတော့၏။ ကျွန်ုပ်လည်း လက်ဖက်ရည်များ ကပျာကယာ
သောက်ကြကုန်၏။ အင်္ကျီဘောင်းဘီများ
ကိုပြင်၍ ဝတ်ကြကုန်၏။ ဦးကိုကိုကြီး
ကမူ 

“ဟိုအညာသားလက်ချက်ပဲ၊ သူဝင်သွား
လို့ မင်းကြီးက ကျုပ်တို့ ကိုခေါ်ပြီး ဆူတာ
ဖြစ်မှာ ပဲ” ဟု ပြောလေ၏။ ထို့နောက်
တွင် ကား ကျွန်ုပ်တို့ သည် မင်းကြီး၏ ရုံး
ခန်းဆီသို့ အဆူခံရန် ချီတက်သွားလေ
တော့၏။ မင်းကြီး၏ ရုံးခန်းသို့ရောက်
လျှင် သူအလျင်ဝင် ငါအလျင်ဝင်နှင့် တစ်
ဦးနှင့် တစ်ဦး တွန်းထိုးကာ ကျွန်ုပ်တို့
သည် အလုပ်ရှုပ်နေကြသေးတော့၏။
ထို့နောက် မင်းကြီး၏ ရုံးခန်းအတွင်းသို့
ဝင်ခဲ့ကြလေ၏။

ဦးကိုကိုကြီးကမူ မဝင်ခင်၌ မင်းကြီး၏ရုံးခန်းအတွင်းသို့ ချောင်းကြည့်လိုက်
သေး၏။ ထိုသို့ ချောင်းကြည့်ပြီးနောက်
ကျွန်ုပ်ဘက်သို့လှည့်ကာ 

“အစစ်ပဲဗျို့၊ ဂျင်ဂလီးဝါလား အထဲ
ရောက်နေပြီဗျို့”ဟု ပြော လိုက်လေ၏။
ကျွန်ုပ်တို့ လည်း မင်းကြီး၏ ရုံးခန်းသို့
ပြိုင်တူဝင်ကြလေ၏။ ဦးကိုကိုကြီးပြောသော
ဂျင်ဂလီးဝါလားဆိုသူသည် မင်းကြီး၏ စားပွဲရှေ့ရှိ ကုလားထိုင်တွင်
တင်ပါးလွှဲထိုင်၍ နေလေ၏။ ကျွန်ုပ်တို့
ဘက်ကိုမူ ကျောခိုင်းထားလေ၏။
ထိုသူသည် မြောက်ပြင်လုံးချည် ခပ်နွမ်း
နွမ်းနှင့် ကျေးလက်တောရွာ ဖဲသမားများ
ဝတ်လေ့ရှိသော ဘလေဇာကုတ်အင်္ကျီ
ခပ်ဟောင်းဟောင်းကိုလည်း  ဝတ်ထား
လေ၏။ ၎င်း၏ လွယ်အိတ်ကြီးကိုလည်းမင်းကြီး၏ စားပွဲခုံပေါ်သို့ တင်ထား
လေ၏။ မင်းကြီးသည် ကျွန်ုပ်တို့ ကိုတွေ့
လျှင်
“ဟောဒီမှာ … ရန်ကုန်ပုလိပ်မင်းကြီးက
နယ်ကနေခေါ်ပြီးကျွန်ုပ်တို့ စီအိုင်ဒီကို ပို့
ပေးလိုက်တဲ့ လူပဲ" ဟု ပြောလေ၏။ ထိုသူ
လည်း ကျွန်ုပ်တို့ ဘက်သို့ လှည့်ကာ.

“အားလုံးကျန်းမာကြရဲ့
နော်”ဟု
နှုတ်ဆက် လိုက်လေ၏။ ထိုအခါကြမှ ပင်
ကျွန်ုပ်တို့ လည်း အောက်ပါအတိုင်း
ပြိုင်တူအော်ဟစ်၍ အားရဝမ်းသာ
နှုတ်ဆက်ကြလေတော့၏။

“ဆားပုလင်းနှင်းမောင်”

စုံထောက်မင်းကြီးပင်လျှင် ကျွန်ုပ်တို့ ပြိုင်တူ နှုတ်ဆက်လိုက်သံကြောင့်
မျက်လုံးပြူး၍ သွားလေ၏။ ထို့နောက်
ကျွန်ုပ်တို့ အား စုံထောက်မင်းကြီးက
“လူကလေးတို့ … သူ့ကိုကောင်းကောင်း
သိတယ်ပေါ့”ဟု ပြောလေ၏။ ကျွန်ုပ်တို့
“သိပါတယ် သခင်” ဟု ပြိုင်တူပြန်၍
ဖြေကြလေ၏။

ကိုကိုကြီးကမူ “အထွန့်"တက်၍ 
“သိပါတယ် သခင်၊ အာဝါးမင်း ဆား
ပုလင်းနှင်းမောင် ပါ”ဟု ဖြေဆိုလေ၏။

မင်းကြီးသည် ဆားပုလင်းနှင်းမောင်
အား အကဲခတ်သကဲ့သို့ ကြည့်ရှု လိုက်
လေ၏။

ဆားပုလင်းနှင်းမောင်ကမူ
ကျွန်ုပ်တို့ ဘက်သို့ မျက်နှာမူထားသဖြင့်
မင်းကြီးအား ကျောခိုင်းထားသကဲ့သို့ ရှိလေ၏။

ထို့နောက် ဆားပုလင်းနှင်းမောင်သည်
အင်္ကျီအတွင်းမှ ၎င်းလွန်စွာ နှစ်သက်
သော ဂလေစီယာ ရေခဲတောင်တံဆိပ်
စီးကရက်ဗူးကို ထုတ်ကာ စီးကရက်တစ်
လိပ်ကို နှိုက်ယူ၍ နှုတ်ခမ်းဖျား၌ တေ့ပြီး
လျှင် ဥတုသုံးပါးခံသည် ဆိုသော
နတ်သမီးတံဆိပ် မီးခြစ်ကို “ရှဲ’ကနဲ့ ခြစ်၍
မီးညှိ လိုက်လေ၏။ ထို့နောက်မီးခြစ်ဆံ
ကိုလည်း ကြမ်းပြင်ပေါ်သို့ ပစ်ချ လိုက်
လေ၏။ ကျွန်ုပ်အဖို့ မင်းကြီး၏ ရုံးခန်း
အတွင်း၌ ဆေးလိပ်သောက်ရဲခြင်း မရှိပေ။

ဆားပုလင်းနှင်းမောင်မှာ ဆေးလိပ်သောက်ရုံမျှမက မီးခြစ်ဆံကိုပင်
အဝေးသို့ ထမပစ်တော့ဘဲ ရုံးခန်းအတွင်း၌ ပင် ပစ်ချ လိုက်လေ၏။ ၎င်း၏ စိတ်သည် မင်းကြီးရှေ့သို့
ရောက်လာပါကလား ဟူ၍ ကျဉ်းကျပ်
ခြင်းမရှိပေ။ ကာကာ လက်ဖက်ရည်
ဆိုင်၌ ထိုင် နေသကဲ့သို့ ပင် လွတ်လပ်စွာ
ထိုင်၍ နေလေ၏။ ကျွန်ုပ်တို့ မှာ မူ
မင်းကြီးကို ကြောက်လွန်းသဖြင့်
ခြေထောက်များ စုံရပ်ကာ အတင်း
ရှင်း'ခေါ် သတိကြီးစွာထားရသော
အနေအထားဖြင့်ရပ်၍ နေကြရလေ၏။

ထိုအခါ၌ စုံထောက်မင်းကြီး မစ္စတာ
ဟာဒီက ဆားပုလင်းနှင်းမောင်အား
“ရန်ကုန်မြို့မှာ အမှုတွေတစ်ခုပြီးတစ်ခု
ပေါ်နေတယ်” ဟု စကား စလိုက်လျှင်
ဆားပုလင်းနှင်းမောင်က
“အဲဒါ ကျုပ်မရောက်လာသေးလို့ပါ”ဟု
ပြန်၍ ပြော လိုက်လေ၏။ ဆားပုလင်း
နှင်းမောင်သည် စုံထောက်မင်းကြီးအား
လက်ဖက်ရည်ဆိုင်မှ ကာကာကုလား
ထက် ပို၍ အလေးအနက်ထားပုံ မရပေ၊

“အဲဒီအမှုတွေကို ပေါ်ပေါက်အောင်
လုပ်နိုင်တယ် ဆိုရင်တော့ ဆားပုလင်း
နှင်းမောင်ကို ကျုပ်က ချီးကျူးရမှာ ပဲ”ဟူ
၍ မစ္စတာဟာဒီက ပြော လိုက်လေ၏။
ဆားပုလင်းနှင်းမောင်ကလည်း
စီးကရက်ကိုဖွာရင်း အောက်ပါအဓိပ္ပာယ်
ရသော စကားကို အင်္ဂလိပ်ဘာသာဖြင့်

“ခင်ဗျားတို့ ဘုရားသခင်က မပေါ်သေး
တဲ့ အမှုတွေကို ပေါ်ပေါက်လာအောင်
စုံထောက်ပေးဖို့ ဒီကမ္ဘာကြီးအတွက်
ကျုပ်ကိုလက်ဆောင် ပေးသနားတော်မူ
လိုက်တာပဲ” ဟူ၍ ပြော လိုက်လေ၏။
စုံထောက်မင်းကြီးကလည်း ဆား
ပုလင်းနှင်းမောင်၏ စကားကို လွန်စွာ
သဘောကျ၍ သွားလေတော့သည် ။
“ကြည့်မယ်လေ”ဟု လည်း ပြော လိုက်
လေ၏။

“မြင်ရမှာ ပါ”ဟု လည်း ဆားပုလင်း
နှင်းမောင်က ပြောဆိုကာ မင်းကြီး၏
စားပွဲခုံပေါ်မှ ၎င်း၏ လွယ်အိတ်ကို
ကောက်၍ လွယ်ပြီးလျှင် မင်းကြီးအား
ကျောခိုင်းလျက် အနေအထားမှ ပင် “တွေ့
ကြသေးတာပေါ့"ဟူသောစကားကို
အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုနှုတ်ဆက်၍
ရုံးခန်းအတွင်းမှ ထွက်သွားလေ၏။

ကျွန်ုပ်တို့ မှာ မူ ၎င်းကဲ့သို့မဟုတ်ပေ။
မင်းကြီးက လာပါဆိုမှ ရုံးခန်းအတွင်းသို့ ဝင်ဝံ့၏။ မင်းကြီးက သွားတော့ဆိုမှရုံးခန်းအတွင်းမှ ထွက်ဝံ့၏။ ဆားပုလင်းနှင်းမောင်မှာ မူ ဤသို့မဟုတ်ပေ
ယခင့်ယခင် စုံထောက်မင်းကြီးများကို
လည်း ဤအတိုင်းပင် ပမာမခန့်ဆက်ဆံ
ခဲ့၏။ ကိစ္စရှိလျှင် ရုံးခန်းအတွင်းသို့
ရင်ကော့၍ ဝင်သွားဝံ့သကဲ့သို့ ကိစ္စပြီး
လျှင်လည်း မင်းကြီးအား ခွင့်တောင်းခြင်း
မပြုဘဲ မင်းကြီး၏ ရုံးခန်းအတွင်း မှ
လေချွန်၍ ထွက်လာဝံ့သူ ဖြစ်၏။

မင်းကြီးသည် ကျွန်ုပ်တို့ အား
“ဘာဖြစ်လို့ ပြတိုက်က ကျောက်ရုပ်လို
မတ်တပ်ရပ်နေကြတာတုံး၊
သွားကြ
တော့”ဟု မောင်းထုတ်လိုက်မှ ပင် ကျွန်ုပ်
တို့ သည် ရုံးခန်းအတွင်းမှ ကပျာကယာ
ထွက်၍ လာကြလေ၏။ အပြင်သို့ ရောက်
လျှင် ဦးကိုကိုကြီးက ဆားပုလင်းနှင်းမောင်အား 

“အိုင်ဆေးကိုနှင်းမောင်၊ ခင်ဗျားနှယ်
ဗျာ အသားတွေ ညိုသွားလိုက်တာ၊ ကျုပ်
တို့ ဖြင့် မှတ်တောင် မမှတ်မိဘူး”ဟု ပြော
လေ၏။

“ရွှေဘိုမှာ က သိပ်ပြီးတော့ နေပူတယ်
ဗျ”ဟု ဆားပုလင်းနှင်းမောင်က ပြန်၍
ပြောလေ၏။ ကျွန်ုပ်ကမူ .

“အိုင်ဆေး ခင်ဗျားအတွက် နေရေးထိုင်
ရေးကို ဘယ်လိုစီစဉ်ပေးရမလဲ၊ အစိုးရ
ကွာတာထဲမှာ အိမ်ခန်းယူပေးရမ
လား”ဟု မေးလေ၏။

ဆားပုလင်းနှင်းမောင်သည် စီးကရက်
တိုကို အောက်သို့ချ၍ နင်းခြေရင်း
“ မဟုတ်ဘူး လေ၊ ၂၉၅ ဘိုးလိမ်းလမ်း
က အခန်းကို ပိုင်ရှင်ဂျူးအဘိုးကြီးက
ဘယ်သူ့ကိုမှ မငှားသေးဘူးဗျ၊ ကျုပ်
အတွက် သီးသန့်ကို ဖယ်ထားတယ်လို့
ပြောတာပဲ၊ အဲဒီမှာ ပဲနေမယ်ဗျာ”ဟု ဆား
ပုလင်းနှင်းမောင်က ပြောလေ၏။ ထို့
ကြောင့် ကျွန်ုပ်တို့ သည် စီအိုင်ဒီမှ ပုလိပ်
သားသုံးယောက်ကို ခေါ်၍ ကိုနှင်းမောင်
နေထိုင်မည့် ကျောက်မြောင်း ဘိုးလိမ်း
လမ်း အခန်းနံပါတ် ၂၉၅ ကို
သွားရောက်၍ ရှင်းလင်းပေးရလေ
တော့၏။

ထိုနေ့ညနေတွင် လည်း ကျွန်ုပ်က ကျွန်ုပ်၏ မိတ်ဆွေကြီးစီအိုင်ဒီသို့
ပြန်လည်ရောက်ရှိလာခြင်း
အထိမ်းအမှတ်ဖြင့် ဘုံဘေရက်စတောရ
င့်၌ ညစာကျွေးခဲ့ရလေ၏။

ကျွန်ုပ်တို့ စုံထောက်အားလုံးသည် ထို
ညစာစားပွဲ၌ ပျားအုံတံဆိပ် ဘရန်ဒီကို
မြိန်ရည်ရှက်ရည် သောက်ကြသော်လည်း
ကျွန်ုပ်တို့ ၏ မိတ်ဆွေကြီးမှာ မူ
အရက်သေစာကို
အဆိပ်ကဲ့သို့
ရှောင်ကြဉ်ထားသည် ဖြစ်ရကာ ကရင်
ဆော်ဒါနှင့်ပင် စခန်းသွားခဲ့လေ၏။

ညစာစားပွဲအပြီး၌ ကျွန်ုပ်သည် ဆား
ပုလင်းနှင်းမောင်အား ကျွန်ုပ်၏ ကားနှင့်
ပင် ၎င်းနေထိုင်ရာ ၂၉၅ ဘိုးလိမ်းလမ်းသို့
လိုက်၍ ပို့ခဲ့လေ၏။ ၎င်း၏ အခန်းသို့
ရောက်လျှင် ဆားပုလင်းနှင်းမောင်က

“ပြန်တော့မလား အိုင်ပီရဲ့ "ဟု မေးရာ
ကျွန်ုပ်က
“ဆယ့်တစ်နာရီထိုးနေမှ
ပဲဗျာ”ဟု
ပြောဆိုကာ ပြန်မည်အလုပ်၌ ဆားပုလင်း
နှင်းမောင်သည် လွန်စွာဟောင်းနွမ်းနေပြီ
ဖြစ်သော တယောဗူးကလေးအတွင်းမှ
၎င်း၏ အီတလီတယောပြားကလေးကို
ထုတ်ကာ လက်သံစမ်းလိုက်သဖြင့် ရှေ့သို့
လှမ်းမည့် ကျွန်ုပ်၏ ခြေထောက်များ
သည် ‘တုံ့ကနဲ’ ရပ်ကာ ‘ကိုနှင်းမောင်ရဲ့
လက်သံမကြားရတာကြာပြီ၊
သီချင်း
တစ်ပုဒ်လောက်တော့
နားထောင်ဦးမှ 'ဟု တွေးကာ နေရာ၌ ပင်
ပြန်၍ ထိုင် လိုက်လေ၏။

ထိုအခါ၌ ဆားပုလင်းနှင်းမောင်သည်
ကျွန်ုပ် လွန်စွာသဘောကျသော
“ဟေဝန်မြိုင်တန်း သာတယ် ရှုလေဆန်း
တယ် "အစရှိသော 'ဝိဇ္ဇာတောလား'ကို
ထိုးပြလေတော့၏။

ကျွန်ုပ်သည် ဂီတသမားတစ်ဦး မဟုတ်သော်လည်း ကျွန်ုပ်နှစ်သက်သော ဂီတ
လက်သံများကိုမူ နားထောင်တတ်ခြင်း ရှိ
ပေသည် ။ အထူးသဖြင့် ကျွန်ုပ်သည်
တယောသံကို နှစ်သက်ပေ၏။ တယောသံ
ကို နှစ်သက်ခြင်း၌ လည်း ဆွဲဆွဲငင်ငင်ရှိ
ခြင်းကို နှစ်သက်ခြင်း ဖြစ်တန်ရာ၏။
တယောထိုးခြင်း အလုပ်မှာ လွယ်ကူ
သောအလုပ် မဟုတ်ပေ။ အဘယ့်ကြောင့်
ဆိုသော် တယောထိုးခြင်း၌ “ဖင်းဂါး
ရင်း'ခေါ်လက်ပေါက်နှိပ်ရသော အလုပ်နှ
င့် ဘိုးအင်း’ခေါ် ဘိုးတံဆွဲငင်ရသော
လုပ်ငန်းနှစ်ခုကို ကောင်းမွန်စွာ တွဲစပ်နိုင်
မှ သာလျှင် နား၌ အရသာရှိပေ၏။ ထိုသို့
မဟုတ်ပဲ တစ်ခုခုတွင် ချွတ်ယွင်းနေပါက
နားကလောဖွယ်ရာ ကောင်းလှပေ၏။ နှစ်
ခုစလုံး၌ ချွတ်ယွင်းနေပါ မူနားကလောရုံမျှမက စိတ်မချမ်းသာခြင်းပင် ဖြစ်ရလေတော့၏။

ဆားပုလင်းနှင်းမောင်မှာ မူ ဖင်းဂါးရင်းရော 
ဘိုးအင်းပါကောင်းရုံမျှမက အရှိုက်၊ အငိုက်၊ အငံ့၊ အလင့် စသော
မှင်မောင်းပါ … ကောင်းသောကြောင့် ကျွန်ုပ်
သည် ၎င်း၏ တယောသံကို စွဲလန်းမိလေ
တော့၏။

ဆားပုလင်းနှင်းမောင်သည် ဝိဇ္ဇာတော
လားကို တယောထိုးရင်း ကျွန်ုပ်
အား.......

“ဒီမှာ အိုင်ပီ၊ အခုတလော ဖြစ်နေတဲ့
အမှုတွေက ဘာအမှုတွေများ သလဲ”ဟု
မေးလေ၏။

“လောလောဆယ်မှာ တော့ ဓားပြမှု
တွေ သိပ်များ နေတယ်ဗျ၊ ဂါတ်တွေကလဲသဲလွန်စမပေးနိုင်ဘူး၊ ပြီးခဲ့တဲ့ လဆန်း
ပိုင်းတုန်းက ရေကျော်မှာ တိုက်သွားတဲ့
ဓားပြမှုဆိုရင် အတော့ကို မခံချင်စရာ
ကောင်းတယ်ဗျ"ဟု ကျွန်ုပ်ကပြောပြ
လေ၏။

“ဆိုစမ်းပါဦး”ဟု ဆားပုလင်းနှင်းမောင်က မေးလေ၏။

“စိန် ရွှေ သုံးသောင်းဖိုးလောက် ပါသွား
တယ်ဗျ၊ ပြီးတော့ဓားပြက နှစ်ယောက်
တည်းရယ်၊ တိုက်ပြီး ပြန်ထွက်တဲ့ အခါ
မှာ အိမ်ရှင်ရဲ့ သမီးကို မျက်စိမှာ ပုဝါစည်း
ပြီး ဓားစာခံအဖြစ် ခေါ်သွားသေးတယ်ဗျ၊
နောက်တစ်နေ့မနက်မှ ပြန်လွှတ်လိုက်
တယ်၊ ကျုပ်တို့ လဲ ဓားပြတွေရဲ့ စခန်းကို
သိရအောင်ဆိုပြီး ဓားစာခံမိန်းကလေးနဲ့
တွေ့ပြီး မေးလားစမ်းလားလုပ်လုပ်ကြသေးတယ်"ဟု ကျွန်ုပ်က ပြော လိုက်
လေ၏။

“ဆိုစမ်းပါဦး”ဟု ဆားပုလင်းနှင်း
မောင်က တယောထိုးရင်းနှင့် ပင် မေး
လေ၏။

“မိန်းကလေးရဲ့ ပြောပြချက်အရ ပထမ
ဦးဆုံး နှင်းဆီခြံကြီးတစ်ခုကို ဖြတ်သွားရ
တယ်လို့ ထင်တယ်တဲ့ ၊ နောက်ပြီးတော့
စံပယ်ပင်တွေ စိုက်ထားတဲ့ နေရာကို
ဖြတ်ရပြန်ရောလို့လဲ ပြောတယ်ဗျ၊ စံပယ်
နံ့တွေကိုလဲ မွှန်နေတာပဲတဲ့ ၊ ပြီးတော့
ဒေါနပန်းရနံ့တွေ
ရပြန်တယ်တဲ့”ဟု
ကျွန်ုပ်က ပြောလိုက်ရာ ဆားပုလင်းနှင်း
မောင်က

“အဲ့ဒီအမှုတွဲဘယ်မှာ တုံးဗျ၊ အခုနေ
ဖတ်ရရင် ကောင်းမယ်ဗျာ”ဟု ဆိုလေ၏။

“ဒီလိုဆိုလဲ ဂါတ်ကနေ ကျုပ်ယူပေးပါ့
မယ်။ ခဏလေးစောင့်ပါဗျာ”ဟု ဆိုကာ
ကျွန်ုပ်သည် မော်တော်ကားဖြင့် ရေကျော်
ဂါတ်ဆီသို့ ထွက် လာပြီးလျှင် ဌာနအုပ်နှ
င့် တွေ့ဆုံကာ ထိုအမှုတွဲကို တောင်းယူခဲ့
လေ၏။ ဆားပုလင်းနှင်းမောင်သည်
တယောထိုးရင်းနှင့် ပင် အမှုတွဲကိုဖတ်
လေ၏။

ထို့နောက် တယောကိုချ လိုက်လေ၏။
ပြီးလျှင်
“မအူကုန်းထိပ်က လက်ဖက်ရည်ဆိုင်
မှာ လက်ဖက်ရည်ကလေး သောက်ကြ
ရအောင်ဗျာ” ဟု ဆိုသဖြင့် မအူကုန်းထိပ်
ဆီသို့ မော်တော်ကားနှင့် ပင် ထွက်လာခဲ့
လေ၏။ ဆားပုလင်းနှင်းမောင်သည်
လက်ဖက်ရည်ဆိုင်သို့ ရောက်သောအခါ၌ လက်ဖက်ရည်ဖျော်သော ကုလားအား..
“ချင်းနီထိုးရား”ဟု လှမ်း၍ အော် လိုက်
လေ၏။

ကုလားလည်း လက်ဖက်ရည်ဖျော်ရာ
မှ ဆားပုလင်းနှင်းမောင်အား ‘ဆတ်က
နဲ' လှမ်း၍ ကြည့်လိုက်ပြီးလျှင်
“ ဆားပုလင်းဆပ် ရောက် လာပြီကိုး၊
ရန်ကုန်က လူဆိုးတွေတော့ ခိုရာအရှင်
မြတ်ရဲ့ အမိန့် တော်ကို ခံယူရတော့
မယ်”ဟု ပြောလိုက်သဖြင့် လက်ဖက်ရည်
ဆိုင်အတွင်းမှ လူအများ သည် ဆား
ပုလင်းနှင်းမောင်အား ကြည့်ရှုကြကုန်
လေတော့၏။ ဆားပုလင်းနှင်းမောင်သည်
လက်ဖက်ရည်သောက်ရင်းနှင့်ပင်
တစ်စုံတစ်ရာကို လေးလေးနက်နက်
စဉ်းစားနေ၏။

ထို့နောက် ကျွန်ုပ်အား အောက်ပါ
အတိုင်း မေးလေ၏။

“ဓားပြတိုက်ခံရတဲ့ အိမ်မှာ က အဘိုး
ကြီး၊ အဘွားကြီးရယ် မွေးစားသမီး
ကလေးရယ်ပဲ ရှိတာဗျ။ သူတို့ ကလဲ ကြီး
ကြီးကျယ်ကျယ် အလုပ်လုပ်ကြတာ
မဟုတ်လေတော့ အတွင်းပစ္စည်းတွေ ဒီ
လောက် များများ ရှိတယ်ဆိုတာ အပြင်လူ
က မသိနိုင်ဘူး။ အိုင်ပီ ဒီမှာ ခဏကလေး
ထိုင်နေဦး”ဟု ဆိုကာ ဆားပုလင်းနှင်း
မောင်က ပြောဆို၍ ထွက်သွားလေ
တော့၏။

ကွမ်းတရာညက်ခန့် . ကြာသောအခါ၌
ဆားပုလင်းနှင်းမောင် ပြန်၍ ရောက် လာ
လေ၏။
“အိုင်ဆေး … ဘယ်ကိုသွားတာလဲ"ဟုကျွန်ုပ်ကမေးရာ ဆားပုလင်းနှင်းမောင်က

“ဒီနားက ကုလားဆရာဝန်ကြီးအိမ်မှာ
တယ်လီဖုန်း သွားဆက်တာဗျာ”ဟု ပြန်၍
ဖြေလေ၏။

“ဘယ်ကိုဆက်တာလဲဗျ"ဟု ကျွန်ုပ်က
မေးရာ ဆားပုလင်းနှင်းမောင်က...

“ဂါတ်ကိုဆက်တာပါ။ ဂါတ်ကိုဆက်ပြီး
ဓားပြတိုက်ခံရတဲ့ ဦးဘစိန်၊ ဒေါ်ကလေးမ
အိမ်ကို ကျုပ်မေးချင်တဲ့ မေးခွန်းလေး
တစ်ခု သွားပြီး မေးလိုက်တာပါ၊ သိချင်
တာကတော့ သိရပါပြီ"ဟု ပြန်၍ ပြော
လေ၏။

“ကဲ … လက်ဖက်ရည်လဲသောက်ပြီးပြီ”
ဟု  ကျွန်ုပ်ကပြောရာ ဆားပုလင်းနှင်း
မောင်က 

“အိုင်ပီ ကားမှာ ဓာတ်ဆီ ပြည့်ပြည့်စုံစုံ
ပါတယ် မဟုတ်လား"ဟု မေးလေ၏။

“ပါပါတယ်ဗျာ၊ မပါရင်လဲ လမ်းမှာ ဝင်
ပြီး ထည့်သွားတာပေါ့၊ ဘယ်ကိုသွားချင်
လို့တုံး"ဟု ကျွန်ုပ်ကမေးလေ၏။

“ကဲ လာပျို့ အိုင်ပီရေ"ဟု ဆိုကာ ကား
ကို ၎င်းကမောင်းလေ၏။ အတော်အတန်
မောင်းမိသောအခါ၌ ကုတ်အင်္ကျီအတွင်းမှ ခြောက်လုံးပြူးကို ထုတ်ကာ ကျွန်ုပ်
အားပေးပြီးလျှင်

“အိုင်ပီ သေနတ် မပါဘူး မဟုတ်လား၊
ဒါလေးဆောင်ထား၊ သူတို့
အကြမ်းဖက်ချင်ဖက်လာကြမှာ ၊ လက်ဦး
ဖို့ အရေးကြီးတယ်"ဟု ပြောလေ၏။

ကျွန်ုပ်လည်း သေနတ်မှ ကျည်ဆန်များကို
စစ်ဆေးပြီးလျှင် သေနတ်ကို ခါးကြား၌
ထိုး လိုက်လေ၏။

“အိုင်ဆေး၊ အခုဘယ်ကို မောင်းနေတာ
တုံး"ဟု ကျွန်ုပ်ကမေးရာ ဆားပုလင်းနှင်း
မောင်က ..

“မင်္ဂလာဒုံဘက်ကို မောင်းနေတာဗျ၊
လှည်းကူးအထိသွားမယ်”ဟု ပြော
လေ၏။

“အဲဒီဘက်ကို နှင်းဆီပန်းခင်းတွေ
စံပယ်ပန်းခင်းတွေရှိမှ မရှိပဲကိုး"ဟု
ကျွန်ုပ်ကစောဒက တက်မိလေ၏။ 

“ဘာကိုဆိုလိုတာလဲအိုင်ပီ”ဟု ဆားပုလင်းနှင်း
မောင်က ပြန်၍ မေးလေ၏။

“ဓားစာခံခေါ်သွားခံရတဲ့ ကောင်မလေး
က ပြောတယ်မဟုတ်လား၊ ပထမ နှင်းဆီ
ပန်းရနံ့တွေ အကြာကြီးရတယ်၊ ပြီးတော့
မှ စံပယ်ပန်းရနံ့တွေရတယ်လို့ ဆိုထားတယ်မဟုတ်လား” ဟု ကျွန်ုပ်က ပြော
လိုက်ရာ ဆားပုလင်းနှင်းမောင်က

“အလကားပါ အိုင်ပီရယ်၊
ကောင်မလေးရဲ့ နှုတ်ခမ်းဝမှာ နှင်းဆီ
ရေမွှေးဆွတ်ထားတဲ့ ဂွမ်းစကလေး လာ
ပြီး ကပ်ပေးလိုက်၊ စံပယ်ပန်း ရေမွှေးနံ့
ကလေး လာပြီးကပ်ပေးလိုက်နဲ့ လုပ်သွား
တာပါ၊ ကောင်မလေးကို သူတို့ ဘယ်ကိုမှ
ခေါ်သွားတာမဟုတ်ပါဘူး၊ ကန်တော်ကြီး
ကို တစ်ပတ်လောက် ကားကိုမောင်းပြီး
တာမွေနားမှာ သွားပြီး ချထားခဲ့တာပါ၊
အမှန်ကတော့ ဓားပြတွေဟာ လက်သမားဆရာတွေဗျ၊
အဲဒီအိမ်မှာ မနှစ်လောက်တုန်းက ရေချိုးခန်းလဲပြင်
တယ်၊ နောက်ဖေးက အထပ်ခိုးကလေးလဲ
လုပ်တယ်ဗျ။ အဲဒီလိုလုပ်ရင်းနဲ့ အဘိုးကြီးအဘွားကြီးမှာ အတွင်းပစ္စည်း
ဘယ်လောက်ရှိတယ်ဆိုတာ ရိပ်မိသွား
တာပဲဗျ”ဟု ဆားပုလင်းနှင်းမောင်က
ပြောလေ၏။

ကျွန်ုပ်မှာ မူ ဆားပုလင်းနှင်းမောင်၏
တွေးပုံကို ဘဘောကျမိလေတော့၏။
ဤသို့နှင့် ပင် စကားတပြောပြောနှင့်
လာခဲ့ကြရာ လှည်းကူးမြို့သို့ ရောက်ရှိခဲ့
ကွလေ၏။
လှည်းကူးသို့ရောက်
သောအခါ၌ လှည်းကူးတွင် နှံ့နှံ့စပ်စပ်ရှိ
သော ဆားပုလင်းနှင်းမောင်၏ မိတ်ဆွေ
ကိုသိန်းဟန်ဆိုသူ၏
နေအိမ်သို့
သွားရောက်ကာ ၎င်းကိုသိန်းဟန်အား
အိပ်ရာမှ နှိုး၍ ခေါ်ယူခဲ့ပြီးနောက်
လက်သမားဆရာ ဝင်းကျော်ဆိုသူအား
ရှာဖွေစုံစမ်းရာ ဈေးအနီး၌ နေထိုင်ကြောင်း သိရလေတော့၏။ ထို့ကြောင့်
ကျွန်ုပ်နှင့် ဆားပုလင်းနှင်းမောင်တို့ သည်
လက်သမားဆရာဝင်းကျော်အား တက်
ရောက်ဖမ်းဆီးရာတွင်
ဝင်းကျော်၏
အိမ်၌ ပြည့်တန်ဆာမတစ်ဦးနှင့် အတူ
အိပ်ပျော်လျက်ရှိသော ဓားပြတိုက်မှုဖြင့်
ပုလိပ်ဘက်မှ အလိုရှိနေသော အညာသား
ငကြည်ဆိုသူကိုပါ ဖမ်းဆီးရမိလေ
တော့၏။

ကျွန်ုပ်တို့ သည် တရားခံနှစ်ဦးအား
လှည်းကူးဂါတ်တွင် အပ်နှံခဲ့ပြီးနောက်
ရန်ကုန်သို့ ပြန်ခဲ့ကြလေ၏။ ထောက်ကြံ့
သို့ရောက်လျှင် ထောက်ကြံ့လမ်းဆုံ၌
နွားနို့ပူပူပျစ်ပျစ် တစ်ခွက်စီ သောက်ကြ
လေ၏။ နွားနို့သောက်နေစဉ်အတွင်း ကျွန်ုပ်က ဆားပုလင်းနှင်းမောင်အား 

“အိုင်ဆေးကတော့ တကယ့်ကို ပါရမီ
ထူးတဲ့ ပါရမီရှင်ပါပဲဗျာ၊ ရောက်လာတာနဲ့
အမှုက ပေါ်တော့တာပဲ” ဟု ချီးကျူးလိုက်
သော်လည်း ကျွန်ုပ်၏ ချီးကျူးခြင်းကို
အလေးဂရုမပြုပဲ ဆားပု လင်းနှင်းမောင်
သည် ၎င်းလွန်စွာနှစ်သက်သည့် ရေခဲတောင်စီးကရက်တစ်လိပ်ကို
အတွင်းမှ နှိုက်ယူပြီးလျှင် နှုတ်ခမ်းတွင်
တေ့ကာ မီးခြစ်ကိုထောက်ကနဲခြစ်၍ မီး
တို့ လိုက်လေ၏။ ထို့နောက် စီးကရက်ကို
အနည်းငယ်ဖွာရှိုက်လေ၏။ မီးခိုးများကို
မှုတ်ထုတ် လိုက်လေ၏။ ပြီးလျှင် ကျွန်ုပ်
ဘက်သို့ လှည့်ကာ

“ဒီအမှုမျိုးတွေလိုက်ရတာ ပျင်းစရာကောင်းပါတယ်ဗျာ၊ ကရော်ကမည်နဲ့ ၊
သတ္တိလဲကောင်း၊ ဉာဏ်ကလဲပြေးတဲ့တရားခံမျိုးက အကွက်စေ့စေ့ ကျူးလွန်
ထားတဲ့ အမှုမျိုးကိုမှ ကျုပ်ကလိုက်ချင်
တာဗျ။ အဲဒါမှ လူဆိုးနဲ့ စုံထောက်က
သူတစ်ပြန်ငါတစ်ပြန် ဉာဏ်ထုတ်ရမယ်။
နှလုံးရည်တိုက်ပွဲပေါ့ဗျာ၊
ပြီးတော့
အကျဉ်းအကျပ်ထဲကျရင်လဲ သူတစ်ပြန်
ကိုယ်တစ်ပြန် လူစွမ်းပြကြရမယ်ဗျ။ အဲဒါ
က လက်ရုံးရည်တိုက်ပွဲပေါ့ဗျာ။ အဲဒါမျိုးမှ
စိတ်ဝင်စားစရာကောင်းတယ်ဗျ။ အဲဒီလို
မဟုတ်ဘဲ စုံ ထောက်က လူဆိုးကို “ဟေ့
ကောင်မပြေးနဲ့ ဆိုတာနဲ့ မပြေးပါဘူး
ဆရာရယ်၊ ကျွန်တော်အမှန်အတိုင်း ပြော
ပါ့မယ်’ ဆိုတဲ့ လူဆိုး ခပ်ညံ့ညံ့မျိုးတွေနဲ့
မတွေ့ပါရစေနဲ့ လို့ ဘုရားရှိခိုးတိုင်း
ဆုတောင်းနေရတာဗျ။ မမင်းဖြူ အမှု
တုန်းက ကျုပ်တို့ နဲ့ သူနိုင်ငါနိုင် ကြဲခဲ့တဲ့ လူဆိုးကြီး
ကိုမိုးသီးတို့ ဆိုရင်
ဘယ်လောက်များ လေးစားဖို့ ကောင်း
သလဲ။ ဉာဏ်ကလဲကောင်း၊ သတ္တိက
လည်း ရှိ၊ ယောက်ျားပီသတဲ့ စိတ်ဓာတ်က
လဲအပြည့်ပဲ။ အဲဒီလိုလူမျိုးတွေပဲ တွေ့ချင်
တယ်ဗျာ။ ဘာမဟုတ် ညာမဟုတ် မ
လောက်လေး မလောက်စားကောင်တွေ
ကိုဖြင့် တစ်ခြားလူတွေ ဖမ်းဖို့ ထားလိုက်
စမ်းပါဗျာ” ဟု ဆိုကာ စီးကရက်ပြာကို
ခြေချ လိုက်လေတော့သတည်း။

ကျွန်ုပ်တို့ စီအိုင်ဒီသို့ ဆားပုလင်းနှင်း
မောင် ပြန်လည်ရောက်ရှိပြီး ရက်များမကြာမီ၌ ပင် အောက်ပါအတိုင်း ဖြစ်ပွားခဲ့လေတော့သည် ။

တစ်နေ့သ၌ ကျွန်ုပ်သည် ဒေးလီးကရင်မီနယ်ရီတမင်းခေါ် နေ့စဉ်ရာဇဝတ်မှု
အစီရင်ခံစာကို ကျွန်ုပ်၏ ရုံးခန်းအတွင်း၌ ရေးသားနေလေ၏။ ထိုအချိန်၌
စုံထောက်ဦးကိုကိုကြီးသည် ကျွန်ုပ်ထံသို့
ရောက်ရှိ လာပြီးလျှင် “ဗျို့ ဗျို့၊ ဘာတွေရေးနေတာလဲ၊ အဲဒါ
တွေထားလိုက်စမ်းပါဦး” ဟု အလန့်တ
ကြား ပြောဆိုလေ၏။

“ဟာ ဦးကိုကိုကြီးကလဲဗျာ၊ အလန့်တ
ကြားနဲ့ ဘာဖြစ်လာတာလဲ” ဟု ကျွန်ုပ်က
ပြန်၍ မေးစဉ်၌ ပင် ပြာတာစံဝင်း ရောက်
ရှိ လာပြီးလျှင် ...
“ဆရာတို့ အားလုံးကို မင်းကြီးကခေါ်
နေတယ်” ဟု ဆိုလေတော့၏။ ထို့ကြောင့်
ကျွန်ုပ် လည်း ရေးလက်စ အစီရင်ခံစာကို
ချထားခဲ့ပြီးနောက် စုံထောက်မင်းကြီး၏ရုံးခန်းဆီသို့ သွားရောက်လေတော့၏။

မင်းကြီး၏ ရုံးခန်းသို့ ကျွန်ုပ်တို့ ရောက်ရှိ
ပြီးနောက်
စုံထောက်ကိုတင်ဝင်း၊
စုံထောက်ကိုစိန်လှနှင့် ဘိလပ်ပြန်ဆရာ
စိန်တို့ သည် ရှေ့ဆင့်နောက်ဆင့်ဆိုသလို
ထပ်မံရောက်ရှိလာကြလေတော့၏။
စုံထောက်မင်းကြီး မစ္စတာဟာဒီသည်
ကျွန်ုပ်တို့ အားလုံးကို စေ့စေ့စပ်စပ် ကြည့်
ရှုပြီးနောက် ...

“မောင်မင်းတို့ အခုပဲ ပုဇွန်တောင်
ညောင်တန်း အဝင်ဝနားက အိမ်မည်း
မည်းကြီးဆီကို လိုက်သွားကြပါ။ အဲဒီမှာ
လူသတ်မှုဖြစ်နေပြီ။ ကျွန်ုပ်တို့ ရဲ့ ဟီးရိုး
ကြီး ဆားပုလင်းနှင်းမောင် အခု ဘယ်မှာ
လဲ၊ သူ့ကိုခေါ်ပြီးသွားပါ” ဟု မစ္စတာဟာဒီ
က တစ်လုံးချင်း ပြော လိုက်လေတော့၏။

ကျွန်ုပ်တို့ လည်း မင်းကြီး၏ ရုံးခန်းမှ
ထွက်လာခဲ့ပြီးနောက် မော်တော်ကားဖြင့်
အခင်းဖြစ်ပွားရာ ညောင်တန်းရပ်ဆီသို့
ထွက်လာခဲ့ကြလေတော့၏။
ဦးကိုကိုကြီးက
မော်တော်ကားကို
မောင်းလေ၏။ ဦးကိုကိုကြီးသည် ကားကို
မောင်းရင်းနှင့် ကျွန်ုပ်အား
“အိုင်ဆေး ဦးအောင်သင်း၊ ကျုပ်တို့
ဆားပုလင်းနှင်းမောင်ကော ဗျ” ဟု မေး
လေ၏။

“မနေ့ကတည်းက ရုံးကိုမလာဘူးလေ
ကျုပ်ကတော့ဒီလိုလုပ်ချင်တယ်၊
ညောင်တန်းကို မသွားခင်မှာ (၂၉၅)၊ ဘိုး
လိမ်းလမ်းကို ဝင်ပြီးကြည့်ချင်သေးတယ်"
ဟု ကျွန်ုပ်က ပြောလိုက်ရာ ဦးကိုကိုကြီးက

“အကောင်းဆုံးပေါ့ဗျာ” ဟု ဆို၍
မော်တော်ကား လီဗာကိုပြား၍ နေသည့်တိုင်အောင် နင်းလေတော့သည် ။
လမ်းတွင် မျက်နှာချင်းဆိုင်မှ လာသော
ကားများကို မကြာခဏဆိုသလို တိုက်မိ
မည်ကဲ့သို့ဖြစ်လေ၏။ ထိုကားများမှ လူ
များ သည် ပြတင်းပေါက်မှ ခေါင်းများကို
ပြူထွက်၍ ဦးကိုကိုကြီးအား မိုက်ကြည့်
ကြည့်သွားသည် လည်း
ရှိ၏။

“သေချင်းဆိုး ဒီလောက်တောင် အရမ်း
မောင်းရသလား ကြံတောရဲ့ " ဟု အမနာ
ပပြောသူများ လည်း ရှိ၏။ ဦးကိုကိုကြီး
ကမူ ထိုသူတို့ အား လုံးဝကို ဂရုစိုက်ခြင်း
မရှိဘဲ မောင်းမြဲမောင်း၍ နေလေ၏။
ကမာရွတ်အဝိုင်းကြီးသို့
ရောက်ရှိ
သောအခါ၌ လမ်းပြပုလိပ်ကသွားရန်လက်မပြပဲ ဦးကိုကိုကြီးသည် အခြား
သော ကားတစ်စီးကို ကျော်တက်၍ ကွေ့
ချလိုက်ရာ တစ်ဘက်မှ လာသော ကားနှ
င့် တိုက်မိမည်ကဲ့သို့ ဖြစ်လေတော့၏။ ထို့
ကြောင့် လမ်းပြပုလိပ်က ခရာကို
“ရှီး”ကနဲ မှုတ် လိုက်လေတော့၏။

လမ်းပြပုလိပ်သည် ကျွန်ုပ်တို့ ကားရှိရာ
သို့ လျှောက်၍ လာပြီးလျှင် ဦးကိုကိုကြီး
အား
“လူကြီးမင်းရဲ့ လိုင်စင်ပေးပါ” ဟု
တောင်းလေတော့၏။
ဦးကိုကိုကြီးကလည်း 
“အချင်းချင်းတွေပဲကွာ၊ ငါတို့ က စီအိုင်
ဒီကပါ” ဟု ပြန်၍ ပြောလေ၏။
“ဥပဒေမှာ အချင်းချင်းဆိုတာမရှိဘူး”
ဟု လမ်းပြပုလိပ်က ပြန်၍ ပြောလေတော့၏။”

“မဟုတ်ပါဘူးကွာ၊ ငါတို့ စီအိုင်ဒီကပါ၊
ကိုယ့်အချင်းချင်း ဒီလောက် ရက်ရက်စက်
မလုပ်ပါနဲ့ ” ဟု ဦးကိုကိုကြီးက မချိုမချဉ်
ပြန်၍ ပြောလေတော့၏။

“ဒီလိုဆိုရင် ကျုပ်ဟာ လူသတ်မှုတစ်ခု
ကျုးလွန်မယ်ဆိုရင် လူကြီးမင်းတို့ က
အချင်းချင်းဆိုပြီး လွှတ်ပစ်မှာလား” ဟု
လမ်းပြပုလိပ်က မေးလိုက်ရာ ဦးကိုကို
ကြီးသည် ပြန်၍ မဖြေတတ်တော့ပဲ
“အင်” ဟု ယောင်ယမ်း၍ အော်ဟစ်
လိုက်လေတော့၏။

ထိုအခါ၌ ဘိလပ်ပြန်ဆရာစိန်က
“ဒီမှာ ကွာ၊ မင်းဖမ်းလဲ ရုံးရောက်ရင်
လွတ်သွားမှာပါကွ၊ ဟိုမှာ က ငါတို့
အပေါင်းအသင်းတွေချည်းပဲ” ဟု ဝင်၍ပြောပြန်သည် ။

“ရင်းနှီးမှုနဲ့ တရားဥပဒေကို ခွဲခြားပြီး
နားမလည်တတ်တဲ့ လူတွေရှိနေသမျှ
တော့ လူကြီးမင်းတို့ ပြောတာ မှန်ပါ
တယ်၊ လွတ်သွားမှာ ပါပဲ၊ ဒါပေမယ့် ကျွန်
တော့်တာဝန်က လမ်းစည်းကမ်းကို ချိုး
ဖောက်ရင် ဖမ်းဆီးရမယ့် တာဝန်ရှိလေ
တော့ လူကြီးမင်းလိုင်စင်ပေးပါ” ဟု
လမ်းပြပုလိပ်က ပြောလေတာ့၏။

ထိုအခါကျမှ ပင် ဦးကိုကိုကြီးက ..
“လိုင်စင် မပါဘူးကွ” ဟု ပြောလေ၏။

“လိုင်စင်မပါရင်တော့ လမ်းစည်းကမ်း
ကို ချိုးဖောက်တဲ့ အပြစ်ကော၊ ဝစ်
သောက်လိုင်စင် အပြစ်ပါ ကျူးလွန်နေပြီ
ပေါ့" ဟု လမ်းပြပုလိပ်က ထပ်၍ ပြော
ပြန်လေ၏။

“အေးကွာ ၊ ရုံးကျမှ ပဲ ငါ့ဘာသာငါ
ရှင်းမယ်” ဟု ဆိုကာ ဦးကိုကိုကြီးသည်
မော်တော်ကားကို စက်နှိုးလေတော့၏။
ထိုအခါ လက်ပြပုလိပ်က

“လူကြီးမင်း ကားကိုစက်မနှိုး
ပါနဲ့ ။ လိုင်စင်မပါတဲ့ အတွက် ဆက်ပြီး
မောင်းခွင့်မပေးနိုင်ဘူး။ လူကြီးမင်းတို့
အထဲက လိုင်စင်ပါတဲ့ လူနဲ့ လဲပြီးမောင်း
ပါ။ လူကြီးမင်းက နောက်ကသွားစီး
ပါ”ဟု ပြောလေ၏။

“မင်းက တော်တော်ခက်တဲ့ အကောင်
ပဲ။ ငါတို့ ဟာ မင်းရဲ့ အထက်လူကြီးကို
ပြောပြီး မင်းကို အလုပ်ဖြုတ်နိုင်တဲ့ လူ
တွေဆိုတာ မင်းသိဖို့ ကောင်းတယ်”ဟု ဦး
ကိုကိုကြီးက ကြိမ်းမောင်း လိုက်လေ၏။

“လူကြီးမင်းဟာ အလုပ်ဝတ္တရား နှောင့်
ယှက်မှုပုဒ်မ(၁၈၆)ကို တိတိကျကျကြီး
ကျူးလွန်နေပြီပဲ။ ပြီးတော့ ခြိမ်းခြောက်မှု
ပုဒ်မ (၁၈၉)ကိုပါ တဆက်တည်း
ကျူးလွန်နေပြီပဲ”ဟု လမ်းပြပုလိပ်က
ပြောလိုက်ရာ ဦးကိုကိုကြီးက....

“လမ်းပြပုလိပ်ခန့်ထားပါဆို ဘယ်က
ဝတ်လုံတော်ရကို ခေါ်ထားမှန်းမသိပါဘူး
ဗျာ”ဟု ဆိုကာ ညည်းညူ၍ ခေါင်းကို
တဖြည်းဖြည်း
ကုတ်လေတော့၏။

ထိုအခါ၌ လမ်းပြပုလိပ်က
“ဥပဒေဆိုတာ လူအချို့သာ နားလည်အောင်
လက်ဝါးကြီးအုပ်ထားရမယ့် အရာ မဟုတ်ဘူး ။ လူတိုင်းနားလည်ထား
ရမယ့် အရာဖြစ်တယ်။ တစ်နည်းပြောရ
ရင် ပညာရှိပစ္စည်း မဖြစ်သင့်ဘူး။ ပြည်သူ
ပိုင်ပစ္စည်းပဲဖြစ်သင့်တယ်။ လူကြီးမင်းတို့လိုလူမျိုးတွေကြောင့် ကျုပ်တို့ ရဲ့
လွတ်လပ်ရေးဟာ အလှမ်းဝေးသွားမှာ
ကို ရင်လေးမိတယ်"ဟု
စိတ်မချမ်းမြေ့သောလေသံဖြင့် ပြော လိုက်
လေ၏။

ဦးကိုကိုကြီးလည်း 
“တော်ကွာ”ဟု ဆိုကာကားကို စွတ်
မောင်း၍ ထွက်ခဲ့လေတော့၏။
လမ်းပြပုလိပ်နှင့် အတော်အတန်ဝေးသော
နေရာသို့ရောက်သောအခါ၌
စုံထောက်ကိုစိန်လှက 

“ဘယ်လိုလဲဦးကိုကိုကြီး၊ နေသာထိုင်
သာရှိတယ်နော်"ဟု နောက်ပြောင်
လေ၏။

“ဒီကောင်တော့ သိပ်ကြာမယ့် ပုလိပ်
မဟုတ်ဘူး ဗျ။ အလုပ်ပြုတ်မယ့်အကောင်
ပဲ၊ မျက်နှာဖြူ အရာရှိကြီးရဲ့ ကားကိုများ
ဒီအပေါက်မျိုးလုပ်မိရင်တော့ ခွေးမသား
အလုပ်ပြုတ်ရုံတောင် မဟုတ်ဘူး ၊ အချုပ်
တောင် ခံရဦးမယ့်အကောင်”ဟု ဦးကိုကို
ကြီးက ဒေါနှင့် မောနှင့် ပြန်၍ ပြော လိုက်
လေတော့၏။

ထိုအခါ၌ ကျွန်ုပ်က
“ဥပဒေပုဒ်မတွေကိုလဲ
တော်တော်
အလွတ်ရတဲ့ အကောင်ပဲ၊ ကျုပ်တောင်မှ
သူပြောတဲ့ ပုဒ်မတွေ မသိဘူးဗျ”ဟု ပြော
လိုက်ရာ ဦးကိုကိုကြီးက.

“ကျောင်းကထွက်ကတည်းက အဲဒီ
ပုဒ်မတွေမေ့ကုန်ပါပြီဗျာ၊ ဒီကောင့်ဆီမှာ
တောင်ပြန်ပြီး သင်ရဦးမလိုဖြစ်နေပြီ”ဟု
ပြောလိုက်ရာ ကျွန်ုပ်တို့ အားလုံးသည် ‘ဝါး’ကနဲ့ ရယ်မောလိုက်ကြပေတော့သည်။

ဤသို့နှင့် ပင် ကျွန်ုပ်တို့ ၏ မော်တော်ကားသည် ကမာရွတ်အဝိုင်း
ကြီးကိုလည်း ကောင်း၊ ဟံသာဝတီအဝိုင်း
ကြီးကိုလည်း ကောင်း၊ ရွှေဂုံတိုင်အဝိုင်း
ကြီးကိုလည်း ကောင်း၊ တာမွေအဝိုင်းကြီး
ကိုလည်းကောင်း ရောက်ရှိဖြတ်ကျော်ခဲ့ကြပြီးနောက်
ဆားပုလင်းနှင်းမောင် နေထိုင်ရာ(၂၉၅)၊ ဘိုးလိမ်းဆီသို့ ရောက်
ရှိခဲ့လေတော့၏။

ကျွန်ုပ်တို့ သည် ဆားပုလင်းနှင်းမောင်၏ အခန်းဆီသို့ တက်ကြလေ
တော့၏။ ဆားပုလင်းနှင်းမောင်သည်
ကျောက်သင်ပုန်းကြီးတစ်ချပ်နှင့် ကလေး
များကို စာသင်နေကြောင်း တွေ့ရလေတော့၏။ ကလေးခုနှစ်ယောက်ခန့်သည်
သမံတလင်းပေါ်၌ တင်ပျဉ်ချိတ်၍
နားထောင်နေလေ၏။ ကျွန်ုပ်သည် ထို
ကလေးများကို တစ်ချက်မျှအကဲခတ်၍
ကြည့်ရှုလိုက်ရုံနှင့် ပင် ထိုကလေးများ
သည် ဈေးကြိုဈေးကြား လမ်းကြို
လမ်းကြားတွင် သွားလာနေတတ်ကြ
သော ကလေကချေ၊ ဂျပိုးတေလေ
ကလေးများ ဖြစ်ကြောင်းကောင်းစွာ
ရိပ်မိလေတော့၏။ ဆားပုလင်းနှင်းမောင်
က သူ၏ ကျောင်းသားများကို
“ကဲ ပြန်ပြီးမေးမယ်၊ အားလုံးဖြေကြ၊
နှာခေါင်းဘယ်နှစ်မျိုးရှိသလဲ”ဟု မေး
လိုက်ရာ ၎င်း၏ ကျောင်းသားများက
“နှာခေါင်း(၁၂)မျိုးရှိပါသည်
၎င်း(၁၂)မျိုးမှာ ၊ အောက်ခြေညီသောနှာခေါင်း၊ အောက်ခြေ ခွက်သော
နှာခေါင်း၊ အောက်ခြေဖောင်းသော
နှာခေါင်း၊ ဖြောင့်သောနှာခေါင်း၊
ကောက်သောနှာခေါင်း၊ နှာသီးဖျားပေါ်
သောနှာခေါင်း၊ အရင်းချိုင့်သောနှာခေါင်း
တို့ ဖြစ်ပါသည် "ဟူ၍ ပြိုင်တူဖြေဆိုကြ
လေတော့၏။

“နှာခေါင်းတစ်ခုနှင့် တစ်ခု ကွဲပြားခြား
နားရန် မည်သို့မည်ပုံ ကြည့်ရှုရမည်နည်း”ဟု
ဆားပုလင်းနှင်းမောင်က ထပ်၍ မေးပြန်လေ၏။

“နှာခေါင်းဆိုသည် မှာ ရှေ့မှ ကြည့်လျှင်
တစ်ခုနှင့်တစ်ခုကွဲပြားခြားနားရန် မလွယ်ကူပါ၊ ထို့ ကြောင့် ဘေးတိုက်တည့်
တည့်မှ ကြည့်ရှုရပါမည်"ဟူ၍ ဂျပိုး
တေလေလေးများက ညီညာစွာဖြေဆို ကြလေတော့၏။

ဦးကိုကိုကြီးက ဆားပုလင်းနှင်းမောင်
အား 
“အိုင်ဆေး ကိုနှင်းမောင်၊ ပုဇွန်တောင်
ညောင်တန်းဘက်မှာ လူသတ်မှုဖြစ်လို့တဲ့
ဗျ၊ အဲဒါ ခင်ဗျားကိုဝင်ခေါ်တာပဲ၊ မင်းကြီး
ကလဲ ခင်ဗျားကိုဝင်ခေါ်ဖို့ မှာ လိုက်လို့
ပါ"ဟု လှမ်း၍ ပြော လိုက်လေ၏။

ထိုအခါ၌ ဆားပုလင်းနှင်းမောင်က
“ဒီလိုဆိုလဲ ခင်ဗျားတို့ သွားနှင့် ကြပါ
ဗျာ၊ ကျုပ်တော့ နောက်မှ လိုက်ခဲ့မယ်၊ ဒီ
ကလေးတွေကို တစ်ပတ်မှာ သုံးရက်
တည်း သင်ရတာဗျ၊ သူတို့ တစ်တွေ လူစု
လို့ရတဲ့ အချိန်မှာ နည်းနည်းအချိန်ယူပြီး
သင်ပေးလိုက်ဦးမယ်ဗျာ”ဟု ပြောလိုက်သ
ဖြင့် ကျွန်ုပ်က 
“ကောင်းပြီလေ”ဟု ဆိုကာ အခင်းဖြစ်
ပွားရာဆီသို့ ထွက်ခဲ့ကြလေတော့၏။
စုံထောက် ကိုတင်ဝင်းကမူ ဆားပုလင်း
နှင်းမောင်အား မကျေမနပ်ဖြစ်၍ သွား
လေ၏။

“ဒီလူကတော့ဗျာ၊ သိပ်ပြီးစတန့်ထွင်တဲ့
လူပဲ။ ဟိုမှာ လူသတ်မှု ဖြစ်နေပါတယ်ဆို
ချက်ချင်း ထပြီးလိုက်မလာဘူး၊ ဘာ
မဟုတ်တဲ့ ဂျပိုးတေလေကလေးတွေကို
ရေးကြီးခွင်ကျယ်လုပ်ပြီး စာသင်ပေးနေ
တယ်၊ ကျုပ်ကတော့ လုံးလုံးမကျေနပ်
ဘူး၊ မင်းကြီးကမေးရင်တော့ ကျုပ်မြင်တဲ့
အတိုင်းပဲ ပြောလိုက်မယ်"ဟု
ကြိမ်းမောင်းလေတော့၏။

“မလုပ်ပါနဲ့ ဗျာ”ဟု ဦးကိုကိုကြီးက
ဝင်၍ တောင်းပန်သော်လည်း စုံထောက်ကိုတင်ဝင်းကမူ

“မလုပ်လို့မဖြစ်ဘူး၊ ကျုပ်တို့
အရာရှိတွေဖြစ်တယ်၊ ကျုပ်တို့ ကိုယ်တိုင်
တကူးတကဝင်ပြီး ခေါ်တာတောင် အရေး
မစိုက်တဲ့ အပေါက်မျိုး လုပ်တာတော့
ခင်ဗျားတို့ ခံချင်ခံကြ၊ ကျုပ်ကတော့ မခံ
ဘူး”ဟု ပြောလေတော့၏။

ဤသို့နှင့် ပင် ကျွန်ုပ်တို့ သည် ပုဇွန်
တောင် ညောင်တန်းရှိ ကျွန်းအိမ်မည်း
မည်းကြီးဆီသို့ ရောက်ရှိသွားကြလေ
တော့သတည်း။
အခန်း ၃
 “က”နေသော ဗိုလ်မရုပ်ကလေး

ကျွန်ုပ်တို့ သည် ညောင်တန်းရပ်ရှိ
အခင်းဖြစ်ပွားသည် ဆိုသော ကျွန်းအိမ်
မည်းကြီးရှေ့၌ မော်တော်ကားကို ရပ်
လိုက်သည် နှင့် တပြိုင်နက်အစောင့်
ချထားသော ပုဇွန်တောင်ဂါတ်မှ ပုလိပ်
ကလေးတစ်ဦးသည် ကျွန်ုပ်တို့ အား ဆလံ
ပေးကာ မော်တော်ကားတစ်ခါးကို လာ
ရောက်ဖွင့်ပေးလေ၏။ ထိုအချိန်၌ ကျွန်း
အိမ်မည်းကြီးအတွင်း မှ ဌာနအုပ်တစ်
ယောက် ထွက် လာပြီးလျှင် ကျွန်ုပ်အား “စီအိုင်ဒီတွေရောက်လာကြပြီကိုး၊ ခင်ဗျား
တို့ က ဉာဏ်စမ်းပဟေဋ္ဌိလေးတစ်ပုဒ်ကို
အဖြေထုတ်ဖို့ လာခဲ့ကြတာလား၊ သြော်
ဒါနဲ့ နာမည်ကြီးလှတဲ့ ဆားပုလင်းနှင်း
မောင်ဆိုတာရော ပါခဲ့ရဲ့ လား”ဟု ကျွန်ုပ်
တို့ အား ငယ်ပေါင်းကြီးဖော်များ သဖွယ်
ရင်းနှီးစွာ နှုတ်ဆက်လေတော့၏။

ကျွန်ုပ်တို့ လည်း မော်တော်ကားပေါ်မှ
ဆင်းခဲ့ကြပြီးနောက် ထိုသူအား ပြန်လည်
နှုတ်ဆက်လေ၏။

ဦးကိုကိုကြီးကမူ
“ကိုနှင်းမောင်လဲ ရောက်လာမှာ ပေါ့
ဗျာ၊ ကျုပ်တို့ နဲ့ တော့ မပါခဲ့ပါဘူး”ဟု
ပြောလေ၏။ ထိုဌာနအုပ်က.

“ကျုပ်က
ပုဇွန်တောင်ဂါတ်ကပါ၊
မောင်ဝင်းလို့ခေါ်ပါတယ်၊ အရင်ကတော့ နယ်ဂါတ်တွေမှာပါ၊ ဒီကိုရောက်တာမ
ကြာသေးပါဘူး။ အမှုလိုက်ကောင်းတယ်
ဆိုပြီး ရန်ကုန်ကို ခေါ်ထားကြတာပါ၊ ဒီ
လိုတရားခံပျောက်နေတဲ့ အမှုမျိုးတွေကို
လည်း အများကြီးလိုက်ဖူးပါတယ်၊ ဟဲ ဟဲ
ဒါပေမယ့် ဆားပုလင်းနှင်းမောင်လိုတော့
နာမည်မကြီးပါဘူး။ နာမည်ကြီးတယ်ဆို
တာကလည်း ကုသိုလ်နဲ့ ဆိုင်တဲ့ အလုပ်
မဟုတ်လားဗျာ။ တစ်ချို့ကတော်တယ်၊
နာမည်မကြီးဘူး၊ တစ်ချို့ကတော့ ပြော
လောက်အောင်မတော်ပါဘူး၊ သူ့ကံကိုက
နာမည်ကြီးဖို့ ပါလာတော့ ဟဲ ဟဲ ဟဲ
နာမည်ကြီးတာမျိုးလဲ ရှိပါတယ်" ဟု ထို
သူက ဆိုလေ၏။

ဦးကိုကိုကြီးသည် ထိုသူ၏ စကား
ဆုံးသည် နှင့် တပြိုင်နက် "ဆားပုလင်းနှင်းမောင်ကတော့ ဒီလို မဟုတ်ဘူး ဗျ၊
လူကလဲတော်တယ်ဗျာ၊ တော်တဲ့ အတိုင်း
လဲ နာမည်ကြီးသဗျာ . . ." ဟု ပြော လိုက်
လေ၏။

"ကျုပ်ကလဲ နာမည်ကြီးတဲ့ လူကို တွေ့
ချင်ပါတယ်ဗျာ။ ဒါမှ သူက တကယ့်ကို
ကျုပ်တို့ ထက်သာတယ်ဆိုရင် နည်းနာ
လေး၊ ဘာလေးအတုခိုးရတာပေါ့။ ကြုံ
တုန်း ကျုပ်အတွေ့အကြုံလေးတစ်ခု ပြော
ပြလိုက်ချင်သေးတယ်ဗျာ။ ကျုပ်တို့ မြို့မှာ
ဒေါ်မြ ဆန်ခေါက်ဆွဲဆိုတာ အတော်
နံမည်ကြီးတယ်ဗျ။ တစ်နေ့မှာ ကျုပ်တို့
နေတဲ့ လမ်းထဲမှာ အလှူတစ်ခုဖြစ်ရောဆို
ပါစို့၊ အဲဒီအလှူမှာ ကလဲ ဆန်ခေါက်ဆွဲ
ကျွေးတယ်ဗျ။ ဆန်ခေါက်ဆွဲချက်တဲ့
အဒေါ်ကြီးက ကျုပ်တို့ ရပ်ကွက်ထဲကခဝါဖွပ်တဲ့ အဒေါ်ကြီးဗျ။ အဲဒီအလှူကို
ဆန်ခေါက်ဆွဲမှာ နာမည်ကြီးတဲ့ ဒေါ်မြ
ကိုယ်တိုင်လာရောက်ပြီး ခဝါသည် အဒေါ်
ကြီးချက်တဲ့ ဆန်ခေါက်ဆွဲကို စားမိပါလေ
ရောဗျို့၊ အဲဒီတော့ ခဝါသည် အဒေါ်ကြီးရဲ့
လက်ရာဟာ သိပ်ပြီးကောင်းနေတာကို
တွေ့ရတယ်။ အဲဒီတော့ ဒေါ်မြက
ခဝါသည် အဒေါ်ကြီးဆီကပ်ပြီး ဟင်းချက်
တဲ့ နည်းကလေး ကျိတ်ပြီးသင်သွားတယ်
ဗျ။ အဲဒါဟာ ကျုပ်ကလုပ်ပြီး ပြောတဲ့
စကား မဟုတ်ဘူး ။ ကျုပ်တို့ မြို့မှာ
တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေး
တစ်ခုပဲ။ လောကမှာ ရောင်းတန်းသမား
တွေက နာမည်ကြီးတတ်ပါတယ်။ ဒါပေ
မယ့် …
အဲဒီရောင်းတန်းသမားတွေထက်
တော်တဲ့ ရွက်ပုန်းသီးတွေကလဲ အများကြီးပဲဗျ . . ." 
ဟု ဌာနအုပ်မောင်ဝင်းက
သူသည် စုံထောက်ခြင်းအလုပ်၌ ဆား
ပုလင်းနှင်းမောင်ထက် ညံ့မည်မဟုတ်သော
ရွက်ပုန်းသီးဖြစ်ကြောင်းကို
သွယ်ဝိုက်၍ပြောဆိုလိုက်ခြင်းပင်ဖြစ်၏။ 

ထိုအခါ ဦးကိုကိုကြီးက ”
"ဒီလိုဆိုရင်လဲ မိတ်ဆွေရယ်၊ အဲဒီ
ခဝါသည် ကြီးက ဘာဖြစ်လို့ ခဝါဖွပ်နေရ
သေးတာတုံး၊ သူလည်း ပဲ ဆန်ခေါက်ဆွဲ
ရောင်းသင့်တာပေါ့ ဗျာ " ဟု ပြော
လိုက်လျှင် ဌာနအုပ်က 

"ခင်ဗျားမေးတာလဲ မေးသင့်ပါတယ်။
အဲဒီ ခဝါသည် အဒေါ်ကြီးဟာ အားလုံး
ဝိုင်းတိုက်တွန်းတာကြောင့် ဆန်ခေါက်ဆွဲ
ရောင်းဖူးပါတယ်။ နှစ်ရက်ပဲ ရောင်းလိုက်
ရတယ်။ အရင်းပြုတ်လို့ ခဝါပြန်ပြီး ဖွပ်ရတော့တာပါပဲ ... ဟဲ ...  ။ အဲဒါကြောင့် ပြောတာပေါ့။ တော်တာ
ကတခြား၊ နာမည်ကြီးတာက တခြား၊
ကုသိုလျကံဗြ၊ ကုသိုလျကံ...."ဟု
ယူကျုံးမရသော လေသံဖြင့် ပြောလေ
တော့၏။

ကျွန်ုပ်လည်း လေကြောရှည်လှသော
ထိုဌာနအုပ်နှင့် စကားပြောရန် အလိုမရှိ
တော့ကြောင့် ကျွန်းအိမ်မည်းမည်းကြီး
အတွင်းသို့ ဝင်လေတော့၏။ ဦးကိုကို
ကြီးကလည်း ကျွန်ုပ်နည်းတူ စကားကြော
ကိုဖြတ်၍ အိမ်အတွင်းသို့ ဝင်လေ
တော့၏။

ကျွန်ုပ်သည် ဧည့်ခန်းမှ ဖြတ်၍ အိမ်
အလယ်ရှိ အခန်းကျယ်ကြီးဆီသို့ ဝင်လေ
တော့၏။ ထိုသို့ဝင်လိုက်သည် နှင့်တပြိုင်နက်ပင်အခန်း၏အလယ်၌ လူနှစ်
ယောက်အလောင်းကိုတွေ့ရလေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည်
ကျွန်ုပ်နှင့် အနီးဆုံးနေရာမှ အလောင်းကို
စတင်ကြည့်ရှုမိလေတော့၏။ အသက်သုံး
ဆယ်နီးပါးခန့်ရှိ
လူတစ်ယောက်၏
အလောင်းဖြစ်ပေသည် ။ ခြေထောက်တွင်
‘ရိုး’ကုမ္ပဏီ၌ ရောင်းလေ့ရှိသော ဂျွန်ဝှိုက်
အမျိုးအစား အနက်ရောင်ရှူးဖိနပ်နှင့်
အပြာရောင်ဇွန်းတံဆိပ်ပိုးခြေအိတ်တို့
ကို ဝတ်ဆင်ထားလေ၏။ ထို့အပြင်
နက်ပြာရောင် သက္ကလတ်ဘောင်းဘီ၊
အပြာနုရောင်ရှပ်အင်္ကျီ၊ ‘ဇစ်’တပ်ထား
သော အထူစားပေါ်ပလင်နှင့် ချုပ်ထား
သည့်အနောက်နိုင်ငံဘိုင်စကုတ်
မင်းသားများ ဝတ်လေ့ရှိသော ဂျာကင်အင်္ကျီတို့ ကိုလည်း ဝတ်ဆင်ထားပေသည်
၎င်း၏ လည်ပင်းတွင် ရွှေကြိုးမျှင်မျှင်
လေး ဆွဲထားလေ၏။ ရွှေကြိုးတွင် ဒေးဗ
စ်စတား(စ်) ခေါ် ခြောက်ထောင့်ကြယ်ပုံ
သဏ္ဍာန် ရွှေဆွဲပြားလေးတစ်ခုလည်း ပါ
လေ၏။ ထိုသူသည် ပက်လက် လဲကျ
သေဆုံးနေခြင်းဖြစ်ပေသည်။ ၎င်း၏
ရင်ဘတ်တွင် သေနတ်ကျည်ဆန် ဝင်သွား
သော အပေါက်နှစ်ပေါက်ကိုလည်း တွေ့ရ
လေ၏။

ကျွန်ုပ်သည် ထိုအလောင်းကိုကြည့်ရှု
ပြီးနောက် ခွ၍ ကျော်ကာအခြားသော
အလောင်းတစ်ခုကို ကြည့်ရှုမိပြန်လေ၏။
ထိုအလောင်းမှာ ပထမအလောင်းထက်
ပင် ဝတ်စားဆင်ယင်ပုံ၌ ဂိုက်ဆိုက်ကျရုံမျှအထက်တန်းလည်း ကျသေး
တော့၏။ ‘ဝှိုက်ဝေး’ကုမ္ပဏီမှ ရောင်းလေ့
သော အညိုရောင် ‘ပေတင်’ရှူး၊ အစိမ်း
ရောင် သိုးမွှေးခြေအိတ်၊ ငှက်ပျောညွှန့်
ရောင် ဗန်ကောက်လုံချည်၊ အဖြူရောင်ပိုး
ရှပ်အင်္ကျီ၊ နံ့သာရောင်ပေါ်တွင် အပြာနု
ရောင်သာလိကာမျက်လုံး ပြောက်ကလေးများ ပါသည့်
အကောင်းစားပိုးရင်ဖုံးအင်္ကျီတို့ ကို ခန့်ညားစွာဝတ်ဆင်
ထားလေ၏။

သို့ရာတွင် ထိုလူ၏ လည်ပင်းစလုတ်
အောက်၌ မူ တိုက်မောင်းချဓားကြီးတခု
သည် 'အသားကုန်'ထိုးစိုက်ခံထားရသည်
ကို တွေ့ရလေ၏။ ထိုလူ၏ အနီးကြမ်းပြင်
ပေါ်၌ မူ စစ်သုံး(၃၈)ဘို့ခြောက် လုံးပြူး
တစ်လက်ကို တွေ့ရလေတော့၏။ကျွန်ုပ်သည် လှပခံ့ညားစွာ ဝတ်စား
ဆင်ယင်၍ တစ်ဦးကိုတစ်ဦး ရက်စက်စွာ
သတ်ဖြတ်ထားကြသော အလောင်းနှစ်
လောင်းကို ကြည့်၍ ကြက်သီး မထစဖူး
ထမိသေးတော့၏။

ထိုအချိန်၌ ပင် စုံထောက်ကိုတင်ဝင်း၊
စုံထောက်ကိုစိန်လှနှင့် ဘိလပ်ပြန်ဆရာ
စိန်တို့ သည် လှပခံ့ညားစွာ ဝတ်ဆင်ထားသော အလောင်းနှစ်လောင်းကိုစိတ်ဝင်စားစွာ ကြည့်ရှုနေကြလေ၏။ ၎င်းတို့ ကြည့်ရှုနေစဉ်အတွင်း၌ ဂျပိုး
များ ဆောင်းလေ့ရှိသော ဦးထုပ်ပျော့လေး
ကို ဆောင်း၍ လွန်စွာ ပွရောင်းရောင်းနိုင်
သော ဘောင်းဘီရှည်ကိုခါးပတ်အားကိုးနှ
င့် ဝတ်ဆင်၍ ထားသော ဓာတ်ပုံသမား
တစ်ဦးသည် ကင်မရာလေးတစ်လုံးကိုလွယ်၍ ဝင် လာပြီးနောက် အလောင်းနှစ်
လောင်းအား ကွေ့ ပတ်၍ ဓာတ်ပုံရိုက်ယူ
လေ၏။ အလောင်းများ ၏ အလယ်တည့်
တည့်မှ လည်း ရိုက်၏။ ဓာတ်ပုံသမား
သည် အလောင်းများ နှင့် အတူ ကြမ်းပြင်
ပေါ်၌ လှဲ၍ အိပ်ကာ ရိုက်ပြန်၏။ ဦးကိုကို
ကြီးသည် ဓာတ်ပုံသမား အလုပ်ရှုပ်နေပုံ
ကြည့်၍ ကျွန်ုပ်အနီးသို့ကပ်ကာ.
ဒါလောက် မျက်စိနောက်စရာကောင်း
တဲ့ ကင်မရာမင်းကို တစ်ခါမှ မတွေ့ဖူးပါ
ဗျာ။ ဓာတ်ပုံရိုက်ရင်းနဲ့ လဲ သူပါဟိုလူနှစ်
ယောက်အတူရောပြီး သေတော့မယ့်
အတိုင်းပဲ။ ကြည့်စမ်းပါဦး … ဦးအောင်
သင်း..”ဟု လာ၍ ပြောသဖြင့် ကျွန်ုပ်မှာ
ပြုံးမိသေးတော့၏။

ထိုအချိန်၌ ပင် ကျွန်ုပ်၏ စုံထောက်မင်းကြီး မစ္စတာဟာဒီရောက်ရှိပြီးလျှင်
ဓာတ်ပုံသမားကို ကြည့်၍ စိတ်ပျက်သော
အမူအရာနှင့်
“ဘယ်ကကောင်လဲ...."ဟု
မေးလေ၏။ ထိုအခါ၌ ဓာတ်ပုံသမားက……

“ရန်ကုန်ပုလိပ်မင်းကြီး မစ္စတာရှပ်တဲလ်ဝပ်(စ်)ဆီကပါ။ ရာဇဝတ်မှုခင်းတွေကို
ဓာတ်ပုံရိုက်ပြီးမှတ်သားထားဖို့ ကျွန်တော့်
ကို စေခိုင်းလို့လာခဲ့တာပါ”ဟု ယဉ်ကျေး
စွာပြန်၍ ဖြေလေ၏။ မစ္စတာ ဟာဒီသည်
ဓာတ်ပုံသမားအား အရေးစိုက်၍
ပြန်လည်ပြောဆိုခြင်းမပြုဘဲ ကျွန်ုပ်တို့ဘက်သို့လှည့်ကာ

“ဒီကောင်
ဓာတ်ပုံရိုက်နေပုံကလဲ
လူသေကိုရိုက်နေတာနဲ့မတူဘူး။
တက်(ချ်)မဟာ အဆောက်အအုံကြီးကို
အလှရိုက်နေတဲ့ ဓာတ်ပုံသမားကျနေတာ
ပဲ။ ကျွန်ုပ်အားကြီးမျက်စိနောက်တယ်။
မြန်မြန်ပြန်ရင် ကောင်းမယ်လို့ပြော
လိုက်ပါ...”ဟု ဆိုသဖြင့် စုံထောက်ဦး
ကိုကိုကြီးသည် လွန်စွာစိတ်ညစ်ဖွယ်ရာ
ကောင်းသော ဓာတ်ပုံဆရာအား တော်
လောက်ပြီဖြစ်ကြောင်း မေတ္တာရပ်ခံရလေ
တော့၏။

စုံထောက်မင်းကြီး မစ္စတာဟာဒီသည်
ထိုအလောင်းနှစ်လောင်းကို ငုံ့၍ ကြည့်ပြီး
နောက်
“ဂုဏ်ပြုညစာစားပွဲတစ်ခုက အတူတူ
ပြန်လာကြပြီး ရန်ဖြစ်ကြတယ်ထင်တယ်။
လှပစွာ ဝတ်ဆင်ထားကြပါလား....”ဟု
ပြောလိုက်သဖြင့် ကျွန်ုပ်တို့ သည်
အသံထွက်၍ မရယ်မိစေရန် အောင့်၍ ထားရလေတော့၏။
ထို့နောက်
ဆက်လက်၍ “ဆားပုလင်းနှင်းမောင် မတွေ့ပါ
လား...”ဟု မေးလိုက်ရာ စုံထောက်ကို
တင်ဝင်းက ကပျာကယာထ၍

“ဆားပုလင်းနှင်းမောင်ကို ကျွန်တော်
တို့ ဝင်ပြီးခေါ်ကြပါတယ်။ သူက
လူသတ်မှုကိုသိပ်ပြီး စိတ်ဝင်စားပုံမရပါ
ဘူး။ ကလေးတွေကို သူ့အိမ်မှာ စာသင်
ပေးနေတယ်။ စာသင်ပြီးမှ လာမယ်လို့
ပြောပါတယ် ”ဟု ကျွန်ုပ်တို့ အား
မျက်နှာပြောင်တိုက်၍ ချောက်တွန်းလေ
တော့၏။ ဦးကိုကိုကြီးသည် ဆားပုလင်း
နှင်းမောင်အတွက် အလွန်မခံချင်ဖြစ်၍
သွားကာ

“ကိုတင်ဝင်း ဒါတော့မကောင်းဘူး
တဖက်သားကို
ချောက်တွန်းတာပဲ။ ခင်ဗျားကို ဘယ်သူ
ရိုက်စစ်လို့ ဒီလောက်တောင်
တိတိကျကျ ပြောရတာတုံးဗျ  ပြောလေ၏။
စုံထောက်မင်းကြီးသည် တစ်စုံတစ်ရာကိုလေးနက်စွာ စဉ်းစားပြီး
နောက်....

“ဆားပုလင်းနှင်းမောင်
သိပ်ပြီးမှန်
တယ်၊ ရာဇဝတ်မှုဖြစ်တာဟာ အသိဉာဏ်
မရှိတာနဲ့ အများကြီးပတ်သက်တယ်။ လူ
တွေအားလုံးစာတတ်ရင် ရာဇဝတ်မှုတွေ
အများကြီးနည်းသွားမယ်။ ဒါကြောင့် လူ
တိုင်းလူတိုင်းဟာ အနီးအနားမှာ ရှိတဲ့
စာမသင်ရသေးတဲ့
ကလေးတွေကို
စာသင်ပေးရမယ်။ ဘော်လန်ဒီယာလုပ်ရမယ့် အလုပ်တစ်ခုပဲ။
ဆားပုလင်းနှင်း
မောင် အများကြီးတွေးတတ်တဲ့ လူပဲ။ ဒါ
ကြောင့် သူဟာ လူတော်ဖြစ်တာ၊
ကိစ္စမရှိ
ဘူး။ သူ့ကိုစောင့်မယ်။ ကလေးတွေကို
စာသင်ပြီးရင် သူရောက်လာမှာ ပဲ”ဟု
ပြော လိုက်လေ၏။

ကိုတင်ဝင်းမှာ လည်း ပိုင်ပြီဟု
သဘောထားကာ ဆားပုလင်းနှင်းမောင်
အား ချောက်တွန်းလိုက်သော်လည်း ဆား
ပုလင်းနှင်းမောင်သည် ချောက်ကျခြင်းမရှိ
သည့်အပြင် မင်းကြီးကပင်
လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်ခြင်း ဖြစ်
သောကြောင့် ဇက်ကလေးပုကာ ရှိုးတိုးရှ
န့်တန့်ဖြစ်ကာ နေလေတော့၏။ ထိုအခါ၌
ဦးကိုကိုကြီးက...

“မှတ်ကရောဟ....၊ သွားမလုပ်နဲ့ ကိုတင်ဝင်း၊ ဆားပုလင်းနှင်းမောင်က ဘုန်း
နဲ့ ကံနဲ့ နော်၊ အကုသိုလ်တွေအတုံးလိုက်၊
အတစ်လိုက် … တက်လာလိမ့်မယ်ကိုယ့်
လူ....”ဟု မခိုးမခန့်ပြန်၍ ပြော လိုက်
လေ၏။ ထိုအချိန်၌ ဆားပုလင်းနှင်းမောင်
သည် ရောက်ရှိ၍ လာလေတော့၏။ ၎င်း
သည် ဣန္ဒြေရစွာဖြင့် ခြေလှမ်းအချက်ကျ
ကျ ဒေါက်ကနဲ ဒေါက်ကနဲလှမ်းကာ
ကျွန်းအိမ်မည်းမည်းကြီး ဧည့်ခန်းကိုဖြတ်
ကျော်၍ ကျွန်ုပ်တို့ ရှိရာသို့ လျှောက် လာ
လေတော့၏။ မင်းကြီးသည် ဆားပုလင်း
နှင်းမောင်အား

“ဟောဒီမှာ
အဝတ်အစားတွေ
ကောင်းကောင်း ဝတ်ထားတဲ့ လူသေနှစ်
ယောက်က ဆားပုလင်းနှင်းမောင်ကို စော
င့်ကြိုနေပါတယ်။ သူတို့က
ဘယ်သူဘယ်ဝါဖြစ်ကြတယ်ဆိုတာကို သိ
ဖို့ ကျွန်ုပ်အများကြီး လိုလားပါ
တယ်....”ဟု ပြော လိုက်လေတော့၏။

ဆားပုလင်းနှင်းမောင်က တစ်စုံတစ်ရာ
ပြန်လည်ပြောဆိုခြင်းမပြုဘဲ စီးကရက်ဗူး
အတွင်းမှ စီးကရက်တစ်လိပ်ကို
ထုတ်ယူ၍ မီးညှိ လိုက်လေ၏။ ဆား
ပုလင်းနှင်းမောင်က
တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်းမပြုသော်လည်း ပုဇွန်တောင်ဂါတ်မှ ဌာနအုပ်ကမူ......

“ဒါကတော့
ဆားပုလင်းနှင်းမောင်
ထက်တောင် ကျွန်တော်မျိုးက ပြောပြနိုင်
ပါသေးတယ်” ဟု ပြော လိုက်လေ
တော့၏။

“ပြောတာကတော့ ပြောနိုင်ပါတယ်
လူကလေး၊ ဒါပေမယ့် ပြောတဲ့အတိုင်း မှန်ဖို့ က အရေးကြီးပါ
တယ်" ဟု စုံထောက်မင်းကြီး မစ္စဟာဒီ
က ပြောလိုက်သဖြင့် ဌာနအုပ်သည် ပြော
ရတော့မလို၊ မပြောဘဲနေရတော့မလို က
သိကအောင့် ခွတီးခွကျကြီးဖြစ်၍ သွား
လေတော့၏။

ဆားပုလင်းနှင်းမောင်သည် အလောင်း
နှစ်လောင်းအား သေချာစွာ ငုံ့ကြည့်ပြီး
နောက်...
“အလောင်းဘေးက ခြေရာတွေကလဲ
များ လှချည့်ကလား”ဟု ကျွန်ုပ်တို့ အား
လှမ်း၍ မေးလေ၏။ ကျွန်ုပ်ပြန်၍ မဖြေ
မီ၌ ပင် ဦးကိုကိုကြီးက

“ခြေရာတွေလား...၊ အဖေ့ဘောင်းဘီ
ကြီးကို မတော်တရော်နဲ့ ယူပြီး ဝတ်လာ
ဓာတ်ပုံဆရာရဲ့ လက်ချက်။
တဲ့အဲ...အဲ...ခြေချက်ပေါ့ဗျာ။ ရိုက်လိုက်တဲ့
ဓာတ်ပုံဆိုတာ မပြောပါနဲ့ တော့  အဲဒီ
ဘေးက ခြေရာတွေဟာ သူ့ခြေရာတွေ
ချည်းပဲ။ စောစောကပဲ မင်းကြီးကမျက်စိ
နောက်လို့ မောင်းထုတ်လိုက်လို့ပေါ့။
မောင်းများ မထုတ်လိုက်ရင် ဘယ်ထိ
အောင်များ ဒုက္ခပေးနေဦးမယ် မဆိုနိုင်
ဘူး ကိုနှင်းမောင်ရယ်...”ဟု ပြော လိုက်
လေတော့၏။

ဆားပုလင်းနှင်းမောင်သည် အလောင်း
များကို စစ်ဆေးပြီးနောက် အခန်း၏ နံရံ
တဘက်ဆီသို့ လျှောက်သွားပြီးလျှင်
ပြတင်းပေါက်ကိုမှီ၍ မက်တတ်ရပ်
လိုက်လေ၏။ ထို့နောက်ပြတင်းပေါက်၏
ချက်ကို အကဲခတ် လိုက်လေ၏။ ကျွန်ုပ်
လည်း ဆားပုလင်းနှင်းမောင်အနီးသို့၎င်းကဲ့သို့ပင်
ကပ်သွားပြီးလျှင်
ပြတင်းပေါက်ချက်ကို ကြည့်ရှုအကဲခတ်
ပြန်၏။ သို့ရာတွင် တစ်စုံတစ်ရာ ထူးခြား
ချက်ကိုမတွေ့ရပါ။
ပြတင်းပေါက်၏
အပြင်ဘက်တွင် ရေသွန်မြောင်းကလေး
အနီး၌ မူ နို့ပုလင်းအဖြစ် အသုံးပြုခဲ့သော
ပုလင်းတစ်လုံးကွဲလျက် ရှိနေသည် ကို
တွေ့ရ၏။

ထိုအနီးတွင် ဆီစိမ်စက္ကူအချို့ကိုလည်း
တွေ့ရ၏။ ထို့ပြင်ပန်းအိုးတစ်လုံးကိုလည်း
တွေ့ရ၏။ ပန်းအိုး ဆိုသော်လည်း ပန်းပင်
များ နွမ်းခြောက်၍ သေနေပြီ ဖြစ်၏။
ကျွန်ုပ်သည် ပြတင်းပေါက်မှ နေ၍
မလှမ်းမကမ်းသို့ကြည့်ရှုလိုက်ရာ ဂေါ်ဖီ
စိုက်ခင်းကလေးတစ်ခုကို တွေ့ရလေ၏။
ထိုစိုက်ခင်းထဲတွင် အသက်(၄၀)ကျော်အရွယ်ခန့်ရှိ
မိန်းမကြီးတစ်ဦးသည်
ဂေါ်ဖီထုပ်များ ဖြင့် အလုပ်ရှုပ်နေသည် ကို
လည်း တွေ့ရ၏။ ထို့နောက် ဆားပုလင်း
နှင်းမောင်သည် ပြတင်းပေါက်နေရာမှ ခွာ
ကာ အိပ်ခန်းဆီသို့ ဝင်၍ ကြည့်လေ၏။
ကျွန်ုပ်လည်း ၎င်းနှင့် အတူ လိုက်ပါ၍ ကြ
ည့်ရှုလေ၏။ အိပ်ခန်းထဲတွင် ခုတင်
တစ်လုံးရှိလေ၏။
ခုတင်တစ်လုံး၏
အနီး၌ မူ ပက်လက်ကုလားထိုင်တစ်လုံးရှိ
လေ၏။ ခုတင်ပေါ်မှ မွေ့ရာမှာ ရွဲ့
စောင်း၍ နေ၏။ ထိုအိပ်ခန်းထဲတွင်
ပန်းချီကား(၃)ခု
ချိတ်ဆွဲထား၏။
သို့ရာတွင် ထိုပန်းချီကား(၃)ခုစလုံးမှာ ရွဲ့
စောင်း၍ နေလေ၏။ ထိုပန်းချီကား
အနီး၌ အဝတ်အစားထည့်သော လူတရပ်
ခန့်ဗီရိုတစ်လုံးကို တွေ့ရလေ၏။
အဝတ်အစား ဗီရိုမှာ လည်း တစ်စုံတစ်ခုကို ရှာဖွေထားသည့်အလား ပွ၍ နေလေ၏။ ဆားပုလင်းနှင်း
မောင်သည် ထိုအိပ်ခန်းကို ကြည့်ရှု
စစ်ဆေးပြီးနောက် အိပ်ခန်းမှ နေ၍
ထမင်းစားခန်းဆီသို့ လျှောက်၍ သွားလေ
တော့၏။ မီးဖိုအတွင်း၌ လည်း
ပန်းကန်ခွက်ယောက်များကွဲ၍ ဟိုတစ၊ ဒီ
တစပြန်ကျဲ၍ နေ၏။ ဆားပုလင်းနှင်း
မောင်သည် ထမင်းစားခန်းကို ကြည့်ရှုပြီး
နောက် အလောင်းများ ရှိရာ ခန်းမကြီးဆီ
သို့ ပြန်၍ လျှောက် လာလေတော့၏။

ထို့နောက်အိမ်ကြီး၏ အပြင်ဘက်သို့
ထွက်၍ သွားကာ ဂေါ်ဖီစိုက်ခင်းထဲတွင်
ဂေါ်ဖီထုပ်များ နှင့် အလုပ်ရှုပ်လျက်ရှိ
သော မိန်းမကြီးအား 
“ကျွန်တော် ဆားပုလင်းနှင်းမောင်ပါ။
ဒီအိမ်မည်းကြီးပေါ်မှာ နေတဲ့ လူကိုတော့
ကောင်းကောင်း သိမှာ ပေါ့နော်” ဟု မေး
လိုက်လေတော့၏။ ထိုအခါ၌ မိန်းမကြီး
သည် 
“ဆရာကြီးကိုပြောတာလား ”ဟု
ပြန်၍ မေးလေ၏။

“ဪ..ဆရာကြီးတဲ့ လား၊ သူက
ဘာဆရာကြီးတုံး ”

“အဲဒါတော့ ကျွန်မလဲ မသိဘူး။ သူ့ကို
ဆရာကြီးလို့ပဲခေါ်ကြတာပဲ "ဟု
မိန်းမကြီးက ပြန်၍ ပြောလေ၏။

“ထားပါတော့လေ၊
နောက်တစ်ယောက်ကိုတော့ သိပါသေးလား”

“မသိပါဘူးရှင်၊ ကျွန်မ အဲဒီလူကို တခါမှ လဲမမြင်ဘူးပါဘူး”

“ကောင်းပြီလေ၊ ဆရာကြီးက အိမ်ထောင်မရှိဘူးလား...."ဟု ဆား
ပုလင်းနှင်းမောင်က မေးပြန်လေ၏။

“ကျွန်မသိသလောက်တော့ ဆရာကြီး
က လူပျိုကြီးပါ...”

“ဆရာကြီးအိမ်မှာ လူဝင်လူထွက်များ
သလား....”ဟု ဆားပုလင်းနှင်းမောင်က
မေးလေ၏။

“ကျွန်မသိသလောက်တော့ ဆရာကြီးက အားရင် စာဖတ်နေတာပဲ။ တခါတလေ ကျွန်မရဲ့
တဲကို လှမ်းပြီး ခေါ်လေ့ရှိတယ်။ အဲ့ဒါက
လဲ တခြားကိစ္စရယ်လို့ရှိပါဘူး။ နွားနို့
လေး၊ ဘာလေး ကျိုခိုင်းတတ်တာပါပဲ....”

“ကောင်းပြီလေ”ဟုဆိုကာ ဆား
ပုလင်းနှင်းမောင်သည် အခင်းဖြစ်ပွားရာ
ကျွန်အိမ်မည်းကြီးသို့ လျှောက်
လေ၏။

ကျွန်းအိမ်မည်းကြီးဆီသို့ ရောက်လျှင်
စာရေးစားပွဲပေါ်သို့သွားကာ စာရွက်အချို့
ကို လှန်လှောကြည့်ရှုလေ၏။ ထို့နောက်
စာအုပ်ဗီရိုအတွင်းမှ စာအုပ်များကို
လှန်လှောကြည့်ရှုလေ၏။ ထိုသို့ဖတ်ရှုပြီး
နောက် အလောင်းများ ရှိရာသို့ ပြန် လာ
ပြီးလျှင် အလောင်းများကို ဒုတိယအကြိမ်
ကြည့်ရှု့ပြန်လေ၏။ ထိုသို့ကြည့်ရှုပြီးလျှင်
အသက်(၃၀)အရွယ်ခန့်ရှိ နက်ပြာရောင်
သက္ကလတ် ဘောင်းဘီရှည်ဝတ်ထားသော
အလောင်း၏ လက်တစ်ဘက်ကိုဆွဲ၍
မြှောက် လိုက်လေ၏။ ထိုအလောင်း၏လက်သည် လက်သီးကိုကျစ်ကျစ်ပါ
အောင် ဆုပ်ထားသည် ကို ကျွန်ုပ်ကောင်း
စွာ သတိပြုမိလေ၏။ ဆားပုလင်းနှင်း
မောင်သည် ထိုဆုပ်ထားသောလက်ကို
မရမကဆွဲ၍ ဖြန့်လိုက်ရာ အောက်ပါတွန့်
တွန့်ကောက်ကောက် စက္ကူကတ်ပြား
ကလေးတစ်ခု ထွက်ပေါ်၍
တော့သည် ။ ကျွန်ုပ်တို့ သည် ထို
ကတ်ပြားလေးကို ဝိုင်းအုံကြည့်ရှုကြလေ
တော့၏။ ဆားပုလင်းနှင်းမောင်သည် ထို
ကတ်ပြားလေးကို ကိုင်ကြည့်ပြီးနောက်
ကျွန်ုပ်ဘက်သို့လှည့်ကာ
“ဒါကလေး
လိုချင်လို့ သတ်တာဗျို့” ... ပြောလေ၏။

ထိုအခါ၌ ဦးကိုကိုကြီးသည် ထိုကတ်ပြား
လေးအား
ကောက်ယူကြည့်ရှုပြီး
နောက်....“ကျုပ်မျက်စိထဲမှာ တော့ ဂါဝန်နဲ့ ဗိုလ်
မလေး ကနေသလိုလိုပါပဲဗျာ”ဟု ပြော
လိုက်လေတော့၏။
အခန်း  ၄

• သိပ်ပြီးကောင်းတဲ့ လက်ဖက်ခြောက်

စုံထောက်မင်းကြီး မစ္စတာဟာဒီလည်း
သေနတ်ဒဏ်ရာနှင့် သေဆုံးလျက်ရှိသော
အလောင်း၏ လက်အတွင်းမှ ရရှိခဲ့သည့်
တွန့်တွန့်ကောက်ကောက်ပုံသဏ္ဌာန် ကတ်ပြာလေးကို သေချာစွာ
ကြည့်ရှု၍

“ပုံစံကတော့ အရက်ပုလင်းလိုပဲ၊ ဒါက
အရေးမကြီးပါဘူး။ သေတဲ့ လူတွေဟာ
ဘယ်သူ ဘယ်ဝါတွေဖြစ်တယ်။ ဘာ
ကြောင့် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြ
တယ်ဆိုတာကို သိဖို့ အရေးကြီးနေ
တယ်”ဟု ပြောလိုက်လျှင် ပုဇွန်တောင်
ဂါတ်မှ ဌာနအုပ်မောင်ဝင်းက

“ဒီရပ်ကွက်ရဲ့ သူကြီးနဲ့ ကျွန်တော်မျိုး
တွေ့ပြီးပါပြီ။ ဟောဒီလုံချည်နဲ့ အလောင်း
ဟာ အိမ်ရှင်ဖြစ်ပါတယ်။ သူဟာမြေတွေ
အမြောက်အမြားကိုလဲ ပိုင်ပါတယ်။ တာ
မွေလေးဘက်မှာ လဲ ယာခင်းတွေရှိပါ
တယ်။ ဟိုဘက်ယာခင်းဟာလဲ သူ့ရဲ့
ယာခင်းပါ။ ယာခင်းတွေ လုပ်တဲ့ လူတွေ
က သူ့ကိုဆရာကြီးလို့ပဲ ခေါ်ကြတယ်။ သူ့
နာမည်က ဦးဘမောင်လို့ ခေါ်ပါတယ်။
အေးအေးဆေးဆေး၊ ရိုးရိုးသားသားကြီး
ပါ။ သတ်တဲ့ လူက ဓားပြတစ်ယောက်ဖြစ်
မှာ ပါပဲ။ ဟောဒီစက္ကူကတ်ပြားကလေး
အတွက် သတ်တယ်ဆိုတာမဖြစ်နိုင်ပါဘူး။ ဓားပြက ဓားနဲ့ ဦးဘမောင်ရဲ့
လည်မျိုကို ထိုးမယ်။ ဦးဘမောင်က
သေနတ်နဲ့ ပြန်ပစ်မယ်။ ဓားပြရဲ့ လက်ထဲ
မှာ အဲဒီကတ်ပြားလေးရောက်နေတာဟာ
ဘာမှ မဆန်းပါဘူး။ သေခါနီးမှာ ဓားပြ
ဟာကြမ်းပြင်ပေါ်မှာ လူးလိမ့်ပြီးလက်
တွေဟာ အကြောဆွဲပြီး ဆုပ်မိရာဆုပ်မိပါ
လိမ့်မယ်။ အဲဒီအခါမှာ ကတ်ပြားကလေး
ဟာ မတော်တဆလက်ထဲ ရောက်သွား
တာဖြစ်မှာ ပါပဲ။ အဲဒီကတ်ပြားကလေး
ကိုကြည့်ပါ။ ဘာမှ ထူးထူးခြားခြားမရှိပါ
ဘူး။ ဓာတ်ပုံစက္ကူစ ကလေးတစ်ခုပါ”ဟု
စုံထောက်မင်းကြီးဟာဒီအား အစီရင်ခံ
လိုက်လေ၏။

စုံထောက်ကိုတင်ဝင်းကလည်း 
“ဌာနအုပ်ကိုမောင်ဝင်းစဉ်းစားတာ အတော့်ကိုသဘာဝကျပါတယ်။
ကတ်ပြားလေးအတွက် တစ်ဦးကိုတစ်ဦး
ရက်ရက်စက်စက် သတ်ဖြတ်ကြတယ်ဆို
တဲ့ ဆားပုလင်းနှင်းမောင်ရဲ့ အတွေးကို
လုံး၀လက်ခံလို့မဖြစ်ဘူး”ဟု ပြော
လေ၏။

ဦးကိုကိုကြီးကပင်လျှင် ကျွန်ုပ်အနီးသို့
ကပ်၍
“ဟုတ်တယ် ဦးအောင်သင်းရဲ့
ဓာတ်ပုံတစ်ခုရဲ့ အစကလေးတစ်ခုပဲ
ဗျာ၊ ဒီလောက်နဲ့ တော့တစ်ဦးကိုတစ်ဦး
လုပ်ကြံလိမ့်မယ်မဟုတ်ပါဘူး”ဟု ပင်
ပြော လိုက်လေ၏။

ထိုအချိန်၌ ဆားပုလင်းနှင်းမောင်သည်
ကျွန်ုပ်တို့ အနီး၌ မရှိသဖြင့် ကျွန်ုပ်သည်
ပြတင်းပေါက်အနီးသို့ သွားရောက်ကာစောစောက ရောက်ခဲ့ပြီးသော ယာခင်း
ကလေးဆီသို့ လှမ်းမျှော်၍ ကြည့် လိုက်
လေ၏။ ဆားပုလင်းနှင်းမောင်သည် ယာ
တဲကလေး၏ ရှေ့တွင် ချထားသော
ထိုင်ကာ
ကွပ်ပျစ်ကလေးပေါ်၌
ရေနွေးကြမ်းသောက်၍ နေလေ၏။
ထို့ကြောင့် ကျွန်ုပ်လည်း ၎င်းရှိရာသို့
လိုက်သွားလေ၏။ အနီးသို့ရောက်လျှင်
ဆားပုလင်းနှင်းမောင်က

"အိုင်ပီရေလာပျို့၊ ရေနွေးကြမ်းကလေး
က ကောင်းမှ ကောင်းပါဘိသနဲ့ ဗျာ၊
လက်ဖက်ခြောက်ကလဲမွှေးနေတာပဲ၊
ဟောဒီယာခင်းအဒေါ်ကြီးက စေတနာက
လည်း ကောင်းတယ်ဗျို့”ဟု ပြောဆိုကာ
ကျွန်ုပ်အား ရေနွေးသောက်ခေါ်လေ၏။
ကျွန်ုပ်လည်း ရေနွေးတစ်ခွက်ကို
ကောက်ယူ၍ သောက်လေ၏။

ထို့နောက် ယာတဲကလေးကို အကဲခတ်
သကဲ့သို့ ကြည့်ရှု လိုက်လေ၏။ ယာတဲ
ကလေး ဆိုသော်လည်း ခဏတစ်ဖြုတ်နေ
ရန် ဆောက်ထားသည် မဟုတ်။ အစဉ်သဖြင့်နေရန်
ဆောက်လုပ်ထားကြောင်း တဲ၏ တိုင်များကလည်းကောင်း၊ တဲ
အတွင်းရှိ အိမ်ထောင်ပစ္စည်း အိုးခွက်
ပန်းကန်များကလည်း
ကောင်း
သက်သေခံလျက်ရှိပေ၏။

ကျွန်ုပ်သည် တဲ၏ ခေါင်းရင်း
ဘုရားစင်ဘက်ဆီသို့အကဲခတ်ရင်း ကြည့်
ရှုလိုက်မိလေ၏။ ဘုရားစင်ကိုမတွေ့ရ
ပေ။ ကရုဏာမျက်လုံးဖြင့် ကြည့်ရှုနေ
သော ခရစ်တော်၏ ပုံ မှန်ဘောင်တစ်ချပ်
ကိုသာ တွေ့ရလေ၏။
ထို့ကြောင့် ကျွန်ုပ်၏ စိတ်၌ “ဪ
ယာခင်းလုပ်တဲ့ အဒေါ်ကြီးတို့
ခရစ်ယာန်ကိုး'ဟု တွေးမိလေ၏။
ထို့နောက် ကျွန်ုပ်၏ မျက်လုံးများ သည်
တဲ၏ အလယ်တိုင်တွင် ချိတ်ထားသော
ဓာတ်ပုံတစ်ပုံဆီသို့ ရောက်သွားပြန်၏။
ထိုဓာတ်ပုံမှာ လူသုံးဆယ်နီးပါးခန့် စု၍
ရိုက်ထားသော “ဂရုဖိုတို' ဖြစ်ကြောင်း
သတိပြုမိလေ၏။

ယာခင်းလုပ်သော အဒေါ်ကြီးလည်း
ဂေါ်ဖီထုပ်များကို ခြင်းတောင်းအတွင်း
သို့ထည့်ပြီးနောက် ကျွန်ုပ်ရှိရာ ကွပ်ပျစ်ဆီ
သို့ရောက်ရှိ လာပြီးလျှင် ရေနွေးကြမ်း
တစ်ခွက်ကိုငှဲ့၍ သောက်လေ၏။ ရေနွေး
မှာ ကုန်လုပြီးဖြစ်၍ စစ်၍ ငှဲ့ယူနေရ
လေ၏။ ယင်းအခါ၌ ဆားပုလင်းနှင်းမောင်က
“သိပ်ပြီးကောင်းတဲ့ လက်ဖက်ခြောက်
ပဲဗျာ၊ သောက်လို့ကိုမ၀နိုင်ဘူး၊ ဟဲ ဟဲ ဟဲ
ကရားထဲမှာ လဲ ရေနွေးကကုန်ပြီ”ဟု
ပြောလိုက်ရာ ယာခင်းလုပ်သော အဒေါ်
ကြီးက 
“ရပါတယ်ရှင်၊ ထပ်ပြီးထည့်ပေးပါ
မယ်” ဟု ဆိုကာ ရေနွေးကရားကိုယူ၍
ယာခင်းတဲ ကလေး၏ ရှေ့တွင် တည်၍
ထားသော ရေနွေးအိုးမှ ရေးနွေးကို ငှဲ့
လေ၏။ ထို့နောက် တဲအတွင်းသို့ ဝင်
ကာ လက်ဖက်ခြောက်ဗူးကို ယူခဲ့ပြီးလျှင်
လက်ဖက်ခြောက်အနည်းငယ်ကို ကရား
အတွင်း၌ ခတ် လိုက်လေ၏။

“လက်ဖက်ခြောက်က တယ်ပြီးကောင်း
ပါလား၊ ခဏလောက်ပြစမ်းပါ” ဟု ဆိုကာ အဒေါ်ကြီးထံမှ လက်ဖက်ခြောက်ဗူး
ကိုတောင်းယူ၍ လက်ဖက်ခြောက်
အနည်းငယ်ကို ပါးစပ်ဖြင့် ဝါးကြည့်၏။
နမ်းရှုပ်ကြည့်၏။
“ဘယ်လိုဝယ်ရသလဲ၊ တောကဘကြီး
တစ်ယောက်ဆီ ဝယ်ပြီးကန်တော့ချင်လို့
ပါ” ဟု ဆားပုလင်းနှင်းမောင်က မေး
လေ၏။

“ဈေးတော့ ကျွန်မမသိပါဘူးရှင်၊ အိမ်
ကလူဝယ်ခဲ့တာပါ” ဟု အဒေါ်ကြီးက
ပြောလေ၏။

“ဪ … ဒါနဲ့ အဒေါ်ကြီးရဲ့ ခင်ပွန်း
သည် လည်း မတွေ့ပါလား” ဟု ဆား
ပုလင်းနှင်းမောင်က မေးပြန်လေ၏။
“ကုန်စိမ်းသွားပို့တယ်လေ၊ ပြန်လာပါ
လိမ့်မယ်” ဟု အဒေါ်ကြီးက ပြန်၍ ဖြေလေ၏။

“အဒေါ်ကြီးခင်ပွန်းသည် က နာမည်ဘ
ယ့်နှယ်ခေါ်သတဲ့ တုံး” ဟု ဆားပုလင်း
နှင်းမောင်က မေးလေ၏။

“ကိုဘသင်လို့ခေါ်ပါတယ်" ဟု အဒေါ်
ကြီးက ပြန်၍ ဖြေလေ၏။
ထို့နောက် ဆားပုလင်းနှင်းမောင်က
“ကျုပ်ကြိုက်တဲ့ အစားအသောက်ထဲမှာ
ဟောဟိုတိုင်မှာ ချိတ်ထားတဲ့ ပစ္စည်း
လည်း ပါတယ်” ဟု တဲအနောက်ဘက်
တိုင်သို့ ညွှန်ပြလိုက်သဖြင့် ကျွန်ုပ်လည်း
လှမ်း၍ ကြည့်လိုက်ရာ ပဲပုပ်ပြားများကို
နှီးကြိုးဖြင့်ချည်၍ တိုင်၌ ချိတ်ထားသည်
ကို တွေ့ရလေ၏။

“အဲဒါကိုခရမ်းချဉ်သီးနိုင်နိုင်ဆီရွှဲရွှဲ ပုဇွန်ခြောက်နိုင်းချင်းနဲ့ များ စားလိုက်ရရင်
ဗျာ” ဟု ဆားပုလင်းနှင်းမောင် ကပြော
လေ၏။

ကျွန်ုပ်မှာ လောလောလတ်လတ်သေ
လျက်ရှိသော လူသေအလောင်းနှစ်
လောင်း၏ အကြောင်းကို စိတ်မဝင်စားပဲ
ရှမ်းပဲပုတ်ကို ဆီရွှဲရွှဲနှင့် ချက်စားရန်စိတ်ကူးနေသော
ဆားပုလင်းနှင်းမောင်၏ စိတ်နေသဘာဝကို အံ့ဩမိလေ
သေးတော့၏။

ထို့နောက်ဆားပုလင်းနှင်းမောင်သည်
ရေနွေးကြမ်းကို တစ်ခွက်ပြီးတစ်ခွက် ငှဲ့
သောက်ပြီးနောက်
“ကဲ … အဒေါ်ကြီးရေ၊ ရေနွေးကြမ်းလဲ
သောက်လို့ဝပြီ၊ လုပ်စရာအလုပ်ကလေး
လဲရှိသေးတယ်” ဟု နှုတ်ဆက်ကာအခင်းဖြစ်ပွားရာ အိမ်မည်းကြီးဆီသို့
ကျွန်ုပ်အား
“လာဗျို့ ” ဟု ခေါ်၍ လျှောက်သွား
လေတော့၏။

ဌာနအုပ် မောင်ဝင်းမှာ မူ သေဆုံးခြင်း၊
သတ်ဖြတ်ကြခြင်းအကြောင်းကို
စုံထောက်မင်းကြီးအား
ထော့ကျိုးထော့ကျိုးနိုင်လှသော အင်္ဂလိပ်
စကားဖြင့် ရှင်းပြပြောဆိုနေလေ၏။

စုံထောက်မင်းကြီး မစ္စတာဟာဒီလည်း
ဆားပုလင်းနှင်းမောင်ကိုမြင်လျှင် 
“ဆားပုလင်းနှင်းမောင်၊
ဟောဒီ
လူကလေး ကျွန်ုပ်ကို ရှင်းပြတာ အလွန်
သဘာဝကျတယ်၊ သူပြောတဲ့ အတိုင်းပဲ
ဖြစ်လိမ့်မယ်ထင်တယ်” ဟု လှမ်း၍ ပြော
လေ၏။ ဌာနအုပ်မောင်ဝင်းမှာ လည်းစုံထောက်မင်းကြီးကိုယ်တိုင်က ချီးကျူး
စကားကို ဆိုလိုက်သဖြင့် နားထင်သို့
သွေးရောက်ကာ “ဘယ်နှယ်ရှိစ" ဟူသော
မျက်နှာထားဖြင့် ... ဆားပုလင်းနှင်းမောင်
အား လှမ်း၍ ကြည့် လိုက်လေ၏။

“သဘာဝကျတာကောင်းပါတယ်၊ ဒါပေ
မယ့် ကျုပ်တစ်ခုပြောချင်တာကတော့ ဒီ
လူသတ်မှုမှာ လူနှစ်ယောက်ဟာ တစ်ဦး
ကိုတစ်ဦး သတ်ဖြတ်ကြတယ်လို့ မယူဆ
သင့်ဘူး၊ ဆိုကြပါစို့၊ ဒီဘက်က လူကြီး
ဟာ ‘အေ’ လို့ သဘောထားပါ၊ ဟိုဘက်
ကလူငယ်ဟာ “ဘီ” လို့ သဘောထားပါ၊ ဒီ
အမှုဟာ အေနဲ့ ဘီကိစ္စ မဟုတ်ဘူး၊
နောက်ထပ် စီ’ တစ်ယောက်ရှိသေး
တယ်” ဟု ဆားပုလင်းနှင်းမောင်က ပြော
လိုက်ရာ ဌာနအုပ်မောင်ဝင်းက “အေ ဘီစီ တွေနဲ့ စကားရှုပ်အောင်လုပ်မပစ်ပါနဲ့
ဆားပုလင်းနှင်းမောင်၊ အခုကိစ္စဟာ ဂျီသြ
မေတြီတွက်တဲ့ ကိစ္စ မဟုတ်ဘူး ၊
လူသတ်မှုကိစ္စဖြစ်တယ်၊
အရေးကြီးတာ
က တရားခံရှိတဲ့ အမှုမှာ တရားခံကိုဖမ်းဖို့
ပဲ၊ တရားခံမရှိပဲ တရားခံပါသေဆုံးသွား
တဲ့ အမှုမှာ ယုတ္တိရှိရှိသဘာဝကျကျ
အစီရင်ခံစာရေးပြီး သပ်သပ်ရပ်ရပ် အမှု
ပိတ်နိုင်ဖို့ ပဲအရေးကြီးတယ်” ဟု ပြော
လိုက်လျှင် ဆားပုလင်းနှင်းမောင်သည် မ
ခိုးမခန့်ကလေးပြုံး လိုက်လေ၏။ ၎င်း၏
လက်ဝဲဘက်အထက်နှုတ်ခမ်းကလေး
သည် အပေါ်သို့ အနည်းငယ်တွန့်၍ သွား
သည် ကို ကျွန်ုပ်ကောင်းစွာ သတိပြုမိ
လေ၏။

“သိပ်ပြီးကောင်းတဲ့ စကားပါပဲ ဌာနအုပ်မင်းရယ်၊ အဲဒီတော့တရားခံဖမ်းဖို့
လက်ထိပ်များ ကောပါရဲ့ လား” ဟု ဆား
ပုလင်းနှင်းမောင်က မေး လိုက်လေ၏။
ထိုအချိန်၌ ပင် ယာတဲကလေးဆီ သို့ လူ
တစ်ယောက်ရောက်ရှိ လာပြီးလျှင် ယာတဲ
အဒေါ်ကြီးအား ပိုက်ဆံအကြွေများ နှင့်
ကျပ်တန် အချို့ကို အပ်နှံနေကြောင်း
ကျွန်ုပ်သည် ပြတင်းပေါက်မှ လှမ်း၍ မြင်
ရလေ၏။ ဆားပုလင်းနှင်းမောင်လည်း
ကျွန်ုပ်ကဲ့သို့ မြင်တွေ့ရလေ၏။
ထို့ကြောင့် ဆားပုလင်းနှင်းမောင်က

“အိုင်ပီရေ … ဟောဟိုလူကြီးကို ခေါ်
လိုက်ပါဗျာ၊ သူကလဲသက်သေနေရာမှာ
အရေးကြီးတယ်ဗျ” ဟု ဆိုသဖြင့် ကျွန်ုပ်
လည်း လက်ခုပ်တီးကာ ယာတဲရှင်အဒေါ်
ကြီး၏ ယောက်ျား (ဦးဘသင်) ကို လှမ်း၍ခေါ်လိုက်၏။

ဦးဘသင်ရောက်လာသည့် အခါ၌
ဆားပုလင်းနှင်းမောင်သည်
“စောဘသင်မဟုတ်လား” ဟု မေး
လေ၏။ ထိုသူက ခေါင်းညိတ်၍ ဟုတ်မှန်
ကြောင်း ဝန်ခံလေ၏။

“စောဘသင်ရဲ့ မိန်းမနဲ့ တော့ ကျုပ်တို့
တွေ့ပြီးပါပြီ၊ ဟောဒီ
လူတွေ သေနေ
တာကို သူက အလျင်ဆုံးတွေ့တယ်တဲ့ ၊ အဲ
ဒါနဲ့ ရပ်ကွက်လူကြီးကို အကြောင်းကြား
ပြီး ဂါတ်ကိုတိုင်တာလို့ ပြောတယ်၊ အဲဒီ
ဥစ္စာအမှန်ပဲလား စောဘသင် ဟု
ဆားပုလင်းနှင်းမောင်က မေး လိုက်လေ၏။

“အမှန်ပါပဲခင်ဗျာ၊ သူက နွားနို့ လာပြီး
အပို့မှာ အခုမြင်တဲ့ အတိုင်းပဲ တွေ့မြင်ရနဲ့ လန့်ပြီး အော်တော့တာပါပဲ၊ အဲဒီ
အချိန်မှာ ကျုပ်ကလဲ ယာတဲကနေပြေး
လာပါတယ်၊ အနီးအပါးလူများ လဲ ကျုပ်
နဲ့ မရှေးမနှောင်း ရောက်လာကြပါတယ်၊
အဲဒီထဲမှာ အရပ်လူကြီးလဲပါ လာလေတော့
တကူးတကသွားပြီးတောင် တိုင်ဖို့
မလိုတော့ပါဘူး၊  တစ်ခါတည်းတိုင်ပြီး
သားဖြစ်တော့တာပါပဲ၊ အရပ်လူကြီးက
လည်း ဂါတ်ကိုအကြောင်းကြာပါတယ်၊
ကျုပ်တို့ ကိုလည်း ကိုယ်လုပ်စရာရှိတာ
သွားလုပ်ဆိုပြီး အခွင့်ပေးပါတယ်၊ အိမ်
တံခါးကိုတော့ ဖွင့်ထားပြီး ရပ်ကွက်ထဲက
ကာလသားနှစ်ယောက်ကို ခေတ္တ စောင့်
ခိုင်းထားပါတယ်၊ ကျုပ်လဲကုန်စိမ်းပို့စရာ
သွားပြီးပို့ပါတယ်၊ အခုပြန်လာတာပါ" ဟု
စောဘသင်က ပြောလေ၏။ထိုအခါ၌  ဆားပုလင်းနှင်းမောင်သည်
စီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိရှိုက်
ဖွာကာ မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး
လျှင်

“ကောင်းပါပြီ စောဘသင်၊ ခင်ဗျား
အိတ်ထဲမှာ ရထားလက်မှတ်တစ်စောင်ရှိ
တယ်၊ အဲဒါ ကျုပ်ကိုပေးပါ  ” ဟု လက်
ဖြန့်၍ တောင်းလိုက်လျှင် စောဘသင်သည်
မျက်လုံးပြူး၍ သွားလေတော့၏။ စောဘ
သင်မဟုတ် စုံထောက်မင်းကြီး မစ်စတာ
ဟာဒီနှင့် ကျွန်ုပ်တို့ ပါ မျက်လုံးပြူးသွား
ကြလေတော့၏။

စောဘသင်သည် ၎င်းအိတ်အတွင်းမှ
ရထားလက်မှတ်တစ်စောင်ကိုထုတ်၍
ဆားပုလင်းနှင်းမောင်အား ပေးလေ၏။
ဆားပုလင်းနှင်းမောင်သည် ရထားလက်မှတ်ကို ကြည့်ရှုလိုက်ပြီးနောက်
“နက်ဖြန်မနက် ငါးနာရီမှာ ထွက်မယ့်
မော်လမြိုင်ရထားပဲ” ဟု ပြော လိုက်
လေ၏။

ထို့နောက် “စောဘသင် ပထမကမ္ဘာစစ်တုန်းက
ဗြိတိသျှလေတပ်မှာ အမှုထမ်းဖူးတယ်
နော်” ဟု ပြောလိုက်ရာ စောဘသင်က
မျက်နှာကြီးသည် နီမြန်း၍ သွားလေ
တော့၏။

“ဟုတ်ပါတယ် … အမှုထမ်းဖူးပါတယ်”
ဟု စောဘသင်က ခပ်မာမာပြန်၍ ဖြေ
လေ၏။

“ကောင်းပြီ ဟောဟိုလူကို လူငယ်
အလောင်းကိုညွှန်ပြ၍ ခင်ဗျားသိပါသလား” ဟု ဆားပုလင်းနှင်းမောင်ကမေး
လေ၏။

“မသိပါဘူး၊ တစ်ခါမှ လဲမတွေ့ဖူးပါဘူး
” ဟု စောဘသင်က ပြန်၍ ဖြေလေ၏။

“စဉ်းစဉ်းစားစားပြောပါ စောဘသင်၊
မနေ့ကအထိ သူဟာ ခင်ဗျားတို့ အိမ်မှာ
တည်းခိုနေတယ်မဟုတ်လား၊
သူ တစ်ယောက်တည်းတောင် မဟုတ်ဘူး၊
သူ့အဖေလဲပါတယ်၊ သူ့အဖေက ခင်ဗျားနဲ့
အတူ ဗြိတိသျှလေတပ်မှာ အမှုထမ်းဖူးတဲ့
ခွန်ရွှေကြာလေ၊
သူတို့
ယူခဲ့တဲ့
လက်ဖက်ခြောက်ကလဲ တယ်ပြီးကောင်း
ပါလားဗျာ၊ စောစောကပဲ ခင်ဗျားမိန်းမက
အဲဒီလက်ဖက်ခြောက်ခတ်ထာတဲ့
ရေနွေးကြမ်းကိုတိုက်လို့ သောက်ခဲ့ရသေး
တယ်၊ ပဲပုပ်ကလည်း ကောင်းမယ့်ပုံပဲဗျ၊စားတော့ မစားခဲ့ရဘူး” ဟု ဆားပုလင်း
နှင်းမောင်က ပြောလိုက်ရာ စောဘသင်
သည်
လွန်စွာစိတ်ပျက်သွားသော
မျက်နှာထားဖြင့် ဆားပုလင်းနှင်းမောင်
ကို လှမ်းကြည့်လိုက်၏။ “ဟုတ်ပါတယ်၊
သူတို့ နှစ်ယောက်အိမ်မှာ တည်းခဲ့ကြပါ
တယ်  အဲဒီလိုတည်းခဲ့တယ်လို့ပြောရင်
ကျုပ်အပေါ်မှာ အမှုပတ်မှာ စိုးလို့ မပြော
ခဲ့တာပါ၊ ဒါပေမယ့် ခွန်ရွှေကြာ ဘယ်
ရောက်နေတယ်ဆိုတာတော့ ကျုပ်မသိ
ဘူး ...” ဟု စောဘသင်က ပြောလေ၏။

“ဒီလိုဆိုရင် ဘယ်ရောက်နေတယ်ဆို
တာ ကျုပ်ကပြောရမှာ ပေါ့၊ ခွန်ရွှေကြာ
တို့ သားအဖဟာ ခင်ဗျားအိမ်မှာ တည်းပြီး
တော့ မနေ့ညက ဟောဒီအိမ်ကို ကူးလာ
ကြတယ်၊ ခင်ဗျားတို့ ကိုတော့ အပြင်သွားဦးမယ် ဆိုပြီး သားအဖနှစ်ယောက်ထွက်
သွားကြတာပဲ၊ တော်တော်ကြီးကို ညဉ့်
နက်မှ အပြင်ကနေပြန်လာတယ်၊ ပြန်လာ
တဲ့ အခါမှာ ခင်ဗျားတို့ တဲကို မလာတော့
ဘူး၊ ဒီအိမ်ကိုပဲလာခဲ့ကြတာ၊ ဒီအိမ်က ဦး
ဘမောင်ကလည်း အဲဒီအချိန်ကျမှ လာခဲ့
ကြဖို့ သူတို့ နှစ်ယောက်ကို အချိန်းအချက်
လုပ်ထားပုံရတယ်၊ ဒါနဲ့ တစ်ခုပြောရဦး
မယ်၊ ဟောဒီအိမ်ရှင် ဦးဘမောင်ဟာလဲ
ခင်ဗျားနဲ့ အတူ စစ်မှုထမ်းခဲ့ဖူးတယ်၊
ခင်ဗျားရယ် ဦးဘမောင်ရယ်၊ ခွန်ရွှေကြာ
ရယ်ဟာ တပ်တစ်တပ်တည်းမှာ အတူနေ
ခဲ့ကြတယ်မဟုတ်လား”ဟု ပြောဆိုကာ
ဆားပုလင်းနှင်းမောင်သည် စီးကရက်ပြာ
ကို ခြွေ လိုက်လေ၏။
“ဟုတ်ပါတယ်...”ဟု . ဝန်ခံစကားကိုစောဘသင်က ပြော လိုက်လေ၏။

“ကဲပါလေ...ထားပါတော့၊ ခွန်ရွှေကြာ
တို့ သားအဖနဲ့ ဟောဒီ ဦးဘမောင်ဟာ
မနေ့က ညသန်းခေါင်ကျော်လောက်မှာ
ဟောဒီအိမ်မှာ တွေ့ဆုံကြတယ်၊ ပြီးတော့
ဟောဒီကတ်ပြားလေး တွေမျိုးကို နှစ်
ဘက်စလုံးက ထုတ်ပြပြီးအပေးအယူလုပ်
ကြတယ်၊ အဲဒီအခါမှာ ဦးဘမောင်က
သေနတ်နဲ့ ချိန်ပြီး ခွန်ရွှေကြာတို့ ဆီက
စက္ကူဖြတ်ပိုင်းကလေးတွေကို လုယူဖို့
ကြိုးစားတယ်၊ အဲဒီအခါမှ ခွန်ရွှေကြာရဲ့
သားက သေနတ်နဲ့ ချိန်ထားတဲ့ ဦးဘ
မောင်ကို အတင်းဝင်ပြီးဓားမြောင်နဲ့
ထိုးတယ်၊ မထိုးမိခင်မှာ ပဲ ဦးဘမောင်က
မောင်းဖြုတ်ချလိုက်တယ်၊ အဲဒီကျည်ဆန်
ဟာ ခွန်ရွှေကြာရဲ့ နံကြား အောက်ကိုဝင်သွားတယ်၊ ဒါပေမယ့် ကောင်ကလေးက
သတ္တိကောင်းတယ်၊ မရမကဝင်ပြီး ဓားနဲ့
ဦးဘမောင်ရဲ့ လည်မျိုကို ထိုးစိုက်ပစ်
တယ်၊ ဦးဘမောင်ကလဲ အဲဒီမှာ ပဲ
ပွဲချင်းပြီးသေတာပဲ၊ ဦးဘမောင်ကလဲ
နောက်ထပ်မောင်းဖြုတ်ချလိုက်ပြန်တယ်၊
အဲဒီအခါမှာ ကောင်ကလေးရဲ့ ရင်ဘတ်ကို
ထပ်ပြီးမှန်ပြန်တယ်၊ အဲဒီမှာ နှစ်ယောက်
စလုံးသေတော့တာပဲ၊ အဲဒီအခါမှာ ခွန်ရွှေ
ကြာဟာ ဓာတ်ပုံ စကလေးတွေကို
ကောက်ယူပြီး အိမ်ရှေ့တံခါးမကြီးက
နေထွက်ပြေးဖို့ ကြိုးစားတယ်၊ ဒါပေမ
ယ့် အိမ်ရှေ့လမ်းမပေါ်မှာ က ကင်းသမား
တွေ ဒါမှမဟုတ်ဟောဟိုက စက်ရုံည
ဂိုဏ်းအလုပ်သမားတွေ အသွားအလာရှိ
နေတာကြောင့် တံခါးကိုအသာပြန်စေ့ပြီး ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးဖို့
ကြံ ပြန်တယ်၊ ဒါပေမယ့်ပြတင်းပေါက်
ဘောင်ပေါ်မှာ တင်ထားတဲ့ နွားနို့အလွတ်
ပုလင်းတစ်လုံးဟာ သူ့ လက်နဲ့ တိုက်မိပြီး
အောက်ကိုကျကွဲသွားတယ်၊ ပြီးတော့လဲ
တံခါးဖွင့်ပြီးတော့မှ အဲဒီပြတင်းပေါက်
ကနေဆင်းရင် မဖြစ်ပြန်ဘူး ပြတင်းပေါက်ကိုပြန်ပိတ်လိုက်
တယ်။ အဲဒီအခါမှ အိမ်ရှေ့တံခါးမကြီးဆီ
ကို တစ်ခေါက်သွား ပြန်တယ်၊ အဲဒီမှာ
ကင်းသမားလား ပတ်တရောင်လားမသိ
ဘူး၊ အိမ်ရှေ့တံခါးဝကို ရောက် လာပြီ
သေနတ်သံကြားရတာ ဒီကလား'လို့မေး
တယ်၊ အဲဒီတာ့ခွန်ရွှေကြာက ဒီက
မဟုတ်ပါဘူး၊ ကျုပ်လဲ သေနတ်သံကြား
လို့ . ဘယ်ကလဲဆိုတာ
သိချင်တာနဲက ထွက်ကြည့်မလို့ပဲ"လို့ ဖြီးလွှတ်လိုက်တယ်။ ပြီးတော့တံခါးကိုပြန်ပိတ်ပြီး
အထဲကိုဝင်မယ်အလုပ်မှာ စောဘသင်
ရောက်လာတယ်၊ ပြီးတော့ခွန်ရွှေကြာ ကို
လဲတွေ့ရော ဘယ်လိုဖြစ်တာလဲ ခွန်ရွှေ
ကြာ ကျုပ်ကဖြင့် ခင်ဗျားတို့ သားအဖပြန်
မလာ လို့ စိတ်ပူနေတယ်။ ခင်ဗျားတို့ က
ဒီရောက်နေတာကိုး၊
ဘယ်လိုလဲ
ဆရာကြီးနဲ့ စကားပြောမယ် ဆိုတာ ပြော
ကြပြီးပြီလား’ဟု မေးရင်း အိမ်ထဲကိုဝင်
လာခဲ့တယ်။ ဧည့်ခန်းကိုလဲ ရောက်ရော ဧ
ည့်ခန်းအလွန်မှာ ခွန်ရွှေကြာသားနဲ့ ဦးဘ
မောင်တို့ သေဆုံးနေတာကိုတွေ့ရလေ
တော့ စောဘသင်ဟာ အတော့်ကိုထိတ်လ
န့်သွားတယ်။ 'ဘယ်လိုဖြစ်တာလဲ ခွန်ရွှေ
ကြာ ဒုက္ခပါပဲ'လို့ပြောလိမ်မယ်၊ ခွန်ရွှေ
ကြာက 'မြင်တဲ့ အတိုင်းပဲ စောဘသင်ရဲ့၊ကျုပ်သားလဲသေပြီ၊ ကိုဘမောင်လဲသေပြီ၊
စကားပြောရာကနေ.. အပေါက်အလမ်းမ
တည့်လို့ ဖြစ်ကုန်ကြတော့တာပဲ၊ ကျုပ်
တောင်အခု ဘယ်လိုထွက်ပြေးရမှန်းမသိ
ဘူး။ အမှုမပတ်အောင်တော့ ထွက်ပြီး
ပြေးရမယ်၊ ကြံစမ်းပါဦး'လို့ အကူအညီ
တောင်းလိမ့်မယ်၊ အဲဒီတော့ စောဘသင်
‘အခုနေထွက်လို့တော့မဖြစ်ဘူး၊
ညဂိုဏ်းအလုပ်သမားတွေ
စက်ရုံက
ထွက်လာကြပြီ၊ ဒီထဲမှာ ပဲ ခဏပုန်းနေရ
မယ်၊ ပြီးတော့မှ ခွန်ရွှေကြာကို ဘယ်လို
ထွက်ပြေးရမယ်ဆိုတာ ကျုပ်ပြောမယ်၊
အမှုကိုတော့ ရပ်ကွက်လူကြီးကို တိုင်ရမှာ
ပဲ”ဟု ပြောလိမ့်မယ် အဲဒီအခါမှာ ခွန်ရွှေ
ကြာက “ကောင်းပါပြီစောဘသင်၊ ကျေးဇူး
မမေ့ပါဘူး၊ ကျုပ်ပြေးရင်တော့ မော်လ
ကမြိုင်ဘက်ကိုပြေးချင်တယ် မော်လမြိုင်
မီးရထားလက်မှတ်ပါ တစ်ခါတည်းဝယ်
ပေးပါ'ဆိုပြီး စောဘသင်ကို ပိုက်ဆံ
ပေးလိုက်လိမ့်မယ်၊ အဲဒီအခါမှာ စောဘ
သင်က ‘လာ လာ’ဆိုပြီး ခွန်ရွှေကြာပုန်းဖို့
နေရာကို စောဘသင်က ပြလိမ့်မယ်၊ အဲဒီ
ဗီရိုကြီးနောက်မှာ အံဝှက်တစ်ခုရှိလိမ့်
မယ်၊ ဗီရိုကြီးကိုနှစ်ယောက်သားတွန်းရွေ့
ပြီး ခွန်ရွှေကြာက ဗီရိုကြီးကိုတွန်းပြီး
အံဝှက်တံခါးကို ပြန်ပိတ်ပေးမယ်၊ အဲဒီ
အခါမှာ ဗီရိုကြီးကသိပ်ပြီးလေးတယ်၊
အဲဒီတော့ စောဘသင်ဟာ လုံချည်ပြင်ပြီး
ဝတ်တော့တာပေါ့၊ အဲဒီလိုလုံချည်ပြင်ပြီး
ဝတ်တဲ့ အခါမှာ ခါးကြားမှာ ထိုးထားတဲ့
ဆေးတံဟာ ‘ဒေါက်'ကနဲအောက်ကို ပြုတ်ကျခဲ့တယ်၊ ခင်ဗျားဆေးတံပြုတ်ကျလို့ ဆေးတံအိုးက ဆေးချေးအချို့ အောက်
ကိုကြွေကျနေတာ ဗီရိုနားမှာ တွေ့ရမယ်၊
ကျုပ်ပြောတာတွေ စောဘသင်ငြင်းဦးမ
လို့လား” ဟု ဆိုကာ ကုတ်အင်္ကျီအောက်မှ
ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်၍
စောဘသင် ဟိုဗီရိုကြီးကို
ခင်ဗျားကိုယ်တိုင်သွားတွန်းပြီး
နောက်က အံဝှက်ထဲမှာ ပုန်းနေတဲ့
ခင်ဗျားရဲ့ သူငယ်ချင်းခွန်ရွှေကြာကို ထုတ်
ခဲ့ပါ”ဟု ပြောလိုက်ရာ စောဘသင်က
လည်း အခန်းသို့ဝင်ကာ အဝတ်ဗီရိုကြီးကို
မနိုင့်တနိုင်တွန်းရွေ့ ပြီးလျှင် ဗီရိုကြီး
နောက်မှ အံဝှက်တံခါးကို ခေါက်ကာ

“ခွန်ရွှေကြာရေ၊ ထွက်ခဲ့တော့၊ ဒီပုလိပ်
က တို့ လုပ်ပုံတွေကို သောက်ကျိုးနည်းသိ
တဲ့ ပုလိပ်”ဟု ပြောလိုက်သဖြင့် ကျွန်ုပ်တို့မှာ ငိုအားထက် ရယ်အားသန်ဆိုသလို
ရယ်မောရသေးတော့၏။

ခွန်ရွှေကြာ ထွက်လာသောအခါ၌ ခွန်
ရွှေကြာထံမှ အောက်ပါ ဓာတ်ပုံစကလေး
များကို ထပ်မံသိမ်းဆည်းမိလေတော့၏။

ထိုဓာတ်ပုံကလေးများကို ဆားပုလင်း
နှင်းမောင်သည် ဆက်စပ်လိုက်ပြီးနောက်အောက်ပါအတိုင်းဖြစ်ပေါ် လာလေ၏။
ထိုအခါ၌ သေနတ်ဒဏ်ရာနှင့် သေဆုံး
သူ၏ လက်တွင်းမှ ရရှိခဲ့သော တွန့်တွန့်
ကောက်ကောက် ဓာတ်ပုံစကလေးကို ဖြ
ည့်စွက်လိုက်ရာ ပြည့်စုံသော ကောင်းကင်
မှ ရိုက်ကူးထားသည့် ဓာတ်ပုံကြီးတစ်
ချပ်ကို ရရှိသောတော့၏။

“ဘယ်နေရာကပါလိမ့်” ဟု ကျွန်ုပ်က
ဝင်၍ မေး လိုက်လေတော့ရာ ဆားပုလင်း
နှင်းမောင်က ...
“မော်လမြိုင်ကမ်းနားဆိပ်ပေါ့ဗျာ" ဟု
ပြော လိုက်လေတော့၏။

ထို့နောက်တွင်ကား အလောင်းများကို
ဆေးရုံသို့ပို့၍ ခွန်ရွှေကြာကိုမူ ဌာနအုပ်မောင်ဝင်း၏
လက်သို့အပ်နှံပြီးလျှင် ကျွန်ုပ်တို့ အားလုံးပြန်ခဲ့ကြလေတော့၏။စုံထောက်မင်းကြီး မစ္စတာဟာဒီမှာ မူ
ဆားပုလင်းနှင်းမောင်အား 
“အလွန့်ကိုတော်ပါတယ်၊ ဆားပုလင်း
နှင်းမောင်နဲ့ သင့်လျော်တဲ့ ချီးကျူးခြင်း
ဖြစ်အောင် ကျွန်ုပ်တို့ အင်္ဂလိပ်စကားမှာ
စကားလုံးရှာလို့ မတွေ့ပါဘူး၊ မြန်မာ
စကားမှာ ရှိရင်ပြောပါ၊ အဲဒီစကားလုံးနဲ့
ပဲ ကျုပ်က ချီးကျူးလိုက်ချင်ပါတယ်၊
ခဲရာခဲဆစ်အမှုကို ဖော်ထုတ်တဲ့ နေရာမှာ
ဆားပုလင်းနှင်းမောင်ဟာ အကောင်းဆုံး
ပါပဲလို့သာ ကျွန်ုပ်ပြောနိုင်ပါတယ်၊ ဒီ
ထက်ကောင်းတဲ့ စကားလုံး ကျွန်ုပ်ကို ရှာ
ပေးကြပါဦး” ဟု နားပူနားဆာ လုပ်လေ
တော့၏။

ထိုအခါ စုံထောက်ဦးကိုကိုကြီးက
“ပါရမီရှင်လို့ပြောရင် လုံလောက်ပါတယ်၊စုံထောက်တဲ့ ဘက်မှာ ဆားပုလင်းနှင်း
မောင်ဟာ ပါရမီရှင်ပါပဲ” ဟု ပြောလိုက်
သဖြင့် စုံထောက်မင်းကြီးက
“မောင်မင်းပြောတဲ့ ပါရမီရှင်ဆိုတာ
ကျုပ်နားမလည်ဘူး၊ ဒါပေမယ့် ဒီစကားလုံးဟာ ဆားပုလင်းနှင်းမောင် အတွက် လုံလောက်ပြီ ဆိုရင်တော့ ကျွန်ုပ်
နားမလည်တာ ကိစ္စမရှိပါဘူး၊
ဒီစကားလုံးကိုပဲ အသုံးပြုရမှာ ပေါ့၊
ကောင်းပြီ၊ ကျွန်ုပ်သွားမယ်၊ ဆားပုလင်း
နှင်းမောင်ပါရမီရှင်” ဟု နှုတ်ဆက်လိုက်
သဖြင့် ကျွန်ုပ်တို့ အားလုံးသည် အူတက်
လုမတတ် ရယ်မောရသေးတော့၏။

ကိစ္စပြီး၍ စီအိုင်ဒီသို့ အားလုံးပြန်သွား
ကြသောအခါ၌ ကျွန်ုပ်နှင့် ဦးကိုကိုကြီးသည် ဆားပုလင်းနှင်းမောင်၏ နောက်သို့
လိုက်ပါသွားကြလေ၏။

“ဒီကနေ့တော့ ကျုပ်အလှည့်ပဲဗျာ၊
ညစာကို ကျုပ်ကျွေးပါမယ်” ဟု ဦးကိုကို
ကြီးက ပြောလေ၏။

“ညစာက အချိန်မရောက်သေးပါဘူး
ဗျာ၊ ဒီအချိန်က လက်ဖက်ရည်အချိန်ဗျ၊
ရွှေကြည်ဆနွင်းမကင်းနဲ့ လက်ဖက်ရည်
ကလေး မှီ ဝဲကြရအောင်လားဗျာ” ဟု
ကျွန်ုပ်က ပြောဆိုလိုက်လျှင် ၎င်းတို့ နှစ်
ယောက်သည် ကျွန်ုပ်၏ စကားကို
သဘောတူသဖြင့် လက်ဖက်ရည်ဆိုင်သို့
လိုက်ပါခဲ့ကြလေတော့၏။

လက်ဖက်ရည်ဆိုင်သို့ရောက်သောအခါ
ကာလ၌ လက်ဖက်ရည်နှင့် မုန့်များ မှာ
သူပြီးလျှင် ကျွန်ုပ်က ဆားပုလင်းနှင်းမောင်အား 
"သဲလွန်စရပုံကလေးတွေ စဉ်းစားပုံ
ကလေးတွေ ပြောစမ်းပါဦး ... အိုင်ဆေးရဲ့
" ဟု တောင်းပန်ရလေတော့၏။

ထိုအခါ၌ ဆားပုလင်းနှင်းမောင်က 
“ပထမဦးဆုံးခြေရာတွင် အကဲခတ်ရ
တာပေါ့ဗျာ၊ ‘အေ’ နဲ့ ‘ဘီ’ဟာ သေဆုံးနေ
ကြတယ် မဟုတ်လား၊ အဲဒီမှာ ‘အေဘီ’
တို့ ရဲ့ ခြေရာမဟုတ်ဘဲ၊ နောက်တစ်
ယောက် ‘စီ’ရဲ့ ခြေရာကို တွေ့ရတယ်ဗျာ။
ပြတင်းပေါက်မှာ လာပြီးရပ်ပုံ၊ အိမ်အပြင်
ထွက်မလို့လုပ်ပုံ၊ အိမ်ခန်းထဲဝင်သွားပုံ
တွေကို ပါတွေ့ရတယ်၊ အဲဒီ “စီ” ခြေရာနဲ့
အတူ နောက်ထပ်တိုးလာတဲ့ ‘ဒီ' ရဲ့ ခြေရာ
ကိုပါ တချို့နေရာတွေမှာ တွေ့ရပြန်တယ်”
ဟု အစချီ လိုက်လေ၏။
“ခင်ဗျားပြောလို့သာပေါ့ဗျာ … ကျုပ်တို့
မှာတော့ ဘာခြေရာကိုမှ သဲသဲကွဲကွဲ မ
တွေ့ရပါလား” ဟု ဦးကိုကိုကြီးက ပြော
လေ၏။

“ခြေရာတွေဆိုပေမယ့်လဲ ပုံနှိပ်ထား
သလို ပြတ်ပြတ်သားသားကြီး ထင်နေ
တာမျိုး မဟုတ်ဘူး ၊ ကြည့်တတ်မှ မြင်တဲ့
ဟာမျိုးတွေ၊ ဒုတိယသဲလွန်စတော့
အခန်းထဲမှာ တွေ့ရတဲ့ ဗီရိုနားက
ဆေးချေးချွတ်မှုန့်ကလေးတွေပါပဲ၊ ဒီမှာ
တစ်ခုသတိထားမိတာကတော့ အိမ်ရှင်
ဖြစ်တဲ့ ဦးဘမောင် ဟာ ဆေးတံသောက်
တဲ့ လူ မဟုတ်ဘူး ဆိုတာ သိရတယ်။
သေနေတဲ့ အခြားသူငယ်တစ်ယောက်
ကလဲ ဆေးတံသောက်တဲ့ လူ မဟုတ်ဘူး ၊
ဒီအိမ်ကြီးမှာ ဆေးတံမတွေ့ဘဲ ဆေးချေးမှုန်တွေ့နေတာဟာ အေဘီအပြင် စီဒီတွေ
ရှိနေတယ်ဆိုတဲ့ အချက်ကို ဖော်ပြနေ
တယ် မဟုတ်လား၊ ပြီးတော့အခန်းထဲက
အဝတ်ဗီရိုကြီးဟာ မူလနေရာကနေ
တွန်းရွှေ့ထားတဲ့ အချက်ကို ကျုပ်သတိပြု
မိတယ်၊ မူလနေရာမှာ လေးထောင့်
အကွက်ကြီး စွဲထင်ကျန်နေတယ်လေ" ဟု
ဆားပုလင်းနှင်းမောင်က ရှင်းပြ လိုက်ပြီး
နောက် ကျွန်ုပ်က
“အိုင်ဆေး ကိုနှင်းမောင် ဇာတ်လမ်းကို
ပြန်ဆက်ပါဦးဗျ"ဟု ပြောလိုက်မိလေ၏။
ထိုအခါ၌ ကျွန်ုပ်တို့ မိတ်ဆွေကြီး ဆား
ပုလင်းနှင်းမောင်သည် အောက်ပါအတိုင်း
ဆက်လက်၍ ပြောပြန်လေ၏။

“ယာတဲကလေးဆီကို ကျွန်တော် ဒုတိယအကြိမ်လျှောက်သွားတဲ့ အခါမှာတဲရှင်မိန်းမကြီးက ရေနွေးသောက်ပါဦး
ဆိုပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံတယ်ဗျ၊ အဲဒီ
မှာ ရေနွေးကြမ်းလည်း တစ်ခွက် သောက်
မိရော လက်ဖက်ခြောက်ရဲ့ အနံ့အရသာနဲ့
ပြည့်စုံခြင်းကို ကျုပ်သတိပြုမိတယ်၊ ဒါ
ကြောင့်
ရေနွေးကရားကိုသာဖွင့်ပြီ
လက်ဖက်ခြောက်ဖက်ကို နှိုက်ကြည့်
တယ်”ဟု ဆိုကာဆားပုလင်းနှင်း မောင်
သည်  ပြောလက်စစကားကို ဖြတ်၍
စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိပြန်
လေတော့သည် ။ စီးကရက်တစ်ဖွာနှစ်ဖွာ
ခန့် ရှိုက်ဖွာပြီးသည် အထိ စောင့်ဆိုင်းပြီး
နောက် ကျွန်ုပ်က
“ဆက်စမ်းပါဦး....အိုင်ဆေးရဲ့ … "ဟု
ပြောရပြန်လေ၏။

“လက်ဖက်ခြောက်က အကောင်းစားစော်ဘွားနှုတ်ခမ်းမွှေး လက်ဖက်ခြောက်
ဖြစ်နေတယ်ဗျ၊ ယာသမားတစ်ဦးတော့
ဝယ်မသောက်တန်ရာပါဘူး၊ လက်ဆောင်
ရတာပဲဖြစ်ရမယ်လို့ စိတ်ထဲမှာ တွေးမိ
တာနဲ့ ယာတဲကလေးရဲ့ နောက်ဘက်ကို
လှမ်းကြည့်လိုက်တော့ တိုင်မှာ ချိတ်ထား
တဲ့ ပဲပုပ်ပြားအတွဲလေးကို တွေ့ရတာကိုး၊
အဲဒီလိုတွေ့ရတယ်ဆိုရင်ပဲ ရှမ်းပြည်ကဧ
ည့်သည် တစ်ယောက်ယောက်လာလို့
လက်ဆောင်ရတာပါပဲလို့ ထပ်ပြီးတွေးမိ
ပြန်ရောဗျို့ အဲဒီလိုတွေးမိ တယ်ဆိုရင်ပဲ
ကျုပ်မျက်လုံးက
ယာတဲကလေး
ခေါင်းရင်းဘက်ဆီကို ရောက်သွားပြန်တ
ယ်ဗျို့။ အဲဒီလိုကြည့်လိုက်မိပြန်တော့
သားရေသေတ္တာတစ်လုံး၊ ဇစ်တပ်ထားတဲ့
သားရေအိတ်ကြီးက တစ်လုံး၊ ရှမ်းလွယ်အိတ်ကြီး နှစ်လုံးကို တွေ့ရတော့
တာပါပဲ။ အဲဒီပစ္စည်းတွေဟာ ဧည့်သည်
ယောက်တည်းအတွက်ဆိုရင်
တစ်ဆိတ် မများ လွန်းဘူးလား။ ဧည့်
သည် နှစ်ယောက်လို့ စဉ်းစားမှ တော်ပေ
မှာ ပေါ့”ဟု ပြောဆိုကာ ဆားပုလင်းနှင်း
မောင်သည် ရေနွေးကြမ်းကိုငှဲ့၍ သောက်
ပြီး နောက်

“ဟို....ယာတဲမှာ သောက်ခဲ့ရတဲ့
ရေနွေးကြမ်းနဲ့ တော့ ကွာပါ့ဗျာ"ဟု ပြော
လိုက်လေ၏။ ထိုအခါ၌ ကျွန်ုပ်က
“ဇာတ်လမ်းကလေးပြန်ပြီး ဆက်စမ်း
ပါဦး....ကိုနှင်းမောင်ရယ်”ဟု ပြောရပြန်
လေ၏။

“အဲဒီလိုနဲ့ ကျုပ်လဲ ရှမ်းပြည်နယ်က
ရောက်လာတဲ့ ဧည့်သည် နှစ်ယောက်အကြောင်းကို စဉ်းစားရင်း ခေါင်းရင်း
ဘက်မှာ ချိတ်ထားတဲ့ ခရစ်တော်ရဲ့ ပုံ
မှန်ကားချပ်ကို သတိပြုမိပြန်တယ်၊ အဲဒီ
အခါမှာ ဪ.. ယာတဲက လင်မယားက
ခရစ်ယာန်ဝင်တွေပါလားလို့ တွေးမိလိုက်
ပြန်တယ်၊ အဲဒီလို တွေးမိပြီးတော့ ယာတဲ
ကလေးထဲမှာ တစ်ခြား ဘယ်လိုပုံတွေ
များ ရှိသေးသလဲလို့ မျက်စိကို ကစား
လိုက်တော့ အုပ်စုလိုက်ရိုက် ထားတဲ့ ဂရု
ဖိုတိုဓာတ်ပုံကို သွားပြီးတွေ့ရတာကိုး၊
ဓာတ်ပုံဘောင်ရဲ့ အပေါ်မှာ ရိုက်နှိပ်ထား
တဲ့ စာသားကို ကြည့်လိုက်ပြန်တော့လဲ
အရှေ့တိုင်းဗြိတိသျှ လေတပ်သင်တန်း
အမှတ်(၈)ဆိုတဲ့
အဓိပ်ပါယ်မျိုးရတဲ့
အင်္ဂလိပ်စာကိုတွေ့ရတယ်ဗျ။ အဲဒီဓာတ်ပုံ
ကြီးအောက်နားမှာ က ကိုယ်တစ်ပိုင်းပုံဓာတ်ပုံကလေးတစ်ချပ်ချိတ်ထားမို့ အိုင်ပီ
လာပြီးထိုင်တဲ့ ဘက်က မမြင်ရဘူးဗျ၊
ကျုပ်ဘက်ကတော့ ကောင်းကောင်း ကြီး
မြင်ရတယ်၊ အဲဒီဓာတ်ပုံထဲက လူဟာ
ယာခင်းရှင်အဒေါ်ကြီးရဲ့ ယောက်ျားဖြစ်ရ
မယ်လို့ အသက်ကိုခန့်မှန်းပြီး စဉ်းစားမိ
တယ်၊ အဲဒီ ဓာတ်ပုံကလေးထဲကလူကို
စောစောက ကျုပ်ပြောတဲ့ ဂရုဖိုတိုထဲမှာ
ပါမပါ မျက်စိနဲ့ သေသေချာချာ ရှာကြည့်
လိုက်တော့ တွေ့ရတော့တာပါပဲဗျို့၊
တစ်ခါအဲဒီလူရဲ့ ပုံ ဘေးနားမှာ ပါတဲ့ လူ
တစ်ယောက်ဟာ အိမ်ကြီးပေါ်မှာ သေနေ
တဲ့ လူငယ်နဲ့ ခပ်ဆင်ဆင်တူနေတယ်၊ ဒါ
ပေမယ့်မဖြစ်နိုင်ဘူး၊ ဓာတ်ပုံ မှာ ထိုးထား
တဲ့ သက္ကရာဇ်နဲ့ ဆိုရင် အဲဒီလူငယ်ဘယ်
နည်းနဲ့ မှ မဖြစ်နိုင်ဘူး၊ အိမ်ကြီးပေါ်မှာ
သေနတ် ဒဏ်ရာနဲ့ သေနေတဲ့ လူက
ဓာတ်ပုံထဲမှာ ပါတဲ့ လူရဲ့ သားတစ်
ယောက် ဖြစ်လိမ့်မယ်လို့ စဉ်းစား ရင်ပို
ပြီး နီးစပ်တယ်၊ သေတဲ့ လူတွေရဲ့ နာမည်
ကိုသိဖို့ ကတော့မခက်ပါဘူးဗျာ ဓာတ်ပုံ
ဘောင်ရဲ့ အောက်ဘက်မှာ ဝဲမှ ယာသို့ဆို
ပြီး နာမည်တွေကို အစဉ်လိုက်ဖော် ပြ
ထားတယ်မဟုတ်လား၊ ဒါနဲ့ ကျုပ်လဲ
ဓာတ်ပုံထဲပါတဲ့ နာမည်တွေကို ဖတ်ကြည့်
ပြီး မှတ်သားထားလိုက်တယ်၊ တဲရှင်ရဲ့
နာမည်ကစောဘသင်၊ သူ့ဘေးမှာ ရပ်နေ
တဲ့ ဓာတ်ပုံရှင်ကခွန်ရွှေကြာ၊ အိမ်ကြီးပေါ်
မှာ သေနေတာ က ခွန်ရွှေကြာနဲ့ ရုပ်ချင်း
ဆင်တဲ့ လူငယ်တစ်ယောက်၊ ဒီတော့
ပဲပုပ်ပြားရယ်၊ လက်ဖက်ခြောက် ရယ်ပါ
ထည့်ပြီးစဉ်းစားလိုက်ရင် စောဘသင်ရဲ့ယာတဲကို ရှမ်းပြည်နယ်က ခွန်ရွှေကြာတို့
သား အဖရောက်လာပြီး တည်းခိုနေ
တယ်ဆိုတာ ‘တန်း'ကနဲ နေတာပေါ့ဗျာ၊
အဲ...အဲဒါနဲ့ .. ပြောရဦးမယ်၊ ကျုပ်လဲ
ဓာတ်ပုံအောက် ကစာတွေကိုဖတ်လက်စ
နဲ့ လျှောက်ပြီး ဖတ်ကြည့်လိုက်တော့
ရှေ့ဆုံးတန်း သင်တန်းနည်းပြဆရာတွေ
ထဲမှာ ဘမောင်ဆိုတဲ့ နာမည်ကို တွေ့ရ
တယ်၊ ဒါနဲ့ ဘမောင် ဆိုတဲ့ လူရဲ့ ဓာတ်ပုံ
သေသေချာကြည့်လိုက်တော့  လားလား
ကျွန်းအိမ်မည်းမည်းကြီး
အပေါ်မှာ လည်ပင်း ဓားတန်းလန်းနဲ့ သေ
နေတဲ့ ဦးဘမောင်ကြီး ဖြစ်နေတော့တာ
ကိုး၊ အဲဒီတော့ ဗြိတိသျှ လေတပ်မတော်
က သင်တန်းသားကနှစ်ယောက်၊ တစ်
ယောက်က စောဘသင်၊ သူက ဦးဘမောင် ကြီးရဲ့ ယာခင်းမှာ အလုပ်လုပ်
နေတဲ့ သူ၊  နောက်တစ်ယောက်က ရှမ်းပြည်နယ်
ကလာတဲ့ ခွန်ရွှေကြာ၊
အသတ်ခံရတာက တစ်ခါကသင်တန်း
ဆရာဖြစ်ခဲ့ဖူးတဲ့ ဦးဘမောင်နဲ့ ခွန်ရွှေ
ကြာရဲ့ သား၊ ပတ်သက် ဆက်နွယ်နေပုံကို
စဉ်းစားလို့ရပါပြီ”ဟု ဆားပုလင်းနှင်း
မောင်က ပြောဆိုကာ စီးကရက်ကို
အောက်သို့ချ၍ ခြေထောက်ဖြင့် နင်းခြေ
လိုက်လေ၏။

ထိုအခါ၌ ဦးကိုကိုကြီးက
“ကောင်ကလေးလက်ထဲမှာ ဓာတ်ပုံ
စကလေးရှိမယ်ဆိုတာ အိုင်ဆေး ဘယ်လို
လုပ်သိတာတုံး” ဟု မေးလိုက်လျှင် ဆား
ပုလင်းနှင်းမောင်က...

“သေနေတဲ့ အလောင်းတွေဟာ တစ်ဦးဆီကတစ်ဦး လုယူတဲ့ ပုံသဏ္ဌာန်မတွေ့
ဘူးဗျာ၊ ကောင်က လေးရဲ့ လည်ပင်းမှာ
ကလည်း ရွှေကြိုးတန်းလန်းနဲ့  ဦးဘ
မောင်ရဲ့ လက်မှာ ကလဲ နာရီတွေဘာ
တွေနဲ့ ဗျ၊ အဲဒီလို တစ်ယောက်နဲ့ တစ်
ယောက် ပစ္စည်းလုကြတာမဟုတ်ဘဲ သေ
နေတဲ့ အလောင်းမှာ ကောင်ကလေးရဲ့
ဘယ်ဘက် လက်သီးဟာ ကျစ်ကျစ်ပါ
အောင် ဆုပ်ထားတာကိုတွေ့ရတယ်၊ အဲဒီ
တော့ ဘာရယ်လို့တော့မသိဘူး၊ အဲဒီ
လက်သီးဆုပ်ထဲမှာ
ရှိရမယ်ဆိုတာ
သေချာတာပေါ့ဗျာ၊ ဒါနဲ့ ဖွင့်ကြည့်လိုက်
တော့ ဓာတ်ပုံတစ်ခုက ညှပ်ပြီး
ထုတ်ထားတဲ့ ဗိုလ်မရုပ်လိုလို မစ္စတာဟာ
ဒီရဲ့ စကားနဲ့ ပြောရရင် အရက်ပုလင်း
လိုလို
စက္ကူကတ်ပြားကလေးကလည်းလက်နဲ့ ဆုပ်ထားတာ မဟုတ်ဘူး ၊
ကတ်ကြေးနဲ့ သေသေချာချာတိတိရိရိ
ညှပ်ထုတ်ထားတဲ့ ပုံစံမျိုးဖြစ်နေတယ်၊ ဒါ
ကြောင့် အရေးကြီးတဲ့ ဓာတ်ပုံ တစ်ချပ်ကို
ပုံစံအမျိုးမျိုး ညှပ်ထုတ်ပြီး လိုတဲ့ အခါမှာ
ပြန်ပြီးဆက်လို့ရအောင်
စီမံထားတဲ့
သဘောပဲ၊ (JIGSAW) ဂျစ်ဆောလို့ခေါ်တဲ့
အရုပ်ဆက် ကတ်ပြားကစား နည်း
အတိုင်းပေါ့ဗျာ”ဟု ဆားပုလင်းနှင်းမောင်
က ပြောဆိုကာ စီးကရက်အသစ် တစ်
လိပ်ကို ထုတ်ယူမီးညှိ လိုက်လေတော့၏။
ထိုအခါ၌ ကျွန်ုပ်လည်း ဆေးတံအိုး၌
ဆေးဖြည့်ကာ အကျအနဖွာရှိုက်၍ ဆား
ပုလင်းနှင်းမောင် ပြောပြသည် များကို
အပြန်အလှန် စဉ်းစားပြီးနောက်
“ကွက်တိပါပဲ ကိုနှင်းမောင်ရယ် 
အဲဒီဓာတ်ပုံက ဘယ်လို အသုံးဝင်မှာ တဲ့
တုံး”ဟု မေးမိလေတော့၏။

“ရတနာမြေပုံဖြစ်မယ်ဗျ၊
လူရှစ်ယောက်က ခွဲဝေထားပုံပဲ၊ အဲဒီအထဲမှာ
အဲဒီအကြောင်းကို လုံးလုံး မသိတာ
ကတော့ စောဘသင်ပဲဗျ စစ်တပ်ဆိုတာ
ကလည်း သင်တန်း အတူတက်ပေမယ့်
တစ်နေရာတည်း အမှုထမ်းရတာမျိုးမှ
မဟုတ်ပဲဗျာ၊ ကျုပ်တို့ စောဘသင်ကြီးက
သူတို့ လူစုနဲ့ ကွဲပြီး တစ်နေရာမှာ တာ၀န်
ကျတယ်နဲ့ တူပါရဲ့ ၊ သူ့ခမျာ အဲဒီကိစ္စကို
ဘာမှ မသိရှာဘူး၊ ဦးဘမောင် ကလည်း
သူ့နည်းသူ့ဟန်နဲ့ ပထမကမ္ဘာစစ်တုန်းက
ခွဲဝေပြီးယူခဲ့ကြတဲ့ ဓာတ်ပုံတွေကိုပြန်ပြီး
စုလိမ့်မယ်ဗျ၊ အဲဒီလိုစုတဲ့ အတွက် သူက
လဲတစ်ဝက် လောက်ရနေတာဖြစ်လိမ့်မယ်။ ဒီကိစ္စမှာ ခွန်ရွှေကြာတို့ သားအဖ
ဟာ အတော့်ကို စိတ်ကောလူပါ ကြိုးပမ်း
ပုံရတယ်ဗျ၊ သူ့သားလည်ပင်းမှာ ဆွဲထား
တဲ့ ခြောက်ထောင့်ကြယ် ဒေးဗစ်စတားပုံ
ဟာ ဓာတ်ပုံမှာ ရတနာရှိရာကို ညွှန်ပြ
ထားတဲ့ အမှတ်အသားမျိုးပဲမဟုတ်လား၊
ဒီဟာကိုစွဲလမ်းလို့ဒီတံဆိပ်ကိုရွှေနဲ့ လုပ်
ပြီးလည်ပင်း မှာ ဆွဲထားတာပေါ့ဗျာ၊
ကျုပ်အထင်ပြောရရင် ဒီမြေပုံဟာ သူတို့
ကိုယ်တိုင် ရိုက်ခဲ့တာ မဟုတ်ဘူး ဗျ၊ တစ်
ခြား ပိုင်းလော့ တစ်ယောက်ရိုက်ခဲ့တာ
ဖြစ်လိမ့်မယ်။ ဪ..ဒါနဲ့ ပြောရဦး
မယ် စောဘသင်ဟာ အပြင်ကပြန်
လာပြီး သူ့မိန်းမကို ပိုက်ဆံအကြွေ နဲ့
ကျပ်တန်အချို့ အပ်တယ် မဟုတ်လား"ဟု
ဆားပုလင်းနှင်းမောင်က ပြောလိုက်ရာကျွန်ုပ်က…
“ဟုတ်တယ်၊ ဟုတ်တယ်...ကျုပ်လဲ
တွေ့ရတယ်” ဟု ဝင်၍ ပြောမိလေ၏။
“အဲဒီ ပိုက်ဆံတွေအပ်ပြီးတော့မှ သူ့
အိတ်ထဲကို တစ်ခုပြန်ပြီး ထည့်လိုက်တာ
ကို တွေ့လိုက်ရတယ်၊ ဘာများ ပြန်ထည့်မိ
ပါလိမ့်လို့ ချက်ချင်းကို စဉ်းစားလိုက်ရ
တယ်၊ နောက်တော့ ရထားလက်မှတ်ပဲ
ဖြစ်ရမယ်လို့ တွေးမိတော့တာပဲ။ အဲဒီလို
တွေးမိတယ်ဆိုရင်ပဲ အခန်းထဲက ဗီရိုကြီး
ကိုရွှေ့ပြီး ကွယ်ထားတာဟာ
အံဝှက်
တံခါး ဖြစ်နိုင်တယ်၊ အဲဒီအမှတ်အသား
အချက်ထဲမှာ ခွန်ရွှေကြာရှိနိုင်တယ်ဆို
တာ တစ်ခုပြီးတစ်ခုပေါ် လာတော့တာ
ပေါ့။ စောဘသင်ရဲ့ တဲကိုရောက်တော့
ဆေးတံအမြီးကျိုးကလေးတစ်ခုကိုလဲတန်းပေါ်မှာ မြင်လိုက်ရကတည်းက
အခန်းထဲမှာ တွေ့တဲ့ ဆေးချေးမှုန့်ဟာ
စောဘသင်ဆီကဆိုတာ မလွဲတော့ဘူး
ပေါ့ဗျာ၊ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်
ရင်တော့ အချုပ်ခန်းကိုလိုက်သွားပြီး ခွန်
ရွှေကြာကိုမေးဖို့ ပဲရှိတော့တယ်၊ ကျန်တဲ့
အချက်အလက်အသေးစိတ်ကို ရှင်းမပြ
တော့ပါဘူး၊ ရှင်းပြရင် သိပ်ပြီးခက်တယ်၊
ကျုပ်ဘာသာကျုပ် စဉ်းစားလိုက်ရင်တော့
‘ဖြတ်’ကနဲ စဉ်းစားလိုက်တာနဲ့ ‘ဂွပ်’ကနဲ
အဖြေပေါ်သွားတာမျိုးဗျ၊ ဘယ်လို ဂွပ် ခနဲ
ပေါ်လာသလဲလို့ တစ်စုံတစ်ယောက်က မေးတဲ့ အခါမှာ
အစကနေပြန်ပြီး စဉ်းစားနေရတယ်ဗျာ၊
အဲဒါကျုပ် စိတ်အရှုပ်ဆုံးပဲ၊ အလုပ်တစ်ခု
တည်းကို နှစ်ခါပြန်ပြီးလုပ်ရသလောက်ကို ပင်ပန်းတယ်” ဟု ... ဆားပုလင်းနှင်း
မောင်က ပြောဆိုလိုက်လျှင် ကျွန်ုပ်နှင့် ဦး
ကိုကိုကြီးက
ခွန်ရွှေကြာကိုမေးရင်တောင်
ခုလောက်သေချာမည် မဟုတ်ကြောင်းကို
ပြောဆို၍ ဂျစ်ဆော ခေါ် အရုပ်ဆက်
ကစားနည်းနှင့် ခပ်ဆင်ဆင်တူသော
လူသတ်မှုကြီးတစ်ခုကို ဤတွင် နိဂုံးကမ်
ပတ် အဆုံးသတ်လိုက်ရ လေတော့
သတည်း။
အခန်း  ၅

• လှေသူကြီးမောင်ဘိုးသာထံမှ စာတစ်
စောင်

အထက်က ဆိုခဲ့သည့်အတိုင်း
ကျွန်ုပ်တို့ ၏ မိတ်ဆွေကြီး ဆားပုလင်း
နှင်းမောင်သည် အမှုသေး၊ အမှုလတ်၊
အမှုကြီးများကို
တစ်ခုပြီးတစ်ခု
ဖော်ထုတ်ခဲ့ရာ စီအိုင်ဒီ၌ အမှုဆို၍ မူး၍ပင်ရှုစရာ
မရှိအောင်ဖြစ်သွားလေတော့၏။

ထိုအခါ၌ ဆားပုလင်းနှင်းမောင်သည်
လည်း စီအိုင်ဒီသို့ပင် မှန်မှန်မလာတော့ပဲ
၎င်းသွားလိုရာကို
လွတ်လပ်စွာ
သွားရောက် လည်ပတ်နေလေတော့၏။

တစ်နေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိ
သည် နှင့် ဆားပုလင်းနှင်းမောင်နေထိုင်
ရာ(၂၉၅)ဘိုး လမ်းဆီသို့ ကျွန်ုပ်၏ မော်တော်ကားဖြင့် ထွက်လာလေတော့၏။ ၎င်းထံသို့ရောက်သောအခါ၌
ဆားပုလင်းနှင်းမောင်က
“ပျင်းစရာကောင်းလိုက်တာ အိုင်ပီ
ရယ်” ဟု ဆီး၍ ပြောလေ၏။
ကျုပ်လဲ ပျင်းလို့ အိုင်ဆေး ဆီလာခဲ့
တာပဲ” ဟု ကျွန်ုပ်က ပြန်လည်ပြောဆိုမိ
လေ၏။

“ပျင်းရင်တော့ ဘာလုပ်ရင်အကောင်း
ဆုံးလဲဗျ”ဟု ဆားပုလင်းနှင်းမောင်ကမေး
ရာ ကျွန်ုပ်က…
“ပျင်းရင်တော့ တစ်ခြားလူတော့မသိ
ဘူး၊ ကျုပ်အဖို့ မှာ တော့ ကလပ်ကိုသွား
ပြီး ဘိလပ်ယက်ထိုးရရင် အပျင်းပြေမယ်
မှတ်တာပဲ”ဟု ပြန်၍ ပြောမိလေတော့၏။
“မထင်နဲ့ ဗျို့၊ အလုပ်မရှိလို့ပျင်းတဲ့
ရောဂါကို ဘယ်လိုဟာနဲ့ ပဲ အစားထိုးပြီး
အပျင်းဖြေဖြေ၊ တကယ်အပျင်းမပြေဘူး
ဗျ၊ အလုပ်ကိုလုပ်ရမှ အပျင်းက တကယ်
ပြေတာဗျ”ဟု ဆားပုလင်းနှင်းမောင်က
ပြောလေ၏။ ထိုအချိန်၌ ပုလိပ်ကလေး
တစ်ယောက်သည် စက်ဘီးကလေးနှင့်
ရောက်ရှိ လာပြီးနောက် ရုံးသုံး စာအိတ်
ညိုကြီးတစ်လုံးကို ဆားပုလင်းနှင်းမောင်
အား ပေးလေ၏။

ဆားပုလင်းနှင်းမောင်လည်း
စာအိတ်ကြီးကိုဖောက်၍ ဖတ်လေ၏။စာအိတ်အတွင်းမှ စာရွက်များမှာ
လည်း ဖူးစကတ်အရွယ် စာရွက်များ ဖြစ်
ပြီးလျှင် ရွက်ရေအားဖြင့် (၇)ရွက်(၈)ရွက်
ထက်မနည်းကြောင်း ကျွန်ုပ်ခန့်မှန်းမိ
လေ၏။

ဆားပုလင်းနှင်းမောင်သည် ရှည်လျား
လှသောစာကြီးကို ဖတ်ပြီးနောက် ကျွန်ုပ်
ဘက်သို့ လှည့်ကာ
“အိုင်ပီက ပင်စင်ယူတဲ့ အခါမှာ
စာရေးဆရာလုပ်မယ်ဆိုတော့
မေးရအုံး
မယ်ဗျ၊ အကြမ်းဖျင်းအားဖြင့် စာရေးနည်း
ဘယ်နှစ်မျိုးရှိသလဲဗျ”ဟု
မေးလေ
တော့၏။

“အဲဒါတော့ မစဉ်းစားမိပါဗျာ”ကျွန်ုပ်က
ပြန်၍ ဖြေလျှင် ဆားပုလင်းနှင်းမောင်က “ဒါတောင်မှ မစဉ်းစားမိသေးဘူး ဆို
ရင်တော့ တကယ်ညံ့မယ့်ပုဂ္ဂိုလ်ပဲ”ဟု
အတုံးလိုက် အတစ်လိုက် တွယ်လေ
တော့၏။

“ခင်ဗျားမှာ စဉ်းစားပြီးသားများ ရှိရင်
ပြောစမ်းပါဦးဗျာ”ဟု ကျွန်ုပ်က
အောက်ကျို့ရလေတော့၏။
“ဒီလိုဗျ တချို့က လေနုအေးကလေးကနော့လို့၊ ပန်းရနံ့ကလေးက
ဆွတ်ပျံ့လို့ဆိုတဲ့ အသုံးအနှုန်းမျိုးတွေနဲ့
သွယ်ဝိုက်ပြီး ကနွဲ့ကလျရေးတတ်တယ်
ဗျ။ တချို့ကတော့ မောင်ဘသည် မောင်ခ
မျက်နှာအား ‘ခွပ်'ကနဲ လက်သီးဖြင့်ထိုးချ
လိုက်ရာ မောင်ခသည် ကြမ်းပြင်ပေါ်သို့
‘ဝှန်း'ကနဲ့ လဲကျသွားလေ၏ "ဆိုတဲ့
သဘောမျိုးပေါ့ဗျာ။ ဖွဲ့နွဲ့မနေတော့ဘဲဒိုးဒိုးဒေါက်ဒေါက် စိတ်ထဲရှိတဲ့ အတိုင်း
'ဖြန်းဖြန်း'ကွဲ ရေးတတ်ကြတယ်မဟုတ်
လား။ ကျုပ်ကတော့ ဒုတိယအမျိုးကို ပို
ပြီးကြိုက်တယ်ဗျို့”ဟု ဆားပုလင်းနှင်း
မောင်က ပြောလေ၏။

ကျွန်ုပ်လည်း ၎င်းပြောမှ ပင် စာရေး
နည်းနှစ်မျိုးအကြောင်းကို စဉ်းစားမိလေ
တော့၏။

ထိုအခါ၌ ဆားပုလင်းနှင်းမောင်သည်
စီးကရက်တစ်လိပ်ကို မီးညှိပြီးနောက်
“အိုင်ပီက စာရေးမယ်ဆိုတော့ မေးရဦး
မယ်ဗျ၊ ဝါကျတစ်ခုမှာ နာမ်ပိုဒ်နှင့်
နာမဝိသေသနကို အထားအသိုမှားရင်
အဓိပ္ပာယ်ဟာ တက်တက်စင်လွဲသွား
တယ်ဗျ၊ ဒါကြောင့် သူတို့ နှစ်ခုဟာ
အတတ်နိုင်ဆုံး ပူးကပ်ထားရမယ်"ဟု ဆိုလေ၏။
“အိုင်ဆေးပြောတာ
ကျုပ်တော့
သဘောမပေါက်ဘူးဗျ၊ ဘာတွေပြောနေ
တာလဲ”ဟု ကျွန်ုပ် ကပြောလိုက်ရာ ဆား
ပုလင်းနှင်းမောင်က
“ဟော ဒီဥပမာကလေးကိုကြည့်ပေါ့
ဗျာ၊ နဖူးကျယ်ကျယ် နားရွက်ကားကားနှ
င့် ကျွန်ုပ်အဖေ ဝယ်ထားသော ခွေးတစ်
ကောင်သည် လွန်စွာကိုက်တတ်၏ လို့
ရေးလိုက်ရင် ဖတ်ရတဲ့ လူအဖို့ နဖူးကျယ်
ကျယ် နားရွက်ကားကားက ကျွန်ုပ်အဖေ
လို့ နားလည်သွားမယ်ဗျ၊ ရေးထားတဲ့
လူက အမှန်ရေးချင်တာကတော့ သူ့အဖေ
ဝယ်ထားတဲ့ နဖူးကျယ်ကျယ် နားရွက်
ကားကားနဲ့ ခွေးကလေးတစ်ကောင်
အကြောင်း ရေးချင်တာ၊ နာမ်နဲ့နာမဝိသေသန ကပ်မထားတဲ့ အပြစ်အ
ကြောင့် နဖူးကျယ်ပြီး နားရွက်ကား
တာက ခွေးကို တင်စားမှန်းမသိ အဖေကို
တင်စားမှန်းမသိ ဖြစ်ကုန်တာပေါ့ဗျာ"ဟု
ပြောလိုက်မှ ပင် ကျွန်ုပ်လည်း
“နှိုက်နှိုက်ချွတ်ချွတ်ဗျာ"ဟု ပြောဆိုကာ
ရယ်မောမိလေသေးတော့၏။

“နောက်ပြီး ကျုပ်တို့ မြန်မာစာမှာ က
‘ဌာန်’တွေ “ကရိုဏ်း”တွေ ‘ပယပ်’တွေနဲ့
အတော်ကို စနစ်တကျရှိတယ်ဗျ၊ ဒါပေမ
ယ့် ရေးတဲ့ အခါမှာ တော့ ဒါတွေသိဖို့ သိပ်
ပြီးမလိုအပ်ပါဘူး၊ ဝတ္ထုရေး ဆရာလုပ်
မယ် ဆိုရင်တော့ စာရေးကောင်းရမယ်၊
တကယ်က စာရေးကောင်းရုံတစ်ခုတည်း
နဲ့ မပြီးသေးဘူးဗျ၊ ဇာတ်လမ်းဇာတ်ကွက်
နိုင်နင်းဖို့ လဲ လိုတယ်၊ အဲဒီလိုနိုင်နင်းဖို့ဆိုတာကလဲ လူ့ရဲ့ စိတ်သဘာဝကို ကြိုပြီး
သိထားမှ ဖြစ်မယ်”ဟု ဆားပုလင်းနှင်း
မောင်က ဆိုပြန်လေ၏။

“ဇာတ်လမ်းဇာတ်ကွက်အတွက်တော့
သိပ်ပြီးပူစရာမရှိပါဘူးဗျာ၊ ကျုပ်ရေးမှာ
က ခင်ဗျား လိုက်ခဲ့တဲ့ အမှုတွေကို ပြန်ပြီး
ရေးမှာ ပဲ၊ ဘယ်ကလာ ဇာတ်လမ်းလိုမှာ
တုန်း အိုင်ဆေး”ဟု ကျွန်ုပ် ကပြန်၍ ပြော
လိုက်ရာ

“အိုင်ပီကတော့ ဖောင်တိန်နဲ့ စာရွက်ရှိ
ရင် စာရေးလို့ရတယ်လို့ ထင်နေတဲ့
လူစားမျိုးပဲ၊ ခင်ဗျားတကယ်ရေးတဲ့ အခါ
မှာ တကယ့်ကိုညံ့မယ့်လူပဲ၊ အကြောင်းအရာတစ်ခုတည်းကို
စာရေးဆရာ နှစ်ယောက်ရေးတယ်ဆိုပါ
စို့၊ အရေးအသားဘက်မှာ ကလဲမတိမ်းမယိမ်း ဖြစ်နေတယ်ဆိုရင်
ဇာတ်လမ်းဇာတ်ကွက် အစီအမံကောင်း
တဲ့ လူ ပိုပြီးသာတတ်တယ်ဗျ၊ ဒါကြောင့်
ဇာတ်ကိုစပြီးချီပြီဆိုရင် စာမျက်နှာရှစ်
ဆယ်လောက်မှာ ဖတ်တဲ့ လူကို အမိအရ
ဖမ်းထားနိုင်အောင် အကွက်ဆင်တတ်ရ
တယ်ဗျ၊ အဲဒီနေရာလောက်မှာ အထိ ဖတ်
တဲ့ လူရဲ့ စိတ်နှလုံးကို ဖမ်းမထားနိုင်ဘူး
ဆိုရင်တော့ အကြောင်းအရာဟာ
ဘယ်လောက်ပဲ ကောင်းကောင်း
ပေါ့ရွှတ်ရွှတ်ကြီးဖြစ်ပြီးလွတ်သွားတတ်
တယ်။ အိုင်ပီဟာ ပင်စင်ယူတဲ့ အခါမှာ
တကယ့်ကိုစာရေးဆရာလုပ်တော့မယ်ဆိုရင်တော့
အခုကျုပ်ပြောတဲ့
အကြောင်းအရာကလေးတွေကို ကြိုပြီး
စဉ်းစားထားသင့်တယ်”ဟု ဆားပုလင်းနှင်းမောင်က ပြောလေ၏။

“အိုင်ဆေးက စာရေးဖို့ ဝါသနာ မပါ
ဘူးလဲဆိုရဲ့ ဝါသနာပါတဲ့ ကျုပ်ထက်
တောင် တတ်နေပါသလား"ဟု ကျွန်ုပ်က
ပြောလိုက်ရာ  ဆားပုလင်းနှင်းမောင်က
“တတ်နေတာ မဟုတ်ဘူး အိုင်ပီရဲ့ ၊ သိ
နေတာ။ တကယ်ရေးခိုင်းရင် ကျုပ်လဲ
ပဲဖြစ်မယ် မထင်ဘူး၊ အဲဒီအလုပ်က
ပါရမီနဲ့ ပတ်သက်တဲ့ အလုပ်မျိုးဗျ၊ ပါရမီ
မရှိရင် တော့ ကြိုးစားရင် နည်းနည်းပါး
ပါးဖြစ်မယ် ပြောပလောက်အောင် လူ
ကြိုက်များ တဲ့ အထဲမပါနိုင်ဘူး။ တစ်ခု
ခက်တာက ပါရမီရှိတယ် မရှိဘူးဆိုတာ
ကို တိုင်းထွာဖို့ ပေတံမရှိဘူးဗျ၊ ကဲ...ကဲ
ဟောဒီစာအုပ်ကိုဖတ်ကြည့်စမ်း၊ဒိုးဒိုးဒေါက်ဒေါက် ဖြန်းဖြန်းကွဲရေးနည်းနဲ့
ရေးထားတယ်၊ ဇာတ်ကွက်ချပုံလဲ
ကောင်းတယ်၊ နာမ်နဲ့ နာမဝိသေသနတွေ
ကပ်နိုင်သမျှကပ်ထားတယ်၊ ကြိယာနဲ့
ကြိယာဝိသေသနတွေ ပူးနိုင်သမျှ ပူးထား
တယ်”ဟု ဆိုကာ ကျွန်ုပ်၏ လက်သို့
စောစောက ၎င်းဖတ်နေသော ဖူးစကတ်
စာရွက်များကို ပေး လိုက်လေ၏။

“ဇာတ်ကွက်ချပုံဟာ ဝတ္ထုမှာ တင်
လိုအပ်တာ မဟုတ်ဘူး ဗျ၊ သူငယ်ချင်းထံ
ပေးစာမှာ လဲ လိုအပ်တယ်၊ စိတ်ဝင်စား
အောင်အကွက်ချပြီး ရေးတတ်ရတယ်ဗျ၊
သမီးရည်းစားပေးစာမှာ လဲ ဒီသဘောပဲ
ဗျ၊ စိတ်ဝင်စားအောင် ရေးနိုင်ဖို့ လိုတယ်
ဗျ၊ အကြောင်းပတ္တမြားသောင်းစကားနှင့်
ကျောင်းသားဖြစ်သူ မောင်အဝှာကဆိုတဲ့အစချီပုံမျိုးနဲ့ ရေးထားတဲ့ ရည်းစားစာမျိုး
ကို မိန်းကလေးကဖတ်မိရင် စွဲလမ်းသွား
ဖို့ ထက် ရယ်မိဖို့ ကများ တယ်ဗျ၊ ဒါကြော
င့် စာစပုံဟာ သိပ်ပြီးအရေးကြီးတယ်၊
အစကောင်းဖို့ လဲ လိုသေးတယ်ဗျ။ ထား
လိုက်ပါတော့လေ၊ ဟောဒီက ကျုပ်တို့
မိတ်ဆွေကြီးဟာ တခြား အလုပ်လုပ်နေ
လို့ပေါ့ဗျာ၊ စာရေးဆရာများ လုပ်ရရင်
အကျော်တပါးဖြစ်မယ့် ပုဂ္ဂိုလ်ပါပဲ"ဟု
ဆားပု လင်းနှင်းမောင်က ပြောဆိုကာ
ကျွန်ုပ်စာဖတ်နိုင်ရန်အတွက် ၎င်းက
နေရာမှ ထသွားတော့၏။

ကျွန်ုပ်လည်း ၎င်းပေးခဲ့သော စာရှည်
ကြီးကို အောက်ပါအတိုင်း ဖတ်ရှုလေ
တော့၏။

မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်ခင်ဗျား

ကျွန်ုပ်မောင်ဘိုးသာသည် လှေသူကြီး
တစ်ဦးဖြစ်သည့် အားလျော်စွာ အရပ်
ရပ်အနယ် နယ်တွင် ထူးပေ့၊ ဆန်းပေ့
ဆိုသည့် အဖြစ် အပျက်များကို အကြိမ်
ပေါင်းများ စွာ တွေ့ကြုံခဲ့ရဖူးပါသည် ။
သို့ရာတွင် ယခုအခါ၌ ကျွန်ုပ်တွေ့ကြုံ
နေရသောအဖြစ်အပျက်တစ်ခုမှ ယခင့်
ယခင်ကတွေ့ကြုံခဲ့ရဖူးသော ထူးထူးဆန်း
ဆန်းအဖြစ်အပျက်များ နှင့် မနှိုင်းယှဉ်
သာအောင် ထူးဆန်းလှပါသည် ။ ယခင်
တွေ့ကြုံခဲ့ရဖူးသော ထူးဆန်းဖွယ်ရာများ
အားလုံးကို ချိန်ခွင်၏ တခြား တစ်ဖက်၌
ထည့်ကာ ချိန်စက်ရပါမူ ယခုတွေ့ရသော
အဖြစ်အပျက်ကသာ တဘက်စောင်းနင်း
အလေးသာနေမည်ဖြစ်လေသည် ။
ပြော၍ ယုံနိုင်မည်မဟုတ်သော
အဖြစ်အပျက်ကို မိတ်ဆွေကြီး
ဆားပုလင်းနှင်းမောင်အား ကျွန်ုပ်က ခရေစေ့
တွင်းကျပြောလိုပါသည် ။ ထိုသို့ပြောပြ
ပြီးလျှင် ယုံသည် မယုံသည် မှာ ကျွန်ုပ်၏
တာဝန်မဟုတ်တော့ပါ။ မိတ်ဆွေကြီး၏
တာဝန်သာဖြစ်ပါတော့သည် ။

လှေသူကြီး၏ စာရှည်ကြီးကို ကျွန်ုပ်
သည် စိတ်ဝင်စားစွာဖတ်ရှုပြီးနောက်
စာရွက်များကို စားပွဲပေါ်သို့တင် လိုက်
လေ၏။

“ဘယ်လိုလဲဗျ၊ စာရေးကောင်းတယ်ဆို
တာ ဟုတ်ရဲ့ လား”ဟု ဆားပုလင်းနှင်း
မောင်က မေး လိုက်လေ၏။

“အစစ်ပဲဗျို့၊ ရေးပုံသားပုံက အတော်
ကလေး အကွက်စေ့တယ်ဗျ”ဟု ကျွန်ုပ်က
ပြန်ပြောရာ ဆားပုလင်းနှင်းမောင်က
"လက်ကမချချင်ဘူးဆိုတာ ဒါမျိုး
ပေါ့"ဟု ဆိုလေ၏။
"မှန်ပါတယ်၊ တကယ်ကိုလက်မချချင်
အောင် စာရေးကောင်းပါတယ်ဗျာ”ဟု
ကျွန်ုပ်က ဝန်ခံရလေ၏။

“အစချီထားပုံက သူဟာလှေသူကြီး
တစ်ယောက်ဖြစ်ကြောင်း လှေသူကြီးဖြစ်
တဲ့ အားလျော်စွာ အရပ်ရပ်အနယ်နယ်ကို
ရောက်ဖူး၍ အရပ်ရပ်အနယ်နယ်မှ
ထူးဆန်းအံ့သြဖွယ်ရာကို တွေ့ကြုံခဲ့ရဖူး
ကြောင်း၊ သို့ရာတွင် ယခုတွေ့ကြုံရသော
ထူးဆန်းအံ့သြဖွယ်ရာက ယခင်က
တွေ့ကြုံခဲ့ရဖူးသော
ထူးဆန်းအံ့
ဖွယ်ရာများ ထက် သာလွန်ကြောင်း
ယခင်က တွေ့ခဲ့ဘူးသော ထူးဆန်းအံ့ဩဖွယ်ရာများက တစ်ဖက်၊ ယခုတွေ့ရသော
ထူးဆန်းအံ့သြဖွယ်ရာက တစ်ဖက်
ချိန်ခွင်ထဲထည့်၍ ချိန်စက်ပါက ယခုတွေ့ကြုံခဲ့ဖူးသော 
ထူးဆန်းအံ့သြဖွယ်ရာက အလေးသာနေမည်ဖြစ်ကြောင်း ရေးထား
ပုံကလေးကလဲ ဖတ်ရသူရဲ့ စိတ်ကို တက
ယ့်ကိုဖမ်းစားထားနိုင်တယ်ဗျာ၊ ပြီးတော့
ပြောပြရင် ယုံကြည်နိုင်ရန် ခက်ခဲသောဆို
တဲ့ နာမဝိသေသနဟာလဲ ဘာတွေများ
တွေ့ကြုံရပါလိမ့်၊ အတော်ကိုထူးထူးဆန်း
ဆန်းဟာမျိုး ဖြစ်မှာ ပါပဲလို့ ဖတ်တဲ့ သူရဲ့
သိချင်စိတ်ကို နိုးဆွထား တယ်မဟုတ်
လား"ဟု ဆားပုလင်းနှင်းမောင်က ပြော
လေ၏။

“အေးဗျာ ……ဒါပေမယ့် လှေသူကြီးကို
ဘိုးသာနဲ့ တွေ့ရမှ ပိုပြီး

“သူ့စာထဲမှာ လဲ ပါသားပဲဗျာ၊ သူလဲ
လာတွေ့ပါဦးမယ်တဲ့ ဟောပြောတုန်းဆို
တုန်း ဟောဟို မှာ ပုလိပ်ကလေးမောင်
သန်းဆွေနဲ့ လာတာ လှေသူကြီး ကိုဘိုး
သာ မှတ်တယ်ဗျို့”ဟု ပြောလိုက် လေ၏။

အရပ်အမောင်းထောင်ထောင်မောင်းမောင်း၊ အသား
ရောင်ခပ်ညိုညိုနှင့် အသက်(၃၀) အရွယ်
ခန့်ရှိ လူတစ်ယောက်သည် ကျွန်ုပ်တို့ ရှိ
ရာသို့ ရိုသေကိုင်းရှိုင်းသောအမူအရာနှင့်
ရောက်ရှိ လာပြီးလျှင် ကျွန်ုပ်တို့ နှစ်ဦး
အား မည်သူသည် ဆားပုလင်းနှင်းမောင်
ဖြစ်သနည်းဟု အကဲခတ်ပြီးနောက် ဆား
ပုလင်းနှင်းမောင်၏
ထူးခြားသော
ဥပဓိရုပ်ကို အသိအမှတ်ပြုသည့် လက္ခဏာနှင့် ဦးခေါင်းကို အနည်းငယ်ညွှတ်ကာ ၎င်းဘက်သို့မျက်နှာမူ၍ ...

“ဆားပုလင်းနှင်းမောင်ဆိုတာမှတ်
တယ်”ဟု ပြော လိုက်လေ၏။
“မှန်ပါတယ်၊ ` ဟောဒါက အိုင်ပီဦး
အောင်သင်းတဲ့ ၊ လှေသူကြီး ပြောချင်တဲ့
စကားကို လွတ်လွတ်လပ်လပ်ပြောနိုင်ပါ
တယ်”ဟု ဆားပုလင်းနှင်းမောင်က ပြော
လိုက်လေ၏။

“ဆားပုလင်းနှင်းမောင်နေတဲ့ နေရာကို
မသိလို့ ဂါတ်ကနေတစ်ဆင့်မနေ့က စာပို့
လိုက်ပါတယ်၊ ဒီကနေ့ဂါတ်ကိုရောက်
တော့ ဟောဒီမောင်သန်းဆွေက စာပို့ပြီး
ကြောင်း၊ တွေ့ချင်ရင်လူ ကိုယ်တိုင် တွေ့
နိုင်ကြောင်းပြောလို့ ကျုပ်ကလိုက်လာပါ
ပဲ”ဟု ပြောဆိုကာ လှေသူကြီး ကိုဘိုးသာ
သည် ကျွန်ုပ်တို့ အနီး ကုလားထိုင် အလွတ်တွင် ဝင်၍ ထိုင်လေ၏။

“ခင်ဗျားစာမှာ ကတော့ အတော့်ကိုပြ
ည့်စုံပါတယ်၊ ဒါပေမယ့်ဟောဒီက ကျုပ်ရဲ့
မိတ်ဆွေကြီး ဦးအောင်သင်းက လူ
ကိုယ်တိုင်ပြောပြတာကို နားထောင်ချင်ပါ
သတဲ့ ဗျာ၊ အဲဒါကြောင့် တဆိတ်လောက်
လှေသူကြီးက ပြောပြစေချင်ပါတယ်”ဟု
ဆားပုလင်းနှင်းမောင်က ပြော လိုက်
လေ၏။

“ဒီလိုပါခင်ဗျာ၊ ကျုပ်က ဗေလုဝဆိုတဲ့
အညာဆန်လှေကြီးမှာ လှေသူကြီးလုပ်ပါ
တယ်၊ ကျုပ်တို့ လှေကြီးဟာ ခနောင်
တိုမှာ ရပ်နားပြီး တံကူဖြည့်ခြင်း၊ ဒီပိုးစား
ထားတဲ့ ပျဉ်တွေလဲခြင်း၊ ရေနံသုတ်ခြင်း
အလုပ်တွေကို လုပ်နေပါတယ်။ နေတာ
ကတော့ ကမာရွတ်ကွမ်းခြံရပ်မှာ နေတယ်၊ အိမ်ပိုင် မဟုတ်ဘူး ၊ အိမ်ငှားပါ၊
ကျုပ်တို့ နေတဲ့ တိုက်က အခန်း(၄)ခန်းရှိ
ပါတယ်၊ အောက်(၂)ခန်းမှာ က ၆ပြား
တန်ပစ္စည်းရောင်းတဲ့  ၆ပြားကုလားတွေနေပါတယ်၊
ကျုပ်ကအပေါ်ထပ်မှာပါ၊ ကျုပ်နဲ့ ဘေးချင်းကပ်ချက်အခန်းမှာ
သီဟိုဠ်ကကုလားတစ်ယောက်နေပါတယ်။
ဒါပေမယ့်ဒီအကောင်က တိုင်းပြည်အမျိုးမျိုးကို ရောက်ဖူးတဲ့
အတွက် ဘာသာစကားတော်တော်များ
များကိုတတ်ပါတယ်၊ ကုလားလို့သာ
လွယ်လွယ်ကူကူပြောရပေမယ့် အင်္ဂလိပ်
အင်ဒီယင်းလို့ပြောရင် ပိုမှန်ပါတယ်။ သူ့
နာ မည်က “မစ္စတာကလင်မင်'လို့ခေါ်ပါ
တယ်။ လူကောင်က ခပ်သေးသေးပါ။
တစ်နေ့မှာ အဲဒီကလင်မင်ကိုအရောင်းအဝယ်ကိစ္စရှိတယ်ဆိုပြီး လူနှစ်
ယောက်က မော်တော်ကားနဲ့ ခေါ်သွားပါ
တယ်၊ လမ်းတစ်ဝက်လဲရောက်ရော က
လင်မင်ကို ဓားနဲ့ တေ့ပြီး မျက်စိကိုအဝတ်
စည်းလိုက်ပါတယ်"ဟု လှေသူကြီးက
ပြောလေ၏။

ထိုအခါ၌ ဆားပုလင်းနှင်းမောင်က
“ဘယ်အချိန်လဲဗျ၊ နေ့လားညလား”ဟု
ပြန်၍ မေး လိုက်လေ၏။

“ညပါခင်ဗျ၊ ညပါ ညပါ...”ဟု
လှေသူကြီးက ကပျာကယာဖြေ လိုက်
လေ၏။
“ဆက်စမ်းပါဦး လှေသူကြီးရယ်”ဟု
ဆားပုလင်းနှင်းမောင်က ပြန်၍ ပြောလေ၏။

“အဲဒီမစ္စတာကလင်မင်ကို ခေါ်သွားပြီး တိုက်ပျက်ကြီးတစ်ခုထဲမှာ တစ်ညလုံး ပုံ
ပြောခိုင်းထားပါတယ်၊ မနက်မိုးလင်းခါနီး
မှ အိမ်ကိုပြန်ပို့ပါတယ်...."

“ဒါနဲ့ နေပါဦး လှေသူကြီးရဲ့ ၊ အဲဒီ
အချိန်မှာ ခင်ဗျားအောက်ထပ်က ၆ပြား
ကုလားတွေရှိသလား"ဟု ဆားပုလင်းနှင်း
မောင်က မေး လိုက်လေ၏။
“ဒီကောင်တွေကလဲ
အိမ်ကပ်တဲ့
ကောင်တွေ မဟုတ်ဘူး ၊ (၁၂)ပွဲလိုက်တဲ့
သူတွေ၊ အိမ်ကပ်တယ်ကို မရှိပါဘူးဗျာ၊
ပွဲဈေးတန်းမှန်သမျှ သူတို့ ကလိုက်ပြီး
ဈေးရောင်းနေကြတာကလား”ဟု
လှေသူကြီးကဖြေလေ၏။

“ဆက်ပြီးပြောပါဦးဗျာ၊ စိတ်ဝင်စား
စရာပါပဲ...” ဟု ဆားပုလင်းနှင်းမောင်က
ပြော လိုက်လေ၏။

“အဲဒီညမှာ ကလင်မင်ရဲ့ အခန်းကို
သူခိုးဝင်တယ်လို့ထင်ပါတယ်၊ သန်းခေါင်
လောက်မှာ စားပွဲခုံကို လူတစ်ယောက်ဝင်
ပြီး တိုက်မိတဲ့ အသံမျိုး ကြားရပါတယ်၊
ကျုပ်ကလဲ ကလင်မင်ကို လူဆိုးတွေဖမ်း
ကြောင်း မသိရလေတော့ စားပွဲခုံကိုဝင်
ပြီးတိုက်မိတဲ့ အသံကိုကြားရပေမယ့် က
လင်မင် ပဲမှတ်တာပေါ့ဗျာ၊ ဒါနဲ့ ကျုပ်လဲ
ပြန်ပြီးအိပ်လိုက်တာ မနက်မိုးလင်းတော့
မှ ပဲ သူခိုးဟာ ကလင်မင် အိမ်ကိုဝင်တာ
မဟုတ်ဘဲ ကျုပ်အိမ်ကိုဝင်ကြောင်း သိရ
တော့တယ်ဗျို့၊ ကျုပ်အခန်းထဲမှာ သူခိုး
က ဝင်ပြီးရှာဖွေသွားလိုက်တာ နှံ့နေတာ
ပဲ၊ မီးခံသေတ္တာထဲမှာ ငွေကများများ စား
စားမရှိပါဘူး၊ စာချုပ်စာတမ်းတွေတော့ရှိ
ပါတယ်၊ အဲဒါတွေလည်း သူခိုးက ယူမသွားဘူးဗျ၊ ယူမယ့်ယူတော့ … ကျုပ်ရဲ့
ခေါင်းရင်း ကြွက်လျှောက်တန်းပေါ်က
ရှစ်လက်မလောက်ရှိတဲ့ သစ်ကနက်သား
တုတ်ကလေးကို ယူသွားရှာတယ်၊ အဲဒီ
တုတ်ကလေးကို ယူသွားတယ်ဆိုတာလဲ
နို့မို့ရင် သိမှာ မဟုတ်ဘူး ဗျ၊ အဲဒီည တုန်း
ကျုပ်ကသစ်ကနတ်သား တုတ်
ကလေးကို ကြွက်လျှောက်တန်းမှာ ယူပြီး
တင်ထားမိတယ်၊ ကျုပ်ရဲ့ နာရီနဲ့ အတူ
ထားတာဗျ၊ သူခိုးဆိုရင် နာရီကိုယူသွား
မှာ ပေါ့ဗျာ၊ ဘာမှ အဖိုးမတန်တဲ့ ဒီတုတ်
ကလေးကို ခက်ခက်ခဲခဲ ခိုးစရာမလိုပါ
ဘူး၊ နာရီကိုယူရင် သူ့ကိုပါတွေ့ရအောင်
ဆိုပြီး ထားတဲ့ သ ဘောပဲ"ဟု လှေသူကြီး
ကပြောလေ၏။

“အဲဒီ သစ်ကနက်သား တုတ်ကလေးကိုလှေသူကြီးက ဘာလုပ်မလို့လဲ
ဗျ...."ဟု ကျွန်ုပ် ကဝင်၍ မေးလိုက်မိ
လေ၏။

“အလုံးက ကျပ်ပြားဝိုင်းလောက်ရှိ
တယ်လေဗျာ၊ တုတ်အဖျားရဲ့ တစ်ဘက်
ထိပ်မှာ တော့ ရှစ်ဂဏန်းပုံလေးကို မီးပြ
ပြီးတံဆိပ်ထွင်းထားတယ်။
ဘာမှ
အဆန်းတကြယ် မဟုတ်ပါဘူး။ ကျုပ်က
အဲဒါ ကို ‘ရှင်သီဝလိ” ရုပ်တော်ထုပြီး
ဆောင်မလို့ပါဗျာ၊ ဒါနဲ့ ကျုပ်လဲ သူခိုးခိုးခံ
ရတဲ့ အကြောင်းကို တစ်ဘက်ခန်းမှာ ရှိ
တဲ့ ကလင်မင်ကိုပြောမယ်ဆိုပြီး တံခါးဖွ
င့်ပြီး ကြည့်လိုက်တော့ ကလင်မင်အခန်း
သော့ခတ်ထားတာတွေ့ရတယ်ဗျ၊
ဒါနဲ့ … ကျုပ်လဲအဖိုးတန်ပစ္စည်း ဘာမှ
မည်မည်ရရ ပါသွားတာမဟုတ်တဲ့
အတွက် ဂါတ်တွေဘာတွေလဲ အကြောင်းမကြားတော့ပါဘူး၊
မနက်(၇)နာရီလောက်ကြတော့
ကလင်မင်ပြန်ပြီးရောက်လာတယ်၊ ဒါနဲ့ ကျုပ်က ကလင်
မင်ကို အကျိုးအကြောင်းပြောပြတော့ က
လင်မင်ကလဲ လှေသူကြီးရေ ခင်ဗျားက
လဲ သူခိုးကအခန်းထဲကို အသက်စွန့်ဝင်
ပြီး ဘာမှ အဖိုးမတန်တဲ့ တုတ်ကလေး
တစ်ချောင်း ယူသွားတာကို အံ့သြနေ၊
ကျုပ်မှာ ကလဲ ညကလူဆိုးနှစ် ယောက်
က ဖမ်းသွားပြီး ပစ္စည်းတွေဘာတွေလဲ
လုယူတာမဟုတ်ဘဲ ကျုပ်ကိုတိုက်ပျက်
ကြီးတစ်ခု ထဲမှာ တစ်ညလုံးပုံပြောခိုင်း
တယ်ဗျ၊ လူဆိုးတွေက မပြောရင် သတ်
မယ်ဆိုလို့ ကျုပ်မှာ ဗျာ အဲဒီလူဆိုးနှစ်
ယောက်ကို တစ်ညလုံး ပုံပြောပြနေရတယ်၊ ကုလားပုံတွေပြောတယ်၊ ပြီးတော့
စနိုးဝိုက်နဲ့ လူပုလေး(၇)ယောက်တို့ ၊
အလီဘာဘာနဲ့ ခိုးသားလေးဆယ်တို့
ပြောတယ်ဗျာ၊ ပြီးတော့တစ္ဆေသရဲပုံတွေ
ပြောတယ်၊ မနက်မိုးလင်းခါနီးတော့
မှ ကျုပ်ကိုတော်ပြီ ဆိုပြီး မျက်စိကိုအဝတ်
စည်းပြီး တိုက်ပျက်ကြီးထဲကထုတ် ကား
ပေါ်တင်ပြီး သင်္ဃန်းကျွန်းဘူတာနားမှာ ချ
ပေးတယ်၊ ကျုပ်လဲ အဲဒီကနေ ရထားနဲ့
ပြန်လာရတာကို ပြောရှာတယ်၊ ဒါနဲ့ ကျုပ်
နဲ့ ကလင်မင်ဟာ အဲဒီအကြောင်းကို နှစ်
ယောက်သားထိုင်ပြီး စဉ်းစားကြတယ်၊
လူတစ်ယောက်ကိုဖမ်းသွားပြီး ပုံပြောခိုင်း
တဲ့ လူဆိုးတွေရယ်၊ အသက်စွန့်ပြီး
အိမ်ရှင်မသိအောင် အိမ်ထဲကိုဝင်ပြီးမှ
တစ်မိုက်ကျော် ကျော်လောက်ရှိတဲ့ တုတ်ကလေးကို ခိုးသွားတဲ့ သူခိုးရယ်ဟာ အ
တော့်ကိုထူးဆန်းနေတယ်၊ ကျုပ်တို့
စဉ်းစားလို့မရတာနဲ့ ဆားပုလင်းနှင်း
မောင်ဆီကို စာရေးပြီးပို့လိုက်တာပါပဲ”ဟု
လှေသူကြီးက ပြောပြလေ၏။

“ကံကောင်းပါတယ် လှေသူကြီးရယ်၊
အဲဒီတုတ်ကလေးကို အလွယ်တကူမရ
ဘူးဆိုရင် ခင်ဗျားရဲ့ အသက်ကိုတောင်
လုပ်ကြံချင်လုပ်ကြံမှာ ဗျ၊ အခုတော့
ကောင်းပါလေရဲ့ ဗျာ” ဟု ဆားပုလင်းနှင်း
မောင်က ပြောလေ၏။

“ကျုပ် အရင်တုန်းက “မိုးညို’ဆိုတဲ့ လှေ
မှာ လုပ်တယ်ဗျ၊ အဲဒီလှေမှာ နေတုန်းက
သူဌေးရဲ့ ကိုယ်စားလှယ်က သိပ်ပြီးပါဝါ
ပြတာပဲ၊ အဲဒီကောင်ရဲ့ ပစ္စည်းပေါ့၊
ဘယ်လိုသဘောနဲ့ ဒါကိုဆောင်ထားမှန်းမသိပါဘူးဗျာ၊ သူ့လွယ်အိတ်ထဲမှာ တွေ့တာ
နဲ့ ဓားမြှောင်မှတ်လို့ ကျုပ်ကနှိုက်ယူထား
လိုက်တာပါ။ အဲဒါကလေးပျောက်သွား
တာကိုဗျာ၊ သူဌေးကိုယ်စားလှယ်က လှေ
ကြီးတစ်လှေလုံးကို
မွှေနှောက်ပြီးရှာ
တော့တာပဲ၊ ကျုပ်ကလဲ ဒီကောင့်ကို
အမြင်ကတ်တာနဲ့ သူမြတ်နိုးတဲ့ ပစ္စည်း
မှန်း သိလို့ ပြန်မပေးဘဲ ထားလိုက်တာပါ၊
အဲဒါကလေးဟာ ကျုပ်ဆီမှာ သောင်တင်
ပြီး နေတာ့တာပါပဲ၊ တစ်နေ့ကမှ
သေသေချာချာယူပြီး ‘သစ်ကနက်’သား
လေးပဲ၊ ရှင်သီဝလိပုံတော်လေးထုရရင်
ကောင်းမယ်လို့ စိတ်ကူးမိတာကိုး၊
ဟော...အခုတော့ သူခိုးလက်ထဲပါသွား
ပြီ”ဟု လှေသူကြီးက ပြောလေ၏။

“ဒါနဲ့ နေပါဦးဗျ၊ ဒီပစ္စည်းကိုရခဲ့တာက
ဘယ်မှာ လဲ၊ ရန်ကုန်မှာ တော့ မဟုတ်ဘူး
ထင်တယ်” ဟု ဆားပုလင်းနှင်းမောင်က
ပြောလေ၏။
"မဟုတ်ဘူး ဗျ၊ မြိတ်မှာ လှေဆိုက်
တုန်းက ရခဲ့တာ”ဟု လှေသူကြီးကပြော
လေ၏။
“ဒါနဲ့ နေပါဦး၊ မိုးညိုလှေကြီးကိုပိုင်
တာ ဘယ်သူလဲဗျ”ဟု ဆားပုလင်းနှင်း
မောင်က မေးလေ၏။
“ပိုင်ရှင်ကိုတော့ မသိပါဘူးဗျာ၊ ကျုပ်
တို့ က ကိုယ်စားလှယ်နဲ့ ပဲအလုပ်လုပ်နေ
ရတာပါ၊ မြို့ကြီးတိုင်းမှာ သူဌေးရဲ့
ကိုယ်စားလှယ်တွေရှိတယ်ဗျ၊
ကိုယ်စားလှယ်တွေကလဲ တကယ့်ကို ကြွ
တ်ဆတ်ဆတ်နဲ့ ဗျာ”ဟု လှေသူကြီးက
ပြောလေ၏။

“ကောင်းပြီလေ၊ ခင်ဗျားသိချင်တဲ့
အကြောင်းတွေကို မကြာခင်ပဲပြည့်ပြည့်စုံ
စုံ သိရမှာ ပါ၊ သိရတဲ့ အခါမှာ ခင်ဗျားကို
ခေါ်ပြီး ပြောပြပါ့မယ်၊ အခုတော့ ပြန်နိုင်
ပါပြီ"ဟု ဆားပုလင်းနှင်းမောင် က ပြော
လေ၏။

ထိုအခါ၌ လှေသူကြီးသည် ထိုင်ရာမှ
ထ၍
“တစ်မိုက်လောက်ရှိတဲ့ တုတ်ကလေး
ပျောက်သွားတာဟာ ကျုပ်အတွက် ဘာမှ
အရေးမကြီးပါဘူး၊ ဒါပေမယ့် ဘာကြောင့်
ဒါကလေးကို တခုတ်တရ ခိုးယူရတယ်ဆို
တာရယ်၊ တစ်ဘက်ခန်း ကမစ္စတာက
လင်မင်ဆိုတဲ့ ကုလားကိုလဲ လူဆိုးတွေက
စွန့်စားဖမ်းဆီးသွားပြီး ဘာကြောင့် ပုံ
ပြောခိုင်းတယ်ဆိုတာကို သိချင်တာပါပဲ၊
လူဆိုတာ တစ်မျိုးပဲဗျ၊ သိချင်တာကို မသိ
ရရင် စိတ်ရောဂါလိုပဲ မစားနိုင်မအိပ်နိုင်
ဖြစ်တော့တာဗျ၊ ဒါကြောင့် ဆားပုလင်း
နှင်းမောင်ရယ်၊ အဖြေရတဲ့ အချိန်မှာ
တော့
ကြည့်မြင်တိုင်ကွမ်းခြံက
လှေသူကြီးမောင်ဘိုးသာဆိုရင် ကလေး
ကိုမေးရင်တောင်ရပါတယ်၊ အမြန်ဆုံး
အကြောင်းကြားပါနော်”ဟု ဆိုကာထွက်
သွားလေတော့၏။

လှေသူကြီး ထွက်သွားသောအခါ၌
ကျွန်ုပ်က
“ဟုတ်ပါရဲ့ ...ကိုနှင်းမောင်ရယ်၊ ဘာ
တွေလဲဗျ၊ ဆန်းတော့ဆန်းတာပဲ”ဟု ပြော
လိုက်ရာ ဆားပုလင်းနှင်းမောင်က...

“လှေသူကြီးရဲ့ တစ်ဘက်ခန်းမှာ နေ
တဲ့ မစ္စတာကလင်မင်ကို လူဆိုးတွေက
ဖမ်းသွားပြီး တစ်ညလုံးပုံပြောခိုင်းတာက
ဒီလိုဗျ၊ လှေသူကြီးအခန်းကို လွတ်လွတ်
လပ်လပ်ဝင်ပြီး ခိုးနိုင်အောင် လို့ မစ္စတာ
ကလင်မင်ကို တစ်ခြားကို ခွဲထွက်သွား
တာ၊ ပြီးတော့မှ မစ္စတာကလင်မင်ရဲ့
အခန်းကနေ တစ်ဆင့်လှေသူကြီး အခန်း
ထဲကိုဝရန်တာကနေ ကူးမှာ ပေါ့ဗျာ”ဟု
ပြောလေ၏။

“မစ္စတာကလင်မင်က သူ့အခန်းကို
သော့ခတ်ပြီးမှ လိုက်သွားတာ မဟုတ်
လား”ဟု ကျွန်ုပ်က မေးလိုက်မိလေ၏။

“သူခိုးပဲဗျာ၊ သော့ခလောက်ကို အရေး
မစိုက်လို့ သူခိုးလုပ်နေတာပဲဥစ္စာ၊ သော့
တူ သော့ဝိဇ္ဖာတွေနဲ့ ဖွင့်ရမှာ ပေါ့ဗျ၊
လှေသူကြီးအခန်းထဲက မီးခံသေတ္တာကို
တောင် ဖွင့်ထားခဲ့သေး တယ်လို့ ဆိုထားတယ် မဟုတ်လား”ဟု ဆားပုလင်းနှင်း
မောင်ကပြောလေ၏။

“အင်း ဟုတ်ပါတယ်ဗျာ၊ ဒါနဲ့ နေစမ်းပါ
ဦး၊ တစ်မိုက်လောက်ရှိတဲ့ တုတ်ကလေး
အတွက် ဒါလောက်တောင် ကြိုးစားရသ
လားဗျာ”ဟု ကျွန်ုပ်ကမေးလိုက်ပြန်ရာ
ဆားပုလင်းနှင်းမောင်က…
“အဲဒီတုတ်ကလေးအကြောင်း
နောက်မှ ပြောပြမယ်၊ ကျုပ်ကတော့ အဲဒီ
တုတ်ကလေးအား ဘယ်နေရာမှာ သုံး
တယ်ဆိုတာ သိနေပါပြီဗျာ၊ ဒါပေမယ့်
အခုနေပြောပြလိုက်ရင် မကောင်းဘူးဗျ၊
မျက်လှည့်ဆရာဟာ သူ့ရဲ့ လှည့်စားနည်း
ကို ပရိသတ်ကို ကြိုတင်ပြီးပြောထားပြီးမှ
မျက်လှည့်ပြရင် ကြည့်တဲ့ သူ ဘယ်ရှိ
တော့မလဲဗျာ၊ ပထမမျက်လှည့်ပြရဦးမယ်၊ ပြီးမှ ဘယ်လိုလှည့်စားတယ်ဆိုတာ
ရှင်းပြမှ ကောင်းမယ်မဟုတ်လား ဗျာ၊ ဒါ
ကြောင့် တစ်ဆိတ်ကလေး သည်းခံစေချင်
ပါတယ်”ဟု ပြော လိုက်လေတော့၏။

ထို့နောက်ကျွန်ုပ်တို့ သည် ချစ်တီး
ထမင်းဝိုင်းဆိုင်၌ ထမင်းစား၍ လမ်းခွဲခဲ့
ကြလေတော့၏
အခန်း  (၆)
• နံရံပေါ်မှ သွေးစွန်းသောလက်ရာများ (က)

ကျွန်ုပ်တို့ ထံသို့လှေသူကြီး မောင်ဘိုး
သာရောက်ရှိ လာပြီး ရက်များ မကြာမီ၌
ပင် အောက်ပါ အဖြစ် အပျက်များ ဖြစ်ပွား
ခဲ့လေတော့၏။

ကျွန်ုပ်နှင့် ဆားပုလင်းနှင်းမောင်သည်
စီအိုင်ဒီရုံးနှင့် လွန်စွာမဝေးကွာလှသော
နေရာတွင် ရှိသည့်
လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်နှင့်
တိုရှည်တစ်ချပ်စီ ဝယ်ယူစားသောက်ကြ
ပြီးနောက် စီအိုင်ဒီရုံးသို့ သွားကြလေ၏။
ရုံးသို့ရောက်လျှင်ရောက်ချင်း
စုံထောက်မင်းကြီး မစ္စတာဟာဒီသည်
ကျွန်ုပ်တို့ စုံထောက်များ အား ခေါ်ယူ၍
“ကျွန်ုပ်ရဲ့ စုံထောက်များ အားလုံး....ရေ
တာရှည်လမ်းက ရှေးဟောင်းပြတိုက်နဲ့
တူတဲ့ အိမ်ကြီးကို သွားကြပါ၊ အဲဒီမှာ
လွန်စွာရက်စက်တဲ့ လူသတ်မှုတွေဖြစ်ပွား
တယ်လို့ ဂါတ်က အကြောင်းကြားတယ်၊
အမြန်ဆုံးသွားကြပါ”ဟု ဆိုသဖြင့် ကျွန်ုပ်
တို့ လည်း စီအိုင်ဒီပိုင်မော်တော်ကား
အစုတ်ကြီးဖြင့် ရေတာရှည်လမ်းသို့ ထွက်
ခဲ့ကြလေ၏။ ထိုသို့မထွက်မီ၌ ကျွန်ုပ်က
ဦးကိုကိုကြီးအား....
“ခင်ဗျားပဲမောင်းပါ ဦးကိုကိုကြီးရယ်"ဟု ပြောရာစုံထောက် ဦးကိုကိုကြီး
“ဒါတော့သည်းခံပါခင်ဗျာ မလုပ်ပါရ
စေနဲ့ ၊ ကမာရွတ်က လမ်းပြပုလိပ်နဲ့ တွေ့
ရင် … ကျုပ်အဖို့ ဒုက္ခရောက်နေပါဦး
မယ်”ဟု ဆိုလေ၏။

ထို့ကြောင့် ဆားပုလင်းနှင်းမောင်က
မော်တော်ကားကို မောင်းလေ၏။ ကမာ
ရွတ်အဝိုင်းကြီးသို့ ရောက်လျှင် ဆား
ပုလင်းနှင်းမောင်သည် ကားတစ်စီးကို
ကျော်၍ တက်လိုက်လေ၏။ ထိုအခါ
လမ်းပြပုလိပ်က “ရွှီး” ကနဲ ဝီစီမှုတ်၍ ရပ်
ခိုင်းလေတော့၏။
ပြီးလျှင်
လမ်းပြပုလိပ်သည်
မော်တော်ကားဆီသို့ ဟန်ပါပါလျှောက်၍
လာလေ၏။ အနီးသို့ ရောက်လျှင် ဆားပုလင်းနှင်းမောင်အား..
“လူကြီးမင်းလိုင်စင်ပေးပါ"ဟု တောင်း
လေတော့၏။ ဆားပုလင်းနှင်းမောင်သည်
အင်္ကျီအိတ်အတွင်းမှ မော်တော်ကား
လိုင်စင်ကိုထုတ်၍ လမ်းပြပုလိပ်အား
ရိုသေစွာပေး လိုက်လေ၏။

“လူကြီးမင်းလိုင်စင်က လဲဖို့ ရက်ကုန်
နေပြီ...” လမ်းပြပုလိပ် ကပြော လိုက်
လေ၏။

“မှန်ပါတယ်ခင်ဗျာ၊ ကျွန်တော်
ဒီ(၂၁)ရက်အတွင်းမှာ လဲပါ့မယ်၊
(၂၁)ရက်အတွင်းတော့ ဒီလိုင်စင်နဲ့ ပဲ
မောင်းခွင့်ရှိသေးတယ်လို့ထင်ပါတယ်”ဟု
ဆားပုလင်းနှင်းမောင်က . ကောင်းမွန်စွာ
ပြန်၍ ပြောလိုက်လေ၏။

“ဒါတွေထားလိုက်ပါတော့လေ၊ အရင်
တစ်ခါ စီအိုင်ဒီကလူတွေမောင်းလာတုန်း
က စကားပြောရတာ အဆင်မပြေဘူး။
လူကြီးမင်းနဲ့ ကျတော့ တော်တော့်ကို
အဆင်ပြေတယ်။
နာမည်ကလေး
တစ်ဆိတ်လောက်
သိပါရစေ..."ဟု

လမ်းပြပုလိပ်က ပြော လိုက်လေ၏။
“နှင်းမောင်လို့ခေါ်ပါတယ်”ဟု
ဆား
ပုလင်းနှင်းမောင်က ပြန်၍ ဖြေ လိုက်
လေ၏။

“ဪ ဆားပုလင်းနှင်းမောင်လား၊
တစ်ခြားလူမှတ်တယ်ဆရာ
ကိုး..ဟုတ်တာပေါ့ခင်ဗျာ၊
ဆရာတို့
အလုပ်က အမြဲတမ်း အရေးကြီးနေတာပဲ၊အဲဒီတော့လဲ လမ်းစည်းကမ်းတွေဘာတွေ
မလိုက်နာနိုင်တော့ဘူးပေါ့၊ ကျွန်တော့်ကို
ခွင့်လွှတ်ပါ ဆရာရယ်”ဟု လမ်းပြပုလိပ်
ကပြောလေတော့၏။

“မဟုတ်ပါဘူး
မိတ်ဆွေရယ်...၊
အရေးကြီးတာလဲမှန်ပါတယ်၊ အရေးကြီး
တာနဲ့ လမ်းစည်းကမ်း လိုက်နာတာဟာ
တခြားစီပါ၊ မိတ်ဆွေက မမှားပါဘူး၊
ကျုပ်ကသာ လမ်းစည်းကမ်းကိုချိုးဖောက်
တာပါ”ဟု ဆားပုလင်းနှင်းမောင်က ပြော
လိုက်ရာ လမ်းပြပုလိပ်က

“ဆရာတို့လို ပြည့်တဲ့ လူနဲ့ တွေ့ရတော့
အလုပ်လုပ်ရတာ သိပ်ပြီးကောင်းတာပဲ၊
မပြည့်တဲ့ လူနဲ့ ကျတော့ တယ်ပြီး
မောက်မာတာကလားဗျာ၊ မပြည့်တဲ့ အိုး
ဘောင်ဘင်ခတ်တယ်ဆိုတဲ့ စကားဟာအတော့်ကိုမှန်ပါတယ် ဆရာကိုနှင်းမောင်
ရယ်"ဟု ပြောဆိုကာ လမ်းပြပုလိပ်သည်
ဆားပုလင်းနှင်းမောင်အား ပုလိပ်တို့ ၏
စည်းကမ်းအတိုင်း
“ဖြောင်း'ကနဲနေ
အောင် ‘အတင်းရှင်း’ (သတိဆွဲ၍ )ဆလံ
ပေး လိုက်လေတော့၏။

ဆားပုလင်းနှင်းမောင်ကလည်း လမ်းပြ
ပုလိပ်အား...
“လေးစားပါတယ်”ဟု ဆိုကာ ပြန်၍
ဆလံပေးပြီးလျှင် ကားကိုမောင်း၍ ထွက်
ခဲ့လေတော့၏။ အတော်အတန်ဝေးသော
နေရာသို့ ရောက်သောအခါ၌ စုံထောက်
ကိုစိန်လှက ဦးကိုကိုကြီးအား....

“ဦးကိုကိုကြီး၊ ဟိုပုလိပ်က ခင်ဗျားကို
ပြောတာ ခင်ဗျားကြားတယ်မဟုတ်လား၊
မပြည့်တဲ့ အိုးက ဘောင်ဘင်ခတ်တယ်တဲ့

"ဟု.နောက်လိုက်ရာ ကျွန်ုပ်တို့ သည်
‘ဝါး’ကနဲပြိုင်တူရယ်မော
လိုက်သည် ဖြစ်
ရာ ဦးကိုကိုကြီးသည် လွန်စွာရှက်၍ သွား
လေတော့၏။ ထို့ကြောင့် ... ဦးကိုကိုကြီး
က
“အလကားကောင်။ ကျုပ်နဲ့ ကျတုန်းက
စီအိုင်ဒီကပါ၊ အရေးကြီးလို့ပါလို့ ကျုပ်က
တောင်းပန်တာတောင် သူက စီအိုင်ဒီဆို
တာနဲ့ လမ်းစည်းကမ်းကို ချိုးဖောက်တာ
လက်ပိုက်ကြည့်နေရမလားလေးဘာလေး
နဲ့ ကြီးကြီးကျယ်ကျယ်ပြောသေးတယ်၊ သူ့
ပထွေး ဆားပုလင်းနှင်းမောင် လဲဆိုရော
ဒီကောင့်မျက်နှာကချိုသွားလိုက်တာ ခွေး
တက်လျက်မယ့်အတိုင်းပဲ”ဟု မကျေနပ်
သံကြီးဖြင့် ပြောလိုက်ရာကျွန်ုပ်တို့ မှာ
ထပ်မံ၍ ရယ်ရသေးတော့၏။

ဤသို့လျှင် ကျွန်ုပ်တို့ သည် တစ်လမ်း
လုံးရယ်ကာမောကာနှင့် လာခဲ့ကြရာ များ
မကြာမီ၌ ပင် ရွှေတိဂုံဘုရားအနီး ရေ
တာရှည်လမ်းရှိ ထူးခြားခမ်းနားစွာ
ဆောက်လုပ်ထားသော ရှေးဟောင်းအိမ်
ကြီးတစ်အိမ်သို့ ရောက်ရှိလာတော့၏။

ကျွန်ုပ်သည် ကားပေါ်မှ မဆင်းမီအိမ်
ကြီးအား အကဲခတ်ကြည့်ရှုလိုက်မိ
လေ၏။ အိမ်ကြီးမှာ လွန်စွာကြီးမား
သကဲ့သို့ လွန်စွာမှ လည်း ရှေးကျကြောင်း
တွေ့ရလေ၏။ အိမ်ကြီးဆောက်လုပ်ထား
ပုံမှာ ရှေးမြန်မာမင်းလက်ထက်တွင် မှူး
ကြီးမတ်ကြီးတို့ နေထိုင်ခဲ့သော အိမ်ကြီး
မျိုးပုံစံအတိုင်း ဖြစ်ပေ၏။

ဘုံဆင့်ပြာသာဒ်၊ ဒေါင်းယဉ်ခိုနန်း၊ က
နုတ်ခြူးပန်း၊ ပြောက်အမွှမ်း၊ စုလစ်မွန်းချွန်များ ဖြင့် ဆောက်လုပ်ထားသော အိမ်
ကြီးမျိုးဖြစ်ပေသည် ။ အောက်ပိုင်းကို
အုတ်ဖောင်ဒေးရှင်းခံ၍ သမံတလင်းခင်း
ကာ အပေါ်ပိုင်းကို ဆင်ဝင်တစ်ခုရှိ၍ အိမ်
လှေကားမှာ မူ ဘေးဘက်တွင် တစ်ခု၊
နောက်ဘက်တွင် တစ်ခုတပ်ဆင်ထား
လေ၏။ ဘုရားဆောင်၏ တည့်တည့်၌ မူ
ဘုံဆင့်များ တပ်ဆင်ထားရုံမျှမက ထိုဘုံ
ဆင့်၏ အဖျား၌ သံထီးတစ်လက်ကို
ရွှေပိန်းချ၍ တင်ထားသည် ကိုလည်း တွေ့
ရလေ၏။ အိမ်ကြီးသာလျှင် ကောင်းသည်
မဟုတ်ပေ။ ခြံဝင်းကြီးမှာ လည်း ကျယ်
လှပေ၏။ ခြံတွင်း၌ လည်း ၊ သရက်၊ မ
ရမ်း၊ အုန်း၊ ထန်း၊ ပိန္နဲ၊ မာလကာ စသော
စားပင် သီးပင်များ ပြည့်စုံစွာရှိလေ၏။

အိမ်ကြီး၏ အရှေ့တည့်တည့်တွင်လွန်စွာကြီးမားသော သံတံခါးကြီးတစ်ခု
တပ်ဆင်ထားလေ၏။ ခြံဝင်း၏ အဝင်ဝ
တွင်လည်း လွန်စွာကြီးမားသော အုတ်
တိုင်ကြီးနှစ်တိုင်နှင့် ကျွန်းတံခါးကြီး
တစ်ခုတပ်ဆင်ထားလေ၏။ အုတ်တိုင်
ကြီးတစ်တိုင်၌ မူ အောက်ပါကြွေ
ဆိုင်းဘုတ်ကို တွေ့ရလေ၏။

          ဘိလပ်ပြန်
         ဦးကိုကိုလတ်

ကျွန်ုပ်တို့ သည် မော်တော်ကားပေါ်မှ
ဆင်းကြလေ၏။ ခြံဝတွင် အစောင့်ချထား
သော ပုလိပ်ကလေးက ကျွန်ုပ်တို့ အား
လှမ်း၍ ဆလံပေးလေ၏။ ကျွန်ုပ်တို့
လည်း ခြံဝင်းအတွင်းသို့ဝင်ကာ အိမ်
အောက်ထပ်သို့ သွားမည်အပြု၌ ဆင်ဝင်ပေါ်မှ ရာဇဝတ်အုပ်တစ်ဦးက
“စီအိုင်ဒီက ဆရာတို့ ရေ၊ အပေါ်ကိုကြွ
ခဲ့ကြပါ”ဟု ဆိုသဖြင့် ကျွန်ုပ်တို့ လည်း
အိမ်ဘေးလှေကားမှ နေ၍ အိမ်ပေါ်ထပ်
သို့ တက်ခဲ့လေတော့၏။ ကျွန်ုပ်၏
မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်မှာ မူ
အိမ်ပေါ်ထပ်ဆီသို့ တက်၍ လိုက်မလာဘဲ
ခြံဝင်းအတွင်းသစ်ပင်ရိပ်များ
အောက်၌ လှည့်လည် သွားလာရင်း
ကျန်ရစ်ခဲ့လေတော့၏။

ကျွန်ုပ်တို့ သည် အိပ်ပေါ်ထပ်သို့ရောက်
လျှင်
စင်္ကြန်လမ်းအတိုင်းလျှောက်၍
သွားကြလေ၏။ ထိုအခါ၌ ကျွန်ုပ်တို့ အား
ဆင်ဝင်ပေါ်မှ လှမ်း၍ ခေါ်သော
ရာဇဝတ်အုပ်က...
“အလောင်းတွေက ဧည့်ခန်းထဲမှာဗျ”ဟု ပြောသဖြင့် ကျွန်ုပ်တို့ အားလုံး
သည် ဧည့်ခန်းအတွင်းသို့ ဝင်ကြ
လေ၏။ ထိုသို့ဝင်လိုက်သည် နှင့်
တစ်ပြိုင်နက် ပိုးစိုးပက်စက်သေနေသော
အလောင်းနှစ်လောင်းကို တွေ့ရလေ
တော့၏။

ထိုအလောင်းနှစ်လောင်းအနက် တစ်ခု
သောသူ၏ အလောင်းမှာ အသက်လေး
ဆယ်ကျော် ငါးဆယ် နီးပါးအရွယ်ခန့်ရှိ
လူကြီးတစ်ဦး၏ အလောင်းဖြစ်လေ၏။
ကျန်တစ်လောင်းမှာ မူ အသက် သုံးဆယ်
အရွယ်ရှိ ကိုယ်ကာယ လွန်စွာတုတ်
ခိုင်သော လူငယ်တစ်ဦး၏ အလောင်းဖြစ်
ပေသည် ။

ကျွန်ုပ်တို့ သည် ထိုအလောင်းနှစ်
လောင်းအား ဝိုင်းအုံကြည့်ရှုကြလေ၏ ၊ထိုအချိန်၌ ခြံရှေ့တွင် မော်တော်ကားတစ်
စီးရပ်သံကြားပြီးနောက် စုံထောက်
မင်းကြီး မစ္စတာဟာဒီသည် ကျွန်ုပ်တို့ ရှိ
ရာသို့ ရောက်ရှိ လာလေတော့၏။
အလောင်းများ တွင် ဝိုင်းအုံကြည့်ရှုနေ
သော ကျွန်ုပ်တို့ ကိုကြည့်ကာ မစ္စတာဟာ
ဒီက...

“လူကလေးတို့ ပုရွတ်ဆိတ်တွေလို
ဝိုင်းအုံနေလို့တော့ အမှုကပေါ်မှာ မဟုတ်
ဘူး ၊ ဒါနဲ့ ဆားပုလင်း နှင်းမောင်ရော
ဘယ်မှာ လဲ”ဟု မေးလေ၏။

ထိုအခါ စုံထောက်ကိုတင်ဝင်းက
“ဆားပုလင်းနှင်းမောင်
ခြံထဲမှာ
လမ်းလျှောက်နေပါတယ်သခင်"ဟု ပြော
လေ၏။

ကျွန်ုပ်တို့ အား ဧည့်ခန်းဆီသို့ခေါ်ဆောင်ခဲ့သော
ရာဇဝတ်အုတ်သည် စုံထောက်မင်းကြီးအား
သူသည် ဗဟန်း
ဂါတ်မှ ဖြစ်ကြောင်း၊ သူ၏ အမည်မှာ
မောင်လွန်းဖေဟု ခေါ်ကြောင်း၊ ဤအမှု
ကိုလည်း ထုံးစံအတိုင်း စီအိုင်ဒီသို့
အကြောင်းကြားရသော်လည်း အမှန်
တကယ်၌ မူ တရားခံများ မည်သူမည်ဝါ
ဖြစ်ကြောင်းကို သူကိုယ်တိုင်ဖော်ထုတ်
နိုင်ကြောင်း စသည်ကိုယ်ရည်သွေး
သော စကားများကို လွန်စွာအချိုးမကျ
သော လေယူလေသိမ်းဖြင့် အစီရင်ခံ၍
နေလေတော့၏။

စုံထောက်မင်းကြီးကလည်း အမှုပေါ်ပေါက်ခြင်းသာလျှင် အရေးကြီး
ကြောင်း၊ “စီအိုင်ဒီ ကြောင့် ပဲပေါ်သည်ဖြစ်စေ၊ သက်ဆိုင်ရာဂါတ်ကြောင့် ပဲ
ပေါ်သည် ဖြစ်စေ၊ တရားခံပေါ်ပေါက်ခြင်း
သာလျှင်ပုလိပ်အဖွဲ့၏ ဂုဏ်ဖြစ်ကြောင်း
ပြောဆိုလေ၏။

ထိုအခါ၌
ရာဇဝတ်အုပ် မောင်လွန်းဖေ က
ဟောဒီ
အလောင်းနှစ်ခုအနက်
အသက်ကြီးကြီးလူသည် အိမ်ရှင်ဖြစ်သူ
ဘိလပ်ပြန် ဦးကိုကိုလတ် ဖြစ်ကြောင်း
ပြောလေ၏။ ထိုအခါစုံထောက်မင်းကြီး
က “ဒီလူဟာ ဦးကိုကိုလတ် ဆိုတာ ဟုတ်
ပါပြီ၊ ဘာဖြစ်လို့ သူ့နာမည်ရဲ့ ရှေ့မှာ
ဘိလပ်ပြန်လို့ ထည့်ပြီးထားရတာတုံး”ဟု
စုံထောက် မင်းကြီးကမေးလေ၏။

“ဘိလပ်ကို သူရောက်ခဲ့တဲ့ အကြောင်း
ကို သိစေချင်လို့ပါသခင်”
ဟု ရာဇဝတ်အုပ် မောင်လွန်းဖေကပြန်၍ ဖြေလေ၏။

“ဘိလပ်ကို သူက ခရီးသွားတာ မဟုတ်
လား၊ ခရီးသွားတာဆိုရင် ကိုယ်နေတဲ့
နေရာကို ပြန်ပြီးလာရမှာ ပေါ့၊ ဒီလိုသာ
ကိုယ်သွားခဲ့တဲ့ ခရီးတွေအကြောင်းကို
နာမည်ရှေ့မှာ တပ်မယ်ဆိုရင် လူတစ်
ယောက်ရဲ့ အမည်ဟာ အလွန်ပဲရှည်လိမ့်
မယ်၊ ဒီလူဟာ ဘိလပ်တစ်ခုတည်းကို
ခရီးသွားဖူးတာ
ဘယ်ဖြစ်နိုင်မလဲ။
တွံတေး၊ မန္တလေး၊ မြစ်ကြီးနား၊ ရမည်း
သင်း၊ တောင်ငူ၊ အဲဒါတွေကိုလဲ သွားဖူး
မှာ ပဲ အဲဒီတော့သူ့နာမည်ရှေ့မှာ တွံတေး
ပြန်၊ ပဲခူးပြန်၊ မန္တလေးပြန်၊ မြစ်ကြီးနား
ပြန်ဆိုပြီး အကုန်လုံး လျှောက်ပြီး ထည့်ရ
မှာ ပေါ့"ဟု စုံထောက် မင်းကြီးကမေး
လေ၏။

“မဟုတ်ပါဘူးသခင်၊ ဘိလပ်ကပြန်လာ
တယ်ဆိုတာ ဂုဏ်ရှိတယ်ဆိုပြီး ထည့်
ထားတာပါ သခင်"ဟု ရာဇဝတ်အုပ်
မောင်လွန်းဖေက ပြောပြန်လေ၏။

“အိုး ဘိလပ်ကိုရောက်ဖူးတာ ဂုဏ်ရှိ
တယ်ဆိုရင် ဘိလပ်မှာ အမြဲတမ်းနေတဲ့
လူတွေက ပိုပြီးဂုဏ်ရှိမှာ ပေါ့”ဟု
စုံထောက်မင်းကြီးက ပြန်၍ မေးလေ၏။

“မှန်ပါတယ်သခင်”ဟု ရာဇဝတ်အုပ်
မောင်လွန်းဖေက သွက်လက်စွာဖြေ
လိုက်လေ၏။

“ဘယ်ကလာ မှန်ရမှာ တုံး၊ ဘိလပ်မှာ
သူခိုးတွေ၊ ခါးပိုက်နှိုက်တွေ၊ ဂျပိုးတွေ၊
လူဆိုးတွေ ရှိနေတာပဲ၊ သူတို့ က ဂုဏ်ရှိ
သလား။ တော်တော်မကောင်းတဲ့
တော်တော်မမှန်တဲ့ ဂုဏ်ယူနည်းတစ်နည်းပဲ”ဟု စုံထောက်မင်းကြီးကပြော
လိုက်ရာ ကျွန်ုပ်တို့ နှင့် လိုက်ပါလာသည်ဘိလပ်ပြန် ဆရာစိန်ဆိုသည်
စုံထောက်အိုကြီးသည် ဇက်ကလေးပု၍
နေလေတော့၏။

စုံထောက်မင်းကြီးက
“ဆက်ပြီးပြောပါဦး ဘိလပ်ပြန်ရဲ့
အကြောင်းကို”ဟု ပြောလေ၏။

“ဒီလူဟာ လူရိုးလူကောင်းတစ်ဦးဖြစ်
ပါတယ်၊ ဟိုဘက်ကလူဟာ သူ့ရဲ့ တပည့်
ဖြစ်ပါတယ်၊ စောစောက သူကြီးကိုခေါ်ပြီး
အလောင်းတွေကို ကျွန်တော်မျိုးပြပြီး
မေးကြည့်ပါတယ်၊ သူတို့ အသတ်ခံရတဲ့
နေရာက ဒီနေရာမှာ မဟုတ်ပါဘူး၊ ဒီ
အခန်းရဲ့ အပြင်ဘက်က နေရာမှာ ပါ၊
လူသတ်သမားဟာ တစ်ယောက်တည်း
မဟုတ်ပါဘူး၊ နှစ်ယောက်ဖြစ်ပါတယ်၊
တစ်ယောက်က လူကြီးဖြစ်ပြီး၊ ကျန်တစ်
ယောက်ဟာ ကလေးငယ် ဖြစ်ပါတယ်။
သွေးစွန်းတဲ့ လက်ရာတွေဟာ အပြင်
ဘက်စင်္ကြန်လမ်းနံရံတလျှောက် ခပ်နိမ့်
နိမ့်မှာ တွေ့ရပါတယ်၊ လက်မှာ ပေတဲ့
သွေးတွေကို သုတ်ရင်း နောက်ဘက်
လှေကားကနေ ဆင်းသွားတာပါ၊ သူ့ရဲ့
လက်ရာ တွေကိုကြည့်ရင် အရပ် လေးပေ
ထက်မမြင့်တဲ့ ကလေးတစ်ယောက်ဆို
တာ သိသာပါတယ်။ ကလေးငယ်ဟာ
လူသတ်သမားဖြစ်ချင်မှ ဖြစ်လိမ့်မယ်၊ ဒါ
ပေမယ့် အခင်းဖြစ်ပွားတဲ့ အချိန်မှာ
ကလေးငယ်တစ်ယောက်ရှိနေတယ်ဆို
တာ သေချာပါတယ်သခင်၊ ကျွန်တော်
ပြောတဲ့ သွေးစွန်းတဲ့ လက်ရာတွေကိုသခင်ကိုယ်တိုင်လိုက် ပြီးကြည့်ပါ”ဟု ဆို
ရာဇဝတ်အုပ်မောင်လွန်းဖေသည်
စုံထောက်မင်းကြီးအား စင်္ကြန်လမ်းဆီ
သို့ခေါ်ယူသွားလေတော့၏။ စင်္ကြန်လမ်း
သို့ရောက်သောအခါ၌
နံရံမှ သွေးစွန်းသော လက်ရာများကို မှန်ဘီလူးဖြင့် ကြ
ည့်ရှုနေသည့်ဆားပုလင်းနှင်းမောင်ကို
တွေ့ရလေတော့၏။

“အိုးဟို
ဆားပုလင်းနှင်းမောင်ပါ
လား"ဟု စုံထောက်မင်းကြီးက လှမ်း၍
နှုတ်ဆက် လိုက်လေ၏။ ဆားပုလင်းနှင်းမောင်ကမူ
ခေါင်းပေါ်မှဦးထုပ်ကိုလက်ဖြင့်အသာကလေးကိုင်၍
အနည်းငယ် ကြွကာမင်းကြီးအား
အမူအရာဖြင့်သာလျှင် နှုတ်ဆက် လိုက်
လေ၏။ သို့သော် မင်းကြီးအား လှည့်၍ပင်မကြည့်ပဲ ကျောခိုင်းလျက် နံရံပေါ်မှ
သွေးစွန်းသော လက်ရာများကို
စိတ်ဝင်စားစွာ ကြည့်ရှုနေလေ၏။

ရာဇဝတ်အုပ်မောင်လွန်းဖေကမူ....
“အဲဒီသွေးရာတွေပါပဲ၊ ကလေးတစ်
ယောက် ပါတယ်ဆိုတာ ထင်ရှားပါတယ်”
ဟု ပြော လိုက်လေ၏။

ထို့နောက် ဆားပုလင်းနှင်းမောင်သည်
ကြမ်းပြင်ပေါ်တွင် ကွဲကျလျက်ရှိသော
ဖန်ခွက်ကွဲစများကို ကောက်ယူကြည့်ရှု၍
နမ်းရှုပ်ကြည့်လေ၏။

ထို့နောက် အိပ်ခန်းတစ်ခုအတွင်းသို့
ဝင်လေ၏။ ကျွန်ုပ်တို့ လည်း လိုက်၍ ဝင်
ကြလေ၏။ အိပ်ခန်တွင်းနံရံ၌ မူ
မြေဖြူဖြင့်ရေးထားသော
အောက်ပါ
စာတန်းကို တွေ့ရပြန်လေ၏။

ကောင်းဘို့ကြီးရေ၊ လွမ်းလှပါပြီ
ကွယ်
မမပြန်လာမယ်၊ မင်းကြိုက်တဲ့
မုန်လာဥနီနဲ့ ထန်းလျက်ခဲကြီးတွေ
အများကြီး ကျွေးမှာပါ

မောင်လွန်းဖေက အထက်ပါစာတန်း
ကိုပြ၍ စုံထောက်မင်းကြီးအား
ဒီစာကိုဖတ်ကြည့်ရင် အမှုထဲမှာ
ကလေးတစ်ယောက်ပါနေတယ်ဆိုတာ
ထင်ရှားပါတယ်၊ အဲဒီ ကလေးရဲ့ နာမည်
ဟာ မောင်ကောင်းဘို့ဆိုတာလဲ သိသာနိုင်
ပါတယ်၊ ကလေးနဲ့ သူ့အစ်မဟာ တစ်ကွဲ
တစ်ပြားစိဖြစ်နေတယ်ဆိုတာလဲ သိသာ
နိုင်ပါတယ်”ဟု ရှင်းပြလေ၏။ ထိုအခါ
စုံထောက် မင်းကြီး က

“လူကလေးစဉ်းစားတာ အတော့်ကို
နီးစပ်နေပြီ၊ ဆက်ပြီးပြောပါဦး”ဟု ဆို
လိုက်လျှင် ရာဇဝတ်အုပ် မောင်လွန်းဖေ
သည် လွန်စွာ ဂုဏ်ယူဝင့်ကြွားသော
မျက်နှာထားဖြင့် ကျွန်ုပ်တို့ အား လှမ်း၍
ကြည့်ပြီးလျှင်....

“ဒီလိုပါသခင်၊ … တောကမိန်းကလေး
တစ်ယောက်ကို အိမ်ရှင်ဖြစ်တဲ့ ဘိလပ်
ပြန် ဦးကိုကိုလတ် ဟာ အစေခံလုပ်ဖို့ ဒီ
အိမ်ကို ခေါ်ထားတာဖြစ်လိမ့်မယ်၊ အဲဒီ
မိန်းကလေးမှာ ကောင်းဘို့ဆိုတဲ့ မောင်
ကလေးတစ်ယောက်ရှိလိမ့်မယ်၊ သူ့မောင်
လေးကို လွမ်းဆွတ်ပြီး နံရံမှာ စာရေးထားတာပါ။

တောကမိန်းကလေးဖြစ်ကြောင်း ဘာကြောင့် ကျွန်တော်မျိုး
ပြောနိုင်သလဲဆိုရင် သူရေးထားတဲ့ စာထဲ
မှာ သူ့မောင်လေး မောင်ကောင်းတို့ကို
ထန်းလျက်ခဲတွေ ကျွေးမယ်ဆိုတဲ့ စကား
တွေပါနေပါတယ် တောက ကလေးများ
ဟာ ထန်းလျက်ခဲအလွန်ပဲ ကြိုက်ပါ
တယ်” ဟု ပြောလျှင် စုံထောက်မင်းကြီး
က  
“ဂွတ် ဂွတ် ဒီအချက်ကို ထောက်ခံ
တယ်”ဟု ဆိုလိုက်ရာ ရာဇဝတ်အုပ်
မောင်လွန်းဖေလည်း လွန်စွာစိတ်ကြီး
ဝင်၍ သွားလေတော့၏။ . ထို့ကြောင့်
၎င်း၏ ဆင်ခြင်သုံးသပ်ပုံကို အောက်ပါ
အတိုင်းဆက်၍ ပြောပြန်၏။

“ဟောဒီမှာ … လိမ္မော်ရောင်ဆွယ်တာ
တစ်ထည်ရှိပါတယ်၊ ဒါပေမယ့် မပြီး
သေးပါဘူး၊ သိုးမွှေး ထိုးစဖြစ်ပါ
တယ်”(အိပ်ရာပေါ်မှာ ထိုးလက်စ သိုးမွှေးဆွယ်တာတစ်ထည်ကို သိုးမွှေးထိုးသော
အပ်များကို ကိုင်ပြရင်း)
စုံထောက်မင်းကြီးသည် ဆွယ်တာကို
ကြည့်ပြီးနောက်

“တောမှာ နေတဲ့ သူ့မောင်လေးအတွက်ဆိုရင်
ဒီအင်္ကျီဟာအလွန်ပဲကြီးနေပါ
တယ် လူကလေး"ဟု ပြောလိုက်ရာကျွန်ုပ်
တို့ မှာ ဝါး’ကနဲ ရယ်မောကြရလေ
တော့၏။ ထိုအခါ ရာဇဝတ်အုပ် မောင်
လွန်းဖေက...

“မှန်ပါတယ်သခင်၊ ဒီအင်္ကျီဟာ သူ့
မောင်လေးအတွက် မဟုတ်ပါဘူး၊ သူ့
ဖခင်အတွက် ဖြစ်ပါတယ်၊ မိန်းကလေး
ဟာ သူ့မောင်ကလေးကိုလွမ်းဆွတ်လို့
အိမ်ပြန်ချင်တာနဲ့ သူ့အဖေကိုစာ နဲ့ ရေး
ပြီးတော့ မှာလိုက်တာဖြစ်မှာ ပါ၊ အဲဒီအခါမှာ သူ့အဖေနဲ့ သူ့မောင်လေးဟာ
ရောက်လာပါတယ်၊ မိန်းကလေးကပြန်
ပြီးလိုက်သွားမယ်လုပ်ပါတယ်။ အိမ်ရှင်
ဖြစ်တဲ့ ဘိလပ်ပြန် ဦးကိုကိုလတ် က ပေး
ထားတဲ့ အစေခံလခတွေ မကျေသေးတဲ့
အတွက် မိန်းကလေးကို ပြန်ခွင့်မပြုနိုင်
ဘူးလို့ ပြောပါတယ်၊ အဲဒီအခါမှာ အိမ်ရှင်
နဲ့ အစေခံမလေးဟာ တစ်ယောက်တစ်
ခွန်း စကားများကြပါတယ်။ အဲဒီတော့ သူ့
ဖခင်ဖြစ်တဲ့ သူက အိမ်ရှင်ဦးကိုကိုလတ်နဲ့
သူရဲ့ တပည့်ကိုသတ်ပြီး သူ့ရဲ့ သမီးကိုပြန်
ပြီးခေါ်သွားတာပါ၊
အစေခံမလေးရဲ့ မောင်ကလေးက အလောင်းတွေကို
လျှောက်ပြီး ကိုင်ကြည့်တော့ လက်မှာ
သွေးတွေပေသွားပါတယ်၊ အဲဒါကို သူ့
အစ်မက သုတ်ပစ်ဖို့ ဆူတော့ ကလေးကနံရံမှာ လျှောက်ပြီးသုတ်ပစ်တာပါ”ဟု
ရာဇဝတ်အုပ်မောင်လွန်းဖေက ရှည်လျား
စွာ ရှင်းပြလေ၏။

စုံထောက်မင်းကြီးက
“သမီးကိုပြန်ပြီးခေါ်ဖို့ အိမ်ရှင်ကိုအခု
လိုလွယ်လွယ်ကူကူနဲ့
သတ်ပါ့မလား
လူကလေး”ဟု ပြန်၍ မေးခွန်းထုတ်
လေ၏။

"ဒီလိုမစဉ်းစားပါနဲ့ သခင်၊ ကျွန်တော်
မျိုးတို့ မြန်မာလူမျိုးဟာအလွယ်နဲ့ ပဲ
ဆုံးဖြတ်လေ့ ရှိပါတယ်၊ အလွန်ပဲ
သတ်ဖြတ်လေ့ရှိပါတယ်၊ တောကလူတွေ
ဆိုရင် ပိုပြီးတောင် ဆိုးပါသေးတယ်”ဟု
ရာဇဝတ်အုပ် မောင်လွန်းဖေက ပြော
လိုက်ရာစုံထောက်မင်းကြီးက

“ဒီလိုလား၊ ဒီလိုဆိုရင် မောင်မင်းပြောတာဖြစ်နိုင်ပါတယ်၊ အသိဉာဏ်မရှိတဲ့ လူ
တွေ ကျူးလွန်သွားတဲ့ လူသတ်မှုပဲ ကျွန်ုပ်
အိမ်မှာ ခေါ်ထားတဲ့ မိန်းကလေးတစ်
ယောက်ရှိသေးတယ်၊ သူမကိုအမြန်ဆုံး
တောကို ပြန်ပို့မယ်၊ မပို့လို့မဖြစ်ဘူး၊ သူမ
ရဲ့ အဖေလိုက် လာပြီး ကျွန်ုပ်ကို သတ်လိ
မ့်မယ်”ဟု ပြောလိုက်ရာကျွန်ုပ်တို့ မှာ
အူတက်မတတ် ရယ်မောကြရလေ
တော့၏။

ထိုအချိန်၌ ဆားပုလင်းနှင်းမောင်သည်
အိပ်ခန်းအတွင်းရှိပစ္စည်းများကို ကြည့်
ရှုလေ၏။ အလွန် ကောင်းသော
ဘရိုကိတ်ထဘီများ
တန်ဖိုး
ကြီးမားသော ဇာအင်္ကျီများ ၊ မိန်းမစီး
ဖိနပ်များ ၊ ညဉ့်ဝတ်အင်္ကျီရှည်ကြီးများ
(မိန်းမဝတ်)ကို တွေ့ရလေ၏။

ထို့နောက် ဆားပုလင်းနှင်းမောင်သည်
ကြမ်းပြင်ပေါ်၌ လေးဘက်ထောက်၍
သွားကာ ခြေရာများကို ကြည့်ရှုလေ၏။
ပြီးလျှင် အလောင်းများ ရှိရာ ဧည့်ခန်းဆီ
သို့ သွားရောက်လေတော့ ၏။
ကျွန်ုပ်တို့ သည် ဆားပုလင်းနှင်းမောင်
နောက်မှ လိုက်ကြပြန်လေ၏။ ဆား
ပုလင်းနှင်းမောင်သည် လူကြီး၏
အလောင်းကို သေချာစွာကြည့်လေ၏။
ထို့နောက် လူငယ်၏ အလောင်းကိုကြည့်
ပြန်၏။ လူငယ်သည် ဝမ်းဗိုက်၌
ဓားမြှောင်တန်းလန်းစိုက်၍ သေဆုံးနေ
ပြီးလျှင် စိုက်နေသော ဓားမြှောင်ရိုးကို
လည်း လက်တစ်ဖက်ဖြင့် ကျစ်ကျစ်ပါ
အောင် ဆုပ်ထားကြောင်းတွေ့ရလေ၏။
လူငယ်၏ အခြားသောလက်တစ်ဖက်ကိုဆားပုလင်းနှင်းမောင်က ဆွဲယူကြည့်ရှု
ပြန်လေ၏။
ထိုလက်တစ်ဖက်၏ လက်ဖျံ၌ ‘မိုက်
မယ်ဟေ့'ဟူသော စာတန်းကို လွန်စွာ
ကောင်းသော အစိမ်းရောင်မင်ဖြင့်ထိုး
ထားသည် ကို တွေ့ရလေ၏။ သို့ရာတွင်
ဆေးထိုးပေးသောသူမှာ စာကောင်းစွာ
တတ်ပုံမရပေ။ စာလုံးမှာ မညီမညာရှိရုံမျှ
မက မိုက်မယ်ဟေ့ ဟူသော စာမှာ လည်း
မိုက်မယ်ဟေ့ဟူ၍ မဖြစ်ဘဲ အောက်က
မြစ်ကျန်ရစ်ခဲ့သောကြောင့် မိုက်မယ်ဟေ
ဟူ၍ ဖြစ်နေလေ၏။

ဆားပုလင်းနှင်းမောင်သည်
လူငယ်၏ အိတ်အတွင်းသို့ နှိုက်၍
ရှာဖွေရာ ဂျူဗလီဟောတွင် ကပြလျက်ရှိ
သော ဆပ်ကပ်ပွဲလက်မှတ်တစ်စောင်ကို
ကိုတွေ့ရလေ၏။

ထို့နောက်ဆားပုလင်းနှင်းမောင်သည်
စာရေးစားပွဲဆီသို့သွား၍ စာရွက်စာတမ်း
များကို ရှာဖွေလေ၏။ အနီးရှိစာအုပ်စင်မှ
သားရေဖုံးစာအုပ်များကို လှန်လှောကြည့်
ရှုလေ၏။ ဒိုင်ယာရီ စာအုပ်ဟောင်းများ
ကို ရှာပြန်လေ၏။ ထို့နောက် ဒိုင်ယာရီ
စာအုပ်များကို တစ်အုပ်စီလှန်၍ ကြည့်
လေ၏။ ပြီးခဲ့သော ဒိုင်ယာရီစာအုပ်
အဟောင်းအတွင်းမှ ဓာတ်ပုံနှစ်ပုံ
ထွက်၍ ကျ လာလေတော့၏။ ထိုဓာတ်ပုံ
နှစ်ပုံကို ကြည့်ရှုလိုက်ရာ
တစ်ယောက်တည်း၏
ဓာတ်ပုံများ
ဖြစ်ကြောင်း သိရလေ၏။ တစ်ပုံက ရှေ့တ
ည့်တည့်မှ ရိုက်ကူးထားသောပုံဖြစ်ပြီး
အခြားတစ်ပုံမှာ မူ ခပ်စောင်းစောင်းအနေအထားမှ စကားပြောနေစဉ် အမှတ်မထင်
ရိုက်ကူးထားသော ပုံများဖြစ်ကြောင်း သိရလေ၏။

ထိုဓာတ်ပုံ၏ နောက်ကျောများကို ကြ
ည့်ရှုလိုက်သောအခါ၌ အောက်ပါစာကို
တွေ့ရပြန်လေ၏။

"ဆရာကြီး
ကျွန်တော့်မှာ ရှိတဲ့ လှမြင့်ရဲ့ ဓာတ်ပုံနှစ်
ပုံစလုံးကို
ပို့လိုက်ပါတယ်၊ ကျွန်တော်လဲ သူ့ကိုစုံ
စမ်းနေတုန်းပဲ၊ တွေ့ရင်တော့ ဆရာကြီးမှာ ထားတဲ့
အတိုင်းပါပဲ။
နံပါတ်(၉)

ဆားပုလင်းနှင်းမောင်သည် ထိုဓာတ်ပုံ
နှစ်ပုံကို အိတ်အတွင်းသို့ထည့် လိုက်
လေ၏။ ထို့နောက် အံဆွဲကိုဖွင့်လိုက်ရာ
စာရွက်စာတမ်းအချို့ကို တွေ့လေ၏။ ထို
စာရွက်များကို ကောက်ယူကြည့်ရှုပြန်ရာ
ဖတ်၍ မရသည့် စာများကို တွေ့ရ
လေ၏။

တစ်ခုထူးဆန်းသည် မှာ ထိုဖတ်၍ မရ
သောစာများ ၌ စာလုံး ၃ ကြောင်းလျှင်
‘မိုးဒဝေါ'ဟူသော စာတန်း တစ်တန်းကျစီ
ပါရှိနေခြင်းပင်ဖြစ်လေ၏။

ထို့နောက် ဆားပုလင်းနှင်းမောင်သည်
ဆွဲအံအတွင်းမှ တွေ့ရှိရသော သော့တွဲ
ကိုယူ၍ မီးခံသေတ္တာ အားဖွင့်၍ ကြည့်
ပြန်လေ၏။ လွယ်လွယ်နှင့် ဖွင့်၍ မရ
သောအခါ၌ ၎င်းတွင် ပါလာသော
နားဖာကလော်နှင့် လွန်စွာတူသည့်
သံချောင်းကလေးဖြင့် မီးခံသေတ္တာ
သော့ပေါက်အတွင်းသို့ ထိုးသွင်းကာ
လှည့်၍ ဖွင့် လိုက်လေ၏။

ထိုအခါ၌ မီးခံသေတ္တာသည် သော့ပွ
င့်၍ သွားလေတော့၏။ ဆားပုလင်းနှင်း
မောင်သည် မီးခံသေတ္တာအတွင်းမှ စိန်
ထည် ရွှေထည် ပစ္စည်းများကို ထုတ်ယူကြ
ည့်ရှုလေ၏။ ထိုပစ္စည်းများ နှင့် အတူ
ဓာတ်ပုံများ ပါ တွေ့ရှိရလေ၏။ ကျွန်ုပ်တို့
သည် လည်း ထိုဓာတ်ပုံများကို ဝိုင်းဝန်း
ကြည့်ရှုကြလေတော့၏။

ဦးကိုကိုလတ်နှင့် ၎င်း၏ ဇနီး စုံတွဲ
ရိုက်ကူးထားသောပုံများ ၊ ၎င်း၏ ဇနီး
တစ်ဦးတည်းရိုက်ကူးထားသောဓာတ်ပုံ
များကို တွေ့ရှိရလေ၏။
ဆားပုလင်းနှင်းမောင်သည် ဓာတ်ပုံများကို သေချာစွာကြည့်ရှုလေ၏။ ဦး
ကိုကိုလတ်၏ ဇနီးဓာတ်ပုံများမှာ လွန်စွာ
ဟောင်းနွမ်းလှပြီဖြစ်သဖြင့် ဆေးသား
များ ပင် ဝါ၍ နေလေ၏။

သို့ရာတွင် ၎င်းဇနီး၏ ဓာတ်ပုံနှစ်ပုံမှာ
အခြားပုံများ နှင့် မတူပဲ သစ်လွင်၍
နေသည် ကို တွေ့ရလေ၏။ ရာဇဝတ်အုပ်
မောင်လွန်းဖေသည် ဓာတ်ပုံများကိုကြည့်
ရှုပြီးနောက်

“ဟောဒီ ဦးကိုကိုလတ်နဲ့ စုံတွဲဓာတ်ပုံ
ရော၊ သူ့မိန်းမတစ်ယောက်တည်းရိုက်
ထားတဲ့ ဓာတ်ပုံတွေရောဟာ နှစ်ပေါင်း
များ စွာတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေ
ဖြစ်တယ်။ ဦးကိုကိုလတ် မိန်းမ,မရှိတော့
ဘူး။ သူ့မိန်းမဆုံးသွားတာကြာပြီလို့ ဘေး
အိမ်ကပြောတယ်။ ဆုံးတာလဲဒီမှာ ဆုံးတာ မဟုတ်ဘူး တဲ့ ။ ဘိလပ်မှာ ဆုံးတာ
လို့ပြောတယ်။ ဒါဟာဖြစ်နိုင်ပါတယ်။
ဟောဒီဓာတ်ပုံ အချို့မှာ ဘိလပ်မှာ ရိုက်
ထားတဲ့ ပုံတွေပါနေတယ်။ ပြီးတော့
တခြားဓာတ်ပုံတွေလိုဟောင်းပြီး မနေတဲ့
ဓာတ်ပုံနှစ်ပုံကိုတွေ့ရတယ်။
ဦးကိုကိုလတ်မိန်းမနဲ့ တထေရာတည်းတူတယ်။
ဒါပေမယ့် ဦးကိုကိုလတ်မိန်းမ ဘယ်နည်း
နဲ့ မှ မဖြစ်နိုင်ဘူး။ ဝတ်စားဆင်ယင်ပုံ
ချင်း ယှဉ်ပြီးကြည့်ရင် အနှစ်နှစ်ဆယ်
လောက်ကွာနေတာကိုတွေ့ရတယ်။ ဒါ
ကြောင့် ဦးကိုကိုလတ်ရဲ့ သမီးပဲဖြစ်ရ
မယ်။ အသက်နှစ်ဆယ်လောက်တုန်းက
အမေလုပ်တဲ့ သူရိုက်ကူးထားတဲ့ ဓာတ်ပုံ
နဲ့ အသက်နှစ်ဆယ်အရွယ်ရောက်လာတဲ့
သမီးဖြစ်တဲ့ သူရိုက်ကူးထားတဲ့ ဓာတ်ပုံလို့ ယူဆရင်ပိုပြီးမှန်မယ်”ဟု လွန်စွာ
ဣန္ဒြေရသော လေယူလေသိမ်းဖြင့် ပြော
လိုက်လေ၏။

ထို့နောက်ရာဇဝတ်အုပ် မောင်လွန်းဖေ
သည် ဓာတ်ပုံဟောင်း၏ နောက်ကျော
များကို လှန်လှော၍ ကြည့်ရှုလိုက်ရာ...

“သွယ်သွယ် ၁၉၁၉၊ သြဂုတ် ၈
ရက်'ဟူသော စာတန်းကိုတွေ့ရလေ၏။
ဓာတ်ပုံအသစ် နှစ်ခုကို လှန်၍ ကြည့်
လိုက်ရာ...

"ခင်မေ ၁၉၃၉၊ မေ၊ ပုသိမ်" ဟူသော
စာတန်းကိုတွေ့ရလေ၏။ ထိုအခါ၌
ရာဇဝတ် အုပ်မောင်လွန်းဖေက

“ရှင်းနေတာပဲ၊ ရှင်းနေတာပဲ၊ ဘိလပ်
ပြန် ဦးကိုကိုလတ်ရဲ့ မိန်းမက သွယ်သွယ်
လို့ခေါ်တယ်၊ ရိုက်ထားတဲ့ ဓာတ်ပုံက ၁၉၁၉ ခု၊ သြဂုတ်လ၊ သူ့သမီးရဲ့ နာမည်
ခင်မေလို့ခေါ်တယ်၊ . ရိုက်ထားတဲ့
ဓာတ်ပုံက ၁၉၃၉ခု၊ မေလတဲ့ ။ ဒီနှစ်
မေလကမှ ရိုက်ထားတာ”ဟု အော်ဟစ်၍
ပြောလေ၏။

ထို့နောက် ဆားပုလင်းနှင်းမောင်သည်
ဧည့်ခန်းအတွင်းမှ ထွက်ကာ စင်္ကြံ
လမ်းအတိုင်း လျှောက်၍ ကြည့်လေ၏။
ထိုသို့လျှောက်၍ ကြည့်ရာတွင် အတွင်းဘက်မှ အတက်အဆင်း ပြုလုပ်သော
လွန်စွာခမ်းနားသည့် ပွတ်လုံးတိုင်တပ်
လှေကားကြီးထိပ်၌ မူ ပန်းချီကားကြီး
တစ်ချပ် ကိုတွေ့ရလေ၏။

ထိုပန်းချီကားကြီးအရွယ်ပမာဏမှာ အ
မြင့်အားဖြင့် ခြောက်ပေခန့်ရှိ၍ ဗျက်အား
ဖြင့်လေးပေခန့်ရှိကြောင်း ကျွန်ုပ်ခန့်မှန်းမိလေ၏။ ပန်းချီကားမှာ အခြားထူး
ထူးထွေထွေမဟုတ်ဘဲ သေဆုံးသူ ဘိလပ်ပြန် ဦးကိုကိုလတ်နှင့် ဒေါ်သွယ်သွယ်တို့
မင်္ဂလာဆောင်အခမ်းအနားတွင် ရိုက်ကူးထားသော
ဓာတ်ပုံကိုဆီဆေးဖြင့် ပြန်လည်ရေးဆွဲထားသော ပန်းချီကားပင်
ဖြစ်လေသည် ။

သို့ရာတွင် ဦးကိုကိုလတ်၏ မျက်နှာ
နေရာလောက်တွင် တစ်စုံတစ်ယောက်
သောသူ ဆုတ်ဖြဲချေမွထားသောကြောင့်
ပျက်စီးနေကြောင်းတွေ့ရလေ၏။ ဆား
ပုလင်းနှင်းမောင်သည် ထိုစုံတွဲပန်းချီကား
ကြီးကို ကြည့်ပြီးနောက် ကျွန်ုပ်ဘက်သို့
လှည့်ကာ…

“အိုင်ပီရေ.…တော်တော်ကောင်းတဲ့
လက်ရာပဲဗျို့။ ဒီမှာ ရေးထားတာ မဟုတ်ဘူး ။ လန်ဒန်မှာ ရေးခဲ့တဲ့ လက်ရာပဲ။
အောက်မှာ ဆိုင်းထိုးတာကလဲ လန်ဒန်
ပန်းချီကျော်တစ်ဦးရဲ့ လက်မှတ်ပဲဗျ။ ထ
ရန်းစစ်ဒေါ့တဲ့ ။ အဲ့ဒီပန်းချီဆရာကြီးက
ဟာ အာရ်အေဘွဲ့ပေါ့ဗျာ။ သူတို့ နိုင်ငံမှာ
ပန်းချီဆရာကို ချီးမြှင့်ပေးတဲ့ အမြင့်ဆုံး
ဘွဲ့ ပေါ့ဗျာ။ သူ့ရဲ့ ပန်းချီကားတွေကို ကျုပ်
အများကြီးကြည့်ဖူးတယ်ဗျ။ ကျုပ်မှတ်မိ
တဲ့ ပန်းချီကားကတော့ ခရစ်ယာန်ဘုန်း
တော်ကြီး မာတင်လင်တန်စမစ် ရဲ့ ပုံတူ
ပန်းချီကားပဲဗျ။

အဲဒီပန်းချီကားမှာ
တခြားကောင်းတဲ့ အချက်တွေကို ထား
တော့ဗျာ။ မျက်လုံးနှစ်လုံးရဲ့ အသက်ဝင်ပုံ
ဟာ တကယ့် မျက်လုံးတွေများ လားလို့
တောင် ထင်ရတယ်ဗျို့။ အခုပန်းချီကား
ကြီးကိုကြည့်စမ်း၊ မိန်းမလုပ်တဲ့ သူရဲ့မျက်နှာဟာ သူ့ရဲ့ အတွင်းစိတ်ကိုဖော်ပြ
နေတယ်ဗျ။ မင်္ဂလာဆောင်ရတာ မကျေမ
နပ်ကြီး ဖြစ်နေတဲ့ ပုံဗျ။ သူ့လက်ထဲက
ယပ်တောင်ကလေးလဲ
ရေးထားတာ
အလွန်ကောင်းတယ်ဗျာ။ သတို့ သမီး၊ သ
တို့သားရှေ့က ငွေဖလားကြီးဆိုရင်
အသေးစိတ်ကိုခြယ်မှုန်းထားတာပါ
လား...”ဟု ရှင်းပြလေ၏။

ထို့နောက် ဆားပုလင်းနှင်းမောင်သည်
၎င်းလွန်စွာနှစ်သက်သော ဂလေစီယာ
ရေခဲတောင် စီးကရက်ဗူးမှ စီးကရက်တစ်
လိပ်ကိုနှိုက်ယူကာ မီးခြစ်ကို ‘ထောက်’က
နဲခြစ်ပြီး မီးညှိ လိုက်လေ၏။ ပြီးလျှင်
စီးကရက်ကို အားရပါးရဖွာရှိုက်လျက်
ပန်းချီကားကြီးကိုအရသာခံကာ ကြည့်ရှု
နေလေတော့၏။

ဆားပုလင်းနှင်းမောင်၏ အမူအရာကို
ကြည့်ရှုနေရသည် မှာ လူသတ်မှုအတွက်
စုံစမ်း
ထောက်လှမ်းရန်လာသော
စုံထောက်တစ်ဦးနှင့် မတူဘဲ ပန်းချီ
ပြတိုက်အတွင်းသို့
လက်ရာ
ကောင်းသော ပန်းချီကားများကို ကြည့်ရှု
အရသာခံရန် ရောက်လာသည့် ပန်းချီ
ဝါသနာအိုးနှင့် သာ တူလေတော့၏။

ဆားပုလင်းနှင်းမောင်သည် အထက်က
ဆိုခဲ့သည့် အတိုင်း အချိန်အတော်ကြာ
သည် အထိ ပန်းချီကားကြီးကို ကြည့်ရှုပြီး
နောက်တစ်စုံတစ်ခုကို သတိရသည့်အလား အလောင်းများ ရှိရာ ဧည့်ခန်း
အတွင်းသို့ သွက်လက်စွာ လျှောက်သွား
ပြီးလျှင် စာအုပ်စင်မှ သားရေဖုံး စာအုပ်
အထူကြီး တစ်အုပ်ကို ဆွဲကိုယူ လိုက်လေ၏။

ကျွန်ုပ်သည် ၎င်းနှင့် အတူ လိုက်သွား
ပြီးနောက် ဆွဲယူလိုက်သောစာအုပ်ကို
ငုံ့၍ ကြည့်လိုက်ရာ စာအုပ်၏ အနောက်၌
ရွှေဖြင့်နှိပ်ထားသော တစ်ဖက်ပါစာတန်း
ကို ဖတ်ရှုရတော့၏။

ဗိသုကာဆရာ ဦးဘာဘာ၏ မှတ်တမ်း

ဆားပုလင်းနှင်းမောင်သည် ထိုစာအုပ်
ကြီးအား တစ်ရွက်ပြီးတစ်ရွက် လှန်လှော
ကြည့်ရှုလေ၏။ ကျွန်ုပ်သည်
၎င်းပခုံးပေါ်
မှ နေ၍ ကြည့်ရှုမိလေ၏။
စာများမှာ ပုံနှိပ်စာလုံးများ မဟုတ်ဘဲ
ကလောင်တံဖြင့် ရေးထားကြောင်းတွေ့ရ
လေ၏။ အချို့နေရာများ တွင် ခဲတံဖြင့်
မျဉ်းသားထားသည် ကို တွေ့ရလေ၏။
ဆားပုလင်းနှင်းမောင်သည် အနည်းငယ်
ဖတ်ရှုပြီးနောက် ကျွန်ုပ်အား ထိုစာအုပ်
ကြီးကိုပေးရင်း
“အိုင်ပီရေ....အိမ်မှာ အပျင်းပြေဖတ်ဖို့
ယူသွားဗျာ...”ဟု ဆိုသဖြင့် ကျွန်ုပ်လည်း
ထိုစာအုပ်ကြီးကို ချိုင်း၌ ညှပ်လိုက်ရလေ
တော့၏။ ထို့နောက်ဆားပုလင်းနှင်းမောင်
သည် စောစောကကြည့်ရှုခဲ့သော
မီးခံသေတ္တာဆီသို့ တစ်ခေါက်သွားပြီး
လျှင် မီးခံသေတ္တာ၏ အခင်းအား လက်ဖြ
င့်စမ်းသပ်၏။ “ဘုသီး’လေး တစ်ခုကို နှိပ်
လိုက်ရာအခင်အံဖုံး “ဟ’၍ သွားလေ၏။
ထိုအခါ လက်ကိုထိုးသွင်း၍ အတွင်း
သို့နှိုက်ကာ ပြန်၍ ထုတ်လိုက်သောအခါ၌
၎င်း၏ လက်တွင် လုံးပတ်အားဖြင့်
ကျပ်ပြားဝိုင်းခန့်ရှိ၍ အရှည်အားဖြင့် ရှစ်လက်မခန့်ရှိသော
လွန်စွာနက်
ပြောင်သည့် သစ်ကနက် သားတုတ်လုံး
ကလေးတစ်ချောင်း ပါ၍ လာလေ
တော့၏။

ဆားပုလင်းနှင်းမောင်သည် ထိုတုတ်
လုံးလေးကိုကြည့်၍ မခိုးမခန့်ပြုံးလိုက်
လျှင် ကျွန်ုပ်အားထို တုတ်လုံးလေးကိုပြ
ကာ

“အိုင်ပီ  ဒီတုတ်ကလေးကို မှတ်မိ
တယ်နော်”ဟု မေးလေ၏။
ကျွန်ုပ်က
“မှတ်မိပေါင်ဗျာ”ဟု ပြန်၍ ပြောလိုက်
ရာ ဆားပုလင်းနှင်းမောင်က
“ဘယ့်နှယ် မမှတ်မိရမှာ တုံး။
လှေသူကြီး မောင်ဘိုးသာပျောက်သွားတယ်ဆိုတာ ဒီလိုတုတ်လုံးကလေးမျိုးပေါ့
ဗျာ...”ဟု ပြောလိုက်မှ ပင် ကျွန်ုပ်လည်း
လှေသူကြီးမောင်ဘိုးသာ
သူခိုးခိုးခံရစဉ်က သူခိုးလက်ပါသွားသည်ဆိုသော သစ်
ကနက်သားတုတ်လုံးကလေးအကြောင်း
ကို ပြန်လည်သတိရမိလေတော့၏။

ထိုအခါဆားပုလင်းနှင်းမောင်သည်
ရာဇဝတ်အုပ် မောင်လွန်းဖေဘက်သို့လှ
ည့်ကာ
“ဘယ်လိုလဲ ရာဇဝတ်အုပ်မင်း၊
အသတ်ခံရတဲ့ ဘိလပ်ပြန် ဦးကိုကိုလတ်
ရဲ့ အကြောင်းကိုတော့ ပြည့်ပြည့်စုံစုံမေး
စမ်းပြီးပြီးမှတ်ပါတယ် ”ဟု မေးလိုက်
ရာ ရာဇဝတ်အုပ် မောင်လွန်းဖေ
မျက်နှာထားတည်တည်ဖြင့်

“ဒီလိုမလုပ်နဲ့လေ ဆားပုလင်းရဲ့ ၊
ခင်ဗျားလဲ နာမည်ကြီးစုံထောက်တစ်
ယောက်ပဲဗျာ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့
အလုပ်လုပ်မှ ပေါ့။ ဂါတ်ကလူတွေဆီမှာ
မေးစမ်းပြီးမှ အလုပ်လုပ်ကြတယ်။ ဂါတ်
ကိုအများကြီး အကူအညီယူတယ်။ အမှု
ပေါ်လာတော့မှ ဒီအမှုကိုဘယ်သူလိုက်
ဘယ်လို ဖော်ထုတ်လိုက်တာ၊
ဘယ်လိုတရားခံဖမ်းလိုက်တာနဲ့
နာမည်ကောင်းယူတဲ့ အလုပ်တွေဟာ
ခေတ်မရှိတော့ပါဘူးဗျာ။ ကျုပ်ကတော့
ရှင်းရှင်းပဲ။ ခင်ဗျားလဲ ခင်ဗျားနည်းနဲ့
အလုပ်လုပ်။ ကျုပ်လဲ ကျုပ်နည်းကျုပ်
ဟန်နဲ့ အလုပ်လုပ်မယ်။ ကျုပ်ရဲ့
မျက်ခုံးမွှေးပေါ်မှာ တော့ ဘယ်ကောင်ကို
မှ စင်္ကြံ လျှောက်မခံနိုင်ဘူး။ ခင်ဗျားလူ
ညွှန့်ခူးနေတာကြာပြီ။ ဘယ်တော့များကျားနဲ့ ဆင်လယ်ပြင်မှာ တွေ့မလဲလို့စော
င့်လာရတာ အခုတော့ ကျုပ်ဆုတောင်းပြ
ည့်ပြီ"ဟု ဆားပုလင်းနှင်းမောင်အား ပိုစိုး
ပက်စက်ပြော လိုက်လေ၏။

ဆားပုလင်းနှင်းမောင်သည်
ရာဇဝတ်အုပ်မောင်လွန်းဖေ၏ မျက်နှာကို
ဘာမပြောညာမပြောနှင့်ပင် လက်သီးနှင့်
'ဒိုင်း'ကနဲ့ ထိုးချလိုက်ရာ ရာဇဝတ်အုပ်
မောင်လွန်းဖေသည် ကြမ်းပြင်ပေါ်သို့
ဒိုင်းကနဲ လဲကျသွားလေတော့၏။

ထိုအခါ စင်္ကြံလမ်းတွင် လမ်းလျှောက်
နေသော စုံထောက်မင်းကြီးသည် ဧည့်
ခန်းအတွင်းသို့ ပြေး၍ ဝင် လာပြီးလျှင်
ကြမ်းပြင်ပေါ်တွင် လဲကျသွားသော
ရာဇဝတ်အုပ်မောင်လွန်းဖေအား ကြည့်
ကာ..."လူကလေး .… ဘယ်လိုဖြစ်တာလဲ”ဟု
မေးလေ၏။ ထိုအခါဆားပုလင်းနှင်း
မောင်က
သူ့မေးစေ့က နည်းနည်းမာတယ်ဆိုလို့
စမ်းကြည့်တာပါ မစ္စတာဟာဒီ၊ သုံးရက်လောက်တော့
ထမင်းမစားနိုင်ဘဲ ဆန်ပြုတ်သောက်နေရလိမ့်မယ်”ဟု
အဓိပ္ပါယ်ရသော စကားကိုလွန်စွာအချိုးကျသော
လေယူလေသိမ်းဖြင့် အင်္ဂလိပ်လိုပြော လိုက်လေ၏။

ရာဇဝတ်အုပ် မောင်လွန်းဖေလည်း မဲ့
ရွဲ့၍ ထကာ ဆားပုလင်းနှင်းမောင်အား
ပေစောင်းပေစောင်းဖြင့်ကြည့်၍

“မင်းကြီးရှေ့မှာ မို့ပေါ့ ကိုယ့်လူရာ"ဟု
ပြောလိုက်ရာ ကျွန်ုပ်တို့ ၏ မိတ်ဆွေကြီး
ဆားပုလင်းနှင်းမောင်မှာ"ကျုပ်တို့ မင်းကြီးကလဲ လက်ဝှေ့ပွဲကြ
ည့်ဖို့ ဝါသနာပါတယ်ဗျ။ သူကတော့ ကန့်
ကွက်မယ် မထင်ပါဘူး”ဟု ပြောဆို၍
စီးကရက်တိုကို အောက်သို့ ချပြီးနောက်
ဖိနပ်ဖြင့် နင်းခြေမွ လိုက်လေ၏။

ထို့နောက် ထိုသူဘက်သို့မလှည့်ဘဲ
သစ်ကနက်တုတ်ကလေးကိုကြည့်ရင်း
“ရာဇဝတ်အုပ်မင်းရဲ့ အောက်တန်းကျ
တဲ့ စိတ်ဓာတ်တွေကို အချိန်မီ ပြင်
ပစ်လိုက်ပါ။ ကျုပ်တို့ ပုလိပ်အဖွဲ့ကြီး
မတိုးတက်တာဟာ
အဲဒီစိတ်ဓာတ်တွေ
ကြောင့် ပါပဲ။ ခင်ဗျားနဲ့ ဆိုင်တာပဲ။ ပြော
မယ်။ 'ဣဿမစ္ဆရိယ'စိတ်ဆိုတာ မဂ်ဖိုလ်
ကိုတားတယ်။ ဘုရားရှင်နဲ့ တွေ့
ရင်တောင် ခင်ဗျားအတွက်တော့ ကျွတ်
လမ်းမမြင်ဘူး ကိုယ့်လူ။ ခင်ဗျား စဉ်းစားရနိုင်အောင် ကျုပ်ကပြောလိုက်မယ်။ ဒီ
လူသတ်မှုမှာ ခင်ဗျားက နံရံမှာ တွေ့တဲ့
သွေးစွန်းလက်ရာတွေကို အတော်နိမ့်တဲ့
နေရာမှာ တွေ့ရတဲ့ အတွက် ကလေးတစ်
ယောက်ပါတယ်လို့ စဉ်းစားတယ်မဟုတ်
လား။ အဲဒါလုံးဝ မဟုတ်ဘူး ။ အလွန်
အင်မတန်ခါးကုန်းတဲ့ လူတစ်ယောက်ပါ
နေတာ။ ပြီးတော့အိပ်ခန်းထဲက မြေဖြူနဲ့
ရေးထားတဲ့ "ကောင်းဘို့ကြီးရေ လွမ်းလှပါ
ပြီကွယ်၊ မမပြန်လာမယ်။ မင်းကြိုက်တဲ့
မုန်လာဥနီနဲ့ ထန်းလျက်ခဲ ကြီးတွေအများ
ကြီး ကျွေးမှာ ပါ၊ " စာကိုကြည့်ပြီး ကလေး
တစ်ယောက်ဟာ အခင်းဖြစ်ပွားတဲ့ အချိန်
မှာ ရှိရမယ်။ သူ့နာမည်က ကောင်းဘို့လို့
ခေါ်လိမ့်မယ်ဆိုတာကို ယူဆထားတာဟာ
လုံးဝမမှန်နိုင်ဘူး။ ကလေးတော်တော်များများ ဟာ မုန့်လာဥကို ကြိုက်လေ့မရှိ
ဘူး။ အဲဒါမြင်းတစ်ကောင်ကို ဆိုလိုတာ
ဖြစ်တယ်။ မြင်းကလဲ ဒီကမြင်း မဟုတ်ဘူး ။ ရှမ်းပြည်ကဖြစ်လိမ့်မယ်။ ဒီကမြင်း
ကို ဘယ်မင်းရှင်က မုန်လာဥနီမကျွေးနိုင်
ဘူး။ အဲဒီ ကျုပ်ပြောတဲ့ အချက်ကလေး
တွေအပေါ်မှာ မူတည်ပြီး စဉ်းစားရင် အမှု
မှန်နဲ့ နီးစပ်လိမ့်မယ်ကိုယ့်လူ”ဟု ဆိုကာ
ဆားပုလင်းနှင်းမောင်သည် အလောင်း
များ ရှိရာ ဧည့် ခန်းအတွင်းမှ ဣန္ဒေရရ
ခန့်ခန့်ညားညားကြီးလျှောက်လှမ်း
ဒေါက်ဒေါက်ဖြင့် ထွက်သွားသည် ဖြစ် ရာ
ကျွန်ုပ်နှင့် ဦးကိုကိုကြီးသည် ၎င်း၏
ခြေလှမ်းကိုမီရန် အပြေးအလွှား လိုက်ခဲ့ရ
လေတော့သတည်း။


No comments:

Post a Comment